Sunday, September 23, 2012

မလေးတွင် ဗမာ- မွတ်ဆလင်တစ်ဦးမှ ရောင်းစားခံခဲ့ရသော ရခိုင်အမျိုးသမီး ၂ ဦး အထဲမှ တစ်ဦးကို ကယ်တင်နိုင်

Posted by drmyochit Sunday, September 23, 2012, under | No comments




(လွှတ်မြောက်လာသော မပုမ)
ထွန်းထွန်း
မလေးရှားနိုင်ငံသို့ ရောင်းစားခံရသော ရခိုင်အမျိုးသမီး ၂ဦးအနက် တစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မလေးရှား အခြေစိုက် ARRC ဒုက္ခသည် ရုံးမှ အထွေထွေအတွင်းရေးမှူး ကိုစောသန်းကနိရဉ္စရာသို့ပြောသည်။



ပွဲစားမှတဆင့် မလေးရှားသို့ ရောင်းစားခံရသော အမျိုးသမီး၂ဦးမှာ မပုမနှင့် မတင်နုတို့ဖြစ်သည်။ မပုမမှာ မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာမှဖြစ်ပြီး မတင်နုမှာ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာမှဖြစ် သည်ဟု သိရသည်။

မပုမကို စက်တင်ဘာ ၂ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး ၂၁ရက်နေ့က ARRCရုံးသို့ ခေါ်ဆောင်နိုင်ခဲ့သော်လည်း မတင်နုမှာ ယခုထိ ပျောက်ဆုံးနေသည်ဟု သိရသည်။

ဖြစ်စဉ်အကျဉ်းချုပ်နှင့် ပတ်သက်၍ ကိုစောသန်းက ယခုလို နိရဉ္စရာသို့ ပြောသည်။

“သူတို့ရန်ကုန်မှာ စက်ရုံအလုပ်သမားတွေပါ။ မာန်အောင် သား (ရခိုင်) ပွဲစား ဦးဥာဏ်ထွန်းနဲ့ “ကြည့်မြင်တိုင် သဲတန်း မှတ်တိုင်”မှာ အဲဒီအမျိုးသမီး ၂ယောက်နဲ့ ဆုံတော့ မလေးရှား ကော်ဖီမစ်စက်ရုံမှာ အလုပ်သွင်းပေးမယ်။
လစာကောင်းကောင်းရမယ်။

 ကျပ်ငွေ ၁သိန်းပေးရင် အဆင်ပြေပြီ။ အဲဒီကို ရောက်တာနဲ့ လုပ်ခထဲက ၆လစာ ဖြတ်မယ်ဆိုပြီး မလေးရှားမှာရှိတဲ့ ပွဲစား ဗမာ- မွတ်ဆလင် နေသန်းဌေး (မလေးနာမည် အီပ) လက်ထဲကို ပို့ပေးတာဖြစ်ပါတယ်” ဟုပြောသည်။

ရန်ကုန်ကနေ ဦးဥာဏ်ထွန်းကတဆင့် မလေးရှားဘက်မှ ပွဲစား နေသန်းဌေး လက်ထဲ သို့ရောက် ပြီးနောက် သူတို့ ရောင်းစားခံခဲ့ရပုံကို ယခုလိုပြောပြသည်။ “မလေးရှားကို ရောက်တာနဲ့ ၂ယောက်ကို တယောက်နေရာစီ ခွဲလိုက်ပါတယ်။
မပုမမှာ ပထမ မွတ်ဆလင်သူ သူဌေးတဦး၏အိမ်တွင် အိမ်ဖေါ်အဖြစ် ၈လ အရောင်းစားခံရတယ်။

လုပ်ခလစာ ၆လကိုဖြတ်တော့ နောက်၂ လပိုသွားတဲ့ အတွက် ရင်းဂစ် ၆၀၀ပေးတယ်။ သူဌေးက အဲဒီကတဆင့် လူသူ ဝေးလွန် ခေါင်းပါး တဲ့အိမ်နံပါတ် (၉)၊ JALAN PULAU ANGSA U/ 10 B SANWAN CERIA ALAM မှာ ဒုတိယ ၅လ ရောင်းစား ခံခဲ့ရပါတယ်” ဟု ဆိုသည်။

“ ဒီအဆောက်အအုံဟာ သူ့အဆောက်အအုံတွေပါ။  သူဌေးက အိမ်မှာမနေဘူး။  ၅လပြီးရင် မပုမက အိမ်ရှင် သူဌေးမဆီက ငွေတောင်းပါတယ်။ သူဌေးမကနင်တို့ အတွက် ပထမဆုံး ရင်းဂစ် ၉၀၀၀ ပေးလိုက်ရပြီ။ လစဉ်လဲ ပွဲစားကို ရင်းဂစ်၇၀၀စီ ပေးနေရတယ်။ နင့်ကိုပေး စရာ အကြောင်းမရှိဘူးဆိုပြီး ဆူပူကြိမ်းမောင်းပြီးမှ ရောင်းစား ခံထားရတာကိုသိတယ် လို့ပြောတယ်လို့ ဆိုပါတယ်” ဟု ပြောသည်။

သူဌေးမထံ ဆူပူကြိမ်းမောင်းခံရပြီးနောက် ဗမာပွဲစား နေသန်းဌေး(မလေးနာမည် အီပ) သည် အဆိုပါအိမ်သို့ ရခိုင်ပြည် တွင် ရခိုင်-ဘင်္ဂလီပဋိပက္ခအတွင်း ရောက်လာသောအခါ မပုမအား လူမဆန်စွာ ပြောဆိုခဲ့သည်ဟု မပုက ကိုးကားပြီး သူက ဆိုသည်။

“ နင့်ကိုနောက် ၂နှစ်ကြာပြီးမှ ပို့ပေးမယ်။ နင်ဘာမှ မပေးနဲ့ သတ်ပစ်မယ်လို့ ပြောခဲ့ ပါတယ်။ သေချင်လားလို့ ပြောခဲ့ပါတယ်။ သူငယ်ချင်း မတင်နုကိုမေးတော့ သူ့ကိုနောက် ၇နှစ်ကြာမှ တွေ့ရလိမ့်မယ်လို့ ပြောပြီး ထွက်သွားတယ်။
 အဲဒီအချိန်ကနေ ငိုယိုပြီးတော့ အလုပ်လဲမလုပ်တော ဘူး။ နောက်ကြာလာတဲ့ အချိန်မှာ အဲဒီမှာ သန့်ရှင်းရေး လုပ်နေတဲ့ အင်ဒိုနီးရှား အမျိုးသမီး အကူအညီနဲ့ ဆက် သွယ်ပြီးတော့ ရဲထောက်လှမ်း ရေးတပ်ဖွဲ့နဲ့ စက်တင်ဘာ ၂ရက်နေ့က
သွားထုတ်နိုင်ခဲ့ပါတယ်” ဟုဆိုသည်။ ထိုမှတဆင့် အမှုစစ်ဆေးရန် မလေးရှား တနာနီသာမှာရှိတဲ့ မူခင်းစစ်ဆေးရေး ဌာန၌
 ၃ပတ်ခန့် ထားခဲ့ပြီးမှ စက်တင်ဘာ ၂၁ရက်နေ့က မလေးရှားအခြေစိုက် မလေးရှား ရခိုင်ဒုက္ခသည်များရုံး (arrc)သို့ယူ ဆောင်နိုင် ခဲ့သည်ဟု ဆိုသည်။ ပျောက်ဆုံးနေသော မတင်နုကို ယခုထိ မတွေ့ရှိသေးသည့်အတွက် အရေးယူနိုင်ရန် မလေးရှားရှိ Tenaga nita အမျိုးသမီးစွန်းအင် မြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ARRC တာဝန်ရှိသူတို့က ဆောက်ရွက်လျှက်ရှိနေသည်ဟု သိရသည်။ မတင်နုနှင့် မပုမမှာ ရန်ကုန်ကနေ မလေးရှားသို့ ပွဲစားမှတဆင့် ရောင်းစားခံ ရသည်မှာ ၁နှစ်ကျော်ကြာမြင့်နေ ပြီဖြစ်သော်လည်း  ARRCရုံးအဖွဲ့မှ လွန်ခဲ့သည့်  သြဂတ်စ်လမှ စ၍ သူမတို့ လွှတ်မြောက်ရေးကို ဆောင်ရွက်နိုင်ခဲ့သည် ဟု ဆိုသည်။

အိုးပျဉ်တောင်ကျေးရွာတွင် ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်း၍ လုံခြုံရေး ချထား

Posted by drmyochit Sunday, September 23, 2012, under | No comments




 မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊ အိုးပျဉ်တောင်ကျေးရွာတွင် လက်မ ချေကျေးရွာမှဘင်္ဂလီများ၏ရန်ကို  စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချထားကြောင်းသတင်း ရရှိသည်။

" ညနေ (၅) နာရီခန့်က ဗျိုင်းနက် စိုက်ခင်းအနီးမှာ ဘင်္ဂလီလူတစ်စုကို ကျွဲကျောင်းသား တစ်ယောက်ကမြင်လို့ လန့်ပြီးပြေးလာတယ်။ ရွာသားတွေက လိုက်သွားတော့ ဘင်္ဂလီ (၇) ဦးအပြင် မလှမ်းမကမ်းက နေက်ကလိုက်ပြီးစောင့်ကြည့်နေတဲ့ ဘင်္ဂလီ(၁၀၀)လောက်ကိုလည်း တွေ့ရတယ်။ ရွာသားတွေအင်အားနဲ့ဝိုင်းပြီး မောင်းထုတ်လိုက်တော့ အဲဒီဘင်္ဂလီတွေ ထွက်ပြေးသွားတယ်။

သူတို့ထွက်သွားပြီးနောက်မှာ အ၀တ်ထုတ် (၃) ထုတ်နဲ့ ဓါးတစ်လက်ကျန်ခဲ့တယ်။ စောင့်ကြည့်နေတဲ့ဘင်္ဂလီတွေလည်း ထွက်ပြေးသွားတယ်။" ဟု ရွာသားတစ်ဦးက ပြောသည်။

အိုးပျဉ်တောင် ကျေးရွာသားများက ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လုံခြုံရေစခန်းသို့ အကြောင်းကြားလိုက်ခြင်းကြောင့် လက်ရှိတွင် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေး တပ်သား(၇)ဦးခန့် ချထားကြောင်း သတင်း ရရှိသည်။

မွတ်စလင်ကမ္ဘာရဲ့ ဒေါသ အိုဘားမား ဘယ်လိုထိန်းမလဲ

Posted by drmyochit Sunday, September 23, 2012, under | No comments


 
 
အမေရိကန် သံအမတ် ခရစ်စတီဗန်စ်နဲ့ သံအဖွဲ့ဝင် ၃ ဦးတို့ ကျဆုံးသွားရတဲ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အပါအဝင် အာရပ်မွတ်စလင် ကမ္ဘာရဲ့ ဒေါသူပုန်ထကြွ တာတွေ ပြီးနောက် မှာ သမ္မတ အိုဘားမားအစိုးရက အထောက်အပံ့တွေပေးနေတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ်ထားတဲ့ မူဝါဒကို အလျင်အမြန် ပြန်လည်သုံးသပ်မှု လုပ်နေရပါတယ်။ 

အမေရိကန်ဆန့်ကျင်ရေး တိုက်ခိုက်အုံကြွမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက ကိုင်တွယ်နှိမ်နင်းဖို့ ဖိအားပေးနေစဉ် တပြိုင်နက် သံအဖွဲ့တွေ ပြန်ရုပ်သိမ်းရေးနဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းရေးကိုလည်း အမေရိကန်အစိုးရ အရာရှိတွေ စဉ်းစားနေရပြီး လိုအပ်ရင် လုပ်ဖို့ လိုမယ်ဆိုတဲ့ အဆင့်ရောက်နေပါပြီ။ ဆူဒန်နဲ့ တူနီးရှားက သံတချို့ လုံခြုံရေးအရ ပြန်ဆုတ်ခွာခိုင်းပါပြီ။

အမေရိကန် လကျာ်ယိမ်း ခရစ်ယာန်တွေ လက်ချက်လို့ ယူဆနိုင်တဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယိုကနေ အကြောင်းပြ စတင်ခဲ့တဲ့ ဒီအရေးအခင်းဟာ နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲ အကြို ပြော ဆိုဆွေးနွေးစရာဖြစ်လာပြီး အိုဘားမားရဲ့ အရှေ့အလယ်ပိုင်း မူဝါဒအပေါ် မေးခွန်းတွေ ထုတ်လာကြ ပါတယ်။  အာဏာရှင်စနစ်က  ဒီမိုကရေစီစနစ်ကို  ကူးပြောင်းမယ့်  အာရပ်နွေဦးကို     အကူအညီ လုံလောက်အောင် မပေးခဲ့ဘူးလား၊ အစ္စလမ်မစ် စစ်သွေးကြွတွေကို စည်းမခြားခဲ့ဘူးလား၊ လုံခြုံရေးအရ စိုးရိမ်စရာရှိတာတွေကို အိုဘားမား ဖုံးဖိထားခဲ့သလား စတာတွေက မေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

အိုဘားမားအစိုးရရဲ့ သံတမန်ရေးအရ ဖိအားပေးမှုကို တုန့်ပြန်တဲ့ အနေနဲ့ အီဂျစ်အစိုးရက ကိုင်ရိုက ဆန္ဒပြသူတွေကို တားဆီးနှိမ်နင်းသလို လစ်ဗျားအစိုးရကလည်း ဘန်ဂါဇီတိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သင်္ကာမကင်းသူတွေကို ပိုက်စိပ်တိုက် ရှာဖွေတာတွေတွေ လုပ်နေပါပြီ။ ဆော်ဒီအာရေဗျနဲ့ တူနီးရှား ကလည်း အေးဆေးငြိမ်သက်ဖို့ တိုက်တွန်းကြပါတယ်။ အဆိုးဆုံးကို ကျော်ဖြတ်လာခဲ့ပြီလို့ ထင်ရပေမယ့် မွတ်စလင်တွေ အမေရိကန်အလံကို မီးရှို့ ဆန္ဒပြကြတာတွေ ဆက်ဖြစ်နေတော့ လစ်ဗျားတိုက်ခိုက်ခံရမှု အပါအဝင် အမေရိကန်ဆန့်ကျင်ရေး သူပုန်ထမှုဟာ အမေရိကန် မဲဆန္ဒရှင်တွေကို စိတ်ခြောက်ခြားနေစေပြီး အိုဘားမားအတွက်လည်း စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေပါတယ်။

တကယ်တော့ ၂၀၀၈ အိုဘားမား သမ္မတ အလုပ်စားပွဲ စထိုင်တဲ့အချိန်မှာ အီရတ်စစ်ပွဲကို အဆုံးသတ်ပြီး အာရပ်ကမ္ဘာနဲ့ အမေရိကန် ဆက်ဆံရေး တခေတ်ဆန်းဖို့ ရည်စူးထားခဲ့ပါတယ်။ ကိုင်ရို ရောက်လာ ပြီး ပြောကြားခဲ့တဲ့ အိုဘားမားရဲ့ မိန့်ခွန်းကလည်း အာရပ်ကမ္ဘာ ခေတ်သစ် ရောက်ပြီလို့တောင် အခါပေး ခဲ့ပြီး အရှေ့အလယ်ပိုင်း တော်လှန်ရေး တောင်ပြိုတဲ့အထဲ ပိတ်မိနေတဲ့ အမေရိကန် သမ္မတဟာ အီဂျစ် အာဏာရှင် မူဘာရက် ဆန့်ကျင်တဲ့ ပုန်ကန်သူတွေကို ထောက်ခံခဲ့၊ လစ်ဗျားအာဏာရှင် ကဒါဖီကို ဗုံးကြဲ ဖို့အထိ အမိန့်ပေးခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ဝါရှင်တန်နဲ့ အဆက်အဆံ မရှိခဲ့ဖူးတဲ့ အစ္စလမ်မစ် အဖွဲ့တွေက အာဏာရှင်အုပ် ချုပ်ရေးနဲ့ အစားထိုးလာနေတဲ့ ဒေသတွင်းမှာ အမေရိကန်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး နဲ့ ဒီမိုကရေစီရေး ထောက်ပံ့ဖို့ကြား  ချိန်ခွင်ရှာညီဖို့  အတော်ကြိုးစားရပါတယ်။     အမေရိကန်တွေအနေနဲ့ အရှေ့ အလယ်ပိုင်းမှာ ဒီမိုကရေစီရေးကို အတိုင်းအတာ တစုံတရာ ထောက်ပံ့ကူညီနိုင်ခဲ့ပေမဲ့ အရိုးစွဲနေခဲ့ တဲ့ အမေရိကန် မုန်းတီးရေးကို မလျှော့ချနိုင်ခဲ့သလို ဒေသတွင်း စီးပွားရေး အကြပ်အတည်းတွေကိုလည်း မဖြေရှင်းနိုင်ပါဘူး။ အိုဘားမားရဲ့ လစ်ဗျားဟာ အကူးအပြောင်းရဲ့ စံပြပုံစံလို့ ဆိုတာ အခု သံသယ ရှိလာသ လို ဆီးရီးယားမှာ သွေးချောင်းစီးတာကိုလည်း ဘာမှာ မလုပ်နိုင်ဖြစ်နေပါတယ်။

စနေနေ့ အပတ်စဉ် ပြောနေကျ မိန့်ခွန်းထဲမှာ သမ္မတ အိုဘားမားက မွတ်စလင်ကမ္ဘာရဲ့ မငြိမ်သက် မှုတွေ အပေါ် အမေရိကန်တွေ သောကရောက်နေတာ နားလည်ကြောင်း ပြောပါတယ်။

“ရုပ်သံပေါ်က ရုပ်ပုံတွေဟာ စိတ်အနှောက်အယှက် ပေးတယ်ဆိုတာ ကျနော်သိပါတယ်” လို့ အိုဘားမား က ဆိုတယ်။ “ဒါပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်တွေနောက်မှာ လွတ်လပ်ခြင်း၊ ဂုဏ်သိက္ခာနဲ့ မျှော်လင့် ချက်ဆိုတဲ့ ကျနော်တို့ အလံရဲ့ ကိုယ်စားပြုချက်တွေကို လိုလား မျှော်လင့်နေသူတွေ သန်းချီရှိသေးတယ် ဆို တာ ကျနော်တို့ မမေ့ဖို့ လိုတယ်” လို့လည်း ပြောပါတယ်။

ဘန်ဂါဇီ တိုက်ခိုက်ခံရချိန်ကတည်းက ထိုင်နေရတဲ့ အိမ်ဖြူတော်က မာရသွန် အစည်းအဝေးပွဲတွေမှာ အမေရိကန်အရာရှိတွေဟာ နောက်အဆင့်တွေကို ဆွေးနွေးကြ၊ တုန့်ပြန်မှုတွေအပေါ် သုံးသပ် စိ စစ် ကြပါတယ်။ အောင်မြင်တဲ့ နိုင်ငံရေး အကူးအပြောင်းလို့ ကောက်ယူထားတဲ့ တူနီးရှားနိုင်ငံက အမေရိ ကန် ထောက်ပံ့ခံ ကျောင်းတကျောင်း အဖျက်ခံရတာကိုတော့ သူတို့ အံ့အားသင့်ကြတယ်။

လတ်တလောမှာတော့  အိုဘားမားဟာ သံတမန်တွေကို အကာအကွယ်ပေးဖို့   မရိန်းစစ်သားတွေ   ပိုချ၊ ဖျက်သင်္ဘော ၂ စင်း ဒေသတွင်းမှာ ကင်းလှည့်ခိုင်းထားသလို တူရကီဝန်ကြီးချုပ်လို ဒေသတွင်း မဟာမိတ် မွတ်စလင်ခေါင်းဆောင်တွေနဲ့ အဆက်အသွယ် မပြတ် ဆွေးနွေးတိုင်ပင်နေရပါတယ်။ ယူကျုကိုလည်း ဗီဒီ ယိုဖိုင် တင်ထားနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့နဲ့ ဗီဒီယို ရိုက်ကူးထုတ်လုပ်ရေးမှာ ပါဝင်တယ်လို့ မသင်္ကာ သူတွေ ကို ခေါ်ယူမေးမြန်းမှုတွေ လုပ်ဆောင်ရပါတယ်။

လုံခြုံရေးအရ ပြန်သုံးသပ်မှုတွေလည်း လုပ်ရပါတယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက် ပိုင်း လုံခြုံရေးအစီအမံ တိုးမြှင့်ပြီးဖြစ်တဲ့ သံရုံးတွေကို ထပ်မံ တိုးမြှင့်ဖို့လို မလို၊ ဒေသခံတွေကို ပေးနေတဲ့ အထောက်အပံ့တွေ ရပ်ဖို့ လို မလို အမေရိကန်အရာရှိတွေ အမြဲ မေးမြန်းဆွေးနွေး သုံးသပ်နေရပါတယ်။ တူနီးရှားနဲ့ ဆူဒန်က သံတမာန်ရေးရာမှာ အရေးမကြီးသူတွေကို လုံခြုံရေးအရ ပြန်ဆုတ်ခိုင်းခဲ့ရပေမယ့် အခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အမေရိကန် အထောက်အပံ့တွေ ဖြတ်ဖို့ အစီအစဉ် မရှိသေးပါဘူး။

ဒီလို ပြန်ဆုတ်ရတာ သိပ်ကောင်းတဲ့ ရွေးချယ်မှု မဟုတ်ပါ။ ဒီနိုင်ငံတွေက အမေရိကန်တွေ ပြန်ရုတ်သိမ်း ရခြင်းဟာ သီအိုရီအရ အကဲဆတ် သည်းမခံနိုင်မှု၊ တင်းမာမှုတွေကို လျှော့ချပေးနိုင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ပေါင်းကူးရေး အစွမ်းအစတွေကို ပျောက်ပျက်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရပ်ခြား အထောက်အပံ့ဟာ လတ်တလော ကြုံနေရတဲ့ ငွေကြေးအကြပ်အတည်း ကာလထဲမှာ ရောင်း မကောင်းဖြစ်နေရုံမက ကွန်ဂရက်ကလည်း ဖိအားတွေ ပိုပေးလာဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောကြပါတယ်။

ဘန်ဂါဇီ တိုက်ခိုက်မှုနဲ့ အုံကြွမှုတွေကြောင့် ပြည်တွင်းနိုင်ငံရေးမှာလည်း ရီပတ်ဘလီကန်တွေဘက်က အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် ပြစ်တင် ဝေဖန်သံတွေ ဆူညံနေခဲ့ပါပြီ။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ စိန်ခေါ်သူ ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွမ်နေက အိုဘားမားဟာ အာရပ်နွေဦးကို သဘော မပေါက်၊ နုံအ ကျိုးနွံလွန်းပြီး အစ္စရေးကို လုံလောက်အောင် မထောက်ကူဘူးလို့ သရုပ်ဖော်ပါတယ်။ အိုဘားမားဟာ ထောက်လှမ်းရေးအစီရင်ခံတာကို အာရုံ သိပ်မစိုက်ဘူးလို့ ဒု သမ္မတဟောင်း ဒစ်ချင်နီ လို ဝေဖန်ရေးသမားတွေကလည်း ဝေဖန်သံတွေ ရှိနေပါတယ်။

ရွှေဘကို ကြိုက်တဲ့ ဗမာတွေလို ကောင်းဘွိုင်မင်းသား သမ္မတ ရေဂင်ကို အမေရိကန်တွေ ကြိုက်ကြပါ တယ်။  ဒါပေမဲ့ ၉/ ၁၁ ဖြစ်ရပ်အပြီး  စစ်တွေတိုက်လို့ကြာလာတဲ့အခါ     ရီပတ်ဘလီကန်တွေအစား လစ်ဘရယ်တန်ဖိုးတွေကို စမတ်ကျကျ အပြောကောင်းသူ ဒီမိုကရက် သမ္မတ အိုဘားမားကို ၂၀၀၈ ရွေးကောက်ပွဲကတဆင့် အမေရိကန်မဲဆန္ဒရှင် အများစုက သမ္မတ တာဝန်ပေးခဲ့တယ်။ အခု လေးနှစ်ပြည့်အပြီး နောက်လေးနှစ် သက်တမ်းအတွက် မဲဆွယ်ပွဲတွေ လုပ်နေရပါပြီ။

ပြီးခဲ့တဲ့ သက်တမ်းကို ပြန်ကြည့်ရင် ပြည်တွင်း နိုင်ငံရေးထက် နိုင်ငံခြား ဆက်ဆံရေး မှာ ငြိမ်းချမ်းရေး နိုဘဲလ် ဆုပါ ရတဲ့အထိ မျက်နှာကောင်း ရခဲ့တဲ့ ဒီမိုကရက် သမ္မတ အတွက် နောက်ဆုံး ဖိအားက သူနဲ့ သိပ်အစေး မကပ်တဲ့ အစ္စရေးဝန်ကြီးချုပ်ဆီကပါ။ အစ္စရေးဝန်ကြီးချုပ် နေတာညာဟုက အီရန်ဟာ ညူကလီးယားဗုံးထုတ်ဖို့ ၆ လ ၇ လပဲ လိုတော့တယ်လို့ ပြောဆိုမှုက နဂိုကမှ ရှုပ်ထွေးပြီး တင်းမာမှုတွေ မြင့်လာနေတဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံရေးကိုသာမက အမေရိကန် သမ္မတ အိုဘားမားကိုပါ ဖိအားတွေ တိုးလာစေမှာ အမှန်ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှ ကျေးရွာနေ လူထုနဲ့ ဒုက္ခသည်စခန်းများမှ ညဉ်းတွားသံများ

Posted by drmyochit Sunday, September 23, 2012, under | No comments

From : ကချင်နေ့စဉ်သတင်း



 ကချင်ပြည်နယ် ကာမိုင်းမြို့နယ်ခွဲအတွင်းမှာရှိတဲ့ ကျေးရွာနေ ဒေသခံ များအား KIA အဖွဲ့မှ ညနေ(၅)နာရီမှ မနက်(၆)နာရီအထိ တောင်ယာ သွားလာခြင်းများ၊ တောခုတ်ခြင်းများ၊ လယ်ယာလုပ်ကိုင်ခြင်းများ မပြုလုပ် ကြရန်နဲ့ သွားလာပြုလုပ်မှုများကို KIA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုနှင့် ကြုံတွေ့ပါက မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို ပစ်ခတ်သတ်ဖြတ် သွားမယ်လို့ ညွှန်ကြားချက်များ ထုတ်ပြန်ထားပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ မိရိုးဖလာလုပ်ငန်းများဖြစ်တဲ့ တောင်ယာ ခုတ်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်း နဲ့ တောခုတ်ခြင်းများဖြင့် လုပ်ကိုင်စား သောက်နေရသော်လည်း မိမိတို့ကျေးရွာတွေနဲ့ အလွန်ဝေးကွာတဲ့နေ ရာ တွေမှာ သွားရောက်လုပ်ကိုင်ရသူများအနေနဲ့ ၄င်းတို့အသက်အန္တရယ်အတွက် စိုးရိမ်ပူပန်နေကြရတယ် လို့ သိရပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ ဖြစ်ပေါ်နေတဲ့ လက်တလော ပြဿနာ တွေကတော့ ဒုက္ခသည်တွေကို ဗမာ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေက ထောက်ပံ့ပေးအပ်ထားတဲ့ ဆန်၊ ဆီ၊ ဆား အပါအ၀င် အခြား လူသုံးကုန်ပစ္စည်းတွေကို စခန်းတာဝန်ခံတွေက တဖက်လှည့်နဲ့ KIA အဖွဲ့ဝင်တွေထံကို ထောက်ပံ့ပေး ပို့ နေကြ ပါတယ်။ ထိုကဲ့သို့ ထောက်ပံ့ပေးပို့နေတဲ့အတွက် အမှန်တကယ်ဒုက္ခရောက်နေရတဲ့ ဒုက္ခသည်တွေဟာ မိအေးနှစ်ခါ နာရတဲ့အပြင် ဒုက္ခသည်စခန်းတွေက တာဝန်ခံအများစုဟာ ကချင်လူမျိုး KIA လက်သစ်များသာဖြစ်ပြီး KIA အဖွဲ့မှ ဆွေမျိုးများနှင့် တပ်ဖွဲ့ဝင်တွေကို ဒုက္ခသည်စခန်းတွေမှာ လက်ခံပြီး မြို့ပေါ်မှာရှိတဲ့ အစိုးရဌာန အဆောက်အဦများနဲ့ စည်ကားသော နေရာများတွင် အဖျက်မှောက်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဆိုင်းပြင်းလျက် ရှိ တယ်လို့ သိရပါတယ်။ 

ပျဉ်းမနားမြို့ဦးကျေးရွာနေအိမ်များ ဖျက်သိမ်းခံရ

Posted by drmyochit Sunday, September 23, 2012, under | No comments





နေပြည်တော်၊ ပျဉ်းမနားမြို့ဦးကျေးရွာ အရှေ့ပိုင်းမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်း ၁၀၀ နီးပါးလောက်ကို မြို့နယ် မြေစာရင်း  ဦးစီးဌာနက လယ်ယာမြေပေါ် ကျူးကျော် ဆောက်ထားတဲ့ အိမ်တွေဆိုပြီး ပုဒ်မ  ၄၈(က)နဲ့ တရားစွဲ၊ ဖိအားပေး ဖျက်ခိုင်း နေတဲ့ အတွက် အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် ဆိုသလို နေအိမ်တွေကို ဖျက်ပေးနေရတယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဒီကနေ့အထိ တရားစွဲဆိုခံထားရသူ (၂၃) ဦးခန့်ရှိပြီး အဓမ္မဖိအားပေး အဖျက်ခံ ထားရတဲ့ နေအိမ် (၁၇) လုံးလောက် ရှိသွားပြီလို့ သိရပါတယ်။

ဒီကနေ့မှာလည်း နောက်ထပ်နေအိမ် (၃) လုံး ထပ်ဖျက်ခံရပြီး မဖျက်ရင် ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက် အကျပ်ကိုင် နေတယ်လို့ မနေ့က နေအိမ်ဖျက်ပေးလိုက် ရတဲ့ ကာယကံရှင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီမှာ ဆောက်ထားတဲ့ နေအိမ်အများစုဟာ သွပ်မိုးနဲ့ သစ်သားကာ အိမ်တွေဖြစ်ပြီး နေထိုင်သူ အများစုဟာ သက်တမ်းအားဖြင့် နှစ် (၃၀) ၀န်းကျင်လောက် ရှိပြီလို့သိရပါတယ်။ ဖျက်သိမ်းရမယ့် အိမ်တွေဟာ ပုံစံ (၁၆) သန်းခေါင်စာရင်း ပေါက်ပြီးသား ဖြစ်တဲ့ အပြင် မြို့နယ် စည်ပင်သာယာဌာနက ကောက်ခံတဲ့ မြေခွန်တွေကိုလည်း နှစ်စဉ် ပေးဆောင်နေတဲ့ နေအိမ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရားရုံးရဲ့ အကြောင်းပြန်စာမှာတော့ အဲဒီအိမ်တွေကို ကာယကံရှင်တွေက  ကိုယ့်သဘောနဲ့ကိုယ် ဖျက်သိမ်းတာ ဖြစ်ကြောင်း ရေးသားထားပြီး အဲဒီစာပေါ်မှာ လက်မှတ်ထိုး မှတ်တမ်း ရေးထိုးခဲ့ရတယ်လို့ သိရပါတယ်။ ဒီအတောအတွင်း မျောက်လွတ်ကုန်း၊ ကံဦး၊ သပြေလတ်စတဲ့ ပျဉ်းမနားမြို့တောင် ဖက်နဲ့ ကင်ပွန်းတန်း၊ သဲကျွန်း၊ အိုးဖို စတဲ့ ပျဉ်းမနား အရှေ့ဖက် ကျေးရွာတွေက နေအိမ်တွေကိုလည်း လယ်ယာမြေပေါ် ကျူးကျော် နေထိုင်တဲ့ အိမ်တွေ ဆိုပြီး အာဏာပိုင်တွေက တရားစွဲဆိုထားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

စိုင်းနော်ခမ်း နှင့်အဖွဲ့ ၆ ယောက်အား ရုံးတင်စစ်ဆေးမည်

Posted by drmyochit Sunday, September 23, 2012, under | No comments

 

From : ရှမ်းသံတော်ဆင့်


တြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်းများက စက်တင်ဘာ ၂၀ ရက်နေ့ ၌ ရုံးတင်စစ်ဆေးမည်ဟု တရုတ်အစိုးရပိုင် စီစီတီဗီ က ထုတ်လွှင့်ထားပါသည်။


"မြန်မာအစိုးရကနေ နိုင်ငံတော် သက်သေအဖြစ် မကြာခင်တုန်းက တရုတ်အစိုးရဆီကို ယာယီလွှဲပေးလိုက်တဲ့ စိုင်းအောင်မြတ်နဲ့ ဆို ကျနော်သိတဲ့သူတွေ ၄ ယောက်ဘဲရှိတယ်။ နောက်နှစ်ယောက်က ဘယ်သူမှန်းမသိဘူး" - ဟု တာချီလိတ် မြို့နေထိုင်သူ စိုင်းနော်ခမ်း၏ မိတ်ဆွေတဦးက ပြောပါသည်။

ယခင်နှစ် အောက်တိုဘာ ၅ ရက်က တရုတ်လူမျိုး ၁၃ ဦး မဲခေါင်မြစ်အတွင်းသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရ သည့် စိုင်းနော်ခမ်း၊ စိုင်းဆန်ခမ်း၊ စိုင်းယီလိုင် နှင့် စိုင်းအောင်မြတ်တို့အား ရုံးတင်စစ်ဆေးမည်မှာ သေချာကြောင်း၊ ကျန်နှစ်ဦးမှာ စိုင်းယီလိုင်၏သား တဦး နှင့် စိုင်းထွန်းကုလား (စိုင်းအောင်မြတ်နှင့်အတူ တရုတ်ထံယာယီလွှဲအပ် စာရင်းတွင်ပါဝင်ဖွယ်ရှိ) တို့ဖြစ်နိုင်ကြောင်း - စိုင်းအောင်မြတ်နှင့်နီးစပ်သူတဦးက ပြောပါသည်။

"စက်တင်္ဘာ ၁၈ ရက်နေ့က တရုတ် ထုတ်လွှင့်သွားတဲ့ တီဗီ သတင်းမှာ စိုင်းနော်ခမ်း သျှမ်းလိုပြောသွားတာက တရုတ် ၁၃ ဦးသတ်ဖြတ်မှုမှာ ကျနော့်ရဲ့လက်ချက်လို့စွပ်စွဲပြီး ဖမ်းတာ လို့ပြောသွားတယ်။ ဒါပေမယ့် သူတို့က အင်္ဂလိပ်လို - စိုင်းနော်ခမ်းက ဝန်ခံလိုက်ပြီ - လို့ ဘာသာပြန်ထားတာ။ " - ဟု တရုတ် စီစီတီဗီသတင်း ကြည့်ရသူ နယ်စပ်နေ သျှမ်းအမျိုးသားတဦးက မကျေမချမ်းဖြင့် ပြောပါသည်။

စိုင်းနော်ခမ်းအား ထိုင်းနိုင်ငံ အမှု ၁၇ မှု ၊ မြန်မာက ၁၅ မှု၊ လောဝ် (လာအို) က ၇ မှု ၊ တရုတ်က ၂၉ မှု ဖြင့် အလိုရှိနေ သော သူဖြစ် သည်။ ၎င်းနှင့်အတူ ရုံးတင်စစ်ဆေးမည့် လူငါး ၅ ဦးကလည်း ထိုအမှုများနှင့် ပတ်သက်ဆက်နွယ် နေသည်ဟု စွပ်စွဲခံထားရသူများသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ်တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည် စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲသောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေနှောက်ခဲ့၏။ ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်၏။ တရုတ် ၁၃ ဦးသတ်ခံရသည့်နောက်ပိုင်း လေးနိုင်ငံပူးပေါင်းကင်းလှည့်အဖွဲ့က စိုင်းနော်ခမ်းအား လောဝ်နိုင်ငံဘက်ခြမ်း ၌ ဧပြီ ၂၅ ရက် က ဖမ်းဆီးခြင်းခံခဲ့ရ၏။ မေ ၁၀ ရက် ၌ လောဝ် အစိုးရက စိုင်းနော်ခမ်းအား တရုတ်ထံလွှဲအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ရခိုင်အရေး ဒုတိယသမ္မတ အပါအဝင် မျက်နှာစုံညီ အဖြေရှာမည်

Posted by drmyochit Sunday, September 23, 2012, under | No comments

Fromး ခေတ်လူငယ်


ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည့်တည်တံ့ ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးခေါင်းဆောင်များ နေပြည်တော် MCC ခန်းမတွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်တိုင်းရင်းသားများက ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲတွင် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဘေးဒုက္ခများ လျှော့ချရေးနှင့် လူသားချင်း စာနာထောက်ထားမှု ပေးရေး၊ ယာယီအခြေချ နေထိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ရင်ကြားစေ့ရေးနှင့် လူမှုရေး သဟဇာတ ဖြစ်ရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စသည့် ခေါင်းစဉ်များဖြင့် စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် ဆွေးနွေးမည်ဖြစ်သည်။ “ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ သေချာပြောလို့ မရသေးဘူး” ဟု အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ရှေ့နေ ဦးဗိုလ်မင်းဖြူကမူ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်ရေးကိစ္စကို အဓိက အသားပေး ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဆိုသည်။ ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံရေး ပါတီများ၊ NGO, INGO အဖွဲ့အစည်းများ၊ စစ်တွေမြို့မှ ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖများ၊ ဘင်္ဂါလီခေါင်းဆောင်များ၊ ရန်ကုန်မြို့တော်တွင် ရှိသော ရခိုင်တိုင်းရင်းသားများ တက်ရောက်မည်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၃၀၀ ခန့် တက်ရောက်ကြမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်မည့် သူများထံမှ သိရှိရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့်  လူဦးရေ ၈၀ ကျော် သေဆုံးကာ နေအိမ်ပေါင်း ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်အထိ ဒုက္ခသည် ခုနစ်သောင်းကျော် ကျန်ရှိနေသေးကြောင်း သိရှိရသည်။

လစ်ဗျားနိုင်ငံရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း

Posted by drmyochit Sunday, September 23, 2012, under | No comments

From : လွင်အောင်စိုး


လစ်ဗျားနိုင်ငံရဲ့ ဒီသတင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အမေရိကန် သံအမတ်နဲ့ သံရုံးဝန်ထမ်း ၃ ဦး အသတ်ခံရတာဟာ အစွန်းရောက် မူဆလင် စစ်သွေးကြွတွေရဲ့ “ရှာရီယာ ထောက်ခံသူများ” (Ansar Al-Shariah) အမည်ခံ အစိုး ရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ (Militia) ကြောင့် ဖြစ်ရတာကို လစ်ဗျား ပြည်သူတွေ က သိရှိကြပါတယ်။ မနေ့ကတော့ ဘင်ဂါဇီမြို့က အရေအတွက် သုံးသောင်း လောက်ရှိတဲ့ လက်နက်မဲ့ ပြည်သူတွေဟာ “ရှာရီယာ ထောက်ခံသူများ” ရဲ့ စခန်း တွင်း ကို ဝင်စီးကြပါတယ်။ အစပိုင်းမှာတော့ Militia တွေက မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့် လူစုခွဲဖို့ ကြိုးစားကြည့်ပေမယ့် ဒေါသထွက်နေတဲ့ ပြည်သူတွေက မကြောက်မရွံ့ဘဲ လှိုင်းလုံးတွေလို အတင်းတိုးဝင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ Militia တွေဟာ သူတို့ စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြရပါတယ်။ သေဆုံး-ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ “ရှာရီယာ ထောက်ခံသူများ” ဟာ လစ်ဗျားမှာ ကဒါဖီအစိုးရ ပြုတ်ကျပြီးနောက် အသစ်တက်လာတဲ့ အစိုးရရဲ့ စစ်တပ်နဲူ့ပူးပေါင်းခြင်း မရှိပဲ လူဆိုးဂိုဏ်းသဖွယ် သီးသန့် မင်းမူနေကြပါတယ်။ ပြည်သူတွေကို ရှာရီယာ ဥပဒေအတိုင်း မဖြစ်မနေ လိုက်နာခိုင်းပါတယ်။ ဖမ်းဆီး သတ်ဖြတ်တာတွေလည်း လုပ်လို့ ပြည်သူတွေက မခံမရပ်နိုင် ဖြစ်နေကြပါတယ်။ ဘင်ဂါဇီမြို့သားတွေဟာ “Militia တွေ အလိုမရှိ” လို့ ကြွေးကြော်ပြီး Ansar Al-Shariah စခန်းကို ချီတက်ပြီး Militia တွေကို မောင်းထုတ်လိုက်ကြတာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ နောက်ထပ် လက်နက်ကိုင်တဖွဲ့ ဖြစ်တဲ့ Rafallah Sahati ဆိုတဲ့ Militia စခန်းကိုလည်း ဝင်စီးကြပြန်ပါတယ်။ Militia တွေက ပြန်ပစ်လို့ လက်နက်မဲ့ ပြည်သူ ၂ဝ လောက် ဒဏ်ရာရခဲ့ပါတယ်။ အသတ်ခံလိုက်ရတဲ့ အမေရိကန် သံအမတ်ဟာ လစ်ဗျားရဲ့ မိတ်ဆွေဖြစ်တယ်။ လစ်ဗျားမှာ မိတ်ဆွေတဦး ဆုံးရှုံးရပြီ စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါပဲ။ လစ်ဗျားနိုင်ငံရဲ့ အခြားမြို့တွေမှာလည်း လက်နက်ကိုင် Militia တွေဟာ အစိုးရ စစ်တပ်နဲ့ ရဲတွေ မရှိတဲ့ နေရာမှာ စိတ်ထင်တိုင်း မင်းမူ အုပ်စိုးနေကြတုန်း ဖြစ်ပါတယ်။ အစိုးရနဲ့ ပူးပေါင်းဖို့ လစာ ၄ ဆခွဲ ပိုပေးပြီး ဖိတ်ခေါ်ပေမယ့် လစာကိုသာယူပြီး အစိုးရလမ်းညွှန်ချက်တွေကို မလိုက်နာကြဘဲ ရှိနေပါတယ်။ အစွန်းရောက် မူဆလင် စစ်သွေးကြွ Militia တွေဟာ အစိုးရနဲ့လည်း မပူးပေါင်းတဲ့အပြင် ရှာရီယာ ဥပဒေ လိုက်နာဖို့ကိုသာ လက်နက်ကိုင်ပြီး အတင်းအကြပ် ခြိမ်းခြောက် မင်းမူနေလို့ ပြည်သူတွေက အတော့်ကို ခါးခါးသီးသီး စက်ဆုပ်ရွံရှာသွားကြတာပါပဲ။ .... 

မွတ်ကုလားကို ယူမိလို့ ဘ၀ကူးမကောင်းရှာတဲ့ မြန်မာမလေး

Posted by drmyochit Sunday, September 23, 2012, under | No comments

From : သာနောင်


ငွေကိုကြိုက်လို့ ငွေနောက်လိုက်ရာကနေ ဘ၀ဆုံးရူံးသွားရတဲ့ အဖိုးတန်တဲ့ မြန် မာအမျိုးသမီးလေး တွေ အများကြီး ရှိပါတယ်။ငွေနောက်ကို ဘယ်မြန်မာမိန်းကလေးမှ မလိုက်ကြပါနဲ့။လူမျိုးခြားမွတ်ကုလား ကို ယူမိလို့ အခုလို အသေဆိုးနဲ့သေရတဲ့ မိန်းကလေးတွေ အဖြစ်ဆိုးမျိုးတွေဟာ တကြိမ်တခါထဲတင်မဟုတ်တော့ဘဲ ရေတွက်လို့ မရအောင်ကို များပြားနေပါပြီ...မြန်မာနိုင်ငံမှာ တင်မဟုတ်ဘဲ နိုင်ငံတိုင်းတာ ဒုနဲ့ဒေး ဖြစ်နေတာပါ....လူမျိုးခြား၊နိုင်ငံခြား ကို အထင်ကြီးလို့ ယခုလို ဘ၀ပေးအပ်ပြီး လက်ထပ်ပေါင်းသင်းယူစရာ မလိုပါဘူး...ယခုလည်း မွတ်ကုလား ကို ယူမိလို့ မွတ်ကုလား မိသားစုက ၀ိုင်းနှိပ်စက်ပြီး သတ်ပစ်လိုက်တာပါ...ရွှေမြန်မာ မိန်းကလေးများ နားလည်သဘောပေါက်ကြပါ...ကမ္ဘာပေါ်မှာ မြန်မာလူမျိုးစစ်စစ် ပျောက်ပြီး ကုလားသွေးရောနှောနေတဲ့မြန်မာ တွေ မပေါ်ထွန်းလာစေရန် ကိုယ့် အမျိုးဂုဏ်ကို စောင့်ထိန်းကြပါ....မြေမျိုလို့ လူမျိုးမပြုန်း...လူမျိုမှ လူမျိုးပြုန်းမည် ဆိုသည့်စကားကို ရင်ဝယ်ပိုက်ထားကြပါလို့ မေတ္တာရပ်ခံရင်း.......

ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် KNO-Thailand ဖွဲ့စည်း

Posted by drmyochit Sunday, September 23, 2012, under | No comments

 

ပည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး(KNO) သည် ကချင်ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ရေးဆက် လက်ကြိုး ပမ်းနိုင်ရန် KNO (ထိုင်းနိုင်ငံ) အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ထပ်မံဖွဲ့စည်းလိုက်သော KNO-Thailand (Kachin National Organization-Thailand) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိနေသော ကချင်အမျိုးသားများနှင့် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်မှုထမ်းဟောင်း များအပါအ၀င် စက်တင်ဘာလ ၁၆-၁၇ ရက်အတွင်း ဆွေးနွေးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဆိုသည့် ရည်ရွယ်ချက် အောက်တွင် ဆွေးနွေးတိုင်ပင်၍ သဘောတူဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကချင်အမျိုးသားအစည်းအရုံး (KNO) ပေါ်လစီ အတွင်း၌ ညီညွတ်စွာ ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာအစိုးရသစ်ဖွဲ့စည်းခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး သဘောတူညီမှုများ ပြုလုပ်နေကြချိန် ပြည်ပအခြေစိုက် ကချင်အမျိုးသားအဖွဲ့အနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် နိုင်ငံရေ့း ငြိမ်း  မည် မဟုတ်ကြောင်း KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ် လရော် (Duwa Bawmwang Laraw) က ပြောသည်။

အဆိုပါ ချင်းမိုင်တွင် သီးသန့်ဖွဲ့စည်းလိုက်သော ကချင်အမျိုးသားအစည်းအရုံး (KNO) ကို ဥက္ကဋ္ဌ ဦးကရဲန်ခေါင်ဟောင်း (Kareng Hkawng Hawng)၊ ဒုတိယ တာဝန်ခံအနေဖြင့် ဦးလရှီးဘရန်နူး (Lashi Brang Nu) နှင့် အင်ခွမ်ဇော်ဂရောင် (Nhkum Zau Grawng)၊ အတွင်းရေးမှုး နန်ဇိန်နော်လောန် (Nangzing Naw Lawn)၊ ဒုအတွင်းရေးမှူးအား လရှီးဂမ် (Lashi Gam) နှင့် အင်ခွမ်ဇော်ဂမ် (Nhkum Zau Gam) တို့ဖြစ်ကြောင်း ကြေငြာချက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ပ အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO သည် အစိုးရတပ်နှင့် တိုက်ပွဲဖြစ် ပွားနေသော KIO နှင့် အတူတကွ ပူးတွဲလုပ်ဆောင်သွားရန် ၂၀၁၂ ဇွန်လပိုင်းတွင် လိုင်ဇာ (Laiza) ဌာနချုပ်၌ နှစ်ရက်ကြာတွေ့ဆုံ ဆွေး နွေးခဲ့ပြီးနောက် သဘောတူပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်း အတွက် တရုတ် ထိပ်တန်းနာမည်ကြီးကုမ္မဏီ HUAWEI မှ ဆက်သွယ်ရေးပစ္စည်းများလူဒါန်း

Posted by drmyochit Sunday, September 23, 2012, under | No comments


From : ဆေးညိုထွန်း


သမ္မတကြီး ကို လေးစားသောအားဖြင့် တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ထိတ် တန်းကုမ္မဏီ တစ်ခုဖြစ်သော HUAWEI မှ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည့် ဆီးဂိမ်း အတွက် လိုအပ်လျှက်ရှိသော ဆက်သွယ်ရေးပစ္စည်းများကို လှုဒါန်းလိုက်ပါသည်။ သမ္မတကြီးမှလည်း လိုအပ်နေသော ဆက်သွယ်ရေး ပစ္စည်းများအတွက် စိတ်ပူနေရာ ယခုလို လှုဒါန်း သည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားလိုက်ပါသည်။ ဖခင်ကောင်း တစ်ယောက်ဟာ အလုပ်လုပ်တာ ဥစ္စာပစ္စည်း ရှာတယ်ဆိုတာ သားသမီးတွေ အတွက်ပဲ။ အဖ နှင့် တူသော သမ္မတကြီး ကမ္ဘာအနှံ့ ရောက်လေရာ နိုင်ငံတိုင်းမှာ သားသမီးနဲ့တူတဲ့ နိုင်ငံသားတွေ အတွက် ပစ္စည်းဥစ္စာ ရှာခဲ့တယ်။ -ဂျပန်ကို သွားတယ်။ အပြန်မှာ ချေးငွေတွေလျော့ပေးပြီး ဆက်သွယ်ရေးဂြိုလ်တု လွှင့်တင်ပေးမယ့် လက်ဆောင်ကို တို့အတွက် ယူလာတယ်။ -အိန္ဒိယကို သွားတယ်။ အပြန်မှာ ချေးငွေ သန်း ၅၀၀ လက်ဆောင်ယူလာတယ်။ ရေအားလျှပ်စစ် စက်ရုံတည်ပေးမယ့် ကတိပြုချက် လက်ဆောင် ယူလာတယ်။ -ထိုင်းကို သွားတယ်။ ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံလုပ်သားတွေနဲ့ တန်းတူလစာ အခွင့်အရေး ရအောင်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက် မှတ်ရေးထိုးနိုင်ခဲ့တယ်။ ( ၆၅ နှစ်အတွင်း ဆက်ဆံရေး အကောင်းဆုံး အခြေအနေ) -တရုတ်ကို သွားတယ်။ ဆီးဂိမ်းမှာ လိုအပ်လို့ စိတ်ပူနေရတဲ့ ဆက်သွယ်ရေး ပစ္စည်းကို အပြန်လက်ဆောင် အဖြစ် ယူခဲ့တယ်။ ဖခင်ကောင်းဆိုတာ အပြင်က ပြန်လာရင် သားသမီးတွေ အတွက် အိမ်ပြန်လက်ဆောင် ၀ယ်ခဲ့တယ်။ ဆုပေးတဲ့ အခမ်းအနားမှာတောင် သားသမီးတွေနဲ့ မျှဝေခံစားချင်တယ် လို့ မချိတရိစကားနဲ့ အပြည့်အ၀ မပျော်ပါဘူး ဆိုတဲ့ ဖခင်နဲ့ တူသောသမ္မတကြီးကို အစဉ်လေးစားချစ်ခင် ပါတယ်။ ကျွန်တော်တို့ရဲ့ ဖခင်ကြီး သမ္မတကြီး ဦးသိန်းစိန်ဟာ ကျွန်တော်တို့ အတွက် ဘယ်အရာနဲ့မှ မလဲနိုင်အောင် တန်ဖိုးရှိသော ဖခင်ကြီးဖြစ်ပါတယ်။ 

မွတ်ကုလားကို ယူမိလို့ ဘ၀ကူးမကောင်းရှာတဲ့ မြန်မာမလေး

Posted by drmyochit Sunday, September 23, 2012, under | No comments



ငွေကိုကြိုက်လို့ ငွေနောက်လိုက်ရာကနေ ဘ၀ဆုံးရူံးသွားရတဲ့ အဖိုးတန်တဲ့ မြန်မာအမျိုးသမီးလေး တွေ အများကြီး ရှိပါ တယ်။ငွေနောက်ကို ဘယ်မြန်မာမိန်းကလေးမှ မလိုက်ကြပါနဲ့။လူမျိုးခြားမွတ်ကုလား ကို ယူမိလို့ အခုလို အသေဆိုး နဲ့သေရတဲ့ မိန်းကလေးတွေ အဖြစ်ဆိုးမျိုးတွေဟာ တကြိမ်တခါထဲတင်မ ဟုတ်တော့ဘဲ ရေတွက်လို့ မရအောင်ကို များပြား နေပါပြီ...မြန်မာနိုင်ငံမှာ တင်မဟုတ်ဘဲ နိုင်ငံတိုင်းတာ ဒုနဲ့ဒေး ဖြစ်နေတာပါ....လူမျိုးခြား၊နိုင်ငံခြား ကို အထင် ကြီးလို့ ယခုလို ဘ၀ပေးအပ်ပြီး လက်ထပ်ပေါင်း သင်းယူစရာ မလိုပါဘူး...ယခုလည်း မွတ်ကုလား ကို ယူမိလို့ မွတ်ကုလား မိသားစုက ၀ိုင်းနှိပ်စက်ပြီး သတ်ပစ်လိုက်တာပါ...ရွှေမြန်မာ မိန်းကလေးများ နားလည် သဘောပေါက် ကြပါ...ကမ္ဘာပေါ်မှာ မြန်မာ လူမျိုးစစ်စစ် ပျောက်ပြီး ကုလားသွေးရောနှောနေတဲ့မြန်မာ တွေ မပေါ်ထွန်းလာစေရန် ကိုယ့် အမျိုးဂုဏ် ကို စောင့်ထိန်းကြပါ....မြေမျိုလို့ လူမျိုးမပြုန်း...လူမျိုမှ လူမျိုးပြုန်းမည် ဆိုသည့်စကားကို ရင်ဝယ်ပိုက် ထားကြပါလို့ မေတ္တာရပ်ခံရင်း.......

KIA မှလူတွေအားလုံးကို ဒါကို သိစေချင်ပါသည်

Posted by drmyochit Sunday, September 23, 2012, under | No comments



စစ်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရလုပ်ရပ်ကို ဝေဖန်ရဲတဲ့သူမရှိလို့ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ရန် ပုံငွေရှာတဲ့သူတွေ ကိုယ့်အိတ်ထဲက ထည့်စိုက်ပြီး လှူတဲ့သူတွေ ရှိနေရတာလား ။ မင်းတို့ ဦးနှောက်မသုံး ဘဲ ဗမာမုန်းတီးရေးချည်း စွတ်ပြောနေတာကို တွေ့တဲ့ ဗမာတိုင်းက ကြိုက်မယ်ထင်လို့လား။ မင်းတို့တောင် မုန်းတတ်သေးတာ တခြားသူတွေလည်း မုန်းတတ်တယ်ဆိုတာမမေ့နဲ့လေ။ ရိုင်းတဲ့သူဆိုတာ ဘယ်လူမ ဆိုဖြစ် တတ် တယ်။ ရိုင်းတဲ့သူက ရိုင်းသလို ပြောလိမ့်မယ်။ မင်းတို့က မင်းတို့ရန်သူကိုတောင် ပြတ်ပြတ် သား သား ခွဲခြားပြီးမှ မမြင်တတ်ဘဲ။ မင်းတို့ စစ်တပ်ကို မုန်းချင်သလိုမုန်း .. ။ ဘယ်မြန်မာကမှ စိတ်မဆိုး ဘူး။ မင်းတို့ကိုကောင်းကောင်းမွန်မွန် ပြန်ပြောပြနေတဲ့သူကိုလည်း မင်းတို့ရန်စွယ် ငေါငေါနဲ့ပြောတယ်။ ခါး ခါး သည်းသည်း မုန်းတီးပြတယ်။ ဗမာတွေက မင်းတို့ ကိုးကွယ်တဲ့ ဘာသာကိုလည်း မပုတ်ခတ် ဘူး။ မင်း တို့ ပြောတဲ့ ဘာသာစကားကိုလည်း မကောင်းဘူးလို့ မပြောဘူး။ မင်းတို့ယဉ်ကျေးမှုကိုလည်း မထေမဲ့မြင် မလုပ် ဘူး။ မင်းတို့ရိုးရာ ကချင်လုံချည်ဟာ ဗမာတွေအလွန်ကြိုက်တဲ့ အဝတ်အစားဖြစ်သလို မင်းတို့ရဲ့ မနောတိုင် ဒီဇိုင်းကိုလည်း (မင်းတို့အခေါ်တော့ ဗမာပေါ့ကွာ .. ဒါပေမယ့် ဘယ်လူမျိုးမဆိုဖြစ်တဲ့ .. ) လူတွေက မြတ်နိုးကြ ကြိုက်ကြတာဘဲ။ မင်းတို့ တိုင်းရင်းသား အနုပညာရှင်တွေဆိုရင်လည်း သူတို့ရဲ့ အနုပညာအစွမ်းကို ကြိုက်လို့ လူတွေကမြတ်နိုးကြတာဘဲ။ ..... မင်းတို့အဲဒါတွေ တစ်ခုမှမသိတာလား။ ဗမာလူမျိုးကြီးဝါဒ ဆိုတာသာ တကယ်ရှိရင် အဆိုတော် အယ်လ်ခွန်းရီရဲ့ သီချင်းတွေလည်း ငါတို့သိခဲ့မှာ ကြိုက်ခဲ့မှာ မဟုတ်ဘူး။ သူ့ရဲ့ နောက်မျိုးဆက် အနုပညာရှင်တွေကိုလည်း ဘယ်သူကမှသိမှာမဟုတ်ဘူး။ အယ်လ်ခွန်းရီမတိုင်ခင် ကေဂျာနူးခေတ်ကတည်းက ဗမာရော တခြားတိုင်းရင်းသားတွေပါ ကေဂျာနူး ကို လည်း နှစ်သက်ခဲ့ကြတာ..။ ဘယ်တိုင်းရင်းသား အနုပညာရှင်ဖြစ်ဖြစ် ဗမာအပါအဝင် တိုင်းရင်းသားတိုင်း က နှစ် သက်မြတ်နိုးကြတာ။ ရှမ်းတိုင်းသားအနုပညာရှင် စိုင်းခမ်းလိတ် နဲ့ စိုင်းထီးဆိုင်ဆိုတာ မြန်မာအပါ အဝင် ကချင်မဟုတ်တဲ့တိုင်းရင်းသားတွေအားလုံးက အတော်ဆုံး အကြိုက်ဆုံး ဂီတပညာရှင်တွေ အဖြစ် တန်ဖိုးထားကြတယ်။ ဗမာတွေသာ ဗမာမှဆိုတဲ့ ကျဉ်းမြောင်းတဲ့ အစွဲရှိရင် ဒီပုဂ္ဂိုလ်တွေ ဒီလို နိုင်ငံကျော် အဖြစ် တန်ဖိုးထား ခံရမလား။ မင်းတို့တွေ .. အမြင်ကျယ်ကျယ် နေလို့ရတဲ့နေ ရာတွေမှာ နေချင်ရင်နေ လို့ရပြီး လေ့လာချင်တိုင်းလေ့လာလို့ အသိဉာဏ်ကြီးအောင်လုပ်လို့ရလျက်နဲ့ သိမ်းကြုံးပြီး လူမျိုးရေးမုန်း တီး မှု သက်သက်ဘဲပြောနေတာ ခေတ်ကုန်တာ ခေတ်တုံးတာ မဟုတ်ရင်ဘာလဲ။ ဖြေစမ်း။ မင်းတို့အသိဉာဏ်တိမ်တာ .. တုံးတာ အကြောင်းမဟုတ်ဘူး။ မင်းတို့လို အခွင့်အရေးတွေမရတဲ့   အောက်ခြေက တိုင်းရင်းသား ပြည်သူတွေ .. မလိုအပ်တဲ့ မုန်းတီးမှုတွေအောက်မှာ အမှန်မြင်ခွင့်မရဘဲ ဒုက္ခသည်ဘဝတွေကြာရှည်နေလိမ့်မယ်။ ဗမာတိုင်းက မင်းတို့ကို ကချင်တွေ မလိုချင်ဘူးလို့ ပြောတာရှိရင် သက်သေပြစမ်း။ တခြားတိုင်းရင်းသားတွေကရော ဗမာတွေက ကချင်ကို မျိုးတုန်းစေချင်တာသေချာ တယ် ထင်ရင် သက်သေပြစမ်း။ ဘယ်တခြား တိုင်းရင်သားတစ်မျိုးမျိုးကို မင်းတို့ ချစ်တယ်ခင်တယ် လို့ ပြောနိုင် သလဲ။ တခြား ဘယ်တိုင်းရင်းသားတစ်ဦးဦးရဲ့ ပြဿနာတွေ ဒုက္ခတွေကို မင်းတို့ ကိုယ်ချင်းစာပြီး ကူ ညီပြနိုင် သလဲ။ တိုင်းရင်းသား ပြည်သူအများစုကြီး ခံစားနေရတဲ့ တရားမျှတမှုဆုံးရှုံးခြင်းကြောင့် ဖြစ်နေ ရတဲ့ အခက်အခဲပြဿနာတွေကို တခြား တိုင်းရင်းသားတွေ ပြည်သူတွေနဲ့အတူ လက်တွဲဖြေရှင်းဖို့ မင်းတို့ ဘယ်လောက် ကြိုးပမ်းခဲ့ဖူးသလဲ..။

လစ်ဗျားနိုင်ငံရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း

Posted by drmyochit Sunday, September 23, 2012, under | No comments



လစ်ဗျားနိုင်ငံရဲ့ ဒီသတင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အမေရိကန် သံအမတ်နဲ့ သံရုံးဝန်ထမ်း ၃ ဦး အသတ်ခံ ရတာဟာ အစွန်းရောက် မူဆလင် စစ်သွေးကြွတွေရဲ့ “ရှာရီယာ ထောက်ခံသူများ” (Ansar Al-Shariah) အမည်ခံ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ (Militia) ကြောင့် ဖြစ်ရတာကို လစ်ဗျား ပြည် သူတွေက သိရှိကြပါတယ်။ မနေ့ကတော့ ဘင်ဂါဇီမြို့က အရေအတွက် သုံးသောင်းလောက်ရှိတဲ့ လက်နက် မဲ့ ပြည်သူတွေဟာ   “ရှာရီယာ ထောက်ခံသူများ” ရဲ့ စခန်းတွင်းကို   ဝင်စီးကြပါတယ်။   အစပိုင်းမှာတော့ Militia တွေက မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့် လူစုခွဲဖို့ ကြိုးစားကြည့်ပေမယ့် ဒေါသထွက်နေ တဲ့ ပြည် သူတွေက မကြောက်မရွံ့ဘဲ လှိုင်းလုံးတွေလို အတင်းတိုးဝင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ Militia တွေ ဟာ သူတို့ စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြရပါတယ်။ သေဆုံး-ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ “ရှာရီယာ ထောက်ခံသူများ” ဟာ လစ်ဗျားမှာ ကဒါဖီအစိုးရ ပြုတ်ကျပြီးနောက် အသစ်တက်လာတဲ့ အစိုးရရဲ့ စစ်တပ်နဲူ့ပူးပေါင်းခြင်း မရှိပဲ လူဆိုးဂိုဏ်းသဖွယ် သီးသန့် မင်းမူနေကြပါတယ်။ ပြည်သူတွေကို ရှာရီယာ ဥပဒေအတိုင်း မဖြစ်မနေ လိုက်နာခိုင်းပါတယ်။ ဖမ်းဆီး သတ်ဖြတ်တာတွေလည်း လုပ်လို့ ပြည် သူတွေက    မခံမ     ရပ်နိုင် ဖြစ်နေကြပါတယ်။    ဘင်ဂါဇီမြို့သားတွေဟာ “Militia တွေ အလိုမရှိ” လို့  ကြွေးကြော်   ပြီး   Ansar Al-Shariah စခန်းကို ချီတက်ပြီး Militia တွေကို မောင်းထုတ် လိုက်ကြ တာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ နောက်ထပ် လက်နက်ကိုင်တဖွဲ့ ဖြစ်တဲ့ Rafallah Sahati ဆိုတဲ့ Militia စခန်းကိုလည်း ဝင်စီးကြပြန်ပါတယ်။ Militia တွေက ပြန်ပစ်လို့ လက်နက်မဲ့ ပြည်သူ ၂ဝ လောက် ဒဏ်ရာရခဲ့ပါတယ်။ အသတ်ခံလိုက်ရတဲ့ အမေရိကန် သံအမတ်ဟာ လစ်ဗျားရဲ့ မိတ်ဆွေဖြစ်တယ်။ လစ်ဗျားမှာ မိတ်ဆွေတဦး ဆုံးရှုံးရပြီ စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါပဲ။ လစ်ဗျားနိုင်ငံရဲ့ အခြားမြို့တွေမှာလည်း လက်နက်ကိုင် Militia တွေဟာ အစိုးရ စစ်တပ်နဲ့ ရဲတွေ မရှိ တဲ့ နေရာမှာ စိတ်ထင်တိုင်း မင်းမူ အုပ်စိုးနေကြတုန်း ဖြစ်ပါတယ်။ အစိုးရနဲ့ ပူးပေါင်းဖို့ လစာ ၄ ဆခွဲ ပိုပေးပြီး ဖိတ်ခေါ်ပေမယ့် လစာကိုသာယူပြီး အစိုးရလမ်းညွှန်ချက်တွေကို မလိုက်နာကြဘဲ ရှိနေပါတယ်။ အစွန်းရောက် မူဆလင် စစ်သွေးကြွ Militia တွေဟာ အစိုးရနဲ့လည်း မပူးပေါင်းတဲ့အပြင် ရှာရီယာ ဥပဒေ လိုက်နာဖို့ကိုသာ လက်နက်ကိုင်ပြီး အတင်းအကြပ် ခြိမ်းခြောက် မင်းမူနေလို့ ပြည်သူတွေက အတော့်ကို ခါးခါးသီးသီး စက်ဆုပ်ရွံရှာသွားကြတာပါပဲ။ .... 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာ-တရုတ်ဆက်ဆံရေးကို ပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား

Posted by drmyochit Sunday, September 23, 2012, under | No comments


 
 
 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာ-တရုတ် ဆက်ဆံရေးကို ပြောင်းလဲစေ လိမ့်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က တရုတ် ဒုတိယသမ္မတ Xi Jinping နှင့် တွေ့ဆုံရာ တွင် ပြောကြားခဲ့သည်ဟု ရိုက်တာနှင့်ဆင် ဟွာသတင်းတို့တွင် ဖော်ပြ ထားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တရုတ်ဒုတိယသမ္မတ Xi Jinping တို့သည် တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် အကူးအပြောင်းကာလအတွင်း ရောက်ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုး တက်ရေးကို အလေးထား ပါကြောင်း၊ မြန်မာနိုင်ငံ၏ တရုတ် ပေါ်လစီသည် မပြောင်းလဲကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြော ကြားခဲ့သည်ဟု အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ ကာလကြာရှည် ထောက်ပံ့ကူညီမှုကို ဘယ်တော့မှ မေ့မည်မဟုတ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တစ်လျှောက်လုံး မြန်မာနိုင်ငံကို ကမ္ဘာ့ အလယ်တွင် ထောက်ခံကာကွယ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် ပိုမိုလက်ဦး မှု ရယူနိုင်ခဲ့သည်ကို တွေ့ရသည်။
သို့ရာတွင် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်  မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာသလို အဆိုပါနိုင်ငံ များက လည်း မြန်မာနိုင်ငံအပေါ် ချ မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်း ငံ့မှုများ ပြု လုပ်လာကြသည်။ထို့ပြင် အဆိုပါနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်ပြု လုပ် လာကြသည်။
ထိုသို့ မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုသည် တရုတ်ပြည် သူ့သမ္မတနိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာစေကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြလာကြသည်။
သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(နန်နင်း)နှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ သွားရောက် ခဲ့သည်။
ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင် ပြီးနောက် ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်သည့် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ပထမအကြိမ်ခရီးစဉ်မှာ ၂၀၁၁ ခုနှစ် မေလတွင် ဖြစ်သည်။
ယခုခရီးစဉ်ပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလနောက်ဆုံးပတ်တွင် သွားရောက်ရန် စီစဉ်ထားသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်