Wednesday, September 26, 2012

ရေပိုင်နက်အငြင်းပွားမူ ဂျပန်နှင့်ထိုင်ဝမ် အပြန်အလှန်ပစ်ခတ်မူဖြစ်ပွား

Posted by drmyochit Wednesday, September 26, 2012, under | No comments




From : သာနောင်


 အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာပြီးနောက် ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်း ကျင် သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့် ငါးဖမ်းလှေများထံ လှမ်း၍ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ် ကမ်း ခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ ရင်ဆိုင်နေရသည်။

ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေအကြောင်းကို သမ္မတကြီးဦးသိန်းစိန် အမေရိကန်မှာ နိုင်ငံတကာသိအောင်ပြောကြားမည်

Posted by drmyochit Wednesday, September 26, 2012, under | No comments





သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးမှာ သမ္မတရဲ့  ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေကို နိုင်ငံတကာ သိ အောင် ထုတ်ဖော်ပြောကြားသွားမှာဖြစ်ပြီး ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လဲ ရှင်းလင်း ပြော ကြားသွားဖို့ ရှိတယ် လို့ သမ္မတရုံးက ပြောပါတယ်။ စက်တင်ဘာ ၂၄ရက်က စတင်လိုက်တဲ့ သမ္မတရဲ့ အမေ၇ိကန် တစ်ပတ်ကြာခရီးစဉ်ထဲ အဓိက ဘာတွေ လုပ်ဆောင်သွားဖို့ ကို သမ္မတရုံးညွှန်မူးဦးဇော်ဌေးက
ဒီလိုပြောကြားခဲ့ပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘာတွေလုပ်နေတယ်။ ဘာတွေ ဆက်လုပ် သွားမယ်၊ အခက်အခဲတွေ စိမ်ခေါ်မှုတွေက ဘာတွေရှိနေတယ်၊ အဲ့ဒီအတွက် နိုင်ငံတကာက ထောက်ပံ့ကူညီမှု ဘာတွေ လိုအပ်နေတယ် ဆိုတာတွေ သမ္မတအနေနဲ့  ထုတ်ဖော်ပြောကြားသွားဖို့ရှိတယ်လို့လဲ ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိ ကား ခရီးစဉ်မှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ တွေ့ဖို့ရှိ မရှိကတော့ မသိရသေးပါဘူး။ ဒါပေမယ့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေး မှုးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင် နာဝပ်၊ အမေရိကန်နိုင်ငံခြားရေး မူဝါပိုင်းက ဟင်နရီကစ်ဆင်းဂျား၊ တခါ ဥရောပသမဂ အီးယူထိပ်တန်းေ ခါင်း ဆောင်တွေနဲ့ အမေရိကန်ထိပ်တန်းစီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ ဖို့ ရှိတယ်လို့ သမ္မတရုံးကပြော ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၀၉ခုနှစ်တုန်းက ၀န်ကြီးချုပ်အနေနဲ့ ကုလသမဂအထွေထွေညီလာခံမှာ တက် ရောက် မိန့်ခွန်းပြောကြားခဲ့ဖူးပြီး၊ သမ္မတအနေနဲ့တော့ ဒါပထမဆုံးအကြိမ် ညီလာခံ တက်ရောက်တာ ဖြစ် ပါ တယ်။ 

နိုင်ငံတော်သမ္မတကြီး ဒေါက်တာဦးသိန်းစိန် အမေရိကန်သို့ရောက်ရှိ၊ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် လေဆိပ်သို့ လာကြို

Posted by drmyochit Wednesday, September 26, 2012, under | No comments




 
 သမ္မတ ဦးသိန်းစိန် နယူးယောက်မြို့ The Mark ဟိုတယ်ကို စက်တင်ဘာ ၂၅ မွန်းတည့်က ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေနဲ့ အဖွဲ့ သမ္မတကြီးကို ကြိုဆိုဖို့ စောင့်နေခဲ့တာ ဖြစ်ပါတယ်။

 မြန်မာအမျိုးသမီးလေးများက သမ္မတကြီးကို ပန်းစည်းကမ်းလို့ ကြိုဆိုဖို့ စောင့်ခဲ့ကြပါတယ်။ သမ္မတကြီးက သူတို့ကို တွေ့တော့ စောင့်နေရတာ ကြာပြီလားလို့ မေးပါတယ်။ ပြီးတော့ ပန်းလာလို့နဲ့ တူပါရဲ့... ချက်ချင်းကို အခန်းပေါ်တက်လို့ အနားယူပါတယ်။

 သမ္မတဦးသိန်းစိန်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချယ်က လေဆိပ်မှာ သွားကြိုဆိုလာခဲ့ပါတယ်။ သမ္မတကြီးဟာ လောလောဆယ်မှာတော့ သူ့အခန်းမှာ အနားယူနေပါတယ်။

 သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက နှစ်နာရီခြားပြီးမှ သမ္မတ ဦးသိန်းစိန် တည်းခိုရာ The Mark ဟိုတယ်ကို ရောက်လာခဲ့ပါတယ်။

 အမေရိကခရီးစဉ်မှာ သမ္မတဦးသိန်းစိန်နဲ့အတူ ၀န်ကြီးဦးစိုးသိန်း၊ ၀န်ကြီးဦးဝဏ္ဏမောင်လွင်၊ ၀န်ကြီးဦးဝင်းမြင့်နဲ့ ၀န်ကြီးဦးခင်ရီတို့ အပါအ၀င် စုစုပေါင်း အဖွဲ့ဝင်အင်အား ၅၀ ကျော် လိုက်ပါလာတယ်လို့ သမ္မတ လုံခြုံရေး အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိက ခရီးစဉ်တွင်းမှာ ပေးဖို့ လက်ဆောင်ပစ္စည်းပုံးများလည်း ပါလာခဲ့တာကို တွေ့ရပါတယ်။ သမ္မတခရီးစဉ်အကြို ရှေ့ပြေးအဖြစ် အမေရိကကို တင်ကြို ရောက်လာခဲ့တဲ့ ၀န်ကြီးဦးအောင်မင်းကတော့ သမ္မတရဲ့ အမေရိက ခရီး မစတင်မီ စီစဉ်ထားတာတွေကို တင်ပြဖို့ မြန်မာပြည်ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။


 The Mark ဟိုတယ်တွင်း ၀င်ရောက်သွားပြီးနောက် ခေတ္တ အနားယူနေတဲ့ သမ္မတ ဦးသိန်းစိန် (စက်တင်ဘာ ၂၆ မွန်းလွဲပိုင်းမှာတော့ သမ္မတကြီးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ စက်တင်ဘာ ၂၇ မနက်ပိုင်းမှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ရာစုနှစ်ဝက်အတွင်း ပထမဆုံး မြန်မာသမ္မတအနေနဲ့ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်)။

 သမ္မတဦးသိန်းစိန်ရောက်ပြီး သုံးနာရီကျော်မှ တည်းခိုရာ The Mark ဟိုတယ်ကို ရောက်ရှိလာတဲ့ လ၀က၀န်ကြီး ဦးခင်ရီ (သမ္မတနဲ့ ၀န်ကြီးတွေဟာ နာရီ ၂၀ ကျော်ကြာ လေယာဉ်ခရီးကို စီးနင်းခဲ့ရတာကြောင့် ပင်ပန်းနေပုံပေါ်ပါတယ်)။ 

  အမေရိက ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက်မြို့၊ ၇၇ လမ်းပေါ်က ကြယ်ငါးပွင့် အဆင့်ရှိ The Mark ဟိုတယ်၊ ၁၆ ထပ်ရှိတဲ့ ဟိုတယ်ကြီးထဲမှာ သမ္မတဟာ ငါးထပ်မြောက်မှာ နေထိုင်နေတယ်လို့ သိရပါတယ်။ ဒီဟိုတယ်ကို ၁၉၂၇ ခုနှစ်က စတင် တည်ဆောက်ခဲ့တာမို့ သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန် ကူညီမည်

Posted by drmyochit Wednesday, September 26, 2012, under | No comments


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံမှာ မနေ့ အင်္ဂါနေ့က မိန့်ခွန်းပြောကြားအပြီး ကုလသမဂ္ဂဌာနချုပ်မှာပဲ ကျင်းပတဲ့ Clinton Global Initiative ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမယ့် အစီအစဉ်သစ်တွေကို ချပြခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာပဲ မြန်မာနိုင်ငံ က ပြောင်းလဲတိုးတက်လာနေတဲ့ အခြေအနေ တွေနဲ့ပတ်သက် ပြီးတော့လည်း ချီးကျူးပြောခဲ့သလို အဓမ္မ လုပ်အားပေးစေခိုင်းမှုနဲ့ ကလေးစစ်သားပြဿနာ ကိစ္စရပ်တွေကိုလည်း မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် သူ ဆွေးနွေး ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြော ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် Dan Robinson ပေးပို့ ထားတဲ့ ဆောင်းပါးကို အခြေခံပြီး မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားက ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ Clinton Global Initiative ဆွေးနွေးပွဲမှာ လူမှောင်ခိုမှု တိုက်ဖျက်ရေး ကြိုးပမ်းမယ့် အစီအစဉ်သစ်တွေကို ကြေညာခဲ့ပြီး လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ကြီးမားတဲ့ လူ့အခွင့်အရေးကိစ္စရပ် တခု အဖြစ် ရည်ညွှန်းပြီး ဒီလိုလူမဆန်တဲ့ လုပ်ရပ် မျိုးဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းမှာ မရှိသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

“လူသားမျိုးနွယ်အတွက် ဒီကိစ္စဟာ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ လုပ်ရပ်ပါ။ လူမှုအသိုင်းအ၀ိုင်းတိုင်းက စိုးရိမ်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျနော်တို့ လူမှုအသိုင်းအ၀ိုင်းဆိုတဲ့ ဇာပုဝါကို ဆုတ်ဖြဲနေလို့ပဲ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတိုင်းမှာလည်း စိုးရိမ်စရာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါက ဈေးကွက်မှာ အနှောင့်အယှက် ဖြစ်တတ်လို့ပါ။ တိုင်းပြည်တိုင်းက စိုးရိမ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများပြည်သူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပြု နေသလို အကြမ်းဖက် မှုတွေ ရာဇ၀တ်ဂိုဏ်းတွေကိုလည်း အားပေးရာ ရောက်နေပါတယ်။ ကျနော်ပြောနေတာဟာ တရားမျှတမှု ကင်းမဲ့နေတဲ့ အကြောင်းနဲ့ လူမှောင်ခိုကူးမှုဟာ ဒီကနေ့ခေတ် ကမ္ဘာကြီးရဲ့ ကျေးကျွန်လုပ်ငန်းလို့တောင် တကယ်တမ်း ခေါ်ရမယ့် ကိစ္စကို ပြောနေတာပါ။”

သမ္မတအိုဘားမားကတော့ အမေရိကန်အစိုးရရဲ့ ကန်ထရိုက် ငှားရမ်းခိုင်းစေတဲ့ ၀န်ထမ်းတွေဟာ အဓမ္မ လုပ်အားပေး စေခိုင်းမှု တွေနဲ့ ဆက်နွယ်မှု မရှိရလေအောင် ပိုမိုတင်းကြပ်တဲ့ မူဝါဒတွေ ချမှတ်ဖို့ သမ္မတရဲ့ အာဏာနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လူမှောင်ခိုကူးမှုတွေကို ထောက်လှမ်းနိုင်ဖို့နဲ့ သားကောင်ဖြစ်ကြရသူတွေကို ကူညီဖို့ အစိုးရတွေ၊ ဒေသဆိုင်ရာ အာဏာပိုင် တွေကို လေ့ကျင့် သင်ကြားပေးဖို့ ကိစ္စတွေကိုလည်း သမ္မတက သူ့ရဲ့ အစီအစဉ်သစ်မှာ ထည့်သွင်း ထားတာပါ။ ဒါ့အပြင် သားကောင် ဖြစ်ကြရသူတွေဟာ ရာဇ၀တ်သားတွေ မဟုတ်ကြဘူးလို့လည်း သမ္မတက အလေးထားပြောသွားပါတယ်။

လူမှောင်ခိုမှုရဲ့ သားကောင်ဖြစ်ကြရသူတွေကို အကူအညီပေးနိုင်ဖို့အတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်ရေးနဲ့ အမေရိကန် ပြည်ထောင်စုက လူမှောင်ခိုမှုလုပ်ငန်းတွေရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နိုင်မယ့် မဟာဗျူဟာ တရပ်ကို အကောင်အထည် ဖော်မယ့် အစီအစဉ်ကိုတော့ သမ္မတက အထူးတာဝန်ပေးထားတဲ့ အဖွဲ့ကနေ ကြီးကြပ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အစီအစဉ်သစ်တွေနဲ့ပတ်သက်လို့ ပြောဆိုရာမှာလည်း အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သား ကိစ္စတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူတဦးအဖြစ် မကြာသေးခင်တုန်းကမှ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတအိုဘားမားက ရည်ညွှန်း ပြောဆို သွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ ဆက်နိုင်အောင် ကျနော်တို့ အားပေးသွား မှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ဆိုတာဟာ တသံတည်း တညီတညွတ်တည်း ရှိဖို့လိုနေလို့ပါ။ ကျနော်တို့ သားသမီး တွေဟာ ရောင်းကုန်တွေ မဟုတ်ကြပါဘူး”

မဲခေါင်မြစ်ဝှမ်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ စီမံချက် UNIAP ရဲ့ စီမံချက်ညှိနှိုင်းရေးမှူး မဥမ္မာ အိအိချော ကတော့ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ လူကုန်ကူးမှု အခြေအနေနဲ့ပတ်သက်ပြီး ဗဟုသုတတွေ ပိုများလာတာဟာ တိုးတက်မှု လက္ခဏာတရပ်ဖြစ်ပြီး အစိုးရအနေနဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရင်ကထက် ပိုပြီး ဖိဖိစီးစီး လုပ်ဆောင် နေတာ တွေ့ရပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေဆဲလို့ အခုလို ပြောဆိုခဲ့ပါတယ်။

“လူကုန်ကူးမှုရဲ့ သဘောသဘာဝအရပေါ့နော် လျော့သွားလား၊ တိုးသွားလား ဆိုတာကတော့ ပြောရ ခက်တာပေါ့။ မနှစ်ကကျတော့ တနှစ်လုံးမှာ ၁၃၆ မှု ရှိတယ်။ ဒီနှစ်မှာကျတော့ အခုအချိန်ထိကတော့ ၈၂ မှု ရှိတယ်ဆိုတော့လေ အမှု အရေအတွက်နဲ့ကတော့ တိုးသွားခြင်း၊ လျော့သွားခြင်း က သိပ်ပြီး မကွာတာကို တွေ့ရပါတယ်။ ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဆိုရင်တော့ ကျမ ထင်ပါတယ် အထူးသဖြင့်တော့ တရားဥပဒေ စိုးမိုးရေးအပိုင်း၊ ပြီးတော့ ဒီလိုမျိုးကိစ္စတွေမှာ ၀န်ထမ်းတွေရဲ့ အသိအမြင်တွေ ပိုရှိလာဖို့ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေနဲ့ ကိုယ့်ရဲ့ တာဝန်ယူမှုတွေကို ဒီ့ထက် ပိုပြီးတော့မှ တိုးမြှင့်လာဖို့က အဓိက လိုအပ်မယ်လို့ ထင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ လူမှောင်ခိုမှုတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက် ဦးဆောင် သွားမှာဖြစ်တယ်လို့ ကတိပြုရင်း သမ္မတအိုဘားမားက ကွန်ဂို၊ အင်ဒိုနီးရှားနဲ့ အမေရိကန်က လူမှောင်ခိုမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ တက်တက် ကြွကြွ ပါဝင်သူ အမျိုးသမီး ၃ ဦးကိုလည်း အသိအမှတ်ပြု ချီးကျူးစကား ပြောဆိုသွားပါတယ်။

သန်းနဲ့ချီရှိနေကြတဲ့ လူမှောင်ခို ကူးခံရသူတွေအတွက် သတင်းစကား အဖြစ်နဲ့လည်း ဒီလူတွေကို ရှာဖွေ ကူညီရင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ဖြစ်အောင် ကူညီမယ်လို့လည်း ကတိပြု ပြောဆို သွားခဲ့ပါတယ် 

တိုက်ပွဲများကြောင့် ကချင်ဒေသခံများ ထပ်မံ တိမ်းရှောင်ရ

Posted by drmyochit Wednesday, September 26, 2012, under | No comments



ကချင် ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင်များ ဦးဆောင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့် စက်တင်ဘာ ၂၁ ရက် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျှောက် ဆန္ဒပြပွဲ(ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့် ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ မကြာသေးခင်က ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေး နေကြရသည်။
ပြီးခဲ့သည့် စနေနေ့က KIAတပ်ဖွဲ့နှင့် အစိုးရ တပ်ရင်းများ ဖားကန့်မြို့နယ် ကသိုဏ်း တောင်(ခေါ်) ဘုရားတောင် ကျေးရွာအနီးတွင်
အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု ဒေသခံ တဦးက ပြော သည်။
ဖားကန့်မြို့ပေါ်ရှိ ဒေသခံများ အဆိုအရ အစိုးရ ခြေမြန် တပ်မ (ခမရ) ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်းနှင့် KIA တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဒေသခံများသည် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာနှင့် ၂ မိုင်ခန့် ကွာဝေးသော စိုင်းတောင်၊ တာမခံ ကျေးရွာများမှ ဘာသာရေး ကျောင်းများတွင် တိမ်းရှောင်နေကြရကြောင်း ကြားသိရသည်ဟု ဖားကန့် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။
“ဘုရားကျောင်းကတော့ သူတို့အတွက် နေဖို့ ထိုင်ဖို့ ချက်ပြုတ် ကျွေးမွေး အဲဒီလို ၀ိုင်းပြီးတော့ ကူညီတယ်၊ နောက် စိုင်းတောင် ဒေ သခံတွေကလည်း ၀ိုင်းဝန်းကူညီပံ့ပိုးမှုတွေ လုပ်ပေးတော့ စားရေးသောက်ရေး အဆင်ပြေကြတယ်”ဟု ဦးဒါချီလစိုင်းက ဆက်ပြော သည်။
တိမ်ရှောင်လာသူများတွင် နမ့်မော် ကျေးရွာ ဒေသခံများလည်း ပါဝင်ပြီး ကျောင်းနေ အရွယ် ကလေးငယ်များပင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ် သြဂုတ်လကလည်း KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၈၀၀၀ ခန့် ဖားကန့်မြို့ပေါ်သို့ ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။ ၎င်းတို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှုကူညီရေး အသင်း အဖွဲ့များက စားဝတ် နေရေး အတွက် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
မကြာသေးခင်ကလည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်စေရေး အတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြလမ်းလျှောက်ပွဲ ကျင်းပခဲ့ရာ အာဏာပိုင်များ၏ တားဆီးမှုကို ခံခဲ့ရသေးသည်။
KIA နှင့် အစိုးရတပ်များ အကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ် ပွားလျက်ရှိရာ ဒေသခံ ၉၀၀၀၀ ခန့် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရကြောင်း ကချင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ထုတ်ပြန်ထားသည်။
KIA သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
သမ္မတ ဦးသိန်းစိန်က KIA မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေးအတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ခဲ့သော်လည်း KIA အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိကြောင်း မကြာသေးခင် ရက်ပိုင်းက နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ပြောကြား ထားသည်။

Posted by drmyochit Wednesday, September 26, 2012, under | No comments


မြန်မာပြည်မှာနေတဲ့ မွတ်ဆလင်တွေကို မြန်မာမွတ်ဆလင်လို့မခေါ်ပါနဲ့... ကုလားကို ကုလားလို့သာခေါ်ပါ

Posted by drmyochit Wednesday, September 26, 2012, under | No comments


အမေရိကန်ုမှာနေတဲ့ မြန်မာလူမျိုးတွေကို အမေရိကန်ဗုဒ္ဓလူမျိုး တွေလို့ ခေါ်လို့မရပါဘူး။ 

အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေလို့ပဲ ခေါ်လို့ရတယ်။

အင်္ဂလန်မှာနေတဲ့ မြန်မာလူမျိုးတွေကို အင်္ဂလိပ်ဗုဒ္ဓလူမျိုးတွေလို့ ခေါ်လို့မရပါဘူး။

အင်္ဂလန်နိုင်ငံသား မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်လို့ပဲ ခေါ်လို့ရတယ်။
 ခရစ်ယာန်ဘာသာဝင် အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုးတွေ မြန်မာပြည်မှာ လာနေလို့လည်း မြန်မာခရစ်ယာန် လူမျိုးဆိုပြီး ဖြ စ်လာစရာအကြောင်းမရှိပါဘူး။

 မြန်မာပြည်မှာ နေထိုင်တဲ့ ခရစ်ယာန်ဘာသာဝင် အင်္ဂလိပ်၊ အမေရိကန်လူမျိုးပဲ ဖြစ်မှာ။

 ဒီတော့ မြန်မာနိုင်ငံမှာနေတဲ့ ဘင်္ဂလားနွယ်ဖွား မွတ်ဆလင်တွေကို မြန်မာမွတ်ဆလင်လူမျိုး ဆိုပြီး ခေါ်ဖို့ လုံးဝမသင့်တော်ပါဘူး။

 မြတ္ဆလင္ဆိုတာ အစၥလာမ္ဘာသာကို ကိုးကြယ္သူကို ဆိုလိုတာပါ။ လူမ်ဳိးမဟုတ္ပါဘူး။
 မြန်မာမွတ်ဆလင်ဆိုတဲ့လူမျိုး ကမ္ဘာမှာ လုံးဝမရှိပါဘူး။

 မြန်မာနိုင်ငံပြည်မှာနေတဲ့ ဘင်္ဂလားလူမျိုး အစ္စလာမ်ဘာသာဝင်ဆိုတာပဲရှိပါတယ်။ ဒီနေ့ကစပြီး မြန်မာပြည်သူများ၊ မြန်မာဂျာနယ်လစ်များ၊ နိုင်ငံရေးသမားများကနေပြီးတော့ မြန်မာမွတ်ဆလင်ဆိုတဲ့ အသုံးအနှုန်းကိုလုံးဝမသုံးဖို့ မေတ္တာရပ်ခံပါတယ်။ 

Tuesday, September 25, 2012

Posted by drmyochit Tuesday, September 25, 2012, under | No comments





ပထမဆုံးအမေရိကန်GE   ကုမ္မဏီထုတ် ခေတ်မှီဂျက်လေယာဉ်(၂)စီး မြန်မာနိုင်ငံသို့ရောက်မည်။ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့အရေးယူဒါဏ်ခတ်မှုလျော့ပေါ့ပေးလိုက်ပြီးနောက် အမေရိကန်ကုမ္မဏီကြီး တခုဖြစ် သည့် GE ကုမ္မဏီမှမြန်မာနိုင်ငံသို့ စတင်ရင် နှီးမြုတ်နှံရန်ဆောင်ရွက်ခဲ့သည်။ GE ကုမ္မဏီ၏ ယူနစ်တခုဖြစ်သော မြို့ပြဆိုင်လေကြောင်းထုတ်လုပ်မှုလီမိတက် (GECAS) မှ မြန်မာလေကြောင်းလိုင်းအတွက် ခေတ်မှီဂျက်လေယာဉ် Embraer E190 (၂)စီးကို ရောင်းချခဲ့သည်။ အဆိုပါလေယာဉ်( ၂)စီးကို လာမည့် နိုဝင်ဘာလနှင့် ဒီဇင်္ဘာလတွင် ရန်ကုန်မြို့သို့ ပိုဆောင်မည်ဖြစ်ကြောင်း GECAS ဥက္ကဌ Norman C.T. Liu ကကြေညာခဲ့သည်။ မြန်မာနိုင်ငံ တွင် နှစ်ပေါင်း( ၄၉)ကြာစစ်အာဏာရှင်လက်အောက်တွင် အမေရိကန်ကုမ္မဏီကြီးတခု၏ အရပ်ဖက်ဆိုင်ရာ လေယာဉ်ငှားရမ်း ရောင်းချမှုမှာပထမဆုံးဖြစ်သည်။ GE ကုမ္မဏီသည် ပြီးခဲ့သည့်ဂျူလိုင်လအတွင်းက မြန်မာ့အရောင်း ကိုယ်စားလှယ် တဦးမှတဆင့် ပုဂ္ဂလိက ဆေးရုံ(၂)ရုံသို့ ခေတ်မှီဓါတ်မှန်ရိုက်ကရိယာများနှင့်အခြားစက်ပစ္စည်းများရောင်းချဖို့ သတော တူညီချက်ရရှိပြီးဖြစ်သည်။ GE ကုမ္မဏီအနေဖြင့် အရပ်ဖက်သုံး စက်မှုပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံအတွင်း ရောင်းချခွင့် ရှိသော်လည်းစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် စစ်ဖက်ဆိုင်ရာအသုံးပြု ပစ္စည်းများကို အမေရိကန်ဥပဒေအရ ပိတ်ပင်ထားဆဲဖြစ်သည်။ Embraer E190 ခေတ်မှီဂျက်လေယာဉ်ကို မတ်လ၁၂ရက်၊၂၀၀၄ခုနှစ်တွင်ပထမဆုံးပျံသန်းခဲ့ပြီး နိုင်ငံတော်တော် များတွင်အသုံးပြုနေကြပြီဖြစ်သည်။ လေယာဉ်အင်ဂျင်ကို GE အင်ဂျင် (၂)လုံးတပ်ဆင်ထားပြီး တောက်လျောက် (၄၄၄၈) ကီလိုမီတာပျံသန်းနိုင်သည်။ လေယာဉ်တွင် စီးပွားရေးပထမတန်းထိုင်ခုံ(၉)ခုံနှင့် ရိုးရိုးတန်း ထိုင်ခုံ (၈၈)ခုံပါရှိသည်။ Embraer E190 ဂျက်လေယာဉ်တစီး၏ တန်ဖိုးမှာ ဒေါ်လာ ၁.၁ဘီလျံ (၂၀၀၆) ဖြင့်ရောင်းချ သည်။

ဂေါက်ချန်ပီယံ

Posted by drmyochit Tuesday, September 25, 2012, under | No comments

ရှေ့တန်းရောက်တပ်မတော်သားတစ်ဦးရဲ့ ပေးစာ

Posted by drmyochit Tuesday, September 25, 2012, under | No comments




 

 ပြည်သူတွေရဲ့ လုံခြုံမှုအတွက်..
လွပ်လပ်မှုအတွက်... တိုက်ခိုက်ပေးနေခဲ့ရတာပါ...
 နေ့စဉ်နေ့တိုင်း ဒီနေ့ကငါအတွက်နောက်ဆုံးနေ့လားဆိုတဲ့ အတွေးတွေနဲ့ နေခဲ့ရတာပါ...

လူတွေကပြောတယ် ဒီလောက်ကြောက်ရွံ့နေလဲ စစ်သားမလုပ်နဲ့တဲ့
ဟုတ်ပါတယ် ကျနော်တို့စစ်သားလဲ လူပါပဲ..
 ကြောက်ရွံ့တတ်ပါတယ် ဒါပေမဲ့ တိုင်းပြည်အတွက် တိုက်ခိုက်ချင်လို့ စစ်သားဘဝကိုရွေးချယ်ခဲ့တာပါ.. ကျနော်တို့စစ်သားလဲ လူပါပဲ. ချစ်တတ်ပါတယ် အထီးကျန်တတ်ပါတယ်... ကိုယ်ချစ်တဲ့သူတွေနားမှာပဲ နေချင်ခဲ့တာပါ...

 ညစဉ်ညတိုင်း ဘုရားရှိခိုးတိုင်း ဆုတောင်းမိတာက အသက်အန္တာရယ်က လွတ်ကင်းဖို့ပါ...
တိုင်းပြည်အတွက်အသက်ပေးဆပ်ဖို့ ဝန်မလေးပါဘူး...
ကျနော်တို့ စစ်သားမှာလဲ ၁၅၀၀တွေ ၅၂၈တွေရှိပါသေးတယ်... အရပ်သားတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နေချင်သေးလို့ပါ...
Senior က ရှေ့ဆက်မယ် ပြောလိုက်တိုင်း..
ကျနော်တို့ရင်ထဲမှာ ပူပန်းမှုတွေ ရှိနေစမြဲပါ...
 သေနပ်ကိုကိုင်ပြီး ဒီစစ်ပွဲတွေပြီးဖို့ ဘယ်လောက်တောင်တိုက်ခိုက်ရအုံးမလဲဆိုတဲ့အတွေးတွေနဲ့ပါ...
 သေနပ်သံတွေကြားလိုက်တိုင်း ဗုံးခွဲသံတွေကြားလိုက်တိုင်း ကျနော်တို့ရဲ့ တပ်တူညီအကိုတွေ သွေးတွေ ဒဏ်ရာတွေနဲ့ လဲကျသွားတိုင်း...
ရင်ထဲစို့နင့်လို့ပါ နောက်ဆုံးနှုတ်ဆက်ချိန်ဆိုတာတောင် မရှိခဲ့ပါဘူး...
တိုင်းပြည်အတွက် ပစ်ခက်ရင်း တိုက်ပွဲကျလို့ ကျသွားမှန်းတောင်မသိခဲ့ပါဘူး.... ငါအလှည့်ဘယ်တော့လဲဆိုတဲ့အတွေးတွေနဲ့ ဆက်တိုက်ခိုက်နေဆဲပါ...

 ရှေ့တန်းကပြန်လာချိန်လေးမှာ...
ကိုယ်ချစ်သူ ကိုယ်သား ပြန်ပါလာလို့ ပျော်နေရတဲ့ မိသားစုတွေအပျော်ကို ခင်ဗျားတို့ နားမလည်နိုင်သလို...
ကိုယ်ချစ်သူ ကိုယ်သား ပြန်ပါမလာလို့ ငိုကြွေးနေရတဲ့ မိသားစုတွေရဲ့ ရင်ထဲက ခံစားမှုတွေကိုလဲ ခင်ဗျားတို့သိမှာမဟုတ်ဘူး...
 စစ်သားတယောက်ရဲ့ မျက်ရည်တွေ.. စစ်သားတယောက်ရဲ့ မိသားစု မျက်ရည်တွေ... စစ်သားတယောက်ရဲ့ သွေးတွေ... စစ်သားတယောက်ရဲ့ ဒဏ်ရာတွေ... စစ်သားတယောက်ရဲ့ ရင်ထဲကစေတနာတွေ... ခင်ဗျားတို့တွေ တနေ့တော့ နားလည်လာမှာပါလို့... ကျနောတို့် မျှော်လင့်နေဆဲပါ... ခင်ဗျားတို့ခေါ်တဲ့ ကျနော်တို့ စစ်ခွေးတွေ ကျနော်တို့အပေါ် အကောင်းမမြင်ပေမဲ့.. ကျနော်စစ်သားတွေကတော့ ခင်ဗျားတို့တွေကို ကျနော်တို့အသက်စွန့်ပြီး အကာအကွယ်ပေးနေဆဲပါဗျာ...

ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆို...

Posted by drmyochit Tuesday, September 25, 2012, under | No comments



From : ချစ်ကိုကို


 ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ် ဆိုတဲ့ concept မရှိပါဘူး။ သူတို့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ သူတို့ဟာ မြန်မာတိုင်းရင်းသားပါ လို့ ကြွေးကြော်လို့တော့ ရတာပေါ့လေ။ ဒါပေမဲ့ ဒီလို အော်နေတာက အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါ လို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှသာ ဒါကို အသုံးပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ သူတို့အားလုံး (ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေ အားလုံး) အနေနဲ့ အဲဒီ နိုင်ငံရေး ခေါင်းစဉ်တစ်ခု အောက်မှာ အကျုံးဝင်ဖို့ အဆင်သင့် မဖြစ်ပါဘူး။ ကျွန်တော် ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့တုန်းက ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လာတယ် ဆိုတဲ့ မူစလင်တွေကို မေးကြည့်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့က ရခိုင်ပြည်က လာတဲ့ ရိုဟင်ဂျာလား.. လို့။ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ရခိုင်ပြည်မှာ နေထိုင်ခဲ့တဲ့ မူစလင်တွေပါ။ ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေကာ ကပ်ပေးလို့ မရပါဘူး.. လို့ ပြန်ပြောခဲ့ပါတယ်။

 Q:   Are the Rohingya an ethnic group of Burma?

 A:   My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have been living in Rakhine for several generations, nobody can deny it. For me, Rohingya is the term, which is an old word that has been claimed as above all as a political label after the independence of Myanmar. For the moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh, people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when you ask them, “are you Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine, we do not take for us the label Rohingya.”

 ရိုဟင်ဟူသည်မှာ (China ကို တရုတ်ဟု မြန်မာတို့က ခေါ်သကဲ့သို့) ရခိုင်ပြည်ကို ရိုဟင် ဟု ဘင်္ဂလီများက ဘင်္ဂလီဘာသာဖြင့် ရှေးခေတ်က ခေါ်ဆိုကြခြင်းသာ ဖြစ်ပြီး ဆင့်ပွား ဝေါဟာရဖြစ်သော ရိုဟင်ဂျာမှာ ရခိုင်ပြည်သားဟု အဓိပ္ပါယ်ရကြောင်း သိရသည်။ အဆိုပါ ဝေါဟာရမှာ ရခိုင်ပြည်သား သို့မဟုတ် ရခိုင်များနှင့်သာ သက်ဆိုင်ပြီး၊ နောက်ပိုင်းကာလမှသာ ရခိုင်ပြည်သို့ ဘင်္ဂလားမှ ရွှေ့ပြောင်းဝင်ရောက်လာသူ ဘင်္ဂလီများနှင့် သက်ဆိုင်မှု မရှိကြောင်း သိရပါသည်။ ၁၉၅၀ နောက်ပိုင်းတွင်မှ အဆိုပါ လူမသိ သူမသိသော ရှေးဟောင်း ဘင်္ဂလီ ဝေါဟာရကို ရခိုင်ပြည်နယ်မှ ဘင်္ဂလီ ပညာတတ်များက နှစ်ပေါက်တစ်ပေါက်ရိုက်ကာ လှည့်စား အသုံးပြုလိုက်ခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျင်လူမျိုးဟူသည့် တိုင်းရင်းသား လူမျိုးသစ် နိုင်ငံရေး ကစားကွက် တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်...

ရခိုင်ပြည်နယ် ၀န်ကြီးဌာနများ ၀န်ထမ်းလစာပေးရန် ဘတ်ဂျက် မရှိဖြစ်နေ

Posted by drmyochit Tuesday, September 25, 2012, under | No comments





ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ၀န်ကြီး ဌာနများရှိ ၀န်ထမ်းများကို လစာပေးရန် ဘတ်ဂျက်ငွေ မရှိ ဖြစ်နေကြောင်း သတင်း ရရှိသည်။“ ရခိုင်အစိုးရက ခုလို ၀န်ထမ်းတွေ လစာအတွက် ဘတ်ဂျက် မရှိ ဖြစ်နေတာကို မနေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်ပြပါတယ်” ဟု စစ်တွေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
ရခိုင်ပြည်နယ် လွှတ်တော်ကို မနေ့က ပြန်လည် စတင်ခဲ့ရာ ရခိုင်ပြည်နယ် ဘတ်ဂျက် အစီအစဉ်တွင် ရခိုင် အစိုးရက ထိုသို့ တင်ပြသွားခြင်း ဖြစ်သည်။ “ ဒါကြောင့် ရခိုင် ပြည်နယ် ၀န်ကြီးဌာန (၁၀) ခုအတွက် သူတို့က ဘတ်ဂျက်ငွေဖြည့်စွက်ပေးဖို့ တောင်းခံပါတယ်။ လွန်ခဲ့တဲ့ ဧပြီလက ကျွန်တော်တို့ အတည်ပြုခဲ့တဲ့ ဘတ်ဂျပ်နဲ့ မလုံလောက်ဆိုပြီး ထပ်တောင်းခံတာပါ” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်ရှိ ၀န်ကြီးဌာ ၁၀ ခု ထဲတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ အခွန် နှင့်ဘဏ္ဍာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူးရေး၊ သစ်တောနှင့် သတ္တု၊ စီမံကိန်းနှင့် စီးပွားရေး၊သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် စက်မူ၊ ဖွံ့ဖြိုးရေးနှင့် လူမူရေး ၀န်ကြီးဌာနတို့ပါဝင်သည်။
ယခု ပြုလုပ်နေသည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးမှာ ပထမအကြိမ် စတုတ္ထပုံ မှန်အစည်း အဝေးဖြစ်သည်။အစည်း အဝေးကို နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ပြည်နယ်လွတ်တော် ဥက္ကဌမှ မိန်းခွန်း စကားပြောကြားပြီးနောက် ရခိုင် ၀န်ကြီးချုပ် ဦးလှမောင်တင်မှ တနှစ်တာလုပ်ငန်း အစီရင် ခံစာကို ဖတ်ပြခဲ့သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်ရှိ ၀န်ကြီးဌာများတွင် ဘတ်ဂျက် လိုငွေပြခြင်းမှာ ၀န်ကြီးဌာနများ အနေဖြင့် မိမိ ၀န်ကြီးဌာနများ၏ လုပ်ငန်းများ အပေါ် အာရုံ စူးစိုက်မူ နည်းပြီး တချို့ ၀န်ကြီးဌာနများသည် မိမိဝန်ကြီးဌာနတွင် ၀န်ထမ်းမည်မျှ ရှိသည်ကိုပင် မသိရှိကြောင်း အတွင်းက လာသော သတင်းများ အရသိရသည်။ ယမန်နေ့က ကျင်းပသည့် လွတ်တော် အစည်းအဝေးတွင် မေးခွန်းလေးခုကို အဆိုတင်သွင်းခဲ့ကာ ပုံမှန်အတိုင်း ပြီးဆုံးခဲ့သော်လည်း ယနေ့တွင် ပြုလုပ်မည့် လွှတ်တော်တွင် အနည်းငယ် ရှုပ်ထွေးမူများ ရှိနိုင်သည့် ကဏ္ဍ များပါဝင်နိုင်ကြောင်း သိရသည်။


အယူသီးမှု နှင့် မေတ္တာတရား (အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်ခြင်း)

Posted by drmyochit Tuesday, September 25, 2012, under | No comments





ကျနော်တို့ ခေတ်သစ် ကမ္ဘာမှာ လူမှုကွန် ယက်နှင့် တကမ္ဘာ လုံး အတိုင်းအတာ လူသားအချင်းချင်း ချိတ်ဆက် စကားပြောနေချိန်မှာ အိန္ဒိယ နိုင်ငံတနေရာမှာတော့ ကလေးလေးတွေကို အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်တဲ့ ဓလေ့ရှိနေပါသေးကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရချိန် စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပါတယ်။ အသက် ခြောက်လမှ ဆယ်နှစ် အရွယ် ခလေးလေးတွေကို နေကြတ်ခြင်းကို ကုစားဖို့ ဆိုပြီး အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်လိုက်ပါတယ်။ ခလေးမိဘတွေရဲ့ လက်ထဲက မျက်ရည်စက်လက်နဲ့ မျက်ရည်ခန်းသွားတဲ့အထိ သနားစရာ အဖြစ်လေးကို မိဘတွေက လွဲပြီး သနားသော အကြည့်နဲ့ ကြည့်နေသူပင် မရှိကြောင်း ဖတ်လိုက်ရချိန်မှာ လူသားအချင်းချင်းကြား ထားအပ်တဲ့ မေတ္တာတရားသည် အယူသီးမှု ၏ နောက်ကွယ်တွင် ကျန်နေနိုင်သလား ဆိုတာကိုပါ စဉ်းစားခဲ့ပါသေးတယ်။ ဒီလို အဖြစ်ဟာ စာပေ ဗဟုသုတ ခေါင်းပါးခြင်းကြောင့် ဖြစ်တယ် ဆိုပြီးတော့လဲ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဒီလိုဆိုရင် စာပေ၊ ဗဟုသုတ နှင့် မေတ္တာတရား ဆက်စပ်မှု ရှိနိုင်ပါသလား။ စာပေ ဗဟုသုတ ပေါကြွယ်ဝသော လူ့အသိုင်းအ၀န်းများတွင်လဲ မေတ္တာတရား ခေါင်းပါးခြင်းများ တွေ့နိုင်ပါသည်။ သို့သော်.... မသိခြင်းထက် သိခြင်းသည် လူတွေကို ဆင်ခြင်းတုံတရား ပိုပေးနိုင်ကြောင်း ကိုတော့ သတိထားမိလိုက်ပါသည်။ အခုလိုအဖြစ်မျိုး ဆက်မဖြစ်ရလေအောင် လူ့အခွင့်အရေး လှုပ်ရှားသူများက အစဉ်တစိုက် သက်ဆိုင်ရာ အစိုးရ ကို ဥပဒေ နဲ့ အကာအကွယ်ပေးဖို့ ဆော်သြနေကြပါတယ်။ ဆက်ပြီး ခလေးလေးများ မေတ္တာတရားရဲ့ အရိပ်အာဝါသ အောက်မှာ ရှင်သန်နိုင်ပါစေ လို့ပဲ ဆုတောင်းနေမိပါတယ်။ အရေးအကြီးဆုံးက လူ့အသိုင်းအ၀န်းကြား မေတ္တာ ဂရုဏာတရား ထွန်းကားဖို့သာ ဖို့ပါ။

နိုင်ငံရေး အရှုပ်တော်ပုံကြောင့် တရုတ် ရဲချုပ်ဟောင်း ထောင် ၁၅နှစ်ကျ

Posted by drmyochit Tuesday, September 25, 2012, under | No comments




 တရုတ်နိုင်ငံက ရဲချုပ်ဟောင်းတဦးကို တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ နိုင်ငံရေး အရှုပ်တော်ပုံ တခု ပေါ်ပေါက်ခဲ့ပြီး ထိပ်တန်းနိုင်ငံရေး သများ Bo Xilai ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် အဲဒီဖြစ်ရပ်တွေနဲ့  ဆက်စပ် နေတဲ့ ထိပ်တန်းရဲအရာရှိဟောင်းကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ရဲချုပ်ဟောင်း Wang Lijun အပေါ် တခြားနိုင်ငံတခုမှာ ခိုလှုံမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်စားမှု၊ ကိုယ်ကျိုးအတွက် ဥပဒေကို အသုံးချမှု တွေအတွက် အပြစ်ရှိတယ်ဆိုပြီး စီရင်ခဲ့တယ်လို့ ဆင်ဟွာက ဖော်ပြပါတယ်။ Wang ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ချန်ဒူးမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးထဲ ထွက်ပြေး ခိုလှုံခဲ့ပါတယ်။ Bo Xilai ရဲ့ ဇနီး ဖြစ်သူ Gu Kailai ဟာ စီးပွားရေးကိစ္စ အငြင်းပွားတာကြောင့် ဗြိတိသျှစီးပွားရေးသမားတဦးကို သတ်ပစ်ခဲ့တယ်လို့ ကောင်စစ်ဝန်ရုံးမှာ Wang က အမေရိကန်သံတမန်တွေကို ပြောခဲ့တာပါ။ Gu Kailai ကို မကြာသေးခင်ကပဲ ဆိုင်းငံ့သေဒဏ် အပြစ်ပေးထားပြီး Bo Xilai ကိုတော့ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ပြင်ပသတင်းမီဒီယာတွေ ၀င်ခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ်နဲ့ စီစဉ်ခဲ့တဲ့ နှစ်ရက်ကြာ တရားစစ်ဆေးမှုအတွင်းမှာ Wang က သူ့ အပေါ်စွဲချက်တွေကို မငြင်းခဲ့ဘူးလို့ ဆင်ဟွာက ပြောပါတယ်။ 

နှစ်ပေါင်း ၂၀ ကျော် အိမ်ထဲမှာ သံကြိုးခတ်ခြင်း ခံထားရသူ

Posted by drmyochit Tuesday, September 25, 2012, under | No comments



 မိခင်တဦးအနေနဲ့ ကိုယ့်ရင်က လွယ်မွေးထားတဲ့ သားဖြစ်သူကို အိမ်ထဲမှာဘဲ နှစ်ပေါင်း ၂၁ နှစ်ကျော် သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် သာမန်အားဖြင့် မယုံနိုင်စရာပါ။ ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ဖြစ်နေပါတယ်။ အသက် ၇၁ နှစ်ရှိ ချန်ကြုဖန် ဆို တဲ့ မိခင်က အသက် ၃၇ နှစ်ရှိ သားဖြစ်သူ ဟောင် ချန်လင်းကို သူ ၁၆ နှစ်သား ကတည်းက သံကြိုးခတ်ပြီး အိမ်ထဲမှာ ထားခဲ့ပါတယ်လို့ မေးလ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အခုလို လုပ်ထားရတာလည်း မိခင်တယောက်အနေနဲ့ ရင်နာနာနဲ့ လုပ်ရတာပါတဲ့။ တကယ်လို့ ချန်လင်းကို သံကြိုးတွေနဲ့ မခတ်ထားရင် သူက အိမ်နီးချင်းတွေကို ကိုယ်ထိလက်ရောက် ကြမ်းတော့တာပါဘဲတဲ့။ ချန်လင်းရဲ့လက်ညာဖက် လက်ကောက်ဝတ်မှာ သံကြိုးတန်းလန်းနဲ့ နေခဲ့ရတာ နှစ်တွေ ကြာလွန်း လာတာကြောင့် အသာမာတွေကလည်း တက်နေတာပေါ့။ အမေဖြစ်တဲ့သူက သူ့ သားဖြစ်သူ ချန်လန်း အနေနဲ့ အခုလို စိတ်ဝေဒနာ ခံစားရတာ အသက် ၁၆ နှစ်၊ ဆယ်ကျော်သက် အရွယ် ချစ်သူရည်စားနဲ့ လမ်းခွဲခဲ့အပြီး အသည်းကွဲဝေဒနာတွေနဲ့ စိတ်ဖိစီးမှုတွေ အများကြီး ဖြစ်တာက စခဲ့တာလို့ ယုံကြည် နေပါတယ်။ ချန်လင်းမိသားစုက ပြောတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲတဲ့နေ့က ချန်လင်းရဲ့ ကောင်မလေးက အနီရောင် ၀တ်ခဲ့တာ ကြောင့် ချန်လင်းဟာ အနီရောင်မြင်တာနဲ့ ဒေါသတွေ ထွက်ပြီး ကြမ်းတော့တာပါဘဲ တဲ့။ ပြောရရင် အချစ်ကြောင့် ရူးခဲ့ရတာပါ။ ချန်လင်းရဲ့ မိခင်က ပြောတာကတော့ သာမန် လယ်သမား မိသားစုဖြစ်တာကြောင့် စိတ္တဇဆေးရုံကို ပို့တာတို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ ပြပြီး ကုသတာမျိုးလည်း မလုပ်ဖူးပါဘူးတဲ့။ ဒီလိုနဲ့ အခု လို နှစ်တွေ ကြာလာခဲ့တော့တာပါဘဲ။ “ကျမ လုပ်နိုင်တာ အားလုံးကတော့ သူ့ကို သန့်ရှင်းရေး လုပ်ပေးမယ်။ အန္တရာယ်မဖြစ်အောင်ထားမယ်။ အစာကျွေးမယ်” လို့ ချန်လင်းရဲ့ မိခင်က ပြောတာပါ။ သံကြိုးတန်းလန်းနဲ့ သားဖြစ်သူကို မြင်တိုင်း ရင်ထဲ မချိတင်ကဲခံစားရပေမယ့် ပိုက်ဆံ မရှိတာကြောင့် လည်း ဆေးမကုနိုင်ခဲ့ဘူး၊ သားဖြစ်သူကို နေကောင်းစေချင်တာ သူ့ရင်ထဲက ဆန္ဒပဲလို့ သူက ဆက်ပြော ထားပါတယ်။ မိခင်ဖြစ်တဲ့သူက တခါတလေ သားဖြစ်သူ ချန်လင်းကို သံကြိုးဖြုတ်ပေးလိုက်ရင် ရွာထဲလျှောက်သွားပြီး ကြမ်းတော့တာပါဘဲတဲ့။ အထူးသဖြင့် အ၀တ်အစား အနီ ရောင် ၀တ်တဲ့ မိန်းကလေးတွေဆိုရင် ဒေါသတကြီးနဲ့ ရန်လိုပြီး ကိုယ်ထိ လက်ရောက် အနာတရဖြစ်အောင် လုပ်တာတွေကို မိခင်ဖြစ်သူက ပြောပြပါ တယ်။ မိခင် ဖြစ်သူ အနေနဲ့ တခါ တလေ သားဖြစ်သူအပေါ် သနားစိတ်နဲ့ သံကြိုးဖြေ လွှတ်ပေးလိုက်တဲ့ အတွေ့ အကြုံကို ပြောပြတာပါ။ ဒီလိုနဲ့ သားဖြစ်သူကို ပြန်ဖမ်း၊ သံကြိုးခတ်ပြီး ဓာတ်ပုံတွေမှာ မြင်ရတဲ့အတိုင်း ထားရင်းနဲ့ ၂၁ နှစ်ကျော် လာခဲ့တော့ တာပါဘဲတဲ့။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်