Friday, September 28, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အား လက်ခံတွေ့ဆုံ

Posted by drmyochit Friday, September 28, 2012, under | No comments



အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ (၂၆) ရက် ညနေ (၅) နာရီ မိနစ် (၅၀) တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်အား ခေတ္တ တည်းခိုသည့် နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ် လည်း တက်ရောက်သည်။

တွေ့ဆုံရာတွင် မစ္စ ဟီလာရီကလင်တန်က နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော မြန်မာအစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကို ထောက်ခံကြိုဆိုသော အားဖြင့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများအား အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု ပိတ်ပင်ထားခြင်းကို အမေရိကန်အစိုးရက ရုပ်သိမ်းပေးတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

From: Myanmar Express 

ကုလသမဂ္ဂအထွေအထွေညီလာခံတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန် ပြောကြားသွားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့

Posted by drmyochit Friday, September 28, 2012, under | No comments


From :   Myanmar Express 

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာ ကျွန်တော်ကောင်းစွာ သတိပြုမိပါ တယ်။ တစ်ချိန်တည်းမှာဘဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အ၀န်း တစ်ရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံမှု့နဲ
့ အကူအညီပေးဖို့လိုအပ်ပါတယ်။

- မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှု့မြင်ချဉ်းကပ်ဖို့လည်း လို အပ်ပါတယ်။ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်း ၀န်းဖန်တီးပေးဖို့လည်းလိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီ များအပေါ်သက်သက်မှီခိုရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအေ န နဲ့ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့ ယခုဆို ရင် ခေတ်သစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာကုလသမဂ္ဂမိသားစု ၀င်နိုင်ငံ အဖြစ်ကဏ္ဌပေါင်းစုံမှာ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာပါဝင်ေ ဆာင်ရွက် သွားမှာဖြစ်ပါတယ်။

- အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အခွင့် အလမ်းကောင်းတွေ ပေါ်ပေါက်နေ သလို စိန်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်း မှာ မြန်မာနို င် ငံပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများ ကို ဆောင် ကျဉ်းနိုင်ခဲ့ကြပါတယ်။ ကျွန်တော့ အနေနဲ့ အခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက်၊ မြန်မာနိုင်ငံသမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းဆောင်ပေးနေရခြင်းကို များစွာဂုဏ်ယူမိပါတယ်။

-သူမရဲ့(ဒေါ်အောင်ဆန်းစုကြည်) ဒီမိုကရေစီ ကြိုးပမ်းမှု့အတွက် အမေရိ ကန်ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကို လည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။

- (ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ပြောကြားချက်) မိမိတို့အစိုးရအနေနဲ့ ရေတို၊ရေရှည်စီမံချက်များချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှု့ထောင့်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနယ်စပ် မျဉ်းတွေ လုံခြုံမှုဆောင်ရွက်ခွင့်၊ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ် ပိုင်ခွင့်နဲ့ ကာကွယ်ပိုင်ခွင့်ရှိတယ်လို့လဲ ကျွန်တော်တို့အနေနဲ့ ရိုးသားစွာ ယုံကြည် ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင့်ထုံးများနဲ့ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွား မှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။ ( ကုလသမဂ္ဂ၏တတိယမြောက် အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော မြန်မာ့သားကောင်း ဦးသန့်၏ ကမ္ဘာ့ပြည်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်အောင် ရည်မှန်းလုပ်ဆောင်ချက် များနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြု ပြောကြားသော စကား)
ကျွန်တော့အနေနဲ့၊ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ဆောင် ရွက်
ချက်တွေကို၊ အောင်မြင်မှု့တွေကို ဘယ်တော့မှမေ့ပျောက်သွားမှာမဟုတ်ဘဲ ထာဝရချီးကျုးဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
 

ရခိုင်ရိုးပေါ်မှ ကျေးရွာများ ကျန်းမာရေး စောင့်ရှောက်မူမဲ့နေ

Posted by drmyochit Friday, September 28, 2012, under | No comments


 
 
ရခိုင်ပြည်နယ်ဘက် အခြမ်း ရခိုင်ရိုးမပေါ်ရှိ ကျေးရွာသူ ရွာသားများမှာ ကျန်းမာရေး စောင့်ရှောက်မူ မဲ့နေသဖြင့် ကျန်းမာရေး ချို့ယွင်းမူနှင့် ကြုံတွေ့ရပါက အထူး ဒုက္ခရောက်နေကြသည်ဟု ရိုးပေါ်နေ ဒေသခံ တစ်ဦးက ပြောသည်။ ယခု ကျန်းမာရေး စောင့်ရှောက်မူမဲ့နေသော နေရာမှာ တောင်ကုတ်ရိုးလမ်းပေါ်တွင် တည်ရှိသော ရခိုင်ပြည်နယ် ဘက်ခြမ်းမှ ကျေးရွာများ ဖြစ်ကြသည်။ “ ရွာတွေကတော့ ဆယ်အိမ်တစ်စု၊ နှစ်ဆယ် တစ်စု ဒီလို တည်ရှိပါတယ်။ တောင်ကုတ်ကနေ ၉ မိုင်၊ ၁၀ မိုင်ခန့်ဝေးတဲ့ နေရာတွေပါ။ ရခိုင်၊ ဗမာနဲ့ချင်းစတဲ့ လူမျိုးတွေ နေထိုင်နေကြတဲ့ ကျေးရွာတွေပါ။ ဆေးခန်း ဆိုလို့ တခန်းမှ မရှိပါ။ နေမကောင်းဖြစ်ရင် အထူး ဒုက္ခရောက်ကြရပါတယ်” ဟု သူက ဆိုသည်။
ရခိုင်ဘက်ခြမ်း ရိုးပေါ်တွင် တည်ရှိသော ကျေးရွာများမှာ ကျောက်တံခါးကျေးရွာ (9) မိုင်၊ ရသေ့တောင် ဘုန်းကြီးကျောင်း (ရွာမဟုတ်ပါ)၊ (၁၀)မိုင်၊ မျောက်ငိုကျေးရွာ (ဆိုင်ခန်း- ၂ )ခန်းရှိ၊ ခွေးတောက်စခန်း၊ တန်းလျားကြီးရွာ၊ ရပ်တော်မူရွာ၊ တောချဲ့ ကျေးရွာ၊ ပတ်လည်ကျေးရွာ၊ စလူကျေးရွာ၊ နေပူတောင်၊ ပိန်းနွဲ့စန်း ကျေးရွာ၊ ဒိုးနွယ်စမ်း ၊ ရေပေါ်ကြီး၊ ညောင်လန်တော ၊ မြယာ၊ မိုက္ကရို (စခန်း)၊ ပွင်သစ်စကျေးရွာ၊ သပြေ ကျေးရွာကြီး (အိမ်ခြေ ၂၀ )၊ စွပ်ပျက်ရွာကြီး (အိမ်ခြေ- ၃၀ )၊ မိုးထိ တို့ ဖြစ်သည်။
“ တစ်ရွာနဲ့ တစ်ရွာက တော်တော် အလှမ်းဝေးတော့ ကျမ်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် တော်တော် ဒုက္ခ ရောက်ကြ ရတယ်။ ရန်ကုန်-တောင်ကုတ် ကားလမ်း ဘေးနားမှာရှိတဲ့ ရိုးမပေါ်က ရွာတွေဆိုပေမယ့် ကျမ်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးပေး ခန်းတွေက တော်တော် ဝေးတယ်။ ရွာတိုင်းမှာ ချပေးရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနီးအနား ရွာတွေမှာ ဆေးခန်း ရှိမယ်ဆိုရင် ပိုကောင်းတာပေါ့” ဟု ဒေသခံ တန်းလျားကြီးရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။ အစိုးရ မူလတန်း စာသင်ကျောင်းများမှာ တချို့ရွာများတွင် ရှိပြီး တချို့ရွာ များတွင် အဌားဆရာများဖြင့် ပြသနေကြောင်း သူမက ပြောသည်။ စာသင်ကျောင်းရှိသော ကျေးရွာများမှာ ကျောက်တံခါးကျေးရွာ (9) မိုင်- မူလတန်း အငှားပြ ဆရာရှိ၊ တန်းလျားကြီးရွာ (မူလတန်း အငှားပြဆရာ ရှိ) ၊ ရပ်တော်မူရွာ (မူလတန်း ကျောင်းရှိ) ၊ စလူကျေးရွာ (မူလတန်းကျောင်းရှိ)၊ ဒိုးနွယ်စမ်း ကျေးရွာ (မူလတန်းကျောင်းရှိ)၊ ညောင်လန်တော(မူလတန်း ကျောင်းရှိ) တို့ဖြစ်သည်။ ရခိုင်ရိုးမ ပေါ်တွင် နေထိုင်ကြသောာ ဒေသခံပြည်သူများမှာ တောင်ယာလုပ် ငန်းကို အဓိက ဦးစားပေး လုပ်ကိုင်ကြပြီး တချို့လည်း ထမင်းဆိုင်များ ဖွင့် လှစ်ရောင်းချကြပြီး တချို့မှာ သစ်လုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသည်ဟု ဆိုသည်။


“ တစ်ရွာနဲ့ တစ်ရွာက တော်တော် အလှမ်းဝေးတော့ ကျမ်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် တော်တော် ဒုက္ခ ရောက်ကြ ရတယ်။ ရန်ကုန်-တောင်ကုတ် ကားလမ်း ဘေးနားမှာရှိတဲ့ ရိုးမပေါ်က ရွာတွေဆိုပေမယ့် ကျမ်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးပေး ခန်းတွေက တော်တော် ဝေးတယ်။ ရွာတိုင်းမှာ ချပေးရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနီးအနား ရွာတွေမှာ ဆေးခန်း ရှိမယ်ဆိုရင် ပိုကောင်းတာပေါ့” ဟု ဒေသခံ တန်းလျားကြီးရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။ အစိုးရ မူလတန်း စာသင်ကျောင်းများမှာ တချို့ရွာများတွင် ရှိပြီး တချို့ရွာ များတွင် အဌားဆရာများဖြင့် ပြသနေကြောင်း သူမက ပြောသည်။ စာသင်ကျောင်းရှိသော ကျေးရွာများမှာ ကျောက်တံခါးကျေးရွာ (9) မိုင်- မူလတန်း အငှားပြ ဆရာရှိ၊ တန်းလျားကြီးရွာ (မူလတန်း အငှားပြဆရာ ရှိ) ၊ ရပ်တော်မူရွာ (မူလတန်း ကျောင်းရှိ) ၊ စလူကျေးရွာ (မူလတန်းကျောင်းရှိ)၊ ဒိုးနွယ်စမ်း ကျေးရွာ (မူလတန်းကျောင်းရှိ)၊ ညောင်လန်တော(မူလတန်း ကျောင်းရှိ) တို့ဖြစ်သည်။ ရခိုင်ရိုးမ ပေါ်တွင် နေထိုင်ကြသောာ ဒေသခံပြည်သူများမှာ တောင်ယာလုပ် ငန်းကို အဓိက ဦးစားပေး လုပ်ကိုင်ကြပြီး တချို့လည်း ထမင်းဆိုင်များ ဖွင့် လှစ်ရောင်းချကြပြီး တချို့မှာ သစ်လုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသည်ဟု ဆိုသည်။

ဗန်းမော်၊ စင်းခန်းရဲကင်း တပ်ဖွဲ့ ဝင်များက လူငယ်၂ ဦးကို ဝိုင်းရိုက်

Posted by drmyochit Friday, September 28, 2012, under | No comments



ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်း ရဲကင်းက ရဲတပ်ဖွဲ့ ဝင် ၆ ဦးဟာ စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ လူငယ်၂ ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့  အရိုက်ခံရတဲ့ လူငယ် တဦးက ပြောပါတယ်။ မောင်ထက်နိုင်စိုးနဲ့ သူငယ်ချင်း ၁ ဦးတို့ ဟာ
အဲ့ဒီနေ့ညက ဗန်းမော်ကေန ရွှေကူကို သုံးဘီးယာဉ်နဲ့ အသွား စင်းခန်း ရဲကင်း အရောက်မှာ သူတို့ ဆီက ပိုက်ဆံ တောင်းရာမှာ မရလို့  ဝိုင်းရိုက်ကြတာလို့ အရိုက်ခံရတဲ့ မောင်ထက်နိုင်စိုးက ပြောပြပါတယ်။

“အဲဒီဂိတ်ရောက်ပြီး ပိုက်ဆံ ၂ သောင်းတောင်းတော့ ကျနော်က မပေးနိုင် ဘူးလို့ ပြောတယ်။ ဝစ်သောက် ဆိုင်ကယ်တွေတိုင်း အဲလိုမျိုးပဲ သူတို့  တောင်းစားနေတယ်။ အဲလောက်ဆိုတော့ များတယ် မပေးဘူး၊ နည်းနည်း လျှော့ပေးပါဦးဆိုတော့မရဘူး။ သူတို့ ကလည်း အရက်မူးထားတဲ့အချိန်နဲ့ အချင်းများပြီး သူတို့ က ထိုးကကြိတ်ကြတယ်။

 ကျေန်ာတို့ သူငယ်ချင်း ၂ ယောက်၊ သူတို့ ဘက်က ၆ ယောက်။ လက်ထိတ်ခတ်ပြီးမှ ကျေန်ာတို့ ကို ရိုက်တာ။ တယောက်က လက်ထိတ်ခတ်တယ်၊ တယောက်က နံပါတ်တုတ်နဲ့ ရိုက်တယ်၊ တယာက်ကချုပ်တယ်၊ တေယောက်ကလက်ထိတ်နဲ့ ရိုက်တယ်။” အရိုက်ခံရတဲ့ မောင်ထက်နိုင်စိုးဟာ ခေါင်းပေါက်သွားတဲ့အတွက် ရွှေကူဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။

အရိုက်ခံရတဲ့ လူငယ် တဦးစင်းခန်းရဲကင်းက ဝိုင်းရိုက်ခဲ့ကြတဲ့ ရဲ ၆ ယောက်ထဲမှာ ဒု-ရဲအုပ်နိုင်စိုးပါဝင်ပြီး ကျန်တဲ့သူတွေ ကတော့ ရဲတပ်သားတွေလို့  ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေကူရဲစခန်းကိုတိုင်ကြားခဲ့ပေမယ့် စင်းခန်းဟာ သူတို့ အပိုင် မဟုတ်တဲ့အတွက် ဗန်းမော်ရဲစခန်းကို သွားရောက်တိုင်ကြားဖို့ ပြော တယ်လို့ လည်း ဆိုပါတယ်။ ဗန်းမော်မြို့ နယ် ရဲတပ်ဖွဲ့က ရဲမှူးဇော်သန်းမောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ စစ်ဆေးနေတုန်းပဲလို့  ပြောပါတယ်။ “အခု ကျေန်ာတို့ တာဝန်ရှိတဲ့ စင်းခန်း စခန်းမှူး ဒု-ရဲအုပ်ကို ခေါ်ပြီးမေးမြန်း နေပါတယ်။ မေးမြန်းလို့ ဒါဟာ မှန်ကန်တယ်ဆိုရင် အထက်ကိုတင်ပြပြီး ဒါစည်းကမ်းထိန်း သိမ်းရေးအရ ဥပေဒအရ အေရးယူမှာပါ။ ကျနော်တို့လည်း အခုမှသိလို့  ခေါ်ပြီးမေးနေပါတယ်။”
ဗန်းမော်မြို့ ခံတဦးက ရဲကင်းတွေ အခုလိုမျိုး ငွေတာင်းနေတာတွေ မမြင်ချင် ဘူးလို့  ပြောပါတယ်။ “ဆိုင်ကယ် ကယ်ရီသမားမှန်ရင် မပေးရတဲ့လူ ဘယ်သူမှမရှိပါဘူး။ အခုလို ဂိတ်ဖွင့်ပြီး ကောက်စားတာတွေ မလိုချင်ပါဘူး။ ဒုစရိုက် တွေနဲ့ မကောင်းမှုတွေနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်စားနေတာတွေ မမြင်ချင်ပါဘူး။”



သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

Posted by drmyochit Friday, September 28, 2012, under | No comments




မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်ထားမှုတွေကို လျော့ပေါ့ပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက သမ္မတ တည်းခိုနေတဲ့ New York မြို့ ၇၇ လမ်းပေါ်က The Mark Hotel မှာ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် မစ္စ ဟီလာရီ ကလင်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဟီလာရီ ကလင်တန်နဲ့ မတွေ့ဆုံခင် နေ့လည်ပိုင်းက အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ The Mark Hotel မှာ တစ်နာရီနီးပါးခန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သမ္မတဟာ အမေရိကန်သမ္မတဟောင်းနဲ့ တွေ့ဆုံအပြီးမှာ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားတို့နဲ့ တွေ့ဆုံခဲ့ပြီး ညနေ ၆ နာရီမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မနက်ပိုင်းမှာ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ အမေရိကန် အာဆီယံ စီးပွားကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ သမ္မတဟာ Asia Society မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီမှာ သမ္မတ ဦးသိန်းစိန်ဟာ နယူးယောက်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
  

From: Myanmar Express 

မြန်မာသမ္မတကြီးဦးသိန်းစိန် ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားစဉ် ဓာတ်ပုံများ

Posted by drmyochit Friday, September 28, 2012, under | No comments











အခွင့်အရေးအတွက် တန်းတူမျှော်လင့်ချက်ထားနေဦးမည့် အနွမ်းပန်းဘ၀များ

Posted by drmyochit Friday, September 28, 2012, under | No comments


From: ကချင်နေ့စဉ်သတင်း 


ဘတ်စ်ကားမှတ်တိုင်နားမှာ ထိုင်နေတဲ့ အမျိုးသမီး(၃)ယောက်။
 ဘယ် ဘစ်ကားလာလာ မလိုက်သွားပဲ ကျီးကန်းတောင်းေ မှာက်မျက်လုံးတွေနဲ့ မှတ်တိုင်မှာ ကျောက်ချ နေကြတယ်။
အဲ့အထဲမှာ နှစ်ယောက်ကတော့ ဘောင်းဘီရှည်နဲ့တီရှပ်နဲ့ တစ်ယောက်ကတော့ အ၀ါရောင်ပေါ်မှာ ပန်းပွင်တွေ ပုံဖော်ထားတဲ့ လုံချည်၊ အဖြူရောင်တီရှပ်နဲ့ပါ၊ သူတို့ရပ်နေတာ နေ့လည် ၁နာရီကတည်း ရပ်နေတာ အခုဆို (၃)နာရီကျော်လောက် ကြာပြီ။

ထမီအ၀ါဝတ်ထားတဲ့ အသက်(၄၀)အရွယ်ရှိ အမျိုးသမီးသည် ဖခင်မဲ့ကလေးငယ် (၆)ဦးကို တာဝန်ယူ ကျွေးမွေးနေသည့် မိခင်တစ်ဦးဖြစ်သလို လူကြီး၊ လူငယ်၊လူလတ်နှင့် မရွေးဆက်ဆံနေရသည့် လိင်အလုပ် သမားတစ်ဦးလည်း ဖြစ်သည်။
“နောက်နေ့ ဘာစားကြမလဲ။ နောက်နေ့နောက်နေ့ တွေအတွက်  ဈေးဖိုးကို အလျင်မှီအောင်ရှာနိုင်ဖို့ ကျွန်မဒီအလုပ်ကို နေ့တိုင်းလုပ်ဖြစ်တယ်။”ဟု အထက်ပါ လိင်အလုပ်သမား မသန္တာက ပြောပါတယ်။
မသန္တာမှာ မိသားစု စားဝတ်နေရေးအတွက် နေ့တိုင်း အလုပ်ကို ရင်တထိတ်ထိတ်ဖြင့် ဘုရားတကာလုပ်နေရသည်ဟူ၍လည်း ဆိုသည်။
သူတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်ဖြစ်သော အင်းလျားကန်ဘောင်နားက ပြည်လမ်းမကြီးအပေါ်တွင် ၀မ်းရေးအတွက် နေ့စဉ်လုပ်ငန်းခွင် ဆင်းနေရခြင်းဖြစ်သည်။ လိင်လုပ်သားတွေကို ဖမ်းဆီးဖို့ ရဲများကလည်း ၄င်းတို့နှင့် ခပ်လှမ်း လှမ်းတွင် အရန်သင့် စောင့်နေကြသည်။
                
အလုပ်လုပ်၍ ရသောပိုက်ဆံများကို အလကားလိုချင်သည့် ဖမ်းဆီးရဲများက လိင်လုပ်သားဆီက အကြပ်ကိုင်   ငွေညစ်တောင်းနေတာကိုလည်း ကျွန်တော်တို့ မကြာခဏတွေ့ဖူးကြသည်။ တစ်ခါတစ်ရံ ပိုက်ဆံတစ်ခုတည်း ပင်မဟုတ် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုကိုလည်း အနိုင်ကျင့်တောင်းယူလေ့ရှိကြောင်း လိင်လုပ်သားများထံက သိရသည်။
ထို့အပြင် သူတို့၏ ဧည့်သည်များကလည်း မကြာခဏဆိုသလိုပင် အမျိုးသား ၄၊ ၅ ဦးဖြင့် တပြိုင်တည်း လိင်ဆက်ဆံခံရသည့်အဖြစ်မျိုးလည်း ကြုံတွေ့နေရတက်သည်ဟု သိရသည်။
ယင်းသို့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုမျိုးနှင့် တွေ့ကြုံလာသည့် အချိန်မျိုးတွေ အားကိုးရာမယ့် တိုင်ကြားမည့် ဌာနမည်ကာ မရှိသဖြင့် သူတို့အတွက် ကာကွယ်ပေးနိုင်မည့် အခွင့်အရေးလေးတွေလိုချင်သည်ဟု မသန္တာက ပြောသည်။
မိန်းမလိင်လုပ်သားတွေဟာ ရန်ကုန်မြို့ရဲ့အင်းလျားကန် ပြည်လမ်းမပေါ်မှာတင် အယောက်(၃၀)(၄၀) ခန့် ရှိနေပြီး၊ ပန်းဆိုးတန်း၊ လမ်းလေး လမ်းများနှင့် မင်္ဂလာဈေးနားတွေ သာမက တခြား KTV ၊ အနှိပ်ခန်းများတွင် အလုပ်လုပ်ကိုင်နေသည့်   ပြည့်တန်ဆာလိင်လုပ်သားများသည် ရန်ကုန်မြို့တွင်းတွင် အယောက် (၃၀၀၀)ကျော်  ရှိသည်ဟူ၍လည်း သိရသည်။
ယင်းသို့  ရန်ကုန်မြို့တွင်းတွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို လိုလား လာကြသည်ကို မင်္ဂလာဈေးနီးရှိ မိန်းမလိင်လုပ်သား (၃၀)ကျော်၏ ခေါင်းဆောင်က ပြောသည်။
“တခြားနိုင်ငံတွေမှာ တရားဝင်လုပ်နေကြပေမဲ့ ဒီမှာတော့ တရားမ၀င်လုပ်ကိုင်နေရပါတယ်၊ ဒါပေမဲ့ သူတို့တွေလည်း သိကြပါတယ်၊ ရဲတွေကို ကျွန်မတို့ အလုပ်အတွက် တစ်နေ့ ပိုက်ဆံတစ်သိန်းလောက် ပေးနေရတယ်။” ဟု ၎င်း ခေါင်းဆောင်ဖြစ်သူ သက်လက်ပိုင်း အရွယ်အမျိုးသားတစ်ယောက်က ပြောသည်။
နိုင်ငံတော်မှလည်း လိင်လုပ်သားများ ပပျောက်စေရန်အတွက် လွန်ခဲ့သော ၁၉၄၉ ခုနှစ်က ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။
ယခင်က လိင်လုပ်သားများကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်နိုင်ခဲ့ပြီး ယခုအချိန်တွင်မူ (၃) နှစ်ထက်မပိုသည့်   ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။
အချို့လိင်လုပ်သားများသည် ယင်းလုပ်ငန်းများ၌ မပျော်မွေ့သော်လည်း အိမ်ထောင်ဦးစီးကဲ့သို့ တာဝန်ယူ ထားရသဖြင့် မိသားစု စားဝတ်နေရေးလောက်ငှနိုင်ရန် လုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ တစ်ညကို အနည်းဆုံး နှစ်ယောက်လောက်နဲ့ အိပ်ရတယ်။ တစ်ယောက်နဲ့ဝင်ရင် ခေါင်းက၆၀၀၀   ပေးတယ်  ၊ နှစ်ယောက်ဆိုတော့ တစ်သောင်းကျော်တော့ ရတယ်။” ဟု မင်္ဂလာဈေးအနီးရှိ လိင်လုပ် သားလုပ်ကိုင်နေသူ မငယ်က ညည်းညူစွာ ပြောဆိုနေသည်။ သူမမှာ လေဖြတ်နေသည့် မိခင်နှင့် ကလေးတစ် ယောက်အား ရှာဖွေကျွေးမွေးနေရသူ ဖြစ်သည်။
မြန်မာပြည်အနေဖြင့် မိန်းမလိင်လုပ်သားများအတွက် ပြဌာန်းထားသောအက်ဥပဒေအား ပြောင်းလဲရန်အတွက်လွှတ်တော်တွင်း၌ မိန်းမအရေအတွက် အားနည်းနေသေးတာကြောင့် ဆွေးနွေးနိုင်ရန်မဖြစ်နိုင်သေးကြောင်းကို အင်ဂျန်းယန်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။
“ အဲ့ဥပဒေပြောင်းလဲဖို့ဆိုတာကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ အားလုံးအေးဆေးဖြစ်သွားရင်တော့ ဆွေးနွေးနိုင်ပါလိမ့်မယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် မိန်းမလိင်လုပ်သားများအခွင့်အရေးအတွက်မူ ဘာသာရေးနှင့် ယဉ်ကျေးမှုများကြောင့်ဖြစ်နိုင်ရန် ခက်ခဲနိုင်ကြောင်းကိုလည်းကိုလည်း သိရသည်။
အိမ်နီးနားချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမူ မိန်းမ၊ ယောက်ျား လိင်လုပ်သားများအတွက် အခွင့်အရေးများ ပေးထားပြီး ထိုအလုပ်ကိုလုပ်ကိုင်ကျသူများမှာလည်း မွန်မြတ်သောအလုပ်အဖြစ် ဂုဏ်ယူလျက်ရှိကြကြောင်း ကိုလည်း သိရသည်။
ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှလည်းလိင်လုပ်သားများအားကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀   ပေးသင့်ကြောင်းထောက်ပြ ပြောဆိုသည်။
``သူတို့ကိုလိုင်စင်တွေချပေးလိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီပါ့မလားဆိုတော့ လူတွေကမြန်မာ့ယဉ်ကျေးမှု   မြန်မာ့ ယဉ်ကျေး မှုနဲ့သာ ပြောနေကြတာလေ၊ အခုဆိုရင် ယဉ်ကျေးမှုက ပေါင်းစုံဝင်လာနေကြတာ အဘက်ဘက်ကစဉ်းစားပြီးတော့ အကျိုးရှိမယ်ဆိုရင် လိုင်စင်တွေချပေးသင့်တယ်´´ဟု ဒေါ်ဖြူဖြူသင်းက ဆက်လက်ပြောသည်။
မြန်မာလိင်လုပ်သားများကွန်ရက်က ဥက္ကဌ ဒေါ်နှင်းနှင်းယု လည်း မြန်မာနိုင်ငံရှိ လိင်လုပ်သားများ အားလူ့အခွင့်အရေးများ ကိုတန်းတူ ရစေချင်ကြောင်းကိုလည်း ပြောခဲ့သည်။
“Human Right တဲ့ သူတို့လည်းရသင့်တာပေါ့လေ ပိုပြီးတော့ ထူးခြားပြီးတော့တော့ မလိုချင်ပါဘူးအခုလက်ရှိရှိနေတဲ့ လူအခွင့်အရေးပါလို့ ပြောတဲ့ လူအခွင့်အရေးတွေနဲ့ တန်းတူရစေချင်တယ်။”ဟု သူမက ဆိုသည်။
 လိင်လုပ်သားများအားဖမ်းဆီးနိုင်သော ပုဒ်မ ၃(ခ) မှာ ဧည့်သည့်နှင့်တွဲလျက်တွေ့မှ ဖမ်းဆီးနိုင်သော်လည်း ၎င်းတို့ ဧည့်သည်ရှာနေ ချိန် လမ်းသွားချိန်များတွင်လည်း ဖမ်းဆီးမှုများရှိနေသောကြောင့် အဆိုပါ ဥပဒေများကို ပြင်ဆင်လိုကြောင်း သိရသည်။
အင်းလျားကန်တ၀ိုက်မှ လိင်လုပ်သား ဒေါ်သန္တာကတော့ သူမသည် အသက်အရွယ်ရလာပြီး အခြားအလုပ်များ မလုပ်နိုင်တော့သဖြင့် လိင်လုပ်သားအဖြစ်သာ ဆက်လုပ်မည်ဖြစ်ကြောင်း ပြောသည်။
 “ကျွန်မကတော့ ဒီလောကထဲမှာ ဒီတိုင်းပဲ ရပ်တည်သွားရမှာပဲ၊ ကျွန်မတို့အတွက် အခွင့်အရေးလေးတွေ ရလာရင်တော့ ၀မ်းသာမိမှာပါ။”ဟု သူမက ဆိုသည်။
ဆက်လက်၍ ပြည်လမ်းကြီးရှိနေသမျှ အနွမ်းပန်းဟု လူအများသတ်မှတ်ခံ အမျိုးသမီးလိင်လုပ်သားများအနေဖြင့်လည်း ရှာဖွေစားသောက်နေကြဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။


မြစ်မခ 

နမ့်မော်တိုက်ပွဲတွင် KIA (၃၀) သေ ၊ (၄၀) ဒဏ်ရာရ

Posted by drmyochit Friday, September 28, 2012, under | No comments


Photo: နမ့်မော်တိုက်ပွဲတွင် KIA (၃၀) သေ ၊ (၄၀) ဒဏ်ရာရ

စက်တင်ဘာလ (၂၇)

စက်တင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာစစ်တပ်မှ တပ်ရင်း (၂) ရင်း ချီတက်လာစဉ်၌ KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆) ရင်းနှင့် တပ်ရင်း (၂၆) တို့တပ်စွဲထားသော နန့်မော်နားမှာရှိတဲ့ တောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
တိုက်ပွဲဟာ ညနေ (၃) နာရီလောက်ကနေ ညနေ (၅) နာရီခွဲလောက်ထိ အပြင်းအထန် တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်ခဲ့ကြပြီး လက်နက်ကြီးသံများဆူညံပြီး ညနေ (၆)နာရီလောက်တွင် KIA တို့မှ ကောင်းဆန့်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရပါတယ်။ အဲဒီတိုက်ပွဲမှာ KIA က ဗိုလ်ကြီး ဘရန်နန် အပါအ၀င် အယောက် (၃၀) သေဆုံးပြီး (၄၀) လောက် ဒဏ်ရာရရှိသွားတယ်လို့ သိရသည်။
KIA မှ ဒဏ်ရာရသူများအား ည (၁)နာရီလောက်တွင် ကား (၄) စီးဖြင့် တင်ပြီးတော့ တပ်ရင်း (၆) သို့ ပို့ဆောင် ခဲ့ကြောင်း ကားများဖြတ်သွားသည့် ဆိုင်တောင်ရွာသားတစ်ဦးမှ ပြောပါတယ်။ သေသွားသောအလောင်း များအားလည်း မြေသယ်ယာဉ်နဲ့တင်ပြီးတော့ ဥရုချောင်းအားဖြတ်ကူးသွားတယ်ဟု ၎င်းရွာသားကပြောပါတယ်။
တိုက်ပွဲနှင့်ပတ်သက်၍ နမ့်မော်ဒေသခံတစ်ဦးအား KDN မှဆက်သွယ်မေးမြန်းခဲ့ရာမှာ “ ဒီတိုက်ပွဲမှာ KIA တွေ အထိနာသွားတယ်။ အကျအဆုံးလည်းများလောက်တယ် ။ တိုက်ပွဲစဖြစ်ကတည်းက လက်နက်ကြီးသံတွေ ဆူညံနေပါတယ်။ ညနေမှောင်လာတော့မှ အသံတွေရပ်သွားပြီး နောက်နာရီဝက်လောက်ကြာတော့ ပေါက်ကွဲသံတွေ ပြန်ကြားရပါတယ်။ နောက်နေ့သိရတာကတော့ KIA အယောက် (၃၀) လောက်ကျသွားတယ်လို့ကြားပါတယ်။ စစ်တပ်ဘက်ကလည်း အကျအဆုံး ရှိတယ်လို့ ပြောကြတယ် ” ဟု KDN သို့ပြောကြားခဲ့ပါသည်။
ဒါပေမယ့် KIA ဘက်ကကျသွားတဲ့လူတွေကို ကြည့်မယ်ဆိုရင် အသက်မပြည်သေးတဲ့ ကလေးတွေရယ် တစ်ရွာဝင် တစ်ရွာထွက်နဲ့ အတင်းအဓမ္မဖမ်းဆီးစုဆောင်းလာပြီး စစ်ပညာကောင်းကောင်းမသင်ရပဲ ရှေ့တန်း လိုက်သွားရတဲ့သူတွေများတယ်လို့ သိရပါတယ်။ပြီးတော့ တပ်ရင်း (၆) မှာ ရှိတဲ့လူတွေရဲ့တစ်ဝက်လောက်က ရှမ်းလူမျိုးတွေ ဖြစ်တဲ့အတွက် သေသွားတဲ့ ထဲမှာ ရှမ်းအများစုပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်ခြေမှာတပ်သားတွေ ဒီလိုသေကြေနေကြပေမယ့်လည်း KIA ခေါင်းဆောင်ပိုင်းကတော့ ဒီအဖြစ်အပျက်တွေကို လျစ်လျူရှု့ပြီးအစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ခုချိန်ထိ ခေါင်းမာစွာ ငြင်းဆန်နေတဲ့အပေါ် ကချင် လူထုမှလည်း မကျေမနပ်ဖြစ်နေကြပါတယ်။


From: ကချင်နေ့စဉ်သတင်း

စက်တင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာစစ်တပ်မှ တပ်ရင်း (၂) ရင်း ချီတက်လာစဉ်၌ KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆) ရင်းနှင့် တပ်ရင်း (၂၆) တို့တပ်စွဲထားသော နန့်မော်နားမှာရှိတဲ့ တောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

တိုက်ပွဲဟာ ညနေ (၃) နာရီလောက်ကနေ ညနေ (၅) နာရီခွဲလောက်ထိ အပြင်းအထန် တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်ခဲ့ကြပြီး လက်နက်ကြီးသံများဆူညံပြီး ညနေ (၆)နာရီလောက်တွင် KIA တို့မှ ကောင်းဆန့်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရပါတယ်။ အဲဒီတိုက်ပွဲမှာ KIA က ဗိုလ်ကြီး ဘရန်နန် အပါအ၀င် အယောက် (၃၀) သေဆုံးပြီး (၄၀) လောက် ဒဏ်ရာရရှိသွားတယ်လို့ သိရသည်။
KIA မှ ဒဏ်ရာရသူများအား ည (၁)နာရီလောက်တွင် ကား (၄) စီးဖြင့် တင်ပြီးတော့ တပ်ရင်း (၆) သို့ ပို့ဆောင် ခဲ့ကြောင်း ကားများဖြတ်သွားသည့် ဆိုင်တောင်ရွာသားတစ်ဦးမှ ပြောပါတယ်။ သေသွားသောအလောင်း များအားလည်း မြေသယ်ယာဉ်နဲ့တင်ပြီးတော့ ဥရုချောင်းအားဖြတ်ကူးသွားတယ်ဟု ၎င်းရွာသားကပြောပါတယ်။
တိုက်ပွဲနှင့်ပတ်သက်၍ နမ့်မော်ဒေသခံတစ်ဦးအား KDN မှဆက်သွယ်မေးမြန်းခဲ့ရာမှာ “ ဒီတိုက်ပွဲမှာ KIA တွေ အထိနာသွားတယ်။ အကျအဆုံးလည်းများလောက်တယ် ။ တိုက်ပွဲစဖြစ်ကတည်းက လက်နက်ကြီးသံတွေ ဆူညံနေပါတယ်။ ညနေမှောင်လာတော့မှ အသံတွေရပ်သွားပြီး နောက်နာရီဝက်လောက်ကြာတော့ ပေါက်ကွဲသံတွေ ပြန်ကြားရပါတယ်။ နောက်နေ့သိရတာကတော့ KIA အယောက် (၃၀) လောက်ကျသွားတယ်လို့ကြားပါတယ်။ စစ်တပ်ဘက်ကလည်း အကျအဆုံး ရှိတယ်လို့ ပြောကြတယ် ” ဟု KDN သို့ပြောကြားခဲ့ပါသည်။
ဒါပေမယ့် KIA ဘက်ကကျသွားတဲ့လူတွေကို ကြည့်မယ်ဆိုရင် အသက်မပြည်သေးတဲ့ ကလေးတွေရယ် တစ်ရွာဝင် တစ်ရွာထွက်နဲ့ အတင်းအဓမ္မဖမ်းဆီးစုဆောင်းလာပြီး စစ်ပညာကောင်းကောင်းမသင်ရပဲ ရှေ့တန်း လိုက်သွားရတဲ့သူတွေများတယ်လို့ သိရပါတယ်။ပြီးတော့ တပ်ရင်း (၆) မှာ ရှိတဲ့လူတွေရဲ့တစ်ဝက်လောက်က ရှမ်းလူမျိုးတွေ ဖြစ်တဲ့အတွက် သေသွားတဲ့ ထဲမှာ ရှမ်းအများစုပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်ခြေမှာတပ်သားတွေ ဒီလိုသေကြေနေကြပေမယ့်လည်း KIA ခေါင်းဆောင်ပိုင်းကတော့ ဒီအဖြစ်အပျက်တွေကို လျစ်လျူရှု့ပြီးအစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ခုချိန်ထိ ခေါင်းမာစွာ ငြင်းဆန်နေတဲ့အပေါ် ကချင် လူထုမှလည်း မကျေမနပ်ဖြစ်နေကြပါတယ်။
်

" မြောက်ဥက္ကလာပတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး "

Posted by drmyochit Friday, September 28, 2012, under | No comments

 







မြောက်ဥက္ကလာပ မြို့နယ် ၂ ရက်ကွက် သုဇိတာ လမ်းမရှိ တံတား တစ်ခုပေါ်တွင် ကြမ်းပြင်နှင့် ခြေထောက်ထိလျက် အမျိုးသား တစ်ဦး ကြိုးဆွဲချသည့် သဏ္ဍန်ဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူများထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ သေဆုံးသူ၌ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှ မတွေ့ရဘဲ ဝဲယာလက်မ လက်ချောင်းများ ကွေးနေပြီး ၎င်းဝတ်ဆင်ထားသော ပုဆိုးအား လည်ပင်းတွင် ချည်နှောင်၍ တံတား သံဘောင်ကို ချိတ်ကာ သေဆုံးနေသည်ကို ယင်းနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပတ်ဝန်းကျင်မှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းအနီး၌ နေထိုင်သူများက ဆိုသည်။

မြန်မာပို့ကုန်များ အမေရိကန်သို့ လွတ်လပ်စွာ တင်ပို့နိုင်ပြီ

Posted by drmyochit Friday, September 28, 2012, under | No comments


 
From : Myanmar Express
 
မြန်မာအစိုးရ၏ နိုင်ငံရေး၊စီးပွားရေးပြုပြင်ပြောင်းလဲမှုများဆက်လက်ပြုလုပ်နေခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်အရေးယူချမှတ်ထားသော မြန်မာပို့ကုန်များ အမေရိကန်ပြည်ထောင်စုသို့တင်ပို့ခြင်းအပေါ်ပိတ်ပင်ထားမှုများကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားချက်ကို Financial Times သတင်းတွင်ဖော်ပြထားသည်။
မြန်မာပို့ကုန်များအမေရိကန်သို့တင်ပို့မှုကိုပိတ်ပင်ထားခြင်းကို ဖြေလျော့မည့်လုပ်ငန်းစဉ်များစတင်တော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်ကိုပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုလိုမြန်မာပို့ကုန်အပေါ်ပိတ်ပင်ထားမှုကိုဖယ်ရှားပေးခြင်းဖြင့် မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ပို့ကုန်တွေကို အမေရိကန် ဈေးကွက်မှာ ရောင်းချနိုင်ဖို့အခွင့်အလမ်းတွေဖြစ်လာစေမယ်လို့ မျော်လင့်ပါတယ်“ ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကပြောကြားသည်။
အမေရိကန်အစိုးရသည် အမေရိကန်ကုမ္ပဏီများမြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ယခင်ကပိတ်ပင် တားမြစ်ချက် အတော် များများကို ဖယ်ရှားပေးခဲ့ပြီးဖြစ်သည်။
ထို့ပြင်အမေရိကန်အစိုးရသည် မြန်မာစစ်တပ်နှင့်ဆက်ဆံရေးထူထောင်ရန်ကိုလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
“အမေရိကန်ရဲ့အရေးယူပိတ်ပင်မှုတွေဖြေလျော့ပေးတဲ့သတင်းကို မြန်မာပြည်သူတွေအလွန်ကျေနပ်ကြမှာပါ၊အမေရိကန်ရဲ့အခုလုပ်ရပ်အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်“ဟုမြန်မာသမ္မတ ဦးသိန်းစိန်ကပြောကြားသည်။
ထို့ပြင် “မိမိတို့အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်ကြောင်းကိုရှေ့ဆက်ဖို့ လိုအပ်နေပါသေးပေမဲ့ ဒီမိုကရေစီချန်ပီယံ အမေရိကန်လို နိုင်ငံမျိုးရဲ့ထောက်ခံအားပေးမှု၊အသိအမှတ်ပြုမှုဟာ မိမိတို့ရွေးချယ်ထားတဲ့လမ်းကြောင်းကို ဆက်လက်လျောက်လှမ်းဖို့ အားတက်ဖွယ်ဖြစ်ပါတယ်“ ဟု မြန်မာသမ္မတ ဦးသိန်းစိန်ကပြောကြားသည်။
ထို့ပြင် အမေရိကန်သမ္မတအိုဘားမားအတွက်လည်း လာမည့်သမ္မတရွေးကောက်ပွဲအတွက် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း မြန်မာသမ္မတဦးသိန်းစိန်ကပြောကြားသည်။
မြန်မာပို့ကုန်များအမေရိကန်သို့တင်ပို့ခွင့်ပိတ်ပင်ထားမှုမှဖြေလျော့ပေးခြင်းကို တဖြည်းဖြည်းခြင်း၊အဆင့်လိုက်(gradual)လုပ်ဆောင်သွားဖွယ်ရှိကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာအပေါ်ပိတ်ပင်ထားမှုကိုဖြေလျော့သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နောက်အဆင့်များကို အမေရိကန်ကွန်ဂရက်နှင့်ဆွေးနွေးသွားမည်ဖြစ်ပြီး၊ပိတ်ပင်မှုများဖြေလျော့ပေးခြင်းသည် ကဏ္ဍတစ်ခုချင်းအလိုက် ဖြစ်ဖွယ်ရှိကြောင်း အမေရိကန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမေရိကန်အစိုးရနှင့်နီးစပ်သော ပုဂ္ဂိုလ်တစ်ဦးကမူ ကျောက်စိမ်းနှင့်တန်ဖိုးရှိသော ကျောက်မျက်ရတနာများ အမေရိကန်သို့တင်ပို့ခြင်းကိုပိတ်ပင်ထားခြင်းကိုမူ ဆက်လက်ပြုလုပ်ဖွယ်ရှိကြောင်းပြောကြားသည်။နိုင်ငံတော် သမ္မဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း မြန်မာပို့ကုန်များအား အမေရိကန်နိုင်ငံမှ ပိတ်ဆို့ထားခြင်းကိုဖယ်ရှားလိုက်သည်။ ထိုသို့ ဖယ်ရှားလိုက်ခြင်းအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နယူးယောက်တွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။


အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံနိုင်စေရန် ပိတ်ဆို့မှုအချို့ ဖယ်ရှားပြီးနောက် နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တို့အား ပိတ်ဆို့မှုစာရင်း မှ အရေးပေါ် ဖယ်ရှားပေးခဲ့သည်။
ယခုထပ်မံ၍ မြန်မာနိုင်ငံမှ ပို့ကုန်များပိတ်ဆို့ထားခြင်းကို ထပ်မံဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

KIA မှ ဖားကန့်ဒေသအား တိုက်ခိုက်သိမ်းပိုက်ရန် အင်အားစုဖွဲ့ ပြင်ဆင်လျက်ရှိ

Posted by drmyochit Friday, September 28, 2012, under | No comments



ယခုရက်ပိုင်းအတွင်း KIA တပ်မဟာ (၂) နဲ့လက်အောက်ခံ တပ်ရင်းနယ်မြေထဲမှာပါရှိတဲ့ ကျေးရွာတွေ ကနေ ကချင်လူငယ်တွေကို တပ်သားသစ်တွေအဖြစ် အတင်းအဓမ္မဖမ်းဆီး သင်တန်းပေးထားတဲ့ အဖွဲ့တွေနဲ့ KIA ဗဟိုဌာနချုပ်က စေလွှတ်ထားတဲ့အဖွဲ့တွေ ပူးပေါင်းပြီး ဖားကန့်ဒေသကို သိမ်းပိုက်တော့မယ်လို့ သတင်း များ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရပါတယ်။
ဒါကြောင့်မို့လို့ ဖားကန့်ဒေသမှ ရေမဆေးကျောက်သမားတွေနဲ့ လူထုအများအပြားဟာ နေ့စဉ်ဆိုသလို ကားများနဲ့ ပြန်လည်ထွက်ခွာနေကြတယ်လို့ လုံးခင်းရှိ ဒေသခံတစ်ဦးက သတင်းပေးပို့လာပါတယ်။
ဒါ့အပြင် ကျောင်းသူကျောင်းသား ၄၀၀ ကျော်ဟာလည်း စာကောင်းစွားသင်ယူနိုင်စေရေး ဖားကန့်ကနေ မြစ်ကြီးနားသို့ ပြောင်းရွှေ့သွားကြောင်းလည်းသိရပါတယ်။
KIA တို့မှ မနေ့ကစပြီး ဖားကန့်-မိုးကောင်း အား ပိတ်ထားလိုက်ကြောင်းလည်းသိရပါတယ်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရ၏ ထူးချွန်မှုကြောင့် မြန်မာ့ပို့ကုန် ပိတ်ပင်ထားမှု အမေရိကန် ဖြေလျှော့မည်

Posted by drmyochit Friday, September 28, 2012, under | No comments



 အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု ပိတ်ပင်ထားမှုကို ဖြေလျှော့သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုသို့ လတ်တလောရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုခြင်းနှင့် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှု ဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ''မိမိတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့မှု ကန့်သတ်ချက်တွေကို ဖြေလျှော့ရေး စတင်ဆောင်ရွက်သွားပါမယ်။ ဒါက လူကြီးမင်းတို့ရဲ့ ပြည်သူများအတွက် ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို မိမိတို့ရဲ့ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချဖို့ အခွင့်အလမ်း ပိုမိုရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။ ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုသည် အမေရိကန်ပြည်ထောင်စု အိုဘားမားအစိုးရက မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု ပိတ်ပင်ထားမှုကို ဖယ်ရှားအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ''အမေရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။''ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ နိုင်ငံတကာမီဒီယာများက မြန်မာသမ္မတ၏ အမေရိကန်ခရီးစဉ်မှာ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ်တစ်ခုအဖြစ် ဖော်ပြနေကြပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို သမ္မတအနေဖြင့် ရယူပေးနိုင်လိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေပါသည်။ မြန်မာသမ္မတသည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က (ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင် ၁၅ မိ နစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။ ''အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင်တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်တွေ့ဆုံပြီးနောက် ၀ါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြိုဆိုခဲ့ပြီး မြန်မာသမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်ခဲ့သည့် မကြာသေးခင်က တိုးတက်မှုများကိုလည်း ကြိုဆိုခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
 
 From: Myanmar Express 

AMPTO ၏ ကချင်ပြည်နယ်အတွင်းစစ်ပွဲများအပေါ်မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများလေ့လာ သုံးသပ်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်

Posted by drmyochit Friday, September 28, 2012, under | No comments


ကချင်ပြည်နယ်အတွင်းစစ်ပွဲများအပေါ်မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများလေ့လာ သုံးသပ်ရေးအဖွဲ့မှ သဘောထားထုတ်ပြန်ချက်တစ်စောင်အား ယနေ့ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်





မြောက်ပိုင်း ABSDF လူသတ်ပွဲအကြောင်းတစေ့တစောင်း - ၁

Posted by drmyochit Friday, September 28, 2012, under | No comments


·မျိုးဝင်းက ကဲချိုကြီး အုန်းကြိုင်ရောက်လာပြီ၊မင်းတို.စက်ဘယ်မှာလဲပြောတော့။အုန်းကြိုင်က ကိုချိုကြီး ခင်ဗျား ကိုယ်ပြဿနာ ကိုယ်ရှင်းပါလား၊ခင်ဗျာစက်နဲ.ကျနော် ဘာဆိုင်လို.တုန်း၊ VCS ဒီစက်တွေကိစ္စကျနော်လုံးလုံးမသိပါဘူး၊ သံချောင်း ကဟေ့ ချိုကြိး မင်းတို.ကဘာတွေတုန်း စကားတွေအမျိုးမျိုးပြောနေကြတာ၊မင်းတို.လူကြီးတွေပဲ၊ ကိုယ့်ဟာ ကိုယ် တာဝန်ယူရမှာပေါ.။အဲဒီအချိန်မှာ ချိုကြိးက ကဲထွန်းအောင်ကျော် မင်းခေါင်းဆောင်ပဲကွာ မင်းဘာသာမင်း ရှင်းပါတော့၊ အဲဒီတော့ ထွန်းအောင်ကျော်က ခင်ဗျာတို.သတ်ချင်လို.လုပ်တာဆိုလဲသတ်လိုက်ကြပါတော့ဗျာ။ကျနော်တို.မ
ဟုတ်တာတွေနာလို.ပြောရင်းနဲ.မဆိုင်တဲ့သူတွေဒုက္ခရောက်ကုန်ပါပြီ။ကျနော်တို.ကိုသတ်လိုက်ပါ တော်လှန်ရေးကြီးကို တောမ သတ်လိုက် ပါနဲ.၊မျိုးဝင်း က ဓါးကို ကိုင်ပြီးရှေ.အတက် သံချောင်းက ကိုမျိုးဝင်း ဒေါသ မပါနဲ.၊ ကျနော် ပြောတာကို နားထောင်၊မျိုးဝင်းကလက်မပါဘဲ ချိုကြီး မင်းဘာပြောမလဲ ပြောစမ်း။ မင်းတို.သတ်ဖို. လုပ်တာမဟုတ်လား၊ဒီကိစ္စ ကမ္ဘာက မကြားဘူးထင်ရင်မင်းတို.လုပ်ပေါ.၊မင်းတို.လုပ်တဲ့အကျိုးဆက်မင်းတို.ခံစားရမှာပဲ။ဟုတ်ပြီကွာ ဆက်ပြောစမ်း ပါအုံး၊ ဒီအခုဖြစ် နေတဲ့အတိုင်းနောင်လဲဆက်ဖြစ်နေအုံးမှာပဲ၊သံချောင်း မင်းကိုမကြာခင် မျိုးဝင်းကသတ်လီမ့်မယ်။ ဒါမင်းလဲ တွေးပြီးသားနေမှာပါ။ မအေလိုးကောင် မင်းလက်ထုတ် စမ်း၊လက်မထုတ်လို.ထိုးတာကန်တာတွေလုပ် ပြန်မတ် တပ်ရပ်ပေးပြီးမှ ဟေ့ကောင်ထပ်နာချင်လို.လား လက်ထုတ်စမ်း၊ လက်ထုတ်လိုက်တာနဲ.တပြိုင်နက် မျိုးဝင်းက သူ.ခါးက ဓါးကိုဖြုတ်ပြီး ခုတ်ချလိုက်ပါရော၊လက်က လက်ကောင်ဝတ်ကပြတ်ကျသွားတယ်၊အဲဒီလက်ပြတ်ကိုမျိုးဝင်းက ဓါးဦးနဲ.ထိုးကော်ပြီး ထွန်းအောင်ကျော်ပါးစပ်မှာ လက်အပြတ်ဘက်ကနေတေ့ပြီး မင်းကိုက်ထား သွေးတွေမျိုချ ထွေးမပြစ်နဲ.။ထွေးရင်မင်းဇတ်ကိုခုတ်ဖြတ်ပြစ်မယ်၊အဲဒီအချိန်မှာ အားလုံးအသံမထွက်ပဲတိတ်ဆိတ်သွားတယ်၊ကျော်ဝေရဲ. ခေါင်း ခုတ်အဖြတ် ခံရအပြီးမှာအသံတွေတိတ်မသွားပေမဲ့ ကိုချိုကြီးရဲ. လက် အခုတ်ခံရအပြီးမှာတော့ အသံတွေ တိတ် သွားခဲ့တယ်။အသံတွေတိတ်သွားရခြင်းဟာသံချောင်နဲ.မျိုးဝင်းတို.နှစ်ယောက်အသံမထွတ်တော့လို.အားလုံးကြောက်ပြီးအသံမထွတ် တော့ပဲတိတ် ဆိတ်သွားကြတာပါ။သံချောင်းနားထဲမှာ ကိုချိုကြီးပြောခဲ့တဲ့စကားတွေက ထွက်သွားပုံ မရဘူး၊ မျက်နှာထားတင်းတင်းနဲ. သံချောင်းက ဟေ့ကောင်တွေအကျဉ်းသား တွေကိုပြန်ခေါ်သွားတော့၊ချိုကြီးကို ဆေးခန်း ခေါ်သွား တခါထဲကုပေးပြီးမှ အချုပ်ပို. ။မျိုးဝင်းလဲ ဘာမှာပြန်မပြောပဲ အများနဲ.အတူ ဆင်းလိုက်သွားတယ်၊။ မကြာခင်မှာပဲ သူတို.တွေ ထောင်ထဲကိုအားလုံးပြန်ရောက်လာကြတယ်၊ကိုချိုကြီက နာရီဝက်လောက်နောက်ကြ တယ်ပေါ့။ ကိုချိုကြီးကိုထောင်ထဲမှာdripချိတ်ပေးတယ်။ အားလုံးစိတ်မကောင်းကြဘူး။ကျော်ဝေပြန်ပါမလာတာကိုထောင်စောင့်က မမေးဘူး။ထောင်ထဲကိုမကောင်းတဲ့နိမိတ်တွေပြန်ရောက်လာပါပြီ။အရင်ကလဲ အောင်ဖိုးတို.၊ကျော်ဝေတို့လက်ဖြတ် ခြေဖြတ် ခံရပြီးချိန်မှာသေတဲ့လူတွေအများကြီး။အခုလက်ဖြတ်တာပြန်စပြီဆိုတော့ နောက်ဆက်တွဲတွေလာတော့မယ် ဆိုတာတွေလို့ရပြီ။ဒါကအယူသီးတာ မဟုတ်ပါဘူး။ယုတ္တိဗေဒနည်းနဲ့တွေးခေါ်ကြည့်တာပါ။သူတို့ရဲ့ဒေါသတွေ၊ဆုံးဖြတ် ခက် တွေ လက်လွန်ခြေလွန်ဖြစ်လာချိန်မှာ လုပ်ရပ်တွေကလဲ လက်လွန်ခြေလွန်ဖြစ်တက်တဲ့ သဘောပါ။ ဒီတော်လှန်ရေး လုပ်နေတဲ့ကိစ္စကြီးတခုလုံးက အရူးထောင်ထဲက ဂီမ်းတခုလိုဖြစ်နေတယ်။ကျိုးကြောင်း ဆင်ခြင်မှုဆိုတာ ပျောက်နေပြီး နေရာ တကာမှာ ငါ့ခြေ ငါ့လက်ဖြစ်နေတယ်။အသံကျယ်တဲ့သူတွေရဲ့ထင်မြင်ချက်တွေက အဆုံးအဖြတ်တွေ ဖြစ်ကုန်တဲ့ နေရာ တခု ဖြစ်သွားတယ်။ဆက်လက်ဖော်ပြပါမည်။
ညီညီ(မန္တလေး) ABSDF မြေက်ပိုင်း ရဲဘော်ဟောင်း

From: Myanmar Express

ထိုင်းနိုင်ငံ လူသတ်မှုတွင် မြန်မာအလုပ်သမား "၂ " ဦးပါ အသတ်ခံရ

Posted by drmyochit Friday, September 28, 2012, under | No comments



ထိုင်းနိုင်ငံ အလယ်ပိုင်း ဖစ်ခ်ျပူရီခရိုင်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပျောက်ဆုံး သွားသူ ထိုင်းဇနီးမောင်နှံ ၂ ဦး ရဲ့ အေလောင်းလို့  ယူဆရတဲ့ အရိုးစုတွေ တူးဖော်ရရှိခဲ့ပြီး အဲဒီ အေလာင်းတွေကို  မြုပ်နှံဖို့  ခိုင်းစေခြင်းခံရတဲ့ မြန်မာ အလုပ် သမား ၂ ဦးပါ နှုတ်ပိတ်တဲ့အေနနဲ့ အသတ်ခံခဲ့ရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဖစ်ခ်ျပူရီမြို့ ထာ့ယန်းမြို့ နယ် ကလတ်လူရွာထဲက ဆူဖတ်စပျစ်ခြံထဲမှာ အလုပ်ရှင် ဗိုလ်မှူးကြီး ဆူဖတ် လောဟပ်ဝပ်ထနက ထိုင်းလင်မယား ၂ ဦးကို သတ်ပြီး အလောင်းတွေကို မြန်မာအလုပ်သမား ၃ ဦးကို မြုပ်နှံခိုင်းပုံနဲ့  မြေမြုပ်ပေးသူ ၃ ဦး အနက် ၂ ဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ကျန်ရစ်တဲ့ မောင်ကုလားရဲ့ ပြောဆိုချက် ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ မောင်ကုလားက ရဲထံမှာ အလုပ်ရှင်ရဲ့သတ်ဖြတ်မှုတွေကို ထွက်ဆိုပြီး အေလာင်းမြုပ်နှံ တဲ့နေရာ ၊ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့နေရာတွေကို စက်တင်ဘာ ၂၆ ရက်နေ့က လိုက်လံပြသခဲ့ပါတယ်။ လူသတ်မှုနဲ့  သံသယရှိသူ ဗိုလ်မှူးကြီး ဆုဖတ်ဟာ  သူ့စပျစ်ခြံမှာ တရားမဝင် သေနတ်ပစ် လေ့ကျင့်ရေးကွင်းနဲ့  တရားမဝင် အလုပ်သမားတွေပါ တွေ့ ရှိတဲ့ အတွက်   နောက်ထပ် အမှု ၂ မှုနဲ့ ထပ်ပြီး တရားစွဲခံရဖွယ် ရှိတယ်လို့ မြို့ နယ်ရဲစခန်းမှူးကြီး က ပြောပါတယ်။

ဖစ်ခ်ျပူရီ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကေတာ့ သေဆုံးတဲ့ မြန်မာ အလုပ်သမား ၂ ဦးဟာ တရားဝင် မှတ်ပုံမတင်ထားလို့ ဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်ဘူးလို့  ဆိုပါတယ်။ သက်သေထွက်ဆိုသူ မောင်ကုလားကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ရဲက သူ့လုံခြုံရေးအတွက် ထိန်းသိမ်းထားလို့  မေးမြန်းခွင့် မရပါဘူး။ အသက် ၅၀ နှစ်အရွယ်  စပျစ်ခြံပိုင်ရှင် ဗိုလ်မှူးကြီး ဆူဖတ်ဟာ ရဲဆေးရုံ ဆရာဝန် လုပ်သက် ၂၅ နှစ် ထမ်းဆောင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်က ထိုင်းဇနီးမောင်နှံ ၂ ဦးနဲ့  အလုပ်သမား ၂ ဦးကို သတ်ဖြတ်အလောင်းဖျောက်ဖျက်မှုမှာ သံသယအရှိဆုံး လူအဖြစ်
 ဖစ်ချပူရီရဲစခန်းမှာ ထိန်းသိမ်းခံနေရပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့က သူ့ကို စစ်ဆေးခဲ့ရာမှာ လူသတ်မှုကိစ္စ မသိရကြောင်း၊ သူ့ခြံထဲမှာ တပါးသူက လာမြုပ်ထားတာဖြစ်နိုင်ကြောင်း၊ မောင်ကုလား ပြောတာတွေ မဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့ပါတယ်။  သူ့ မိခင်ကို ပြုစုဖို့ အတွက် သူ့ကို အာမခံပေးဖို့ တောင်းဆိုပေမယ့် ရဲက မပေးပါဘူး။ စပျစ်ခြံတွင်းက တူးဖော်ရရှိတဲ့ အရိုးစု အပိုင်းအစေတွ၊ ကျည်ဆန်ခွံတွေကို ဒီအန်အေနဲ့  သိပ္ပံနည်းကျ စစ်ဆေးပြီး လာမယ့် အောက်တိုဘာ ၆ ရက်နေ့  မတိုင်ခင် အမှုမှန်ပေါ်အောင်   ဖော်ထုတ်သွားမယ်လို့ ရဲဌာနနဲ့ တရားရုံး တာဝန်ရှိသူတွေ က ပြောထားကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြ သွားပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်