Saturday, September 29, 2012

အီရန် နိုင်ငံသည် အင်အားကြီး နိုင်ငံအချို့၏ ခြိမ်းခြောက်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ခြင်း

Posted by drmyochit Saturday, September 29, 2012, under | No comments

From : မြဝတီ



အီရန် သမ္မတ မာမွတ် အာမက်ဒီနီ ဂျက်သည် အစ္စရေး၏ စစ်ရေးဆိုင်ရာ ခြိမ်းခြောက် မှုများကို ရည်ညွှန်း၍ အီရန်နိုင်ငံအား အင်အားကြီး နိုင်ငံအချို့က ခြိမ်းခြောက်လျက် ရှိကြောင်း စွပ်စွဲပြောကြား ခဲ့သည်ဟု စက်တင်ဘာလ၂၆ ရက်နေ့ Xinhua သတင်းတစ်ရပ် အရသိရှိရ ပါသည်။ နိုင်ငံအချို့၏ ဖျက်စွမ်းအားပြင်း လက်နက်များနှင့် နျူကလီးယား လက်နက်များသည် စစ်လက်နက် ပစ္စည်း ပြိုင်ဆိုင်မှုနှင့် ခြိမ်းခြောက်မှု အသွင် ဖြစ်ပေါ်လာခဲ့ ကြောင်းနှင့် အီရန်နိုင်ငံအား စစ်ရေး နည်းလမ်းအရ တိုက်ခိုက်သွားမည် ဟူသော အစ္စရေးနိုင်ငံ၏ ဆက်လက် ခြိမ်းခြောက်နေမှုသည် ရှင်းလင်းသော ဥပမာတစ်ရပ် ဖြစ်ကြောင်း အာမက် ဒီနီဂျက်က စက်တင် ဘာလ ၂၅ ရက်နေ့ တွင်ပြုလုပ် ခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆွေးနွေးပွဲတွင် ပြောကြား ခဲ့ပါသည်။ အာမက်ဒီနီဂျက်၏ ထိုကဲ့သို့ မှတ်ချက်ပြု ပြောကြားမှုသည် အမေရိကန် သမ္မတ အိုဘားမားက ၎င်းဆွေးနွေးပွဲ တွင် အီရန်၏ နျူကလီးယား အရေးအား သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းရန်မှာ အချိန် ကန့်သတ်ချက် ရှိကြောင်းနှင့် အီရန်အနေဖြင့် နျူကလီးယား ဗုံးထုတ်လုပ် လာပါက ရပ်တန့်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပါသည်။ သီးခြား အနေဖြင့် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA)ဆိုင်ရာ အီရန်သံအမတ် အလီအက်ဟာ ဆိုလ်တာနီက အမေရိကန် အနေဖြင့် အီရန် အပေါ်ချမှတ် ထားသည့် အရေးယူ ပိတ်ဆို့မှုများအား ဖယ်ရှားပေးလျှင် အီရန်နိုင်ငံသည် ယူရေနီယံ ၂ဝ ရာခိုင် နှုန်းသန့်စင်မှု အားရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ လက်ရှိ အချိန်အထိ အနောက်အုပ်စုသည် အဆိုပါအီရန်၏ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ တုံ့ပြန်ခဲ့ခြင်း မရှိ ကြောင်း သိရှိရ ပါသည်။

သမ္မတဦးသိန်းစိန်နဲ့ မြန်မာသတင်းသမားများ တွေ့ဆုံ

Posted by drmyochit Saturday, September 29, 2012, under | No comments

From : Myanmar Express

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက် ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မကြာသေးခင် အချိန်ပိုင်းအတွင်းကတော့ သတင်းထောက်တွေနဲ့ အဲဒီမှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီက အခြေအနေတွေကို သတင်းထောက်တွေနဲ့တွေ့ဆုံ ရာမှာ ရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုသားညွန့်ဦးက ဆက် သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ဦးသန်းလွင်ထွန်းရေ- အခု နယူးယောက်မြို့မှာ သမ္မတဦးသိန်းစိန်က ဒီကနေ့ သူ့ရဲ့အစီအစဉ် ဘာတွေများ ရှိသေးလဲ ခင်ဗျ။

ဖြေ။ ။ ဒီနေ့မနက်အစောပိုင်းမှာတော့ သမ္မတကြီးက နယူးယောက်မြို့မှာ ရှိနေတုန်းမှာ သတင်းလာ ယူကြတဲ့ မြန်မာပိုင်းဆိုင်ရာ အသံလွှင့် ဌာနတွေက လူတွေနဲ့ တွေ့ဆုံပြီးတော့ သူတို့ မေးမြန်းချက်တွေကို ဖြေကြားတယ်လေ။ အထူးသဖြင့် VOA ရှိတယ်၊ RFA ရှိတယ်၊ DVB နောက်ပြီးတော့ နောက်ပြီးတော့ သမ္မတကြီးနဲ့အတူပါလာတဲ့ Skynet က အဖွဲ့တွေလည်း ဝင်ပြီးတော့ မေးမြန်းခွင့် ပေးတယ်။ စုစုပေါင်းတော့ တစ်နာရီလောက်ကြာအောင် စိတ်ရှည် လက်ရှည် ဖြေသွားတာ တွေ့ရပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဓိက ဆွေးနွေးမေးမြန်းတဲ့အထဲမှာ ဘယ်အကြောင်းအရာတွေကို ဦးစားပေးပြီးတော့ သမ္မတက ဖြေသွားလဲ ခင်ဗျ။

ဖြေ။ ။ အကြောင်းအရာကတော့ တော်တော်စုံတယ်။ အထူးသဖြင့် တိုင်းရင်းသား ကိစ္စတွေရော၊ နောက်ပြီးတော့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကိစ္စတို့ - ဒါမျိုးကိစ္စတွေကိုလည်း မေးတဲ့သူ ရှိတယ်လေ။ နောက်ပြီးတော့ အမေရိကန်နဲ့ မြန်မာ အခု ဆက်ဆံရေး နီးစပ်လာ တယ်ဆိုတော့ ဒီလို နီးစပ်မှုတွေထဲမှာ တပ်မတော်ချင်း ဆက်ဆံမှုတွေရော ဘယ်လို ရှိလာနိုင်မလဲ ဆိုတဲ့ မေးခွန်းမျိုးက အစပေါ့။ အဲဒါမျိုးတွေလည်း ပါပါတယ်။ နောက် စီးပွားရေး ပိတ်ဆို့မှုတွေ တဖြည်းဖြည်းနဲ့ လျော့လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်လောက်အထိ မျှော်မှန်းလို့ ရမလဲ၊ ဘယ်လောက်အထိ အခြေအနေတိုးတက်လာနေပြီလဲ - ဆိုတဲ့ မေးခွန်းမျိုးတွေလည်း ပါပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ရော သူ့ဘက်က ထူးထူးခြားခြား ဘာများပြောသွားတာ ရှိပါလဲ။

ဖြေ။ ။ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ကတော့ - အခုဆိုလို့ရှိရင် ဒီခရီးစဉ်ထဲမှာ လည်း တော်တော်လေး ကောင်းမွန်လာနေပြီ၊ အထူးသဖြင့် တပ်မတော်ပိုင်းနဲ့ ဆက်ဆံရေး ကိစ္စတွေမှာ ဆိုရင်တော့ ဟိုတလောတွေတုန်းက သူတို့ သတင်းတွေမှာ ဖော်ပြနေသလိုပေါ့နော်။ အမေရိကန်နဲ့ မြန်မာတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ရေးသင်တန်းပေးမှုတွေ၊ လေ့ကျင့်မှုတွေလုပ်မယ်ဆိုတဲ့ တချို့သတင်း စကားတွေက အခြေအမြစ်မရှိပါဘူးဆိုတဲ့အကြောင်း ပြောသွားတဲ့ ဒါပေမဲ့လည်း တကယ်တန်း မြန်မာနိုင်ငံမှာရှိနေတဲ့ တပ်မတော်ကို ခေတ်မီတဲ့ တပ်မတော်ဖြစ်ဖို့ ဆိုလို့ရှိရင်တော့ အမေရိကန်တင်မကဘူး၊ အတုယူသင့်တဲ့၊ နည်းပညာယူသင့်တဲ့ နေရာတွေမှာ အကုန်လုံး သင်တန်း တက်တာတို့၊ ပူးပေါင်းဆောင်ရွက်တာတို့ လုပ်ရမှာပဲ ဆိုတဲ့ သဘောမျိုးတော့ ပြောသွားပါတယ်။

မေး။ ။ မကြာခင်မှာ အမေရိကန်ကလည်း အရေးယူမှုတွေ ပိုပြီးတော့ လျှော့ပေါ့ပေးတော့မယ့်သဘော တွေ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း အဲဒီလို ပြောခဲ့ပါတယ်။ ဒီအပေါ်မှာရော သမ္မတအနေနဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထား ဘာများပြောလဲခင်ဗျ။

ဖြေ။ ။ အဲဒါတွေကတော့ သူလည်း ပြောပါတယ်။ အထူးသဖြင့် အခြေအနေတွေက အခုမှ လျှော့နေတုန်းပဲဆိုတော့ လက်တွေ့အားဖြင့် တော့ တကယ်တန်းက လက်တွေ့အားဖြင့် များများ စားစား အကောင်အထည်ပေါ်မလာသေးတာတော့ ရှိနေတာပေါ့နော်။ အထူးသဖြင့် သွင်းကုန် တင်ပို့မှုတွေ ကို ပိတ်ဆို့မှုကို ပယ်ဖျက်ပေးလိုက်တဲ့ ကိစ္စမျိုးဆိုလို့ရှိရင်  မကြာသေးခင်ကမှ ဖြစ်တဲ့ကိစ္စ၊ နောက်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေ လျှော့ချပေးတယ်ဆိုတဲ့ ကိစ္စမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေက လက်တွေ့ အားဖြင့်တော့ ချက်ခြင်းကြီး သိသာထင်ရှားစွာ ဝင်လာတယ်ဆိုတာ မတွေ့ရသေးဘူးပေါ့နော်။ ဒါပေမဲ့လည်း သူ့ရဲ့ခရီးစဉ်အတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လိုချင်တဲ့သူတွေ သူနဲ့လာပြီးဆွေးနွေးတယ်၊ သူနဲ့ တွေ့ဆုံတယ်ဆိုတဲ့အကြောင်းကိုတော့ သူပြောပါတယ်။

မေး။ ။ ရင်းနှီးမြှုပ်နှံမှုဆိုတော့ တလောက မြန်မာနိုင်ငံမှာ လက်ပန်းတောင်းကိစ္စလည်း မေးကြတယ်လို့ သိရပါတယ်။ အဲဒီတော့ ခုနက လက်ပန်းတောင်းကိစ္စနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုကိစ္စနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထား ဘာများ ပြောပါလဲ။

ဖြေ။ ။ လက်ပန်းတောင် ကိစ္စကတော့ အရင်ပိုင်း အစိုးရလက်ထက်မှာ လျော်ကြေးတွေလည်း ပေးထားတဲ့ ကိစ္စပေါ့နော်။ ဒါပေမဲ့လည်း ဒီကိစ္စမျိုးမှာ သူပြောသွားတဲ့အထဲ ကျနော် မှတ်မိသလောက် ကတော့ မြစ်ဆုံစီမံကိန်းလိုမျိုး အခြေအနေက မတူပါဘူးဆိုတဲ့ ပုံစံမျိုးကိုတော့ ရှင်းပြတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ ပြည်သူတွေရဲ့ အသံကို နားဆင်မယ်ဆိုတဲ့ ပုံစံမျိုးတော့ ရှိပါတယ်။ အမေရိကန်နဲ့ နီးစပ်လာလို့ တရုတ်နဲ့များ အခြေအနေ ဘယ်လိုရှိမလဲဆိုတာကိုလည်း သူ့အနေနဲ့ ရှင်းပြပါတယ်။ ဒါက အမေရိကန်နဲ့နီးစပ်လို့ တရုတ်နဲ့ ခွာပြဲရမယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ နိုင်ငံတကာ ဆက်ဆံရေးပုံစံမျိုးကို သူ့အနေနဲ့ ရှင်းပြပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ ကိုသန်းလွင်ထွန်းရေ ကျေးဇူးပါခင်ဗျ။

ဒါကတော့ မကြာသေးခင် အချိန်ပိုင်းအတွင်းကပဲ နယူးယောက်မြို့မှာ မြန်မာသမ္မတဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုသားညွန့်ဦးက မေးမြန်းခဲ့တာပါ။

သမ္မတဦးသိန်းစိန်နဲ့ သတင်းထောက်တွေ မေးမြန်းချက်တွေကို ဗွီအိုအေရဲ့ ရေဒီယိုရော ရုပ်မြင်သံကြားကပါ မကြာခင်ရက်ပိုင်းတွေအတွင်း ထုတ်လွှင့်ပေးသွားဖို့ ကြိုးပမ်းနေပါတယ်။ ဒါ့အပြင် ဝန်ကြီးအဖွဲ့ တချို့နဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့်တွေ့ဆုံမှုတွေကိုလည်း နောက်နေ့တွေမှာ ထုတ်လွှင့်သွားဖို့ ရှိပါတယ်။  


မကွေးမြို့တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် နဲ့ အခြား အရောင်းဆိုင်တွေ အားလုံး အာဏာပိုင် များက ရောင်းချခွင့် ပိတ်ပင်

Posted by drmyochit Saturday, September 29, 2012, under | No comments

 From: ရွှေမြန်မာမီဒီယာဂရု


မကွေးတိုင်း မကွေးမြို့ မှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အင်တာနက်ဆိုင်၊ ဂိမ်းဆိုင်၊ ဘိလိယက်ခုံနဲ့ အခြားအရောင်း ဆိုင်တွေအားလုံး ည ၁၀နာရီအထိဘဲ ရောင်းချဖို့ မြို့နယ်စည်ပင်သာယာက ဒီကနေ့ အမိန့်ထုတ် လိုက်ပါတယ်။ အဲဒီအမိန့်စာမှာ ဘာ့ကြောင့် ည ၁၀-နာရိ ထိဘဲ ရောင်းခွင့်ပေးသလဲဆိုတာကိုဖေါ်ပြမထားပေမဲ့ အမိန့် အတိုင်း မလိုက်နာရင် လုပ်ငန်းလိုင်စင် သိမ်းပြီး  ဆိုင်ပိတ်တဲ့အထိ အရေးယူမယ်လို့ ဖေါ်ပြထားပါတယ်။

တပိုင်တနိုင် စီးပွားရေးသမားတွေကတော့ အရင်က လွတ်လပ်စွာရောင်းချခွင့်ရှိခဲ့ပြီး အခုမှ ပိတ်ပင်လိုက်တဲ့ အပေါ် မကျေမနပ် ဖြစ်မိ တယ်လို့ ပြောပါတယ်။ အခုအခါ မကွေးမြို့မှာ ရာသီဥတုပွင့်လင်းပြီး အဝေးသင်ကျောင်းသားတွေ စာမွေးပွဲ စစ်ချိန်မို့ ကျောင်းသားတွေကို အားကိုးရောင်းချတဲ့ ထမင်းဆိုင်ငယ်လေးတွေ လည်း ဒီအမိန့်ကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။




မိုဟာမက် ဇတ်ကား ထုတ်လုပ်သူ ထောင်ကျခံရ

Posted by drmyochit Saturday, September 29, 2012, under | No comments

From : Myanmar Express


Nakoula Basseley Nakoula ခေါ် အရှေ့အလည်ပိုင်း ဒေသရှိ ပြည်သူအများကို အုံကြွမှု ဖြစ်စေသည့် ဇတ်လမ်းကို ထုတ်လုပ်သူမှာ အမေရိကန် ဖယ်ဒရယ် တရားရုံးမှ ခံဝန်ချုပ်ပါ အချက် များကို  ဖောက်ဖျက်မှုဖြင့် အကျဉ်းချ ခံလိုက်ရပြီ ဖြစ်သည်။ Nakoula  ကြာသပတေးနေ့ ညနေ ပိုင်းက လော့စ်အိန်ဂျယ်လိမြို့ အမေရိကန် ခရိုင် တရားရုံးတွင် ရောက်ရှိလာ ခဲ့ပြီးနောက် တရားသူကြီး  Suzanne H. Segal မှ ကာလရှည်ကြာ လှည့်ဖျားမှုနှင့် ခံဝန်အရာရှိကို လိမ်လည် လှည့်ဖျားမှု  တို့အတွက် ဥပဒေ ချိုးဖောက်သည် ဆိုသည့် စွဲချက်ကို သတ်မှတ် လိုက်ခြင်း ဖြစ်သည်။

တရားရုံးတော် အနေဖြင့် ယခု အကြိမ်တွင် တရားခံ အပေါ် ယုံကြည်မှု မရှိတော့ကြောင်းနှင့် ၎င်းအနေဖြင့် လူ့အဖွဲ့ အစည်းကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု ယူဆသဖြင့် ယခုလို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ အဆိုပါ ဇတ်ကား ထုတ်လုပ်သူမှာ ပြစ်မှု ကျူးလွန်ဖူးသည့် သမိုင်း မှတ်တမ်းရှိ ကာ မူးယစ်ဆေးနှင့် ဆိုင်သည့် ပြစ်မှုလည်း ရှိကြောင်း အရာရှိများမှ ပြောသည်။ သို့ရာတွင် ၎င်းအနေဖြင့် လွန်ခဲ့သည့် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ချက်လက်မှတ် လိမ်လည်မှု တစ်ခုကိုလည်း ကျူးလွန်ထားပြီး ခံဝန်ချုပ်ကို ဖျောက်ဖျက် ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နောက်ထပ် လှည့်ကွက် တစ်ခု အဖြစ်လည်း၎င်းအနေဖြင့် ၂၀၀၂ ခုနှစ် ကလည်း တရားသူကြီးကို ၎င်း၏ အမည်မှန်မှာ Mark Basseley Youseff ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု LA Times သတင်းတွင် ဖော်ပြသည်။


source : LA Times

Asia Society တွင်ပြုလုပ်သည့် သမ္မတကြီး ဦးသိန်းစိန် အင်တာဗျူး

Posted by drmyochit Saturday, September 29, 2012, under | No comments

From: Myanmar Express





မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီးတော့ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ ကြာသာပတေးနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရှိတဲ့ Asia Society ကို သွားရောက်ခဲ့ပြီး လက်ရှိ သူ့အစိုးရရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတာတွေ ကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကာလာဖို့အတွက် ဒီမိုကရေစီ ယဉ်ကျေးမှုတွေ ပြန်ပြီးရှင်သန်လာဖို့ အရေးကြီးပုံကိုလည်း သမ္မတဦးသိန်းစိန်က အခုလို ပြောကြား ခဲ့ပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရုံ၊ လွှတ်တော်တွေ ပေါ်ပေါက်လာရုံ၊ နောက်တခါ ရွေးကောက်ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရနိုင်မယ် မဟုတ်ပါဘူး။ အဲ့တော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ Democratic Culture ဆိုတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုတရပ်ကို ပြန်လည်အသက်သွင်းရမှာဖြစ်ပါတယ်။ အခုအချိန်ဟာ ဒီမိုကရေစီ စံနှုန်းတွေကို မိမိတို့ရဲ့ နိုင်ငံသားအားလုံးရဲ့ ရင်မှာ ကိန်းဝပ်ရှင်သန် လာအောင် ပြန်လည်လှုပ်နှိုးနေရတဲ့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ မတူကွဲပြားမှုတွေကို လက်ခံနားလည်ပြီး၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်ဖြစ်တယ်လို့ လည်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ အစိုးရတခုတည်းလုပ်ဆောင်လို့မရဘဲ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“ဒီကိစ္စတွေကို ဆောင်ရွက်အကောင်အထည်ဖော်တဲ့နေရာမှာ အစိုးရတရပ်တည်းရဲ့ အားနဲ့ ဆောင်ရွက်တာထက် အရပ်ဖက် လူ့အဖွဲ့အစည်းများရဲ့ ကူညီဆောင်ရွက်မှုကိုလည်း ရယူရမှာဖြစ်ပါ တယ်။ ကျနော်အနေနဲ့ ဒီလိုလက်ခံယုံကြည်ထားပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းတွေ ရှင်သန်အားကောင်း လာစေဖို့အတွက် အကြံညဏ်တွေ ဆွေးနွေးညှိနှိုင်းမှုတွေ စွမ်းဆောင်ရည်မြှင့်တင်မှုတွေအတွက် ဒီ Asia Society က ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ကြောင့်လည်း ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။”

မြန်မာ့နိုင်ငံရေးမှာ လက်ရှိဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်သလဲ၊ အနာဂါတ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို ပါဝင်စေချင်သလဲဆိုတဲ့ အမေးကို သမ္မတ ဦးသိန်းစိန် ဖြေတာကတော့

“ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ အခန်းကဏ္ဍ တရပ်ကနေပြီးတော့ ပါဝင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ လောလောဆယ်မှာ ပါလီမန်ထဲမှာ မန်ဘာ တယောက်အနေနဲ့ ပါဝင်ပြီးတော့မှ ဥပဒေပြုရေးကိစ္စတွေကို ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲ့တော့ သူ့အနေနဲ့က ကျနော်တို့နဲ့လက်တွဲပြီးတော့မှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် နဲ့ ဆောင်ရွက်မယ့် သူတဦးဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။

သူလည်း သူ့ကိုပေးအပ်ထားတဲ့ တာဝန်၊ ကျရာအခန်းကဏ္ဍကနေပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ စိတ်ဆန္ဒရှိတယ်လို့ ကျနော်တို့ ဒီအတိုင်း ယုံကြည်ထားပါတယ်။ ဒီကနေ့ လည်း ခုနကလို ကျနော်တို့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်းဖက်ဖြစ်ပြီးတော့ လုပ်ငန်းတော်တော် များများလည်း သူနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ ဆောင် ရွက်နေတာတွေ ရှိပါတယ်။ ရှေ့အနာဂတ်မှာလည်း ခုနကလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ကျနော်တို့ ဒီအတိုင်းပဲ ယုံကြည်ထားပါတယ်။”

သမ္မတဦးသိန်းစိန်အနေနဲ့ သမ္မတ သက်တမ်းကို တကြိမ်ပဲ ထမ်းဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလားဆိုတဲ့ အမေးကိုလဲ သမ္မတဦးသိန်းစိန်က ခုလို ဖြေသွားပါတယ်။

“သက်တမ်းအားဖြင့်တော့ ကျနော်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစာကပြောသလို One Term ပဲ လုပ်ဖို့ ကျနော်မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ ဆန္ဒ၊ ဒီပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်က ဆုံးဖြတ်ရမယ်လို့ ကျနော် ဒီလိုထင်ပါတယ်။ သို့သော်လည်း ကျနော်ရဲ့ မျှော်မှန်းချက်ကတော့ One Term ပဲ လုပ်မယ်လို့ ဒီကနေ့အထိ ကျနော်စိတ်ကူးထားပါတယ်။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်က ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပေါ်လာဖို့ လုပ်ဆောင်နေတာတွေ အပါအ၀င် ကချင်ဒေသမှာ အပစ်အခတ်မရပ်နိုင်သေးတာ၊ ရခိုင်ဒေသက ဒေသတွင်းအကြမ်းဖက်မှုတွေနဲ့ ပတ်သက် ပြီးတော့ လည်း ပြောကြားသွားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်ပေါ်ပေါက်နိုင်ဖို့အတွက် ကြိုးပမ်းနေ တဲ့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုလို မိတ်ဆွေနိုင်ငံကောင်းတွေလည်း လိုအပ်ကြောင်း ၊ နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှု ပိုမိုရနိုင်ဖို့အတွက် ကြိုးပမ်းပေးတဲ့ Asia Society အဖွဲ့ကို လည်း ကျေးဇူးတင်တယ်လို့လည်း ဦးသိန်းစိန်က ပြောကြားသွားပါတယ်။ 

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီ ၂၇ ပါတီ တွေ့ဆုံဆွေးနွေး

Posted by drmyochit Saturday, September 29, 2012, under | No comments


From :Myanmar Express

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေက အတွေ့အကြုံတွေကို သင်ခန်းစာရယူပြီး လာမဲ့၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပိုမိုလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာအောင် အခုကတည်း က ပြင်ဆင်ဆောင် ရွက် နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမှာ ရန်ကုန်အခြစိုက် ပါတီ (၂၇) ပါတီနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆွေးနွေးပွဲအပြီးမှာ RFA ကို ပြောတာပါ။

"ပြင်စရာတွေအများကြီးရှိပါတယ်။ အခုဆို ကန့်ကွက်လွှာ ၄ ခုရှိတယ်။ စစ်လိုက်တဲ့အခါကျတော့ ပြီးသွားပြီ။ ဒါကလည်းပဲ နိုင်တဲ့သူကနိုင်တယ်။ ရှုံးတဲ့လူက ရှုံးတယ်။ အဲတာပြီးတော့ ပြန်ပြီးတော့ Rule and Regulation တွေကို ပြန်လေ့လာနေတယ်။ ပြန်လေ့လာပြီးနောက်ပိုင်း ဘာတွေလုပ်သလဲ ဆိုရင် ပိုတာတွေအကုန်လုံး၊ မလိုတာတွေဖြုတ်လိုက်မယ်။ လိုနေရင် ထပ်ဖြည့်မယ်။ ဒီသဘောလုပ်ပါတယ်။ လုပ်ပြီးရင် စာတမ်းတွေလုပ်ပြီးတော့ လူထုတွေ နားလည်အောင်၊ နောက်ရွေးကောက်ပွဲကျရင် skill ဖြစ်အောင်ပေါ့"

ဒါ့အပြင် ဒီနေ့ဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေနဲ့ အတူပူးပေါင်းပြီး နိုင်ငံတော်ကောင်းအောင်နဲ့ လက်ရှိနိုင်ငံတော်မှာ တွေ့ကြုံခံစားနေရတဲ့ အခက်ခဲတွေဖြစ်တဲ့ လယ်သမားအရေး၊ အလုပ်သမားအရေး၊ လျှပ်စစ်ဓာတ်အားပြဿနာနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေမှာ မှန်တဲ့နည်းလမ်း၊ မှန်ကန်တဲ့ဘက်ကနေ ပူပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ပါတီတွေနဲ့ တွေ့ဆုံတာလို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ SNLD ပါတီအပါဝင် ပါတီ (၂၇) ပါတီမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာရပ်တွေ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပါတီတွေအနေနဲ့ ပါဝင်ဆောင်ရွက်လိုတဲ့ ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ အပါအ၀င် လက်ရှိနိုင်ငံတော်မှာ ဖြစ်ပေါ် ကြုံတွေ့နေရတဲ့ ပြဿနာအခက်ခဲ အရပ်ရပ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကချင်စစ်ပွဲတွေအပေါ် သမ္မတက KIA ကို အပြစ်ဆို

Posted by drmyochit Saturday, September 29, 2012, under | No comments



 From: ရွှေမြန်မာမီဒီယာဂရု
 အစိုးရသစ် တက်လာပြီးနောက် ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ  ဖြစ်ပွားလာတဲ့အပေါ် တပ်မတော် ဘက် ကနေ တိုက်ခိုက်မှုတွေ မလုပ်ဖို့ သမ္မတ က အမိန့်ထုတ်ခဲ့ပေမယ့် KIA ဘက်က အဲဒီလို အမိန့်မထုတ်ခဲ့ဘူးလို့ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို ပြောပါတယ်။


အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့တုန်းက မြန်မာ သတင်း ထောက် တချို့နဲ့ တွေ့ ဆုံစဉ် ကချင်ကိစ္စနဲ့  ပတ်သက်ပြီး ဘီဘီစီ ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်းက စစ်ပွဲတွေကြောင့် တိုင်းပြည်အ တွက် ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ဆက် လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောပါတယ်။

ဒါပေမယ့် KIA အပါအဝင် တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ ပါဝင်တဲ့ UNFC မဟာမိတ် အဖွဲ့ ဘက်ကလည်း အစိုးရဘက်က ထိုးစစ်တွေ ရပ်ဖို့ဆိုပြီး တိုက်တွန်းခဲ့ တာတွေလည်း ရှိပါတယ်။ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကိုယ်တိုင် ကိုယ်ကျ မပါဝင်နိုင်ပေမယ့် ဝန်ကြီးတွေက သူနဲ့   တွေ့ဆုံတာ၊ သူ့ဆီက အကြံဉာဏ်ယူတာတွေ ရှိကြောင်း သမ္မတ
ဦးသိန်းစိန်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လက်ရှိ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင် ဆောင်
ရွက်နေကြောင်း၊ သူ့ကို ဝန်းရံ ထောက်ခံသူတွေဟာလည်း အရင် စစ်အစိုးရ အပေါ်မှာ အတိုက်အခံ လုပ်သလိုမျိုး လက်ရှိ အစိုးရအပေါ် လုပ်တာမျိုး မရှိတော့ပဲ၊ မထောက်ခံရင်တောင် ဆန့်ကျင်တာမျိုးတော့ မရှိကြောင်း သမ္မတက ပြောပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရေးမှာ နိုင်ငံရေး တည်ငြိမ်မှု ရလာပေမယ့် သမ္မတ အနေနဲ့ ကြုံရတဲ့ အခက်အခဲတွေထဲမှာ စီးပွားရေး တိုးတက်ဖို့ လိုသေးတာ၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့ လိုသေးတာတွေက အခက် အခဲတွေ ဖြစ်နေသေးောကာင်းလည်း သူက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ကနေ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထွက်ခွာဖို့  ရှိတယ်လို့ လည်း သိရပါတယ်။


သမ္မတ ဦးသိန်းစိန်ကို ကချင်တွေ ဆန္ဒပြ

Posted by drmyochit Saturday, September 29, 2012, under | No comments




သမ္မတ ဦးသိန်းစိန် ကုလ သမဂ္ဂ မိန့် ခွန်း ပြောအပြီး အမေရိကန် လုပ်ငန်း ရှင်တွေ နဲ့ နယူးယော့ မြန်မာ မစ်ရှင်ရုံးမှာ တွေ့ ခိုက် အင်အား ၄ဝ လောက်ရှိတဲ့ အမေရိကန် ရောက် ကချင် လူမျိုးတွေ ဆန္ဒပြ ကြပါတယ်။ ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေး နဲ့ စစ်မှန် တဲ့ တွေ့ ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေး ဆန္ဒပြ ရကြောင်း ဆန္ဒပြ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဘရန်ဆိုင်း က ဘီဘီစီ ကို ပြောပါတယ်။ သမ္မတ နဲ့ အတူရှိနေကြတဲ့ နယ်စပ်ရေးရာ ဝန်ကြီးနဲ့ လဝက ဝန်ကြီး နှစ်ဦး က ဆန္ဒပြ ခေါင်းဆောင်တွေ ကို မစ်ရှင်ရုံး အတွင်း ခေါ်ယူ ဆွေးနွေး ကြပါတယ်။



ကချင် ဆန္ဒပြသူတွေ က သမ္မတ ထံ စာတစောင် ပေးလိုက်သလို ကချင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ရပ်ဆိုင်းသွား စေရေး တင်ပြကြပါတယ်။ ဝန်ကြီး နှစ်ဦး ကလည်း အတွင်းမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ ဆွေးနွေး နေတဲ့ အတွက် ဧည့်သည် တွေ ကြား အထင်လွဲ နိုင်ကြောင်း၊ သမ္မတ ကြီး အနေနဲ့ အကောင်းဆုံး ဆောင်ရွက် နေကြောင်း ရှင်းပြ ခဲ့တယ်လို့ ပါဝင်ဆွေးနွေး ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုး ဆောင်၊ သမ္မတ အကြံပေး ဦးလှမောင်ရွှေက ဘီဘီစီ ကို ပြောပါတယ်။

From: ရွှေမြန်မာမီဒီယာဂရု

သမ္မတကြီး ကျန်းမာပါစေ

Posted by drmyochit Saturday, September 29, 2012, under | No comments

From : Myanmar Express
 


 
 
 
 
 
မြန်မာနိုင်ငံအနောက်ဘက်တံခါးမှ နည်းမျိုးစုံဖြင့် ခိုးဝင်ရောက်ရှိနေကြကုန်သော ဘင်္ဂလီလူမျိုးများနှင့် ပါတ် သက်ပြီး ကိုင်တွယ်ဖြေရှင်းရမည့်နည်းလမ်းများကို၊ ဒုက္စသယ်များဆိုင်ရာမဟာမင်းကြီးအား၊ သမ္မတကြီးမှ ခိုင်မာပြတ်သားစွာရှင်းပြလိုက်သောအခါ၊ အတ္တကြီးသော၊ အထူးသဖြင့် မူဆလင်နိုင်ငံများနှင့် ဘင်္ဂလီ လူမျိုးများ သည်၊ မိမိတို့လိုလားချက်နှင့်မကိုက်ညီသောကြောင့် မကျေနပ်ကြချေ။
သူတို့ကျေနပ်အောင်လုပ်ပေးဘို့ကလည်းမဖြစ်နိုင်ချေ။ မတရားဝင်ရောက်နေထိုင်သူများဖြစ်ကြောင်း အခိုင်အမာ အထောက်အထားရှိပါလျှက် နိုင်ငံသားပေးလိုက်လျှင်ကော၊ သူတို့ကျေနပ်ကြမည်လော။
နိုင်ငံသားဖြစ်လာရေးမှာ ဘင်္ဂလီများ၏ ပထမခြေလှမ်းသာဖြစ်သည်။ နောက်တဆင့်လှမ်းလာနိုင်သော နိုင်ငံရေးခြေလှမ်းများရှိနေကြောင်း အထောက်အထားများတွေ့နေရသည်။ အဘယ်ကြောင့်မူ ဘင်္ဂလီများ သည်၊ သူတို့၏ မူလရည်မှန်းချက်ကို မည်သည့်အခါမှ စွန့်လွှတ်မည်မဟုတ်။ ထိုကြောင့်(OIC)ဝင် နိုင်ငံများ သည်၊ မြန်မာနိုင်ငံတွင်အခြေအနေအဝဝနှင့်ကိုက်ညီအောင် ရေးဆွဲပြဌာန်းထားပြီးသော နိုင်ငံတော်၏ နိုင်ငံသားဖြစ်မှုဥပဒေကိုတောင်၊ပြင်ဘို့ဖျက်ဘို့ အားမနာပဖိအားပေးနေသည်။ ဘင်္ဂလီများနယ်စပ် တရားမဝင် ဝင်ရောက်စဉ်က၊ လါဒ်ပေးလါဒ်ယူစနစ် ကျင့်သုံးခဲ့ကြသလို၊ (OIC)ကလည်း၊ နိုင်ငံတော် အစိုးရကိုတောင်ငွေထုပ်ပြပြီး ဖျားယောင်းနေပြန်သည်။ ထိုတွင်မကသေး၊ အနောက်နိုင်ငံများ တွင်ရှိသော၊မြန်မာအစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းများနှင့်လွှတ်တော်အမတ်အချို့ကို ငွေကြေးထောက်ပံ့ကာ၊မြန်မာအစိုးရသိက္မာကျအောင်၊ စွပ်စွဲမှုများပြူလုပ်စေသည်။ူ သဘဘပလုပ်ကြသည်။ ဘင်္ဂလီများနိုင်ငံသားဖြစ်နိုင်ရေးအတွက်၊ နိုင်ငံတကာ စံချိန်မီ၊နိုင်ငံသားဖြစ်ရေးစံပေတံနှင့် တိုင်းတာကြည့်သော်လည်း၊ တစ်ချက်မှမကိုက်ညီ၊ ဤသည်ကိုသိလို့ ဘင်္ဂလီများသည်၊ နိုင်ငံသားရယူရေးထက်၊တိုင်းရင်းသားလူမျိုးဖြစ်ရေးကိုသာ အကွက်ဆင်ဖန်တီးအား ထုတ်ကြသည်။ ၁၃-၉-၁၂ နေ့စစ်တွေမြို့၌၊ အီရန်သံအမတ်နှင့်တွေစဉ် ဘင်္ဂလီများက၊ သီးသန့်လူမျိုးတစ်မျိုး သတ်မှတ်ပေးရန် တောင်းဆိုကြသည်။ အကွက်ကျကျ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း၊ ဘင်္ဂလီများသည် ဇွန်လ(၈)ရက်နေ့မှာ သူတို့၏တိုက်ကွက်ကို စလိုက်နိုင်သည်။ ဘင်္ဂလီများသည် တောင်ကုတ်လူသတ်မှုကို အခါကောင်း ယူကာ၊ မောင်တောနှင့်ဘူသီးတောင်မြို့နယ်ရှိ လူနည်းစုတိုင်းရင်းသား ရခိုင်ရွာများကို လုယက်မီးရှိုးဖျက်ဆီး လိုက်ကြသည်။ ကျောက်နီမော်နှင့်တောင်ကုတ်ပြဿနာကိုပင် မသိလိုက်သော ရခိုင်တို့မှာ ခံလိုက်ရ၏။
မူဆလင်နိုင်ငံများမှနည်းလမ်းမျိုးစုံ့ဖြင့် ဝန်းရံထောက်ပံ့ပေးလာသောအခါ အားတက်လာပြီး သူတို့၏ တိုက်ကွက်ကို အမိအရ ဆုပ်ကိုင်ထားနိုင်သည်။ မူဆလင်နိုင်ငံများမှ ကိုယ်စားလှယ်အများအပြားက လူသားချင်းစာနာမှု မျက်နှာဖုံးစွပ်ကာ၊ တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်လာပြီး၊ သူတို့ ဖြစ်ချင်တာဖြစ်ဘို့ အစိုးရကိုအားမနာပဖိအားပေးသွားကြသည်။ ဤသည်မှာ အချုပ်အချာအာဏာ ပိုင်အစိုးရကို ဘေးထိုင်ထားလျှက်၊ နိုင်ငံသားဖြစ်မှုဥပဒေကို ဆရာလုပ်ချင်သည့်သဘောဖြစ်သည်။ အမှန်မှာ ငြိမ်းချမ်းရေးစကားပြောလာသောသူတို့သည်၊ တခါမှမငြိမ်းချမ်းသောဒေသမှ လာကြ သူများ ဖြစ်သည်။ ထိုသူများသည် မိမိဘာသာ၊ယဉ်ကျေးမှုကိုသာ တန်ဘိုးထားပြီး၊ အခြားဘာသာ၊ ယဉ်ကျေးမှုကိုစော်ကားသည်။ဖယ်ရှားသည်။ ဤသို့လုပ်ရပ်သမိုင်းအထောက်အထားများသည် ယခင် ကာလမှ ယခုကာလ ထိရှိနေသည်။ မောင်တောမြို့နယ်မှ သိရသောသတင်းများအရ၊ ဘင်္ဂလီများသည်၊ သူတိုစီမံဖန်တီး ထားသောအစီအမံ အတိုင်း၊ ယခုရရှိနေသောမူဆလင်နိုင်ငံများ၏ ဝန်းရံပံ့ပိုးမှုများကို အမိအရ ဆုပ်ကိုင်ပြီး၊ ရှေ့ဆက် ခြေလှမ်းများကို ဆက်လုပ်သွားမည်။ ထိုကြောင့် နိုင်ငံတော်အစိုးရမှ မည်သို့ပင်ဒေသ တည်ငြိမ်အေးချမ်းအောင်ကြိုးပမ်းနေသော်လည်း၊ အေးချမ်းလာမည်မဟုတ်ပါ။ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီးနောက်ပိုင်းမှာတောင်၊ ဘင်္ဂလီများ ရန်စအကြမ်းဖက် တိုက်ခိုက်မှု(၅)ကြိမ်ပေါ် ပေါက်ခဲ့သည်။ ၄င်း(၅)ကြိမ်အနက်၊ ဘူးသီးတောင်မြို့နယ်မှ ရခိုင်အမျိုးသမီးငယ် တဦးဓါးခုတ်ခံရမှု၊ ကျောက်တော်မြို့နယ်မှ ဦးကျော်မောင်ချေ လည်လှီး သတ်ခံရမှု နှင့် မောင်တောမြို့နယ်မှလယ်သမား၊ဦးအောင်လှဖြူလယ်တဲစောင့်အိပ်နေစဉ် တုတ်ဓါးသေနပ်တို့ဖြင့် တိုက်ခိုက်မှု(၃)ကြိမ်မှာ ကြီးမားသော ရာဇဝတ်မှုကြီးများဖြစ်သည့်အပြင်၊ အစိုးရ၏တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ချက်ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ဘင်္ဂလီများသည် မူဆလင်နိုင်ငံများ၏ ဝန်းရံပံ့ပိုးမှုကို ရနေသမျှ၊ သူတို့ပန်း တိုင်ရောက်သည်အထိ ဆက်လက်အကြမ်းဘက်ကြဦးမည်သာဖြစ်သည်။ ဘင်္ဂလီများ သည် သူတို့ ပန်းတိုင်မရောက်ဘဲ ဆူပူအကြမ်းဘက်မှုများပြီးဆုံးသွားမှာကို စိုးရိမ်သည်။ အစိုးရမှလည်း လက် တွေ့မှာ လုံခြုံရေးအပြည့်အဝပေးနိုင်မည်မဟုတ်၊ ထိရောက်စွာအရေးယူနိုင်မည်မဟုတ်သလို ဘင်္ဂလီများလည်း စစ်အစိုးရမဟုတ်တော့လို့ မကြောက်။ တိုင်းရင်းသားများသာ ဟိုတနေ့ ဒီတနေ့ အသတ်ခံနေကြရဦးမည်ဖြစ်သည်။ အမှန်မှာ ရခိုင်တိုင်းရင်းသားများသည် ဒီမိုကရေစီကိုလိုလားသည်၊ လူ့အခွင့်အရေးကိုလေးစားသည်၊ ငြိမ်းချမ်းရေးကိုမြတ်နိုးသည်၊ သို့သော် မိမိနယ်မြေ၊ မိမိယဉ်ကျေးမှု၊ ဘာသာသာသနာအမွေအနှစ်များ ပျောက်ကွယ်သွားမှာကို မလိုလားချေ။
နိုင်ငံရေးပါတီ တခုမှဥက္ကဌ ပြောဖူးသလို ရောက်ရှိလာသောဧည့်သည်များကို အိမ်ရှင်မှချော့မော့ ထားချင်ပါသည်။ သို့သော်ဧည့်သည် ၅% သာရှိသောဒေသတွင် အိမ်ရှင်မှချော့မော့ထားနိုင်သော်လည်း၊ ဧည့်သည် ၅ဝ% ရှိသောဒေသတွင်မူ အိမ်ရှင်များခြိမ်းချောက်မောင်းထုတ်ခံနေရသည်။ တိုင်းရင်းသား အချင်းချင်း စာနာကြပါ။ အခုတောင်မောင်တောနှင့်ဘူသီးတောင်မြို့နယ်များ၌ ဘင်္ဂလီမဟုတ်သော တိုင်းရင်သားများမျိုးပျောက်လုလုဖြစ်နေပါပြီ။ ၃% သာကျန်ပါတော့သည်။
မောင်တောနှင့်ဘူးသီးတောင်နေ ရခိုင်များမှာ နောက်တစ်ကြိမ်ဘင်္ဂလီများနှင့်ပြဿနာဖြစ်မည်ကို အထူးစိုးရိမ်နေသည်။ ရခိုင်ပြည်နယ်ပြင်ပဒေသ(တောင်ငူ၊ပြည်၊ပခုက္ကူ)စသောမြို့နယ်များ၌ ဗမာမူဆလင် အဓိကရုန်းဖြစ်စဉ်ကလည်း ၊မောင်တော မြို့နယ်တွင် ရခိုင်များခြိမ်းချောက်ခံခဲ့ရသည်။ စစ်အစိုးရခောတ် ဖြစ်၍ အမြန်ဆုံးဖြေရှင်းလိုက်နိုင်သည်။ နိုင်ငံတော်အစိုးရ၏ ရခိုင်ဒေသ အေးချမ်းတည်ငြိမ်ရေး ကြိုးပမ်းနေမှုအောင်မြင်နိုင်ရန်မှာ အစိုးရမှ (OIC) နိုင်ငံများကို၊ ဘင်္ဂလီများအကြမ်းဖက်မှုရပ်တန့်သွားအောင်တိုက်တွန်းရန်လိုသည်။ဤတစ်ချက်တည်းနှင့်ရပ်တန့်သွားနိုင်သည်။အဘယ်ကြောင့်ဆိုသော်၊ဘင်္ဂလီများအားကိုးနေ သည်မှာ(OIC)ပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရကလည်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းနေချိန် တွင်၊ ပြည်ပနိုင်ငံများနှင့်သင့်တင့်လိုသည်။ ပူးပေါင်းလိုသည်။ သို့သော်မူဆလင်နိုင်ငံများနှင့် ဘင်္ဂလီ များက ယင်းသို့မမြင်။ မြွေပွေးအရေခွံလဲနေချိန်၊ ပျော့နေချိန်တွင်အင်အားသုံး၍ ကိုယ်လိုရာရဖို့ ဖိအားပေးနေကြသည်။ သစ္စာမရှိသော၊ ပြည်ပနေမြန်မာအချို့အား ငှါးရမ်းပြီးမီဒီယာမှတဆင့် ဖိအားပေးစေ သည်။ နိုင်ငံတော်အစိုးရကို ပျော့ညံ့သည်ဟုထင်ရသော်လည်း၊ သမ္မတကြီး၏ ဘင်္ဂလီအရေး ရှင်းလင်း ချက်က ရဲရင့်ခိုင်မာလှသည်။
ဘယ်သူမှလည်း ဤခိုင်မာချက်ကို ပျော့အောင်မလုပ်နိုင်ပေ။ ပျော့အောင် လုပ်သော သူ၊ ပျော့အောင်လုပ်သောအဖွဲ့ အစည်းသည်၊ တိုင်းရင်းသားပြည်သူတရပ်လုံး၏ ရန်သူဖြစ်သွားလိမ့်မည်။ အစိုးရနှင့်ပြည်သူတသားတည်းရှိနေသောမည်သည့်နိုင်ငံကိုမဆို၊ ပြည်ပမှဝင် ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ သည်ပင်လျှင်မတတ်နိုင်ပေ။ ထို့ကြောင့် ထာဝစဉ် မအေးချမ်းသောဒေသမှ နိုင်ငံတွေသိရှိအောင်၊ အစိုးရ၏နောက်မှာ တိုင်းရင်းသားပြည်သူတရပ်လုံး ရပ်တည်လျှက်ရှိကြောင်း ပြသရန်လိုအပ်သည်။
 
မြန်မာ ဘုရင်နောက်ဆုံးထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့တော်ပြည်သူများသည်လည်းကောင်း၊ အမှတ်(၂) အနောက်တံခါး တည်ရှိရာ ကလေးမြို့ပြည်သူများသည်လည်းကောင်း ထောင်သောင်းချီ၍ သမ္မတကြီးအားထောက်ခံ ဆန္ဒပြခဲ့ကြပြီးပြီ။ မြန်မာ့အနာဂါတ်အရေးကို တွေးဆပူပင်ကြသော၊ တိုင်းရင်းသားပြည်သူများနှင့် လွှတ်တော်အမတ်များ မိမိတို့ဒေသအသီးသီးမှာ ဆက်လက်ထောက်ခံပေး ကြဘို့ လိုအပ်နေ ပါသေးကြောင်းပါခင်ဗျား။

မန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ရှိနေသေး

Posted by drmyochit Saturday, September 29, 2012, under | No comments




ယူကေ အခြေစိုက် NGO အဖွဲ့တစည်း တခုဖြစ်တဲ့ Child Soldiers International က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ တော်တော် များများမှာ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေသေးတဲ့ အကြောင်း နောက်ဆုံး ထုတ်ဝေ တဲ့'Louder than Words'လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ မှာ ဖော်ပြပါရှိ ပါတယ်။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၂ ခုနှစ် ဇွန်လအထိ ၂ နှစ်ခွဲ ကာလအတွင်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ အသက် ၁၈ နှစ်အောက် အရွယ်တွေကို စစ်သားအဖြစ် အသုံးပြုမှုတွေ ရှိနေသေးတဲ့အကြောင်း Louder than words ဆိုတဲ့ အစီရင်ခံစာက ရေးသား ဖော်ပြထားပါတယ်။ ကလေးစစ်သား အသုံးပြုမှု အရေအတွက် ဘယ်လောက် ရှိသလဲလို့ Child Soildiers International အဖွဲ့ရဲ့ ပြောခွင့်ရသူကို မေးကြည့်တော့ အရေအတွက် အားဖြင့် အတိအကျပြောဆိုဖို့ အလွန်ခက်ခဲတဲ့ အကြောင်း၊ ဒါကလည်း သက်
ဆိုင်ရာ အစိုးရက လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာမှုတွေ လုပ်ခွင့် မပေးထား တာက အဓိက အကြောင်းအရင်း ဖြစ်ကြောင်းနဲ့ အရင်ကထက် စာရင် မြန်မာ အစိုးရ အနေနဲ့ ပိုပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်လာတယ်လို့ အဲဒီ ပြောခွင့်ရသူက ပြောပါတယ်။ ၁၈နှစ်အောက် အရွယ်တွေကို မြန်မာ့ တပ်မတော် ကနေ အသုံးပြုမှု ရှိနေရုံသာ မက ပြည်တွင်းက လက်နက်ကိုင် အင်အားစုတွေ ကလည်း အလားတူ အသုံးပြမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ မြန်မာ့ ဥပဒေအရ အရွယ် မရောက်သေးသူတွေကို စစ်သားအဖြစ်
အသုံးပြုခွင့် မရှိတဲ့ အတွက် အရွယ်မရောက်သေးသူတွေကို စစ်သား အဖြစ် အသုံးပြုခဲ့ရင် စုဆောင်းခဲ့တဲ့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူတာမျိုး တွေကို မတွေ့ဘူးလို့ သူက ဆက်ပြီးထောက်ပြ ပြောဆို သွားပါတယ်။

မြန်မာနိုင်ငံ ကလေးစစ်သားများ  ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ ဥပဒေပြဌန်းချက် ရှိရမယ် ၊ အသက် အရွယ်နဲ့  ပတ်သက်ပြီး တိတိကျကျ စီစစ်ရမယ် ၊ တာဝန်ခံမှု၊ တာဝန် ယူမှု ရှိရပါမယ် ၊ နောက်ပြီး ကလေးစစ်သားအဖြစ် စုဆောင်းတဲ့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးမယူဘူးဆိုရင်တော့ ဒီကိစ္စတွေ ဆက်ပြီး ဖြစ်နေမယ်လို့ ပြောခွင့်ရသူက ဆိုသွားပါတယ်။ Child Soildiers International ရဲ့ ရှေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး  မေးကြည့်တဲ့ အခါမှာတော့ သူတို့ရဲ့ Louder than Words အစီရင်ခံစာကို
 မြန်မာ အစိုးရထံ တင်ပြမှာ ဖြစ်သလို ကလေးစစ်သား ပပျောက်ရေး အတွက် သူတို့ရဲ့ အချက် ၁၀ ချက်ပါ အကြံပေးချက်တွေကို အစိုးရအနေနဲ့ လုပ်ဆောင်သွားနိုင်အောင်လည်း ပူးပေါင်း လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း Child Soildiers International ရဲ့ ပြောခွင့်ရသူက ဘီဘီစီ ကို ပြောသွားပါတယ်။

From: ရွှေမြန်မာမီဒီယာ 

အမေရိကန်သမ္မတ အိုဘားမား သမ္မတသက်တမ်းမကုန်ဆုံးခင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

Posted by drmyochit Saturday, September 29, 2012, under | No comments




စက်တင်ဘာ ၂၆ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမ္မတ ပထမသက်တမ်း မကုန်ခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိတယ်လို့ သမ္မတဦးသိန်းစိန်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဘီဘီစီကို ပြောပါတယ်။ အလားတူပါပဲ သမ္မတ အိုဘားမားအစိုးရကလည်း သမ္မတဦးသိန်းစိန်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကကို နောက်တခေါက် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ သမ္မတအိုဘားမားတို့ဟာ ဒီတကြိမ်မှာ အမေရိကမှာ မတွေ့ဆုံနိုင်ခဲ့ပေမယ့်လို့ ဒီခရီးစဉ်အတွင်းမှာပဲ သမ္မတဦးသိန်းစိန်ကနေ သမ္မတအိုဘားမားဆီကို သ၀ဏ်လွှာတစောင်ပေးခဲ့တယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ စက်တင်ဘာ ၂၆ က တွေ့ဆုံခဲ့တဲ့ စည်းဝေးပွဲတွေ အပြီးမှာ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်၊ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားတို့ဟာ မြန်မာနိုင်ငံကို မကြာမီ သွားရောက် လည်ပတ်ကြလို့ မြန်မာ့မျက်မှောက် အပြောင်း အလဲတွေကို မျက်တွေ့/လက်တွေ့ လေ့လာကြမယ်လို့ သိရပါတယ်။

From: Myanmar Express

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်