Monday, October 01, 2012

၅၀၀၀ တန် ဖုန်းက အရေးမကြီး၊ ဆက်သွယ်ရေးလုပ်ငန်း ကျေးလက်ဒေသအထိ ကွန်ရက်ဖြန့်ကျက်ဖို့သာ အရေးကြီးသည်

Posted by drmyochit Monday, October 01, 2012, under | No comments




စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ ဆက်သွယ်ရေး   စာတိုက် တစ်ခု၊ စာတိုက်ရှေ့ရှိ စာ တိုက်ပုံးတစ်လုံး၊မြန်မာ့မီးရထား ဆက်သွယ်ရေးစာတိုက်(ဘူတာ)   နယ်မြေတွင် စာတိုက် တစ်ခု၊ည  (၆)နာရီထိ သိမ်းဆည်းသော စာ တိုက်ပုံးတစ်ပုံးသာရှိသည်။
မြို့ဧရိယာရပ်ကွက်ကြီး ၁၁ ရပ်ကွက် ကျေးရွာအုပ်စု ၄၇အုပ် စု၊ကျေးရွာပေါင်း ၂၁၀တွင် လူဦး ရေ(၁၂၂၄၆၇)ဦးတွင် မြို့နေ ၉၁၉၄   ဦး ကျေးလက်(၁၁၃၂၇၃)ဦးရှိပါ သည်။မြို့လူဦးရေနှင့်စာတိုက်ပုံး  ထားရှိနှုန်းက အချိုးမကျ၊လွန်စွာ နည်းလှသည်။
ကောလင်းဆက်သွယ်ရေး စာတိုက်၌ စခန်းမှူး ဆသရ(၃)-  ၁ဦး၊ဆသရ(၄)ဦး-၁ဥဦး၊ဆသရ(၅)-၄ဦးဖြင့်ဖွဲ့စည်း၍ စာဝေ စာမှတ်ပုံ တင်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။စာဝေဌာန ရပ်ကွက်ကလည်း ဘောင်ကျဉ်း နေပါ သည်။မြို့ပေါ်ရပ်ကွက်အား လုံး စည်ပင်နယ်နိမိတ်အားလုံးကို   စာဝေငှနိုင်အောင် ၀န်ထမ်းအင် အားဖြည့်ပေးဖို့လို နေသည်ဟု သိ ရသည်။
ယခု ၂၀၁၁-၂၀၁၂ခုနှစ်တွင်   ပြည်တွင်းပို့ခ ပြည်ပကျပ် ၅၀၀ထိ    တိုးမြှင့်ကောက်ခံနေပါပြီ။အခွန် ထမ်းပြည်သူများ ဖက်ကလည်း   စာမရေးချင်မရသဖြင့် စာတိုက်  (ဆသရ)ကို အပြေးအလွှားအား ကိုးကြရသည်။
ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ပါမှ ပြည်သူလူထု၏ စီ့း ပွားရေးလိုအင်ဆန်္ဒ ၀န်ဆောင်မှု များဖြည့်စွမ်းနိုင်ပါမည်။
ဆက်သွယ်ရေး(ကြေးနန်း)  မှ ဖက်စ် FAX တစ်ရွက် (A4) ကို   နှစ်ရာကျပ်၊ (Legal )  တစ်စောင် ကို သုံးရာကျပ်ဖြင့် သတင်းများ   ပေးပို့နေကြရာ တစ်ဖက်မှ လက်ခံ  သောဌာန သတင်းစာတိုက်၊ ဂျာနယ်တိုက်၏ လက်ခံနိုင်မှု အခြေအနေအရ စောင့်ဆိုင်းနေ  ကြရသည်။

အချိန်နှင့်တစ်ပြေးညီ စာပို့ လုပ်ငန်း ဖက်စ် Fax ၏၀န်ဆောင် မှုလုပ်ငန်းများ ထက်မြတ်သွက် လက်စေရန် သတင်းမီဒီယာများ က လိုလာနေပြီး ဆက်သွယ်ရေး  လုပ်ငန်း ကျေးလက်ဒေသထိ ကွန်ယက်ဖြင့်ကျက်ဖို့လိုပြီ ဒေသခံ  များက ပြောကြားသည်။

From:  Myanmar Express 

တရားဝင်ပြည့်တန်ဆာတန်း ရှိသင့်လား?(ပေးစာ - ၁၇၇)

Posted by drmyochit Monday, October 01, 2012, under | No comments





လူအမျိုးမျိုး .. စိတ်အထွေထွေ.. ၀ါသနာ အဖုံဖုံ ဆိုတော့ တရားဝင်ပြည့်တန်ဆာတန်း ရှိသင့်တယ်/ မရှိသင့်ဘူး ပြောဆိုနေကြတာ သဘာဝကျပါတယ်.. ဒါပေမယ့် ဒီအဆိုကို ကျွန်တော်အနေနဲ့ "မရှိသင့်ဘူး" ဆိုတဲ့နေရာက နေ ဆွေးနွေးကြည့်ချင်ပါတယ်... ဒီနေရာမှာ .. သဘောထားတွေလည်း ကွဲလွဲနေကြအုံးမှာ အသေအချာပါပဲ .. တကယ်တော့.. အဓိကကျတဲ့ အဲဒီရပ်ဝန်းမှာ ကျင်လည် ကျက်စားနေတဲ့ မိန်းကလေးတွေကို ကြည့်လိုက်ရင် ... ၀ါသနာအရလား .. စားဝတ်နေရေးအတွက် ငွေကြောင့်လား လို့ သုံးသပ်ရင် စားဝတ်နေရေးကို အလွယ်တကူ ဖြေရှင်းဖို့အတွက် ဒီအလုပ်ကို အလုပ်တစ်ခု အနေနဲ့ လုပ်နေကြတဲ့သူတွေသာ များပြားမယ်လို့ ထင်မိပါတယ်... ၀ါသနာအရ လုပ်ပါတယ်ဆိုတယ်သူ ရှိကောင်းရှိနိုင်ပေမယ့် ရှားနေပါလိမ့်မယ်..အဓိက ရင်းမြစ်က ငွေကြောင့်ပါ.. သူတို့တတွေ ဘယ်လိုကျက်စားကြသလဲ ဆိုခဲ့ရင်... မှန်ပါတယ်.. နိုက်ကလပ်တွေ.. သိမ်ကြီးဈေး.. ပန်းဆိုးတန်း. အဝေးပြေးလမ်းမပေါ်တွေမှာ ကျင်လည်ကျက်စားကြပါတယ်... ဒီနေရာမှာ သာမန် မိန်းမကောင်းလေးတွေ နဲ့ ရောနှောနေနိုင်တယ် ... သာမန် မိန်းမကောင်းလေးတွေ စိတ်အနှောက်အယှက်ဖြစ်နိုင်တယ် ဆိုပေမယ့် လုပ်စား ကြတဲ့ မိန်းကလေးတွေက သိသာ မြင်သာတယ်လို့ပဲ ဆိုရပါလိမ့်မယ်... ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ် လုပ်စား ကြတဲ့ မိန်းကလေးတွေရဲ့ အပြုအမူ အပြောအဆို အနေအထိုင် ၀တ်စားဆင်ယင်ပုံ ဖောက်သည်ကို မြူဆွယ်တဲ့ ပြုမူ ဆောင်ရွက်ချက်တွေဟာ မိန်းမကောင်းတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ ပြုမူလုပ်ဆောင်မှုတွေ နဲ့ သိသိ သာသာ ကွာခြားနေလို့ပါ ..... ရုပ်ပိုင်းဆိုင်ရာကို ကြည့်ရုံနဲ့တင် အကြမ်းဖျဉ်း ခွဲခြားလို့ ရနိုင်တာမလို့ပါ... မိန်းမ ကောင်းလေးတွေ အနေနဲ့ ၀တ်စားဆင်ယင်ပုံကစလို့ အသွားအလာ အနေအထိုင် အပြုအမူ အပြောအဆိုတွေကို ဆင်ချင်နိုင်ရင် ဘယ်သူမှ ဒီ မိန်းကလေး.. ဒါများလားလို့ မေးငှေါ့စရာ အကြောင်းမရှိနိုင်ပါဘူး ... တရားဝင် ပြည့်တန်ဆာတန်း ရှိသင့်ပါတယ်လို့ ယူဆသူများ ဆိုသလို.... ၀ါသနာ ပါတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ်.. ယောက်ျားလေးပဲ ဖြစ်ဖြစ် . ..မလုပ်ပါနဲ့ လို့ တားနေလို့လဲ မရဘူး . အတင်းအကြပ်ကြီး ပိတ်ပင်လို လဲ့ မရဘူး..သောက်စားပျော်ပါး ဖော်ချွတ် တာကို ခံစားခုံမင် လိုသူတွေ အတွက် သီးသန့် နေရာ တရားဝင် ထား ပေးသင့်တယ် . လက်ရှိ ဈေးကွက် ထဲ မှာ သူတို့ အတွက် တန်ရာ တန်ကျေး ရ ချင်မှ ရ နိုင်လိမ့် မယ် ..တန်ရာတန်ကြေး မှ မရဘူးဆိုရင် . .သူတို့ အတွက် အရမ်း နစ်နာတယ် . လိုင်စင်ရ ပြည့်တန်ဆာတန်း ရဲ့ အားသာချက်က ရောဂါ ဘယ ကင်းတယ် . မိန်းခလေးတွေ တန်ရာ တန်ကြေး ရတယ် .... ဒါကြောင့် လိုင်စင်ရ ပြည့်တန်ဆာတန်း ရှိသင့်တယ် ...လို့ ဆိုကြပါတယ်.... ဟုတ်ပြီ....တရားဝင် ပြည့်တန်ဆာတန်း လုပ်ခွင့်ပြုလိုက်ပြီပဲ ဆိုကြပါစို့ .... လက်ရှိ လမ်းပေါ်မှာ ကျင်လည်ကျက်စားနေတဲ့ မိန်းကလေးတွေအားလုံး တရားဝင် ပြည့်တန်ဆာတန်းကို ရောက် သွားပြီလို့ ဆိုနိုင်မလား ... လမ်းပေါ် မှာ မရှိနိုင်တော့ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ .. တရားမ၀င် ပြည့်တန်ဆာ ပပျောက်သွားနိုင်မလား ... စားဝတ်နေရေးကြောင့် တရားဝင်သွားပြီဟေ့ .. ငွေရလွယ်ကူတဲ့ .. ဘာအရင်းအနှီး.. ဘာ ပညာမှ တတ်စရာမလိုတဲ့ .. အမေပေးတဲ့ လယ်တစ်ကွက်နဲ့ ငါတို့ ဒီအလုပ်ပဲ လုပ်မယ်လို့ မိန်းကလေး အများစု က ဆုံးဖြတ်ခဲ့ရင်ကော ဘယ်လို လုပ်ကြမလဲ... အရေအတွက် အကန့် အသတ် နဲ့ လုပ်ကြမှာလား... သေချာတယ်နော် ... ငယ်ရွယ် နုပျိုစဉ်တုန်းတော့ တရားဝင်ပေါ့ .. လူဆိုတာလည်း ဒီတိုင်းနေလို့ မရဘူးလေ... ပျို ပြီးရင် မလွဲမသွေ အိုရမှာ ... အဲ .. အရွယ်လည်း နည်းနည်း ဟိုင်းလာတော့ တရား မ၀င် တာတွေ ဘယ်လောက်များ များနိုင်မလဲ... တရားဝင် ပြည့်တန်ဆာ များ ရဲ့ မျိုးဆက်ကကော ဘာတွေ ဖြစ်နိုင်မလဲ ... အဲဒီ အသိုက်အမြုံကို ဘယ်လို ထိမ်းချုပ်နိုင်မလဲ ... တရားဝင်ဖြစ်လေလေ ကျယ်ပြန့်လေလေဆိုတာ သဘာဝပါ.... နောက်ပြီး တရားဝင်ပါတယ်ဆိုတဲ့ အဲဒီရပ်ဝန်းကို ဘယ်သူတွေ သွားကြမလဲ ... မှန်ပါတယ်... သောက်စားပျော်ပါး ဖော်ချွတ် တာကို ခံစား ခုံမင် လိုသူတွေ သွားကြမှာ အသေ အချာပါ ... မသောက် မစားပဲ ပျော်ပါးချင်တဲ့သူတွေ ရှိနိုင်ပေမယ့် အနည်းအကျဉ်းပဲ ဖြစ်မယ်ထင်ပါတယ်.. ပြည်တန်ဆာတန်းကို သွားဖို့ သောက်ကြ စားကြဦးမှာပါ.. ၀ါသနာပါတဲ့ လူကြီး လူငယ်မရွေး ပုရိသယောက်ျားများ သွားရောက် အားပေး ကြမှာပါ ... ဒီနေရာမှာ မူးယစ်ဆေးဝါး ပြဿနာကလည်း ထည့်သွင်းစဉ်းစားရပါလိမ့်ဦးမယ်.. နိုင်ငံတကာ တရားဝင် ပြည့်တန်ဆာတန်းရဲ့နောက်ကွယ်မှာ တရားမ၀င် မူးယစ်ဆေးဝါးအန္တရာယ်ကလည်း ကပ်ညှိပါလာတတ်လို့ပါ ... နောက်ပြီး မုဒိန်းမှုတွေ ပိုပေါလာမှာ စိုးရွံ့မိပါတယ် .. လက်တွေ့ ကွင်းဆင်းပြီးဖြစ်လို့ အပြင်မှာ လက်တဲ့စမ်းမှာ မလို့ပါ .. လက်ရှိအနေ အထား မှာတောင် များပြားနေတဲ့ မုဒိန်းမှုတွေရဲ့ တရားခံက အမြင်သက်သက် ခံစားမှု ပေးစွမ်းထား တဲ့ အတုမြင်အတတ်သင်စေတဲ့ တရားမ၀င် ဆင်ဆာညစ်ညမ်းခွေတွေကြောင့်လို့ သုံးသပ်ထားတာမလို့ပါ ... နောက်ဆက်တွဲအနေနဲ့ တရားဝင် ပြည့်တန်ဆာတန်း ဖြစ်သွားတာနဲ့ ရောဂါဘယ ကင်းတယ်ဆိုတာ သေချာနိုင်မလား.. လိင်မှတဆင့် ကူးစက်စေနိုင်တဲ့ ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV .. အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတဲ့ ကူးစက်စေတတ်တဲ့ ရောဂါဘယတွေကို ဘယ်လောက်များ လုံခြုံမှု ပေးနိုင်မလဲ .. ဆိုကြပါစို့ ... လက်ရှိဆေးပညာအရ အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတာတွေကို မကူးဆက်အောင် ကာကွယ်ဆေးတွေ ထိုးလို့ ရတယ်ပဲထား ...ဘယ်လောက်ထိများ အလေးထားပြီး ဆောင်ရွက်ပေးနိုင်ကြမှာလဲ .... ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV ကို ဘယ်လို ကျော်ဖြတ်မလဲ ..... HIV ရဲ့ သဘာဝကိုက ရောဂါဝင်ပြီး (၆)လနေမှ HIV ပိုး ရှိ/မရှိ ကို အသေအချာ စစ်လို့ရနိုင်တာ မလို့ပါ .. လူကထွက်တဲ့ အရည်မှန်သမျှ နဲ့ ကူးစက်နိုင်တာ .. အခန့်မသင့်ရင် kissing အနမ်းပေးရင်း.. xx စို့ရင်းနဲ့လဲ ကူးစက်သွားနိုင်တာ .... ၀ါသနာပါတယ်ဆိုတဲ့ လူကြီး လူငယ် မရွေး ပုရိသယောက်ျားများတွေကို ဘယ်လောက်ထိများ စိတ်ချလုံခြုံစေနိုင်မလဲ .... ပိုက်ဆံဆိုတာ လူ့ကျင့်ဝတ် သိက္ခာလောက် တန်ဘိုး မရှိနိုင်တာမလို့ ... တန်ရာတန်ကြေး ရခြင်း/မရခြင်းကို သမာအာဇီဝ အလုပ်ဟု မဆိုထိုက်သည့်အတွက် ဝေဖန်ချက်မပေးလိုတော့ပါ .... မှန်ပါတယ် ... လက်ရှိအနေအထားမှာလဲ ... ဒီအလုပ် လုပ်စားကြတဲ့ မိန်းကလေးတွေ ဒု နဲ့ ဒေး ရှိနေတယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး... ကျွန်တော့်ကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ် အမြင် မရှိဘူးလို့ ဆိုချင် ဆိုကြပါတော့ ... တရားဝင် ပြည့်တန်ဆာတန်း ရှိသင့်တယ်ဆိုတဲ့ နေရာမှာ ... ကျွန်တော်တို့ဟာ မြန်မာလူမျိုး ... မြန်မာ မိသားစုဘ၀...မြန်မာလူ့ဘောင်အသိုင်းအ၀ိုင်း .... မြန်မာ့ လူဘောင်လောကရပ်ဝန်း ...မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံ .... ဒါတွေအားလုံးကို ပစ်ပါယ်ထားလို့ ရနိုင်မလား.. ကိုယ့်ဆွေမျိုးသားချင်း ညီမတွေက " ကျွန်မ တရားဝင်ပြည့်တန်ဆာလုပ်ပါရစေ" ဆိုခဲ့ရင် ခွင့်ပြုနိုင်မှာလား ... ကိုယ်တိုင်ကကော .. " ရှင်မရေ/ရည်းစားဦးလေးရေ... ငါ တရားဝင် ပြည့်တန်ဆာတန်း သွားပျော်လိုက်ဦးမယ် " လို့ ဆိုဝန့်သလား ....ဆိုထိုက်သလား ... ကျွန်တော့် အနေနဲ့ကတော့ တရားဝင်ပြည့်တန်ဆာတန်း ရှိသင့်တယ်/ မရှိသင့်ဘူးဆိုတာထက် .. ဒီရပ်ဝန်းမှာ ပျော်မွေ့စွာ ကျင်လည်ကျက်စားနေကြတဲ့ မိန်းကလေးတွေ ဘာကြောင့် ဒီအလုပ်ကို လုပ်နေကြတာလဲ ... ဘယ်လို ကုစားလို့ ရနိုင်မလဲ ....ဘယ်လို ရုန်းထွက်လို့ ရနိုင်မလဲ... ဘယ်လို ပြုစုပျိုးထောင်မလဲ .... အမှောင်ထဲမှာပဲ ထားကြမလား...အမှောင်ကိုခွင်း အလင်းကို မဆောင်ကျဉ်း နိုင်ကြတော့ဘူးလား ဆိုတာကိုပဲ .. ၀ိုင်းဝန်း စဉ်းစား အဖြေရှာစေချင်တာပါပဲ ... လမ်းမှားရောက်နေသူကို လမ်းမှန် ပို့ပေးတဲ့သူဟာ အမြင့်မြတ်ဆုံး နဲ့ တန်ဘိုး အကြီးမားဆုံး သူတွေပါ... သူတို့ လေးတွေကို ... သူ့စရိတ်နဲ့သူ သွားပစေဆိုပြီးတော့ ....သူ့ထိုက်နဲ့ သူကံ ဆိုပြီးတော့ လစ်လျူရှုထားကြမယ် .... ဒီအတိုင်းပဲ ပစ်ထားကြမယ် ... ဒီအတိုင်းပဲ စွန့်ပစ်ထားကြမယ်.... ဒီအတိုင်းပဲ ပါယ်ထားလိုက်မယ် ဆိုလို့ကတော့ ....မွန်းတည့်ချိန်မှာ နေ၀င်ပြီး ... ဘ၀တွေအဆုံးသတ်သွားမှာ .... အသေအချာပါပဲ..... လူ့ဘောင်လောက ရပ်ဝန်း ရဲ့ လွတ်လပ်ခြင်းကို အနှောင်အဖွဲ့ အချုပ်အချယ် ကင်းစွာ ပုံဖော် ထုစစ်ကြမည်ဆိုပါက စနစ်တံဖြုတ်ထားသော ဗုံးတစ်လုံးနှင့် တူနေမှာ သေချာပါတယ်... သစ်ပင်စိုက်ဖို့ ရေလိုပါတယ်... ဒါပေမဲ့ ရေတွင်းထဲမှာ သစ်ပင်စိုက်လို့ မရနိုင်ဘူး ... တကယ်လို့များ ... 

*ဘာသာရေးအသိ.. ရှိကြမယ်ဆိုရင်...

*ကိုယ့်ကျင့်သီလ..စာရိတ္တတွေ.. လက်ကိုင်ထားကြမယ်ဆိုရင် ...

*မိန်းမကောင်း ပန်းပန် ..တစ်ပွင့်တန် ..ဆိုသကဲ့သို့ တစ်ပွင့်တန် မိန်းကလေးများဖြစ်ခဲ့မယ်ဆိုရင် .....

 *တလင် တစ်မယားစနစ် ဖြစ်တဲ့ မြန်မာ့ မိသားစုဘ၀ကို နှစ်သက်မြတ်နိုး တန်ဘိုးထားခဲ့ကြမယ် ဆိုရင်....

 *ရတာလေး နဲ့ ၀အောင်စား .. ရှိတာလေးနဲ့ လှအောင်ဝတ်

ဆိုတဲ့ ... ရှေးမြန်မာတို့ရဲ့ ဆိုရိုး ဆုံးမစကား ကို လိုက်နာ မြတ်နိုး တန်ဘိုးထားကြမယ်ဆိုရင်... *အမှား အမှန်မသိဘဲ ခံစား ခုံမင် ပျော်မွေ့သူ တစ်ယောက် ဖြစ်နေရတာထက် ... အမှန် အမှား ခွဲခြားတတ်တဲ့ လူတစ်ယောက် ဖြစ်ရတာမှ လူဖြစ်ရကျိုး နပ်ပါတယ် လို့ ဆိုခဲ့ရင်... တရားဝင် ပြည့်တန်ဆာလုပ်ငန်း မြန်မာ့လူဘောင်ဘောက ရပ်ဝန်းတွင် ထည့်သွင်း စဉ်းစားရန် မလိုအပ်ဟု ထင်မြင်မိပါတော့တယ်.... သံ ချေး သည် သံ မှ ပင် ဖြစ် ပေါ် လာ ပြီး ... ထို သံ ကို ပင် ပြန် ၍ စား သ ကဲ့ သို့ ... မ ကောင်း မှု ပြု သော သူ ကို ထို မ ကောင်း မှု က ပင် မ ကောင်း သော ဘ ၀ .. မ ကောင်းသောမျိုး ဆက် သို့ မ လွဲ ဧ ကန် ပို့ ဆောင် ပေး နေ လိမ့် ဦး မည် ဖြစ် သည်....

From: Myanmar Express 

ဆိုက်ဘာ ဥပဒေသစ်ကြောင့် ဖိလစ်ပိုင်ရှိ ဟက်ကာများ အစိုးရ ဆိုက်များကို တိုက်ခိုက်

Posted by drmyochit Monday, October 01, 2012, under | No comments



From : mrtv4

Anonymous Philippines ဟု အမည်ရသည့် ဟက်ကာအုပ်စု တစ်ခုမှာ ဖိလစ်ပိုင် နိုင်ငံရှိ အစိုးရ ဝက်ဘ်ဆိုက်များကို
တိုက်ခိုက်ခဲ့ကာ ယခုလ အစောပိုင်းက ဆိုက်ဘာပြစ်မှု ဥပဒေကို ပြဌာန်းလိုက် အပြီးတွင် လက်တုံ့ပြန်သည့် အနေဖြင့် ယခုလို လုပ်လိုက်ခြင်း ဖြစ်သည်။ ဟက်ကာများမှာ အစိုးရဆိုက်များ ဖြစ်သည့် ဗဟိုဘဏ်ဆိုက် ၊ မနီလာ ရေဝန်ဆောင်မှုနှင့် အခြားသော အေဂျင်စီများ၏ ဆိုက်စာမျက်နှာများတွင် အဆိုပါ ဥပဒေသစ်ကို ရှုတ်ချသည့် စာသားများ ရေးသား သွားခဲ့ကြောင်းလည်း သိရသည်။

ယင်းဥပဒေမှာ ပြည်သူများ၏ အခွင့်အရေးကို ချိုးဖောက်နေကြောင်း ရေးသားခဲ့သည်။ အဆိုပါ စာသားတွင် ဖိလစ်ပိုင် အစိုးရ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို သိသိသာသာ ထိခိုက်စေမည့် ဥပဒေကြမ်းကို ပြဌာန်းလိုက်ပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။ ယင်းဥပဒေသစ် အရ အသားရေဖျက်သည့် စာသားများကို အင်တာနက်မှ တစ်ဆင့် tweets, blogs သို့မဟုတ် Facebook စာမျက်နှာများထက်တွင် ဖော်ပြပါက မည်သူမဆို ထောင်ချခံရမည် ဖြစ်ကြောင်း သိရသည်။ အခြားသော ကန့်သတ်ချက်များ အဖြစ် ဆိုက်ဘာ လိင်မှုခင်းများ ၊ အွန်လိုင်း ကလေးသူငယ် ညစ်ညမ်းဇတ်ထုပ်များနှင့် ကွန်ပြူတာ စနစ်များသို့တရားမဝင် ဝင်ရောက်ခြင်းနှင့် အချက်အလက်များ ခိုးယူခြင်း တို့အတွက် အပြစ်ပေးမှုကို ခံကြရတော့မည် ဖြစ်သည်။

နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်မှု ၁၅ ရာခိုင်နှုန်း မြင့်တက်လာ

Posted by drmyochit Monday, October 01, 2012, under | No comments


From :  MRTV4


 ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ နှစ်စဉ် မြင့်တက် လျက်ရှိရာ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ နှစ်အလိုက် အမြင့်ဆုံး ဓာတ်အား လိုအပ်ချက် တိုးတက် လာမှုဟာ ၁၅ ရာခိုင်နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ် အထိ ဓာတ်အား လိုအပ်ချက်ဟာ နှစ်စဉ် ၁၀ ရာခိုင်နှုန်း ရှိလာ နိုင်တယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ခန့်မှန်း တွက်ချက် မှုအရ သိရပါတယ်။ လက်ရှိ ၂၀၁၂ ခုနှစ် ဓာတ်အား လိုအပ်ချက် ပမာဏဟာ ပြောကြားမှု အရ တစ်ထောင့် ရှစ်ရာ ငါးဆယ် မဂ္ဂါဝပ် ရှိပြီး လာမယ့် ၂၀၁၃ ခုနှစ်မှာ နှစ်ထောင့် တစ်ရာ နှစ်ဆယ့်ရှစ် မဂ္ဂါဝပ် ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ် ဓာတ်အား လိုအပ်ချက်ဟာ တစ်ထောင့် ရှစ်ရာ ငါးဆယ် မဂ္ဂါဝပ် ရှိနေပေမယ့် လက်ရှိ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ဟာ တစ်ထောင့် ငါးရာ ငါးဆယ် မဂ္ဂါဝပ်သာ ထုတ်လုပ် နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိ ပြည်တွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကဏ္ဍမှာ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ အခု ၂၀ နဲ့၊ ပြည်ပမှ ကုမ္ပဏီ ၂ ခုတို့က ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဖြူးခြင်း ကဏ္ဍ ၂ ခုလုံးကို ဆောင်ရွက်နေတဲ့ ပြည်တွင်းမှ ကုမ္ပဏီ ၂၃ ခုနဲ့ ပြည်ပ ကုမ္ပဏီ ၅ ခုရှိတယ်လို့ သတင်း ရရှိပါတယ်။ 

၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်မှုအတွက် စိစစ်မှုများ စတင်ပြုလုပ်နေ

Posted by drmyochit Monday, October 01, 2012, under | No comments


From : MRTV4

၂၀၁၁ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အတွက် ရွေးချယ် ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၁၅ ကားကို ယခု စက်တင်ဘာလအတွင်းမှ စတင်ကာ စိစစ်ကြည့်ရှု အကဲဖြတ်မှု များ စတင်ပြုလုပ် နေပြီ ဖြစ်တယ်လို့ ရုပ်ရှင်ထူးချွန်ဆု အခြေခံ စိစစ် တည်းဖြတ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီလို အကဲဖြတ် ရွေးချယ် ထားတဲ့ ၂၀၁၁ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အတွက် ဇာတ်ကားများမှာ ဟော့ရှော့ ၃၊ အလန်းဇယား၊ ငါ့နှမလေးပွသွားပြီ၊ လာထား အာဘွား-၂၊ အိုင်လပ်ဖ်ယူ၊ ဖလန်းဖလန်း ဖြစ်တဲ့ အချစ် ၊ အားလုံးက ဟော့မှကြိုက်တယ် ၊ ချောကလက် ဘေဘီ ၊ ၀ဋ်ကြွေး ၊ ထာဝရ အလင်းတန်းများ ၊ ချိန်း၊ ချစ်ပန်းဝေ၊ အမွှေဇယား၊ ရင်ကွဲနာ၊ ပန်းကြာဝတ်မှုန် အစရှိတဲ့ ဇာတ်ကားများပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုနှစ် ထူးချွန်ဆု ချီးမြှင့်ပွဲ မှာတော့ စိစစ် အကဲဖြတ်ရေး အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ယခင်က ၁၅ ဦးနဲ့ ရွေးချယ်မှာမှ ယခုနှစ်တော့ သရုပ်ဆောင် အတတ်ပညာရှင် ၂ ဦး ထည့်သွင်းပြီး စုစုပေါင်း ၁၇ ဦးနဲ့ ရွေးချယ်ပေး သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို ၂၀၁၁-၂၀၁၂ ခုနှစ် အတွက် ရန်ကုန်မြို့မှာ ကျင်းပ နိုင်ဖို့ အတွက်ကို စီစဉ်ဆောင်ရွက် လျက်ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်လောက်က စတင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန ထံကို တင်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကောင်းကင်ယံမှ လေဖြင့် လျှပ်စစ်ဓါတ် ထုတ်ရန် စမ်းသပ်နေပြီ

Posted by drmyochit Monday, October 01, 2012, under | No comments


From : mrtv4

မြေမျက်နှာပြင် အထက်ပေ တစ်သောင်းကျော်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် အတွက် လေပူဖောင်း အတွင်းတွင်
တာဘိုင်များ ထည့်သွင်းကာ စမ်းသပ်မှုကို စတင် ပြုလုပ်လိုက်ပြီ ဖြစ်သည်။ ကမ္ဘာမြေပြင် အထက်မီတာ ၃၀၀ ကျော် လာပါက လေတိုက်နှုန်းမှာ မြင့်မားလာသည့် အပြင် မြေပြင်ထက်တွင် တိုက်ခတ်နေသည့် လေထက် ပိုပြီးစွမ်းအင်ပြင်း ကာ စိတ်ချရကြောင်း သိရသည်။

ယခု စမ်းသပ်မှုအရ အဆိုပါ အမြင့်တွင် တာဘိုင်များ၏ အလုပ်လုပ်မှု များမှာ ပုံမှန်ပင်  ဖြစ်ပြီး လေဘောလုံးကို ဆွဲထားသည့် ကြိုးမှတစ်ဆင့် မြေပြင်ပေါ်သို့ လျှပ်စစ်ဓါတ်အား ပြန်ပို့နိုင်ကြောင်းလည်း သိရသည်။ ယခုလို စမ်းသပ်မှုမှာ လုံးဝ အသစ်တစ်ခု ဖြစ်ပြီး ဆန်းသစ်သည့် လုပ်ဆောင်ချက် တစ်ရပ်လည်း ဖြစ်သည်။ ထို့အပြင် နောက်ထပ် အဖြစ် အဆိုပါ ပူဖောင်းတွင် ရှိသည့် တာဘိုင်တွင် ပါသော လက်များမှတစ်ဆင့် အင်ဂျင်ကို လည်ပတ်စေပြီး ရွှေ့လျားမှု ပြုစေနိုင် မည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုလို တီထွင်မှု အတွက် အချို့မှ ပြောရာတွင် လေယာဉ်ပျံသန်းမှုများ အတွက် အန္တရာယ် ဖြစ်စေနိုင်ကြောင်း ပြောခဲ့ပြီး အချို့ကမူ ယခုလို ပြုလုပ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်နိုင်ကြောင်း ပြောခဲ့သည်။ သို့ရာတွင် ယခု တီထွင်မှုမှာ လုံးဝအစသာ ရှိနေသေးပြီး နောက်ထပ် ဆန်းစစ်မှုများစွာကို ပြုလုပ်ရဦးမည် ဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်ကိစ္စ OIC ကို ဘန်ကီမွန်းသတိပေး

Posted by drmyochit Monday, October 01, 2012, under | No comments


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိ ရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက် ပါတယ်။

OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။

(၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံအပြီး သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာမှ တော့ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ရပ်ရွာဒေသတွင်း ရှိနေကြသူ အချင်းချင်းသဟဇာတဖြစ်အောင် နေထိုင်နိုင်ရေး၊ ပြဿနာ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို ဖယ်ရှားရေး စတာတွေကို ရေတို ရေရှည် ရှုထောင့်တွေကနေ နည်းလမ်းရှာ ကိုင်တွယ်ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပြီး ရခိုင်အရေးကို ပြေလည်သည်အထိ ဖြေရှင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိက၀တ်ပြုခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နီဆာကီက ပြောဆိုပါတယ်။

ဒါ့ပြင်ကချင်ပြည်နယ်က လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အတွက်လည်း အားလုံးပါဝင်ပြီး လက်တွဲညီညီ ဆောင်ရွက်သွားဖို့လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။
 
 

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်သလို ဒေသတွင်းကိုပါ ရိုက်ခတ်လာမှာ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က သတိပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေကြား လူပေါင်း ၈၈ ယောက်အထိ သေဆုံးပြီး ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာသမ္မတ ဦးသိန်းစိန်၊ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အကြီးအကဲတို့နဲ့ သီးခြား တွေ့ဆုံချိန်မှာ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။

အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်တဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ တွေ့ဆုံချိန်မှာတော့ ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းရာမှာ သတိကြီးကြီးထား ကိုင်တွယ်ဖို့နဲ့ ဒီလိုမှ မဟုတ်ရင် သက်တမ်း နုနယ်သေးတဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မယ့် အဖြစ်မျိုးတွေ ကြုံရ နိုင်တယ်လို့ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ကတော့ ရေရှည်ပြေလည်မှု ရစေမယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ့် အကြောင်း စနေနေ့က တွေ့ဆုံစဉ် အတွင်းရေးမှူးချုပ်ကို ပြောဆိုခဲ့တာပါ။ အစိုးရရဲ့ အကြီးအကဲအဖြစ် ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ လူမှုရေး၊ စီးပွားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။  
 
From: Myanmar Express 

ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား

Posted by drmyochit Monday, October 01, 2012, under | No comments



From : Myanmar Express
ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသော ကြေးနီတောင် စီမံကိန်းသည် ပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်ဆိုပါက ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တော် တွင် ပြုလုပ်သော မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ဒေသခံများ၏ ရေရှည် ဘ၀ အာမခံချက် မရှိခြင်း၊ သဘာဝတ်ဝန်းကျင် စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှု အားနည်းခြင်း တို့ကြောင့်ဟုဆိုကာ ဒေသခံများက စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို နေချိန်တွင် သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် ပြန်လည် သုံးသပ်နိုင်ပြီး ထိုသို့ ရုပ်သိမ်း နိုင်ကြောင်း သမ္မတရုံး ၀န်ကြီးလည်းဖြစ်သူ ဦးစိုးသိန်းက ပြောကြားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို လုပ်ဆောင်သော ကုမ္ပဏီများ အနေနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ရှိနိုင်ပြီး လူမှု တာဝန် ယူမှု ပစ်ပယ် ထားခြင်း ကြောင့်လည်း ယင်းသို့သော ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်နိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။

"ဒီပြဿနာ ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်နဲ့ ခြောက်လကတည်းက အမြဲပြောနေတယ်။ သို့သော်လည်း ဖြစ်တယ်"ဟု ဦးစိုးသိန်းက ဆိုသည်။

ဒေသခံ များသည် မူလက သက်ဆိုင်ရာ လျှော်ကြေးငွေများကို ကြည်ဖြူစွာ ရယူခဲ့သော်လည်း နောက်ပိုင်းတွင် လျှော်ကြေးငွေ တိုးတောင်းခြင်း စသည့် ပြဿနာများ ရှိလာပြီး စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆို လာကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်က ပြောဆိုထားသည်။

"ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေး အင်အားစု တွေပါလာလို့ သွေးထိုးလှုံ့ဆော်လို့ဖြစ်ရတာပါ"ဟု ၄င်းကဆိုသည်။

လုပ်ဆောင် နေသော ကုမ္ပဏီများအနေနှင့် လူမှုတာဝန်ယူမှုကို ကောင်းမွန်စွာ လုပ်ဆောင်ပါက ဒေသခံများ၏ ထောက်ခံမှုရရှိနိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။

"ကျွန်တော် ထင်တာတာ့ Error (အမှား) ရှိတယ်"ဟု ၎င်းကဆိုသည်။

သမ္မတကြီး၏ အမိန့်ဖြင့် ပြန်လည် သုံးသပ်နိုင်ကြောင်း ဦးစိုးသိန်းက ပြောဆို သော်လည်း ပြန်လည် သုံးသပ်ခြင်း၊ မသုံးသပ်ခြင်း များဆက်လက်ပြုလုပ်မည်ကိုမူ သဲကွဲစွာပြောဆိုခြင်းမရှိပေ။

ယင်းစီမံကိန်းကို မြန်မာ့စီးပွားဦးပိုင်လီမီတက်နှင့် တရုတ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီ ဟုဆိုသော ၀မ်ပေါင် တို့ ပူးတွဲလုပ်ကိုင်လျက်ရှိသည်။

သမ္မတဦးသိန်းစိန်ရန်ကုန်လေဆိပ်အရောက်တွင် လူထုဖြင့် ခမ်းနားစွာကြိုဆိုရန်စီစဉ်နေ

Posted by drmyochit Monday, October 01, 2012, under | No comments



 
From : Myanmar Express

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုမှမြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အောက်တိုဘာ ၁ရက်နံနက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ရာ သမ္မတကြီးအား လူထုဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုရန်စီစဉ်နေကြောင်း လူထုလူတန်းစားအဖွဲ့အစည်းများကပြောသည်။

“ ကျွန်တော်တို့မနက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သွားရောက်ကြိုဆိုကြမှာဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ ထပ်မံဖြေလျော့အောင်ကြိုးစားပေးနိုင်ခဲ့တဲ့ သမ္မတကြီးရဲ့ အမေရိကန်ခရီးကို ဂုဏ်ပြုချင်လို့ပါ” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်မီဒီယာသို့ဆက်သွယ်ပြောကြားသည်။

“လူအင်အား တစ်ထောင်နီးပါးလောက်တော့ရှိမယ်လို့ခန့်မှန်းထားပါတယ်။ သမ္မတကြီးဟာ နယူးယောက်မှာရှိတုနုး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုပြန်လည်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်ကြိုဆို ကြပါမယ်။မည်သူမဆိုလာရောက် ကြိုဆိုကြဖို့လဲ တတ်နိုင်သမျှဆော်သြနေပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ရက်နံနက် ၉နာရီခွဲတွင် လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။

သမ္မတဦးသိန်းစိန်သည် နယူးယောက်တွင်ရှိနေစဉ် ကုလသမဂ္ဂအစည်းအဝေးတွင်ထူးခြားသောမိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံရေးမှထင်ရှားသူများ၊အာရှလူ့အဖွဲ့အစည်း၊အမေရိကန်ရောက်မြန်မာများ၊မေရိကန်လုပ်ငန်းရှင်များစသည်တို့နှင့် ရင်းနှီးစွာတွေ့ဆုံးခဲ့သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်တွှေု့ဆုံစဉ် အမေရိကန်က မြန်မာ့ပို့ကုန်များပိတ်ပင်ထားမှုရုပ်သိမ်းပေးမည့်ကတိက၀တ်များရရှိခဲ့သည်။

ထို့အပြင် အမေရိကန်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး တည်းခိုရာသို့လာရောက်ကာ ခေါင်းဆောင်နှစ်ဦး နွေးထွေးစွာတွေ့ဆုံခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ် အတိုင်း အထက် အလွန် အောင်မြင် ကြောင်း ဒါက်တာကျော်ရင်လှိုင် မှ VOA သို့ဖြေကြား

Posted by drmyochit Monday, October 01, 2012, under | No comments



 
From : Myanmar Express
voa - ဒေါက်တာ ကျော်ရင်လှိုင်ခင်ဗျ၊ အခု သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်ပေါ့၊ ပြန်လည်း ပြန်ခါနီးပြီဆိုတော့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဘယ်လိုများ မြင်လဲ။ ကျေနပ်အားရမှုရှိလား။ -
 
ဒေါက်တာကျော်ရင်လှိုင် - “သမ္မတကြီးရဲ့ အခုလက်ရှိလာတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကို တက်ဖို့အတွက် ခရီးစဉ်က အတိုင်းအထက်အလွန် အောင်မြင်ပါတယ်ခင်ဗျ။ ဒါက ကျနော်တို့က ကုလသမဂ္ဂ ညီလာခံမှာဆိုလို့ရှိရင်လည်း လာတက်ကြတဲ့အခါမှာ ခါတိုင်းဆိုရင် လူတွေက နည်းနည်းပဲ တက်ကြပေမဲ့ သမ္မတကြီးနေ့မှာတော့ လူတွေ အများကြီး တက်ကြပါတယ်။ နောက်ပြီးတော့ အမေရိကန်အစိုးရ အဖွဲ့က အရာရှိကြီးတွေလည်း လာပြီးတော့ သမ္မတကြီးကို ဂါရ၀ ပြုကြတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်၊ နောက် ဟင်နရီ ကစ်ဆင်ဂျာ လို အရေးကြီး ပုဂ္ဂိုလ်ကြီးတွေကလည်း လာပြီး သမ္မတကြီးကို ဂါရ၀ ပြုကြပါတယ်။ သူတို့တွေ အားလုံးကလည်း မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေး တိုးတက်ဖို့ အတွက် သူတို့တွေ အင်တိုက် အားတိုက် လုပ်ကြမယ်ဆိုတာကို ကတိပြုပြီး ပြောကြတယ်လေ။ ကျနော်ကတော့ အတိုင်းနဲ့အလွန်ကို အောင်မြင်တယ်လို့ ထင်ပါတယ်ခင်ဗျ။”

voa - တဆက်တည်းပဲ ကျနော်တို့ကြားရတဲ့ သတင်းတချို့မှာတော့ အမေရိကန် သမ္မတ အိုဘားမား ကလည်း မြန်မာနိုင်ငံကို သွားမယ်လို့ ကြားနေလို့။ အဲဒါနဲ့ ပတ်သက်လို့ရော သူတို့ဘက်က ဘာများ ပြောတာဆိုတာ ရှိပါလဲခင်ဗျ။ -

ဒေါက်တာကျော်ရင်လှိုင် - “ဒါကတော့ ဒီလို သွားမယ်ပြုမယ် ဆိုတာကတော့ ဘာမှမရှိသေးပါဘူး ခင်ဗျ။ သမ္မတကြီး ဦးသိန်းစိန် ကနေ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့တဲ့အခါမှာ သမ္မတကြီး အိုဘားမားကို နှုတ်ခွန်းဆက်တဲ့ စာလေးတစောင် ပေးပါတယ်။ အဲဒီစာထဲမှာတော့ သမ္မတကြီး အိုဘားမားကို သမ္မတကြီး ဦးသိန်းစိန်က အချိန်အားတဲ့အခါမှာ မြန်မာနိုင်ငံကို လာလည်ပါဦးလို့ ဖိတ်ကြားတာ ရှိပါတယ်။ အခုချိန်မှာလည်း အမေရိကန် နိုင်ငံမှာ ရွေးကောက်ပွဲ အချိန် ဖြစ်နေတဲ့ အခါကျတော့ သမ္မတကြီး အိုဘားမား ကလည်း အလုပ်တွေ အရမ်း များနေပါတယ်။ နောက် သူ အချိန်အားတဲ့အခါမှာ လာနိုင်မလာနိုင်ကတော့ အဲဒီအခါကျမှ သူ စဉ်းစားပြီး ဆုံးဖြတ်မှာပေါ့လေ။ အခုကတော့ ကျနော်တို့ဘက်က သမ္မတကြီး အိုဘားမားကို မြန်မာနိုင်ငံကို အချိန်အားတဲ့အခါမှာ လာရောက် လည်ပတ်ပါဦးလို့ ဖိတ်ကြားထားတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။”

voa - နောက်ဆုံးတချက်လေး မေးချင်ပါတယ်။ အခုက မြန်မာသမ္မတ တဦးအနေနဲ့ အမေရိကန် ခေါင်းဆောင်တဦး အနေနဲ့ ဆယ်စုနှစ်နဲ့ချီကြာ ပထမဆုံးအကြိမ် ခရီးပေါ့။ အဲဒီတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ ဒီခရီးစဉ်ကြောင့် ဘယ်လိုများ ထိရောက်မှု ရှိတယ်လို့ မြင်ပါလဲ။ -

ဒေါက်တာကျော်ရင်လှိုင် - “ဟုတ်ကဲ့။ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အဓိက က ဘာလဲ ဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးဟာ အတော်လေး မကောင်း ဖြစ်ခဲ့တယ်လေ။ ဖြစ်ခဲ့ပေမဲ့ သမ္မတကြီး ဦးသိန်းစိန် လာတဲ့အခါမှာတော့ အားလုံးက၊ ပထမဆုံးလာတဲ့ နိုင်ငံ ခေါင်းဆောင် အနေနဲ့ လာတဲ့ခရီးစဉ်၊ နောက်ပြီးတော့ ရှေ့ဆက် မြန်မာနိုင်ငံ အတွက် ဘာလုပ်ပေးချင်လဲ။ သမ္မတကြီး လာတာကို မြင်တဲ့အခါမှာ ဒီကပြည်သူတွေကလည်း သမ္မတကြီး ပြောတာတွေကို နားထောင်ပြီးတဲ့ အခါကျတော့ အရမ်း တက်ကြွတယ်။ သမ္မတကြီးကိုလည်း ယုံကြည်လာကြတဲ့ အခါကျတော့၊ သမ္မတကြီးရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ယုံကြည်တာနဲ့အညီ အမေရိကန် အစိုးရဘက်ကလည်း လုပ်ပေးချင်တာ တွေကလည်း ပို ပိုများတယ်။ ရှေ့လျှောက် ကျနော်တို့ မြန်မာ-အမေရိကန် ဆက်ဆံရေးဟာ အလွန် အင်မတန် ကောင်းမွန်လာမယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးနဲ့ လူမှုရေး အကြံပေး ကောင်စီဝင် ဒေါက်တာကျော်ရင်လှိုင်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားတာပါ။

သမ္မတဦးသိန်းစိန်ဟာ အခု ခရီးစဉ်အတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့သလို၊ သမ္မတဟောင်း ဘီလ်ကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သန်းကြွေသူဌေး ဂျောဂ်ျဆိုးရော့စ် လို ပုဂ္ဂိုလ်မျိုးအပြင်၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ စီစဉ်မှုနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းက တာဝန်ရှိသူ အတော်များများကိုလည်း လက်ခံတွေ့ဆုံခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့လည်း ဒီနေ့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လူမှု စီးပွားဖွံ့ဖြိုးရေး ကိုပါ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား သဟဇာတရှိရေး မြှင့်တင့်ဖို့နဲ့ ဖွံ့ဖြိုးရေး ကြိုးပမ်းကြဖို့ အပါအ၀င် နှစ်ဘက် တင်းမာမှု အခြေခံ အကြောင်းရင်းတွေကို ဆန်းစစ် ကိုင်တွယ်ဖို့ အတွက် ချက်ချင်း လက်ငင်းသာမက ရေရှည်ရှုဒေါင့်ကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ သမ္မတဦးသိန်းစိန်တို့က သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရေရှည် အကျိုးသက်ရောက်မှုတွေကို ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က တုံ့ပြန်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အခု ကုလသမဂ္ဂခရီးစဉ်ဟာ နှစ် ၅၀အတွင်း မြန်မာအစိုးရ အကြီးဆုံး ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံး ကုလသမဂ္ဂ အထွေထွေညီလာခံကို တတ်ရောက်တဲ့ခရီးစဉ် ဖြစ်သလို၊ အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ ပြောင်းလဲလာတဲ့ အခြေအနေတရပ်လို့လည်း သုံးသပ်လို့ရပါတယ်။

  Myanmar Express 

မြန်မာနိုင်ငံ ရင်ဆိုင်နေရသောစိန်ခေါ်မှုများ ဖြေရှင်းရေး ကုလသမဂ္ဂ ဆက်လက်အကူအညီပေးမည်

Posted by drmyochit Monday, October 01, 2012, under | No comments



 
From : Myanmar Express
 ကုလသမဂ္ဂအဖွဲ့ကြီးသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာပြည်သူများအား ဆက်လက်အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေးနမ်ဘီးယားကပြောသည်။ မစ္စတာဗီဂျေးသည် အဆင့်မြင့်အရာရှိကြီး များ တက်ရောက်ခဲ့သည့် မြန်မာမိတ်ဆွေများအဖွဲ့ အစည်းအဝေးတွင် ယင်းသို့ပြောခဲ့ခြင်းဖြစ် သည်။

၎င်းက "ကျွန်တော်တို့ဟာ မြန်မာအစိုးရ ဖန်တီးခဲ့တဲ့တိုးတက်မှုကို သတိပြုမိခဲ့ပါတယ်။ ဒီတိုးတက်မှု ဆက်ဖြစ်နေမယ်လို့ မျှော်လင့်သလိုဒီမိုကရေစီအဖွဲ့အစည်း အဆောက်အအုံတွေ အားကောင်းရေး၊ နိုင်ငံတွင်းရှိ ဘာသာရေးအုပ်စုများနှင့် လူမျိုးစုအားလုံးအကြား ငြိမ်းချမ်းရေးတို့ဟာလည်း ရလဒ်အနေနဲ့ ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေကို သူတို့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကိုယ့်အခန်းကဏ္ဍကနေ ဆက်လက်ကူညီသွားမှာပါ" ဟုပြောကြားသည်။

အထွေထွေညီလာခံ၌ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွင် တိုးတက်မှုများ ဖန်တီးနေကြောင်း၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရပြီး ပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့၏ စိတ်ရှည်သည်းခံမှု၊ ကူညီထောက်ပံ့ပေးမှုတို့ကို လိုအပ်မည်ဖြစ်ကြောင်းပြောကြားသည်။

ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၈သန်း လိုအပ်နေ

Posted by drmyochit Monday, October 01, 2012, under | No comments



ဝိုင်းမော်သာဂရ ဘုန်းတော်ကြီးကျောင်းရှိ ဒုက္ခသည်စခန်း တစ်ခုကို စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်
၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ဒုက္ခ သည်များ အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၈ သန်းလိုအပ်သည်ဟု ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့်
ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများ ပူးတွဲလုပ်ဆောင်ထားသည့် Kachin Response Plan အရ သိရသည်။
၂၀၁၂ ခုနှစ်အတွင်း နယ်မြေ မတည်ငြိမ်မှုများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင်ရွှေ့ပြောင်းနေ ထိုင်ရသူဦးရေမှာ ပြီးခဲ့သည့် ဇူလိုင်လအထိ တိုးလာနေပြီး ၎င်းတို့အတွက် ကူညီထောက်ပံ့မှုများမှာ ၂၀၁၃ခုနှစ်အထိ လိုအပ်နေဦးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရက ပြောကြားခဲ့သည်ဟု သိရှိရသည်။
အထောက်အပံ့ ပစ္စည်းများတွင် ဦးစားပေးအဖြစ် အစားအစာထောက်ပံ့ပေးမှု၊ အသက်မွေးမှုဖန်တီးပေးမှု၊ အစားအသောက် မဟုတ်သော ပစ္စည်းများထောက်ပံ့မှု၊ စခန်းများ ဆောက်လုပ်ပေးမှု၊ ကျန်းမာရေးနှင့် အာဟာရထောက်ပံ့မှု၊ ရေသန့်ရှင်းမှု များဆိုင်ရာ အထောက်အပံ့များပေး အပ်မှု၊ ပညာရေးအတွက် သင်ကြား ရေးပစ္စည်းများ ထောက်ပံ့ပေးမှုနှင့် ယာယီကျောင်းများ ဆောက်လုပ်ပေး မှု၊ ကလေးသူငယ်များဆိုင်ရာကာ ကွယ်စောင့်ရှောက်မှုတို့ကို လုပ်ဆောင် ပေးရန်ဖြစ် သည်ဟု သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ အလှူရှင်အဖွဲ့အစည်း အသီးသီးမှ လူသားချင်းစာနာ ထောက် ထားသည့် အစီအစဉ်များအတွက် အမေရိကန် ဒေါ်လာ ၂၁ သန်း ရရှိထားပြီး ဖြစ် ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါငွေကြေးကို Response Plan ၏ဦးစားပေး အစီအစဉ်များအတိုင်း အသုံးချပြီးဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်များအတွက် ငွေကြေး လိုအပ်မှုတွင် အစားအသောက်အတွက် လိုအပ်မှုက အများဆုံးဖြစ်ပြီး အမေ ရိကန်ဒေါ်လာ ၁၄၃ သိန်းကျော် ရှိနေကြောင်း အစီအစဉ်ထုတ်ပြန်မှုအရ သိရသည်။ မိုးရာသီကာလအတွင်း တွင် ကျိုးပျက်နေသော တံတားများနှင့် ရေကြီးမှုများကြောင့် ဒုက္ခသည် စခန်းများသို့ အထောက်အပံ့ပစ္စည်း များပေးအပ်ရန် စိန်ခေါ်မှုများ ရှိနေကြောင်း လည်း သိရသည်။
စက်တင်ဘာလအတွင်း ကွင်းဆင်းလေ့လာမှုများအရ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး အသက် ၁၈ နှစ် အောက်ကလေးများ က ၅၀ ရာခိုင်နှုန်း ရှိနေသည်ဟု သိရသည်။
ဒုက္ခသည်စခန်းများတွင် ဆေးဝါးရှားပါးမှု၊ ခြင်ထောင်ရှားပါးမှုများနှင့် ကြုံတွေ့နေရပြီး မကြာခဏ ဖြစ်ပွားသည့် ရောဂါများတွင် ၀မ်းရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ကြောင်း အစီအစဉ် တင်ပြချက်အရ သိရသည်။
 
From: ကချင်နေ့စဉ်သတင်း

ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအရေး ဒေါ်အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်ပေး စာပို့

Posted by drmyochit Monday, October 01, 2012, under | No comments



ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်း (၂၃)ဖွဲ့မှ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည် များအတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၆ ရက်နေ့ကအမေရိကန်နိုင်ငံသို့ရောက် ရှိနေသော ဒေါ်အောင်ဆန်း စုကြည်အား အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ် ခဲ့ သည်။

ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသောတရုတ်ပြည်နယ်စပ်မိုင်ဂျာယန်ရှိဒုက္ခ သည်များ၏ အခြေအနေ မှန်ကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်ကိုယ်တိုင်ကိုယ် ကျသွားရောက်လေ့လာခြင်းအားဖြင့် ဒုက္ခသည် များ၏ အရေးနှင့် ငြိမ်းချမ်းရေးအ တွက် မျှော်လင့်ကာ ယခုလို အိတ်ဖွင့်ပေးစာ ပေးအပ်ခြင်းဖြစ်ကြောင်း ကချင် ကျောင်းသားလူငယ်များသမဂ္ဂမှ အထွေထွေအတွင်းရေး မှူးဖြစ်သူ ကိုနော်ဆန်း က ပြော သည်။

“ဒေါ်စုအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်းဖြစ်၊ အများက လေးစားရတဲ့ အထင်ကရ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ပြီးတော့ဒုက္ခသည် အရေးကို ကိုယ်တိုင်တွေ့မြင်ခြင်းအားဖြင့် သူတို့အရေးအတွက် တစ်စုံတစ်ခု ဖြစ်လာဖို့ မျှော် လင့်မိပါတယ်”ဟု ကေအိုင်စီသို့ ပြော သည်။

မြန်မာအစိုးရစစ်တပ်နှင့် KIA တို့ကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၁သိန်းဝန်းကျင်ခန့်ရှိ လာပြီး ဒုက္ခသည် များ မှာ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်ကြောင်း သိရသည်။

“မြန်မာအစိုးရစစ်တပ်အနေနဲ့ ရှေ့တန်းမှာ တပ်ရင်းပေါင်း တစ်ရာကျော်နဲ့ ထိုးစစ်ဆင်နေ တယ်။ နောက်ပြီး ဒေသခံရွာသူရွာသား တွေအ ပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အခါကျတော့ ဒုက္ခသည်ဦးရေ တိုးလာတာပေါ့”ဟု ကိုနော်ဆန်းက ဆက်လက် ပြောဆိုသည်။

ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေကြရသော ဒုက္ခသည်များသည် အစားအသောက်၊ နေ ထိုင်ရေး၊ ကျန်းမာရေး အခြေ အနေ များ ဆိုးဝါးလျှက်ရှိပြီး အကူအညီများစွာ လိုအပ်လျှက်ရှိကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ မွန်းနေလီက ပြော သည်

မိုင်ဂျာယန်သို့ လာရောက်မည်ဆိုပါက KIA/KIO တို့၏ ထိန်းချုပ်နယ်မြေအ တွင်းဖြစ် သဖြင့် ဒေါ်အောင်ဆန်းစုကြည် အား လုံခြုံ ရေးအရ ကာ ကွယ်စောင့်ရှောက်မှုပေးနိုင်ရန် KIA တာဝန်ရှိသူများနှင့် သွားရောက်ညှိနှိုင်းမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ကချင်အဖွဲ့ အစည်းများက ဆို သည်။

ထို့အပြင် ယခုလက်ရှိ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်အား အမေရိ ကန်နိုင်ငံရောက် ကချင်လူမျိုး ၄၀ ကျော်က သ မ္မတကြီးထံ စာတစ်စောင် ပေးအပ်ခဲ့ပြီး စစ်ရပ်ဆိုင်းရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုရပ်ဆိုင်း ရေးအ တွက် တောင်းဆို ဆန္ဒပြကြသည်။

ယခုလို အိတ်ဖွင့်ပေးစာ တောင်းဆိုမှုတွင် ထိုင်း၊ မလေးရှား၊ ဂျပန်၊ အမေရိကန်၊ ဒိန်းမတ်၊ နယ်သာလန် စသည့်နိုင်ငံ (၂၃)ရှိ ကချင်အဖွဲ့အ စည်း များ ပါဝင်ကြပြီး မြန်မာပြည်တွင်းရှိ ကချင်အဖွဲ့အစည်းများမှာမှု စိုးရိမ်စရာ အခြေအနေများကြောင့် ပါဝင်နိုင် ခြင်း မရှိဘူးဟု သိ ရှိရ သည်။

ကချင်အဖွဲ့အစည်းများမှ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် အိတ်ဖွင့်ပေးစာပေး၍ တောင်းဆိုမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အ ကြောင်း ပြန်ကြားခြင်း တစုံတရာ မရှိသေးကြောင်း သိရသည်။

From: ကချင်နေ့စဉ်သတင်း

လက်ပန်တောင်း စီမံကိန်း ရပ်ဆိုင်းရန် သမ္မတကြီးထံ တောင်းဆိုမည်

Posted by drmyochit Monday, October 01, 2012, under | No comments




လက်ပန်တောင်းတောင် ကြေးနီ ထုတ်လုပ်မှု စီမံကိန်း ရပ်ဆိုင်းရန် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း တော်ဝင်နှင်းဆီ ခန်းမ၌ ယနေ့ ကျင်းပသည့် လက်ပန်တောင်းနှင့် ချင်းတွင်းအလှ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လာသည့် ပညာရှင်များနှင့် လက်ပန်တောင်းတောင် အနီးရှိ ဒေသခံအချို့ပြောကြားသည်။ လက်ပန်တောင်းတောင် စီမံကိန်း တွင် ဖြစ်ပေါ်နေသော ပြသာနာများကြောင့် ယင်းသို့ တောင်းဆို ရခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ECO DEX မှဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောဆိုသည်။ "နိုင်ငံတော် အသစ်ကို တကယ်သွားတော့မယ် ဆိုရင် ပြည်သူ့ အသံ ပြည်သူ့ဆန္ဒကို နားထောင်ဖို့ လိုတယ်။ ဒါ့ကြောင့် ဒီနေ့ ပြည်သူ့ဆန္ဒကို ထုတ်ဖော် လိုက်တာပဲ" ဟုသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။ ယခုကဲ့သို့သော ဖြစ်ရပ် ကြုံရခြင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များ အနေနှင့် ၎င်းတို့ ထုတ်ပြန်ထားသော ဥပဒေများကို ၎င်းတို့ကိုယ်တိုင် လိုက်နာမှုမရှိခြင်း ကြောင့်သာ ဖြစ်သည်ဟု ရှေ့နေများ ကွန်ယက်မှတရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုသည်။ "ဒီစီမံကိန်းကြောင့် ရွာတွေရွှေ့ပြောင်းရတယ်။ ကျွန်တော်တို့ ဒီလိုနေလို့ မရတော့ဘူး။ ရွာသူရွာ သားတွေ အတွက် အကူအညီပေး ရမယ်၊ ကာကွယ်ပေး ရမယ်" ဟု၎င်းကဆိုသည်။ တော်ဝင်နှင်းဆီခန်းမ၌ ယနေ့ကျင်း ပသည့် လက်ပန်တောင်းနှင့် ချင်းတွင်း အလှကာကွယ် ထိန်းသိမ်းရေး နှီးနှော ဖလှယ်ပွဲသို့ ၈၈မျိုးဆက် ကျောင်းသားများ၊ လက်ပန်တောင်းတောင် စီမံကိန်းအနီးရှိ ၀က်မှေးရွာ၊ ကံကုန်းရွာ၊ ဆည်တည်းရွာများမှ ရွာသားများ၊ စပယ်တောင်ကြေးနီ စီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသော စီမံကိန်းအင်ဂျင်နီယာ ဦးအောင်ကျော်ဇံနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ မြန်မာနိုင်ငံရှေ့ နေကွန်ယက်မှ အဖွဲ့ဝင်များ အပါအ၀င် လူငါးရာခန့် တက်ရောက်ခဲ့ကြပြီးလက်ပန် တောင်းတောင် စီမံကိန်းရပ်ဆိုင်ရန် လက်မှတ်ထိုးခဲ့ကြသည်။


From: ရွှေမြန်မာမီဒီယာဂရု

ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား

Posted by drmyochit Monday, October 01, 2012, under | No comments





From: ရွှေမြန်မာမီဒီယာဂရု

ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသော ကြေးနီတောင် စီမံကိန်းသည် ပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်ဆိုပါက ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တော် တွင် ပြုလုပ်သော မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲ တွင် ပြောကြားသည်။

ဒေသခံများ၏ ရေရှည် ဘ၀ အာမခံချက် မရှိခြင်း၊ သဘာဝတ်ဝန်းကျင် စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှု အားနည်းခြင်း တို့ကြောင့်ဟုဆိုကာ ဒေသခံများက စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို နေချိန်တွင် သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် ပြန်လည် သုံးသပ်နိုင်ပြီး ထိုသို့ ရုပ်သိမ်း နိုင်ကြောင်း သမ္မတရုံး ၀န်ကြီးလည်းဖြစ်သူ ဦးစိုးသိန်းက ပြောကြားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို လုပ်ဆောင်သော ကုမ္ပဏီများ အနေနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်ပြီး လူမှု တာဝန် ယူမှု ပစ်ပယ် ထားခြင်း ကြောင့်လည်း ယင်းသို့သော ပြဿနာ များ ဖြစ်ပွားနေ ရခြင်း ဖြစ်နိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။ "ဒီပြဿနာ ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ် နဲ့ ခြောက်လကတည်းကအမြဲပြောနေတယ်။ သို့သော်လည်း ဖြစ်တယ်"ဟု ဦးစိုးသိန်းကဆိုသည်။

ဒေသခံ များသည် မူလက သက်ဆိုင်ရာ လျှော်ကြေးငွေများကို ကြည်ဖြူစွာ ရယူခဲ့သော်လည်း နောက်ပိုင်း တွင် လျှော်ကြေးငွေ တိုးတောင်းခြင်း စသည့် ပြဿနာ များ ရှိလာပြီး စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆို လာကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်က ပြောဆိုထားသည်။
"ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေး အင်အားစု တွေပါလာလို့ သွေးထိုး လှုံ့ဆော်လို့ဖြစ်ရတာပါ"ဟု ၄င်းကဆိုသည်။

လုပ်ဆောင် နေသော ကုမ္ပဏီများအနေနှင့် လူမှုတာဝန်ယူမှုကို ကောင်းမွန်စွာ လုပ်ဆောင်ပါက ဒေသခံ များ၏ ထောက်ခံမှုရရှိနိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။ "ကျွန်တော် ထင်တာတာ့ Error (အမှား) ရှိတယ်"ဟု ၎င်းကဆိုသည်။ သမ္မတကြီး၏ အမိန့်ဖြင့် ပြန်လည် သုံးသပ်နိုင်ကြောင်း ဦးစိုးသိန်းက ပြောဆို
သော်လည်း ပြန်လည် သုံးသပ်ခြင်း၊ မသုံးသပ်ခြင်း များဆက်လက်ပြုလုပ်မည်ကိုမူ သဲကွဲစွာပြောဆိုခြင်း မရှိပေ။ ယင်းစီမံ ကိန်းကို မြန်မာ့ စီးပွားဦးပိုင်လီမီတက်နှင့် တရုတ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီ ဟုဆိုသော ၀မ်ပေါင် တို့ ပူးတွဲလုပ်ကိုင်လျက်ရှိသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်