Wednesday, October 03, 2012
တော်ဝင်စင်တာ ရေးသူဖတ်သူ ဆွေးနွေးပွဲ (၂) ဖိတ်ကြားခြင်း
Posted by drmyochit
Wednesday, October 03, 2012, under သတင်းများ | No comments
ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ
Posted by drmyochit
Wednesday, October 03, 2012, under သတင်းများ | No comments
ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲအဖွဲ့က လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာ မှာ အခုအခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီးထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီး မစ္စတာ အလောင်ဂျီက ပြောပါတယ်။ ဖမ်းဆီးတဲ့ အထဲမှာ ၉၃ ဦးက ကော့စ်ဘဇားခရိုင်က ဖြစ်ပြီး ၇၃ ဦးက စစ်တကောင်းက ဖြစ်ပါတယ်။ရခိုင် ဒုက္ခသည်တွေအတွက် ဗုဒ္ဓဆင်းတုတော် လှူဒါန်းမည်
Posted by drmyochit
Wednesday, October 03, 2012, under ပြည်တွင်းသတင်းများ | No comments
အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်
Posted by drmyochit
Wednesday, October 03, 2012, under သတင်းများ | No comments
လတိုင်း၊လတိုင်း၏စက်တင်ဘာလ၂၅ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ်အမေရိကန်နိုင်ငံ၊အင်ဒီယား နားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henryကသတ်မှတ်ခဲ့ကြောင်းသိရသည်။ “ဒေါ်အောင်ဆန်း စုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြော ခဲ့ပြီးတော့ စက်တင်ဘာ၂၅ရက်နေ့ ကို ဒေါ်အောင်ဆန်းစုကြည်နေ့သတ်မှတ်ဖို့မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
ဟောင်ကောင်တွင် သင်္ဘောနစ်မြုပ်၊ အနည်းဆုံး ၃၆ ဦး သေဆုံး
Posted by drmyochit
Wednesday, October 03, 2012, under နိုင်ငံတကာသတင်းများ | No comments
ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်းမှုအား ဆန္ဒပြကန့်ကွက်သွားမည်
Posted by drmyochit
Wednesday, October 03, 2012, under သတင်းများ | No comments
ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) သည် ရခိုင်ပြည်နယ်တွင်း အခြေစိုက်၍ ရခိုင်လူမျိုးတို့နှင့် ဘင်္ဂါလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်နိုင်ရန်နှင့် ဘာသာ ရေးလုပ်ငန်းများ လုပ်ဆောင်မည့်အစီအစဉ်အား အစိုးရအဖွဲ့မှခွင့်ပြု မည်ဟု ကြားသိရသောကြောင့် ရခိုင်လူမျိုးများအနေဖြင့် ဆန္ဒပြကန့်ကွက်သွားမည် ဖြစ်ကြောင်းကို စစ်တွေ မြို့ရှိ ဝံလက် ဖောင်ဒေးရှင်းမှ အမှုဆောင် ဦးသိန်းဝင်းက ပြောသည်။
ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း
Posted by drmyochit
Wednesday, October 03, 2012, under သတင်းများ | No comments
From : သာနောင်
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ရဟန်းတော်များ၏ လုံခြုံရေး အာမခံချက် ပေးရန် အတွက် ဘန်ကောက်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအချို့မှ သံဃာ အပါး ၁ဝဝ နီးပါးခန့် အောက်တိုဘာ ၂ ရက်နေ့ နံနက်က စုစည်း ဆန္ဒပြ၍ ဘင်္ဂလားဒေ့ရှ် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ကြသည်။ “ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပါတယ်။ ခြောက်နိုင်ငံလောက် ရှိမယ်၊ သံရုံး ရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သံရုံးထဲကတော့ ထွက်ပြီး တစုံတရာ တုန့်ပြန်တာ မရှိဘူး။ ဝန်ထမ်းတဦး ထွက်လာ တယ်၊ ဘုန်းဘုန်းတို့က အိတ်ဖွင့်ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ဦးဆောင် ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှင်အာနန္ဒာ က မိန့်ကြားသည်။
ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ
Posted by drmyochit
Wednesday, October 03, 2012, under ပြည်တွင်းသတင်းများ | No comments
From : သာနောင်
ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေ မှုကြောင့် စစ်ဆေးအရေးယူမှုများ ယခင် ကထက် ပိုမိုပြုလုပ်နေရကြောင်း သက် ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။ သြဂုတ်လ ၂၉ ရက်နေ့မှ စက် တင်ဘာလ ၂၅ ရက်နေ့အထိ ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ တရားမ၀င်သော နည်း လမ်းများဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၉ ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး အစားထိုးပြောင်းလဲ
Posted by drmyochit
Wednesday, October 03, 2012, under ပြည်တွင်းသတင်းများ | No comments
From : မြ၀တီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်၊ တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အစားထိုးပြောင်းလဲခြင်း၊ ကြေညာချက်အမှတ် (၃၉/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို အမည်စာရင်း ပြောင်းလဲ လိုကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂၀-၁-၂၀၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ် (၁/၂၀၁၁) တွင် ဖော်ပြထားသည့် (၁) လေ ၂၁၉၅ ဗိုလ်မှူးထူးအောင် (အစား) လေ ၂၅၈၄ ဗိုလ်မှူးဇော်မင်းလတ် (၂) လေ ၂၁၈၄ ဗိုလ်မှူးအောင်မြတ်တိုး (အစား) လေ ၂၆၀၈ ဗိုလ်မှူးသန်းထိုက် စသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးအား ယှဉ်တွဲဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲ လိုက်ကြောင်း သိရှိရသည်။
ကျေးလက်ဒေသများအား ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အရစ်ကျရောင်းမည်
Posted by drmyochit
Wednesday, October 03, 2012, under ပြည်တွင်းသတင်းများ | No comments
From : ရန်ကုန်တိုင်းမ်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်ဒေသများတွင် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို အရစ် ကျပေး ချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါ ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ “တိုင်းဒေ သကြီးနဲ့ ပြည်နယ်အသီးသီးက မြို့နေလူတန်းစားတွေ မပါဘဲ ကျေးလက်နေ ပြည်သူတွေကို အဓိကဦးစားပေးပြီး ရောင်း ချ ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
သမ္မတကြီး ဒေါက်တာဦးသိန်းစိန် တရုတ်နိုင်ငံခရီးစဉ် မှတ်တမ်းဓါတ်ပုံများ
Posted by drmyochit
Wednesday, October 03, 2012, under ဓါတ်ပုံသတင်း | No comments
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာကျောင်းများ အတွက် ထိုင်းနိုင်ငံတွင် ရဟန်းတော်များ ဆန္ဒပြ
Posted by drmyochit
Wednesday, October 03, 2012, under ဓါတ်ပုံသတင်း | No comments
စစ်တွေ အင်ဘာလာ ရပ်ကွက် ပြောင်းရွှေ့ရန် ဒေသခံများလိုလား
Posted by drmyochit
Wednesday, October 03, 2012, under ပြည်တွင်းသတင်းများ | No comments

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အင်ဘာလာရပ်ကွက် (အောင်မင်္ဂလာ) အား မြို့ပြင်သို့ ပြောင်းရွှေ့ပေး ရန်ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကို နိုင်ငံတော်သမ္မတထံ ပြည်နယ်အစိုးရအဖွဲ့ က တင်ပြထားကြောင်း သိရသည်။
ကချင်ပြည်နယ်က စစ်ရှောင် ကချင်ပြည်သူ ၆ သောင်း အကူအညီလိုအပ်
Posted by drmyochit
Wednesday, October 03, 2012, under သတင်းများ | No comments

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအလှူရှင်တွေဟာ တရုတ်-မြန်မာ နယ်စပ် တလျှောက် ရှောင်တိမ်းနေ ကြရတဲ့ ကချင်ရွာသား ၆ သောင်းအပေါ် လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးအပ်ဖို့ ပျက်ကွက်နေ တယ်လို့ ကချင် အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။
အစိုးရနှင့် KIO တို့ ဆွေးနွေးနိုင်ရေး ကြန့်ကြာနေ
Posted by drmyochit
Wednesday, October 03, 2012, under ပြည်တွင်းသတင်းများ | No comments

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်မှတဆင့် ငြိမ်းချမ်းရေးအဖွဲ့က အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ကမ်း လှမ်း ထားသော်လည်း အဆင်မပြေ ဖြစ်ခဲ့ကြောင်း သိရသည်။
Time in Rangoon