Wednesday, October 10, 2012

မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်းသုံး၍ ကေအိုင်အေအား တိုက်ခိုက်နေ

Posted by drmyochit Wednesday, October 10, 2012, under | No comments




ကချင် လွတ်မြောက်ရေး တပ်မတော် KIA ကို အစိုးရတပ် ၁၂၀ ရင်းခန့်က စစ်ဆင်နေပြီး ယင်းပမာဏမှာ
မြန်မာနိုင်ငံ တပ်အင်အားစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို အသုံးပြုထားကြောင်း စစ်ရေးစောင့်ကြည့်လေ့လာ
သူများ ကဆိုသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်နှင့် တွေ့ဆုံဆွေးနွေး

Posted by drmyochit Wednesday, October 10, 2012, under | No comments

From : သမ္မတရုံး


နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ယနေ့ညနေ (၅)နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်၌ ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင် ဘတ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးကြ သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

Posted by drmyochit Wednesday, October 10, 2012, under | No comments

Fromး သမ္မတရုံး


နေပြည်တော် အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတ နိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် ညနေ(၄)နာရီတွင် ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်(Blue House) ရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

လက်ပံတောင်းတောင်မှ ဒေသခံများ အသိဥာဏ်ဖွံ့ဖြိုးမှု အလွန်နည်းပြီး အယူသည်းမှု များ ရှိနေ

Posted by drmyochit Wednesday, October 10, 2012, under | No comments

လက်ပံတောင်းတောင်အားထိန်းသိမ်းရန် သေဆုံးပြီးသူများမှပြန်လည်နိုးထလာပြီးကျန်ရစ်သူများအားမှာ ကြားသည့်ပုံ သဏ္ဍာန်ပြုလုပ် ထားသည့် သရုပ်ပွဲတစ်ခုအားယနေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ယင်း တောင် အနီးရှိ ဆည်တည်းကျေးရွာ သုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ထူးချွန်မှုကြောင့် ဘဏ်ငွေထုတ်လာသူ အမျိုးသမီးထံမှ ငွေထုတ်လုယက်သူ ကို မကွေးတိုင်း ရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်းဖော်ထုတ်နိုင်ခဲ့

Posted by drmyochit Wednesday, October 10, 2012, under | No comments




From : hot news


မကွေးတိုင်းဒေသကြီးမကွေး ခရိုင်မကွေးမြို့ ကမ္ဘောဇဘဏ်မှ ငွေ ထုတ်ပြီးပြန်လာသူ မိန်းကလေး နှစ်ဦး ထံမှလမ်းမှဖြတ်၍ ငွေ ထုပ်အားအမည်မသိ ဆိုင်ကယ် စီးယောင်္ကျားသားတစ်ဦးက လုယူထွက်ပြေး သွားမှု အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထက်ဌာနအဆင့်ဆင့်တို့၏စီမံ ညွှန်ကြားကွပ်ကဲ ဆောင်ရွက်မှု များကြောင့် ငွေ ထုပ်လုယူသွား သူအမည်မသိ အမျိုးသားအား (၂၄)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီး ရမိ ခဲ့ကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မှု များပြားလာ

Posted by drmyochit Wednesday, October 10, 2012, under | No comments

From : Arakan Times

ထိုင်းနိုင်ငံတွင် လုပ်အားခနည်းပါးလာမှုနဲ့ လူနေမှုအသုံးစရိတ် မြင့်မား လာခြင်းကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများသို့ ပြန်လည်သွားရောက် လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရ သည်။

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည် တွင်း စစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက် တွဲဘတ်ဂျက် တောင်းခံနိုင်

Posted by drmyochit Wednesday, October 10, 2012, under | No comments

From : ရန်ကုန်တိုင်းမ်း

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည်တွင်းစစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များ ပါ နောက်ဆက်တွဲ ဘတ်ဂျက်တောင်းခံ မှု ပြည်ထောင်စု အစိုးရအဖွဲ့မှနောက်ဆက် တွဲဘတ်ဂျက်တွင် တင်ပြလာမည်ဖြစ်ကြောင်း မကြာမီရက်ပိုင်းတွင်ဆွေး နွေးမည်ဖြစ် ကြောင်း ပြည်သူ့ငွေ စာရင်းပူး ပေါင်း
ကော် မတီအဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးမန်းမောင်မောင် ဉာဏ်ထံမှ သိရ သည်။

ငွေတိုက်စာချုပ်များက ဘဏ်တွင် ရုတ်တရက် ငွေထုတ်သူများလာသောအခြေအနေကို ဖြေရှင်းပေးနိုင်

Posted by drmyochit Wednesday, October 10, 2012, under | No comments

From : 7day

နိုင်ငံတော်ဗဟိုဘဏ်က ရောင်းချသော ငွေတိုက်စာချုပ်များကို ၀ယ်ယူထားခြင်းသည် ပုဂ္ဂလိက ဘဏ်များ အတွက် ကောလာဟလများထွက်ပေါ်၍ ဘဏ်ငွေအပ်သူများက ငွေထုတ်ယူမှုများသောအခြေအနေတွင် အကာအကွယ်တစ်ခုဖြစ်စေကြောင်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား ကွန်ရက်နှင့် တွေ့ဆုံလိုဟု ဆို

Posted by drmyochit Wednesday, October 10, 2012, under | No comments




မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်နှင့် တွေ့ဆုံ စကား ပြောလိုသည်ဟု အလွတ်သဘော ကမ်းလှမ်းကြောင်း သတင်းရရှိသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ဘ င်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော်များ ဦးဆောင် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် ကိစ္စနှင့် ပတ်သက် ၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား ကွန်ရက်နှင့် တွေ့ဆုံ စကား ပြောလို သည်ဟု သံရုံးဝန်ထမ်းတဦးမှတဆင့် ကမ်းလှမ်းခဲ့ကြောင်း အဆိုပါ ကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ဧရာဝတီကို ပြောသည်။

ကချင်ငြိမ်းချမ်းရေး မဖြစ်မနေလုပ်မည်ဟု ဦးသိန်းဇော် ဆို

Posted by drmyochit Wednesday, October 10, 2012, under | No comments

Photo: ကချင်ငြိမ်းချမ်းရေး မဖြစ်မနေလုပ်မည်ဟု ဦးသိန်းဇော် ဆို



9 Oct, 2012



ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်သွားမည်ဟု 
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း 
ကော်မတီဒုဥက္ကဌတစ်ဦးဖြစ်သည့် ဦးသိန်းဇော်က ပြောကြားလိုက်သည်။

အောက်တိုဘာ (၆)ရက် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် 
ပြုလုပ်ခဲ့သောလွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် လူထုတွေ့ဆုံပွဲတွင် 
၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ငြိမ်းချမ်းရေးကိုတော့ မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ပြောတယ် ၊ 
လွှတ်တော်အတွင်းမှာလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေကြတယ်လို့ပြောတယ်။ 
ဒါပေမယ့် ဘယ်လိုတွေ လုပ်ဆောင်နေကြတယ်ဆိုတာတော့ မပြောသွားဘူး” ဟု 
ဦးသိန်းဇော်၏ ပြောကြားချက်ကို ကိုယ်တိုင်နားထောင်ခဲ့သည့် 
ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက   ပြန်လည်ပြောပြသည်။

ဦးသိန်းဇော်က ယခုလိုပြောကြားခဲ့သော်လည်း 
ကချင်ပြည်နယ်ငြိမ်းရေးကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုအကြား 
မီဒီယာများမှတဆင့် တစ်ဖက်နှင့်တစ်ဖက်ပြစ်တင်ပြောဆိုနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်လွှတ်တော်အတွေ့အကြုံနှင့် လူထုတွေ့ဆုံပွဲတွင် 
ကချင်ပြည်နယ်ရှိပါတီစုံနှင့် အလွှာအသီးသီးမှ လူထုများ တက်ရောက်ခဲ့ကာ လူထု၏ 
မေးမြန်းချက်များကိုလည်း ဦးသိန်းဇော်မှ ပြန်လည်ဖြေကြားခဲ့သည်ဟု 
ဒေါ်ဘောက်ဂျာထံက သိရသည်။

“မည်သူမဆို စိတ်ဝင်စားသူတိုင်း ဒီတွေ့ဆုံပွဲကို လာတက်လို့ ရတယ်။လူထုကလည်း 
သူတို့သိချင်တာလေးတွေကို မေးမြန်းခဲ့တယ်။  ကချင်ပြည်နယ် အစိုးရကလည်း 
လူထုတွေ့ဆုံပွဲကို တစ်လတစ်ခါလုပ်ပါတယ် ”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည့် 
ဦးသိန်းဇော်ကနယ်မြေလုံခြုံရေးအရ ခေတ္တပြောင်းရွှေ့လာသော 
ကချင်ပြည်သူများအတွက်ဆန်အိတ်(၁၀၀) လှူဒါန်းသည်ကိုလည်း လက်ခံခဲ့သည်ဟု 
ဒေါ်ဘောက်ဂျာကဆိုသည်။

ယနေ့ အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ် လုံခင်း 
ကျေးရွာအနီးတွင်   နှစ်ဘက်တိုက်ပွဲ များ ပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က 
ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ 
အစိုးရစစ်တပ်နှင့်ကေအိုင်အေလက်နက်ကိုင်အဖွဲ့များ အကြား စစ်ပွဲများ 
ဆက်လက်ဖြစ် ပွားလျက်ရှိပြီး ယခုနှစ်အစောပိုင်းကရွှေလီတွင်ငြိမ်းချမ်းရေး 
ဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်း၌ ထပ်မံ ဆွေးနွေးမှုများမရှိတော့ပေ။



(မြစ်မခ) 


ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင် သွားမည်ဟုပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင် လုပ်ငန်း ကော်မတီဒုဥက္ကဌတစ်ဦးဖြစ်သည့် ဦးသိန်းဇော် က ပြောကြား လိုက် သည်။ အောက် တိုဘာ(၆)ရက် မြစ်ကြီး နားမြို့ရှိ မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့သောလွှတ်တော် အတွေ့ အကြုံရှင်းလင်း ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗန်းမော်နားက မြစ်ကျဉ်းဝမှာ စက်လှေမှောက်

Posted by drmyochit Wednesday, October 10, 2012, under | No comments




အောက်တိုဘာလ(၈)ရက်တွင် ကချင်ပြည်နယ် ဗန်းမော်-ဆင်ဘို-မြစ်ကြီးနားပြေးဆွဲနေသော ငွေဧရာ လိုင်း စက်လှေအသင်းမှ ချစ်ကိုမောင်းနှင်လာသော နဒီလုလင် အင်းလေးဘုတ်စက်လှေသည် ယာဉ်နောက် လိုက် ၂ ဦး၊ ခရီးသည် ၇ ဦး၊ စုစုပေါင်း ၉ ဦးလိုက်ပါလျက် ဗန်းမော်မြို့မှ နံနက် ၁၀ နာရီခွဲအချိန်တွင် ထွက် ခွာလာရာ KIA ဆက်ကြေးကောက်ခံသည့်နေရာသို့မရောက်မှီ ဆင်ဘိုမြို့နယ်ခွဲ၊ ရေနားပင်လုံကျေးရွာအနီး ဧရာဝတီမြစ်ကျဉ်းဝတွင် စက်လှေဝမ်းနှင့် ကျောက်ဆောင်တိုက်မိခဲ့ပြီး စက်လှေတိမ်းမှောက်ခဲ့ရာ လူထိ ခိုက်သေဆုံးမှုမရှိကြောင်းနှင့် ကုန်/ယာဉ် ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၄၀ ခန့် ရှိကြောင်း ငွေဧရာ လိုင်းဂိတ်မှူးမှပြောကြားခဲ့သည်။

ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ

Posted by drmyochit Wednesday, October 10, 2012, under | No comments





တလခန့်ကြာ ငြိမ်သက်နေခဲ့ရာမှ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်နှင့် အစိုးရ တပ်များအကြား အင်္ဂါနေ့ နံနက်ပိုင်းက တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ကားမိုင်းဘက်မှ တက် လာသော အင်အား ၂၀၀ ကျော်ရှိ အစိုးရ စစ်ကြောင်းအား လုံးခင်း ကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာအနီး ဖားကန့် လမ်း၊ ပဇောက်ကွေ့တွင် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း KIA ရှေ့တန်းမှ ဗိုလ်ကြီး လဒွဲက ပြောသည်။

KIA နေရာအတော်များများမှာ ဆက်ကြေးကောက်

Posted by drmyochit Wednesday, October 10, 2012, under | No comments




KIA တပ်မဟာ(၃)မှ ဆရာကြီးတစ်ဦးခေါင်းဆောင်တဲ့ ၅ ယောက်ခန့်သည် သေနတ်များကိုင်ဆောင်ပြီး မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ အူထန်ယန်ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းပေါ်တွင် နှစ်ဘက်အသွားအပြန်ဆိုင်ကယ်များနှင့် ကားများအား ရပ်တန့်စစ်ဆေးလျက် ဆိုင်ကယ် တစ်စီးလျှင် ၁၀၀၀ ကျပ်နှုန်းဆက်ကြေးကောက်ခံလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ဆက်ကြေး
ကောက် နေသည်မှာ အောက်တိုဘာလ(၇)ရက်နေ့မှစတင်ပြီး ယနေ့အထိ နေ့ စဉ် ကောက်ခံနေကြောင်း ဆက်ကြေး ပေးခဲ့ရသည့် ဒေါ့ဖုန်းယန်မှ ဒေသခံတစ်ဦးမှ KDN သို့ပြောကြားသည်။

ဖားကန့် လုံးခင်း၌ တိုက်ပွဲများပြင်းထန်၊ ထိခိုက်ဒဏ်ရာရရှိမှုမရှိ

Posted by drmyochit Wednesday, October 10, 2012, under | No comments



ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာနှင့် တစ်မိုင်ဝန်းကျင်အတွင်း မြန်မာ့တပ် မတော်နှင့် KIA စစ် တပ်တို့ အောက်တိုဘာ (၉)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ် ပွား လျက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ

Posted by drmyochit Wednesday, October 10, 2012, under | No comments




Nobel Prize for Medicineဆုကိုဗြိတိန်နဲ့ ဂျပန်ပညာရှင်နှစ်ဦး ဆွတ်ခူးရရှိ ပါ တယ်။၂၀၁၂ ခုနှစ် အ တွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ကြတဲ့ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့ ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူးသွားပါတယ်။
ဆုရသူတွေကို ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်စ်မြို့မှာ တနင်္လာနေ့က ကြေညာခဲ့တာပါ။ Adult cell လို့ခေါ်တဲ့ ဆဲလ်တွေကနေ ဘယ် စဉ်ပြန်လုပ်တဲ့ လုပ်ငန်းစဉ်တရပ်ကို သုတေသနပြုခဲ့ကြတဲ့အတွက် အဲဒီသိပ္ပံ ပညာရှင် နှစ်ဦးကို နိုဘဲလ်ဆု ချီးမြှင့်ခဲ့တာပါ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်