Friday, October 12, 2012

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဥရောပသမဂ္ဂ (EU) ကရရှိ

Posted by drmyochit Friday, October 12, 2012, under | No comments

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဥရောပ သမဂ္ဂ နိုင်ငံများ(EU) ကရရှိ သွားပြီဖြစ်သည်။ ဥရောပ နိုင်ငံများတွင် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် နှစ်ပေါင်း ၆၀ကျော် ဆောင်ရွက်ခဲ့ခြင်း များအတွက် ချီးမြှင့်လိုက်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ပထမ ဆုံး ရရှိသူမှာ ဟင်နရီဒူး နန့်ဖြစ်သည်။

၁၉၀၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့က ရရှိခဲ့ပြီး၊ ၁၉၁၉ ခုနှစ် တွင်မူ အမေရိကန်သမ္မတ သောမတ်စ် ၀ုဒ်ရိုး ၀ီလဆင်ကရရှိခဲ့ပြန်ကာ၊ ၂၀၀၉ ခုနှစ်တွင်မူ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ရရှိခဲ့သည်။

အိုအိုင်စီခေါ်သွင်းတဲ့မြန်မာအစိုးရ မလေးကုလားတွေ၏အလိမ်ခံရ

Posted by drmyochit Friday, October 12, 2012, under | No comments




မလေးရှား အဖွဲ့မှ ယခု အပတ်အတွင်း ကယ်ဆယ်ရေး စခန်းများသို့ ပေးသော ကယ်ဆယ်ရေး ပစ္စည်းများ ထည့်သည့် ပုံးတွင် သွေးထိုး လှုံ့ဆော် ထားသည် ဓါတ်ပုံများ ပါဝင်နေကြောင်းကို တွေ့ရှိရပါသည်။ ထိုသို့ ပါဝင်ခြင်းများကို ပုံး၏ အပြင် ဘက်အား ရေဖြင့် စိုအောင် ပြုလုပ်ပြီး ခြစ်ကြည့်ရာ ဘင်္ဂလီများအား ရိုဟင် ဂျာဟု ရေးသား ထားကြောင်းနှင့် ဘင်္ဂလီများ ၏ ငိုယို နေပုံများကို ထည့်သွင်း ဖော်ပြထား ကြောင်း လည်း တွေ့ ရှိရ ပါသည်။ မြန်မာ အစိုးရနှင့် သဘောတူ လာရောက် ပူးပေါင်း ပေးအပ်သော ထောက်ပံ့ရေး ပစ္စည်းများ တွင်ထိုသို့ မရိုးမသား သောနည်းများကိုအသုံးပြုခြင်းသည် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့်မြန် မာ နိုင်ငံ အစိုးရ အဖွဲ့အား အကြီးမားဆုံး စော်ကားမှု တစ်ရပ် ဖြစ်ကြောင်း ရှုမြင် မိပါ သည်။ ထို့အပြင် ရခိုင်နှင့် ကုလားများ ထပ်မံ ပဋိ ပက္ခ ဖြစ်အောင် သွေးထိုး လှုပ်ဆော် ပေးခြင်း တစ်မျိုး ဟုလည်း သုံးသပ် မိပါသည်။ မလေးရှား အဖွဲ့မှ ရိုးသားသည် ဟုဆိုလျင် ထိုသို့သော လုပ်ရပ်များကို ပြုလုပ်မည် မဟုတ်ကြောင်း မရိုးသား သည့်အတွက် အပြင် ဘက်တွင် အမြင်ကောင်း အောင်လုပ်ကာ အတွင်း ဘက်တွင် လှုံ့ဆော်ထား သည်များကို တွေ့ရှိရ ပါသည်။ ရခိုင် ကယ်ဆယ်ရေး စခန်းများနှင့် ဘင်္ဂလီ ကယ်ဆယ်ရေး စခန်းများသို့ အောက် တိုဘာလ ၉ နှင့် ၁၀ တို့တွင် သွားရောက် ပေးခဲ့သော ကယ်ဆယ်ရေး ပစ္စည်း ထည့်သည့် ပုံးများအား ရေဖြင့် ဆွတ်ကာ တိုက်ကြည့် လိုက်ပါ။ အောက်ဘက်တွင် ဘင်္ဂလီမများ ငိုယိုနေသည့် ပုံကို တွေ့ရှိ ရမည် ဖြစ်ပါသည်။ ယင်းတွက် ရခိုင် တစ်မျိုး သားလုံး ကိုယ်စား မလေးရှား မှလာရောက် ခဲ့သည့် Humanitarian Mission အဖွဲ့အား လုံးဝ မထောက်ခံ သည့် အပြင်ရခိုင် ပြည်နယ်သို့ လုံးဝပြန် မလာရန် အကြီး အကျယ် ကန့်ကွက် ပါသည်။ရခိုင်များကို လိမ်လည် လှည့်ဖျားသည့် ထိုအဖွဲ့အား မည်သည့် နည်းနှင့်မျှ အ၀င် အခံနိုင် တော့ကြောင်း အသိ ပေးအပ် ပါသည်။

ကမ္ဘာ့ မိန်းကလေးများနေ့ ကုလ သတ်မှတ်

Posted by drmyochit Friday, October 12, 2012, under | No comments


ကလေး အရွယ် အိမ်ထောင် ပြုမှုနဲ့ အိမ်တွင်း အကြမ်း ဖက်မှု ဆက်စပ် တယ်လို့ ကုလ ပြောကမ္ဘာ့ ကုလ သမ ဂ္ဂက အောက်တိုဘာလ ၁၁ ရက်နေ့ကို ပထမဆုံး ကမ္ဘာ့ မိန်းကလေးများ နေ့ အဖြစ် သတ်မှတ်လိုက် ပါတယ်။ မိန်းကလေးတွေ အသက် မပြည့်သေးခင် အိမ်ထောင်ပြုမှုကြောင့် သူတို့ရဲ့ ဖွံ့ဖြိုး တိုးတက်မှု အပေါ် သက်ရောက် မှုကို ဒီနှစ် အဓိက အာရုံ စူးစိုက်တာ ဖြစ်ပါတယ်။ တောင်အာရှ ဒေသနဲ့ အာဖရိက ဆာဟာရ တိုက်ငယ် ဒေသတို့မှာ ရှိကြတဲ့ မိန်းကလေး ထက်ဝက် နီးပါးလောက်ဟာ သူတို့ အသက် ၁၈ နှစ် မပြည့်ခင် အိမ်ထောင်ပြု ကြတာ ဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေ အိမ်ထောင်ပြုတာဟာ မိန်းကလေးငယ်တွေရဲ့ အခြေခံ လူ့ အခွင့် အရေးကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကုလ သမဂ္ဂက ပြောပါ တယ်။

စာပေဆိုင်ရာ နိုဘဲလ်ဆုကို တရုတ်စာရေး ဆရာ ရရှိ

Posted by drmyochit Friday, October 12, 2012, under | No comments




တရုတ်နိုင်ငံရဲ့ ပထမဆုံး စာပေဆိုင်ရာ နိုဘဲလ်ဆုရှင် စာရေးဆရာ မိုယန်း အခုနှစ် အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆုကို တရုတ် နိုင်ငံက စာရေး ဆရာမိုယန် Mo Yan ရရှိသွားပါတယ်။
ဒါဟာ တရုတ် ပြည်မကြီးက စာရေးဆရာ တစ်ယောက်ကို ဆွီဒင် နိုင်ငံ နိုဘဲလ် ဆု ချီးမြှင့်ရေး ကောက်မီတီက ပထမဆုံး အကြိမ် ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။

ဂျပန်တွေ အလုံးအရင်းနဲ့ ဝင်ဖို့ပြင်

Posted by drmyochit Friday, October 12, 2012, under | No comments




မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန် အစိုးရ အနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ် ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက ဒီနေ့ တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာ့ အကြွေး ပြန်ဆပ်ရေး နိုင်ငံတကာ ငွေကြေးအေဂျင်စီများ အစည်းအဝေးမှာ ကြေညာ လိုက်ပါတယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်နဲ့ ဂျီ ၇ လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ အရာ ရှိတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးက ဘယ်အတိုင်းအတာလောက် ထုတ်ချေးမယ်လို့ မပြောပေမယ့် မြန်မာပြည်က လျှပ်စစ်မီးနဲ့ လမ်းတံတားတွေ ပြန်ပြုပြင်ရေး၊ ကျေး လက် ဖွံ့ဖြိုးရေး၊ ဆိပ်ကမ်းတွေ ခေတ်မီစေရေးတွေအတွက် ကူညီမယ်လို့ ပြောပါတယ်။

အမေရိကန် ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် သွားမည်

Posted by drmyochit Friday, October 12, 2012, under | No comments



အမေရိကန် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး  William Burns ဟာ အောက်တို ဘာလ  ၁၇ ရက်လာမယ့် ဗုဒ္ဓဟူး နေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ မစ္စတာ ဘန်း(စ) ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့  အစိုးရ တာဝန်ရှိ သူတွေ ကိုရော  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါတွေ့ ဆုံဖို့ ရှိတယ်လို့ ကြာသပတေးနေ့  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာ ရှင်းလင်း ပွဲမှာ  နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Victoria Nuland ကပြောပါတယ်။

ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများ တရားရုံး ၁၀ ခုတွင် အမှုဖွင့်ခံထားရ

Posted by drmyochit Friday, October 12, 2012, under | No comments



ပြည်တွင်းစစ် ရပ်စဲရန် ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ပွဲအား ဦးဆောင်ခဲ့သူ လေးဦးကို ရန်ကုန်တိုင်း အတွင်းရှိ ၁ဝ မြို့နယ် တရားရုံး များက တရားစွဲဆို ခြင်းသည် သမ္မတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် မကိုက် ညီကြောင်း တရားစွဲဆိုခြင်းခံထားရသူ ကိုမိုဃ်းသွေး က ပြောသည်။

ဖားကန့်တွင် တစ်ရက်တည်း တိုက်ပွဲ(၅)ကြိမ်ဖြစ်ပွားခဲ့

Posted by drmyochit Friday, October 12, 2012, under | No comments



ကချင်ပြည်နယ် ဖားကန့်မြို့ နေရာ(၅)ခု၌ အစိုးရ တပ်နှင့် ကေအိုင်အေ တပ်ရင်း (၆) လက်အောက်ရှိ တပ်မဟာ (၂)တို့ အကြား တိုက်ပွဲ (၅)ကြိမ် ဖြစ်ပွားခဲ့ သည်ဟု ကေအိုင်အို ဒု-နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်း လွန် ဒေါင်းထံက သိရှိရသည်။

“(၉)ရက်နေ့က ဖားကန့်မှာတိုက်ပွဲကအများကြီး ဖြစ်တယ်။ ဖားကန့်လမ်းက ပဇောက်ကွေ့၊ နန့်တိန်ချောင်း ဒေသ ချောင်းဖျား မွန်ဂါရွာဟောင်းနား၊ လယ်ပြင်နဲ့လုံးခင်းကြား၊ နောက်ရုံ တောင်နဲ့ ကျောက် စိမ်း မော်တို့မှာ ဖြစ်ခဲ့တယ် ဆိုပြီး ကေအိုင်အိုက report တင်တယ်”ဟု ဂျိမ်းလွန် ဒေါင်းက ပြော သည်။

KIA စစ်သားများကြောင့် သေဆုံးသွားတဲ့ အကိုအတွက် အရေးယူးပေးဖို့ သမ္မတကြီး ဦးသိန်းစိန်ထံသို့ တိုင်စာ

Posted by drmyochit Friday, October 12, 2012, under | No comments


သေဆုံးသွားတဲ့ ကျွန်မအကိုအတွက် အဖြစ်မှန် ပေါ်ပေါက် စေခြင် သည့် ရည်ရွယ် ချက်ဖြင့် ကျွန်မသည် သမ္မထံ တင်ပြ ထားသော်လည်း ယခုအချိန်ထိ တစ်စုံ တစ်ရော ပြောဆို ရာခြင်းမရှိသေးပါသဖြင့် ရွှေမြန်မာ မီဒီယာ အနေဖြင့် တစ်ဆင့်ပြန်ကြား ပေးစေ လိုပါ တယ်ရှင် ...



ပြောင်ပြောင်တင်းတင်းလူ့အခွင့်အရေးချိုးဖောက်နေမှု

Posted by drmyochit Friday, October 12, 2012, under | No comments




ဓါတ်ပုံ-JINGPAW KASA 

KIA တပ်မဟာ(၅) မှ ဗိုလ်မှူး ခေါင်လွန်းမှ ခေါင်းဆောင်ပြီး KIA တပ်သား (၂၀) ဦးခန့်သည် အောက်တို ဘာ (၉) ရက်နေ့ လည်ပိုင်းတွင် မြစ်ဆုံ အရှေ့ဘက် မေခမြစ်ကမ်းဘေးရှိ သဲဝိုင် အနီးတစ်ဝိုက်ရှိ တောင်ယာ လုပ်ကိုင်နေ သူများနှင့် ရွှေကျင်နေသူများမှ စုစုပေါင်း(၂၁) ဦး အား လူသစ် အဖြစ် ဖမ်းဆီး သွားပြီး ထိုဖမ်း ဆီးသွားသူများတွင် အမျိုးသမီး (၅) ဦးပါ ၀င်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုးရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့ရှိ STX သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်လေ့လာ

Posted by drmyochit Friday, October 12, 2012, under | No comments


From :သမ္မတရုံး




နေပြည်တော် အောက်တိုဘာ ၁၁
ကိုးရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိ နေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ(၁၀)ရက် နံနက်ပိုင်းတွင် ဘူဆန်မြို့ရှိ STX သင်္ဘော တည်ဆောက်ရေး လုပ်ငန်းကို သွားရောက် လေ့လာသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ သဘောထားထုတ်ပြန်ကြေညာချက် ( ကြေညာချက် အမှတ် ၁ဝ /၂ဝ၁၂ )

Posted by drmyochit Friday, October 12, 2012, under | No comments


ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီသည် မြန်မာနိုင်ငံ ဖြတ်သန်း ခဲ့သော နိုင်ငံရေး အနေအထား အရပ်ရပ်၊ ဖြစ်ရပ် အထွေထွေနှင့် တိုင်းရင်းသား အချင်းချင်း အကြား နိုင်ငံရေး ယုံကြည်မှု မရရှိ နိုင်ခဲ့ သည့် ဖြစ်ရပ် အဝဝ တို့ကို သင်ခန်းစာ ယူ၍ ပြည်တွင်း ငြိမ်းချမ်းရေး အပြီးတိုင် ရရှိရေးနှင့် စပ်လျဉ်းသည့် သဘောထား ရပ်တည်ချက်ကို အောက်ပါ အတိုင်း ထုတ်ပြန်လိုက်သည်- 

အိပ်မရဘူး အော်မနေနဲ့ ဒီpostလေးဖတ်ပြီးလုပ်ကြည့်ဦး။အားအင်တိုးပြီး တက်ကြွလာမယ် သူငယ်ချင်းရေ

Posted by drmyochit Friday, October 12, 2012, under | No comments


From : ဒေါက်တာခင်မိုးမိုး

လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ အိပ်ရေး မဝတာကြောင့် နေ့ခင်း ပိုင်းမှာ အိပ်ငိုက်နေ တာကို ရုန်းကန် နေရ တယ်လို့ National Sleep Foundation မှာ ဖော်ပြ ထားပါတယ်။ အောက်ပါတို့ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပြီး စွမ်းအင် ပြည့်ဝစွာနဲ့ နိုးထ လာနိုင်တဲ့ နည်းလမ်းပါလို့ သိပ္ပံနည်းကျ နောက်ဆုံး ပြုလုပ် တဲ့ လေ့ လာမှုအရ တွေ့ရှိ ထားပါတယ်။

ဒိုဟာ- ရန်ကုန် ခရီးစဉ်ကို အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ နေ့စဉ် ပြေးဆွဲပေးမည်

Posted by drmyochit Friday, October 12, 2012, under | No comments


ဒိုဟာ- ရန်ကုန် ခရီးစဉ်ကို အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ နေ့စဉ် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ကာ တာ လေကြောင်းလိုင်းမှ သိရသည်။ ယင်းလေကြောင်း လိုင်းသည် အာဆီယံ နိုင်ငံများ ဖြစ်သည့် ကွာလာလမ်ပူ၊ ဘာဂီ၊ ဟိုချီမင်း၊ ဂျကာတာ၊ ဗန်ကောက်၊ ဟနွိုင်း၊ စင်ကာပူ၊ မနီလာနှင့် ဖူးခက် လေဆိပ် များကို ဆင်းသက်လျက် ရှိရာ ရန်ကုန် လေဆိပ်သည် ဒသမမြောက် ဆင်းသက်သည့် လေဆိပ်ဖြစ်ကြောင်း သိရသည်။
ကာတာ လေကြောင်း လိုင်းသည် ဒိုဟာ- ရန်ကုန် ခရီးစဉ် အတွက် Business Class(၁ဝ၂)ခုံ ပါဝင်သည့် Airbus A 319 လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲပေးမည် ဖြစ်သည်။
ကာတာ လေကြောင်းလိုင်းကို ၁၉၉၄ ခုနှစ်က ဒေသ တွင်း လေကြောင်းလိုင်း တစ်ခုအဖြစ် စတင်ပျံသန်း ပြေးဆွဲခဲ့ပြီး ၁၉၉၇ ခုနှစ်မှ စတင်ကာ နိုင်ငံတကာ လေကြောင်း လိုင်း အဖြစ် ပျံသန်း ပြေးဆွဲခဲ့သော လေကြောင်းလိုင်း တစ်လိုင်းဖြစ်ကြောင်း၊ ရန်ကုန်- ဒိုဟာ ခရီးစဉ်မှ ဥရောပ၊ အရှေ့ အလယ်ပိုင်း ဒေသ၊ အာဖရိကနှင့် အမေရိက တိုက်များသို့ပါ ချိတ်ဆက် ပြေးဆွဲရန် အစီအစဉ် ရှိကြောင်း လည်း သိရသည်။

ရခိုင်ပြည်နယ် သံတွဲတွင် ညမထွက်ရအမိန့် ရုတ်သိမ်းပြီ

Posted by drmyochit Friday, October 12, 2012, under | No comments



ရခိုင်ပြည်နယ် သံတွဲ တွင်ပြည် နယ်အစိုးရ ခွင့်ပြုမိန့်ဖြင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို အောက် တိုဘာ ၁၀ ရက်မှ စတင် ရုတ်သိမ်း လိုက်ကြောင်း သံတွဲ လွှတ်တော် ကိုယ်စားလှယ် ကပြော သည်။

ပြည်နယ် အစိုးရ မှပုဒ်မ ၁၄၄ကို ရုတ်သိမ်း လိုက်ရခြင်းမှာသံတွဲမြို့သည် လက်ရှိ တွင်ပြဿနာ မဖြစ် ပွားခြင်းနှင့် ဟိုတယ် လုပ်ငန်းရှင် များမှ စုပေါင်းတောင်း ဆိုခြင်းဖြစ်ကြောင်း သိရသည်။ ကျန်မြို့ နယ်များ တွင်ပုဒ်မ ၁၄၄ထုတ်ပြန် ထားဆဲဖြစ်ကြောင်း သိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်