Saturday, October 13, 2012

NLD ပါတီတွင်းအာဏာလုမူများ ဖြစ်ပေါ်မူကြောင့် မကျေနပ်သဖြင့် ပါတီဝင်များ အခြားပါတီသို့ ကူးပြောင်းကြ

Posted by drmyochit Saturday, October 13, 2012, under | No comments




တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဦးဖိုးကြည် သည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) နှင့် ပူးပေါင်းလိုက်ပါသည်။ NDF ဥက္ကဌ ဦး ခင်မောင်ဆွေမှ ပြီးခဲ့သည့် တစ်ပတ်ခန့်က မိမိပါတီအား လာရောက်ပူးပေါင်းမှုကို ခွင့်ပြုခဲ့ပြီး NDF ပါတီ အနေဖြင့် တရားဝင် စာရောက်ရှိလို့ လာခဲ့ပြီဖြစ်သည်။ NLD မှ ခွါထွက်ပြီး NDF သို့ ၀င်ရောက်သည်မှာ ဦးဖိုးကြည် အပါအ၀င် ကိုနိုင်ဦး၊ ကိုကျော်စွာ စသည့် အပေါင်းအပါများလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအချိန်ကတည်းကပင် ကျွန်းစုမြို့နယ် NLD မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါ်တင်တင်ရီနှင့်ပါတီတွင်း ပြဿနာများစွာ ဖြစ်ပေါ်နေသည်မှာ တော်တော်ပင် ကြီးထွားလို့လာခဲ့ပါသည်။ ငွေကြေးကိစ္စများ၊ အာဏာ လုသည့် ကိစ္စများ စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဒေါ်တင်တင်ရီနှင့် အပေါင်းအပါများအား မကျေနပ်ကြသောကြောင့် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် မှာ ပါတီတွင်း ပြဿနာများစွာ ဖြစ်ပေါ်လျှက်ရှိနေကြောင်းလည်း သိရှိရပါသည်။ ယခုဆိုလျှင် ကျွန်းစုမြို့နယ်မှ NLD ပါတီဥက္ကဌ ဦးဖိုး ကြည်နှင့် အပေါင်းအပါများ NDF သို့ စတင်၍ ခြေလှမ်းများ လျှောက်လှမ်းလို့လာခဲ့ပါပြီ… 
From :  တနသာၤရီသား

ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ

Posted by drmyochit Saturday, October 13, 2012, under | No comments






အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဂယာမြို့က မဟာဗောဓိ စေတီတော် အပါအ၀င် အိန္ဒိယနိုင်ငံမြို့တော် န ယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ ဖောက်ခွဲရေးတွေ
လုပ်ဖို့ ကြံစည်နေတဲ့ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် ၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက်တယ်လို့ ဒေလီရဲပြောပါတယ်။

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဥရောပသမဂ္ဂနိုင်ငံများ(EU)ကရရှိသွားပြီ

Posted by drmyochit Saturday, October 13, 2012, under | No comments





၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းေ ရးနိုဘယ်ဆုကို ဥရောပ သမဂ္ဂနိုင်ငံများ (EU) ကရရှိသွားပြီဖြစ်သည်။ ဥရော ပနိုင်ငံများတွင်လူ့အခွင့် အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် နှစ်ပေါင်း ၆၀ကျော် ဆောင်ရွက် ခဲ့ခြင်းများအတွက်ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

ဦးသိန်းစိန် ငြိမ်းချမ်းရေးဆုနှင့် လွဲချော်

Posted by drmyochit Saturday, October 13, 2012, under | No comments


သမ္မတ ဦးသိန်းစိန် သည် ယခုနှစ်၂၀၁၂ ခုနှစ်အတွက် နော်ဝေ နိုင်ငံအခြေစိုက် အော်စလို ငြိမ်းချမ်းရေးစင် တာမှ ချီးမြှင့်သော ငြိမ်းချမ်းရေး နိုဗဲလ်ဆုနှင့် လွဲချော်သွားခဲ့သည်။



မြောက်ဦးမြို့ပေါင်းတုတ်ရွာ ဗလီတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့ လိုက်သော သေနပ်များထားရှိ

Posted by drmyochit Saturday, October 13, 2012, under | No comments





 ဓါက်ပုံ မြောက်ဦးတစ်နေရာ (Arakan Time photo)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာ (ဘင်္ဂလီ မူဆလင်များနေထိုင်သည့်ရွာ)ရှိ ဗလီတွင် လက်နက် အလက် (၂၀၀) ထားရှိသည်ဟု ၄င်းရွာမှမာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် က မြောက် ဦးမြို့ ရဲစခန်းတွင် ယနေ့ နံနက် (၁၁း၃၀) ခန့်တွင် ဖြောင့်ချက်ပေးထားကြောင့် Arakan Review မှ သ တင်း ရရှိသည်။

မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို

Posted by drmyochit Saturday, October 13, 2012, under | No comments




နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင် ရုံးစိုက်မည်ဟု သတင်း များ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်

ညီထားခြင်း မရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက ပြောကြားသည်။

ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ နတ်မြစ်အတွင်း ဘင်္ဂလာတပ်ဖွဲ့ကဖမ်း

Posted by drmyochit Saturday, October 13, 2012, under | No comments


မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံအား နယ်စပ်မျဉ်း အဖြစ် ခြားထားသည့် နစ်မြစ်အတွင်းမှ ကျပ် သိန်း ၁၀၀
(တာကာ ၁၀ သိန်းတန်ဖိုး) ရှိ  အရက်နှင့် ဘီယာများကို ဘင်္ဂလားဒေ့ခ်ျ  နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီး လိုက်သည် ။ ကော့စ်ဘဇားထုတ် သတင်းစာ တစ်စောင်အရ အောက်တိုဘာ ၁၁ရက်နေ့ည ၇နာရီအချိန်တွင် နစ်မြစ်ထဲ သစ်ဘုတ်တစီးကို တက်ရောက် ရှာဖွေရာမှ ၏ဘီဂျီဘီ တပ်ဖွဲ့မှ ဖမ်းဆီးရ မိသည်ဟု ဆိုသည်။ဖမ်းဆီးရမိသော ပစ္စည်း အရေအတွက်မှာ ဘီယာ၂၄၆၀လုံး၊ ဒရိုင်းဂျင် ၁၀၇လုံး၊ မြန်မာ့ရမ် ၇၂လုံး တို့ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြောင်းသတင်းတွင် ဖေါ်ပြသည်။မူးယစ်ဖေါက်ကား ရောင်းဝယ် သူများမှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။


၁၃ ရက်နေ့ည စစ်တွေတွင် ဟိန္ဒူများကို ဘင်္ဂလီမူဆလင်များအကြမ်းဖက်

Posted by drmyochit Saturday, October 13, 2012, under | No comments




၁၃ ရက်နေ့ညနေ ၈နာရီခန့်တွင် ဟိန္ဒူများကို စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် (အင်ပါလာ ရပ်ကွက်) မှ ဘင်္ဂလီ မူဆလင်များက အကြမ်းဖက် ခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့ထဲရှိ ဈေးဆိုင်များတွင် ၀င်ရောက် လုပ်ကိုင်နေကြသော ဟိန္ဒူများသည် အလုပ်မှအပြန် အောင် မင်္ဂလာရပ်ကွက်ရှိ အင်ဘာလာလမ်းမှ ဖြတ်သန်း သွားကြရာတွင် ယင်းအောင်မင်္ဂလာ ရပ်ကွက်မှ ဘင်္ဂလီ မူဆလင် များက လမ်းမထဲသို့ ထွက်လာကာ ယင်းဟိန္ဒူများအား ဓါးဖြင့် လိုက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။

အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး အမေရိကန်နှင့် အစ္စရေး စတင်မည်

Posted by drmyochit Saturday, October 13, 2012, under | No comments



ဂျေရုဆလင် အောက်တိုဘာ ၁၁။     ။အမေရိကန်နှင့် အစ္စရေး တပ်ဖွဲ့ဝင် များသည် နှစ်နိုင်ငံ သမိုင်းတွင် အကြီး မားဆုံး ဖြစ်သည့် စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်နိုင်ရန် စတင်ပြင်ဆင် လျက်ရှိကြောင်း အင်တာ နက် သတင်း အရ သိရသည်။ Austere Challenge 12 (AC 12) အမည်ရှိ အဆိုပါ စစ်ေ ရး  လေ့ကျင့်မှု ကြီးကို အောက် တိုဘာ ၂၁ ရက် တွင်စတင် မည်ဖြစ်ပြီး သင်တန်း ကာလမှာ ရက်သတ္တ သုံး ပတ် ကြာမြင့် မည် ဖြစ်ကြောင်း အောက် တိုဘာ ၁ဝ ရက် က အစ္စရေး သတင်း စာကြီး တစ်စောင်
 ဖြစ်သော   Jerusalem Post  သတင်း စာက ထုတ်ပြန်ခဲ့ သည်။ 

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

Posted by drmyochit Saturday, October 13, 2012, under | No comments


From : သမ္မတရုံး

နေပြည်တော် အောက်တိုဘာ ၁၂ ။     ။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင် ဘတ်၏ ဖိတ်ကြားချက်အရ ကိုရီးယား သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ် ခဲ့ပြီးနောက် အဖွဲ့ဝင်များနှင့်အတူယနေ့ နံနက် ပိုင်း တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်

Posted by drmyochit Saturday, October 13, 2012, under | No comments


From :planet

အင်တာ နက်ပေါ်မှ အနိုင်ကျင့် နှိပ်စက် ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ ရသည့် ရင်နင့် သနား စရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေ သည်ကို တွေ့ရသည်။

NLD ပါတီလူငယ်များသွေးကြွကာ မူးရမ်းပြီး သောင်းကျန်းလျက်ရှိ(ပေးစာ - ၁၈၄)

Posted by drmyochit Saturday, October 13, 2012, under | No comments



သတင်းပို့ခွင့်ပေးပါခင်ဗျား -

ကျွန်တော်တစ်နိုင်ငံလုံး လှည့်သွားနေတဲ့ တစ်ယောက်ပါခင်ဗျား။ NLD တွေ တော်တော် အတင့်ရဲနေ ပါ သည်ခင်ဗျာ။ သူတို့ကို မထောက်ခံသူ၊ ကန့်ကွက်သူများကို အုပ်စုဖြင့် ဖြဲနေပါသည်။ ကားသမား အားလုံးနီး ပါးကိုလဲ ကျွန်တော်တို့ လူများဟု ထင်နေပြီး မကြည်ပါ။ ရပ်ကွက်ထဲတွင် ဘာမှ မဟုတ်သည့် လူများကို သာမာန်ပြည်သူများကလည်း အလိုက်အထိုက် ဆက်ဆံနေရပါသည်။ ဘိုးတော်များ၊ နက်ကတော် များကို လည်း သိပ်မကြည်ပါ။ လူကြီးကတော်အချို့ ကိုးကွယ်နေသောကြောင့် ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် ထပ်ဖြစ်သော ကိစစ များကြောင့် မူဆလင်များကို မြန်မာများ၊ သံဃာများကမကျေနပ်ကြပါ။ မြန်မာ့မြေပေါ် တွင်လည်း ဗုဒ္ဓ ဘာသာ များ အသက်ခံရပါသည်။ လူများမြေပေါ်တွင်လည်း ဗုဒ္ဓဘာသာများသာ အသက်ခံ ရပါသည်။ ရန်ကုန်ကုလားများ လက်နက်ခိုးသွင်းနေသည် ထင်ပါသည်။ သတိထားပါ ခင်ဗျား။ ၀န်ကြီးဌာ နနှင့် ဂျာနယ်များဖြစ်သောကိစ္စ၊ NLD နှင့် ဂျာနယ်များဖြစ်သောကိစ္စ များတွင် စတုတ္တမဏ္ဍိုင် အား အနိုင်ရ သင့်သည် ထင်ပါသည် ခင်ဗျား။ ဒီမိုကရေစီ ဖေါ်ဆောင်မှု့ ပိုပြီး ပွင့်လင်းမြင်သာလာနိုင်ပါသည် ခင်ဗျား။ ၂၀၁၅ တွင်လည်း အားလုံး ဒီမိုကရေစီ အပြည့်အ၀ရမည်ထင်ပါသည်။ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ နှစ်ဦး သည် NLD ကို control လုပ်နေပါသည်။ လူငယ်အများစုက သွေးကြွပြီး ( မူးနေပြီး ) ခပ်ရမ်း ရမ်းဖြစ်နေ ပါသည်။ ကျန်သည့် NLD လူကြီးများက သိပ်ကြေနပ်ပံမပေါ်ပါ။ ဥပမာ - ဟံသာဝတီ သတင်းစာဆရာ

ကျေးဇူးတင်ပါသည်ခင်ဗျား၊ 

လေးစာပါတယ်။

နှင်းကမ္ဘာ ဥယျာဉ်တွင် 5D ရုပ်ရှင် ထည့်သွင်း ဆောက်လုပ်မည်

Posted by drmyochit Saturday, October 13, 2012, under | No comments


ကန်တော်ကြီး အတွင်းရှိ ရေခဲကမ္ဘာ ဥယျာဉ်ကို လာရောက် သူတွေ အတွက် အမြင်သစ်နဲ့ခံစားနိုင် စေဖို့ နှင်းကမ္ဘာ ဥယျာဉ် အဖြစ် ပြောင်းလဲ တည်ဆောက်လျက်ရှိပြီး အဲ့ဒီလို တည်ဆောက် ရာမှာ 5D ရုပ်ရှင်ရုံ ကိုပါ ထည့်သွင်း ဆောက်လုပ် သွားမယ်လို့ သိရပါတယ်။ အခုလို 5D ရုပ်ရှင်ရုံ တည်ဆောက် ရာမှာတော့ နှင်းကမ္ဘာ ဥယျာဉ် အတွင်းမှာ မဟုတ်ဘဲ ဥယျာဉ်ရဲ့ အပြင်ဘက်မှာ ဆောက်လုပ် ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ 5D ရုပ်ရှင်ရုံကို ၆ ယောက်ဆံ့ရုံ အဖြစ် ဆောက်လုပ် လျက်ရှိပြီး ရုပ်ရှင်ရုံ ၀င်ကြေး အတွက် တစ်ဦး ကို ကျပ် ၁၅၀၀ သတ်မှတ် ထားတယ်လို့ သိရပါတယ်။

Eleven Media Group အားသုံးသပ်ခြင်း (၁)

Posted by drmyochit Saturday, October 13, 2012, under | No comments



Eleven သမိုင်းကြောင်းကို Myanmar Express Group ကဖော်ပြသင့်သလောက်ဖော်ပြပြီးပြီဆိုတော့ အကျယ် မချဲ့တော့ ပါဘူး။ ဖြစ်စဉ်လေးတွေကို ပြည်တွင်းမီဒီယာတွေသိအောင်တော့ ပြောပြချင်တယ်။ 2000 ၀န်းကျင်က အင်တာနက် ဆိုတာ မူးလို့ရှူစရာမရှိ၊ လူတန်းစားတစ်ခုအတွက် ကန့်သတ်ထားတဲ့ ပစ္စည်းဖြစ် ပါတယ်။ ဒီအချိန်မှာ ဘောလုံးဂျာနယ်တွေဖြစ်တဲ့ အင်အားနဲ့တံခွန်က နိုင်ငံခြား သတင်း စာတွေ အားပြုပြီး ထုတ်ဝေ နေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သန်းထွဋ်အောင်က ထောက်လှမ်းရေး နဲ့ပေါင်းပြီး စစ်ရုံးက အင်တာနက် ရယူ ပညာရှင်တွေနဲ့ပေါင်း ဂျာနယ်ထုတ်ပါတယ်။ အောင်မြင်တော့ ပညာရှင်တွေကို ကန်ထုတ်ပါ တယ်။ တစ်ချို့ဆိုရင် တရားစွဲခံရတဲ့အထိဖြစ်ပါတယ်။ သူရဲ့အကြောင်းကို ဇော်သက်ထွေး တို့အသိဆုံးဖြစ်မှာပါ။ ဇော်သက်ထွေးက eleven မှာတာဝန်ခံအယ်ဒီတာဖြစ်ခဲ့ဖူးပါတယ်။ ဇော်သက်ထွေး အဖမ်းခံရတော့ eleven က ဇော်သက်ထွေး ကိုကန်ထုတ် ခဲ့ပါတယ်။ မာဂျေလည်း ထို့အတူပါပဲ။ အားလုံးကိုရှင်းပြီးချိန်မှာ eleven ဟာ သန်းထွဋ်အောင် လက်ထဲရောက် လာပါတယ်။ ထုတ်ဝေသူက ထုတ်ဝေသူနေရာမှာမနေဘဲ အယ်ဒီတာတွေ၊ သတင်း ထောက်တွေ ကို ချယ်လှယ်၊ စည်းကမ်း အပြင်းတွေထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ သန်းထွဋ်အောင်ဟာ သာမန် စီးပွားရေး သမားဘ၀က တက်လာတော့ အရမ်းနာမည်ကြီး၊ လူရာတွင်ဖြစ်ချင်သူပါ။ သူ့ကိုယ်သူ မီဒီယာလော ကရဲ့ဖခင် လိုလို ခံယူထား တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသို့ ချယ်လ်ဆီးအသင်း လာရောက်ကစားမည်

Posted by drmyochit Saturday, October 13, 2012, under | No comments


From : Planet
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ချယ်လ်ဆီးသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော်ယမကာ ကုမ္ပဏီ International Beverage Trading Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ်တစ်ရပ် ချုပ်ဆို လိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ IBTCနှင့် ၎င်းထုတ်လုပ်သော Grand Royal ဝီစကီတို့သည် ချယ်လ်ဆီး၏ မိတ်ဖက် စပွန်ဆာ အမှတ်တံဆိပ်များအဖြစ် အကျုံးဝင်လာမည် ဖြစ် သည်။ ချယ်လ်ဆီးသည် အဖျော်ယမကာနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် ဒုတိယမြောက် အဓိက စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်းလည်း ဖြစ်လာသည်။ လက်ရှိ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ပိုင်ရှင်ဖြစ်သော ချယ်လ်ဆီးအသင်းသည် IBTC၏ လူသိထင်ရှားသော ကြော်ငြာ ကဏ္ဍတစ်ခုအဖြစ် ပါဝင် ကူညီ မည် ဖြစ်သည်။ ယခုစပွန်ဆာ စာချုပ်ကိစ္စတွင် ကြားဝင် ဆောင်ရွက်ပေးခဲ့သည့် Sport Revolution အေဂျင် စီ၏ စီမံရေးရာ ဒါရိုက်တာ အန်တိုနီ မာကူက "ကျွန်တော်တို့ဟာ ခုလိုမျိုး ထင်ရှားတဲ့ အကျိုးတူ အခွင့် အရေး တစ်ရပ်မှာ အကျိုးဆောင်ပေးခွင့် ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်