Sunday, October 14, 2012

အာကာသ လွန်းပျံယာဉ် အန်ဒဲဗား ၏ နောက်ဆုံးခရီး စဉ်

Posted by drmyochit Sunday, October 14, 2012, under | No comments



အမေရိကန် အကာသ လွန်းပျံယာဉ်အန်ဒဲဗား(Endeavor) ၏ နောက်ဆုံးကွန်းခို ရာ ခရီးစဉ် ဖြစ်သည့် ကာလီ ဖိုးနီးယား အမျိုးသား သိပ္ပံ ပြ တိုက် သို့ သယ်ဆောင် မှုခရီး စဉ် တွင် ယနေ့  နံနက် အစော ပိုင်း က တည်း က လောဇ်ဆန်းဂျလိဇ်မြို့  တွင်း သို့  ဖြတ်၍ သယ်ဆောင် ခဲ့သည်။ဂျပန် နိုင်ငံ လုပ် Toyota Tundra အမျိုး အစား မော်တော် ကား က ဘီးပေါင်း၁၆၀ ပါဝင်သည့်ထရော်လီ တွင် တင်ဆောင် လာသည့် အန်ဒဲဗား ကို တစ်နာ ရီလျှင် နှစ် မိုင် နှုန်း ဖြင့် ဆွဲ ယူလာရာ လမ်း တစ်လျှောက် တွင် အခြေခံ ပညာကျောင်း များနှင့် အဆင့်မြင့် ပညာ ကျောင်းများ မှကျောင်းသူ ၊ ကျောင်းသူများ၊ ဒေသခံ ဖျော်ဖြေ ရေး အဖွဲ့များက ဂီတ ၊ အက များ ဖြင့် ဖျော်ဖြေ ကြို ဆို ခဲ့ ကြသည်။အာကာသလွန်း ပျံ ယာဉ်ကြီး အား သောကြာ နေ့  က LA နိုင်ငံ တကာလေဆိပ်မှ စတင် သယ်ဆောင် လာပြီး နောက် အဝေး ပြေး လမ်းမ များ ၊ မာတင် လူသာ ကင်း လမ်းမကြီး ၊ မန်ချက်စတာလမ်း မ တို့  ကို ဖြတ် သန်း ပြီးသယ်ဆောင် လာခြင်း ဖြစ်သည်။ ပြီး ခဲ့ သည့် သတင်း ပတ်ကဘိုအင်း ၇၄၇ လေယာဉ် ကြီး ဖြင့် တင်ဆောင်ပြီး LA နိုင်ငံ တကာ လေဆိပ်သို့  ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ် မေ လ တွင် စတင် ခဲ့ ပြီး နောက်ဆုံး ပျံ သန်း မှု မှာ မေလ၂၀၁၁ ခုနှစ် တွင် ဖြစ်သည်။ အာကာသ ယာဉ်ကြီး သည် သူ့ ကို ကြို ဆိုသူများ ပြား သည့် နေရာ များ နှင့်LA မြို့  တွင်း ရှိ လမ်းဆုံ လမ်းခွ နေရာ များ တွင် ခေတ္တ ရပ် နား ပြီးဂုဏ်ပြု မှု ကို ခံ ယူသည်။

အန်ဒဲဗား ကို သယ်ဆောင်ရာ လမ်း တစ်လျှောက် ရှိ မော်တော် ယာဉ်အချက် ပြ မီးပွိုင် များ ကိုခေတ္တ ဖြုတ်ထား ခြင်း ၊ သစ်ပင် များ ကို ဆိုင် ကြိုး ဖြင့်လွှဲ ထား ခြင်း တို့  အပြင် လုံးဝ မလွတ်ကင်းသည့် သစ် ပင် ၄၀၀ ကို ဖယ်ရှားခဲ့ သော် လည်း LA မြို့  ပြ စိမ်းလန်းစိုပြေ ရေး ကောင်စီအရွယ် တူ နှင့်အခြား သစ်ပင် ၁၀၀၀ ကျော် ပြန်လည် စိုက်ပေး ရန် ကတိပြု ခဲ့ သည်။

အကာသ ခရီးစဉ် အကြိမ် ၁၃၀ ကျော် ထွက်ရှိ ခဲ့ ပြီး ကမ္ဘာ ကို အကြိမ်ပေါင်း ၄၆၀၀ ကျော် ပတ်ခဲ့ ကာဂြိုလ် တု ပေါင်းများ စွာ ကို နေရာ ချထားခဲ့ သည့် အန်ဒဲဗား အာကာသ လွန်း ပျံ ယာဉ် သည်သူ၏ နောက်ဆုံးကွန်းခိုရာ သို့  သွား သည့် ခရီးစဉ် သည် လောဇ်ဆန်းဂျလိစ် မြို့ တွင် အထင်ရှားဆုံး လူအမြောက် အများ ပါဝင်သည့် ကြိုဆို ဂုဏ်ပြု မှု တစ်ခု ဖြစ်သည် ဟု LA Timesသတင်းစာက ရေးသား ဖော်ပြထား သည်။

အန်ဒဲဗား သည် တနင်္ဂနွေ နေ့ နံနက် ၂ နာရီ တွင် သူ ၏ နောက်ဆုံး ထားရှိ ရာနေရာကို ဆိုက်ရောက်မည် ဖြစ်သည်။



ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ

Posted by drmyochit Sunday, October 14, 2012, under | No comments



ကျောက်နီမော်ကျေးရွာရှိ စရဖရုံးအား ဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသော အကျဉ်းသား ထွန်းဝင်း (ခေါ်)ဂျော်မာ လာဒိန် အသက်-၃၉နှစ် အဘ-သန်းအောင် သည် ထောင်မှူး တင်စိုးနှင့် ပူးပေါင်း ကာ ထောင်ပြင်ပတွင် စီးပွားရေး လုပ်ငန်း များလုပ် ကိုင်လျက် ရှိကြောင်း သတင်း ရရှိသည်။

 ဒေါပုံမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

Posted by drmyochit Sunday, October 14, 2012, under | No comments



ရန်ကုန်တိုင်းဒေ သကြီး ဒေါပုံ မြို့နယ် တွင်အောက် တိုဘာလ ၁၃ရက်နေ့ ည၉ နာရီ ၁၅မိနစ် အချိန် ခန့်က ဆိုင် ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင် ကယ်မောင်းနှင်သူအမျိုးသားနှစ်ဦးစလုံးပြင်း ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒေါပုံမြို့နယ် Capital Hypermarket ဘက်မှ သာကေ တ အမှတ် ၁ဈေးဘက် သို့ မင်းနန္ဒာ လမ်းမကြီး အတိုင်း မောင်းနှင် လာသည့် မော်တော် ဆိုင်ကယ်နှင့် မျက်နှာချင်း ဆိုင်ဘက်မှ လာသော မော် တော်ဆိုင် ကယ်တို့ ဒေါပုံမြို့နယ် မင်းနန္ဒာ လမ်းမကြီး၊ အိမ်အ မှတ် ၂၇၉ ရှေ့ အရောက် တွင် တိုက်မိခြင်းဖြစ်ကြောင်းသိရ သည်။ 

OIC မည်သည့်ပုံစံဖြင့်လာလာ ဆန့်ကျင်မည် ဟု စစ်တွေခေါင်းဆောင်များက ဦးထွေးလှအား ပြောကြား

Posted by drmyochit Sunday, October 14, 2012, under | No comments


OIC နှင့် နားလည် မှုစာချွန် လွှာရေး ထိုးခဲ့သူ နယ်စပ်/စည်ပင် ညွှန်ကြားရေး မှူးချုပ် ဦးထွေးလှ နှင့် စစ်တွေမြို့ မှ ဦးဆောင်ဦးရွက်ပြုသူ အချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင် အလွတ် သဘောတွေ့ ဆုံကြရာတွင်၊ OIC က အသွင် တစ်မျိုးမျိုးဖြင့် ၀င်လာမှုကို ဆက်လက် ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်း တွေ့ဆုံခဲ့သူများကပြေကြားခဲ့သည်ဟု ယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင် ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြား သည်။

ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်

Posted by drmyochit Sunday, October 14, 2012, under | No comments


နိုင်ငံတကာရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၌ ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုများ လုပ်ကိုင်နေသည့် Western Union သည် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် Myanmar Oriental Bank (မြန်မာအရှေ့ တိုင်း ဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။ ကနဦး သဘော တူညီချက်အနေဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့၌ သဘောတူညီမှု လက်မှတ်ရေး ထိုးခဲ့ကြပြီး နောက် လုပ်ငန်းများကို စက်တင်ဘာလကုန်ပိုင်းက စတင်ကာ ပြည်ပမှ မြန်မာနိုင်ငံသို့ လွှဲငွေ များကိုသာ လက်ခံဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။ 

ကလောမြို့နယ်တရားရုံးမှ ဆရာတော်ဦးဥတ္တမအားပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင်ရှေ့နေပြော

Posted by drmyochit Sunday, October 14, 2012, under | No comments



မိုးပြားဂိုဏ်း ဒုတိယခေါင်းဆောင် အဖြစ်လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ်စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြစ်မှ လူဝတ်လဲခြင်းခံရကာ သာသနာတော်အကြည်အညိုပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလော မြို့နယ်တရားရုံးမှ တရား စွဲဆိုပြစ်ဒဏ် ချမှတ်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ အမှုဖြစ်စဉ်အပေါ် မီဒီယာ အချို့၏ရေးသားဖော်ပြချက်မှားယွင်းကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် တရားဥပဒေနည်းလမ်းအရဆောင် ရွက် ချမှတ်ခဲ့သည့် အမှုဖြစ်စဉ်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ အောက်တို ဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီကရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့သော လူငယ်များအား ဖမ်းဆီးရမိ

Posted by drmyochit Sunday, October 14, 2012, under | No comments




မြိတ်မြို့တွင် အောက်တို ဘာလ ၁၀ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သောကား များ၊နေအိမ်များနှင့် ရုံးအဆောက် အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ ရာတွင် ပါဝင်ခဲ့သော လူငယ်များအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရ မိခဲ့ပြီဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တို ဘာလ ၁၂ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြစ်မှု ကျူးလွန် သူများ ကို လိုက်လံ စစ်ဆေး ဖမ်းဆီး ရာမှ အောက်တို ဘာလ ၁၂ ရက်နေ့ ည၁၁ နာရီတွင် အားလုံးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန်မာ ၃ ဦး ယာဘးဆေးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ

Posted by drmyochit Sunday, October 14, 2012, under | No comments


ယာဘာဆေးပြား ၄၀၀၈၈ နှင့် အတူ မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာ တာဝန်ရှိသူများပြောသည်။ သူတို့သည် အဆိုပါ ယာဘား ဆေးပြားများကို ဘုတ် တစ်စီးဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်သို့ တင်သွင်းလာစဉ် နတ်မြစ်အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုးတိုး တိတ်တိတ် စကား(၁ဝ)ခွန်း

Posted by drmyochit Sunday, October 14, 2012, under | No comments


မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင် ပါသလား? အောက်က စာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့
“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လို ကြင်နာ တတ်တယ်”လို့ ကိုယ့် မိန်းမ၊ ကိုယ့်ချစ် သူကို တခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ် တဲ့သူနဲ့ အတူနေ ခွင့်ရတာ မင်္ဂလာ တစ်ပါးပါ။ မိန်းကလေး အများက ကိုယ်ချစ်တဲ့ လူဆီက ကြားရတဲ့ ချီးကျူး စကား တစ်ခွန်းကို အခြား လူတွေ ဆီက ကြားရတဲ့ ချီးကျူး စကားတွေ ထက် ပိုတန်ဖိုး ထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်

Posted by drmyochit Sunday, October 14, 2012, under | No comments


ယနေ့ နေပြည်တော်တွင် ကျင်းပနေသြော
ပည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပထမအကြိမ် အထွေထွေ ညီလာခံဖွင့်ပွဲ အခမ်း အနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတဦးသိန်းစိန်သည် အခမ်းအနားသို့ နံနက် ၉နာရီ ၀န်းကျင် တွင် ရောက်ရှိလာကာ ၁၀ မိနစ်ခန့်အကြာ ပါတီဝင်များအားနှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။

" O.I.C. ကို ဘယ်လိုရင်ဆိုင်ရမလဲ ''

Posted by drmyochit Sunday, October 14, 2012, under | No comments



၁၉၆၇ ခုနှစ်မှာ တရုတ် ဗမာ အဓိ ကရုဏ်း ဖန်တီးပြီး ဗိုလ်ချုပ်ကြီးနေဝင်း အသက် ရှည်ပါစေလို့ ဆန္ဒဖော် ထုတ်ခဲ့ သလိုအခု ၂၀၁၂ ခုနှစ်မှာလည်း ရခိုင် အဓိကရုဏ်း တစ်ခု နည်းတူ ဖန်တီးပြီး သမ္မတကြီး ဦးသိန်းစိန် အသက်ရှည် ပါစေလို့ ဆန္ဒဖော် ထုတ်ကြပြန်တယ်။ တရုတ်ဗမာ အရေး အခင်း တုန်းက ကမ္ဘာ လုံးဆိုင် ရာတရုတ် အသင်း မရှိခဲ့။ အခု ရခိုင်အရေး အခင်းမှာ O.I.C. အဖွဲ့ကြီး ရှိနေတယ်။ အစိုးရအနေနဲ့ ကျးမြီး ဆွဲမိပြီ။

မြောက်ဦးမြို့ပေါင်းတုတ်ရွာ ဗလီတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့ လိုက်သော သေနပ်များထားရှိ

Posted by drmyochit Sunday, October 14, 2012, under | No comments


ဓါက်ပုံ မြောက်ဦးတစ်နေရာ (Arakan Time photo)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ပေါင်းတုတ်ကျေးရွာ (ဘင်္ဂလီ မူဆလင်များနေထိုင်သည့်ရွာ)ရှိ ဗလီတွင် လက်နက် အလက် (၂၀၀) ထားရှိသည်ဟု ၄င်းရွာမှ မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် က မြောက် ဦးမြို့ ရဲစခန်းတွင် ယနေ့ နံနက် (၁၁း၃၀) ခန့်တွင် ဖြောင့်ချက်ပေးထားကြောင့် Arakan Review မှသတင်း ရရှိသည်။

ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦး ဆေးရုံတင်ရ

Posted by drmyochit Sunday, October 14, 2012, under | No comments



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့ (၄)ရပ်ကွက်ရှိ အသက်(၁၄)နှစ်အရွယ်မင်းထက်အောင်အား ရဲတပ် ဖွဲ့ဝင်များ ကလူ မဆန်စွာ ရိုက်နှက် စစ်ဆေး ခဲ့သည့် အတွက် အောက်တို ဘာလ(၁၀) ရက်နေ့တွင် ပဲခူးမြို့ အထွေထွေပြည်သူ့ဆေးရုံကြီးသို့ တင်ထားရကြောင်းသိရှိရသည်။

စစ်တွေ အုပ်စုချင်း တင်းမာမှု ပစ်ခတ်လူစုခွဲ

Posted by drmyochit Sunday, October 14, 2012, under | No comments




ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂလီ အစ္စလာမ် ဘာသာဝင်တွေကြား အောက်တို ဘာလ ၁၂ရက်နေ့ည ၇နာရီအချိန်လောက်ကစပြီးတော့တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူအုပ် ဟာထောင်နဲ့ ချီလာ တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ သေနတ်တွေ မိုးပေါ်ထောင်ဖောက် တာတွေ အထိဖြစ်ပွား ခဲ့ရပါတယ်။အောက်တိုဘာလ ၁၂ရက်နေ့ မနက်ပိုင်းကတော့ ဒေသခံ ရခိုင် လူမျိုးတွေ၊ ဟိန္နူလူမျိုးတွေက OIC ရုံးကို လက်မခံနိုင်ကြောင်းနဲ့ ဘင်္ဂလားဒေရှ့်မှာ ဗုဒ္ဓ ဘာသာ ၀င်တွေကို အကြမ်းဖက်နေ တာတွေရပ် ဖို့တောင်း ဆိုခဲ့ကြပြီး ဘင်္ဂလားဒေရှ့်ကောင်စစ် ၀န်ရုံးကို စာပေး ပို့ခဲ့ ပါတယ်။ ဒီ့နောက်မှာတော့ စစ်တွေမြို့က ဘင်္ဂလီဒုက္ခသည်စခန်း ၂ခုကနေ စတင်ပြီး မငြိမ်မ သက်ဖြစ်ရာ ကနေ စစ်တွေမြို့က ဘင်္ဂလီ အစ္စလာမ်ဘာသာဝင်တွေ အများဆုံး နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက်မှာ လူစုလူဝေးနဲ့စတင်ခဲ့တာပါ။ ဒီ့နောက် ပစ်ခတ်မှုတွေဖြစ်ခဲ့ရကြောင်း စစ်တွေ မြို့ခံ တဦးကပြောပြ ပါတယ်။

နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်သူများထံမှ ရွာလူကြီးအချို့ ငွေကောက်ခံ

Posted by drmyochit Sunday, October 14, 2012, under | No comments



ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ထီးဝါ ပလောနှင့် ပနော ကလဲခီး (သံပုရာ)ကျေး ရွာတို့၌ နိုင်ငံ သားစိ စစ်ရေး ကဒ်ပြား ကိုအခမဲ့ လုပ်ဆောင်ပေးနေသော်လည်းရွာသူရွာသားများနှင့် ကျောင်းသားများမှ ကျေးရွာ လူကြီး များအား ငွေပေးခဲ့ရကြောင်း စိစစ်ရေးကဒ် ပြုလုပ်ခဲ့သူများက ပြောသည်။မြ၀တီမြို့နယ် လူဝင် မှုကြီးကြပ်ရေးဌာန (လ၀က) နှင့် နော်ဝေးနိုင်ငံ ဒုက္ခသည် ကောင်စီ (Norwegian Refugee Council -NRC) တို့က ကျေးရွာများ၌ တရွာလျှင် နှစ်ရက်နှုန်းဖြင့် စက်တင်ဘာ လကုန်ပိုင်းမှစ၍ အောက်တိုဘာလ ၅ ရက်နေ့ အထိ စိစစ်ရေး ကဒ်ရိုက်ပေး ရာတွင် ရွာလူကြီး အချို့မှ လူတစ်ဦးလျှင် ကျပ်ငွေ ၁,၀၀၀ မှ ၅,၀၀၀ အထိ ကောက်ခံ ခဲ့သည်ဟု ထီးဝါ ပလောရွာ သား တစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်