အခု ဖော်ပြပါ ဓာတ်ပုံက ထိုင်းနိုင်ငံ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ လူအများဆုံး ဖြန့်ဝေနေ တဲ့ ဓာတ်ပုံတခုပါ။
ထိုင်းတွေကတော့ ချမ်းသာမှုတွေ၊ စီးပွားလာဘ်၊ လာဘတွေ တိုးပွားချင်ရင် ဒီဓာတ်ပုံကို ဖြန့်ဝေပါ လို့ နိုးဆော်ပြီး ဖြန့်ဝေနေတာပါ။
ဓာတ်ပုံထဲမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ရဟန်းတပါးကို ရွှေချထားတာဖြစ်ပြီး ဘေးမှာလည်း ရဟန်းတော်
တွေက
ဆုတောင်းနေကြတဲ့ မြင်ကွင်းပါ။
ပျံလွန်တော်မူသွားတဲ့ ရုပ်ကလပ် ရွှေချထားတဲ့ ဆရာတော် ဘယ်သူဆိုတာ သိစေဖို့ လိုက်လံ ရှာဖွေကြည့် တဲ့ အခါ ဆရာတော်ဟာ မြန်မာ ရဟန်းတော်ဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပွန်း ဒေသက ဖြစ်ပြီး ပျံလွန်တော်မူပြီးနောက် တပည့်ရဟန်းတွေက ဆရာတော်ရဲ့ ရုပ်ကလပ်ကို ရွှေချ ပူဇော်ထားတာဖြစ်ပါ တယ်လို့ ဖော်ပြထားတာပဲ တွေ့ရပါတယ်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ
ဒက္ကာမြို့တွင် မြန်မာ ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို
ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။ ရဲအဖွဲ့မှ ၀င်ရောက် စီးနှင်း စဉ် အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့်
အိန္ဒိယရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီး မိခဲ့ သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူ (၁၀) ဦးထဲတွင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ထိုအထဲတွင် ဇာမန်ဆိုသော အမျိုးသားမှာ
ဒင်္ဂါးအတု လုပ်သည့် အတွေ့အကြုံ ၁၄ နှစ်ခန့်ရှိပြီဟု ဆိုသည်။
အောက်တိုဘာလ (၁၁)
ရက်နေ့မှာ ဦး.....(၄၁)နှစ်သည်အောင်မင်္ဂလာ အဝေးပြေးကားဝင်း အတွင်းမှာ ရှိနေစဉ် မွေးစားသမီး
ဖြစ်သူ မ.....(၃၁)နှစ် ကို ဓါးထိုး ခံရကြောင်း ဇနီးဖြစ်သူ....က
ဖုန်းဆက် အကြောင်း ကြား တဲ့ အတွက် နေအိမ်ကို ပြန်တဲ့အခါ သမီးဖြစ်သူမှာ သူ၏ ရည်းစားဖြစ်သူ
ကို.....(စိစစ်ဆဲ) နဲ့ စကားနိုင် လုရင်း ကနေ စကားများပြီး အဖြူရောင် ကော်ရိုးတပ် အရိုးအသွား(၆)လက်မခန့်ရှိတဲ့
စတီးဓါးနဲ့ ထိုးတဲ့အ တွက်မ.......ရဲ့ ၀ဲပါးပြတ်ရှ၊ ကျောဝဲဘက် ထိုးသွင်း ဒဏ်ရာတို့ရပြီး
သင်္ဃကျွန်း စံပြဆေးရုံမှာ အတွင်း လူနာ (စိုးရိမ်ရ) အဖြစ် ကုသရတဲ့ အတွက် ဖခင်ဖြစ်သူဦး.......ကတရား
လိုပြုတိုင် တန်းထားကာ တ/ဥက္ကလာပ ရဲ စခန်းက (ပ) ၆၄၇/၁၂ ပုဒ်မ ၃၂၆ နဲ့ စုံစမ်းနေရာကနေ
အောက်တိုဘာလ (၁၂) ရက်နေ့မှာ သေဆုံးသွားတဲ့ အတွက် ပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ ကိုပြောင်းလဲ
အမှုဖွင့်ပြီး အမှုကို ဆက်လက်စုံစမ်း နေတယ်လို့ သိရတယ်။
နိုင်ဂျီးရီးယား နိုင်ငံ
မြောက် ဘက်ပိုင်း ကန်ဒူနာ ပြည်နယ်က ရွာတရွာမှာ သေနတ် သမားတွေရဲ့ ပစ်ခတ် မှုကြောင့် အနည်းဆုံး
လူ ၂၀ လောက် သေဆုံး သွားတယ် လို့  နိုင်ဂျီးရီးယား အရာရှိ တွေက
ပြောပါတယ်။
မနက် အရုဏ်တက် အချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာကြောင့် သေဆုံးခဲ့ရသူ အများစုဟာ
ဗလီထဲက လူတွေ ဖြစ်ကြ ပါတယ်။ ဒေသခံ ဓားပြဂိုဏ်း တခု ကနေ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ
ဖြစ်ကြောင်း နိုင်ဂျီး ရီးယား နိုင်ငံ သတင်း ပြန်ကြားရေး ကော်မရှင်နာ မင်းကြီး ဆာအိဒူ အဒါမူ က ဘီဘီစီကို
ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး
(KNU) တရာရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော ဟာ နှလုံး အဆုတ် ဆီးချိုရော ဂါတွေနဲ့ ရန်ကုန်မြို့က
မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ည ၁၀ နာရီ ၃၇ မိနစ်မှာ ဖဒိုစောဒေးဗစ်ထောကွယ်လွန်သွားခဲ့ကြောင်း
သူ့ကို အနီးကပ် ကြည့်ရှုပေးနေတဲ့ ဒေါက်တာ စိုင်မွန်သာက ပြောပါတယ်။
သြစတီးယန်းနိုင်ငံသား
စွန့်စားသူဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသတွင်းမှ မြေပြင်သို့ အလွတ် ခုန်ချမှု ကမ္ဘာ့ စံချိန်
သစ်တင်နိုင်ရေး အတွက် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက်
ကြိုးပမ်းမှု အောင်မြင် ခဲ့သည်။
ဘွမ်ဂါ့တ်နာသည် အမြင့်ပေ ၁၂၈၀၉၇ ပေ မှ ၄ မိနစ် ၁၉ စက္ကန့်ကြာ အလွတ် ခုန်ဆင်း ခဲ့ပြီးမှ
လေ ထီးဖွင့် ခဲ့ခြင်း ဖြစ်သည်။ ယခုကြိုးပမ်းမှုတွင် အမြင့်ဆုံး အလွတ်ခုန်ချမှု၊ လူသားတစ်ဦးအတွက်
အမြင့်ဆုံးအမြန်နှုန်း၊ အသံ၏ အမြန်နှုန်းကို ချိုးဖျက်နိုင်မှု စံချိန် များတင်နိုင်ခဲ့သော်လည်း
ဆင်းလာသည့်အချိန် မြန်ဆန်ခြင်း ကြောင့် အချိန် အကြာဆုံး အလွတ်ခုံစံချိန်ကိုမူ လက်လွှတ်ခဲ့ရသည်။
စစ်ကိုင်းတိုင်း မုံရွာခရိုင်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ဆောက်ဖို့ဆိုပြီး ကျေးရွာ တချို့မှာ စာသင်ကျောင်းတွေ
အပိတ်ခံထားရတာကို ပြန်လည် ဖွင့်ပေးဖို့ အတွက် မူလတန်း ကျောင်းသား
(၁၀၀) ကျော်က ၀က်မှေးရွာ မူလတန်းကျောင်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက (၃)နာရီကြာ ဆန္ဒပြ
တောင်းဆိုခဲ့ကြ ပါတယ်။
ဝက်မှေးရွာ၊ ဆည်တဲရွာ၊
တုန်အလယ်ရွာ၊ တုန်ရွာသစ်၊ တုန်ရွာမ၊ ဇီးတော စတဲ့ကျေးရွာတွေက မူလတန်း ကျောင်းသား တွေဟာ
စာသင်ကျောင်းတွေ ပြန်ဖွင့် ပေးဖို့ကို အခုလို ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာ နိုင်ငံ ဆိုင်ရာ
အမေရိကန် သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်ဟာ ၂၀၀၇ ရွှေဝါရောင် တော် လှန်ရေး တုန်းက
ဦးဆောင် သံဃာ တစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ အခုတော့ လူဝတ်လဲ လိုက်ပြီဖြစ်တဲ့
ဦးညီညီလွင် နဲ့အ ဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့
နေအိမ်မှာ တစ်နာ ရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း တွေမှာ
မတည် ရင်းနှီးငွေ ပမဏဟာ ယခင်က ငွေကျပ်၂၃၆ ဘီလီယံသာ ရှိရာမှ ယခုအခါ ၄၀၁ ဘီလီယံ အထိ ရှိလာပြီ ဖြစ်တယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့
ဘဏ်လုပ်ငန်း များမှာ တစ်နှစ်ကျော် ကာလ အတွင်း များစွာ တိုးတက် လျက်ရှိပြီး ဘဏ် လုပ်ငန်း
များရဲ့ မတည် ရင်းနှီးငွေများ ဟာလည်း ယခုလို တိုးတက် လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက်
ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက် သယ်ယူမှု စနစ်များ ပိုမိုကောင်းမွန်အောင်
အဆင့်မြှင့်တင်နေကြောင်း သိရသည်။ အမေရိကန် လေတပ်၏ မဟာဗျူ ဟာမြောက်
ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက်သယ်ယူမှု
စနစ်များ ပိုမိုကောင်း မွန်အောင် အဆင့်မြှင့်တင်နေကြောင်း သိရသည်။ Northrop Grumman
ကုမ္ပဏီက မြန်နှုန်းမြင့် Processing စနစ် သစ် တစ်ခုအတွက် Softwareရော၊ Hardwareပိုင်းပါ
မြှင့်တင်မှုကို ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။

မြောက်ကို ရီးယား
နိုင်ငံသည် အမေရိကန် နိုင်ငံ၏ ကျူးကျော် ရန်စမှုကို တုံ့ပြန်ရန် အတွက် ဒုံးပျံ စွမ်းပ
ကားကို တိုးမြှင့် သွား မည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြား ရေး ဝန်ကြီး ဌာနက
အောက်တိုဘာလ ၁ဝ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ မြောက်ကို ရီးယား နိုင်ငံတွင် အမေရိကန်
နိုင်ငံနှင့် အခြားသော စစ်အ ခြေစိုက် စခန်းများထိရောက်ရှိ နိုင်သော မဟာ ဗျူဟာမြောက်
ဒုံးတပ်ဖွဲ့များ ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အမည် မဖော်လိုသူ
တစ်ဦးက ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် အရှေ့မြောက် အာရှ ဒေသတွင်းဒုံးပျံ
ယှဉ်ပြိုင်ပွဲ တစ်ရပ် ဖြစ်အောင် ဖန်တီး နေကြောင်း ကိုရီးယား ကျွန်းဆွယ်နှင့် ပတ်ဝန်းကျင်
ဒေသများကို မတည်မငြိမ်ဖြစ်စေရေး ဖျက်လိုဖျက်ဆီးပြုလုပ် နေသည့် အပြင် အပြန် အလှန် ဆွေးနွေး
မှုနှင့် စေ့စပ် ညှိနှိုင်းမှုများ အတွက် အခြေခံ အုတ်မြစ်ကိုလည်း ဖျက်ဆီးနေကြောင်း ၎င်းက
ပြောကြား ခဲ့ပါသည်။ တောင်ကိုရီးယား နိုင်ငံ သည် အမေရိကန်နှင့် ပြန်လည် ညှိနှိုင်း ပြင်ဆင်
ထားသည့် သဘော တူညီချက် အရ အကွာအဝေး ၈ဝဝ ကီလိုမီတာ (၄၉၇မိုင်) အထိ ရောက်ရှိသော ပဲ့ထိန်း
ဒုံးပျံများ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်
မြောက်ကိုရီးယား နိုင်ငံ၏ ထိုကဲ့သို့ ပြောကြားချက် ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။

လန်ဒန်မှာ ရောက်ရှိနေကြတဲ့
ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ရာဂဏန်း ခန့်ရှိတဲ့ ဗုဒ္ဓဘာသာ ၀င်တွေဟာ (အောက်တို ဘာ ၁၁ ရက်)
လန်ဒန်မြို့ ပါလီမန် စကွဲလ် (Parliament Square) ရှေ့မှာ ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓ ဘာသာ ၀င်တွေ
တိုက်ခိုက်ခံ ရတာနဲ့ ပတ်သက်ြ ပီး ငြိမ်း ချမ်းစွာ ဆန္ဒပြ ပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ ဆန္ဒပြပွဲ ကို Bangladesh Buddhist Association UK – British Sri Lanka Forum တို့နဲ့
မြန်မာ ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးတွေ၊ ယူကေနိုင် ငံရောက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်တွေကနေ
စုပေါင်းပြုလုပ်တာ ဖြစ် တယ် လို့ ဆိုပါ တယ်။ မြန်မာ၊ ထိုင်း၊ ဘင်္ဂလာဒေခ်ျ့၊ သီရိလင်္ကာ
စတဲ့ နိုင်ငံတွေက ရဟန်းတော် ၂၃ ပါး ကြွရောက် ချီးမြှင်ြ့ပီး လူကတော့ ၁၅၀ နဲ့ ၂၀၀ အကြားမှာ
ရှိလိမ့်မယ်လို့ ဆန္ဒပြပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါ တယ်။ တက်ရောက်လာကြသူတွေ
အထဲမှာ ဗြိတိန် အထက်လွှတ်တော်က Lord Averic ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦး လည်း ပါဝင်ပြီး တခြား
ခေါင်းဆောင်တွေနဲ့ အတူ မိန်းခွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ခုလို လန်ဒန်မှာ ဆန္ဒပြပွဲ ကျင်းပရခြင်းရဲ့
အဓိက ရည်ရွယ်ချက်တွေ ကိုတော့ ပါဝင်တဲ့ ဘင်္ဂလာဒေခ်ျ့က ဦးဇင်း တစ်ပါးက ခုလို ပြောပြပါ တယ်။
“ မကြာသေးခင်ကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ် တကောင်းဒေသ နှင့် ပန်းဝါဒေသများတွင် လူနည်း စု
ဒေသခံများဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်တာ၊ သတ်ဖြတ် တာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီး ခံရ တာ၊
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ဗုဒ္ဓဘုရား ရုပ်ပွါးတော်တွေ ကို တိုက်ခိုက် ဖျက်ဆီးတာတွေကို
တားဆီး ရန်နဲ့ ခုလို ယုတ်မာ ရက်စက်မူတွေကို ကမ္ဘာက သိရှိစေ လိုတဲ့ အတွက် ငြိမ်းချမ်းစွာ
တောင်းဆို ဆန္ဒပြ ရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဆန္ဒပြပွဲ အတွင်း Bangladesh
Buddhist Association UK မှ Sujan Barua က လည်း ခုလို ပြောပါတယ်။ “ မိမိတို့ အနေနဲ့
ယခုလို တောင်းဆို ဆန္ဒပြပွဲတွေ ကာကွယ်မူတွေ မလုပ်ရင် ဗုဒ္ဓဘာ သာသည် မကြာခင်ကာလ အတွင်းမှာပင်
ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွား ရတော့မည်ဖြစ်ကြောင်း၊ မိမိတို့ ဗုဒ္ဓဘာ သာဝင်များသည် ဘင်္ဂလားဒေခ်ျ့
နိုင်ငံ၊ စစ်တကောင်းဒေသနဲ့ ပန်းဝါဒေသ များတွင် မည်သည့် ဘာသာ ဝင်များကိုမှ တိုက်ခိုက်မူ
မရှိသော်လည်း၊ ယခုမူ မိမိတို့အပေါ် လူမျိုးတုံး၊ ဘာသာပျောက်အောင်ပင် ရည်ရွှယ် ချက်ရှိရှိ၊
အငြိုးကြီးကြီးဖြင့် လိုက်လံတိုက်ခိုက်ခံနေရကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင် များမှာ
ထိုဒေသတွင် လူနည်း စုသာဖြစ်၍ တစ်ရာခိုင် နှုံးခန့်သာရှိကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာကို
မပျောက်ကွယ်၊ ရည်ရှည် တည်တန့် ခိုင်မြဲအောင် ဗုဒ္ဓဘာသာ တိုင်းမှာ တာဝန်ရှိကြောင်း အကျယ်တဝန့်
ရှင်းလင်းပြောကြားခဲ့တယ်” လို့ဆိုပါ တယ်။ ဆန္ဒပြတဲ့ သူတွေဟာ အဲဒီနေရာကနေ ဒေါင်းနင်းလမ်းကို
သွားရောက်ပြီး အဲဒီအထဲက ရဟန်းတော် ငါးပါး ဟာ သူတို့ရဲ့ မေတ္တာရပ်ခံစာကို ဗြိတိန် ၀န်ကြီးချုပ်ဆီကို
သွားရောက် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက တဆင့် ဆန္ဒပြသူတွေဟာ Foreign office ရှေ့ကို
ချီတက်ခဲ့ကြတယ်လို့ ပြောပါတယ်။ သူတို့ တောင်းဆို ထားစာထဲ မှာတော့ အချက် (၆) ချက်ကို
တောင်းဆိုထားတယ်လို့ ပြောပါတယ်။ တောင်းဆိုတဲ့ အချက်တွေကတော့ သမာ သမတ် ကျတဲ့ စုံစမ်း
စစ်ဆေးရေးကော်မီတီ ဖွဲ့ပြီး စစ်ဆေးဖို့နဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေး အရေးယူဖို့၊
ထိခိုက် ဆုံးရှုံး ခံခဲ့ရတဲ့ ရွာသားတွေကို လျှော်ကြေးပေးဖို့နဲ့ မီးရှို့ခံလိုက်ရတဲ့
ဘုန်းတော်ကြီးကျောင်းတွေ – လူနေ အိမ်တွေကို ပြန်ဆောက်ပေးဖို့၊ နောက်နောင် တိုက်ခိုက်မူတွေ
မဖြစ်ပွားရအောင် လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ပေးဖို့၊ တိုက်ခိုက်မူမှာ ပါဝင်သူတွေကို
လူသိရှင်ကြား ထုတ်ဖေါ်ပေးဖို့၊ ဘင်္ဂလာဒေခ်ျ့နိင်ငံမှာ ဘာသာရေး အရ နားလည် ခွင့်လွတ်မူတွေနဲ့
အပြန်အလှန် လေးစားမူတွေ ပိုရအောင် လူမူ အဖွဲ့အစည်းတွေ အတွင်း ပညာရေး မြင့် တင်ရန်နဲ့
အပြန်အလှန် လေးစား ယုံကြည်မူတွေ ပြန်လည် တည်ဆောက်နိုင်အောင် စနစ် တကျ သုတေသန လုပ်ငန်းတွေ
လုပ်နိုင်အောင် ငွေကြေးပိုမို စိုက်ထုတ် အသုံးပြုရန်တို့ ဖြစ်ပါတယ်။ ဒီစာကို ဗြိတိန်
ဝန်ကြီချုပ်ကို လိပ်မူ တက် ပေးပို့တာ ဖြစ်ပြီး မိတ္တူကိုတော့ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်၊
ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး၊ Human Rights Watch၊ amnesty International၊ အီးယူးနိုင်ငံခြားရေး
ရုံးနဲ့ အမေရိကန်-ဂျပန်- တရုတ် သံအမတ်ကြီးတွေဆီကိုလည်း ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။
ကေအိုင်အေ (ကချင်)အဖွဲ့ မိုင်းထောင်မှု များကြောင့် အပြစ် မဲ့ပြည်သူ များ ထိခိုက် ဒဏ်ရာရရှိ
၉-၁၀-၂၀၁၂ ရက်နေ့ တွင် ဖားကန့်မြို့နယ်၊ ဝှေခါးကျေး ရွာနေ တင်လင်း (၂၈)နှင့် (ဘ)ဦးသန်းပိုနှင့်
ဇော်ဝင်းနိုင် (၂၅)နှစ် (ဘ)ဦးပဲကျော် တို့(၂) ဦးသည် ရတနာကြယ် ကုမ္ပဏီမြေစာ ပုံအောက်သို့
မျှစ်ချိုးရန် ရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲ့မှ ထောင်ထား သည့် မိုင်း(၁)လုံးအားနင်းမိ
ပေါက်ကွဲ သွားခဲ့ သဖြင့် တင်လင်းမှာ ၀ဲခြေ ကျင်းဝတ်နှင့် ခြေဖ၀ါးကျိုး၊ ပေါက်ပြဲဒဏ်ရာဖြင့်
၎င်းနေရာတွင် သေဆုံး သွားခဲ့ပြီး ၎င်းနှင့် အတူပါ လာခဲ့သော ဇော်ဝင်းနိုင်(၂၅)နှစ် (ဘ)ဦးပဲကျော်တွင်
ယာပေါင်/ခြေကျင်းဝတ် ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ ၀ဲပေါင် နှင့် ခြေကျင်းဝတ်တို့တွင် ဒဏ်ရာများ
ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ကေအိုင်အေ (ကချင်) အဖွဲ့မှ မိုင်းထောင်ဖေါက်ခွဲ မှုကြောင့် မပြစ် မဲ့ပြည် သူများ ဒဏ်ရာများ ရရှိ ၁၀-၁၀-၂၀၁၂
ရက်နေ့ ဖားကန့်မြို့ နယ်တွင် ကေအိုင်အေ (ကချင်)အဖွဲ့မှ မိုင်းထောင်ဖေါက် ခွဲမှုကြောင့်
ဦးနော်ဆိုင်း၊ (၃၈)နှစ် (ဘ) ဦးဆွေနော် သည် လည်ပင်း မိုင်းစ ထိမှန်ပြီး၊ မောင်လှိုင်မင်းအောင်
(၂၇)နှစ် (ဘ)ဦးအောင်မင်းသည် ဘယ်န ဖူး မိုင်းစထိမှန်၊ မောင်အောင်ဇော်လတ် (၂၇)နှစ် (ဘ)
ဦးသိန်းဝင်းသည် ညာတစ်တောင်ဆစ်အား ထိခိုက် ဒဏ်ရာ များ အသီးသီးရရှိခဲ့သောကြောင့် ဖားကန့်ဆေးရုံတွင်
ဆေးကုသခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။