စတော့ဈေး ကွက်တွင် Google၏ ဆိုးဆိုးရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုကရင်းနှီးမြှုပ်နှံသူများကို အလေး ထား စိုးရိမ်စေသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။
Google သည် ၎င်းတို့၏ နှစ်စဉ်အမြတ်ငွေ ကျဆင်းမှုကို အချိန်စော ကြေညာလိုက်သည့်နောက် ရှယ်ယာဈေး များ ထိုးကျကုန်ကာ (၈)မိနစ်အတွင်း ဒေါ်လာ (၂၄)ဘီလျံ နစ်နာသွားကြောင်း သတင်းများ က ဖော်ပြခဲ့သည်။
ရခိုင်ပြည် ကျောက်ဖြူမြို့တွင် မနက်ဖြန် ၂၀.၁၀ ၁၂ နေ့ တွင် OIC အလိုမရှိ၊ ၁၉၈၂ခု မြန်မာနိုင်ငံသား အက်ဥ ပဒေ ကိုလေးစားလိုက်နာပါဆိုပြီး စာသားပါအင်္ကျီ ကို ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ပွဲပြု လုပ်သွား မည်ဖြစ် သည်။
ကိုရီးယား အ ဆိုတော် PSY ရဲ့ ▶
Psy -Gangnam Style သီချင်း မှ Melody ကိုယူပြီး Oppa Myanmar Style ဆိုပြီး မလေး ရှားရောက်မြန် မာကျောင်း သူ/သားတွေ ကFunny Video အဖြစ် တင်ဆက် ထားပါ တယ်။
ကွန်ဂိုနိုင်ငံ အရှေ့ဘက် ကီဗူဒေသအတွင်း သူပုန်တို့၏ တိုက်ခိုက်မှုကြောင့်မတည်ငြိမ်မှုဖြစ်၍ ယင်းဒေသ၌ တနှစ် အတွင်း အမျိုးသမီး ၅၀၀၀ မုဒိမ်းပြုကျင့်ခံရသည်ဟု ဒေသဆိုင်ရာ ဆေးရုံတာဝန်ရှိသူ တဦး ကပြော ပြ ကြောင်း Newage သတင်းမှာ ဖေါ်ပြထားသည်။
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ပိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးေ ပါ် ၌အောက် တိုဘာ ၁၄ ရက် နံနက် ၃ နာရီ၃၀ မိနစ်တွင် ကားမီးလောင်သောကြောင့်သက်ဆိုင်ရာမှ လာရောက် စစ်ဆေးစဉ်မူး ယစ် စိတ်ကြွဆေးထုပ်များကိုတောစပ်တွင်ဖွက်ခဲ့၍ယာဉ်ပေါ်ပါလူများ ထွက်ပြေးတိမ်းရှောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ သည်။
နယူးယောက် ရှိ အမေရိကန် ဗဟိုဘဏ်အဆောက် အဦ ကို ဗုံးထောင် ဖောက်ခွဲ မည့် အသက် ၂၁ နှစ်အ ရွယ်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား ကာဆီ မိုဟာမက် ရဇ်ညူဝယ်(လ) အရှန် နာဖစ် ကို လျှို့  ၀ှက်တာ ၀န်ထမ်းဆောင် မှု ပြု နေသည့် အမေရိကန် ပြည်တွင်းလုံခြုံရေး အဖွဲ့  ၀င်များ ၏ အကူ အညီ ဖြင့်ဖမ်းဆီး နိုင်ခဲ့ သည် ဟု Fox သတင်း ရုပ်သံ က ထုတ် လွှင့် ခဲ့ သည်။
လူသိများ ထင်ရှားတဲ့ တူရကီ စန္နယားဂီတပညာရှင်ဟာ ပြီးခဲ့တဲ့ ဧပြီလကသူ့ရဲ့ တွစ်တာပေါ်မှာ အစ္စလာမ် ဘာသာကို ပုတ်ခတ် ရေးသားခဲ့ တာကြောင့်ဘာသာရေး စော်ကားမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ တွစ် တာပေါ်မှာ ရေးသားခဲ့တဲ့ မှတ်ချက်ကို တွစ်တာသုံးစွဲသူ အတော်များများက မူဆလင်တွေကို ဟာသ လုပ်ခဲ့ကြတဲ့ အတွက် ဘာသာရေး စော်ကားမှု အဖြစ် စွဲဆိုခံရတာကို အစ္စတန်ဘူးလ်က တရားရုံးက တရား ခွင်မှာ အသက် ၄၂ နှစ် အရွယ် Fazil Say က ကိုယ်တိုင် ချေပခဲ့ပါတယ်။
အပြစ်ရှိ တယ်လို့ အမိန့်ချမှတ်ခံရရင်တော့ ထောင်ဒဏ် ၁၈ လ အထက် ကျခံရမှာဖြစ်ပါတယ်။ ချက်ချင်း တရားသေ လွှတ်ပေးဖို့ Say က တရားရုံးမှာ တောင်းဆိုပေမယ့် တရားသူကြီးက ဒီအမှုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
Say ဟာ ဥရောပ ကော်မရှင်ရဲ့ ယဉ်ကျေးမှု ဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို New York Philharmonic နဲ့ Berlin Symphony Orchestra တို့ အပါအ၀င် သံစုံတီးဝိုင်း အတော်များများလည်း ပါဝင်တီခတ်ခဲ့သူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J.Burns ဟာ ဒီကနေ့ နေပြည်တော် မှာရှိတဲ့မြန်မာ သမ္မတဦးသိန်းစိန်အပါအ၀င်မြန်မာအစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ရော၊ဒေါ်အောင် ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းဘိန်းစာရွက်ရောင်းချသူ ၆ ဦးအား ဖမ်းဆီးထားကြောင်း သံဖြူ ဇရပ်မြို့မ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ဘိန်းစာရွက်(IMNA) ဖမ်းဆီးရမိထားသော ၄င်းဘိန်း စာရွက်ရောင်း ချသူများအား မော်လမြိုင်ထောင်၌ ဒုတိယ-ရမန်ဖြင့်ချုပ်နှောင် ထားဆဲဖြစ်ပြီး မကြာမီ တရားစွဲဆိုတော့ မည်ဟု သိရသည်။“ကျုံကရုတ်ရွာနဲ့ ကြံ့ခိုင်ရေးရပ်ကွက်တွေကပါ၊ ပြီးခဲ့တဲ့လက ဖမ်းမိခဲ့ တာ တရားမစွဲ ရသေးဘူး၊ ဥပဒေအကြံပေးချက် တောင်းထားဆဲပဲ” ဟု အထက်ပါရဲအရာရှိကပြောသည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်တင်နေသော အကြွေးငွေ ဒေါ်လာ ၅၀၀ ဘီလျံ အနက်မှ ဘီလျံ ၃၀၀ အား ကြွေးလျော်ပေး လိုက်ပါသည်။ မြန်မာနိုင်ငံ၏ အခြားနိုင်ငံများအပေါ် တင်ရှိနေ သည့် အကြွေးများကိုလည်း ပြန်ဆပ်နိုင်ရန် ကူညီပေးသွားပါအုန်းမည်။ ဒါတွေက ဘယ်သူ့ကြိုးပမ်းအားထုတ်မှုကြောင့်လည်း…? မိဘဆို တာ သားသမီးကို တကယ်ချစ်ရင် အပြစ်ဆိုစရာရှိလို့ ပြောရမယ်ဆိုရင်တောင် အများရှေ့မှာ မ ကောင်းတဲ့ အပြစ် အနာအဆာ အားနည်းချက်တွေကို ထုတ်ဖော်ပြောပြီး ရိုက်နှက် ဆုံးမတာဟာ တကယ်ချစ်တာလား? သားသမီးကို အများသူငါရှေ့မှာ အရှက်ရ စေခြင်း၊ နောက်နောင် အမည်ဆိုး တွင်သွားအောင် အရှက်ခွဲလိုက်ခြင်းလား? ဒါကြောင့် သားသမီးကို တကယ်ချစ်ရင် ကောင်းစေချင်ရင် အိမ်ကျမှ ဆုံးမပါ။ အများ သူငါ ရှေ့မှာ ကိုယ့်သားသမီးရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြောဆိုပြီး အရှက်မခွဲပါနဲ့ လို့ လေ့လာ မှတ်သား ခဲ့ရတယ်။ သားသမီးတစ်ယောက်ရဲ့ အားနည်းချက်ကို အများသူငါရှေ့ထုတ် ဖော်ပြော ဆိုလိုက် ရင် သူ့စိတ်ထဲမှာ ငါ့အဖေ၊ ငါ့အမေ ဟာငါ့ဖက်က မကာကွယ်ပါလား။ သူက၀င်ပြီး အပြစ်တွေပြောနေတယ်။ ငါ့ဖက်မှာ ဘယ်သူမှ မရှိပါလား။ ဆိုတဲ့ အတွေးဝင်သွား မယ်။ အရွဲ့တိုက်ချင်စိတ် အရာရာဆိုးတိုင်ပင် ကောင်းတိုင် ပင်စိတ် မရှိတော့ပဲ ကိုယ့်သဘောနဲ့ ကိုယ် စိတ်လိုက်မာန်ပါ လုပ်တော့မယ်။ ကိုယ်နဲ့ရွယ်တူ ကလေးတွေရဲ့ မကောင်းတဲ့ အကျင့် စရိုက်တွေကို လိုက်လုပ်တော့မယ်။ ပြဿနာတစ်ခု ဖြစ်ရင် မိဘက မင်းမကောင်းလို့ မင်းကြောင့် စတဲ့ အပြစ်တင်ကြိမ်းမောင်းတာတွေကို လူေ၇ှ့သူရှေ့ အရှက်ခွဲခံရမဲ့ အတူတူ ဘာပြဿနာ ဖြစ်ဖြစ် မိဘကို ဖွင့်မပြောတော့ပဲ ကိုယ့်ဖာသာကိုယ် ရှင်းတော့မယ်။ ဒါဆို မိသားစု ဆိုတဲ့ စည်းလုံး ညီညွတ်မှု ပျက်စီးသွားရင် ကြားလူ အချောင်သမားဝင်လာမယ်။ လမ်းမှားကို ရောက်တော့မယ်။ နိုင်ငံ တစ်နိုင်ငံမှာ မိဘနဲ့တူတဲ့ အုပ်ချုပ်သူ ခေါင်းဆောင်တွေဟာ သားသမီးနဲ့တူတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အပေါ်မှာ ဘယ်လိုဆက်ဆံမလည်း။ နိုင်ငံတကာလှည့်ပြီ “ မြန်မာလူမျိုးတွေ အပျင်းကြီးတယ်။ အချင်းချင်း မတည့်ဘူး။ ရိုင်းစိုင်းတယ်။ ပညာမတတ်ဘူး။ အချင်းချင်း မနာလိုဘူး။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတာ” စသည်ဖြင့် သားသမီးကို အရှက်ခွဲ နေတဲ့ မိဘနဲ့ မတူတဲ့ မိဘကြောင့် မြန်မာလူမျိုး ဆိုတာ ကမ္ဘာမှာ သိမ်ငယ်နေရတယ်။ တစ်ချို့ကတော့ မိဘကောင်းစိတ်နဲ့ “မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံပါ။ ကျွန်တော် တို့နိုင်ငံမှာ လာရောက်လေ့လာကြည့်ပါ။ မြန်မာလူမျိုးတွေက ဖော်ရွေတယ်။ သဘောကောင်း တယ်။ ကူညီချင်စိတ် အပြည့်ရှိတယ်။ ရိုးသားတယ်၊ သံယောဇဉ်ကြီးတယ်။ ခင်ဗျားတို့ ဖက်က လိုချင်တဲ့ တရားဥပဒေစိုးမိုးအောင် အကာကွယ်ပေးပါ့မယ်။ တစ်ဖက်နဲ့တစ်ဖက် ညှိုနှိုင်းပါ။ ကျွန်တော်တို့ ဆီမှာ လိုအပ်တာတွေ ကတော့ နည်းပညာပိုင်းဆိုင်ရာပါ။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံ သားတွေကိုလည်း နည်းပညာပိုင်းဆိုင်ရာ လက်တွဲခေါ်ယူ သင်ပြပေးပါ။ အဆွေတော်တို့ အတွက် အကျိုး ရှိမဲ့ စီမံကိန်းတွေပါ။ ဒါကြောင့် အဆွေတော်တို့ အတွက်လည်း ရင်းနှီးမြုပ်နှံရင် သေချာပေါက် အကျိုးရှိမယ့် စီးပွားရေး လုပ်ငန်းတွေပါ။ နောက်ပြီး မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော် စီးပွားရေးပိတ်ဆို့ထားခဲ့တော့ ကိုယ့်ပစ္စည်းလဲ မရောင်းရ သူတို့ပစ္စည်းလဲ မရောင်း စက်ရုံအလုပ်ရုံတွေလည်း မရှိတော့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်ရတယ်။ ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ အလုပ်သွား လုပ်နေရတယ်။ ဒါကြောင့် စက်ရုံအလုပ်ရုံတွေ လည်း လာရောက်ရင်းနှီး မြုပ်နှံစေချင်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ ကူးပြောင်းစ ကာလမှာ အဖက်ဖက်က လိုအပ်ချက်တွေ ရှိနေလို့ အကူညီပေးစေလိုပါတယ်” ဒီလို နိုင်ငံ တကာ အလယ်မှာ ကိုယ့်သားသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းနည်းပညာ အစစ ဘက်စုံ တိုးတက် ဖွံ့ဖြိုးအောင် မိဘကောင်းစိတ်နဲ့ ကြိုးစားတယ်။ အပြစ်အနာအဆာ တွေကို အိမ်ကျမှ တိုးတိုး တိတ်တိတ် ဆုံးမပြီး ပညာတွေ ကြိုးစားသင်ပြီး ကိုယ့်နိုင်ငံပြန်လာပါ။ စည်းလုံးညီညွတ်ဖို့ရာ ထင်းစည်းလေး ချိုးပြနေ ရတယ်။ ကိုရီးယားတွေလို ၀ိရိယ ရှိကြ။ သူများ တိုးတက်သလို တိုးတက်အောင် ကြိုးစား။ အလုပ် လက်မဲ့ပေမယ့် ထမင်းမငတ်တာ မြန်မာနိုင်ငံ မှာပဲ ရှိတယ်။ ဒီလို အရိုးပေါ် အရွက်ဖုံးပြီး ကောင်းတာလေးတွေ ရွေးချီးမွမ်း ကိုယ့်လူကိုယ် တိုးတိုးတိတ်တိတ် ဆုံးမ မှ တကယ်သားသမီးကို ချစ်တဲ့ မိဘပါ။ မိဘကောင်းရင် သားသမီးက မိကောင်းဖခင် သားသမီးဖြစ်လာမှာပါပဲ။ ဒါကြောင့် ဘယ်မိဘက ကိုယ့် အပေါ် တကယ်ကောင်းတာ လည်း စေတနာ တကယ်ရှိတာလည်း သားသမီးတွေ စဉ်းစားကြပါ။
HIV ရောဂါပိုး ရှိ မရှိ လွယ်ကူ လျင်မြန်စွာ စမ်းသပ်နိုင်မည့် ကိရိယာအား အမေရိကန် ဒေါ်လာ ၄ဝ ဖြင့် စတင် ရောင်းချပြီဟု နယူးယောက်တိုင်းမ် သတင်းစာ တွင် ဖော်ပြထားသည်။ AIDS ရောဂါ ဖြစ်ပွားစေသော HIV ရောဂါပိုးရှိ မရှိ နေအိမ်တွင်ပင် အလွယ်တကူ လျင်မြန်စွာ စစ်ဆေးနိုင်သော ကိရိယာ အား အမေရိကန် အစား အစာနှင့် ဆေးဝါးထိန်း ချုပ်ရေး FDA က အတည်ပြု ပေးပြီး အမေရိ ကန်နိုင်ငံ တွင် စတင် ရောင်းချနေပြီ ဖြစ်သည်။ အဆိုပါ ကိရိယာ Ora Quick ဖြင့်သွားဖုံး အပေါ်နှင့် အောက်ဖက် သို့ ထိုးထည့်ပြီး သွားရေများကို စမ်းသပ်ကာ မိနစ်၂ဝ နှင့် ၄ဝ ကြားတွင် အဖြေကို သိရမည်ဖြစ်ပြီး ဓာတ် ခွဲခန်း သွားစရာမလိုဘဲ လိင် ဆက်ဆံဖော် များအား အလွယ်တကူ စမ်းသပ်နိုင်သောကြောင့် HIV ရောဂါပိုး ကူးစက်မှုအား ကာကွယ်ရာတွင် များစွာ ထိရောက် လိမ့်မည်ဟု ကျွမ်းကျင် သူများက သုံးသပ်ကြသည်။ သို့ရာတွင် HIV ရောဂါပိုးသည် သုံးလအတွင်း စမ်း သပ်ပါက Negative ဖြစ်နေတတ် သဖြင့် အဆိုပါ ကိရိယာဖြင့် စမ်း သပ် ရရှိသော ရလဒ်အား ဓာတ်ခွဲ ခန်းများတွင် ပြန်လည် စိစစ်ရန် လို အပ်မည်ဟု အမေရိကန် FDA က ဆိုထားသည်။ ထိုကိရိယာအား Orasura Technologies ကုမ္ပဏီက ထုတ် လုပ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဦးရေ ၄ဝဝဝ အား ဆန္ဒ တောင်းခံ ခဲ့ရာ ၇ဝ ရာခိုင်နှုန်း က အသုံးပြုရန် ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ကြပြီး အမေရိကန် FDA က HIVရောဂါ ကာကွယ်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အသိ အမှတ်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အမေရိ ကန်နိုင်ငံတွင် လူဦးေ၇ ၁ ဒသမ ၂ သန်းခန့်မှာ HIV ကူးစက်ခံနေရပြီး ရောဂါ ပိုး ကူးစက်ခံရသူ ၅ ဦးလျှင် ၁ ဦးမှာ ရောဂါပိုး ရှိမှန်းမသိ ဖြစ်နေ ကြသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ အဆိုအရ သိရသည်။

ရန်ကုန် အဝေးသင် တက္ကသိုလ်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ ဥပဒေ ပညာရပ် သင်ယူ လိုသူများ အတွက် အွန်လိုင်းမှ လေ့လာရမည့် ဘွဲ့လွန်ဥပဒေ ဒီပလိုမာ သင်တန်းကို နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့် လှစ်သွား မည် ဖြစ်သည်။ ဆယ်လကြာမြင့်မည့် သင်တန်းအတွက် ဘွဲ့တစ်ခုရရှိထားသူများ တက်ရောက်နိုင် မည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်ငါးသိန်း၊ မှတ်ပုံတင်ကြေး ကျပ်တစ်သောင်းနှင့် စာမေးပွဲကြေး ကျပ်သုံးသောင်း ပေးသွင်းရမည်ဖြစ်သည်။ “ဥပဒေပညာကို အကြောင်း အမျိုးမျိုးကြောင့် မသင်ယူလိုက် ရတဲ့ သူတွေ ဗဟုသုတ ရဖို့ ရည်ရွယ်ပါတယ်။ ယာယီအားဖြင့်ကတော့ သင်တန်းသား ၅၀ သတ်မှတ် ထားပြီး နောက်ပိုင်းမှာ တိုးခေါ်ဖို့ အစီအစဉ် ရှိပါတယ်။ သင်တန်းကို တစ်နှစ်တစ်ကြိမ် ဖွင့်လှစ်သွားမှာပါ” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန ဌာနမှူးဖြစ်သူက ပြောသည်။ ရန်ကုန်အဝေး သင်တက္ကသိုလ်၏ ရုပ်မြင်သံကြား ရိုက်ကူးရေး စတူဒီယိုတွင် ရိုက်ကူးထားသော သင်ခန်းစာများကို www.yudeonline.com.mm မှတစ်ဆင့် သင်ကြားပို့ချမည် ဖြစ်ပြီး သင်တန်းသားများ အနေဖြင့် အင်တာ နက် ချိတ်ဆက်ထားသော ကွန်ပျူတာကို အသုံးပြု၍ သင်ခန်းစာများ ဖတ်ရှုလေ့လာခြင်း၊ လေ့ကျင့်ခန်းနှင့် လက်တွေ့များ ဖြေဆိုခြင်း ဆောင်ရွက်ရမည် ဖြစ်သည်။ ရန်ကုန်အဝေးသင် တက္ကသိုလ်အနေဖြင့် အွန်လိုင်း ဒီပလိုမာ သင်တန်းကို ပထမဆုံးအကြိမ် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပြီး ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်သည် ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချလျက် ရှိကြောင်း သိရှိရသည်။

အများပိုင်ကုမ္ပဏီ တစ်ခုအနေဖြင့် ပြည်တွင်း ကွန်ပျူတာပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်တွင်းကွန်ပျူတာ လုပ်ငန်းရှင်များမှ သိရသည်။ ယင်း အများပိုင် ကုမ္ပဏီသည် ယခုအချိန်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းအထိ ပြုလုပ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA)မှ အသင်း ဝင် အများစု ပါဝင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်း ဦးက ပြောသည်။ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (MCIA) အသင်းဝင် ကုမ္ပဏီများမှ စိတ်ဝင်စားသည့် Founding Member (၈၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ဖြစ်ကာ ယင်းအများပိုင် ကုမ္ပဏီတွင် ကနဦးအနေဖြင့် အနိမ့်ဆုံး ကျပ်သိန်း ၁၀၀ နှင့် BOD (Board of Director) အရည်အချင်း သတ်မှတ်ချက်အရ အနိမ့်ဆုံးကျပ်သိန်း ၂၀၀ သတ်မှတ် ထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ ဦးမင်းဦးက ပြောသည်။ “အများပိုင် ကုမ္ပဏီ အနေနဲ့ အိုင်စီတီ ကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များကို လုပ်ကိုင်ရန် ရည်ရွယ် ထားပါတယ်” ဟု ၎င်းက ပြောသည်။ BOD အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမင်းဦးက BOD အဖွဲ့ဝင် ကိုးဦးကို တည်ထောင်သည့် အစုရှယ်ယာရှင်(၈၅) ဦးမှ လျှို့ဝှက်မဲစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အများပိုင် ကုမ္ပဏီ မှတ်ပုံတင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။ မြန်မာနိုင်ငံ ကွန်ပျူ တာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက “BOD အဖွဲ့ရဲ့ ဥက္ကဋ္ဌကို ဒါရိုက်တာ အဖွဲ့ဝင် ကိုးဦးမှ တစ်ဦးကို ရွေးချယ် တင်မြောက်သွားမှာ ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီမှတ်ပုံတင်နဲ့ လုပ်ငန်း စတင်ဆောင်ရွက်ခွင့် ရရှိပြီးတာနဲ့ တရားဝင် ကြော်ငြာပြီး အစုရှယ်ယာများကို ရောင်းချပေး သွားမှာပါ” ဟု ပြောသည်။ အစုတစ်စုကို ကျပ်တစ်သောင်းဖြင့် ရောင်းချသွားရန် အစီအစဉ်ရှိပြီး BOD ဖြစ်နိုင်ရန် အတွက် အစု ၂,၀၀၀ ရှိလျှင် ဖြစ်နိုင်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၅ ရက် နေ့က လူဇင်ဘာ့ဂ်မြို့အီးယူသမဂ္ဂဌာနချုပ်မှာ ဥရောပသမဂ္ဂနိုင်ငံခြား ရေးဝန်ကြီး များအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြ ပါတယ်။ အဲဒီအစည်းအဝေးမှာ “အီရန်တို့ အနေနဲ့ အခုနှစ် အတွင်းနျူကလီး ယားအစီအစဉ်တွေကို မရပ်ဆိုင်း ပဲဆက်လုပ်နေမယ်ဆိုရင် သံခင်းတမန် ခင်းနှိုင်းဆောင် ရွက်နေတာ တွေ နိဂုံးချုပ်ပြီးတော့ စစ်ရေးအရ ဖိအားပေး မှုတွေလုပ်ဆောင်သွားမယ်၊ အခုလောလော ဆယ်လည်း ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ် (Major Sanctions against Iran) တွေလုပ် မယ် လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အီးယူဟာ လောလောလတ်လတ်ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ အဖွဲ့လည်းဖြစ်တယ်။ ဒီလိုဆုံးဖြတ်ချက်အပြီး နောက်တစ်နေ့မှာတော့ အီရန်တော်လှန် ရေး တပ်ပေါင်းစု စစ်ဦးစီး ချုပ်မိုဟာ မက်အလီဇာဖာရီ (Mohammad Ali Jafari) က “လိုအပ်ရင်ဟော မုဇ်ရေလက်ကြားကို အီရန်ရေနံ တွေသွန်ချလိုက်မယ်”လို့ပြော ကြောင်း ဂျာမဏီနိုင်ငံထုတ် အပတ် စဉ်သတင်း တစ်ရပ် မှာဖော်ပြ ထားပါတယ်။ ဒါပေမဲ့ အတည်တော့ မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ သို့သော် အနောက်နိုင်ငံထောက် လှမ်းရေး ဌာနများကတော့ ဒါကို အလေးထားစုံစမ်းလျက်ရှိကြောင်း ဖော်ပြထား ပါ တယ်။ အလီဇာဖရီက ဒီလိုရေနံ ဖောက်ချမယ့်စစ်ရေးစီမံချက်ကို စကားဝှက် (Codewords)အဖြစ် “ရေဆိုး” (Muddy Water)လို့ နာမည်ပေးထား တယ်လို့ဆိုပါတယ်။ တကယ်လို့သာ ဒီအစီအစဉ်အတိုင်း လုပ်ခဲ့ မယ်ဆိုရင် ဟောမုဇ်ရေလက် ကြားမှာ နိစ္စဓူဝဖြတ်သန်းသွားလာ နေကြတဲ့ ရေနံတင် သင်္ဘောကြီး တွေအ တွက် အန္တရာယ်ရှိမှာဖြစ် သလိုပတ်ဝန်းကျင်ဘေး အန္တရာယ်ကို ထိခိုက်နိုင်စေပြီး ဒေသတွင်း နိုင်ငံများ အတွက် စိုးရိမ်စရာဖြစ် လာဖွယ်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်မှာဖော်ပြထားပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။ ''လက်ရှိ အတိုင်းပဲ သွားမှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ် ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမ အကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပြု လုပ်သွားဖွယ်ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။ နိုင်ငံ တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကို တစ်နိုင်ငံလုံး တွင် ယခင်က တစ်စုံတည်းထုတ်၍ စစ်ဆေး မှုပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အပါ အဝင် နိုင်ငံခြားစာ စစ်ဌာနမေးခွန်း ၁၁ စုံထုတ်ခြင်း တို့နှင့်အတူ ဝိဇ္ဇာ၊ သိပ္ပံနှင့် ဝိပ္ပံ ဘာသာရပ် ခွဲခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတစ်ဦးက ထိုစဉ် အချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်၍ မည်သို့သောမူဝါဒကို အခြေခံကာ ဆောင်ရွက်ခဲ့သည်ကို သေချာမ ပြောနိုင်သော်လည်း မေးခွန်းအစုံ များခြင်းကြောင့် မေးခွန်းလွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု မရှိခြင်းတို့ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ ပြော သည်။ သို့သော်မေး ခွန်းများခြင်း ကြောင့် မေးခွန်းလုံခြုံမှုတွင် ပို၍ စိတ်ချရ ကာ ပေါက်ကြားရန် ခက် သည်ဟု တွဲဖက် ပါမောက္ခက ထပ် လောင်း ဆိုသည်။ ရန်ကုန် တက္ကသိုလ်က ကထိ က ဒေါက်တာတစ်ဦးကမူ လွှတ် တော် တွင် ဆွေးနွေးရန် အစီအစဉ် ရှိမှုကိုကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံတွဲခြင်း၊ ခွဲခြင်းကိုမူ ဝါရင့်တက္ကသိုလ်ဆရာ အချို့ က စင်ကာပူကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် အင်္ဂလန်GCE 'O' Level ကဲ့သို့သော စာမေးပွဲမေးခွန်း တို့ကို အခြေပြုကာ ၄င်းတို့လည်းခွဲထားသည်ကို ကြည့် ခြင်းဖြင့်ခွဲသည်က ကောင်းသည်ဟု မှတ်ချက်ပြု သည်။