Wednesday, October 24, 2012

ပန်းမြောင်းရွာသား ရခိုင်နှစ်ဦးအား စစ်တပ်က ပစ်ခတ်သတ်ဖြတ်

Posted by drmyochit Wednesday, October 24, 2012, under | 1 comment


ဘင်္ဂါလီများ ဆူပူမှုဖြစ်ပွား နေသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်း ရွာသားနှစ်ဦးကို စစ်တပ်က ပစ်သတ် သောကြောင့် သေဆုံးသွားသည် ဟုစစ်တွေ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်မြကျော်က ဆိုသည်။

ယနေ့ (အောက်တိုဘာလ ၂၄ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်

Posted by drmyochit Wednesday, October 24, 2012, under | No comments


၁) ပြည်ပ မီဒီယာများက မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူ တစ်ဦး တစ်ယောက်ကို ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဖြစ်စေ ထိခိုက်အောင်၊ သိက္ခာကျအောင် အသရေဖျက် ပြောဆိုလာလျှင် မည်သည့် ပုဒ်မနှင့် အရေး ယူမည်ကို သိရှိလိုခြင်း မေးခွန်း။

ယနေ့ကျောက်နီမော်မှကုလားများ မော်တော်ဘုတ်စက်လှေများဖြင့် ကျောက်ဖြူမြို့ သို့  လာနေသဖြင့် ရေတပ်မှတားနေရ

Posted by drmyochit Wednesday, October 24, 2012, under | No comments


ယနေ့မနက် ၁၀း၀၀ နာရီဖုန်းသတင်း အရ ကျောက်ဖြူမြို့ ထဲ အရာရှိရပ်ကွက်အား ကြက်သား ရောင်းကု လားအ မျိုးသမီး မှမီးစတင်ရှို့ရာအိမ်ခြေ၂၀ ကျော်လောက် ပျက်စီးဟု သတင်းရရှိသည်။ မီးသတ်နဲ့ ဒေ သခံများ ပူးပေါင်း ငြိမ်းသတ် သဖြင့် မီးငြိမ်း သော်လည်း ဆားပြင်ကွင်း (ရခိုင်ပိုက် ဆိပ်ရပ်ကွက်) မှာကုလားများ မီးဝိုင်းရှို့သဖြင့် ရပ်ကွက် တခုလုံး  ပြာကျ သွားပြီးဖြစ်ကြောင်း သိရသည်။

စစ်တွေတွင် ရခိုင်ကျောင်းသား သမဂ္ဂမှ ဆန္ဒဖော်ထုတ်

Posted by drmyochit Wednesday, October 24, 2012, under | No comments


အောက်တိုဘာလ ၂၄ရက် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ကျောင်းသား သမဂ္ဂမှ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကိုပြုလုပ်မည် သတင်းရရှိသည်။ ရခိုင်ကျောင်းသားမဂ္ဂမှ အောက်တိုဘာလ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အချက် ၅ချက်အား အကောင် အထည် မဖော်ပေး သည့်အတွက် ဆန္ဒဖော် ထုတ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြောက်ဦးမြို့အဓိကရုဏ်းအတွင်း ၈ဦးသေဆုံး ၁၀ ဦးထက်မနည်းဒဏ်ရာရ

Posted by drmyochit Wednesday, October 24, 2012, under | No comments


မင်းပြားနှင့်မြောက်ဦးမြို့နယ်အတွင်း လွန်ခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ဖြစ် ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ယနေ့အထိ သေဆုံးသူဦးရေ ၈ ဦးရှိပြီဖြစ်ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိနေကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းမေးမြန်းချက်အရ သိရသည်။
အဓိကရုဏ်းအတွင်းကျဆုံးသွားသူများမှာ ကိုအောင်မိုး၊ ကိုညီပု၊ ဦးသာကျော်၊ ကိုသိန်းထွန်းလှနှင့် ကိုအောင်မြင့် တို့သည် ပရိန်ကုန်းရွာ အဓိကရုဏ်းထဲတွင် သေးဆုံးခဲ့ရပြီး ကိုအောင်မိုး၏ အလောင်းကို သာပြန်လည် ရရှိ၍ ကျန် ၄လောင်းကို ယခုအချိန်ထိ မရရှိသေးပေ။

ကေအိုင်အေ တပ်မဟာ (၅) မှ တပ်ကြပ် ကျော်ဆန်းခေါင်းဆောင်သော အင်အား (၄၂) ဦး အလင်း ၀င်ရောက်

Posted by drmyochit Wednesday, October 24, 2012, under | No comments


 ရည်ရွယ်ချက်မဲ့သောစစ်ပွဲများမှ ရုန်းထွက်နိုင်သူများ၏ဖွင့်ဟ၀န်ခံချက်

KIA မှ ဖမ်းသွားသည့် သင်းအုပ်ဆရာအား ငွေ (၁၀) သိန်းဖြင့် ပြန်ရွေးရ

Posted by drmyochit Wednesday, October 24, 2012, under | No comments


KIA မှ ဖမ်းဆီးသွားသော ခွန်ဘန်ယန်ရွာမှ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ ဦးထိန်နန်အား ရွာပြန် လွှတ် ပေးရန် ရွာသားများက ကြိုးပမ်းခဲ့ရာ ငွေ (၁၀) သိန်းပေးမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါ တယ်။ အဆို ပါ သင်းအုပ်ဆရာအား KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ ဗိုလ်ကြီးလဒွဲ ဦးစီး အင်အား (၁၀) ဦးခန့်ဖြင့် အောက်တိုဘာလ (၁၂) ရက် ညနက်ပိုင်းတွင် အစိုးရတပ်အား သတင်း ပေးသူ အဖြစ် စွပ်စွဲ၍ ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးသွားပြီး (၂၁) ရက်အကြာ အောက်တို ဘာလ (၁၄) ရက် နေ့မှ စတင်၍ ရွာလူကြီး ဦးအင်ဂန်ဂျွန်နှင့် (၆) ဦးမှ တပ်ရင်း (၁၄) တည်ရှိ ရာ ထရီဘွမ်သို့ သွားရောက်၍ သင်းအုပ် ဆရာ အား ပြန်ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

အက်ကြောင်းများနဲ့ KIA

Posted by drmyochit Wednesday, October 24, 2012, under | No comments

 
လွတ်လပ်ရေး ရပြီး အေးချမ်း တည်ငြိမ်လျက် ရှိသည့် ကချင်ပြည်နယ်သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှ စ၍ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို သိန္ဒီမြို့နယ်၌ ဖွဲ့စည်းခဲ့ပြီး သည့် အချိန်မှ စတင်၍ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားကာ ငြိမ်းချမ်းရေး ဆိတ်သုန်း ခဲ့ရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစစ်အမှန် ဖြစ်ရန် KIA တောင်းဆို

Posted by drmyochit Wednesday, October 24, 2012, under | No comments


Photo: ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစစ်အမှန် ဖြစ်ရန် KIA တောင်းဆို 

24 October 2012 14:13

ငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ရေး အတွက် အချက် (၃) ချက်  ပါသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က အစိုးရထံ အကြောင်း ပြန်ထားကြောင်း အမည်မဖေါ်လိုသော ကချင် လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင် တဦးက ပြောပါသည်။  

“ ဦးအောင်မင်း တို့ကတော့ အောက်တိုဘာ (၁၀) ရက်နေ့မှာ ဆွေးနွေးပွဲအတွက် သူတို့ အရင် ကမ်းလှမ်းတယ်။ ကျနော် တို့ကလည်း (၁၁) ရက်နေ့မှာ သဘောထား ပြန်စာကို ပို့လိုက်တယ်။ တရားဝင် လမ်းကြောင်းကနေဘဲ ပို့လိုက်တာပါ။ ခက်တာက ငြိမ်းချမ်းရေး စကားကို အသုံးမချ စတမ်း ဖြစ်စေချင်တယ်။ ကျနော်တို့က တကယ့်ကို ငြိမ်းချမ်းရေး လိုချင် နေတာပါ။ ဒီတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်က လက်တွေ့ဖြစ်နိုင်တဲ့ အရာကိုဘဲ တင်ပြ နေတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
KIA ၏ ပြန်စာထဲမှ တောင်းဆိုချက်များမှာ-- 

(၁) KIA လိုင်ဇာ ဌာနချုပ် (တပ်မဟာ ၅) ဧရိယာကို ရောက်နေသော ရှမ်းပြည် မြောက်ပိုင်းရှိ အစိုးရ ဧည့်တပ်များ ဆုတ်ခွာပေးရန်။
အကြောင်းမှာ KIA ဌာနချုပ်အား တပ်အင်အား အလုံးအရင်းဖြင့် လည်းကောင်း၊ (၁၀၅)မမ အ ပါဝင် အခြား လက် နက်ကြီးများနှင့် ပတ်ပတ်လည် နေရာယူ ချိန်ထားသည့် အခြေအနေမျိုး အောက်၌ အကြပ်ကိုင် ထားပြီးမှ တွေ့ဆုံဆွေး နွေးသည့် ဆွေးနွေးပွဲမျိုး မဖြစ်ရန် KIA မှ ရည်ရွယ်သည်ဟု ဆိုပါသည်။

(၂) နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန်။
အကြောင်းမှာ (KIA) နှင့် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံရေး ပြသနာ ဖြစ်သည့် အတွက် နိုင်ငံရေး အရ ဖြေရှင်းမှ တကယ့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်သော ကြောင့်ဟု ဆိုပါသည်။

(၃) နိုင်ငံတကာ ရှေ့မှောက်တွင် တရားဝင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်။
အကြောင်းမှာ အစိုးရနှင့် KIA သည် ၁၉၉၄ ခုနှစ်တွင်လည်း အပစ်အခတ် ရပ်စဲခဲ့ဘူးပါသည်။ နောက်ဆုံး၌ နယ်ခြား စောင့်တပ် BGF ကိုလုပ်ခိုင်းခဲ့သဖြင့် လက်မခံနိုင်သည့် အခြေအနေကို အသုံးချပြီး အပစ်အခတ် ရပ်စဲမှုကို အစိုးရ ဖက်မှ ပယ်ဖျက် ခဲ့ဘူးပါသည်။ ထို့အတူ ယခု အစိုးရသစ်၏ အပစ်အခတ် ရပ်စဲရေး လုပ်ရပ်မျိုး၌လည်း တကယ့် အပစ်ရပ်ရေး လုပ်ချင်စိတ်ထက် အသုံးချနေသည့် ပွဲမျိုးသာ ဖြစ်နေသဖြင့် အပစ်အခတ် ရပ်စဲရေးသည် နိုင်ငံတကာ ရှေ့မှောက်၌ လက်မှတ် ထိုးမှသာ ထိရောက်မည်ဖြစ်သည်ဟု ရည်ရွယ်ထားသည်ဟု ဆိုပါသည်။

KIA ၏ အထက်ပါ တောင်းဆိုချက်ကို ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့သို့ ပေးပို့ထားပါ သည်။ သို့သော် ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
ဤကဲ့သို့ အစိုးရမှ KIA အား တရားဝင် အကြောင်း မကြားသေးသော်လည်း နေပြည်တော် စစ်အရာရှိကြီးများသည်၊ KIA နှင့် တွေ့ဆုံဖြစ်ခဲ့လျှင် စစ်ရေး ကိစ္စသာ ဆွေးနွေးဖြစ်သည်ဟု မြန်မာ တိုင်းဂျာနယ်အား ပြောဆိုခဲ့ပြီးဖြစ်ပါသည်။

လက်ရှိ အခြေအနေ၌ အစိုးရ တပ်ဖွဲ့များသည် အင်အားပေါင်း တသောင်းခွဲခန့်နှင့် KIA အား စစ်ဆင်နေပါသည်။ ဤ မျှ များပြားသော တပ်အင်အားဖြင့် စစ်ဆင်နေသည့် ကိစ္စနှင့် သိန်းဂဏန်းဖြစ်သော စစ်ပြေး ဒုက္ခသည် ကိစ္စကို သမ္မတ အပါဝင် ကာကွယ်ရေး ၀န်ကြီး ဌာနနှင့် အစိုးရ ၀န်ကြီးများက လွှတ်တော်သို့ အခြေအနေမှန်အား မတင်ပြခဲ့ပေ။ 

ထို့အတူ နိုင်ငံ တကာကိုလည်း ကချင် လွတ်လပ်ရေး အဖွဲ့နှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဟု တွင်တွင် ပြောကြား နေခဲ့ပါ သည်။
ဤသို့ကြောင့် အခြေအနေ မှန်ကို နိုင်ငံတကာမှ သိရှိပြီး ပါဝင် ဆောင်ရွက်နိုင်ပါမှ အမြတ်ထုတ် နေမှုနှင့် မမှန်မကန်မှုများ ဖေါ်ထုတ်နိုင်မည် ဖြစ်သဖြင့် KIA မှ နိုင်ငံတကာ အဖွဲ့ရှေ့မှောက်၌ လက်မှတ် ရေးထိုးလိုခြင်း ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက သုံးသပ်ပါသည်။

(ရွှေဟင်္သာ)
ငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ရေး အတွက် အချက် (၃) ချက် ပါသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က အစိုးရထံ အကြောင်း ပြန်ထားကြောင်း အမည်မဖေါ်လိုသော ကချင် လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင် တဦးက ပြောပါသည်။ 

ဝမ်ဘွမ်တွင် ဖြစ်ပွားသော တိုက်ပွဲတွင် KIA အထိနာ

Posted by drmyochit Wednesday, October 24, 2012, under | No comments


အောက်တိုဘာလ (၂၂) ရက် ည (၇) နာရီခန့်တွင် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆)မှ အင်အား (၃၀) ခန့်နှင့် ဗမာစစ်တပ်တို့ ဖားကန့်မြို့နယ် စီအန်ရွာအနီး ၀မ်ဘွမ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရပါတယ်။
(ဓါတ်ပုံ)ဧရာဝတီ
တိုက်ပွဲ ဖြစ်ပွားပုံမှာ KIA စစ် သည်များမှ ဗမာ အစိုးရ စစ်ကြောင်းများ ချီတက် လာသည့် လမ်းကြောင်း တွင် ခြုံခိုတိုက် ခိုက်ရန် စောင့်ဆိုင်းနေစဉ် အစိုးရ စစ်ကြောင်း များမှ KIA တို့မျှော် မှန်းထားသော လမ်းကြောင်း အတိုင်း မလာ ရောက်ဘဲ တောင်ကျော် ပေါ်မှ လာရောက်ခြင်း ကြောင့် စောင့်ဆိုင်းနေ သော KIA တပ်များ နှင့်တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကချင် အနုပညာရှင် အသင်း ဖွဲ့စည်း

Posted by drmyochit Wednesday, October 24, 2012, under | No comments


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ် မနောကွင်း ဥယျာဉ် မဂျွယ်ခန်းမမှာ ပထမအကြိမ်အဖြစ် ကချင် အနု ပညာရှင် များအသင်း ကို ဒီကနေ့တရားဝင်ဖွဲ့စည်းလိုက်ပြီး မကြာခင်မှာ ဗဟိုကော်မတီအဖွဲ့ကို ရွေးချယ် မယ်လို့ သိရပါတယ်။
Photo: RFA
ကချင် အနုပညာရှင် အသင်းကို မြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖွဲ့စည်းလိုက်ကချင် အနုပညာရှင်အသင်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ အနုပညာရှင်တစ်ချို့ဟာ မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကချင် စစ်ဘေး ဒုက္ခသည်စခန်း တစ်ချို့ကို သွားရောက် ပြီးတော့ အဝတ် အထည်တွေ လှူဒါန်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း နဲ့ အနုပညာရှင်တွေ အနေနဲ့ကတော့ တတ်နိုင်တဲ့ဖက်က ဒုက္ခရောက်နေသူ ပြည်သူတွေကို တနိုင်တပိုင် ကူညီသွားမယ်လို့ အဆိုတော် L လွန်းဝါက အာအက်ဖ်အေကို ပြောပါတယ်။

ကချင်ဒုက္ခသည်များ နိုင်ငံတကာ လျစ်လျူရှုခံရဟု အစီရင်ခံစာဆို

Posted by drmyochit Wednesday, October 24, 2012, under | No comments


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ် နယ်မြေအတွင်းရှိ စစ်ပြေး ဒုက္ခသည်များ အတွက် လိုအပ်ချက် များမှာ နိုင်ငံတကာ အကူအညီများမှ လျစ်လျူရှုခြင်း ခံနေရကြောင်း အစီရင်ခံစာတရပ်က ဆိုသည်။

 Screen1

အောက်တိုဘာလထုတ် ‘လိုအပ်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ပတ်သက်၍ အကဲဖြတ်ချက်’ အစီအရင်ခံစာကို နယူးဇီလန် အခြေစိုက် The Gage အဖွဲ့မှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အထူး သဖြင့် ဒုက္ခသည်များ အား အကာအကွယ် ပေးနိုင်မှု၊ ရေရရှိမှု၊ အစားအစာ ရရှိမှု၊ အာဟာရနှင့် ကျန်းမာ ရေးနှင့် ပတ်သက်သည့် ကိစ္စရပ် များတွင် အခြေအနေများမှာ စိုးရိမ်စရာရှိသည်ဟု ဖော်ပြထားသည်။
“KIO ထိန်းချုပ် ဒေသများတွင် ရှိနေသည့် ဒုက္ခသည်များ၏ လိုအပ်ချက်များမှာ အကြီးအကျယ် လျစ်လျူ ရှုခြင်း ခံနေရပြီး ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အထူး စိုးရိမ်သင့်သည်” ဟု အစီရင် ခံစာက ဆိုသည်။

KNU ညီလာခံကျင်းပပြီး ခေါင်းဆောင်သစ်ရွေးမည်

Posted by drmyochit Wednesday, October 24, 2012, under | No comments

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုကော်မတီဝင်များက လာမည့် ကြာသပတေးနေ့တွင် အထူး အရေး ပေါ်အစည်း အဝေး ကျင်းပပြီး မကြာသေး မီက ထုတ်ပယ် လိုက်သည့် ထိပ်တန်း ခေါင်းဆောင် တို့ကို မူလ တာဝန်များ ပြန်လည် ခန့်အပ်ရေး အပါအ၀င် အဖွဲ့ အတွင်း ဖြစ်ပေါ် နေသည့် အခြေ အနေ များကို ဆွေးနွေး ညှိနှိုင်း ကြမည်ဟု သိရသည်။

ကုလသမဂ္ဂကယ်ဆယ်ရေးပစ္စည်းများ သောင်တင်နေ

Posted by drmyochit Wednesday, October 24, 2012, under | No comments

ကချင် ဒုက္ခသည် တွေအတွက် ကုလသမဂ္ဂက ပေးမယ့် အကူအညီ အထောက် အပံ့ ပစ္စည်း တွေဟာ  အစိုး ရနဲ့ ကချင် လက်နက်ကိုင် အဖွဲ့ တွေရဲ့ ခွင့်ပြုချက် မရတဲ့အတွက် ဗန်းမော်နဲ့ မြစ်ကြီးနားမြို့တွေ မှာ သောင်တင် နေပြီး ဒုက္ခသည်တွေဆီ ပစ္စည်းတွေ ရောက်အောင်ပို့ဖို့ အခက်တွေ့နေတယ်လို့ ရန်ကုန်က အမည်မ ဖော်လိုတဲ့ ကုလသမဂ္ဂ အရာရှိတဦးက ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အိုသဘောတူ

Posted by drmyochit Wednesday, October 24, 2012, under | No comments

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က သဘောတူ လိုက်ပြီလို့ ကေအိုင်အို ခေါင်းဆောင်တွေနဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်း ရေး အကျိုးတော်ဆောင် အဖွဲ့ဝင်တွေက ပြောပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်