Wednesday, October 31, 2012
"အစိုးရနဲ့ KIO ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လက်ရှိအခြေအနေမှာတော့ KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ ဆွေးနွေးပွဲကို မတက်ရောက်တဲ့ ကိစ္စက အရေးပါ
Posted by drmyochit
Wednesday, October 31, 2012, under ပြည်တွင်းသတင်းများ | No comments
အမေရိကန်နိုင်ငံရောက် ကချင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်းနှင့်တွေ့ဆုံ
Posted by drmyochit
Wednesday, October 31, 2012, under နိုင်ငံတကာသတင်းများ | No comments
အမေရိကန်နိုင်ငံ ရှိ Multicultural Refugees of Coalition (MRC) ခေါ် ကမ္ဘာ့နိုင်ငံအသီးသီး
မှ အမေရိကန်နိုင်ငံ သို့ ရောက်ရှိလာ သော ဒုက္ခသည်များအား ကူညီစောက်ရှောက်ရေးအသင်း၊၏ ဖိတ်ကြားချက်
အရ အောက်တို ဘာလ (၂၇) ညနေ (၇)နာရီတွင် အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်၊ အော်စတင်မြို့
တနေရာတွင် ကျင်းပသော ညနေ စာမိတ်ဆုံစားပွဲအခမ်းအနား (မြက်ခင်းပြင်)သို့ အမေရိကန်နိုင်ငံ၊
အော်စတင်မြို့ရှိ ကချင် တိုင်းရင်းသား များမှ သွားရောက်ကာ ၄င်းအခမ်းအနားသို့ တက်ရောက်လာသော၊
MRC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်နိုင်ငံ နှင့် အမေရိကန်မှ အလှူရှင်များ၊ အခြားမြန်မာ့အရေး
စိတ်ဝင်စားသူများအား လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေ၊ လက်ရှိမြန်မာ အစိုးရ စစ်တပ်၏
တိုင်းရင်းသား ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှူများ၊ ကချင်ဒေသစစ်ပွဲအကြောင်း နှင့်စစ်ပြေးဒုက္ခသည်များ
အကြောင်းတို့ အား မြေပုံနှင့် တကွ သွားရောက်တင်ပြ နိုင်ခဲ့ ကြောင်းသိရှိရပါသည်။ ထို့အပြင်
ဧည့်သည်တော်များ၏ မေးမြန်းချက်များကို လည်း မြေပုံနှင့်တကွ မြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း
သတင်းရရှိပါသည်။
From: Kachindailynews
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံစဉ်
Posted by drmyochit
Wednesday, October 31, 2012, under ပြည်တွင်းသတင်းများ | No comments
ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေးကိုယ်စား
လှယ် အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌ ပြုလုပ်နေပြီ ဖြစ်ပါသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဖော်ဆောင်မှု လုပ်ငန်းကော် မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်ခဲ့ပြီး KIO ၏ ငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ် က ဦးဆောင်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကာကွယ်ရေး
ဝန်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတက်ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း
KIO/KIA အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တက်ရောက်ခဲ့ခြင်း မရှိသဖြင့်
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မရှိပေ။
အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်နိုင်
Posted by drmyochit
Wednesday, October 31, 2012, under သတင်းများ | No comments
တရုတ်နိုင်ငံ
ရွှေလီမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ တွေ့ဆုံကြမယ့် ကေအိုင်အိုနဲ့အစိုးရ အကြား ဆွေးနွေးပွဲ အတွက်
ဆွေးနွေးပွဲမှာပါဝင်မယ့် ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အမည်စာရင်းကို
အစိုးရဘက်က ၄ ရက်လောက် ကြိုပေးပေမယ့် ကေအိုင်အို ဘက်က အောက်တိုဘာ ၂၉ ရက် ဒီနေ့ ညနေ
၅ နာရီကျော်လောက်မှ ပေးတယ် လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ဒီဗွီဘီကို
ပြောပါတယ်။
အစိုးရကိုယ်စားလှယ်တွေနဲ့
ကေအိုင်အိုကိုယ်စားလှယ်တွေဟာ ရွှေလီမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းတွေ့ဆုံဖို့
စီစဉ်ထားကြတာဖြစ်ပါတယ်။
စိုးရိမ်ဖွယ်ရှိနေသည့် ဒုက္ခသည် ကျောင်းသားများ၏ ပညာရေးအခြေအနေ
Posted by drmyochit
Wednesday, October 31, 2012, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် စခန်း မှ ကျောင်းသား/ ကျောင်းသူများ ၏ ပညာရေးစနစ်မှာ စိုးရိမ်ဖွယ်ရာ
အခြေအနေဖြစ်နေသည် ဟု ဒုက္ခသည်စခန်း တာဝန်ခံများ ထံက သိရသည်။ “ကျောင်းသားတွေ
က စာမလိုက်နိုင်ဘူး။ အခုမြို့က ကျောင်းသားတွေ နဲ့ စာအတူ သင်ရတာ အခက်အခဲ ဖြစ်နေတယ်။
တချို့ကျောင်း သားတွေ က စာမလိုက်နိုင်တော့ ကျောင်းဆက် မတက်တော့ဘူး”ဟု ကျွန်းပင်သာ ဒုက္ခသည်စခန်း
မှ တာဝန် ခံ ဒေါ်မေဇီ က ပြောသည်။
Time in Rangoon



