မြစ်ကြီးနား ၊ ၁-၁၁-၂၀၁၂
အများပြည်သူ ဖူးမျှော် ကြည်ညိုနိုင်ရန် မြစ်ကြီးနားမြို့ ၊ ယုဇန ရပ်ကွက် ၊ ဇေယျာမင်္ဂလာ ကျောင်းတိုက် အတွင်း တည်ဆောက် လျက်ရှိသည့် ဆုတောင်းပြည့် တာဝတိံသာ စေတီတော် မြတ်ကြီး၌ ကိန်းဝပ် စံပယ် တော်မူမည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူ နှင့် ထိုင်တော်မူ ရုပ်ပွား ဆင်းတုတော် ၃၂ ဆူ အား တတိယ အကြိမ်မြောက် ဗုဒ္ဓဘသေက အနေကဇာတင်လှူ ပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က အဆိုပါ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ရာ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ပညာဝံသ အမှူးပြုသော ပင့်သံဃာ ၄၅ ပါး ကြွရောက် တော်မူကာ ဗုဒ္ဓဘာသာ သာသနာ ရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် အမှုဆောင်များ ၊ ဂေါပက အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများ နှင့် စေတနာရှင် အလှူရှင်များ ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
လက်ရှိ
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရနှစ်နိုင်ငံနိုင်ငံသားခံယူခွင့် (Dual
Citizen) ကို ခွင့်ပြုထားခြင်း မရှိပါကြောင်း သို့ဖြစ်၍ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ၊
အသိပညာရှင် အတတ်ပညာရှင်များ၊ ပြည်ပနိုင်ငံ များတွင် နိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားများက
မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အချိန်အ ခါကောင်းကြောင့် မြန်မာနိုင်ငံကို
လာရောက်ရင်းနှီး မြှုပ်နှံလိုကြသော်လည်း တည်ဆဲဥပဒေအရ နှစ်နိုင်ငံသား ခံယူခွင့် မရှိသည့်အတွက်
အခက်အခဲများကြုံတွေ့ နေရပါကြောင်း၊ ယင်းကိုဖြေရှင်းနိုင်သည့် နည်းလမ်းကောင်း တစ်ရပ်မှာ
အမြဲနေထိုင်ခွင့်စနစ်ပင် ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတကြီး
အနေဖြင့် ၎င်းတို့၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကိုရှေးရှုပြီး အမြဲတမ်းနေထိုင်ခွင့်
(PR) စနစ်ကိုချမှတ်ကျင့်သုံးရန် တိုက်တွန်းအားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုစနစ်အရ
တစ်ဖက်နိုင်ငံသားဘဝကို စွန့်လွှတ်ရန် မလိုအပ်ဘဲမိမိတို့ နိုင်ငံ၌ ကာလအပိုင်းအခြား နေထိုင်ခွင့်နှင့်
လုပ်ပိုင်ခွင့်များရရှိမည် ဖြစ်ပါကြောင်းဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့်
(Permanent Residence System) (PR) စနစ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ယင်းကော်မတီ
အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။
တရုတ်ပြည်သို့
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ဆမ္မဆယ်ကျေးရွာမှတဆင့် ယခုလ အောက်တို ဘာ(၂၉)ရက်နေ့
မှ စ၍ ပြန်လည်တင်ပို့ရန်အတွက် နွားအကောင်ရေ(၅၀၀)ကျော်ဆမ္မဆယ်ကျေးရွာ၌ ရောက် ရှိနေကြောင်း
ဒေသခံများထံက သိ ရှိရသည်။
အဆိုပါ
နွားများမှာ ဆမ္မဆယ်ကျေးရွာအနောက်ရှိ တောင်နှစ်လုံးကြားတွင်ထားရှိကြောင်းကိုလည်း သိရသည်။ ယခုနှစ်
ဇန်န၀ါရီ လပိုင်း မှ စတင်ကာ ဆမ္မဆယ်မှတဆင့်တရုတ်ပြည်သို့ နေ့စဉ်နွားအကောင်ရေ(၁)ထောင်
နီးပါးတင်ပို့နေပြီှး ယခုနှစ်စက်တင် ဘာလ အတွင်းတွင် နောင်ချိုရဲစခန်းမှ ဖမ်းဆီးမှုများကြောင့်
ရပ်နားထားရာမှ ယခုလ (၂၉)ရက်နေ့တွင်ဆမ္မဆယ်ကျေးရွာအနောက် ဘက်တောင်ကြားထဲတွင် နွားအကောင်ရေ(၅၀၀)ကျော်
ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။
အစိုးရနှင့်
သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA (S) တို့ ပြုလုပ်ထားသော ငြိမ်းချမ်းရေးအပေါ် ပြည်သူ
လူထု သဘော ထား သိရှိနိုင်ရန် SSA(S) လက်အောက်ခံ အမှတ် ၇၀၁ စစ်ဒေသက ဒေသခံလူထုအား ဖိတ်ကြားကာ
ယခုလ ၂၈ ရက်နေ့က ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမှတ် ၇ဝ၁ စစ်ဒေသ အခြေစိုက်ရာ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟျိုး(မန့်ဟီးရိုး)မြို့
နယ်ခွဲ အတွင်း ရှိ နောင်မ ကျေးရွာ၌ အဆိုပါဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
အင်အားကြီးတပ်မဟာတခု၏ တပ်မှူးအား အုပ်ချုပ်ရေးပိုင်းသို့ ပြောင်းရွှေ့လိုက်သည့် နောက်ပိုင်းတနှစ်ခန့်
တည် ဆောက်လာသည့် ၀ နယ်အတွင်း အဓိက ဟိုင်းဝေးကြီးလမ်းတခု ရပ်ဆိုင်းထားရကြောင်းနီးစပ်သည့်
အသိုင်းအဝိုင်း ကပြောပါသည်။
ပန်ဆန်းမြို့တော်
“တပ်မှူးအိုက်ဆုကို အုပ်ချုပ်ရေးပိုင်းကိုပို့လိုက်တာ ဩဂတ်စ်လတုန်းကလေ။ ဖေါက်လုပ်နေဆဲ
၎လမ်းသွား လမ်းမကြီး က ၁၀ ကီလိုမီတာလောက်ဘဲပြီးသေးတာ။ အခုရပ်ကုန်ပြီ။ ခန့်မှန်းအရှည်က
၂၀၀ ကီလို မီ တာပေါ့။ အခုဆောက်လုပ် ရေးကားတွေလဲ ပန်ဆန်းဘက် အကုန်ယူသွားပြီ” - ဟု အမည်
မဖေါ်လိုသည့် ဝ အရာရှိတဦးက ပြောပါသည်။
မြန်မာ့ဂုဏ်ဆောင်
Miss နန်းခင်ဇေယျာ ဟာ အခုဆိုရင် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ်စာချုပ်ချုပ်ဆိုပြီးနောက်
သူရဲ့ ပထမဆုံး အနုပညာကြေးအား လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွှာရှိ မေတ္တာ ပရဟိတ ဂေဟာမှာ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁း၀၀ ခန့်အချိန်တွင် ရန်ကုန် အင်းစိန်လမ်းမ၊ စံရိပ်ငြိမ်
မှတ်တိုင်း အနီး။ Excellent studio ၌ လူစုဖွဲ့ ရမ်းကားမှု တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ပြိုင်ကား
၎ စီးနဲ့ စုပြီး ကားတစ်စီးကို ဝိုင်းရိုက်ပါတယ်။ အထဲမှာပါတဲ့ အမျိုးသမီးရဲ့ အော်သံက
အင်မတန်ကြေကွဲဖွယ်ပါပဲ။ တုတ်တွေနဲ့ရိုက် ကားမှန်တွေ ခွဲ၊ သိပ်ကို တုန်လှုပ်ဖို့ကောင်းပါတယ်။
ကျော်ခဏ်းနွယ်မှ
ပေးပို့သည်။
ဆောင်းပါးရှင်=
ကျော်ခဏ်းနွယ်
(ဆောင်းပါးနှင့်ပတ်သက်၍အာဘော်သည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး RSV အယ်ဒီတာအဖွဲ့မှ
စာကြောင်း၊ စာသားများအား လုံးဝပြုပြင်ပြောင်းလဲထားခြင်းမရှိပဲ ဆောင်းပါးရှင်မှ ပေးပို့လာသည့်
မူရင်းစာ အတိုင်းဖော်ပြပေး ထားခြင်းဖြစ်ပါသည်။ ပေးပို့တဲ့ ဆောင်းပါး...ရှင်
ကျော်ခဏ်းနွယ်အားကျေးဇူး တင်ရှိပါ သည်။
-----------------------------------------------------------------
နိုင်ငံတော်ကရခိုင်အရေးနှင့်ပါတ်သက်၍ သွေးထိုးလှုံ့ဆော်သူများနှင့် နောက်ကွယ်က ကြိုးကိုင်
သူများကို ဖမ်းဆီး အရေးယူ တော့မည် ဆိုသော ကြေညာချက် သတင်းထွက်ပေါ်လာသည်။ သို့ အတွက်ကြောင့်
ပြည်တွင်းပြည်ပမှ မည်သူက ကြိုးကိုင်နေကြသည်၊ မည်သူကသွေးထိုးလှုံ့ ဆော်နေ သည်ကို လေ့လာ
ကြည့်လျှင် ရှေးဦးစွာ ပြည်ပမှ ဧရာဝတီ အယ်ဒီတာအောင်ဇေါ်ကိုတွေ့ ရမည်ဖြစ်သည် ။ ယခုလောလော
ဆယ်ပင် ရခိုင်အရေးနှင့် ပတ်သက်၍ နိမိတ်ဆိုးဆိုသောဆောင်းပါးကိုရေးသားဖေါ်ပြပြန်ရာ ၄င်းဆောင်းပါး
သည် တည်ငြိမ်စပြုနေပြီဖြစ်သော ရခိုင်ပြည် နယ် ပဋိပက္ခကိုဆက်လက်ကြီးထွားစေရန်အတွက် လောင်
စာကြီး တခုဖြစ်နေသည်။ တချိန်တည်းမှာပင် နိုင်ငံတော် ၏ ဆောင်ရွက်နေသော စီမံချက်များ ကိုလည်း
အားမနာပ စော်ကားခြင်းဖြစ်သည်။
မြန်မာ
အစိုးရနှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပြုလုပ်သည့် အောက်တိုဘာ ၃ဝ
ရက်နေ့
နေ့လည် ၁ နာရီခွဲ တွင် ဖားကန့် မြို.နယ် ဆိုင်းတောင် နှင့် ကံမခံ အသွားကား လမ်း ပေါ်တွင် နှစ်ဖက် ပစ်ခတ်မှု များကြောင့် ခရီးသွား ဗင်ကား တစ်စီးပေါ်မှ
လူနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ တစ်ဦးက The Voice
Weekly သို့ ပြောကြားသည်။
(ဓါက်ပုံ)ကချင်စစ်ပြေး ဒုက္ခသည် စခန်းများ
သေဆုံးသူ
များမှာ အသက် (၂၂)နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြောင်း၊
အမျိုး သမီးမှာ ဖားကန်ဆေးရုံမှ ဆင်းလာသူဖြစ်ပြီး ၊ဒဏ်ရာရသူ များမှာ အမျိုးသမီး နှစ်ဦးနှင့်
ယာဉ်မောင်း အမျိုးသား တစ်ဦး တို့ ဖြစ်ကြောင်း၊ ၄င်းတို့ကို ဖားကန့် ဆေးရုံသို့
ပို့ ထားကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ကချင်ပြည်နယ်
ဖားကန့်မြို့နယ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် နန့်မော်ရွာ
၌ အောက်တိုဘာ လ(၃၀)ရက် နေ့နေ့လည်ပိုင်းက နန့်မော်ရွာ၌ ခရီးသည် တင်ကား
ကားသေနတ် မှန်၍ ခရီးသည် (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း
ဖားကန့်ဒေသခံများထံက သိရှိရသည်။
အောက်တိုဘာလ
(၃၀)ရက်နေ့တွင် ဖားကန့်မှ တာမခံသို့ သွားသော ခရီးသည်တင် ကားသည် နန့်မော်ရွာ တွင် သေနတ်ထိ
မှန်ခဲ့ပြီှး တာမခံနယ်ေ ညာင်ပင်ကုန်းရွာမှ ကိုကျော်ကျော် အသက်(၂၂)နှစ်နှင့် စစ်ကိုင်းတိုင်း
ယင်းမာပင်မြို့နယ် ပေါက်သဖရွာမှ မဆွေဆွေအောင် အသက် (၂၆)နှစ်တို့နေရာတွင် သေဆုံးပြီးကားဆရာ
ကိုမျိုးထွန်းအောင်၊ မမြင့်မြင့်ခိုင်၊ ကိုစိုင်းခမ်းအောင် တို့ ဒဏ်ရာအသီး သီးရခဲ့ကြောင်း
သိရှိရသည်။
From
: 7Days News

လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှု များကြောင့် ထွက်ပြေးတိမ်းရှောင်
နေရသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိ ကြောင်း ဒုက္ခသည်များနှင့် အကူအညီပေးရေးအဖွဲ့အစည်းများက
ပြောသည်။ အထူးသဖြင့် ကလေးသူ ငယ်များနှင့် အမျိုးသမီးများအ တွက် အကူအညီများ လိုအပ် လျက်ရှိကြောင်း
၎င်းင်းတို့ကပြော သည်။ ပဋိပက္ခဖြစ်စဉ်များအ တွင်း နေအိမ်များ မီးလောင်ဆုံး ရှုံးမှုများကြောင့်
မည်သည့်ပစ္စည်း မှ မကျန်အောင် ဆုံးရှုံးမှုများ ဖြစ် ပွားခဲ့ကြောင်း ထွက်ပြေးတိမ်း ရှောင်လာခဲ့သူများကပြောသည်။
''အ၀တ်တစ်ထည်၊ ကိုယ် တစ်ခုနဲ့ ပြေးလာရတာဆိုတော့ လိုတာကအားလုံးပဲ။ လောလော ဆယ်တော့ ဆန်လှူတဲ့သူရှိပေ
မယ့် ဟင်းစားအတွက် အခက်အ ခဲရှိတယ်။ အ၀တ်အစားလည်း လို တယ်"ဟု မြောက်ဦးမြို့ အလို
တော်ပြည့်ကျောင်းဆရာတော်က မိန့်ကြားသည်။ မြောက်ဦးမြို့တွင် မတည် ငြိမ်မှုများကြောင့်
အောက်တိုဘာ၂၂ ရက်က ထွက်ပြေးတိမ်းရှောင် လာသည့် ရခိုင်တိုင်းရင်းသား ၈၀၀ခန့်ကို အလိုတော်ပြည့်
ကျောင်းအတွင်း စောင့်ရှောက်ထားသည်။ ၎င်းတို့ထဲမှ အများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ
ဖြစ်ကြောင်း စာရင်းများအရ သိရသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လများအတွင်း
ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် ပြောင်း ရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ
အားလည်း ပြန်လည်နေရာချထား မှုများ မပြုလုပ်နိုင်သေးဘဲ ဒုက္ခသည်စခန်းများအတွင်းတွင်သာ
နေထိုင်လျက်ရှိသည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင်လည်း အစိုးရအစီအစဉ် အကူအညီဖြင့် ထောက်ပံ့မှုများကို
အဓိကထားပြီး ရပ်တည်နေရသည်။ ''အခုက စပါးရိတ်ချိန်လေ။ စိုက်တဲ့အချိန်မှာလည်း ပြဿနာ ဖြစ်လို့
ဒုက္ခရောက်တယ်။ ရိတ်တဲ့ အချိန်ကျတော့လည်း ပြဿနာ ဖြစ်တယ်။ ၀မ်းစာတောင်စိုးရိမ် နေရတယ်"ဟု
ကျောက်တော်မြို့ နယ်အတွင်းမှ ဒေသခံတောင်သူ ကပြောသည်။ ဒုက္ခသည်များက လတ်တ လောတွင် စေတနာရှင်များနှင့်
အ စိုးရ၏အစီအစဉ်ဖြင့် ထောက်ပံ့မှု များဖြင့် ရပ်တည်နေရသော်လည်း ရေရှည်တွင် အခက်အခဲကြုံတွေ့
နိုင်ကြောင်းပြောသည်။ ''သောက်ရေသန့်တွေ အဓိ ကလိုတယ်။ စားဖို့အတွက် ဝေ ပေမယ့် ခြိုးခြံပြီးစားရတယ်"ဟု
ဘောဒူဗဒုက္ခသည်စခန်းမှ ဦးမောင်အေးမောင်ကပြောသည်။ ဒုက္ခသည်စခန်းများအတွင်း အညစ်အကြေးစွန့်ရန်အတွက်
အိမ်သာများ ထားရှိပေးထားသော် လည်း အိမ်သာဖြင့် အညစ်အ ကြေးစွန့်ပစ်လေ့မရှိသည့် ဓလေ့
များကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားမည်ကို စိုးရိမ် လျက်ရှိကြသည်။ ဒုက္ခသည်များအား
အကူ အညီပေးနေသော ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ ၏အဆိုအရ နေရာပေါင်းစုံမှ ဒုက္ခသည်များထံ
အကူအညီများ ရောက်ရန် အခက်အခဲများစွာရှိ ကြောင်းလည်း သတင်းရရှိသည်။ မတည်ငြိမ်မှုများကြောင့်
မီး လောင်မှုများအတွင်း ဆုံးရှုံးခဲ့ရာ တွင် ပစ္စည်းဥစ္စာအားလုံးနီးပါး ဆုံးရှုံးခဲ့ရကြောင်း၊
ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် နေအိမ်အဆောက် အအုံများအပြင် အားလုံးလိုအပ်
လျက်ရှိကြောင်း ဒုက္ခသည်များက ပြောသည်။
ဘူးသီးတောင်တပ်ရင်းမှစစ်တွေမြို့၌ လုံခြုံရေးရယူရန် ယနေ့နံနက်ပိုင်းတွင် တပ်ရင်းများ
ရောက်ရှိနေသည်။ စစ်တွေမြို့တွင် လုံခြုံရေးထပ်မံတိုးမြင့်ချထားရန် ရောက်ရှိလာခြင်းဖြစ်
သည်ဟု ဒေသခံများထံက သိရသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ “တချို့သတင်းတွေက ထွက်နေတယ်၊ ပြည်ထောင်စုက
လာတဲ့တပ်တွေ ဆိုပြီးတော့ အဲဒါ မဟုတ်ပါဘူး၊ ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောက တပ်တွေပါ”ဟု
ရခိုင်ပြည်နယ် သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်
က ပြောသည်။ ရခိုင်ပြည်နယ်တွင် တည်ငြိမ်နေပြီဖြစ်သော်လည်း ရခိုင်နှင့် ဘင်္ဂလီ ဒုက္ခသည်များ
စစ်တွေမြို့သို့ ရောက်ရှိလာနေဆဲဖြစ်သည်။ “သဲခုံက ရခိုင်ဒုက္ခသည်တွေစစ်တွေမြို့ရွှေစေတီကျောင်းမှာ
ရောက်နေကြ တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ပေါက်တောမြို့မှ ဘင်္ဂလီဒုက္ခသည်များမှာလည်း
စစ်တွေမြို့ ဘာဆာရာ(အုန်းတော) ပင်လယ်ကမ်းခြေတွင်ရောက် ရှိနေကြောင်း သိရသည်။ တာဝန်ကျ
ရဲတစ်ဦး၏ အဆိုအရ ဘင်္ဂလီများသည် စက်လှေများဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းကိုလည်း
၎င်းတို့၏ ပြောဆိုမှု အရသိရသည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ
တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်) အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲအချိန်၌
လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူထဲမှ ဗိုလ်မှူး အဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး
ပျောက်ဆုံး လျှက် ရှိသည်ဟု သိရသည်။
ပျောက်ဆုံးသွားသူမှာ
၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိ တယောက် ထံသို့
အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲ ဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့်ပြန်လည်လှော်ခတ် လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး ရေစီးသန်သည့် နေရာတခု အရောက်တွင်
လှေတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။
ကျောက်နီးမော်ပြဿ နာတွင်
ဦးဆောင် သူဟု စွပ်စွဲကာ ရွာသား ၅ ဦးအားဖမ်း ဆီးရန် ကြိုး စားနေကြောင်း သိရ သည်။ အဆိုပါရွာသား
၅ ဦးသည် ဦးဆောင်သူများ၊ ကြိုးကိုင် သူများ မဟုတ် သဖြင့် အဖမ်း မခံဘဲ
ထွက်ပြေးနေရ ခြင်းဖြစ် ကြောင်းလည်း ဒေသခံများ ပြောပါသည်။
ကျောက်နီမော်တွင်
သေဆုံး သူအား သဂြို င်္လ်ရန် အခက်ကြုံနေ ရကြောင်း သိရသည်။ ရခိုင်တိုင်း ရင်း သားများ
သဂြိ င်္လ်သော သုဿာန်မှာ ဘင်္ဂလီရွာနှင့်လွန်စွာနီး ကပ်နေ သဖြင့် ဆိုပါသု သာန်တွင် သဂြိုလ်ရန်
တာဝန်ရှိ သူများက ခွင့်ပြု ချက်မပေးကြောင်း သိရသည်။ သေဆုံးသူ မောင်ဟန်ရွှေ (ရေမျက်ဝကျေးရွာ)၏
အလောင်း အား ဒေသခံများ က ကျောက်နီမော်ရွာ ၌ပင် သဂြို င်္လ်ရန်ဆန္ဒရှိသော်လည်း လုံခြုံရေး
တပ်ဖွဲ့ဝင်များ ကလက်မ ခံသဖြင့် အခက်တွေ့ နေရကြောင်း၊ အလောင်းအား အောက်တိုဘာလ ၃၁
ရက်နေ့ထိ ကျောက်နီမော်ဆေးရုံ၏ ရင်ခွဲ ရုံတွင် ထားရှိဆဲဖြစ်ကြောင်း လည်းသိရသည်။ ယခုအခါ
ကျောက်နီမော် တွင်လုံခြုံရေး အပြည့် အ၀ ချထားပြီး ဘင်္ဂ လီများ နှင့်ပြဿ နာထပ် မဖြစ်အောင်
တင်းကြပ် စွာစီ စဉ် ထားကြောင်း လည်းသိရသည်။
တကျော့ပြန်
ဖြစ်ပွားလာသောရခိုင် ပြည်နယ် ပဋိပက္ခ တွင် လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်း
ဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ ဖျက်ဆီး ခြင်း ကိစ္စများတွင်
တစ်ဖက် အဖွဲ့အစည်း မှာ ကြိုတင် ပြင်ဆင်ခြင်း၊ အသေးစိတ် စီစဉ်ခြင်း၊ ဒေသန္တရ လုပ်
လက်နက် များဖြင့် အချိန်ကိုက် ပူးပေါင်း လှုပ်ရှားဆောင်ရွက် ခြင်းများ တွေ့ရှိ
ရသည့် အပြင်၊ နိုင်ငံရေး အဖွဲ့ အစည်း နှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်း
များပါ ပါဝင်ပတ်သက်မှု ရှိနေ သကဲ့သို့၊ အခြား တစ်ဖက် အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်း
ပြည်ပ အဖွဲ့ အစည်းများ ပါဝင် ပတ်သက် နေသည့် အထောက် အထား များကို တွေ့ရှိ ရကြောင်း
နိုင်ငံတော် သမ္မတ ရုံးက ယနေ့ည ၈နာရီတွင် သတင်းထုတ်ပြန် လိုက်သည်။