နိုင်ငံရေးသမားပေါက်စ........
ဆက်သွယ်ရေး........... လမ်းဘေးဖုန်းဖြင့်ဆက်သွယ်ရသည်
ကား
............ လိုင်းကားတိုးဆီးရသည်
စာအုပ်.....................
ငှားဖက်ရသည်.........
သွားလာစရိတ်..........
မိဘဆီကတောင်းရသည်.......
အင်တာနက်...........
အကြွေးသုံးရသည်.........
ဆန္ဒပြသော
နေရာ................. နိုင်ငံသမားပေါက်စ အရင်ေ၇ာက်သည်..
ဝါရင့်နိုင်ငံရေးသမားများ...........
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဖိုးကြည် (ယခင် ကျွန်းစုမြို့နယ် ဥက္ကဌဟောင်း)
ခေါင်းဆောင် ပါတီဝင် (၂၁)ဦးတို့သည် ၄င်းတို့၏ သဘော ဆန္ဒ ဖြင့် ပါတီဝင် အဖြစ်မှ နှုတ်ထွက်
ကြောင်းအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) အတွင်းရေးမှူး ဦးဥာဏ်ဝင်း ထံသို့
တင်ပြ ခဲ့ကြောင်း၊ ၄င်းတို့ နှုတ်ထွက် ရခြင်းမှာ လက်ရှိ ကျွန်းစုမြို့နယ်၊ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဌ ဦးကိုလေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ
ကျွန်းစုမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ တို့နှင့် သဘောထား တိုက်ဆိုင်မှု
မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်
ပြည် ဂွမ်ဂျု ခရိုင် ရှိ အထီးကျန် စိတ်ဝေဒနာရှင် ကလေးငယ်များ စောင့် ရှောက်
မှု ဂေဟာ မှ အသက် ၄ နှစ် အရွယ် မိန်းကလေး တစ်ဦး ကိုသင်ကြား ပြသသူ
ဆရာမ က ခန္တာ ကိုယ် ကျိုး ပဲ့ မှု ဖြစ် ပြီး မေ့မျော့ သွားသည် ထိ ရိုက်နှက် ခဲ့ မှု မှတ်တမ်း တင်ထား သည် ဗီဒီယို
မှာ တရုတ် အင်တာနက် သုံးသူ များ ကြား တွင် ဒေါသူပုန် ထ စရာ ဖြစ်နေ ပြီး
CNNFOX , Guardian စသည့် မီဒီယာများ တွင် အကျယ်တ၀င့် ဖော်ပြထားပါသည်။
KIA
(ကချင်) အဖွဲ့၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ များသေဆုံး ဒဏ်ရာရရှိ တည်ငြိမ် အေးချမ်း
မှုကိုလိုလားသော ဒေသခံပြည်သူများ၏ဆန္ဒအရ နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့သည် နိုင်ငံ
အ၀န်း နေရာ အနှံအပြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်ချမ်းရေးရယူပြီး
တိုင်းပြည် တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိသော်လည်း
ကေအိုင် အေ(ကချင်)အဖွဲ့ အနေဖြင့် ဒေသတွင်းအဖျက်အမှောင့် လုပ်ငန်းများအား ဆက်လက်ဆောင်
ရွက်နေခြင်း၊ မိမိတပ်မတော်စစ်ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းများ အဆက်မပြတ်
လုပ်ဆောင် လျက်ရှိရာ အောက်တိုဘာ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊
နမ့်မှော် ကျေးရွာ အနီးရှိ မှော်ရကင် မှော်ဈေး တန်းသို့ ကေအိုင်အေ(ကချင်)အဖွဲ့မှ လက်နက်ငယ်များဖြင့်
ပစ်ခတ်မှု များကြောင့် ဖားကန့်မြို့နေ ရခိုင်လူမျိုး မောင်စိုင်းစိုင်းအောင်(၂၅)နှစ်၏
ညာဘက်လက်ပြင်နှင့် ညာဘက် ပေါင်တို့၌ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
တရုတ်မြန်မာ
နယ်စပ်တွင် နွားသွားရောင်းပြီး ပြန်လာသည့် ဒေသခံ ရှမ်း နွားကုန်သည် ၁၀ ဦးအား
မြန်မာအစိုးရ တပ်ဖွဲ့ဝင်များက ဓါးပြတိုက်လုယက်၍ ပစ်ခတ်ခဲ့မှုကြောင့်
ကုန်သည်တစ်ဦးသေဆုံးပြီး ကျန်လူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများဆိုသည်။
ယခုရက်ပိုင်းအတွင်း
ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင်
သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြား ခဲ့သည်။
ယင်းကဲ့သို့
သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များကို အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင်
ဒဂုံ ဆိပ်ကမ်းမြို့ နယ်နှင့် နိုဝင်ဘာလ ၁ရက်နေ့ နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်တို့၌
ဖြစ်ပွားခဲ့ပြီး ခြောက်ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့
ကျောက်တလုံး ဘုရားအနီးရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် သွားရောက် ဆေးဝါးကု သပေးနေကြသော ကျန်းမာရေးဝန် ထမ်းများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို
စိတ်ချမှုမရှိကြောင်း Coral Arakan အား ပြောကြားသည်။
“စခန်းထဲမှာ
ဘင်္ဂါလီတွေက အများကြီးပဲ။ ကျွန်တော်တို့ ဆေးသွားပေးရတဲ့ နေရာနဲ့ ဆယ်ကိုက် လောက်တောင်
မဝေးဘူး။ ပြီးတော့ အနီးအနားမှာလည်း ဓါးတွေကိုင်ပြီး ထင်းခုတ်နေကြတာတွေရှိတယ်။ ကျွန်တော်တို့ကို
သူတို့လှမ်းကြည့်နေကြတဲ့ မျက်လုံးစိမ်းစိမ်းကြီးတွေကလည်း မာမာကျောကျောကြီး တွေနဲ့။
တအားကျော ချမ်းဖို့ ကောင်းတယ်။
ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့လွှတ်တော်ထဲ ရောက်ပြီးနောက် ပြည်သူ့လွှတ်တော် အမတ်များ လွှတ်တော် မတတ်ကြတော့ကြောင်း
သတင်းရရှိသည်။ပဉ္စမ အကြိမ်ပြည်ထောင်စုလွှတ်တော်ဒုတိမနေ့က အစည်းအဝေး ကိုယမနေ့ကနေပြည်တော်ရှိ လွှတ်တော်
အဆောက်အအုံတွင် ယမနေ့က ကျင်း ခဲ့သည်။ထိုအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်၁၅၅
ဦးပျက် ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ၏ပြောကြားချက် အရသိရသည်။ပြည်ထောင်စု
လွှတ်တော်တွင် ကိုယ်စား လှယ် ဦးရေ စုစုပေါင်း ၆၅၁ ဦးရှိပြီး တက်ရောက်လာ သောကိုယ်စားလှယ်
စုစုပေါင်း ၄၉၆ ဦးသာ ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံ
အတွင်း၂ဝ၁ဝ ပြည့်နှစ်က ပျက်ကျခဲ့သည့် ပိုလန် သမ္မတနှင့် ခရီးသည် ၉၅ ဦး စီးနင်း လိုက်ပါ
လာသော လေယာဉ် တွင် ဖောက်ခွဲရေး ပစ္စည်း အစအန များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ
၃ဝ ရက်က သတင်းစာကြီးတစ်စောင် တွင် ဖော်ပြ ခဲ့သည်။
အဆိုပါ
ဖောက်ခွဲရေး ပစ္စည်း အစအန များအား လေယာဉ် အတွင်းရှိ ထိုင်ခုံ ၃ဝ ပေါ်နှင့်
လေယာဉ်၏ ကိုယ်ထည်နှင့် တောင် ပံများ တွင်ပါ တွေ့ရှိခဲ့ရကြောင်း
Rzeczpospolita သတင်း စာကြီးက ဖော်ပြ ခဲ့ကြောင်း သိရသည်။
From
: သမ္မတရုံး
နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ နယူးဇီလန်နိုင်ငံ
သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး မစ္စတာ အန်သနီ ဂျွန်လင့်ခ်ျ
သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်
ခန့်အပ်လွှာကို ပေးအပ်သည်။
From
: သမ္မတရုံး
နေပြည်တော်
အောက်တိုဘာ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ ဘယ်လ်ဂျီယံနိုင်ငံ
သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံ အမတ်ကြီး မစ္စတာ မားခ် မိုက်ကယ်လ်ဆင်
သည် ယနေ့ နံနက် ၁၀ နာရီ ၃၀ တွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်
ခန့်အပ်လွှာကို ပေးအပ်သည်။
နယ်သာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးများထဲမှ တစ်ခုဖြစ်သော
KPMG သည် မြန်မာသို့ ၀င်ရောက်ရန် စောင့်ဆိုင်းနေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို
ဘဏ္ဍာရေး ၀န်ဆောင်မှု များပေးနိုင်ရန် မြန်မာနိုင်ငံ၌ ရုံးခွဲတစ်ခုဖွင့်လှစ်သွားမည်ဟု သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို
ပြည်ထောင်စုလွှတ်တော်က ယနေ့အတည်ပြုရာတွင် နိုင်ငံတော် သမ္မတ မှတ်ချက်ပြုထားသည့် အချက်
၁၁ ချက်အနက် အချက် ၁၀ ချက်အား နိုင်ငံတော်သမ္မတ၏ မှတ်ချက် အတိုင်း အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း
သတင်းရရှိသည်။
ဥပဒေကြမ်း
ပုဒ်မ ၂၄၊ ပုဒ်မခွဲ(စ)ပါ စာသားကို နိုင်ငံတော်သမ္မတက ပြင်ဆင်ရေးသား မှတ်ချက် ပြုခဲ့
သော်လည်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကိုသာ ထည့်သွင်းရန် လွှတ်တော် ကိုယ်စားလှယ်
များက မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ၏
မှတ်ချက် ၁၁ ချက်နှင့် လွှတ်တော်၏ သဘောထား မှတ်ချက် များ ကို ပူးတွဲဖော်ပြလိုက်ပါသည်။
မိမိရပ်တည်ချက်
မည်သို့ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်။
(၁)
ဧရာဝတီ အယ်ဒီတာမင်းကြီးများ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍
မိသားစု အစုံအလင်ဖြင့် (၂)ပါတ် နေကြည့်စေလိုပါသည်။ (အစွန်အဖျား ကျေးရွာများ မဟုတ်သေးပါ။)
(၂)
ပြီးလျှင် ရခိုင်တိုင်းရင်းသားပြည်သူများနှင့် လက်ပွန်းတတီးနေကြည့်စေလိုပါသည်။ (မြန်မာစကား
တတ်ကျွမ်းရန် လိုပါမည်)
၁.၁၀.၂၀၁၂
ရက် နေ့လည် ၂း ၀၀ နာရီပတ်ဝန်ကျင်လောက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပေါက်ကုန် ဘောင် တိုက်နယ်၊
ရွေကျေးရွာတွင် ဦးထွန်းကြည်ဆိုသူကို အမည်မသိသော လူတစုက သတ်ဖြတ် သွားကြောင်း
သိရှိရပါတယ်။