Monday, November 12, 2012

မြန်မာပြည်တွင် ငလျင် ၂ ခါ လှုပ်၊ ၁၂ ဦး သေဆုံး၊ လူတွေ ကြောက်လန့်နေကြ

Posted by drmyochit Monday, November 12, 2012, under | No comments


“မန္တလေးမှာ တော်တော်လေးတော့ လှုပ်သွားတယ် ဗျ။ နှစ်ခါ လှုပ်တာ၊ မနက်နဲ့ ညနေနဲ့ လေ။ မနက် ၈ နာရီမတ်တင်းလောက်က တခေါက်၊ ညနေ ၅ နာရီကျော်ကျော်လောက်က တခေါက်၊ ကျွန်တော်တို့ အရပ်ထဲမှာတော့ ဘာမှ အပျက်အစီး မရှိဘူး ပေါ့။ ကြားတာတွေကတော့ ဘုရားကြီးဘက်မှာ တိုင်တလုံးက နှစ်ခြမ်းကွဲသွားတယ် တို့၊ ဈေးချို မန်းမြန်မာပလာဇာကြီးက ၅ လက်မ နိမ့်ဝင်သွားတယ်လို့လည်း ပြောကြတယ်။ ဒီနေ့ ဈေးမထွက်ရဘူး ဆိုတာတော့ ဟုတ်တယ်။ ဈေးပိတ်လိုက်တယ်လို့ ပြောတယ်။ ငလျင်ကြီး ည ၁ နာရီမှာ ငလျင်လှုပ်မယ်လို့လည်း ပြောနေကြတယ်။ လူတွေကတော့ ကြောက်နေတယ် ဗျ။ ညကို အထပ်မြင့်တွေမှာ မအိပ်ကြဘဲ အောက်မှာ အိပ်ကြမယ်လို့ လူတိုင်းက ပြောနေကြတာ။ ကျီးလန့်စာစားတော့ တော်တော်လေး ဖြစ်နေတယ်။ ကျွန်တော်တို့တောင် ဒီနေ့ အလယ်ထပ်၊ အောက်ထပ်တွေမှာ အိပ်မယ်လို့ စဉ်းစားထားတယ်။ စိတ်ဖြောင့်လက်ဖြောင့် အိပ်ရတာပေါ့။
လူတွေ ထွက်ပြေးကြတာပေါ့။ ကျွန်တော်တို့က ဆေးဆိုင် ဆိုတော့ မနက်မိုးလင်း တုန်းကလည်း တအိမ်လုံး၊ တရပ်လုံး၊ မန္တလေးတမြို့လုံး အပြင်ဘက်ကို ပြေးကြပါတယ်။ လမ်းပေါ်ထွက် ရပ်နေကြတာပဲ။ တော်တော်နဲ့လည်း ပြန်မ၀င်ရဲဘူး။ ဒါမျိုးတခါမှ မကြုံဘူးကြတာ။ ကျွန်တော်တို့မြို့ အနေအထားအရ မကြုံဘူး လောက်အောင်ကို ဖြစ်သွားတာ။ လူတွေက ၁၀ နာရီမှာ လှုပ်မယ်၊ ဘယ်အချိန်မှာ ထပ်လှုပ်မယ်၊ ပြောနေရင်း ညနေ ၅ နာရီလောက်မှာ ထပ်လှုပ်တော့ လူတွေက ပြေးကြတာပေါ့။ ဘုရားကြီးဘက်မှာ နှစ်ထပ်တိုက်တလုံး ပျက်စီးသွားတယ် ပေါ့ ဗျာ။ အဲဒါကတော့ အမ်အာတီဗီ ၄ တီဗီအစီအစဉ် news bar မှာ ရေးထားတယ် ဗျ။ ပုံမှန်အစီအစဉ် အောက်က စာတမ်းထိုး ပေါ့။ အပြင်ဘက် ထွက်နေကြဖို့၊ ကွင်းပြင်မှာ နေကြဖို့၊ ကန့်ဘလူဘက်မှာ တော်တော်လေး ပျက်စီးတယ် ပြောတယ်။ ဘုရားစေတီ နှစ်ဆယ်လောက် ပြိုကျသွားတယ်၊ အဲဒါမျိုးတွေတော့ အများကြီး ရေးထားတယ် ဗျ။
မန္တလေးမှာ သွားရေးလာရေး ခက်ခဲသွားတာ အဲဒါမျိုးတော့ မဖြစ်ဘူး။ လူတွေက လန့်နေကြတာ ပေါ့၊ အဓိက ကတော့။ ကျွန်တော်တို့ဆိုင် အရောင်းအ၀ယ်ဆို နည်းနည်းလေး အေး သွားတယ် ပေါ့။ ညကို အောက်ထပ် ဆင်း အိပ်ကြမယ်လို့ ပြောကြတယ်။“ လို့ မြန်မာပြည်အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့တဲ့ ရွှေဘိုငလျင်အကြောင်း ပြောပြသူကတော့ မန္တလေးမြို့လယ်က ဆေးဆိုင်ပိုင်ရှင်တဦး ဖြစ်ပါတယ်။
အမေရိကန် ဘူမိဗေဒ သုတေသနဌာန တိုင်းထွာချက်များအရ ၂၀၁၂၊ နိုဝင်ဘာ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီ ၄၂ မိနစ်တွင် မြန်မာပြည်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နဲ့ မြောက်၊ အရှေ့မြောက်ဘက် ၃၂ မိုင်၊ မိုးကုတ်မြို့အနောက်ဘက် မိုင် ၄၀၊ မန္တလေးမြို့ရဲ့ မြောက်ဘက် ၇၂ မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား ၆.၈ ရှိ ငလျင် လှုပ်ခတ်သွားကြောင်း သိရပါတယ်။
ထိုငလျင်ကြောင့် ကျောက်မြောင်းမြို့နယ်ခွဲက ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား ပျက်စီးသွားကြောင်း အလဲဗဲန်းသတင်းတွင် ဖော်ပြထားပါတယ်။ မြန်မာပြည်က လာတဲ့ အေပီသတင်းအရ ငလျင်ကြောင့် သေဆုံးသူ ၁၂ ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ရွှေဘိုငလျင် မလှုပ်ခတ်မီ ၈ နာရီခန့်စောပြီး အမေရိကန်ပြည်ထောင်စု၊ ကဲန်တက်ကီပြည်နယ်တွင် ပြင်းအား ၄.၃ ရှိ ငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တောင်မြောက်တန်းလျက်ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် တည်ရှိပါတယ်။ ပုပ္ပားတောင်ဟာ မီးတောင်ဟောင်းတခု ဖြစ်သလို စစ်ကိုင်းတိုင်းအတွင်းရှိ တွင်းတောင်များဟာလည်း မီးတောင်ဟောင်းများ ဖြစ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်စပ်ပြီး ၁၉၃၀ နဲ့ ၁၉၅၆ ခုနှစ်များက ပြင်းအား ၇ ထက်ပိုတဲ့ ငလျင် ခြောက်ခု လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံအတွင်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။
အခု လှုပ်ခတ်တဲ့ ငလျင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက “သမိုင်း အထောက်အထားအရတော့ ကြီးမားတဲ့ ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက် သတိပြုဖို့တော့ လိုတယ်“ လို့ အလဲဗဲန်းသတင်းကို ပြောပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့က ပြင်းအား ၆.၅ ရှိ ငလျင်တခု မြန်မာပြည်အလယ်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့ရာ ပုဂံရှေးဟောင်းဘုရား အတော်များများ ပျက်စီးခဲ့ပါတယ်။
အခု လှုပ်ခတ်တဲ့ ရွှေဘိုငလျင်ဟာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒေသအတော် များများကိုလည်း လှုပ်ခတ်ခဲ့ပါတယ်။ ထိုငလျင်ကြောင့် လူအများ ထိပ်လန့်ခဲ့ကြရပါတယ်။ သို့သော် ကြီးမားတဲ့ ပျက်စီး ဆုံးရှုံးမှုသတင်း မရရှိသေးပါ။

ဒေလီရှိ မြန်မာများကို ဒေါ်စု မိန့်ခွန်းပြောမည်

Posted by drmyochit Monday, November 12, 2012, under | No comments


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အိန္ဒိယ နိုင်ငံရောက် မြန်မာများအား မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
အဆိုပါ မြန်မာဒုက္ခသည်များအား နယူးဒေလီမြို့ Vikaspuri ရပ် Oxford ကျောင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် က တွေ့ဆုံမည် ဖြစ်ကြောင်း ၁၉၉ဝ ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဒေါက်တာတင့်ဆွေ က ပြောသည်။ “နိုဝင်ဘာ ၁၆ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် တခြား အစီအစဉ်တွေ ရှိပါမယ်။ Community (အသိုင်းအဝိုင်း)နဲ့တွေ့ဖို့ ဒီ Oxford ကျောင်းကို လာမှာပါ။ အချိန် နာရီဝက်လောက် ရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က လုပ်ပေးနိုင်ရင်တော့ အချိန်ပိုရမှာပေါ့လေ။ ကျနော်တို့က မိသားစုအားလုံးနဲ့ စုံစုံညီညီ ညီညီညွှတ်ညွှတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတာပဲ ပြပြီးတော့ အဓိက ကတော့ ဒေါ်အောင်ဆန်း စုကြည် ပြောမယ့် မိန့်ခွန်းစကား၊ မှာကြားစကားကို နားထောင်မှာပဲ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ တက္ကသိုလ်ဝင်တန်းကျောင်း ဖြစ်သည့် Oxford Senior Secondary School ကို ၁၉၆၄ ခုနှစ် စာပေဗိမာန်ဆုရ ဘာသာပြန် စာရေးဆရာ ဦးမောသီရိ က ထူထောင် ဖွင့်လှစ်ခဲ့ပြီး ဆရာကြီးသည် All India Radio (AIR) မြန်မာပိုင်း ဌာနတွင် ဌာနမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။
“ဒီကျောင်းကို တည်ထောင်တဲ့ ဆရာဦးမောသီရိဟာ ဒီမိုကရေစီရေးမှာ ၁၉၈၈ ခုနှစ်ကတည်းက ကွယ်လွန်ချိန်ထိ ထိပ်ဆုံးကနေ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ အမျိုးသား တဦးလည်း ဖြစ်တယ်။ ဒီကျောင်းမှာလည်း ဗမာဒုက္ခသည် ကျောင်းသားတွေကို အခမဲ့ သင်တာရှိတော့ကာ ဒီနေရာဟာ အားလုံးပဲ အဆင်ပြေမယ် ဆိုပြီးတော့ကျောင်းကို ဦးစီးနေတဲ့ ဆရာမကြီးနဲ့ မိသားစုကို ညှိပြီးတော့ အိန္ဒိယအစိုးရရော သုံးဦးသုံးဖလှယ် ပေါ့လေ။ နောက်ဆုံး အားလုံးက လက်ခံ သဘောတူညီပြီးတော့ ဆုံးဖြတ်တဲ့နေရာ ဖြစ်ပါတယ်”ဟုရှင်းပြသည်။
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓစာပေများ လာရောက်သင်ကြားနေသည့် သံဃာတော်များ အပါအဝင် ဒေလီရှိ တိုင်းရင်းသား မိသားစု အားလုံးအပြင် မြန်မာပြည်မှ အိန္ဒိယသို့ ပြန်လာသည့် အိန္ဒိယ-မြန်မာနွယ်ဖွားများလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ မိန့်ခွန်းကို လာရောက် နားထောင်ကြမည်ဖြစ်ကြောင်း သိရသည်။
လူဦးရေ ၁,ဝဝဝ ကျော် လာရောက်မည်ဟု ခန့်မှန်းထားပြီး နေရာထိုင်ခင်း၊ လုံခြုံရေးနှင့် အချိန်အကန့်အသတ် ရှိသော်လည်း အကောင်းဆုံးဖြစ်အောင် Oxford ကျောင်းက စီစဉ်ပေးကြောင်း ၎င်းက ဆက်ပြောသည်။
“အချိန်ရမယ်ဆိုရင် မေးချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် အချိန်ပေးပြီးတော့ ဖြေနိုင်ဖို့ ပါဝင်ပါမယ်။ အဓိက ကျနော်တို့ ဗမာပြည်က ရောက်နေကြတဲ့ ဒုက္ခသည်တွေ အရေးကိုလည်းပဲ သက်ဆိုင်တဲ့ အိမ်ရှင်နိုင်ငံနဲ့ တခြား သက်ဆိုင်တဲ့ သူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပေးမယ့်စကားကို ဒီဒုက္ခသည်တွေက စောင့်စားနေ တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
နယူးဒေလီမြို့တွင် မြန်မာနိုင်ငံသား ဒုက္ခသည် ၁ဝ,ဝဝဝ ကျော် ရှိပြီး အများအပြားမှာ စက်ရုံအလုပ်ရုံ အလုပ်သမား၊ သန့်ရှင်းရေး၊ သောက်ရေသန့်ပို့၊ စားပွဲထိုး၊ ဒရဝမ်နှင့် အိမ်အကူ စသည့် အလုပ်များ လုပ်ကိုင်နေကြရသည်။ နိုဝင်ဘာ ၁၆ ရက်နေ့တွင်ပင် နယူးဒေလီမြို့၌ ဒေါ်အောင်ဆန်းစုကြည်၏ ဆုရငွေများဖြင့် မတည် ဖွင့်လှစ်ထားသော Prospect Burma အလွတ်စာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၃ ခုနှစ်၊ ဂျဝါဟာလာ နေရူး နိုင်ငံတကာ နားလည်မှုဆု၊ ၁၉၉၆ တွင် ရာဂျစ်ဂန္ဓီ ငြိမ်းချမ်းရေးဆု၊ ၁၉၉၇ တွင် ဒေလီ တက္ကသိုလ် ထူးချွန်ကျောင်းသူဆု၊ ၂ဝဝ၇ တွင် ဆူဘတ်ချန်ဒရာဘို့စ် ဆုနှင့် ၂ဝဝ၉ ခုနှစ် မဟတ္တမဂန္ဒီ ငြိမ်းချမ်းရေးဆုတို့ကို ဒေါ်အောင်ဆန်းစုကြည် အား အိန္ဒိယ က ချီးမြှင့်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံနှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှု ရှိပြီး ဗြိတိသျှ ကိုလိုနီ လက်အောက် မှ လွတ်မြောက်ရေးအတွက် အိန္ဒိယနိုင်ငံ လွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ကြပုံကို အားကျ အတုယူခဲ့ကာ မဟတ္တမဂန္ဓီကြီး၏ အကြမ်းမဖက် တိုက်ပွဲဝင်ရေးဝါဒကို သက်ဝင် ယုံကြည်သူ တဦးလည်း ဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီမည်

Posted by drmyochit Monday, November 12, 2012, under | No comments


ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့က လှိုင်မြို့နယ် မြန်မာ အင်ဖိုတတ်တွင် ပြုလုပ်သည့် “လူမှုဘဝ လုံခြုံမှု ပေးစွမ်းနိုင်မည့် ခြေလှမ်း” ခေါင်းစဉ်နှင့် ဆွေးနွေးပွဲက ဆိုသည်။ “လူမှုရေးအရ အကာအကွယ်ပေးမှုဆိုရာမှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူမှုရေးခံစားခွင့်တွေ ချို့တဲ့နေသူတွေ၊ စီးပွားရေးအရရော လူမှုရေး ခံစားခွင့်တွေ ချို့တဲ့နေရသူတွေအတွက် ကာကွယ်စောင့်ရှောက်မှုတင်မကဘဲ ဆိုးကျိုးတွေလျော့သွားစေဖို့၊ ပပျောက်စေဖို့ ရည်ရွယ်ပြီး အကောင်အထည် ဖော်သွားမှာပါ” ဟု အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။ ယင်းဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် အလုပ်သမား ဝန်ကြီးဌာနတို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ “သင့်လျော်ကောင်းမွန်တဲ့ လုပ်ခလစာနှင့် အလုပ်၊ လုပ်ငန်းခွင် လုံခြုံရေးနဲ့ ကျန်းမာရေးတို့ ပါဝင်တဲ့ လုပ်ငန်းခွင် အခြေအနေကိုလည်း ဖော်ဆောင်ပေးသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ရွှေ့ပြောင်း အလုပ်သမားများ အရေးနှင့် ကာကွယ် စောင့်ရှောက်ပေးနိုင်မည့် အစီအစဉ်များအပြင် ခုခံအားနည်းရောဂါ၊ ကပ်ရောဂါများ စသည့် လုပ်ငန်းများအတွက် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများကိုလည်း အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။ “မကြာခင်မှာ နိုင်ငံခြား ကုမ္ပဏီတွေ အများအပြား ဝင်လာနိုင်ပါတယ်။ အဲဒီ ကုမ္ပဏီတွေမှာ လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေ၊ နိုင်ထက်စီးနင်း လုပ်ကိုင်တတ်တဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေဆီမှာ လုပ်ကိုင်ရတဲ့ မြန်မာလုပ်သွားတွေအတွက် ဥပဒေအရ ခိုင်ခိုင်မာမာ ကာကွယ်ပေးဖို့ကို ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ရှေ့နေ ဦးဇော်ထွန်း က ပြောသည်။
ILO ၏ လူမှုရေး အကာအကွယ်ပေးမှုဆိုင်ရာ အဓိက ရည်မှန်းချက်များအနေဖြင့် လူမှုဖူလုံရေး စီမံကိန်းများ၏ လက်ရှိအကျုံးဝင် အကာအကွယ်ပေးနိုင်မှုနှင့် အကျိုးသက်ရောက်မှုတို့ကို တိုးချဲ့ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ရွေ့လျားကျောင်းများ ဖွင့်လှစ်ပေးထားဟု ဒု-ဝန်ကြီး ဆို

Posted by drmyochit Monday, November 12, 2012, under | No comments


မြန်မာ့ပညာရေး ကဏ္ဍတွင် ဟန်ချက်ညီစွာ တပြေးညီ ပညာသင်ကြား လေ့လာသင်ယူခွင့် ရှိရေးအတွက် ကျေးရွာ အတည်တကျမရှိသော ဒေသများ၌ ရွေ့လျား ကျောင်းများအဖြစ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။ “မြို့ပေါ်ရပ်ကွက်များတွင် အလယ်တန်း၊ အထက်တန်းအဆင့် တတ်ရောက်မည့် ကျောင်းသား ဦးရေနှင့် ခရီးအကွာအဝေး တို့အပေါ် မူတည်ပြီး (မူ၊ လယ်၊ ထက်) ကျောင်းတွေ စီစဉ်ဖွင့်လှစ် ပေးထားပြီးပါပြီ။ ကျေးရွာအတည် တကျမရှိတဲ့ ဒေသတွေမှာ ရွေ့လျားကျောင်းတွေ အဖြစ်ဖွင့်လှစ်ပေးလျက်ရှိပါတယ်” ပညာရေး ဒုတိယ ဝန်ကြီး ဦးအေးကြူ က ပြောသည်။ နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း မကွေးတိုင်း မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ငြိမ်း တင်သွင်းသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော် နိုင်ငံတဝန်းလုံး၌ ပညာရေးကဏ္ဍတွင် ဟန်ချက်ညီစွာ တပြေးညီ ပညာသင်ကြား လေ့လာသင်ယူခွင့် အခွင့်အလမ်းများရရှိရေး အဆိုနှင့် စပ်လျဉ်း၍ ဒုဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အခြေခံပညာ ကျောင်းများတွင် အခမဲ့ မသင်မနေရ မူလတန်း ပညာရေး အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၁-၂၀၁၂ မှ စ၍ ကျောင်းသုံးဖတ် စာအုပ်များကို မူလတန်း ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခြင်း၊ ၂၀၁၂-၂၀၁၃ တွင် လေ့ကျင့်ခန်း စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးခြင်း၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ ပေးခြင်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ငွေကြေးကောက်ခံခြင်း မပြုရန် ဆောင်ရွက်ခဲ့သည်။
“မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေကို ငွေကြေး မကောက်ပါဘူး။ ဒါပေမယ့် ကျောင်းဆင်းချိန်မှာ အချိန်ပိုသင်တော့ ကလေး မျက်နှာငယ်မှာစိုးလို့ ထားပေးရပါတယ်။ ဒါက အကြောင်းအမျိုးမျိုးနဲ့ မိဘတွေက ပေးဆပ်နေရတာပါ” ဟု လှိုင်မြို့နယ်၊ ဘူတာရုံ လမ်းပေါ်ရှိ ကျောင်းတကျောင်းတွင် တတ်ရောက်နေသူ ကျောင်းသားတဦး၏ မိခင် ဒေါ်ခင်ခင် က ဆိုသည်။ ကျောင်းနေရွယ် ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းနေမြဲပြီး မူလတန်းပညာ သင်ယူ ပြီးမြောက်ရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။ “အတန်းထဲမှာ ဆရာခေါ်ပေးတဲ့ စာကို လိုက်ရေးတာ မမီတော့ အိမ်ပြန်ရင် စာအုပ်ထဲမှာ တဝက်တပျက်တွေပဲ ပါလာတယ်။ အတန်းပိုင်ကို အိမ်မှာခေါ်သင်နိုင်တဲ့ ကလေးက စာတွေ အစုံရှိနေတယ်။ အိမ် ခေါ်မသင်နိုင်တဲ့ ကလေးက ပြဿနာ ဖြစ်လာတယ်။ စာခေါ်ပေးတာ နေ့တိုင်း မလိုက်နိုင်တော့ ကလေးက သိမ်ငယ်စိတ် ဝင်လာတယ်။ ကျောင်းပြောင်းမယ် ပြောလာတယ်။ ခေါ်ပေးတဲ့ စာကိုမီအောင် လိုက်မရေးနိုင်တာ ကလေးရဲ့ အားနည်းချက်လား။ သင်တဲ့ စနစ်လွဲနေတာလား။ တခုခုတော့ အဖြေရှာသင့်ပါတယ်” ဟု ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC – Grade 3) မှ ကျောင်းသားမိခင် ဒေါ်အေးအေး က ရင်ဖွင့်ပြောကြားသည်။
အချို့နေရာများတွင် ကျောင်းမနေနိုင်သည့် ကလေးများ ကျန်ရှိနေသဖြင့် ယင်းကလေးများပါ ကျောင်းအပ်နှံရေးအတွက် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကျောင်းဝင်မည့် ကလေးများကို ကြိုတင် စာရင်းကောက်ယူပြီး ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ “ဖြစ်နိုင်ရင် စာသင်ခန်းထဲအထိ ဆရာတွေရဲ့ ပညာသင်ကြားရေး ပုံစံတွေကို ထိပ်ဆုံးက တာဝန်ရှိသူတွေ ရှောင်တခင် စစ်ဆေး လေ့လာစေချင်ပါတယ်” ဟု အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောကြားသည်။
နိုင်ငံတော်အနေဖြင့် နှစ်စဉ် မေလ၏ နောက်ဆုံး ရက်သတ္တပတ်အား ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ နိုင်ငံတဝန်းလုံး အမျိုးသား လှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ရာ သူငယ်တန်း ကျောင်းဝင်နှုန်းမှာ ၉၈.၄၇% အထိ တိုးတတ်လာခဲ့ကြောင်း သိရသည်။

ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး

Posted by drmyochit Monday, November 12, 2012, under | No comments


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု ယနေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့် လှုပ်ခတ်မှုဖြစ်ပွား ခဲ့သောကြောင့် သေဆုံးသူ ၆ဦး ရှိခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ဦးတွင်းထဲတွင် ပိတ်မိလျှက်ရှိနေသည်။ သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့  ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့်သေဆုံးသူ ၁ဦးစုစုပေါင်း ၆ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ယင်းမြေငလျှင်မှာ မန္တလေး မြေငလျှင်စခန်း မှ မြောက်ဘက် ၈၂မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့မြောက်ဘက် ၄၅မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားပြင်းထန် အဆင့် ၆.၈ ရစ်စကေး လှုပ်ခတ်သွားပြီး ယင်းငလျှင်သည် စစ်ကိုင်းပြတ်ရွှေ့ ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနက ဧရာဝတီကို ပြောကြားခဲ့သည်။ ငလျှင်ကြောင့် ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ်MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး)သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ၅ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦးက ပြောကြားသည်။ “ငလျှင်က တအားပြင်းတယ်ဗျ။ တံတားကတော့ ဆောက်လုပ်စမို့ သံချောင်းတွေကအခိုင်မာမရှိသေးဘူးလေ။ တစ်ယောက်ကတော့ ဆောက်လုပ်ရေးမှာ ထိခိုက်ဒဏ်ရာရပြီး သေတာ။ နောက်တစ်ယောက်ကတော့ စားသောက်ဆိုင်မှာ ပြိုကျတဲ့ အဆောက်ဦးပိပြီး သေတာပါ” ဟုဦးလှဦးကပြောသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောင်္နှစ်စင်းလည်းရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောင်္ကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်းသိရသည်။ စဥ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရလည်း ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် ၁ ဦး သေဆုံးကြောင်း သိရသည်။စဥ့်ကူးတွင် ဗလီတစ်ခု ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲပျက်စီးခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ ၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများ အက်ကွဲခဲ့သည်။ ၂၅လမ်း၊ ၃၅လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်းသိရသည်။  သို့သော်လည်း ၂၃လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေရသောအသက် ၆၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့်သေဆုံးသွားကြောင်း သိရသည်။ “ကျနော် အခု အသက် ၄၀ အထိ ကုန်ခဲ့သမျှ ငလျင်ထဲမှာ ဒီတစ်ခါ အပြင်းထန်ဆုံးပဲ။ မန္တလေးက အဆောက်အဦတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီတကြိမ် ငလျင်ဟာ မန္တလေးက အင်ဂျင်နီယာလောကကို သတိပေးလိုက်သလိုပါဘဲ။ အရင်က ငလျင်ဇုံ အဆင့် ၄ ထဲမှာရှိနေတာမို့ အဆောက်အဦး ဆောက်တဲ့အခါ ငလျင်ဒဏ်ကိုပါ ထည့်သွင်း တွက်ချက်ကြရပါတယ်။ ရှေ့ ပိုပြီး သတိထားရ ပါတော့မယ်” ဟု မန္တလေးအင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ကိုဇင်မင်းဆွေက ပြောသည်။ အဆောက်အဦတင်မကပဲ အဆောက်အဦမှာ အသုံးပြုသော မှန်၊ အလူမီနီယံရဲ့ အရည်အသွေးက အစဂရုစိုက်ရန်လိုနေပြီ ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောကြားသည်။ မြေငလျှင်အင်အား ပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊မန္တလေး၊  မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။ အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈  ရှိလေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက် ဘုရားတို့မှ စိန်ဖူးတော်များ မြေခခဲ့ရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး)စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။
ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျ ပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက်ရှိလောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။ စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်း ရှိကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။ ထို့ပြင်ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့် ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့်မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ဦးဒဏ်ရာ ရခဲ့သေးကြောင်း သိရသည်။ မိုးကုတ်မြို့တွင်လည်း ဘုရားစေတီ ပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးရရှိသော သတင်းများအရ ဆေးရုံသို့ ရောက်ရှိသော အရေအတွက်ကို အခြေခံပြီး သေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၀ ဦး ရှိကြောင်း Save The Children က ပြောဆိုသည်။

သမ္မတ အိုဘားမား ခရီးစဉ်ကို ကနဦးတွင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်မှု ရှိခဲ့

Posted by drmyochit Monday, November 12, 2012, under | No comments


မေရိကန် သမ္မတ ဘားရက် အိုဘားမား၏ လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင် လာရောက် လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကနဦး သဘောမတူမှု၊ စိုးရိမ်မှုတချို့ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စိုးရိမ်မှုများထဲမှ တခုတွင် သမ္မတ အိုဘားမားအနေဖြင့် နေပြည်တော်သို့ သွားရောက်လည်ပတ်မည့် ကိစ္စလည်း ပါဝင်ကြောင်း အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းတွင် Josh Rogin ရေးသားသည့် သတင်းတပုဒ် အဆိုအရ သိရှိရသည်။
သို့သော် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နေပြည်တော်သို့ သွားရောက်ရန် မရှိကြောင်း၊ ရန်ကုန်မြို့သို့သာ သမ္မတ အိုဘားမား လာရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြသည်။ သမ္မတ အိုဘားမား အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တလကြာ သူ၏ အမေရိကန် ခရီးစဉ်ကာလကအတွင်းက သာမက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် အမေရိကန် အရာရှိများနှင့် တွေ့ဆုံခဲ့စဉ်များက သူ၏ စိုးရိမ်မှုများကို ပြောဆိုခဲ့သည်ဟု သိရသည်။ “သူ (ဒေါ်အောင်ဆန်းစုကြည်) က မေးခွန်းတော်တော် ထုတ်ခဲ့တယ်။ စိုးရိမ်မှု တော်တော်များများလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဘယ်လို အခြေအနေမျိုးအောက်မှာ မလာနဲ့ဆိုတာမျိုးတော့ သူ မပြောခဲ့ပါဘူး။ အခုတော့ သူ့ (အိုဘားမား) ရဲ့ မြန်မာခရီးစဉ်ကို ထောက်ခံပါတယ်” ဟု သတင်းရင်းမြစ် တခုကို ကိုးကား၍ Foreign Policy မဂ္ဂဇင်းက ဆိုထားသည်။ သမ္မတ ဘားရက် အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူများက ကချင်ပြည်နယ်က စစ်ပွဲများနှင့် လူအခွင့်အရေး ချိုးဖောက်မှု၊ ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မတည်ငြိမ်မှု၊ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် မလွတ်မြောက်သေးဘဲ ကျန်ရှိနေမှု၊ ဒုက္ခသည်များအရေး စသည့် အဖက်ဖက်မှ လိုအပ်နေသည့် အခြေအနေများကို ထောက်ပြဝေဖန်ပြီး အချိန်စောလွန်းသေးကြောင်း ဝေဖန်နေကြသည်။ ဇွန်လ ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ စီမံကိန်းများတွင် အမေရိကန်က ရင်းနှီးမြှုပ်နှံမှု လုပ်မည်ဆိုပါက ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိသေးသည့်အတွက် သတိရှိသင့်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် သမ္မတ အိုဘားမားက ပြီးခဲ့သည့် ဇူလိုင်လတွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပေးပြီး MOGE နှင့်ပါ ပူးတွဲ လုပ်ဆောင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန် ကုမ္ပဏီများကိုလည်း ခွင့်ပြုကြောင်း ကြေညာခဲ့သည်။ သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၇ ရက်နေ့က အမေရိကန် ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွင် နောက်ထပ် သမ္မတ သက်တမ်း ၄ နှစ်အတွက် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီးနောက် အရှေ့ အာရှနိုင်ငံများသို့ ပထမဆုံး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက် လည်ပတ်မည်ဖြစ်သည်။
ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ခေါင်းဆောင်များနှင့် အစည်းအဝေး တက်ရောက်ရန်၊ အရှေ့အာရှ ထိပ်သီး ခေါင်းဆောင်များနှင့် စည်းဝေးရန် သမ္မတ အိုဘားမားက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား အရှေ့အာရှနိုင်ငံများ ခရီးစဉ်ကို အိမ်ဖြူတော်က မကြာသေးခင်က အတည်ပြု ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် NLD ပါတီအား မကျေနပ်သဖြင့် ၀င်ရောက်တိုက်ခိုက်

Posted by drmyochit Monday, November 12, 2012, under | No comments


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၏ ကျေးရွာ  ရုံးတစ်ရုံးတိုက်ခိုက် ခံခဲ့ရပြီး ပါတီ အလံလည်မီးရှို့ ဖျက်ဆီး ခံရကြောင်းသိ ရရှိသည်။ “ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉နာရီခွဲလောက်က တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာ NLD ရုံးက ဆိုင်းဘုတ်ပေါ်မှာ ထောင်ထားတဲ့ NLD အလံကို ငရုတ်တောင်ရွာက ရွာသားတစ်ဦးက လာဖြုတ်ပြီး အစိတ် စိတ်အမွှာမွှာ ဆုတ်ဖြဲတယ်ဗျာ။ ပြီးတော့အလံကို မီးရှို့ဖျက်ဆီးတယ်ဗျာ” ဟု တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပြည်နယ် အဖွဲ့ဝင် ကိုမင်းအောင်က ပြောကြားခဲ့သည်။ ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ရွာသား တစ်ဦး မေးမြန်းရာ တိုက်ခိုက် ဖျက်ဆီးသူမှာ အဆိုပါ ကျေးရွာမှ ကိုအောင်သိန်းရွှေ ဆိုသူ ဖြစ်ကြောင်း ပြောဆိုသည်။
“
 သူက ဘာတွေကို မကျေနပ်တာလဲဆိုတာတော့ သေချာမသိဘူး။ ဒါပေမယ့် ဆုတ်ဖြဲထားတဲ့NLD အလံကြီးကိုကိုင်ပြီး ရွာထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုမကျေနပ်ဘူး၊ ဗိုလ်ချုပ်မျက်နှာကို အိုးမဲသုတ်တဲ့ သမီး၊ ကုလားလင်တော်ထားရလို့ ကြောက်နေတာလား လို့ပြောတဲ့အော်သံ တွေတော့ကြားတယ်” ဟု  ငရုတ်တောင် ကျေးရွာသား တစ်ဦးကပြောသည်။
တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိရာ ယခုအချိန်တွင် ကျေးရွာအုပ်စုပေါင်း ၃၃ အုပ်စု တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီး အဖွဲ့ဝင်လက်မှတ် ထုတ်ပေးထားသူ စုစုပေါင်း ၃၀၀၀ကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။


 Myanmar Express 

ခေတ်မှီသူတိုင်း အဖွဲ့အစည်းများ ဤသို့ဖွဲ့ကြသည်(ပေးစာ - ၂၁၁)

Posted by drmyochit Monday, November 12, 2012, under | No comments


၉၉ မျိုးဆက်ဟောင်း မူကြိုကျောင်းသားအိုသမဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ အဖွဲ့ဝင်များ ဖိတ်ခေါ်ခြင်း

စည်းကမ်းချက်များ

၁။ မူကြို၂နှစ်ဆက်တိုက်တက်ရောက်ခဲ့ကြောင်းထောက်ခံချက်။အသက်၅နှစ်ထက်မကြီးရ။
၂။  ဆရာမများအားဆန္ဒပြဘူးသူဖြစ်ရမည်။
၃။ ဆရာမများအားဆန္ဒပြမှုဖြင့်အရိုက်ခံဘူးသူဖြစ်ရမည်။
၎။  မူကြိုတွင်မိုက်ကိုင်ဘူးသူဖြစ်ရမည်။
၅။  နောက်ပေါက်ကျောင်းသားမျာအားမဟုတ်တာကိုအဟုတ်ပြောတတ်ရမည်။
၆။  လူ၅ဦးစုသောနေရာမှန်သမျှအမြန်ရောက်အောင်သွားနိုင်သူဖြစ်ရမည်။
၇။  ရန်ပုံငွေအား ခွက်မပါဘဲ နည်းမျိုးစုံရအောင်ရှာပြီး မိသားစုအတွက် တစ်ဝက်ကျန်အောင် စာရင်းပြတတ်ရမည်။
၈။  အဖွဲ့ဝင်အချင်းချင်းခြေထိုးခံတတ်ရမည်။
၉။  ပုလင်းတူဘူးဆို့ကျောင်းသားအိုများမှအပ အခြားသူများနေရာဝင်မလုနိုင်အောင် အနည်းဆုံ ၁၀ နှစ်ထက်မနည်းငယ်သူများကိုသာသွေးဆောင်စည်းရုံးရမည်။
၁၀။          မငြိမ်းချမ်း မပွင့်မလင်း နတ်အဖွဲ့အစည်း ထူထောင်ကာ  နည်းနည်းလှူ များမျာရအောင် ပိပိရိရိ လိမ်တတ်ရမည်။

 မှတ်ချက်။  လျှောက်လွှာ ၁၀စောင်သာလက်ခံမည်ဖြစ်သည်။ ဖြည့်စွက်လိုက ဟုတ်တာကလွဲပြီးကျန်တာဖြည့်နိုင်သည်။

 
Myanmar Express 

ကိုရီးယားခရီးသွား အမျိုးသမီးတစ်ဦး လေကြောင်းဝန်ထမ်း မြန်မာအမျိုးသားကို လည်ပင်းညှစ်

Posted by drmyochit Monday, November 12, 2012, under | No comments



ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးကြီးတစ်ဦးက Air Asia လေကြောင်းမှ မြန်မာဝန်ထမ်းအမျိုးသားတစ်ဦးအား လည်ပင်းညှစ်သည့်ဖြစ် ရပ်တစ်ခု မတ် ၄ ရက်က ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ “မတ် ၂၀ ရက် ပြန်မယ့်လက်မှတ်ကို စောပြီးပြန်ချင်တာ ခရီးသည်က ပြည့်နေတော့ မလွယ်ဘူး။ စောင့်နေရတာ ကြာတယ်ဆိုပြီး လည်ပင်းညှစ်တာ”ဟု အဆိုပါ လေ ကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုကဲ့သို့ လည်ပင်းညှစ်သော အမျိုးသမီးကြီးမှာ အသက် ၇၈ နှစ်ရှိပြီး ပြန်လည်တောင်းပန်သောကြောင့် အညှစ်ခံရ သည့် ၀န်ထမ်းက အမှုမဖွင့်တော့ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူကပြောသည်။ မကြာသေးမီက ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် လာရောက် တည်းခိုသည့် ဂျပန်နိုင်ငံသားတစ်ဦးကလည်း ဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦးအား ပါးရိုက်သဖြင့် အမှုဖြစ်ပွားလျက်ရှိသည်။ ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုများ၍ ၀န်ထမ်းများ၏ ၀န်ဆောင်မှုမှာလည်း ကျဆင်းလျက်ရှိကြောင်း လာရောက် တည်းခိုသူအချို့က မှတ်ချက်ပြုကြသည်။


MyanmarExpress

ဆန်ဈေး ကျလာသော်လည်း အခြား စားသုံးကုန်များ ဈေးတက်နေဆဲ ပူတာအို

Posted by drmyochit Monday, November 12, 2012, under | No comments



လက်ရှိအချိန်တွင် ကောက်သစ်စပါးများ ပေါ်ချိန်ဖြစ်၍ ဆန်အတွက် ယခင်ကဲ့ စိတ်ပူစရာမလိုသော်လည်း ကျန်စားသုံးကုန်ဈေးနှုန်းများမှာ အလွန်မြင့်တက် လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
“အရင်လတွေတုန်းက ဆန်နို့ဆီတစ်ဘူးကို ငါးရာပေးရတယ်၊ အခု တစ်ထောင်ဖိုး နို့ဆီဘူး ငါးလုံးဆိုတော့ မဆိုးဘူးလို့ပြောရ မှာပေါ့၊ ဒါပေမဲ့အခြားစားသောက်ကုန်ပစ္စည်းတွေက အဆမတန်ဈေးတက်နေတယ်” ဟု ပူတာအို NLDပါတီမှ ဦးရောစီက ပြောသည်။ မြစ်ကြီးနားနှင့်ပူတာအိုသို့ ဆက်သွယ်ထားသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီး လိုက်သောကြောင့် ကားလမ်းကြောင်းများ ပြတ်တောက်၍ စားသောက်ကုန်ပစ္စည်း အ၀င်နည်းပါးခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက် ရခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
ပူတာအိုဈေး၌ ကြက်ဥတစ်လုံးလျှင်(၅၀၀)ကျပ်၊ မုံညှင်းဆီ တစ်ပုလင်းလျှင်(၁၂၀၀)ကျပ်၊ ဆား(၅၀)သား  တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ကြက်သွန်နီ (၁) ပိသာလျှင် (၂၀၀၀) ကျပ် စသည့်နှုန်းများဖြင့် အသီးသီးရောင်းချလျက် ရှိခြင်းဖြစ်သည်။ အိမ်ဆောက်ပစ္စည်းများမှာ (၆)ပေ အပါး သွပ်တစ်ချပ်လျှင် (၄၅၀၀) မှ (၅၀၀၀) ကြား ရှိပြီး၊ ဘိလပ်မြေ တစ်အိတ် လျင်(၃၅၀၀၀)မှ(၃၈၀၀၀)အထိ ဈေးရှိကြောင်းကိုလည်း သိရသည်။
စက်တင်ဘာလမှစ၍ ကားလမ်းများ ပြတ်တောက်ခဲ့ခြင်းကြောင့် ပူတာအိုသို့ ဆန်နှင့်အခြား ကုန်ပစ္စည်းများ တင်ပို့ရာတွင် လေယာဉ်လမ်းမှ တင်ပို့နေရပြီး လေယာဉ်၌ ဆန်အိတ်ပေါင်း (၆၅၀) အထိသာ တင်ဆောင်၍ ရကြောင်းကိုလည်း သိရသည်။
ထိုသို့ လေယာဉ်လမ်းကြောင်းမှ တင်ပို့ရသောကြောင့် ကုန်ပစ္စည်းဈေးနှုန်းများမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း  ပူတာအိုမှ ကုန်စုံဆိုင်ဖွင့်လှစ် ထားသူတစ်ဦးက ဆိုသည်။ “ကားလမ်းတွေကောင်းရင်တော့ ပစ္စည်းတွေလည်း များများဝင်လာပြီဆိုရင် ဈေးနှုန်းတွေ လည်းကျမှာပါ၊
 အခုက ပစ္စည်းလည်း ရှားတယ်၊ နောက်ဝင်လာတဲ့ပစ္စည်းတွေက လေယာဉ်လမ်းကြောင်းကနေ လာတော့ စရိတ်များတယ်လေ”ဟု ကုန်စုံဆိုင်ရောင်းချသည့် ဦးဝင်းမောင်က ပြောသည်။
စက်တင်ဘာလနှင့် အောက်တိုဘာလများ၌ ပူတာအို ဒေသခံများအနေဖြင့် ဆန်ရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရပြီး ၀ါးမြစ်၊ပိန်းဥ၊ပြောင်းဖူးစသည်များကို စားသုံးခဲ့ရသည် အထိဖြစ်ခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။
ပူတာအိုမြို့ပေါ်၌ လူဦးရေ နှစ်သောင်းဝန်းကျင် နေထိုင်ကာ ပူတာအိုခရိုင်၌ တပ်ရင်း(၁၀)ခု အခြေစိုက်၍ စုစုပေါင်းလူဦးရေ (၂) သိန်းဝန်းကျင်ရှိသည့် ဒေသတစ်ခုဖြစ်သည်။


ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆက်ကြေးကောက်နေတဲ့ KIA

Posted by drmyochit Monday, November 12, 2012, under | No comments


၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်မှ စတင်ပြီး KIA အဖွဲ့သည် စနက်ချောင်းနှင့် နှစ်သစ်ကူး ကျွန်းအနီး တစ်ဝိုက်တွင် ရွှေတူးဖော် လုပ်ကိုင်နေသူများနှင့် မှော်အတွင်း ၀င်/ထွက် သွားလာနေသူများ ထံမှ ဆက်ကြေးများကောက် ခံလျှက်ရှိပါသည်-
(၁)     တစ်လုံးထိုး ရွှေစက်ဆိုင်း တစ်ဆိုင်းလျှင် လစဉ်ကြေးအဖြစ်ရွှေ (၄၀) ရွေး။
(၂)     မှော်အတွင်း ၀င်/ထွက်သွားလာသူများထံမှ အ၀င်/အထွက် တစ်ဦးလျှင် ၁၀၀၀ ကျပ်။
(၃)     မှော်အတွင်း ဧည့်စာရင်းတိုင်ကြေးအဖြစ် တစ်ဦးလျှင် ၁၀၀၀ ကျပ်။
(၄)     ဟွန်ဒါစက်လှေအသေး တစ်စီးလျှင် အ၀င်/အထွက် ငွေ ၅၀၀၀ ကျပ်။
 ယခုကဲ့သို့ ကောက်ခံနေခြင်းမှာ မှော်အတွင်းရှိ နေ့စား အလုပ်သမား များအတွက် အခက်အခဲဖြစ် နေကြောင်း အစိုးရနှင့်တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် လုပ်ငန်းများ လုပ်ကိုင်မှု မကောင်းတော့တဲ့အပြင် ကုန်ဈေးနှုန်း များလည်း ကြီးမြင့်လာခဲ့၍ လက်လုပ်လက်စားများမှာ ဆင်းရဲကျပ် တည်းနေကြကြောင်း၊ ယခုကဲ့သို့ ဆက်ကြေး ကောက်ခံခြင်းကြောင့် အကြပ်အတည်းပိုမို တွေ့နေရကြောင်း သတင်းရရှိပါတယ်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KIA မှ လက်မခံသည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်

Posted by drmyochit Monday, November 12, 2012, under | No comments


ကချင်ပြည်နယ်အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက် နေကြပါသည်။ KIO အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ တိကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်း မရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ စားနပ်ရိက္ခာများ ရှားပါးလာခြင်း၊ ကချင် ပြည်သူများ ဆင်းရဲဒုက္ခ ခံနေရခြင်းတို့ကြောင့် KIO မှ ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားနေကြ ပါသည်။ သို့သော်လည်း KIO အဖွဲ့အောက်ရှိ အခြားအဖွဲ့အစည်းများမှာ အာဏာမရှိပဲ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သော KIA ကသာလျှင် အာဏာရှိသဖြင့် အခြားအဖွဲ့များမှခေါင်းဆောင် များမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်-
(၁)     ဦးဆွမ်လွှတ်ဂမ်၊ ဗဟိုပညာရေးဌာန တာဝန်ခံ။
(၂)     ဦးလဖိုင်လ၊ ဗဟိုတရားရေးဌာန တာဝန်ခံ။
(၃)     ဦးလဖိုင်ဇော်ယော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတာဝန်ခံ။
(၄)     ဦးဇော်တောင်၊ စစ်နည်းဗျူဟာ တာဝန်ခံ။
(၅)     ဦးဖုန်ကန်ခွန်နောင်၊ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ တာဝန်ခံ။
တို့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ နှုတ်ထွက်ခွင့်ပြုပါရန် KIO ဗဟိုသို့ တင်ပြခဲ့ကြောင်း သိရပါသည်။


ရွှေကူတွင် မှောင်ခိုနွားများဖမ်းဆီးရမိ

Posted by drmyochit Monday, November 12, 2012, under | No comments


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် တရားမ၀င် မောင်းနှင်လာသော နွား အကောင် ၄၀ ပါ နွားအုပ်အား ဖမ်းဆီးရမိခဲ့ပါသည်။ ဖြစ်စဉ်မှာ မြို့လှ ရဲစခန်းမှ ရဲအုပ် ခင်မောင်ဝင်း ပါဝင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကျောင်းကုန်း ကျေးရွာ၏ အနောက်ဘက် ၀က်မစား ကုန်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်ဘက်မှ ကသာ - ဗန်းမော် မီးရတားလမ်းအတိုင်း ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိပဲ တရားမ၀င် မောင်းနှင်လာသော နွားထီး ၄၀ ကောင်၊ ကာလတန်ဘိုး သိန်း ၁၂၀ ကျပ်အား တရားခံ ၇ ဦးနှင့်အတူ ည ၉ နာရီအချိန်ခန့်တွင် ဖမ်းဆီး ရမိခဲ့ပါသည်။

(၁)     ဖိုးတုတ်၊ ၄၆ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၂)     ထွန်းထွန်းနိုင်၊ ၂၃ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၃)     ကျော်မင်း၊ ၂၄ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၄)     ကျော်ဆန်းဦး၊ ၂၉ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၅)     စိုးသူ၊ ၂၈ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၆)     ကျော်လင်း၊ ၂၆ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
အဆိုပါ တရားခံ ၇ ဦးအား ရွှေကူရဲစခန်းတွင် အရေးကြီး ကုန်ပစ္စည်း အက်-၅ ဖြင့် အရေးယူ အမှုဖွင့် ထားကြောင်း သိရပါသည်။

မာလာလာ နေ့ ကုလသမဂ္ဂ သတ်မှတ်

Posted by drmyochit Monday, November 12, 2012, under | No comments


ပြီးခဲ့တဲ့ တလလောက်က တာလီဘန်တွေရဲ့ ပစ်ခတ်တာ ခံရပြီးဒဏ်ရာ အပြင်းအထန် ရခဲ့တဲ့၁၅ နှစ်အရွယ် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆပ်ဇိုင်(Malala Yusafzai) ကို ပါကစ္စတန် ကျောင်းသားတွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက စနေနေ့က ဂုဏ်ပြုခဲ့ကြပါတယ်။
မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေး ရှေ့ထွက်ပြောဆိုခဲ့တဲ့ မာလာလာ ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၀ ရက်၊ စနေနေ့ကို မာလာလာ နေ့ အဖြစ် ကုလသမဂ္ဂကလည်း သတ်မှတ်လိုက်ပါတယ်။ အပြည့်စုံ သိရအောင် မခင်ဖြူထွေးက တင်ပြထားပါတယ်။
တာလီဘန်အဖွဲ့တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မှတ်တမ်းယူခဲ့တဲ့ အတွက်ရော၊ မိန်းကလေး ငယ်တွေ ပညာသင်ကြားခွင့် ရရှိရေး အလေးပေး ထုတ်ဖော် ပြောဆိုခဲ့တာ တွေအတွက် တာလီဘန် လက်နက်ကိုင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ မာလာလာ ယူဆပ်ဇိုင် ကို တကမ္ဘာလုံးက ချီးကျူး ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၀ ရက် စနေနေ့ကို မာလာလာ နေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မာလာလာကို ဂုဏ်ပြုတဲ့အနေနဲ့ ကရာချီးမြို့က ကျောင်းသား ကလေးငယ်တွေနဲ့ ကျောင်း ဆရာ ဆရာမတွေ ကလည်း ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ကျောင်းသား ကလေးငယ်တွေက မာလာလာ ရဲ့ ပုံနဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး “ငါဟာ မာလာလာ ဖြစ်တယ်။” I am Malala ဆိုပြီး ကြွေးကြော် ချီတက်ခဲ့ကြတာပါ။
ဆန္ဒပြလူအုပ်ဟာ တောင်ပိုင်း Sindh ညီလာခံ အဆောက်အဦး ရှိရာကို ချီတက်ခဲ့ကြပြီး အဲဒီမှာ မာလာလာ ရဲ့ဘ၀ကို ဖော်ကျူးတဲ့ ပြဇာတ်တခုကိုလည်း ကပြခဲ့ကြပါတယ်။ အခု ချီတက်ဆန္ဒပြ ကြသူတွေထဲမှာ Sindh ခရိုင်မှာရှိတဲ့ တောင်အာရှ သတင်းမီဒီယာ လွတ်လပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ Khursheed Haider လည်း ပါဝင်ပါတယ်။
“မာလာလာဟာ ဆ၀ပ် ဒေသမှာ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရဖို့ ပြောဆိုခဲ့တဲ့အတွက် ပစ်ခတ် ခံခဲ့ရတယ် ဆိုတာ လူတိုင်း သိကြတဲ့အတိုင်းပါပဲ။ မိန်းကလေးတွေ ပညာသင်ကြားခွင့်ကို ဆန့်ကျင်တဲ့သူ တချို့ ရှိပါတယ်။ ဒါပေမဲ့ ယုံကြည်မှုခိုင်မာတဲ့ ဒီမိန်ကလေး (မာလာလာ) ကတော့ ဒီကိစ္စကို ထုတ်ဖော် ပြောဆိုခဲ့လို့ ပစ်ခတ်ခံခဲ့ရပါတယ်။”
မာလာလာ ကို ထောက်ခံသူတွေဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဆ၀ပ် တောင်ကြားဒေသမှာ ရှိတဲ့ မာလာလာ ရဲ့ မွေးရပ်ဇာတိ Mingora မြို့ အပါအ၀င် တခြား ပါကစ္စတန် မြို့ကြီးတွေမှာလည်း စနေနေ့က စုဝေးဆန္ဒပြမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ ပညာရေးဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဟောင်း ဂေါ်ဒန်ဘရောင်း ကလည်း မာလာလာ ကို ထောက်ခံတဲ့ လက်မှတ်ပေါင်း ၁ သောင်းကျော်နဲ့ စာတစောင်ကို ပါကစ္စတန် သမ္မတဆီကို ပေးပို့ခဲ့ပါတယ်။
“ဒီနေ့ ကျနော်တို့ မာလာလာ နေ့ကို ဂုဏ်ပြု ဆင်နွှဲနေပါတယ်။ သူ့ရဲ့ သတ္တိရှိလှတဲ့ စွမ်းဆောင်ချက်အတွက် တကမ္ဘာလုံးရဲ့ အာရုံစိုက်မှု၊ သနားကြင်နာမှုနဲ့ စာနာနားလည်မှုတွေ ရခဲ့တဲ့ မိန်းကလေးငယ်လေး မာလာလာ ကို ဂုဏ်ပြုတာပါ။ ကမ္ဘာတ၀ှမ်းက နိုင်ငံပေါင်း ၁၀၀ ကျော်မှာလည်း မာလာလာ ကို ထောက်ခံတဲ့ လက်မှတ် ကောက်ယူ စုဆောင်းမှုတွေ အပါအ၀င် တခြား လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်နေကြမယ် ဆိုတာကို ကျနော် ပြောနိုင်ပါတယ်။ တကမ္ဘာလုံးက မာလာလာ ကို အသိအမှတ်ပြု ဂုဏ်ပြုချင်ကြတာပါ။ တချို့နေရာတွေမှာ ငြိမ်းချမ်းရေးနဲ့ ပညာရေး အတွက် မာလာလာ ဆိုတဲ့ ကြွေးကြော်သံတွေ ကိုလည်း ကျနော် တွေ့ရပါတယ်။ လူတွေက ဒီ မိန်းကလေး ပညာသင်ကြားခွင့် ရရမယ်၊ မိန်းကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရ ရမယ် ဆိုပြီး ထောက်ခံ ပြောဆိုနေကြသလို ဒီအတွက် ဆောင်ရွက်သွားမယ်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းတာကို မြင်ချင်တဲ့အတွက် ဒါကို လုပ်သွားကြရမယ် ဆိုပြီး ပြောနေကြတာပါ။”
မာလာလာ ကို ဂုဏ်ပြုတဲ့ အနေနဲ့ အဖွဲ့အစည်းတခု ထူထောင်လိုက်တဲ့ အကြောင်းလည်း မစ္စတာ ဘရောင်း က ပြောခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်း ကျောင်းနေခွင့်မရတဲ့ မိန်ကလေးငယ်ပေါင်း ၃၂ သန်း စာသင်ခွင့်ရရေး လှုပ်ရှား ဆောင်ရွက်ချင်တယ်လို့ သူ သေနတ်နဲ့ အပစ်မခံရခင် တပတ်အလိုမှာ မာလာလာ က သူ့သူငယ်ချင်းတွေကို ပြောခဲ့တဲ့အတိုင်း အခု ဖွဲ့စည်းလိုက်တဲ့ မာလာလာ ဖောင်ဒေးရှင်း က ဒီ အလုပ်တွေကို လုပ်သွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ဘရောင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ဆ၀ပ် တောင်ကြားဒေသမှာ တာလီဘန် သေနတ်သမားတွေ ဟာ မာလာလာ ရဲ့ ဦးခေါင်းနဲ့ လည်ပင်း နေရာတွေကို ပစ်ခတ်ခဲ့တာပါ။ မာလာလာ ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ကတော့ သူ့ကို ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။ မာလာလာ ကို နိုဘဲလ် ငြိမ်းချမ်းရေးဆု ပေးဖို့ လူပေါင်း ၉ သောင်းနီးပါး ကလည်း လက်မှတ် ရေးထိုး အဆိုပြုခဲ့ကြပါတယ်။ မာလာလာ ဟာ အခုဆိုရင် သေနတ်ဒဏ်ရာကနေ ပြန်လည် သက်သာ လာနေပြီဖြစ်ပြီး လောလောဆယ် ဗြိတိန်နိုင်ငံက ဆေးရုံတခုမှာ ဆေးကုသ ခံယူနေတာ ဖြစ်ပါတယ်။

မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် အိမ် ၁၇ လုံး ပြိုကျပျက်စီး

Posted by drmyochit Monday, November 12, 2012, under | No comments


နောက်ဆက်တွဲ မြေငလျင်များ ထပ်မံလှုပ်ခတ်မည်ကို စိုးရိမ်သောကြောင့်နှင့် ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ ဘောလုံးကွင်းတွင် ယာယီစခန်းထိုး၍ နေထိုင်နေကြသော ဒေသခံများ။ မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအများဆုံး ကျေးရွာများတွင် ပါဝင်ပြီး တစ်ရွာတည်းမှာပင် အိမ် ၁၇ လုံး ပြိုကျပျက်စီးခဲ့သည်။ နောက်ဆက်တွဲ မြေငလျင်များ ထပ်မံလှုပ်ခတ်မည်ကို စိုးရိမ်သောကြောင့်နှင့် ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာတွင် ဒဏ်ရာရရှိသူများကို ကျန်းမာရေးဝန်ထမ်းများက ဆေးဝါးကုသမှုပေး နေစဉ်မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအများဆုံး ကျေးရွာများတွင် ပါဝင်ပြီး တစ်ရွာတည်းမှာပင် အိမ် ၁၇ လုံး ပြိုကျပျက်စီးခဲ့သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်