Tuesday, November 13, 2012

နှုတ်ခမ်းဖောက်ခြင်း၏ အန္တရာယ်များ ( လူငယ်လေးများ သိစေချင်သည် )

Posted by drmyochit Tuesday, November 13, 2012, under | No comments


ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး အဆင်တန်ဆာတွေကို အလှတပ်ဆင်ခြင်းဟာ ဒီနေ့ခေတ် ငယ်ရွယ်သူတွေအကြားမှာ ခေတ်စားနေပါတယ်။ ဟိုအရင် ခေတ်ကတော့ အများအားဖြင့် နားဖောက်တာကိုသာ လုပ်ကြပေမယ့် ယခုခေတ်မှာ နားမှာလည်း နှစ်ပေါက်၊ သုံးပေါက်ဖောက်ကြသလို နှုတ်ခမ်း၊ မျက်ခုံး၊ နှာခေါင်း၊ ချက် စတဲ့ ခန္ဓာကိုယ်နေရာတွေမှာပါ အပေါက်ဖောက်ပြီး အလှဆင်နေကြပါတယ်။ ခန္ဓာကိုယ်အပေါက် ဖောက်ခြင်း ဟာ အန္တရာယ် ရှိပါတယ်။ အထူးသဖြင့် နှုတ်ခမ်းမှာ အပေါက်ဖောက်ခြင်းဟာ ရောဂါပိုး ကူးစက်ခြင်း အပြင် သွားနဲ့ခံတွင်း ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပေးတဲ့ သူတိုင်း ပိုးသတ်ထားတဲ့ အပ်တွေကို အသုံးပြုမယ်လို့ မသေချာပါဘူး။ ဒါကြောင့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ့အပြင် အပေါက်ဖောက်ပြီးပါက ပိုးသန့်စင်အောင် ဂရုစိုက်ပြုစုမှုမရှိရင်လည်း ရောဂါပိုးတွေအများအပြား ဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

         AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကူးစက်ခံရနိုင်တဲ့ နည်းလမ်းတွေထဲမှာ မသန့်ရှင်းတဲ့အပ်ကို အသုံးပြုပြီး ခန္ဓာကိုယ် အပေါက်ဖောက်ခြင်းလည်း ပါဝင်နေတယ် ဆိုတာကို အမြဲသတိရပါ။ ဂရုစိုက်ပြီး ပိုးသန့်စင်မှု မလုပ်ရင် ခန္ဓာကိုယ်အပေါက်ဖောက်တဲ့ ပထမလူဆီမှ HIV ပိုးဟာ ဒုတိယလုပ်တဲ့ သူဆီကို ရောက်ရှိ ကူးစက်သွားပါလိမ့်မယ်။ သွားဖုံးတွေ ဆုတ်ယုတ်လာတဲ့အခါ သွားတွေရဲ့အောက်မှ အာရုံကြောတွေ ပေါ်လာပြီး သွားကျဉ်တာဖြစ်လာပါမယ်။ HIV ပိုးလိုပဲ နာတာရှည် အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးေ တွဟာလည်း မသန့်ရှင်းတဲ့အပ်နဲ့ ခန္ဓကိုယ် အပေါက်ဖောက်ရာမှ ကူးစက်နိုင်ပါတယ်။ နှုတ်ခမ်းမှာ အပေါက် ဖောက်ပြီး တပ်ထားတဲ့ အဆင်တန်ဆာဟာသွားကို အဆက်မပြတ် ပွတ်တိုက်နေရင် ကြာလာတဲ့အခါ သွားတွေ တိုက်စားပွန်းပဲ့ပြီး ယိုယွင်းပျက်စီးလာပါလိမ့်မယ်။ နှုတ်ခမ်းမှ အဆင်တန်ဆာဟာ သွားဖုံးနဲ့လည်း ပွတ်တိုက်နေတဲ့ အတွက် သွားဖုံးမှ သွေးတွေထွက်လာပြီး ကြာရင်သွားဖုံးတွေ ဆုတ်ယုတ်လာပါမယ်။ ကျန်းမာတဲ့သွားဖုံးတွေ မရှိတော့တဲ့အခါ မေးရိုးဟာ ခိုင်ခံ့မှုမရှိတော့ဘဲ ရောဂါပိုးကူးစက်မှုတွေကိုလည်း ခံရပါမယ်။ ဒီအခါ သွားတွေဟာ ယိုင်နဲ့လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးရပါလိမ့်မယ်။ အတွေ့အကြုံနည်းသူက နှုတ်ခမ်းဖောက်ပေးတဲ့ အခါမှာ အာရုံကြောတွေကို ထိခိုက်သွားစေနိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း နှုတ်ခမ်းဖောက်ခြင်းရဲ့ အန္တရာယ်တွေက များပြားလွန်းတာကြောင့် လူငယ်တွေအနေနဲ့ ခဏတာဖက်ရှင်စတိုင်တစ်ခုအတွက် နှုတ်ခမ်းဖောက်ခြင်းကို မပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။ 

တရုတ်နိုင်ငံတွင် တန်ဖိုးကြီးဝိုင်အတုများတွေ့ရှိဖမ်းမိ

Posted by drmyochit Tuesday, November 13, 2012, under | No comments


တရုတ်နိုင်ငံတွင် လူနေထိုင်ခြင်း မရှိသည့် အိမ်တစ်လုံးအတွင်းမှ ကမ္ဘာ့ဈေးအကြီးဆုံး ဝိုင်အမျိုး အစားများတွင် ပါဝင်သော ဝိုင်ပုလင်း ၁ဝဝဝဝ ကို ရဲတပ်ဖွဲ့ကရှာဖွေ သိမ်းဆည်းရမိကြောင်း နိုဝင်ဘာ ၉ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
အကယ်၍သာ (CHATEAU LAFITE ROTHSCHILD)တံဆိပ်ပါ ဝိုင်ပုလင်းများသည် အစစ်အမှန် သာဖြစ်ခဲ့လျှင် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ သန်းရှိမည်ဖြစ်သော်လည်း ရဲတပ်ဖွဲ့က ယင်းတို့ကို အတုများဟုယုံကြည်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်လာခြင်း နှင့်အတူ အဆိုပါဝိုင် အမျိုးအစားမှာလည်း တရုတ်နိုင်ငံအတွင်း၌ အထူးကျော်ကြားသည်။ နှစ်စဉ် ယင်းဝိုင်ပုလင်း ၅ဝဝဝဝ ပြည်ပမှတင်းသွင်းရသည်။ အဆိုပါအိမ်သည် စီးပွားရေးအရ အချက်အချာကျသည့် ရှန်ဟိုင်းမြို့၏တောင်ဘက် ဝမ်ကျိုးမြို့ အရှေ့ပိုင်း၌ရှိပြီး လုံခြုံရေးတင်းကြပ်စွာ ချထားသည့်အပြင် ခွေးများပါ မွေးထားသည်ဟု ဆိုသည်။ အိမ်ပိုင်ရှင်ကမူ ၄င်းတို့ နေထိုင်ခြင်းမရှိသည်မှာ ကိုးနှစ်မျှရှိပြီဖြစ်ကြောင်း ဤကိစ္စတွင် ၄င်းပါဝင်ပတ်သက်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

KNPP နဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့ တွေ့ဆုံ

Posted by drmyochit Tuesday, November 13, 2012, under | No comments


   နောက်လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီဘက်ကတော့ နှစ်ဖက်တပ်တွေ နေရာ ချထားရေး အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပေါ် လူမှုအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ပေးဖို့ တောင်းဆိုခဲ့သလို ၀န်ကြီး ဦးအောင်မင်းကလည်း ခွင့်ပြုချက်ပေးတယ် လို့ KNPP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေ အပြည့်စုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်းထားပြီးတင်ပြထားပါတယ်။
          နောက်လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီဖွဲ့နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီဘက်ကတော့ နှစ်ဖက်တပ်တွေ နေရာ ချထားရေး အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပေါ် လူမှုအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ပေးဖို့ တောင်းဆိုခဲ့သလို ၀န်ကြီး ဦးအောင်မင်းကလည်း ခွင့်ပြုချက်ပေးတယ် လို့ KNPP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေ အပြည့်စုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်းထားပြီးတင်ပြထားပါတယ်။
         ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ KNPP ခေါ် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီခေါင်းဆောင်တို့ဟာ နိုဝင်ဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။ အခုတွေ့ဆုံမှုဟာ လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့သဘော ဆောင်နေတယ်လို့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့သူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

          “ဒီတပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆိုတော့ နောက် အစည်းအဝေးမှာ ကျနော်တို့ နှစ်ဘက်တပ်များဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပေါ့နော်၊ ချမှတ်ပြီးမှ ဆွေးနွေးကြဖို့လည်း ကျနော်တို့က တင်ပြပါတယ်။ နောက်တခု ကတော့ (၁၄) ချက်ထဲက လေ့လာစောင့်ကြည့်ရေး အဖွဲ့တို့ အဲဒီလိုမျိုးတွေ ဖွဲ့ဖို့ကိုလည်း သူတို့နဲ့ အကြိုညှိနှိုင်းတာ ရှိတာပေါ့နော်။ နောက် ကျနော်တို့ CPO တွေပေါ့နော်။ ကျနော်တို့ဆီမှာ ဒီရွာသစ် ရေကာတာ စီမံကိန်းနဲ့ ပက်သက်ပြီးတော့မှ အစိုးရဘက်က ပွင့်လင်းမြင်သာမှုမရှိဘူး။ သူတို့ လေ့လာမှုကို ပိတ်ပင်တယ် ပြောဆိုတဲ့ အပေါ်မှာလည်း ကျနော်တို့ အစိုးရကို ပြန်ပြောတော့ သူတို့ကတော့ ဒါတွေကို လွတ်လွတ်လပ်လပ် ပေါ့နော်။ ကျနော်တို့ ခွင်ပြုပါတယ် ဆိုပြီးမှ အဲတာတွေ ပြောခဲ့တာ ရှိတာပေါ့နော်။ အဓိကကတော့ နောက်လာမယ့် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောပါဘဲ။”
          ကရင်နီအမျိုးသား တိုးတက်ရေးပါတီဘက်က တင်ပြချက်အပေါ် ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး ကော်မတီ အနေနဲ့ အတတ်နိုင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ပြောသွားတဲ့ အကြောင်းလည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ “သူကတော့ အတတ်နိုင်ဆုံးပေါ့နော်။ ကျနော်တို့နဲ့ ဆွေးနွေးထားတဲ့ သဘောတူထားတဲ့ အချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီးတော့မှ အကောင်အထည် ဖော်သွားဖို့ဆိုပြီးတော့ သူကတော့ အဲဒီလို ပြောသွားပါတယ်။ ဆက်ပြီးတော့မှ ကျနော်တို့ ညှိညှိနှိုင်းနှိုင်း လုပ်သွားဖို့လည်း သူ့အနေနဲ့ ဆန္ဒရှိပါတယ်ပေါ့နော်။”
          ဒီနှစ်ကုန်ပိုင်းလောက်မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ မြန်မာငြိမ်းချမ်းရေးကော်မီတီတို့ ထပ်မံ တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ KNPP နဲ့ အစိုးရအကြား တပ်မတော် အစိုးရ လက်ထက် ၁၉၉၅ ခုနစ်က အချက် (၁၆) ချက်နဲ့ အပစ်ရပ်စဲရေး သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ၃ လအကြာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီး နှစ်ဘက် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ ပါတယ်။
          KNPP ခေါ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီဟာ မတ်လ ၇ ရက်နေ့မှာ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇွန် ၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ အချက် ၁၄ ချက်ပါ သဘောတူညီ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ်ဦးအောင်ဆန်းမြင့်ကအခုလိုပြောပါတယ်။
          “ကျနော်တို့ အနေနဲ့ကတော့ အခုက အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတယ်။ ကျနော်တို့ KNPP အနေနဲ့ ကတော့ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် ရှေ့တည်တန့် ခိုင်မြဲအောင် ဆက်လုပ် သွားချင် တယ်။ ဒီကနေတဆင့် ကျနော်တို့က အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်သွားချင်တယ်။ အဲဒီကမှ တဆင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရောက်တဲ့အထိကို ကျနော်တို့ဘက်ကတော့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အစိုးရ ဘက်ကတော့ သူတို့အနေနဲ့ပေါ့နော်။ ဒီစစ်တပ်ပိုင်းဆိုင်ရာနဲ့ အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ဘယ်လောက်ညှိနှိုင်းမှုရှိသလဲ ဆိုတဲ့အပေါ်မှာတော့ မူတည် တာပေါ့နော်။”
          ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ ဒီရက်ပိုင်းတွေမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ABSDF ခေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့တွေနဲ့လည်း ထိုင်းနိုင်ငံထဲမှာ တွေ့ဆုံခဲ့ ပါတယ်။ KNPPနဲ့ ဆွေးနွေးပွဲကို မြန်မာအစိုးရဘက်က ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦး တက်ရောက်ခဲ့ သလို ကရင်နီတိုးတက်ရေးပါတီ ဘက်ကတော့ ဒုတိယ ဥက္ကဋ္ဌ အေဘယ်ဒွိ ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်းကိစ္စ

Posted by drmyochit Tuesday, November 13, 2012, under | No comments

ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်း ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ကိုက်ညီမှု မရှိသည့် ဖော်ပြနေမှုများ အပေါ် စာနယ်ဇင်း ကောင်စီ အနေဖြင့် လိုအပ်သလို သုံးသပ် ဆောင်ရွက် နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် စာအမှတ် ၁-၃ (၃၂)/ ၂၀၁၂ (၃၇၆၉)ဖြင့် ပေးပို့ခဲ့ပါသည်။ ပြန်ကြားရေး ဝန်ကြီးဌာနမှ စာနယ်ဇင်း ကောင်စီသို့ ပေးပို့ထားသော စာဓါတ်ပုံအား တင်ပြလိုက် ပါသည်။
မှတ်ချက်။ အဆိုပါ အကြောင်း ကြားစာအား နိုဝင်ဘာလ (၁၀)ရက် နေ့တွင်စာနယ်ဇင် ကောင်စီ (ယာယီ) တွဲဖက် အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်းထံ ပေးပို့ထားပြီး ဖြစ်ပါသည်။


Ministry of Information


ယနေ့(၁၂.၁၁.၂၀၁၂)ရက်နေ့၁၀နာရီ ၃၀ အချိန်တွင်"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"

Posted by drmyochit Tuesday, November 13, 2012, under | No comments


ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား "ယနေ့ (၁၂.၁၁. ၂၀၁၂) ရက်နေ့ ၁၀နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီ နယ်မြေပျဉ်းမနားမြို့ရှိ ဘိုတောက် ထိန်လမ်းနှင့် ဦးဘွားလမ်းထောင့် ရှိ ငွေစန္ဒာ စတိုးဆိုင်(ကမ္ဘောဇ ဘဏ်)ဘေးတွင် မီးလောင်မှု ဖြစ် ပွားနေကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုသည် ၀ါယာရှော့ေ
ကြာင့် ဖြစ်ကြောင်း ပြောကြားချက်များ အရသိရသည်။ လက်ရှိတွင် ပျဉ်းမနား မီးသတ်စခန်းမှ မီးသတ်ကားတစ်စီး ရောက်ရှိနေပြီဖြစ်ပြီး ရပ်မိရပ်ဖများမှလည်း ၀ိုင်းဝန်းငြိမ်းသတ် နေကြောင်းရသည်။
Popular News

တရားမဝင် ဝင်လာသည့် ဘင်္ဂါလီ ၁၀၀ ကျော်ကို ထိုင်းက ဖမ်းဆီး

Posted by drmyochit Tuesday, November 13, 2012, under | No comments


ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့နယ် ရေပိုင်နက်အတွင်း လှေဖြင့် တရားမ၀င် ရောက်ရှိလာသည့် ဘင်္ဂါလီ ၁၁၂ ဦးကို ထိုင်း အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးခံရသော ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်မှ ယခုလ ၂ ရက်နေ့တွင်စတင်၍ ပင်လယ်ပြင်ကိုဖြတ်ကာ မလေးရှား နိုင်ငံသို့သွားရန် ထွက်ခွာလာသူများ ဖြစ်ပြီး ကင်းလှည့်နေသည့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းဒေလီနယူး သတင်းတွင် ရေးသားထားသည်။ ဖူးခက်ဂေဇက် သတင်းဌာနက ထိုင်းရဲများကို ကိုးကား၍ ဖော်ပြရာ၌ နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသော ဘင်္ဂါလီ ၁ ထောင်ကျော်ပါ လှေ ၇ စင်းရှိသည်ဟု သိရကြောင်း၊ ယခု ထိုင်းအာဏာကိုင်များ ဖမ်းဆီးလိုက်
သည်မှာ ယင်းတို့အနက်မှ တစီးဖြစ်ကြောင်း သိရသည်။ယခု ထိုင်းကမ်းရိုးတန်းတွင် အဖမ်းခံရသည့် ဘင်္ဂါလီများမှာ အသက် ၁၈ နှစ်မှ ၄၀ အရွယ်ရှိကြကြောင်း၊ ဘင်္ဂါလီများက မြန်မာနိုင်ငံမှ ထွက်ပြေးလာ သည့်အတွက် မြန်မာနိုင်ငံကို ပြန်မပို့ရန် ထိုင်းအာဏာ ပိုင်များသို့ ပြောကြားကြောင်း၊ ယခုအခါ ဘင်္ဂါလီများကို ထိုင်း ဥပဒေအရဆောင်ရွက်ရန် ဖန်ငမြို့နယ်ရှိ လူဝင်မှုကြီး ကြပ်ရေးဌာနသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ဖန်ငမြို့နယ်ရှိ Tai Muang ရဲစခန်းမှ ရဲမှူး Chaiyuth Boonya က ရဲတပ်ဖွဲ့အနေနှင့် ထိုင်းနိုင်ငံအတွင်း တရားမ၀င် ခိုးဝင်လာသူများကို တရားစွဲဆိုထားကြောင်း၊ ဖန်ငမြို့နယ် လ၀ကသို့ ခေါ်ဆောင်သွားခြင်း မပြုမီ ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ပြောကြောင်း ဖူးခက်ဂေဇက်  သတင်း အင်တာနက်စာ မျက်နှာတွင် ဖော်ပြထားသည်။ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့် ပိတ်ပင်ခံထားရသော ဘင်္ဂါလီများသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် အတွက်  မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာမှုများရှိခဲ့ရာ အများစုမှာ ထိုင်းနိုင်ငံကမ်းရိုးတန်းဒေသများ၊ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီပင်လယ်ဘက်သို့ ရောက်ရှိသွား တတ်ကြကြောင်း သတင်းများအရ
သိရသည်။
ဘင်္ဂါလီများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ရောက်ရှိလာမှုကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ NGO များနှင့် ဖမ်းဆီးခံရသူများ ကိုယ်တိုင်က နေရပ်ပြန်မပို့ရန်နှင့် ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့ဖူးသည်။ ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရား မဝင် ရောက်ရှိလာသည့် ဘင်္ဂါလီများ၏ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာကြောင်း၊ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိကြောင်း သိရသည်။

ကျောက်ဝိုင်းတွင် လောပန်တစ်ဦးက ကလေးတစ်ယောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်

Posted by drmyochit Tuesday, November 13, 2012, under | No comments


တရုတ်နိုင်ငံသား တစ်ဦးမှ အမျိုးသားကလေး ငယ်တစ်ဦးအား ၎င်း၏ပိုက်ဆံခိုး ယူသူဟု ထင်မြင်၍ ကိုယ်ထိလက်ရောက် ကျူးလွန် မှုနှင့် ပတ်သက်၍ မန္တလေးကျောက်မြတ် ဈေးအတွင်းမှ လူအများစုက ဈေးရုံအား ၀န်းရံမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ “ကျွန်တော်က ချဉ်ပေါင်းသည်ဆီကနေ ချဉ်ပေါင်းတောင်းစားနေတာ ၊ သူကကျွန်တော့် နောက်ကနေ တကောက် ကောက် လိုက်နေ တာ ၊ လိုက်နေတာနဲ့ လောပန်း ဘာတုန်းဆို မေးလိုက်တော့ သူက ကျွန်တော့် ဂုတ်ကိုညှစ်ထားတာ ၊အဲဒါနဲ့ သူ့လက်ကို ပုတ်ပြီး ထွက်ပြေးတော့ သူကလိုက်လာပြီး ပြန် မိသွားတော့လက်သီးနဲ့ ထိုးတယ် “ ဟု ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ အမျိုးသားကလေး ငယ်က ပြောသည်။ထိုဖြစ်ရပ်ကြောင့် ဈေးတာဝန်ရှိသူများက ရုံးခန်းတွင် ခေါ်ယူဖြေရှင်းနေစဉ် ထောင်ချီသည့် လူအုပ်ကြီးမှ  ရုံးခန်းအား ၀ိုင်းထားခဲ့ကြပြီး ပြင်းထန်စွာအပြစ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
 “ ပိုက်ဆံခိုးတယ်ဆိုပြီး ဒီရောက်လာကြတာ ၊ ခိုး/မခိုးတော့ မသိကြဘူး ၊ဖက်က မကျေနပ်ကြဘူးဖြစ်ကုန်တာ ၊ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဒီမှာ ပြေ လည်အောင် ဆောင်ရွက်ပေးနေပါတယ် ၊ ဘေးမှာလဲ ပြသနာက ထိန်းမရဘူး ဖြစ်လာတယ်´´ဟု ဈေးတာဝန်ရှိသူ ဒု-ဥက္ကဌ ဦးဇော်ဇော်က အတည်ပြုပြောသည်။
 အဆိုပါကိစ္စတွင် ဈေးစည်ပင် ရဲတစ်ဦးကလည်း ကလေးငယ်အားထိုးကြိတ်မှုပြု လုပ်ခဲ့သည် ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သော်လည်း တာဝန်ရှိသူများမှ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး မျက်မြင် သက်သေများကမူဟုတ်မှန်ကြောင်း ပြောဆိုကြသည်။ ကလေးတစ်ဦးအား အပြစ်မရှိပဲနှင့် ရိုက်နှက်မှုသည် ကလေးငယ် အခွင့်အရေး ဆုံးရှုံးမှုဖြစ်ပြီး တာဝန်ကျရဲအနေဖြင့် ထိုသို့မပြု လုပ်သင့်ကြောင်း ကလေးချစ် သူများကွန်ယက်မှ ကိုညိုလင်းက ပြောသည်။ အထက်ပါကိစ္စနှင့် ပတ်သတ်၍ တရုတ်နိုင်ငံသားဖြစ်သူက ၎င်း၏ပိုက်ဆံအားခိုးယူသွားသည်ဟု ထင်မြင်ပြီး လိုက်လံဖမ်းဆည်းခြင်း သာဖြစ်ကြောင်း ၎င်း၏ စကားပြန်မှတဆင့်  မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။ ထိုဖြစ်ရပ်အတွက် တရုတ်နိုင်ငံသားမှ အထိုးခံရသူ အမျိုးသား ကလေးငယ်အတွက် နစ်နာကြေး ကျပ်(၂)သိန်း ပေးခဲ့ကြောင်း သိရသည်။

မြေငလျင် လှုပ်ခတ်ရာ ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများ စတင်ပေးပို့

Posted by drmyochit Tuesday, November 13, 2012, under | No comments


 မြေငလျင် လှုပ်ခတ်ခဲ့ရာ ဒေသများသို့ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်တို့ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပေးပို့ရာမှာ မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နယ် အတွင်းရှိ အိမ်ထောင်စု ၅၀ စာနဲ့ သပိတ်ကျင်း မြို့နယ် အတွင်းရှိ အိမ်ထောင်စု ၁၅၀ စာတို့ အတွက် ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး မှာတော့ ရွှေဘိုမြို့နယ်နဲ့ ကျောက်မြောင်း မြို့နယ် တို့အတွက် အိမ်ထောင်စု ၂၀၀ စာ ထောက်ပံ့ပေး ပစ္စည်းများ ပေးပို့လျက် ရှိတာ ဖြစ်တယ်လို့ လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ထောက်ပံ့ရာမှာ အိမ်ထောင်စု တစ်စုကို ပစ္စည်း ၈ မျိုးပါ တစ်ယူနစ် ကယ်ဆယ်ရေး ထောက်ပံ့ရေး ပစ္စည်းများကို ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက် အရ နိုဝင်ဘာလ ၁၁ ရက် နေ့နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်အချိန်က ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင် အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာ စကေး ၆.၈ ရှိတဲ့ မြေငလျင်ကြီး တစ်ခု လှုပ်ခတ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ငလျင် လှုပ်ခတ်မှုကို ရွှေဘို၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ မိုးညှင်းနဲ့ ပခုက္ကူမြို့ များကပါ ခံစားသိရှိ ခဲ့ရပါတယ်။ ယနေ့ နံနက်ပိုင်းမှာ အဆိုပါ ငလျင်ကြီး လှုပ်ရှား ပြီးနောက် နောက်ဆက်တွဲ ငလျင် ၂ ကြိမ် ထပ်မံ လှုပ်ခတ်ခဲ့ ပါတယ်။ ဒီလို လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင် တစ်ခုမှာ နံနက် ၇ နာရီ ၅၉ မိနစ်၊ ၅၉ စက္ကန့်မှာ မန္တလေးမြို့မှ မြောက်ဘက် ၅၉ မိုင်ခန့် အကွာ၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့် အကွာ၊ မိုးကုတ်မြို့မှ အနောက်ဘက် ၃၆ မိုင်ခန့် အကွာ၊ သပိတ်ကျင်း မြို့မှ အနောက်တောင်ဘက် ၄ မိုင်ခန့် အကွာ နေရာကို ဗဟိုပြုပြီး အင်အား ရစ်ခ်တာ စကေး ၅.၀ အဆင့်ရှိ အင်အား အသင့်အတင့် မြေငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နံနက် ၈ နာရီ ၂ မိနစ်၊ ၂၈ စက္ကန့် အချိန်မှာ မန္တလေးမြို့မှ မြောက်ဘက် ၅၃ မိုင်ခန့် အကွာ၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့် အကွာ၊ မိုးကုတ်မြို့မှ အနောက်ဘက် ၄၁ မိုင်ခန့် အကွာ၊ သပိတ်ကျင်း မြို့မှ အနောက်တောင်ဘက် ၁၂ ခန့်အကွာ ဒေသကို ဗဟိုပြုပြီး အင်အား ရစ်ခ်တာ စကေး ၅.၀ အဆင့်ရှိ အင်အား အသင့်အတင့် မြေငလျင် တစ်ခု ဆက်လက် လှုပ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက် အရ ယခုလို လှုပ်ခတ်ပြီးတဲ့ မြေငလျင် နောက်မှာ မြေငလျင်များ ထပ်မံ လှုပ်ခတ်နိုင်မှု အခြေအေနေ ရှိ၊ မရှိကို အတိအကျ တွက်ချက် မရပေမယ့် မြေငလျင်ကြီးများ လှုပ်ခတ် ပြီးပါက မြေငလျင်ငယ် လေးများ ထပ်မံ လှုပ်ခတ်နိုင် တယ်လို့ သိရပါတယ်။ ယခု လှုပ်ခတ်ခဲ့တဲ့ မြေငလျင် တွေကြောင့် အဆိုပါ ဒေသတွေမှာ အဆောက်အဦးများ၊ ကျောင်းများ၊ ဘုရားများ၊ စတဲ့ အရာတွေ ပျက်စီး ဆုံးရှုံးမှု အချို့ရှိခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရရှိ သူများလည်း ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။ 

 Myanmar Express 

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်ပြီး အလှူငွေများလက်ခံ

Posted by drmyochit Tuesday, November 13, 2012, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မ တဒေါက်တာစိုင်းမောက်ခမ်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသာအေး ဒုတိယ၀န်ကြီးများနှင့်အတူ ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့သို့ေ ရာက်ရှိပြီး ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသော ဧရာဝတီတံတား (ရတနာသိင်္ဃ) ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ငလျင်ဘေးဒဏ်သင့် ၀န်ထမ်း လူနာများ အပါအ၀င် ဆေးရုံတက်လူနာများ လုပ်သားများအားကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မသည် ရွှေဘုံရတနာမင်္ဂလာနန်းတော် ဧည့်ခန်းမဆောင်၌ ကျင်းပသည့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ အမှာစကား ပြောကြားရာတွင် ငလျင်ဘေးဒဏ်သင့် ဒေသခံပြည်သူများနှင့် ဆေးဝါးကုသမှု ခံယူလျက်ရှိသော လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားရန်နှင့် အမှန်တကယ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်များသည် မြန်မာနိုင်ငံတွင် သာမကကမ္ဘာ့နိုင်ငံ အများအပြား၌ပင် တစ်မျိုးပြီးတစ်မျိုး ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထိုသို့သော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားရခြင်းမှာ သဘာဝအလျောက် ဖြစ်ပွားမှုများ ရှိသကဲ့သို့ လူသားတို့၏ ပယောဂကြောင့်လည်း ဖြစ်ပွားတတ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ကြရာတွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသစ်တောများကို ထိခိုက်ပျက်စီဲး မှုမရှိအောင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက် သင့်ပါကြောင်း၊ ယခုကဲ့သို့ သဘာဝဘေး အန္တရာယ် ကျရောက်ပြီးချိန်နှင့် ကျရောက်နေချိန် များတွင် နို်င်ငံတော် အစိုးရ၊ စေတနာရှင်၊ ဒေသအာဏာပိုင်နှင့် ပြည်သူအားလုံးက တက်ညီလက်ညီ လက်တွဲပူးပေါင်းဆောင်ရွက် သင့်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။

ယင်းနောက် စေတနာရှင်အလှူရှင်များက ငလျင်ဘေးဒဏ်ခံရသည့် ပြည်သူများအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ဒုတိယသမ္မတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တို့က လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်သန်းက ရွှေဘိုမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ကိုလည်းကောင်း၊ မြို့မိမြို့ဖ ဦးတိုက်ကြီးမောင်က ငလျင်ဘေးဒဏ်ခံရသော ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း ကိုလည်းကောင်း ပြန်လည် ပြောကြားကြသည်။ ယနေ့ လှူဒါန်းပွဲ အခမ်းအနားတွင် စေတနာရှင် ပြည်သူများက ငလျင်ဘေးဒဏ်သင့် ပြည်သူများတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ စုစုပေါင်းအလှူငွေ အမေရိကန် ဒေါ်လာတစ်သိန်း၊ မြန်မာကျပ်ငွေ (၇၅၁) သိန်းနှင့် ဆန်အိတ် (၅) အိတ် လက်ခံရရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ရွှေဘိုမြို့မှ ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာထွက်ခွာလာကြရာညနေ (၃) နာရီခွဲတွင် မန္တလေးမြို့သို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအတွင်း လှုပ်ခတ်သွားသော သဘာဝငလျင်ဘေးဒဏ်ခံရသည့် ပြည်သူများအတွက် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က မန္တလေးတိုင်းဒေသကြီး အတွင်းငလျင် လှုပ်ခတ်မှုကြောင့် သာသနိကအဆောက်အအုံများ၊ လူုနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စေတနာအလှူရှင်များက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေများကို ပေးအပ်ကြရာ ဒုတိယသမ္မတ၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယ၀န်ကြီးများက လက်ခံရယူကြသည်။ ယနေ့ကျင်းပသည့် လှူဒါန်းပွဲအခမ်းအနားတွင် စေတနာရှင်ပြည်သူများက မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေများကို ပေးအပ်လှူဒါန်ကြရာ စုစုပေါင်းအလှူငွေ အမေရိကန်ဒေါ်လာတစ်သိန်း၊ မြန်မာငွေကျပ် (၂၆၀၁.၅) သိန်းလက်ခံရရှိကြောင်းသိရှိရသည်။

 Myanmar Express 

ငလျင်ကြောင့် ပိတ်မိနေသည့် ရွှေတွင်းလုပ်သား ၂၀ လွတ်မြောက်

Posted by drmyochit Tuesday, November 13, 2012, under | No comments


 မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာနှင့် ကန်တောင်ကျေးရွာရှိ ရွှေတွင်း နှစ်တွင်းတွင် ရွှေတွင်းလုပ်သား ၂၀ ငလျင်ဒဏ်ကြောင့် ပိတ်မိနေရာမှ ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိရသည်။ မြေတွင်းထဲတွင် ၄ နာရီကြာ ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ဖာသာ မြေတွင်းထဲမှ လမ်းကြောင်းရှာ တူးဖော်ကာ လွတ်မြောက်အောင် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် ယင်းဒေသရှိ ရွှေတွင်းတတွင်းတွင် လူ ၁၁ ဦးနှင့် အခြားတတွင်းတွင် ၉ ဦး၊ စုစုပေါင်း ၂၀ ဦး ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

 Myanmar Express 

ပြည်တွင်း၌ ဖြစ်ပေါ်လျက် ရှိသည့် ရခိုင် အရေးကိစ္စများနှင့် ပတ်သက်၍ သံရုံးများ ပူးပေါင်းကာ ကြေညာချက် ထုတ်ပြန်

Posted by drmyochit Tuesday, November 13, 2012, under | No comments


 မြန်မာပြည်တွင်းမှာ ဖြစ်ပေါ် လျက်ရှိတဲ့ ရခိုင် အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်တွင်းရှိ နိုင်ငံခြား သံရုံး ၉ ခုမှ ပူးပေါင်းကာ ကြေညာချက် ထုတ်ပြန်ပေး ထားတယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ကြေညာချက် ထုတ်ပြန်ပေး ထားတဲ့ သံရုံးတွေ ကတော့ သြစတြေးလျ သံရုံး၊ အီဂျစ် သံရုံး၊ ပြင်သစ် သံရုံး၊ ဂျာမနီ သံရုံး၊ ဂျပန်သံရုံး၊ ဆော်ဒီအာရေဗျ သံရုံး၊ တူရကီ သံရုံး၊ အင်္ဂလန် သံရုံးနဲ့ အမေရိကန် သံရုံးတို့က ထုတ်ပြန်ပေး ထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ပြန် ရာမှာ အဆိုပါ အရေးကိစ္စတွေ အလျင်အမြန် ရပ်တန့်ဖို့အတွက် အဆိုပါ သံရုံးတွေက သက်ဆိုင်သူ အားလုံးကို တိုက်တွန်း ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရမှ ရခိုင် အရေး အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်း စစ်ဆေးနေမှုများ ပြုလုပ်မှုကိုလည်း အားပေးပြီး အဆိုပါ အထူး စုံစမ်းရေး ကော်မရှင် အဖွဲ့ကို ထဲထဲဝင်ဝင်နဲ့ ပွင့်လင်း မြင်သာမှုရှိအောင် ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာ အစိုးရ ကိုလည်း တိုက်တွန်း ထားတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ သံရုံးများမှ အစိုးရထံ ရခိုင်ဒေသခံ ပြည်သူများကို အကူအညီ ပေးနိုင်ဖို့ လူသားချင်း ဆိုင်ရာ စာနာမှု အထောက်အပံ့များ အချိန်မီ ရောက်ရှိအောင် ဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကိုလည်း တိုက်တွန်း ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလို လုပ်ဆောင်မှုတွေ အတွက်လည်း သံရုံးများ အားလုံးမှ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့အတူ ရခိုင်ဒေသ ရေရှည် ဖွံ့ဖြိုး တိုးတက်မှု အတွက် လူသားချင်း စာနာမှု အထောက်အပံ့ တွေကို အတူတကွ ပူးပေါင်း ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်မှု အရ သိရပါတယ်။ 

 Myanmar Express 

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သပိတ်ကျင်းမြို့မှ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်

Posted by drmyochit Tuesday, November 13, 2012, under | No comments


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များ ဖြစ်ကြသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန် တို့နှင့်အတူ ယနေ့ မွန်းလွဲ (၃) နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ မန္တလေးမြို့သို့ (၄) နာရီမိနစ် (၂၀) တွင် ရောက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အဖွဲ့ဝင်များနှင့် အတူရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ သပိတ်ကျင်းမြို့သို့ ညနေ (၅) နာရီ (၁၀) မိနစ်တွင် ရောက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် (၇) နာရီ (၄၂)မိနစ် (၃၇) စက္ကန့်တွင် မန္တလေး မြေငလျင်စခန်း မြောက်ဘက် (၈၂) မိုင်ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂) မိုင်ခန့် နေရာတို့ကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၆ ဒဿမ ၈) နှင့် (၅ ဒဿမ ၀) အဆင့်ရှိ (၃) ကြိမ် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ အဆောက်အအုံ များနှင့် လူနေအိမ်များအား လည်းကောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိကြသည့် ဒေသခံ ပြည်သူများအား ဆေးဝါးကုသပေးနေမှု အခြေအနေများကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး အားပေးစကား ပြောကြားသည်။

ဒုတိယသမ္မတသည် ငလျင်ဒဏ်သင့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးစိုးရိမ် ပူပန်မှု မရှိကြရန်နှင့် နိုင်ငံတော်မှ တတ်နိုင်သမျှ ပံ့ပိုးကူညီ စောင့်ရှောက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများကိုလည်း မြေငလျင်နှင့် ပတ်သက်သော အသိပညာများ ချပြ ရှင်းလင်းကြရန် မှာကြားသည်။
သပိတ်ကျင်း မြို့ပေါ်တွင် အိမ်ခြေ (၈၄၃) အိမ်၊ အိမ်ထောင်စု (၉၂၁) စု၊ လူဦးရေ (၄၁၉၅) ရှိသည့်အနက် သာသနိကအဆောက်အအုံ (၂၁) လုံး၊ ဌာနဆိုင်ရာအဆောက်အအုံ (၄၈) လုံး၊ စာသင်ကျောင်း (၄) ကျောင်းနှင့် နေအိမ် (၁၀၂) လုံးထိခိုက် ပျက်စီးခဲ့ပြီးဒေသခံ ပြည်သူ (၃) ဦးသေဆုံး၊ (၃၅) ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)၊ စေတနာရှင် (၄) ဦးကကျပ် သိန်း (၅၀) စီဖြင့် သိန်း (၂၀၀)၊ စုစုပေါင်း ငွေကျပ် သိန်း (၃၀၀) ပေးအပ်မှုနှင့်အတူ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ငလျင် လှုပ်ခတ်ပြီးနောက် အဆိုပါ ဒေသများတွင် ကာလ အတန်ကြာသည် အထိ မကြာခဏ ငလျင် ထပ်မံ လှုပ်ခတ်လေ့ ရှိသဖြင့် ဒေသခံ ပြည်သူများမှာ တိုက်အိမ်နှင့် အုတ်ညှပ် နေအိမ်များ အတွင်း မနေထိုင်သင့် သေးကြောင်း သတင်းရရှိသည်။

နောက်ဆက်တွဲ ငလျင်ဒဏ် စိုးရိမ်ရ

Posted by drmyochit Tuesday, November 13, 2012, under | No comments


တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး ဗဟိုပြုတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အတွက် သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေသလို နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ရှိလာနိုင်တာမို့  သတိရှိကြဖို့  ပညာရှင်တွေက သတိပေးနေပါတယ်။ မြန်မာနိုင်ငံတွင်း ကူညီကယ်ဆယ်ရေးတွေ  လုပ်နေတဲ့  Save the Children  အဖွဲ့က ငလျင်ကြောင့် သေဆုံးသူ ၁၁ ဦး ရှိပြီလို့ ပြောကြားသလို  အစိုးရ ထုတ်ပြန်တဲ့ သတင်းမှာတော့  အခုချိန်အထိ ၄ ဦး ရှိပြီလို့ အတည်ပြုထားပါတယ်။ ဒီငလျင်ဒဏ် ခံခဲ့ရတာနဲ့ ပတ်သက်ပြီး  နောက်ဆုံး အခြေအနေတွေကို တော့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်  သပိတ်ကျင်းမှာ အိမ်ပြိုပြီး သေဆုံးသူ တဦး၊ ကျောက်မြောင်းမှာ အမျိုးသမီးတဦးနဲ့ နွယ်ရုံမှာ အမျိုးသားတဦးအပြင် ဧရာဝတီမြစ်ကူး တံတားသံဘောင် ကျိုးကျတာကြောင့် သေဆုံးရသူ တဦးရှိတယ်လို့  အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ဗြိတိန်အခြေစိုက် Save the Children အဖွဲ့က ဌာနေ ကိုယ်စားလှယ် Denis De Poerk ကတော့ ငလျင်ကြောင့်သေဆုံးသူ ၁၁ ဦး ရှိကြောင်း ဗွီအိုအေ ကို အတည်ပြုပြော ဆိုပါတယ်။ “ငလျင်ဒဏ်ခံခဲ့ရတဲ့  ဒေသထဲမှာနေတဲ့ လူတွေကိုရော၊  ဒေသအာဏာပိုင်တွေအပြင် ဒေသထဲမှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကျနော်တို့လို အဖွဲ့တွေကိုပါ ဆက်သွယ် စုံစမ်းကြည့်တဲ့အခါမှာ သေဆုံးခဲ့သူက အခုထိ စုစုပေါင်း  ၁၁ ဦးရှိနေပြီး အယောက် ၄၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။  ဒါ့ထက်လည်း ပိုလာနိုင်ပါသေးတယ်။ ကျနော်တို့ မန္တလေး ဆေးရုံကြီးကို ပါသွားပြီးမေးပါတယ်။ အဲဒီမှာ ငလျင်ကြောင့် ရောက်လာတဲ့ လူနာ ၁၀ ဦးလောက် ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။”
ဒီသေဆုံးသူတွေထဲမှာ  စဥ့်ကူက ရွှေတွင်းတွေ ရှိရာဒေသမှာ တွင်းပြိုပြီး သေဆုံးရသူတွေ ရှိနေတယ်လို့ လည်း ပြောပါတယ်။ “ ဒီနေ့ ကျနော်တို့ ရတဲ့ သတင်းအရဆိုရင် ငလျင် ဗဟိုချက်နဲ့ နီးတဲ့ မြို့နယ်တွေထဲက တခုမှာ ၆ ယောက် သေဆုံးပြီး အဲဒီထဲမှာ  ရွှေတွင်းပြိုလို့ သေဆုံးရတဲ့သူက ၂ ဦး ပါနေပါတယ်။”
မြန်မာနိုင်ငံဟာ ငလျင်ရပ်ဝန်းထဲမှာ ကျရောက်နေပြီး အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်း ပြတ်ရွေ့ကြောမှာ လှုပ်ခတ်ခဲ့တာပါ။ မြေလွှာပြတ်ရွေ့မှုကြောင့် တနှစ်ကို ၂ စင်တီမီတာလောက် ရွေ့လျားနေတဲ့ စစ်ကိုင်းပြတ်ရွေ့မှာ ပုံမှန် ငလျင် လှုပ်ခတ်လေ့ရှိတယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှုး ဦးစိုးသူရထွန်းက ပြောပါတယ်။ “ငလျင်က မန္တလေးမြို့ရဲ့ မြောက်ဘက် ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက်မှာ သူက စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ လှုပ်ခဲ့တယ်ဆိုတာ သိရတယ်။ စစ်ကိုင်းပြတ်ရွေ့က အလျားလိုက်ပြတ်ရွေ့ဆိုတော့ သူက ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းပဲ။ အကြမ်းဖျင်းဆိုရင် သူက အနက် ဆယ်ကီလိုမီတာ တနည်းပြောရရင် ၆ မိုင်လောက်ပဲ ရှိတယ်ဆိုတော့ တိမ်တဲ့အထဲမှာ ပါပါတယ်။”
တိမ်တဲ့ငလျင် လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေပါလဲ။ -  “ငလျင်တိမ်ရင် လူတွေမှာ အရမ်းကို ခံစားရပါတယ်။ တော်လဲ သံကြားရတာတို့ သဲတွေ ပန်းထွက်တာတို့ ဖြစ်တတ်ပါတယ်။ ပမာဏမကြီးပေမဲ့ လူတွေအတွက် အတော်သိသာပါတယ်။” ဒီငလျင်ကြောင့် ဖြစ်ခဲ့ရတဲ့ အပျက်အစီးတွေကိုလည်း အခုလို ပြောပြပါတယ်။ “အပျက်အစီးတွေထဲမှာ သိရသလောက် အကြီးဆုံးကတော့ ဧရာဝတီမြစ်ကို ဖြတ်ဖို့လုပ်နေတဲ့ တံတား ဆောက်လုပ်ဆဲမှာ ပြိုကျသွားခဲ့တာပါ။ ကျန်တာကတော့  ငလျင်နဲ့ အနီးဆုံးဖြစ်တဲ့ ကျောက်မြောင်း တို့ မလယ်တို့ ဆိုတဲ့ ရွာတွေ မြို့လေးတွေမှာ အပြိုအပျက်တွေ ရှိတယ်။ အိမ်တွေလည်း ပြိုတယ်။ တော်တော်လေး ရှေးဟောင်းဖြစ်နေတဲ့ အဆောက်အအုံတွေ ဘုရားတွေ ပြိုတာလည်း များပါတယ်။” နောက်ဆက်တွဲ ငလျင်တွေ လှုပ်တဲ့ အနေအထားကို ရှင်းပြပေးပါလား။ -  “နောက်ဆက်တွဲ ငလျင်တွေက ပထမဦးဆုံး အကြီးဆုံးငလျင် ဗဟိုချက်ရဲ့ တောင်ဘက် ကို ရောက်နေတာ တွေ့တယ်ပေါ့။ ကျနော်တို့ ရှုထောင့်ကတော့ ငလျင်ဗဟိုချက်တွေ၊ ဒီလို နောက်ဆက်တွဲ ငလျင်တွေကို ကြည့်ပြီးတော့ ဘယ်လောက်ထိ ရွေ့ ပြတ်သွားတဲ့ မြေသား ပမာဏ ရှိတယ် ဆိုတာကို ခန့်မှန်းတာပေါ့လေ။ မနက်ပိုင်း ငလျင်ကြီး လှုပ်ပြီးတဲ့အချိန်မှာ နောက်ထပ် နှစ်ကြိမ်လောက်ကို ဆက်တိုက်လှုပ်တယ်။ နောက် ညနေပိုင်းလောက်မှာ တကြိမ် နည်းနည်း ပိုအားကြီးတဲ့ ပမာဏ ၅.၈ လောက်ရှိတဲ့ ငလျင် လှုပ်တာ တွေ့ရပါတယ်။ ဆိုတော့ နောက်ထပ် နှစ်ရက် သုံးရက်၊ ဒါမှမဟုတ် တပတ်လောက် အထိလည်း ရှိနေတတ်တဲ့ သဘောတော့ ရှိပါတယ်။” ဘယ်ဒေသတွေမှာ နေထိုင်တဲ့သူတွေ အတွက် နောက်ထပ် လှုပ်တဲ့ ငလျင်တွေကို သတိထားဖို့ လိုပါလဲ။ ဒေသလေး နည်းနည်း ပိုင်းပြီးတော့ ပြောပြပေးပါလား။ - 
“ဟုတ်ကဲ့။ ဒေသအနေနဲ့ကတော့ အလွယ်ဆုံး ပြောရင်တော့ ပထမဆုံး ငလျင်ကြီးကို ခံစားရတဲ့ လူတွေ အားလုံးနဲ့ ဆိုင်တယ်လို့ ပြောရမှာပေါ့။ အခု ကျနော် သိရသလောက်ကတော့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာပေါ့ ၀န်းကျင်ဒေသတွေမှာ ခံစားရတယ်။ နောက်ပြီးတော့ နည်းနည်း အလှမ်း ဝေးပေမဲ့ သိသာခံစားရတာက တောင်ကြီးနဲ့ အင်းလေး ဒေသတို့၊ နောက်တခါ အပေါ်က မူဆည်၊ ရွှေလီ၊ နန်းခမ်း ဒေသတို့ အဲဒီလောက်အထိတောင်မှ ခံရတာတွေ ရှိတယ်ပေါ့။ ဆိုတော့ သူတို့ ဒေသတွေ အားလုံးမှာလည်း နောက်ဆက်တွဲ ငလျင်ကို သတိထားသင့်ပါတယ်။ ကနဦးငလျင်ကြောင့် အက်ကြောင်းတွေ ရှိခဲ့ရင် ပြိုပျက်ဖို့အတွက် လမ်းကြောင်းတွေ ရှိခဲ့ရင် နောက်ဆက်တွဲ ငလျင်ငယ်တွေ ကနေပြီးတော့ ဖြိုဖျက်နိုင်တဲ့ အားမျိုး ဖြစ်သွားစေတယ်ပေါ့။ ဆိုတော့ အန္တရာယ် ရှိနေတယ်လို့ ပြောရမှာပေါ့။ အဓိက ကတော့ အဆောက်အဦး ပြိုပျက်တဲ့ အန္တရာယ်ပေါ့။ ကိုယ်နေတဲ့ အဆောက်အဦးတွေ ပြိုပျက်နေတဲ့ အခြေအနေတွေ ရှိ မရှိကို အရင်ဆုံး လေ့လာသင့်ပါတယ်။” အခု အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ နောက်ပိုင်းမှာ နောက်ဆက်တွဲ ငလျင်တွေရဲ့ အန္တရာယ်ကို သတိထားဖို့ လိုအပ်တယ်လို့လည်း ဦးစိုးသူရထွန်းက ပြောပါတယ်။  


Myanmar Express 

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ ကြေငြာချက် ထုတ်ပြန်

Posted by drmyochit Tuesday, November 13, 2012, under | No comments



နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ၊ ၄၃ မိနစ် အချိန်မှ စတင်ပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ ကြေညာချက် ထုတ်ပြန်ထား တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာ ငလျင်ရဲ့ သဘာဝဟာ ငလျင်ကြီး လှုပ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လတ်နဲ့ ငလျင်ငယ် များဟာ နာရီပိုင်း၊ ရက်ပိုင်းမှ ရက်သတ္တပတ် အထိ ထပ်မံ လှုပ်ရှားတတ်တာ ဖြစ်ပါတယ်။
ဒီလို လှုပ်ရှားမှုကြောင့် အက်ကွဲ နေသော အဆောက်အဦးများ ပြိုကျပျက်စီး တတ်သဖြင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေတဲ့ အဆောက်အဦး များနဲ့ ခိုင်ခန့်မှုမရှိတဲ့ အဆောက်အဦး များမှာ နေထိုင်သူတွေ အနေနဲ့ အထူး သတိပြု နေထိုင်ရန် လိုအပ်တာ ဖြစ်တယ်လို့ ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။ အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် ဆည်တော်ကြီး ရေလှောင်တမံမှာ ရေအား လျှပ်စစ် စက် ၂ လုံး ရပ်သွားကြောင်း ပြင်ဦးလွင် ခရိုင် စဥ့်ကူး မြို့နယ်မှာ ၈ နာရီခွဲ အချိန်ထိ ငလျင် ၅ ကြိမ် ဆက်တိုက် လှုပ်ခတ်ခဲ့ရာ နေအိမ် အဆောက်အဦး အချို့၊ ဘုရားစေတီ အချို့ ပျက်စီးမှုရှိခဲ့ပြီး လူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် သပိတ်ကျင်း မြို့နယ်မှာ အိမ်ခြေ ၁၀၀ ခန့် ထိခိုက် ပျက်စီးခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၁၆ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။ မြေငလျင် ဆိုတာဟာ ဘူမိဗေဒ ဘာသာရပ် အရ ကျောက်သားထုချပ် နှစ်ခုဟာ တစ်ခုနဲ့တစ်ခု တွန်းတိုက် မိရာမှ တစ်ခုဟာ အခြား တစ်ခု အောက်ဘက်သို့ ငုပ်လျှိုး ၀င်ရောက်ပြီး အပေါ် တစ်ခုဟာ တွန်းတိုက် ခံရတဲ့ အတွက် တွန့်ခေါက် လာပါတယ်။ အဲ့ဒီလို တွန်းတိုက်တဲ့ နေရာမှာ အားတွေ တဖြည်းဖြည်း စုစည်းမိ လာကာ တစ်ချိန်တည်း စုစည်းမိတဲ့ အားတွေ ရုတ်တရက် ရုန်းကန်ပြီး အဘက်ဘက်သို့ပြန့်ထွက်သွားခြင်း ဖြစ်တယ်လို့ အဆိုပါ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန် ထုတ်ပြန်ချက် အရ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၅ နာရီ ၂၆ မိနစ် ၂၀ စက္ကန့် အချိန်မှာ မန္တလေး မြေငလျင် စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်တာ စကေး ၅.၈ အဆင့်ရှိ အင်အား အသင့်အတင့် မြေငလျင် တစ်ခု လှုပ်ခတ် ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုလက်ရှိ အချိန် မှာတော့ အဆိုပါ ထပ်မံ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ပျက်စီး ဆုံးရှုံးမှု ရှိ၊ မရှိကို မသိရှိရသေးဘူးလို့ သိရပါတယ်။ အဆိုပါ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ မြေငလျင်များ လှုပ်ခတ်မှုဟာ ယခု တစ်ကြိမ် အပါအ၀င် မြန်မာနိုင်ငံ ပြည်တွင်းမှာ တစ်နေ့တည်း မြေငလျင် ၄ ကြိမ် လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

ပြည်တွင်းရေကြောင်းလိုင်များ၌ ကမ္ဘာလှည့်ခရီးသည်စီးနင်းမှုများလာ

Posted by drmyochit Tuesday, November 13, 2012, under | No comments


 ပြည်တွင်း ပြေးဆွဲနေသော ရေကြောင်းလိုင်းများ၌ ကမ္ဘာ့လှည့် ခရီးသွားများအနေဖြင့် စိတ်ဝင်စားစွာ လေ့လာစီးနင်းမှု များပြားလာကြောင်း ပြည်တွင်းရေကြောင်းလိုင်းက သိရှိရသည်။
ပြည်တွင်းရေကြောင်း လိုင်းများရှိရာ ပန်းဆိုးတန်း-ဒလ၊ ရန်ကုန်-တွံတေး၊ ရန်ကုန်-ပုသိမ်၊ ရေကြောင်း လိုင်းများတွင် ကမ္ဘာလှည့်ခရီးသည်များ စီးနှင်းလိုက်ပါမူသည် ၂၀၁၂ခုနှစ်တွင် ၂၀၁၁ခုနှစ်ထက် (၂) ဆခန့်မြင့်တက် ခဲ့ကြောင်း သိရှိရသည်။
"အရင်နှစ်ကဆိုရင် တစ်နှစ်လုံးကို ငါးဆယ် တစ်ရာလောက်ပဲ စီးကျတယ်။ ဒီနှစ်ကတော့ တစ်ရာငါး ဆယ်၊ နှစ်ရာ၊ နှစ်ရာ့ငါး ဆယ်လောက်   စီးနင်း လာကျတာကိုတွေ့ရတယ်။ သူတို့ထဲမှာ အာရှတိုက်နိုင်ငံ သား တွေထက်စာရင် ဥရောပနိုင်ငံသားတွေ များတယ်။"ဟု  ပြည်တွင်းရေကြောင်းလိုင်း၊ မြစ်ဝကျွန်း ပေါ်ဌာနခွဲမှ လက်ထောက်မန်နေဂျာ ဦးဇော်သက်အောင်က ပြောသည်။
ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ရေယာဉ်များကို စင်းလုံးငှားရမ်းစီးနှင်း လေ့လာမူများလဲရှိပြီး ၄င်းတို့ သည် မြန်မာနိုင်မှ စစ်လျော်ကြေး ရထားအနေဖြင့် ရရှိထားသော   သဘောင်္များကို စိတ်ဝင်စားစွာစီးလုံး ငှားရမ်းမူများ ရှိလာကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။   
ရန်ကုန်မြစ်တွင်း အပျော်စီးသက်သက် သင်္ဘောစင်းလုံး ငှားရမ်းခြင်းသည် မြို့တွင်းပိုင်း၌ သဘောင်္ အကြီးအသေး ပေါ်မူတည်၍ တစ်ရက်လျှင် ကျပ် (၅၉၀၀၀) မှ (၁၂၀၀၀၀)ရှိကြောင်း၊ ရန်ကုန်-ပုသိမ် သင်္ဘောစင်းလုံးဌားရမ်းခမှာ နေ့ချင်းပြန်လျှင် ငွေကျပ် သိန်းနှစ်ဆယ်ဝန်းကျင့်ဖြင့် ဌားရမ်းပေးကြောင်း သိရှိရသည်။
စင်းလုံးငှားရမ်းခတွင် ဆီဖိုးမပါရှိကြောင်းနှင့် ဆီတစ်ဂါလံလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် ထွက်ချက်နိုင်ကြောင်းကိုလည်း သိရသည်။ ခရီးသည်တင် သဘောင်္များဖြင့် ရန်ကုန်-ပုသိမ် သဘောင်္စီးနင်းခမှာ ကမ္ဘာလှည့်ခရီးသည် တစ်ဦးလျှင် ရိုးရိုးတန်းတွင် (၈)ဒေါ်လာ၊ အထက်တန်း(အိပ်ခန်းပါ)တွင် ဒေါ်လာ(၄၀)ဖြစ်ပြီး စီးနှင်းမူ အများဆုံးမှာ ပန်းဆိုးတန်း-ဒလ သင်္ဘောဖြစ်ကာ စီးနင်းခမှာ တစ်ဦးလျှင် (၁)ဒေါ်လာဖြစ်ကာ ဦးခန်းမှာ (၂)ဒေါ်လာ ဖြစ်ကြောင်း သိရှိရသည်။ 
လက်ရှိတွင် ပန်းဆိုးတန်း-ဒလသင်္ဘောမှာ တနေ့လျှင်(၄၆)ခေါက် ပြေးဆွဲပေးလျှက်ရှိကာ ရန်ကုန်-ပုသိမ်သင်္ဘောမှာ တစ်ပတ်လျှင် (၄)ခေါက် ပြေးဆွဲပေး လျှက်ရှိပြီး မြန်မာ့ပြည်တွင်း ရေကြောင်းလိုင်း အနေဖြင့် ကူးတို့လိုင်း(၅)လိုင်း၊ ခရီးသည် ကုန်တင်လိုင်း(၁၂)လိုင်း စုစုပေါင်း (၁၇)လိုင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲပေးလျှက်ရှိကြောင်း သိရှိရသည်။
"ကျွန်တော်တို့ သွားလာနေတာ အမြဲတမ်းပဲ ဒါပေမယ့် ဒီနှစ်က နိုင်ငံခြားသားတွေ အများကြီးတွေ့ရ တယ်။ ဘာလို့လဲတော့မသိဘူး။ သဘောင်္စီးတာတို့ ရထားစီးတွေမှာလဲတွေ့ရတယ်"ဟု ပုသိမ်မှ ရန်ကုန်၊ အင်းစိန်တွင် လာရောက်အလုပ်လုပ်ကိုင်နေသူ ဦးတင်ရွှေက ပြောသည်။
ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ ၀င်ရောက်များပြားလာခြင်းမှာ  မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်မှုကာလ ၊ နိုင်ငံရေးအပြောင်းအလဲများကြောင့် နိုင်ငံခြားခရီးသည်များ မြန်မာနိုင်ငံ အပေါ်စိတ်ဝင်စားမှုများကာ လာရောက်လည်ပတ် ခြင်းဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်