မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ (၂) နိုင်ငံအကြား ယခင်က သဘောတူညီထားသော
မြန်မာ လျှပ်စစ်ဓာတ်အား ဘင်္ဂလာသို့ ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက်သည်ဟု
သိရသည်။
(၆)
ကြိမ်မြှောက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် ကော်မရှင် အစည်းအဝေးတွင်
ထိုသို့ မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ကုန်သွယ်ရေး
ဝန်ကြီးဌာန အတွင်းဝန် မဟာဘူလ် အာမတ်က သတင်းထောက်များသို့ ပြောသည်။ နိုဝင်္ဘာလ ၁၁ ရက်နေ့မှ
၁၂ ရက်နေ့ထိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် ပြုလုပ်ခဲ့သော မြန်မာ- ဘင်္ဂလာ
ကုန်သွယ်ရေး ဆိုင်ရာ (၂) ရက်တာ အစည်း အဝေးတွင် မြန်မာ အနေဖြင့် သူ့နိုင်ငံတွင်
လျှပ်စစ် ဓာတ်အားကို ဘင်္ဂလာသို့ ရောင်းမည့် အစီအစဉ်မှာ ဖြစ်နိုင်တော့မည်
မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လျှပ်စစ် ဓာတ်အာား မလုံလောက်မူနှင့်
ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဘင်္ဂလာ ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်ဟု
ဆိုသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်
တည်ဆောက်နေသော စိုင်းတင် ရေအား လျှပ်စစ်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်
အကြားတွင် တည်ဆောက်နေသော လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းတို့မှ ကီလိုဝပ် ၅၀၀
ဝယ်ယူရန် မြန်မာနှင့် ပမာဏ သဘောတူညီမူ ရှိခဲ့သည်။ ထိုသို့ သဘောတူညီမူ အရ
ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ သွားရောက်ပြီး လျှပ်စစ် ဓါတ်အား
ဝယ်ယူရေးကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် စိုင်းတင်
ရေအားလျှပ်စစ်မှာ ၂၀၁၄- ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင်
ပြီးစီး မည်ဟု သိရသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် သူ့နိုင်ငံ အတွင်း လျှပ်စစ်ဓာတ်အား
မလုံလောက်မူကို မြန်မာ အပြင် အိမ်နီးချင်း နိုင်ငံများကြသော ဘူတန်၊ အိန္ဒိယနှင့်
နီပေါနိုင်ငံတို့မှ တင်သွင်းရန် ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံထက် နှစ်ပေါင်း ၂၃ နှစ် နောက်ကျပြီးမှ ပါကိစ္စတန် လက်အောက်မှ
လွှတ်မြောက်လာသော ဘင်္ဂလာဒေခ်ျ့နိုင်သည် မြန်မာနိုင်ငံထက် လျှပ်စစ် ဓာတ်အား
သုံးစွဲမူ ပမာဏ များပြားပြီး မြို့ရော တောပါ မကျန် နိုင်ငံ အ၀န်း လျှပ်စစ်
မီးရရှိသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာမှ လျှပ်စစ် ဓာတ်အား ၀ယ်ယူရန် လမ်းစ
ပိတ်သွားပြီ ဖြစ်သော်လည်း တိုက်ရိုက် လေကြောင်းလိုင်းနှင့်
ရေကြောင်းလိုင်းများကို တိုးချဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့်
ဆောင်ရွက်သွားမည် ဟု သိရသည်။

ဒဏ်ရာရရှိသူ ဦးရေ ၂၃၀
ရှိပြီးတော့ ၁၂ ယောက်က ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဘန်ကောက် အခြေစိုက်ICRC အဖွဲ့ရဲ့
အရှေ့အာရှ-ပစိဖိတ် ရေးရာဌာန ပြောခွင့်ရ ကိတ်၊ ရိုးလ်က ဗွီအိုအေ မြန်မာပိုင်း ကို
အခုလိုပြောပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆.၈ ရှိတဲ့
ငလျင်ကြီး လှုပ်ခတ်ခဲ့ တာကြောင့် သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၆ ယောက်
ရှိသွားပြီဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ “ကြက်ခြေနီအဖွဲ့အနေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့
နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်နေပြီး မြေငလျင်ဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ လူနေရပ်ကွက်တွေရဲ့
လိုအပ်ချက်တွေကို စီစစ်ပေးနေပါတယ်။ မနေ့ညက တွေ့ရှိချက် အရကတော့ သေဆုံးသူ ၂၆
ဦးရှိပြီး ဒဏ်ရာရသူပေါင်း ၂၃၁ ဦးရှိကာ ပျောက် ဆုံးသူဦးရေဟာ ၁၂ ဦးရှိတယ်လို့
သိရပါတယ်။ ပျက်စီးတဲ့ အဆောက်အဦးပေါင်း ၄၆၂ ခုရှိပြီး နေ အိမ်တွေ၊ အစိုးရ
အဆောက်အဦးတွေ၊ ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦးတွေ ပါဝင်ပါတယ်။”
ဒါ့အပြင် ICRC အဖွဲ့ကြီး အနေနဲ့လည်း ငလျင်ဒဏ် ခံခဲ့ရသူတွေကို အကူအညီပေးအပ် နေတာနဲ့
ပတ်သက်ပြီး သူက အခုလို ဆက်ပြောပြပါတယ်။ “ကြက်ခြေနီ ဝန်ထမ်းတွေအနေနဲ့ အရေးပေါ်
ကယ်ဆယ်ရေး လိုအပ်ချက်တွေကို ကူညီဆောင်ရွက် လျှက်ရှိပြီး အရေးပေါ် ပစ္စည်းတွေကိုလည်း ဝေငှပေးလျှက်
ရှိပါတယ်။ မီးဖိုချောင် ချက်ပြုတ်စရာ ပစ္စည်းတွေ၊ အရေးပေါ်ဆေးဝါး၊ တာပေါ်လင်
အမိုးအကာတွေအပြင် ဆေးရုံတွေ ပို့ပေးဖို့ စသည်ဖြင့် စီစဉ်နေပါတယ်။ မြေငလျင်ဒဏ်
အဆိုးဝါးဆုံးခံခဲ့ရတဲ့ မြို့နယ်ပေါင်း ၇ ခုတို့မှာလည်း ဆက်ပြီိး အကူအညီပေး နေပါတယ်။
ကြက်ခြေနီိ စေတနာ့ ဝန်ထမ်းပေါင်း ၈၀ ကျော်လောက်ဟာ ကွင်းဆင်းနေပြီးတော့ အခြေအနေကို နီးနီးကပ်ကပ် အကူအညီပေးလျှက် ရှိကြပါတယ်။
Myanmar Express

ညီမလေးဝေနှင်းအနေ နဲ့ မကျေနပ်ရင် ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံကို ချနင်းပါ ။ ဘာမှမပြောလိုပါဘူး။သို့သော် မြန်မာတစ်နိုင်ငံလုံး၊ မြန်မာတစ်မျိုးသားလုံးကို
ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံအလံ ကိုချမနင်းပါနဲ့။
ညီမလေးဝေနှင်းအနေ နဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး အကြောင်းပြောချင်ရင်
ညီမလေး ခေါင်းပေါ်က မွတ်ဆလင် Hijab ကိုအရင် မီးရှို့ပြီးမှ ပြောပါ ညီမလေးဝေနှင်းအနေ နဲ့
အမျိုးသမီး အခွင့်အရေးအကြောင်း ပြောချင်ရင် မွတ်ဆလင် အမျိုးသမီးတွေကို ခြေဆုံးခေါင်းဆုံး
ခေါင်းမြီးခြုံခိုင်းပြီး အိမ်တွင်းပုန်းဘ၀နဲ့ သေခိုင်းတာ၊ မွတ်ဆလင်မိန်းမ ၄ယောက် က
မွတ်ဆလင်ကောင်ကြီး ၁ကောင်ကို ရှယ် လုပ်ပြီး နေရတာ၊ အင်မတန် အောက်တန်းကျလှတဲ့
polygamy အကြောင်းတွေ ၊မွတ်ဆလင် အမျိုးသမီးတွေကို ပညာမသင်ခိုင်းတာ၊ ခွေးလိုလုပ်ထားတာ စတဲ့အစ္စလာမ်ကုရ်အာန်ကျမ်းအရ အမျိုးသမီး အခွင့်အရေးချိုးဖေါက် ခံရတာတွေကို ညီမလေးဝေနှင်း
အနေနဲ့ ကမ္ဘာကြီး သိအောင် ကန့်ကွက်ပြောပြ လိုက်စမ်းပါ။
ညီမလေးဝေနှင်း အနေနဲ့ ကလေးသူငယ် အခွင့်အရေး အကြောင်းပြောချင်ရင် မိုဟာမက်က Aisha ကို
အသက် ၆နှစ်မှာ လက်ထပ်ပြီး မိုဟာမက်အသက် ၅၄နှစ် မှာ အသက် ၉နှစ်အရွယ် ကလေးသူငယ်လေးကို
မုဒိန်းကျင့်တာ ကိုအားကျပြီး မွတ်ဆလင် နိုင်ငံတွေ မှာ ကလေးသူငယ် မိန်းကလေးတွေ ကို အသက်
၈နှစ်၊ ၉နှစ်၊ ၁၁၊ ၁၃နှစ်တွေကို ပျော်ပျော်ကြီး မုဒိန်းကျင့်နေတဲ့ အစ္စလမ်ကုရ်အာန်ကျမ်းအရ
ကလေးသူငယ် အခွင့်အရေး အကြီးအကျယ် ချိုးဖေါက်ခံနေ ရတာတွေကို ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင်
ကန့်ကွက်ပြောပြလိုက်စမ်းပါ။
ညီမလေးဝေနှင်း အနေနဲ့ ဘာသာရေးလွတ်လပ်ခွင့် ၊ လွတ်လပ်စွာကိုးကွယ်ခွင့် အကြောင်းပြောချင်ရင်
ဆော်ဒီမှာ မည်သည့်ဘာသာရေး အဆောက်အအုံမှ ဆော်ဒီတစ်နိုင်ငံလုံးမှာ လုံးဝ ( လုံးဝ ) ပေးမဆောက်တာ၊မည်သည့် ဘာသာကိုမှ လွတ်လပ်စွာကိုးကွယ် ဟောပြောဖြန့်ဝေခွင့် မရှိတာတွေ၊ ဆော်ဒီ နိုင်ငံ မက်ကာမြို့နဲ့ မက်ဒီနာ မြို့ တွေကို မည်သည့် ဘာသာခြား တစ်ယောက်မှ ပေးမ၀င်ပဲသေဒဏ်ပေးတာ၊
အစ္စလမ် ဘာသာကို မယုံကြည်လို့ (ဖြစ်သင့်ပါတယ်) ဘာသာပြောင်းတာကို သေဒဏ်ပေးတာ စတဲ့၊ တခြားသော ညာသာအားလုံးကို ဘာသာရေး အကြီးအကျယ် ဖိနှပ်ထားတာ၊လွတ်လပ်စွာကိုးကွယ်ခွင့်၊
လွတ်လပ်စွာပြောဟောပိုင်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် အခွင့်အရေးတွေ အစ္စလမ်ကုရ်အာန်ကျမ်းအရ
အကြီးအကျယ် ချိုးဖေါက်ခံ နေရတာတွေကို ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။ညီမလေးဝေနှင်း အနေနဲ့ လူ့အခွင့်အရေး အကြောင်းပြောချင်ရင် လိင်တူဆက်ဆံ သူတွေကို သေဒဏ်ပေးတာ၊လွတ်လပ်စွာ
Relationship ရှိတာကို ဖေါက်ပြန်တဲ့ မိန်းမဆိုပြီး ကျောက်တုံးကြီးတွေနဲ့ ၀ိုင်းထုတာ
စတဲ့ အစ္စလမ်ကုရ်အာန်ကျမ်းအရ လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖေါက်ခံ နေရတာတွေကို ညီမလေးဝေနှင်း
အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။
ညီမလေး ဝေနှင်းကို အဓိက ပြောချင်တာကတော့ ညီမလေးဝေနှင်း ဟာ အင်္ဂလန်လို နိုင်ငံမှာ ၊ လူ့အခွင့်အရေး
၊ လွတ်လပ်ခွင့်ကို အကြီးအကျယ် ခံစားနေရချိန်မှာ နိုင်ငံအသီးသီးမှာ ညီမလေး ဝေနှင်းတို့
အရွယ် မွတ်ဆလင် မိန်းကလေး သန်းပေါင်းများစွာဟာ အစ္စလမ်ကုရ်အာန်ကျမ်းအရ အမျိုးသမီး အခွင့်အရေးတွေ
အကြီးအကျယ် ချိုးဖေါက်ခံနေရပါတယ်။
ညီမလေးဝေနှင်း ပညာသင်နေချိန်မှာ ဝေနှင်းတို့အရွယ် မွတ်ဆလင်မိန်းကလေး သန်းပေါင်းများစွာဟာ
အစ္စလမ်ကုရ်အာန်ကျမ်းအရ ပညာသင်ခွင့်မရပဲ ၊ အိမ်တွင်းပုန်းနေရပါတယ် ၊ ပညာသင်လို့ အသတ်ခံနေရပါတယ်။
မျက်နှာကို အက်ဆစ်နဲ့ အပက်ခံရပါတယ်။ သူတို့အတွက် ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင်
ကန့်ကွက်ပြောပြလိုက်စမ်းပါ။ ညီမလေးဝေနှင်း Hijab မွတ်ဆလင်ခေါင်းမြီးခြုံမပါပဲ ဖလန်း၊
ဖလန်းနဲ့ ပျော်ပါးလျှောက် သွားနေချိန်မှာ ဝေနှင်းတို့အရွယ် မွတ်ဆလင်မိန်းကလေး သန်းပေါင်းများစွာဟာ
အစ္စလမ်ကုရ်အာန်ကျမ်းအရ မွတ်ဆလင် ခေါင်းမြီးခြုံမပါပဲ အပြင်သွားမိရင် မုဒိန်းကျင့်ခံရပါတယ်။
ပါးရိုက်ခံရပါတယ်။ အသတ်ခံနေကြရပါတယ်။ သူတို့အတွက် ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင်
ကန့်ကွက်ပြောပြလိုက်စမ်းပါ။
ညီမလေးဝေနှင်း လွတ်လပ်ပျော်ရွှင်နေတဲ့အချိန်မှာ .....
ဝေနှင်းတို့အရွယ် မွတ်ဆလင်မိန်းကလေး သန်းပေါင်းများစွာနဲ့ အရွယ်မရောက်သေးတဲ့ ဥာဏ်ပညာမဖွံ့ဖြိုးသေးတဲ့
ဘာမှ နားမလည်သေးတဲ့ ၁၁ နှစ် ၁၂ နှစ် မွတ်ဆလင် ကလေးသူငယ် မိန်းကလေးတွေကို.....သူတို့
အဖေလောက်ရှိတဲ့ မွတ်ဆလင်အဖိုးကြီးက အသက်၁၈နှစ် မပြည့်သေးပဲ အတင်းအကြပ် sexual abuse
လုပ်ပြီး၊ လင်တစ်ယောက်ကို မိန်းကလေး ၄ယောက် မျှဝေပြီး အစ္စလမ်ကုရ်အာန်ကျမ်းအရ အတူတူနေနေရပါတယ်။
ဘ၀တစ်ဆုံးသေသည့်တိုင်အောင်ပါပဲ။
သူတို့အတွက် ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြ လိုက်စမ်းပါ။
လူမျိုးတုန်း သတ်ဖြတ်မှုတွေ အကြောင်းဝေနှင်းပြောချင်ရင် ကက်ရှ်မီးရားမှာ ဟိန္ဒူဘာသာဝင်တွေကို
မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာခရစ်ယာန် အာမေးနီးယားလူမျိုးတွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ
ဘင်္ဂလားဒေရှ့်မှာ ဟိန္ဒူ ၊ ဗုဒ္ဓဘာသာဝင်တွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ ထိုင်းတောင်ပိုင်းမှာ
ဗုဒ္ဓဘာသာဝင်တွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ ဖိလစ်ပိုင်မှာ ခရစ်ယာန် ဖိလစ်ပင်းတွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ ညီမလေးဝေနှင်း အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ အကြောင်းဝေနှင်းပြောချင်ရင် ဒါတွေကို
ကမ္ဘာကြီး သိအောင်ကန့်ကွက်ပြောပြ လိုက်စမ်းပါ။
Myanmar Express

ယနေ့
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဦးတစ်ယောက် တစုံတရာ ထိန်းချုပ်မှု
လုံးဝမရှိပဲ နိုင်ငံရေး လောကတွင်း လွတ်လွတ် လပ်လပ်ဖြင့် ရှိသမျှ ပညာကုန်၊ အရည်အချင်းကုန်
ထုတ်သုံးကာ ကြိုးစားခဲ့မှု (၂) နှစ် တိတိပြည့်သည့်အချိန်ပင်ဖြစ်သည်။ ပြည်တွင်း ထုတ်ဂျာနယ်များ၊
မြန်မာပိုင်း အသံလွှင့်ဌာနများ နှင့် ၎င်း အား ထောက်ခံသူများ၏ ရေးသားဖော်ပြ အမည်ပေးမှုများကြောင့်
ဒုတိယ ဘုရားသခင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူတစ်ရပ်လုံး ချစ်တဲ့
အမေ၊ လူထုတစ်ရပ်လုံး ထောက်ခံတဲ့ အမေ၊ မြန်မာတစ်နိုင်ငံ လုံးတွင်အတော်ဆုံး လူသား ဟူ၍
နာမည်မျိုးစုံပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါက
၎င်း ၏ အရည်အချင်းနှင့် လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံကြီး နေ့ချင်း၊ ညချင်း နတ်ရေကန်ထဲ
ပစ်ချသလို တိုးတက်လာမည်ဖြစ်ကြောင်း ယုံကြည် ခဲ့ကြသည်။ သို့သော် ယနေ့ တွင် ဒေါ်အောင်ဆန်းစုကြည်
ရှိစုမယ့်စု အရည်အချင်းများကို အားကုန်ညှစ် သုံးစွဲခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် လုပ်လို့
တိုးတက်သွားသည့် မြန်မာ့နိုင်ငံရေး ဟူ၍ တစ်ခုမှ မတွေ့ရသလို ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင်မှုကြောင့်
ကောင်းကျိုးခံစားရသူ မြန်မာပြည်သူ ဟူ၍ ထွက်ပေါ်မလာခဲ့ပေ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းဦးဆောင်သော NLD ပါတီမှာ
တိကျ ခိုင်မှာ သည့် မူဝါဒ မရှိခြင်းကြောင့် ရှေ့နောက် စကား မညီခြင်း၊ ပထမ ကြေညာချက်နှင့်
ဒုတိယ ကြေညာချက် မူဝါဒ ကွဲမှားခြင်း၊ ပြောထားသည်နှင့် လုပ်ဆောင်မှု ဆန့်ကျင်နေခြင်းများမှာ
(၂) နှစ် ဟူသည့် ကာလ အတွင်းမှာပင် အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် တွေ့မြင်ခဲ့ရသည်။
မြန်မာနိုင်ငံကို ပြောင်းလဲရန်၊ တပ်မတော် အစိုးရ နှင့်
မူဝါဒ များကို ပြောင်းလဲရန် အနှစ် ၂၀ ကျော် ဦးတည်ကြိုးစားကာ ပါးစပ်မှ တဖွဖွ
ဆက်တိုက် ရေရွတ်နေသော်လည်း တပ်မတော် နှင့် အစိုးရ အဖွဲ့ ၏ အစီအစဉ် နှင့် လုပ်ဆောင်မှုများကို
တစ်စုံတစ်ခုမျှ ဟန့်တားနိုင်ခြင်း မရှိပဲ ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် အတိုက်အခံ
အဖွဲ့အစည်းများကိုသာ အစိုးရ မှ (၂) နှစ် အတွင်း အမျိုးမျိုး ပြောင်းလဲပေးခဲ့၊ လုပ်ချင်တိုင်းလုပ်ခဲ့သည်ကိုတွေ့မြင်ခဲ့ရသည်။
လွန်ခဲ့သည့် (၂) နှစ် အကြာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ
(၇) ရက်နေ့ တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အနှစ် (၂၀) အတွင်း ပထမဆုံး ရွေးကောက်ပွဲအား
မြန်မာလူထုမှ စိတ်ဝင်စားကာ မဲပေးဖို့ စဉ်းစားနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ
"အခြေခံဥပဒေအရ မဲမပေးပဲ နေခွင့်ရှိတယ်၊ မဲပေးစရာ NLD ပါတီ မရှိရင် မပေးနဲ့ပေါ့"
ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ ဦးဝင်းတင်ကလည်း ၂၀၀၈ အခြေခံဥပဒေ နွားတင်းကုတ် ဟုလည်းကောင်း၊
ရွေးကောက်ပွဲဝင် ပါတီများကို နွား ဟူ၍လည်းကောင်း ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်ခဲ့ကြသည်။
သို့သော် (၂) နှစ်အတွင်း ချက်ချင်းပြောင်းလဲကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ NLD ပါတီကို
မှတ်ပုံတင်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဆန္ဒပြခိုင်း သည့် ဒေါ်အောင်ဆန်းစုကြည်မှလည်း ၎င်း
အား မဲပေးရန် မိတ်ကပ်အဖွေးသားဖြင့် NLD ပါတီနှင့် လားလားမျှ မသက်ဆိုင်သော ဗိုလ်ချုပ်အောင်ဆန်း
ဓာတ်ပုံအား ဖော်ပြကာ မဲဆွယ်ခဲ့သည့် မျက်နှာကို (၂) နှစ် အတွင်း အကြိမ်ပေါင်းများစွာ
တွေ့ခဲ့ရသည်။
ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့၏
အစီအစဉ် အရ NLD ပါတီကို ၎င်းတို့ ရေးစွဲထားသော လမ်းပြမြေပုံအတွင်း တနေ့ မဟုတ် တနေ့ အလိုလိုရောက်လာစေရန်
စီစဉ်ခဲ့ရာ ရည်မှန်းထားသည့်အတိုင်းပင် လမ်းပြမြေပုံ ၇ ချက်အား တစ်ချက်ခြင်း ကန့်ကွက်ခဲ့သူ
NLD၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား အတိုက်အခံအားလုံး အပြေးအလွှား ဝင်ရောက်လာခဲ့သည်။
ပြည်ပမှ နာမည်ပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံမှာ အစိုးရ က မဖျက်ခိုင်းပဲ ၎င်းတို့သဘောနှင့်ပင်
ဖျက်လိုက်ရသည်။ အချို့ ပြည်ပ နာမည်ကြီး အတိုက်အခံများမှာ မြန်မာနိုင်ငံတွင် ကြာကြာနေချင်ကြ၊
ပါတီပင်ထောင်ကာ ရွေးကောက်ပွဲ ဝင်လိုကြသော်လည်း နိုင်ငံတွင်းတွင် အချိန်ကြာကြာနေခွင့်မရသဖြင့်
လိမ်ဖယ်လိမ်ဖယ်ဖြစ်ကာ ပြန်သွားခဲ့ကြရသည်။ ဤဖြစ်စဉ်များ နှင့် လွှတ်တော် အတွင်း၌ ဗိုလ်ချုပ်ကြီးဟောင်း
သူရဦးရွှေမန်း နှင့် ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်တို့ ခမ်းမတွင်းဝင်လာချိန်တွင်
ပဝါရှေ့ချကာ ပေကြောင်ပေကြောင် မတ်တတ်ရပ်ပေးနေရသော ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ တွေ့ရချိန်မှာ အကြိမ်ကြိမ် ပြုံးနေမည်ဖြစ်သလို ကွယ်လွန်ဦး ဦးနေဝင်း နှင့်
ဦးစောမောင်တို့လည်း ရောက်ရာဘဝ မှ ပြုံးနေကြမည်ဖြစ်သည်။
ရွေးကောက်ပွဲဝင်ကာ လွှတ်တော်အမတ်လုပ်မည့်
အတူတူ ၁၉၉၃ ညောင်နှစ်ပင် အမျိုးသား ညီလာခံကတည်းက ဦးသန်းရွှေ၏ ဆန္ဒကိုလိုက်လျှောလိုက်လျှင်
ယခုကဲ့သို NLD ပါတီလည်း မျိုးဆက် တစ်ခုစာ ပျောက်ပျက်သွားစရာ အကြောင်းမရှိပေ။ ယခုတော့
အမျိုးသားညီလာခံကိုကန့်ကွက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်း အမှားခြစ်ခဲ့ပြီးမှ လွှတ်တော်ထဲမှာ
မတ်တတ်ရပ်နေရပြန်သည်။
လွန်ခဲ့သည့် (၂) နှစ်က ဒေါ်အောင်ဆန်းစုကြည်
မှ ဦးဥာဏ်ဝင်းအား ဘူးသီး ပေးခဲ့ခြင်းကြောင့် ဘူးမဏပ်မှာ ဘူးသီးကြော်ကျွေးပြီး ဘူးသံချပ်ပြိုင်ကာ
ရွေးကောက်ပွဲ ကို မဝင်ဘူး.. မဝင်ဘူး.. ဟု အော်ခဲ့သူများ အတွက်တော့ (၂) နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်
ဘာမှ ပြန်မလုပ်ပေးနိုင်ခဲ့ပေ။
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က
NLD ရုံးရှေ့တွေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတစ်ခု စပြောခဲ့ရာ အချိန် နာရီဝက်ခန့်ကြာသော်လည်း
အနှစ်သာရ ဘာတစ်ခုမှ မပါခဲ့ပေ။ မိန့်ခွန်းတွင် သူမနေဖြင့် နေ့စဉ် BBV, VOA, RFA နှင့်
DVB တို့ မှ အသံလွှင့်သမျှကို နားထောင်ခဲ့ကြောင်း၊ ဖုန်းကိုင်ဆောင်သူ အများအပြားတွေ့ရသဖြင့်
ဆက်သွယ်ရေးဖက်တွင် များစွာ တိုးတက်လာကြောင်း၊ ပြည်သူတွေပြောသမျှ ထိုင်နားထောင်မည့်အကြောင်း၊
အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမည့် အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးမှာ အလွန်အရေးကြီးကြောင်း၊
သူမ၏ နေအိမ်တွင် သူမအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့သော တပ်မတော်သားများကို တန်ဖိုးထား
ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး
မိန့်ခွန်းအား နိုင်ငံရေးအကဲခက်များမှ အထူးသတိထားမိကာ ဝေဖန်မှုများ ဆူညံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို
အချိန်ပြည့်နားထောင်သူ တစ်ဦးသည် ၎င်း အသံလွှင့်ဌာနများ၏ ရည်ရွယ်ချက်နောက်သို့လိုက်ကာ တဖက်စွန်းရောက်ခြင်း၊
အမေရိကန်၊ ဗြိတိန် နှင့် နော်ဝေ နိုင်ငံတို့အား အထင်ကြီးခြင်း တို့ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း
သုံးသပ်ကြသည်။ ထိုအချိန်က ရွေးကောက်ပွဲကျင်းပအပြီး တစ်ပတ် အကြာဖြစ်သောကြောင့် အမျိုးသားရင်ကြားစေ့
ရေး ဟူသည့် လက်နက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် နိုင်ငံရေးလောကတွင်းတွင် ဘာမျှ
လုပ်နိုင်မည် မဟုတ်ကြောင်း သုံးသပ်ခဲ့ကြသည်။ မျှော်လင့်ထားသည့် အတိုင်းပင် (၂) နှစ် တာကာလတွင်း မည်သည့်
အမျိုးသားရင်ကြားစေ့ရေးကို မျှ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။
ထို့နောက့် လူထုအသံနား
ထောင်မည်ဟု ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် VOA, RFA မှ မေးခွန်းများဖြေကြားခြင်း
အစီအစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ဆောင်ရင်း အချိန်ဖြုန်းခဲ့သော်လည်း နောက်ပိုင်းတွင်း
မေးခွန်းများ ခက်ခဲလာခြင်းကြောင့် ၎င်းအစီအစဉ်အား ရပ်နားခဲ့ရသည်။ ပြည်သူ့ အသံနားထောင်ပါမည်၊
မေးသမျှဖြေပါ့မယ် ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် လပိုင်းအတွင်း ရှေ့နောက်မညီမှုများကို
တွေ့လာရသည်။ အထင်ရှားအမြင် သာဆုံးတစ်ခုမှ မည်သူ့ကိုမဆို တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု
ပြောဆိုပြီး မကြာမီတွင် ဦးမင်းဆွေ မှ တွေ့ခွင့်တောင်းခဲ့ရာ တွေ့ခွင့် မရပေးခဲ့ပေ။
ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်အား
တကယ့် တန်ခိုးရှင်တစ်ဦး၊ ဒုတိယဘုရားသခင် တစ်ဦးအဖြစ် လူတစ်စုက ယုံကြည်နေလျှက်ပင် ရှိနေခဲ့သည်။
၎င်းကို အထင်ကြီးမြှောက်စားသူများ၏ ကြားတွင် နေချိန်ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင်
၎င်းကိုယ်တိုင်လည်း ထိုသို့ထင်လာခဲ့သည်။ ယောင်္ကျားစည်း ၊ မိန်းမစည်း မစောင့်တော့ပဲ
ယောင်္ကျားများကို ကြမ်းပြင်ထိုင်ခိုင်းခြင်း၊ ကန်တော့ခိုင်းခြင်း၊ ဘုန်းကြီးများမှ ဒေါ်အောင်ဆန်းစုကြည်၏
ဓာတ်ပုံကို ကန်တော့ခြင်းအား မတားမြစ်ခြင်း တို့ကို တွေ့မြင်လာရသည်။ ယခင်တုန်းကလည်း
သီလရှင်လေးများကို ကြမ်းပြင်တွင်ထိုင်ခိုင်း၍ ဒေါ်အောင်ဆန်းစုကြည်မှ ကောဇောပေါ်ထိုင်ကာ
စကားပြောခဲ့ဖူးသည်။ စစ်ဗိုလ်ချုပ်ဟောင်းများ
ဦးဆောင်၍ နိုဝင်ဘာလ တွင် ရွေးကောက်ပွဲ လုပ်ဆောင်ခဲ့ကာ ဧပြီလတွင် သမ္မတရွေးချယ်ခြင်း၊
လွှတ်တော်အမတ်များ ခေါ်ယူခြင်းများ လုပ်ဆောင်နိုင်ခဲ့သော်လည်း နိုဝင်ဘာလ မှ ဧပြီလထိ ဒေါ်အောင်ဆန်းစုကြည်
ဘာတစ်ခုမှ မယ်မယ်ရရ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ဧပြီလတွင် နိုင်ငံတော်ကြီးအား ၅
နှစ်တာ အုပ်ချုပ်မည့် သမ္မတ၊ ဒုသမ္မတများကို ရွေးချယ်ဖို့ လွှတ်တော်အမတ်များ အလုပ်ရှုတ်နေချိန်၊
စစ်ဗိုလ်ချုပ်ကြီးဟောင်းအချို့ သင်္ကြန်တွင်း သာသနဘောင် ဝင်နေချိန်တွင် အသက် ၆၆ နှစ်အရွယ်
ဒေါ်အောင်ဆန်းစုကြည်မှာ သင်္ကြန်မှာ ရေကစားကာအချိန်ဖြုန်းခဲ့သည်။ သမ္မတလုပ်ကာ နိုင်ငံကြီးတစ်ခုလုံးကိုပင် အုပ်ချုပ်မည်ဟု ကြွေးကြော်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည်
၂၀၁၁ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော မလေးရှား NLD-LA အား မလေးရှား လဝက မှ ဝင်ရောက်ဆီးနင်းခြင်း
ကိစ္စ၊ မလေးရား NLD-LA မှ မှတ်ပုံတင်အတု လုပ်ဆောင်မှု ကိစ္စများကို ဝင်ရောက်ဖြေရှင်း တစ်စုံတရာ
မရှိသလို၊ မလေးရှားရှိ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ အတိုက်အခံများက NLD-LA ကို
ဖျက်သိမ်းရန် တောင်းဆိုခဲ့ခြင်းကိုလည်း ယခုချိန်ထိပင် မသိကျိုးကျွန်ပြုကာ နှုတ်ဆိတ်နေခဲ့သည်။
မည်သူနှင့်မဆို တွေ့ဆုံရန် အဆင်သင့်ရှိသည်
ဟု ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
ယခင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် ပထမ အကြိမ်တွေ့ဆုံချိန်မှာပင် မျက်နှာအမူအရာ
မှာ မသာမယာ သိသိသာသာ ဆိုးဆိုးရွားရွားဖြစ်နေသဖြင့် လူအများ၏ ဝေဖန်ခြင်းကို ထိုအချိန်က
ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ စစ်ဗိုလ်ချုပ်ဟောင်းများကလည်း ၎င်းတို့၏ မူလ အစီအစဉ်အတိုင်း
အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပန်းလျှက်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံးဝ တားမြစ်၊
ကန့်သတ်နိုင်စွမ်း မရှိခဲ့ခြေ။ ဒေါ်အောင်ဆန်းစုကြည်၏
စွမ်းဆောင်မှုကြောင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများ ဘာမှ လုပ်ဆောင်နိုင်ခြင်း
မရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ဆန်းဦးတို့ မောင်နှမ နှစ်ယောက်တို့
အချင်းချင်းအပြန်အလှန် တရားစွဲဆိုခြင်းများကို လုပ်ဆောင်ခြင်းကြောင့် လူထုက စိတ်ပျက်ခဲ့ရသည်။
မိဘ အမွေဖြစ်သော အိမ်တစ်အိမ်အား ကျန်ရှိသူ မောင်နှမ နှစ်ယောက်မှ အညီအမျှ အတူ ရယူကြရမည်ဖြစ်သော်လည်း
အငယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ အစ်ကိုဖြစ်သူအား ခွဲမပေးလိုပဲ တစ်ဦးတည်း အပိုင်စီးလိုခြင်းကြောင့်
တရားစွဲခဲ့သည်။ နေအိမ်တလုံးအတွက် အစ်ကိုအရင်းဖြစ်သူကိုပင် တရားစွဲခဲ့သော ပစ္စည်းဥစ္စာမက်မောသည့်
ဒေါ်အောင်ဆန်းစုကြည်သည် ယခု အခါ သမ္မတလုပ်မည်ဟု ပင် ကြွေးကြော်ထားပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်
မှ အချင်းချင်းစည်းလုံးဖို့၊ ရန်မဖြစ်ဖို့၊ ညီညွတ်ဖို့၊ ရင်ကြားစေ့ဖို့ ပါးစပ်ကသာ ပြောဆိုလျှက်ရှိပြီး
၎င်း ကိုယ်တိုင်မှာ မောင်နှမအရင်း အချင်းချင်းကိုယ်ပင် မျက်နှာချင်းမဆိုင်နိုင် ပဲ တရားစွဲနေခြင်းအတွက်
ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာ ရှေ့နောက် မညီခြင်ကြောင်း၊ ပြောနှင့်လုပ်တာ တခြားဆီဖြစ်နေကြောင်း၊
ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့် ဟုသည့် လူစားမျိုးဖြစ်ကြောင်း သိသာထင်ရှားစေခဲ့သည်။
Myanmar Express

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်မှာ
တရားမ၀င် ရောက်ရှိနေတဲ့ မြန်မာပြည်သား ၆၁ ယောက် ဒီမနက် အဖမ်းခံရပါတယ် တဲ့။ သူတို့ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့
နေအိမ်တခုမှာ ခေတ္တ ရောက်ရှိစဉ် အဖမ်းခံရတာပါ တဲ့။ ထိုင်းအာဏာ ပိုင်တို့ကတော့ အိမ်ရှင်ဟာ
လူကုန်ကူးသူလို့ ယူဆနေပါတယ်။
အိမ်ရှင် ဖြစ်တဲ့ အသက် ၂၁ အရွယ် အိမ်ရှင် ထိုင်းနိုင်ငံသားကိုလည်း တရားမ၀င် အလုပ်သမားများလက်ခံထားမှုနဲ့
အရေးယူထားတယ်လို့ ဆိုတယ်။မြန်မာပြည်သားတွေကိုတော့ အဲဒီမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး
မကြာခင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ်လို့ ဆိုပါတယ်။
အဲဒါကတော့ www.thairath.co.th မှာ ထိုင်းဘာသာနဲ့ ရေးထားတဲ့ သတင်း ကောက်နုတ်ချက်ပါ။
မြန်မာပြည် အနယ်နယ်အရပ်ရပ်က အလုပ်အကိုင် ရှာဖွေသူတွေဟာ ထိုင်းနိုင်ငံတွင်း ၀င်ရောက်
အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဒေသကို နေ့စဉ်နဲ့အမျှ ရောက်ရှိနေပါတယ်။ထိုင်းကို တခါမှ မရောက်ဖူးသူတွေ
ပါသလို ရောက်ဖူး၊ သွားလာ နေထိုင်လုပ်ကိုင် ဖူးသူလည်း ပါပါတယ်။ လူသယ်ယူပို့ဆောင်သူ၊
ပွဲစား၊ လူကုန်ကူးသမား စတဲ့ စတဲ့ အဆက်အသွယ် အမျိုးမျိုးကို ချိတ်ဆက်ပြီး ထိုင်းနိုင်ငံထဲက
ကိုယ်သွားလိုတဲ့ နေရာကို သွားကြတာပါ။ ထိုင်း၊ မြန်မာ နှစ်နိုင်ငံဟာ နယ်နိမိတ်ချင်း
ထိစပ်နေတဲ့အတွက် ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ စတဲ့ ပြည်နယ်/တိုင်းဒေသကြီး ၅ ခုကနေ
နယ်စပ်ဖြတ်ကျော် သွားရောက်တဲ့လမ်းကြောင်း အများအပြား ရှိပါတယ်။ အထက်ဖော်ပြပါ ၆၁ ဦး
ထိုင်းနိုင်ငံအတွင်း ၀င်ရောက်သွားတဲ့ လမ်းကြောင်းကတော့ ဘုရားသုံးဆူလမ်း ဖြစ်ဖွယ် ရှိပါတယ်။
ထိုင်းမှာ မြန်မာပြည်သား သိန်းသန်းချီ နေထိုင် လုပ်ကိုင်နေပေမယ့် တရားဝင် စာရွက်စာတမ်း
အထောက်အထား ကိုင်ဆောင်မထားနိုင်သူ အများအပြား ရှိပါတယ်။
အလုပ်သမားလက်မှတ် လျှောက်ထား ရယူလိုတဲ့ အလုပ်သမားဟာ အလုပ်ရှင်ရဲ့ အကူအညီနဲ့ လျှောက်ထားနိုင်ပါတယ်။
ဧရာဝတီ
အမျိုးသမီးတစ်ဦးအား လူပျိုလူလွတ်၊
အိမ်ထောင်မရှိဟု ပြောဆိုကာ လက်ထပ်ပြီး စွန့်ပစ်သွားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ထောင်စု ၀န်ကြီးတစ်ဦး၏ သားဖြစ်သူကို ယင်းအမျိုးသမီးက
လိမ်လည်မှုဖြင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲဆိုခွင့် ရရှိသွားပြီဖြစ်သည်။
တရားလို အမျိုးသမီးက ကျောက်တံတားမြို့နယ် တရားရုံး တွင် ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုရာ
နိုဝင်ဘာလ ၈ ရက်၌ ပြစ်မှုကြီးအမှတ် ၁၄၀/၂၀၁၂ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ အရ တရားစွဲဆိုခွင့်
ရရှိသွားကြောင်း တရားလို မမြနန္ဒာညွန့်နှင့်၎င်း၏ ရှေ့နေများထံမှ သတင်းရရှိသည်။ မမြနန္ဒာညွန့်နှင့်
စွပ်စွဲခံရသူ ကိုသီဟအောင်တို့မှာ ၂၀၁၀ ပြည့်နှစ် ဇွန်လ၁၉ ရက်တွင် ရန်ကုန်တိုင်း တရားရုံး
ဦးစီးအရာရှိ ဒေါ်သီတာစမ်း၏ ရှေ့မှောက်တွင် နှစ်ဖက်အသိ သက်သေနှစ်ဦးတို့ နှင့်အတူ နှစ်ဦးသဘောတူ ထိမ်းမြားမင်္ဂလာ ကတိသစ္စာပြုလွှာဖြင့်
လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြကြောင်း သိရသည်။ “လက်ထပ် ပြီး သူ့မိဘတွေ သွားကန်တော့တော့
သူ့အမေက သူ့သားမှာ မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတယ်။ နင့်ကို အသိအမှတ်မပြုနိုင်ဘူးလို့
ပြောတယ်။
လက်ထပ်ပြီး တစ်လပဲအတူနေလိုက်ရတယ်။ သူ့မိဘအိမ် ခဏပြန်မယ်ဆိုပြီး သွားလိုက်တာနောက်ပိုင်းလုံးဝကို
ကျွန်မဆီပြန်မလာတော့ပါဘူး။ တရားဥပဒေအတိုင်း အဆုံးအထိ ဆက်ရင်ဆိုင်သွားမှာပါ” ဟု မမြနန္ဒာညွန့်ကပြောသည်။
တရားလို မမြနန္ဒာညွန့်မှာ ကိုသီဟအောင်ကို ယခုနှစ် မေလ ၈ ရက်တွင် ကျောက်တံတား တရားရုံး၌
ဦးတိုက်လျှောက်ထားခဲ့ပြီးသြဂုတ် လ ၁၃ ရက်တွင် ကျင့်ထုံးပုဒ်မ ၂၀၃ အရ ဦးတိုက်လျှောက်ထားမှုကို
ပလပ်လိုက်ခြင်းကြောင့်ခရိုင်တရားရုံးသို့ ပြင်ဆင်မှုတင်သွင်းခဲ့သည်။ခရိုင်တရားရုံးက
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၃၆ အရ အမှုအား လက်ခံစစ်ဆေးရန် အမိန့်ချမှတ်ခဲ့သဖြင့်
ကျောက်တံတားမြို့နယ်တရားရုံး တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ အရ အမှုကို လက်ခံစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိသည်။ “ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ ဆိုရင် အများဆုံးဖြစ်ကြတာက လက်ထပ်မယ်လို့
ယုံကြည်အောင် ပြောဆိုပြီး ကာမကို လိမ်လည်ရယူမှုပါ။ လက်ထပ်စာချုပ်မှာကိုက အိမ်ထောင်မရှိသူ
လူပျိုလူလွတ် ဖြစ်ပါတယ်လို့
ကျမ်းကျိန်ပြီး လက်ထပ်ခဲ့တယ်။ ပြီးတော့ ဆက်လက်ပေါင်းသင်းရန် ငြင်းဆန်ရှောင်ကွင်းသွားတယ်။
ဒီအမှုဖြစ်စဉ်နဲ့ တရားစွဲဆို ရင်ဆိုင်မှာပါ” ဟု မမြနန္ဒာညွန့်၏ ရှေ့နေကိုအယ်လ်ခွန်ရိန်ပန်က
7Day News သို့ ပြောသည်။ ယခုအမှုတွင် စွပ်စွဲခံရသူကို သီဟအောင်မှာ လက်ရှိ သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဆန်း၏ သားဖြစ်ကြောင်း တရားလိုနှင့် ၎င်း၏ရှေ့နေများက အတည်ပြုပြောကြားသည်။ ယခုအမှုကို
မမြနန္ဒာညွန့်ဘက်မှ တရားစွဲဆို နေစဉ်အတွင်း ကိုသီဟအောင်၏ မိသားစုဘက်မှ ကွာရှင်းရန်
ငါးကြိမ်တိတိ လာရောက်ကမ်းလှမ်း ပြောကြားခဲ့ကြောင်း၊ မကွာရှင်းပါကသတင်းစာများတွင် ၎င်းတို့၏
သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက် ထည့်သွင်းမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။
မမြနန္ဒာညွန့်ဘက်မှ တရားစွဲဆို ထားသည့်အတွက် စက်တင်ဘာလ ၂၇ ရက်ထုတ် ကြေးမုံနှင့်
မြန်မာ့အလင်း သတင်းစာတို့တွင် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက် ထည့်သွင်း
ဖော်ပြခဲ့ကြောင်း မမြနန္ဒာညွန့်နှင့် သတင်းစာပါ ကြေညာချက်များအရ သိရသည်။ “ကျွန်မနဲ့လက်ထပ်ပြီး
နှစ်ပတ်လောက် တုန်းကလည်း မိဘတွေရဲ့ပိုင်ဆိုင်မှုကို သားဖြစ်သူက ရောင်းချလက်လွှဲခွင့်
မရှိဘူးဆိုပြီး သတင်းစာမှာ ကြေညာပါသေးတယ်။ ကျွန်မ ငွေမလိုပါဘူး။ ငွေမက်လို့ သူ့ကိုလက်ထပ်တာ
မဟုတ်သလို တရားစွဲတာလည်း မဟုတ်ပါဘူး” ဟု မမြနန္ဒာညွန့်ကပြောသည်။ အဆိုပါအမှုကို နိုဝင်ဘာ
၂၁ ရက်တွင် ပြန်လည်ချိန်းဆိုထားပြီး စွပ်စွဲခံရသူ ကိုသီဟအောင် တရားရုံးရှေ့သို့
လာရောက်ရန် သမ္မာန်စာဆင့်ခေါ် ထားကြောင်းသတင်းရရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကိုသီဟအောင်ထံ
7 Day News က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ “ဘာမှပြောစရာမရှိပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီလူဦးရေ အဆမတန်များ လာခြင်းပေါ်
အရေးယူမှုမရှိလျင် မကြာခင် ရခိုင်ပြည်နယ်အတွင်း ခြေချစရာမရှိအောင် အထိနေရာလပ် မရှိအောင်
ဘင်္ဂလီများ တိုးပွားလာမည်ဖြစ် ကြောင်း အစိုးရအဖွဲ့ဆိုင်ရာများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက
သုံးသပ်ပြောဆိုကြပါသည်။
ဖြစ်ပွာခဲ့သော ပြဿနာများသည် ဘင်္ဂလီများနယ် မြေချဲ့ထွင်မှုကြောင့် ဖြစ်ပေါ်လာရ သည်ဟုပြောဆို
ကြရာတွင် အချက်ပေါင်း မြောက်များစွာရှိသည်ကို တွေ့ရသည်။ ယင်းအနက် တစ်ချို့သော အရေးကြီး
သည့် အချက်များမှာ-
(၁)ဘင်္ဂလီအရေအတွက်များပြားလာခြင်းကြောင့်မြေပိုင်ဆိုင်လိုမှုများလာခြင်း
(၂)ရခိုင်ပြည်နယ်အားဘင်္ဂလီနိုင်ငံထူထောင်လိုခြင်း
(၃)နောက်ကွယ်ကကြိုးကိုင်သူများ၏မှိုင်းတိုက်မှုကိုခံယူထားခြင်း
(၄)အမျိုးသမီးများအားမွေးဖွားနုန်းမြင့်မားအောင်တစ်နှစ်တစ်ယောက်ကလေးယူစေခြင်း
(၅)အမျိုးသားများအနေဖြင့်မိန့်မအကန့်အသတ်မဲ့ယူနိုင်ရန်ပြင်ဆင်လာခြင်း
(၆)၁၆နှစ်ကတည်းကအိမ်ထောင်ချပေးထားခြင်း
(၇)မြန်မာတစ်နိုင်ငံလုံးဘင်္ဂလီများပျံ့နှံ့နေထိုင်နိုင်ရေးအတွက်မှတ်ပုံတင်ရယူလိုခြင်း
(၈)လူဦးရေဖြင့်နယ်မြေလုလိုခြင်းနှင့်လူမျိုးရောယှက်အောင်ဖန်တီးခြင်း
(၉)အနောက်နိုင်ငံမှဝင်ရောက်လာသောအဖွဲ့အစည်းများသနားအောင်ပြုလုပ်ခြင်း
(၁၀)လူမျိုးခြားများကိုယူပြီးဘင်္ဂလီဘာသာသို့တိုးဝင်လာစေခြင်း
(၁၁)တဏှာရာဂကြီးမားအောင်မွေးကင်းစကတည်းကလေ့ကျင့်ပြုပြင်ပေးထားခြင်း
(၁၂)ဗုဒ္ဓဘာသာနှင့်ဆန့်ကျင်ဘက်အလုပ်များအားလုံးကိုပြုလုပ်ရန်တိုက်တွန်းထားခြင်း
(၁၃)ဗလီဆရာများ၏ အမိန့်အာဏာကို ဖယ်ရှား၍မရအောင် ဘာသာရေးမှိုင်းတိုက်ထားခြင်း
အစရှိသော အကြောင်းအရာများနှင့် အခြားအကြောင်း အရာများစွာ ကိုလည်းတွေ့ရှိရကြောင်း သိရသည်။
ယင်းအတွက် လူဦးအဆမတန် တိုးပွားခြင်းအား ဟန့်တားရန် လိုအပ်နေပြီဖြစ်ကြောင်းနှင့် မောင်တော
ဒေသတွင် ၄ ရာခိုင်နုန်းသာ ရခိုင်နှင့်အခြား တိုင်းရင်းသားများ ရှိနေသဖြင့် တစ်နှစ်လျင်
၁ ရာခိုင်နုန်း တိုးလာသော လူဦးရေသည် နောက်ထပ် ၄ နှစ်အတွင်း ၁၀၀ ရာခိုင်နုန်းသို့ ရောက်ရှိသွားမည်ဖြစ်ရာ
မွေးဖွားနုန်းမကန့်သတ်ဘဲ ထားလျင် မောင်တောဒေသည် လွန်စွာစိုးရိမ် နေရကြောင်းလည်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်း ယခုအခါတွင် မွေးဖွားနုန်း အမြင့်ဆုံးမှာ ဘင်္ဂလီလူမျိုးများသာဖြစ်
သဖြင့် စိုးရိမ်မှုအရှိဆုံး ကိစ္စတစ်ရပ် ဖြစ်ကြောင်းလည်း တင်ပြအပ်ပါသည်။
Myanmar Express

နိုဝင်ဘာ
၁၄ ရက် နံနက် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏
အရှေ့မြောက်ဘက် ၂၄ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော
မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နံနက် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော
မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
အဆိုပါငလျင်သည် မိုးကုတ်မြို့၏ အနောက်ဘက် ၃၆ မိုင်၊ မန္တလေးမြို့၏ မြောက်ဘက် ၅၉ မိုင်၊
ပြင်ဦးလွင်မြို့၏ မြောက် အနောက်မြောက်ဘက် ၆၄ မိုင်နှင့် နေပြည်တော်၏ မြောက်ဘက် ၂၁၂
မိုင်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၁ ရက်က ရွှေဘိုမြို့နယ်အနီး ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်သော
ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲအဖြစ် အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်ရှိသော
ငလျင်များ ဆက်လက် လှုပ်ခတ်လျက်ရှိရာ နိုဝင်ဘာ ၁၂ ရက် နံနက် ၀၀ နာရီ၊ ၄၉ မိနစ်၊ ၄၂ စက္ကန့်တွင်
မိုးကုတ်မြို့မှ ၃၉ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော
ငလျင်၊ နိုဝင်ဘာ ၁၃ ရက် မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၃)မိနစ်၊ (၀၄)စက္ကန့်အချိန်တွင်
နေပြည်တော်၏တောင်ဘက် ၃၅ မိုင်ခန့်နှင့် ဆွာမြို့၏အနောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြု၍
အင်အား ရစ်ခ်ျတာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
Myanmar Express
ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့
အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး
သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည်
ခေါင်းဆောင်ကောင်း မဟုတ်။
ခေါင်းဆောင်အမျိုးအစား
(၁)ဉာဏ်ပညာရှိပြီးပျင်းသောခေါင်းဆောင်
(၂)ဉာဏ်ပညာလည်းမရှိပျင်းလည်းပျင်းသောခေါင်းဆောင်
(၃)ဉာဏ်ပညာရှိပြီးလုံ့လရှိသောခေါင်းဆောင်
(၄)ဉာဏ်ပညာရှိသော်လည်းလုံ့လရှိသောခေါင်းဆောင်
ခေါင်းဆောင် တစ်ယောက်သည် ပေးကမ်း ရက်ရောတတ်မှု၊ မခွဲခြား တတ်မှု၊ စွန့်လွှတ်လုပ် ကိုင်တတ်မှု
စသည့် စိတ်ထား သုံးခုနှင့် ပညာ ဉာဏ်ရှိမှု၊ ယုံကြည် ကိုးစား ထိုက်မှု၊ စိတ်စေတနာ ကောင်းမှု၊
သတ္တိရှိမှု၊ တိကျ ပြတ်သား တတ်မှု စသည့် အရည်အချင်း ငါးရပ် ရှိရန် လိုအပ်သည်။ သို့တစေ
အလုပ် လုပ်ရာ တွင်လည်း ခေါင်းဆောင် ပီသကြောင်း ပြဖို့ လိုသည်။ အဖွဲ့အစည်း တစ်ရပ် တွင်
ခေါင်းဆောင် လုပ်ရမည့် လုပ်ငန်းမှာ လေးရပ်ရှိသည်။
(၁)မူဝါဒလုပ်ငန်း၊
(၂)လူများနှင့်ဆိုင်သောလုပ်ငန်း၊
(၃)ပစ္စည်းပိုင်မှုဆိုင်ရာလုပ်ငန်းနှင့်
(၄)လူထုလေးစားမှုရရှိရန်လုပ်ငန်းတို့ဖြစ်သည်။
Myanmar Express
ထိုင်းမြန်မာနယ်စပ်မြို့ တခုဖြစ်သည့်
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ရက်သတ္တ နှစ်ပတ်အတွင်း ကျပ်ငွေ သိန်း (၉၀) ကျော်တန်ဖိုးရှိ ရွှေငွေ ပစ္စည်းများ ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့်
ဖောက်ထွင်းမှု ၁၀ မှုအနက် အခြေအနေ ဆိုးဝါးသည့် ဖောက်ထွင်းမှု ၅ မှုတွင် ယင်းပမာဏအထိ ရှိနိုင်ကြောင်း
ဘုရားသုံးဆူရှိ အစိုးရ အာဏာပိုင်များ ကောက်ခံရရှိထားသည့် စာရင်းအရ သိရသည်။အာဏာပိုင်များနှင့်
နီးစပ်သူတစ်ဦးက “ခိုးမှု ငါးခုကိုပဲ ကောက်ထား တာတောင်မှ ပါသွားတဲ့ ပစ္စည်းတန်ဖိုးက သိန်းကိုးဆယ်
နဲ့ ခြောက်သောင်း ရှစ်ထောင်ငါးရာကျပ်ပါ။ ခိုးမှုက ဘယ်လောက် ဆိုးလဲဆိုရင် အိပ်နေတဲ့ အိမ်ရှင်ရဲ့လည်ပင်း မှာ ဆွဲထား တဲ့ ရွှေဆွဲကြိုးတောင် ဖြတ်ယူတာ။ နောက် လုံခြုံရေးတွေ ချထားတဲ့ကြားက
ခိုးမှုတွေဖြစ်တာ” ဟုကေအိုင်စီသို့ပြောသည်။
ဘုရားသုံးဆူမြို့ရှိ ဖောက်ထွင်းခိုးယူမှု အများဆုံး ဖြစ်ပွားရာ အမှတ်(၃)ရပ်ကွက်တွင်
ခိုးမှုနှင့်ပတ်သက်၍ မသင်္ကာသူ အချို့ကို ရဲအာဏာပိုင်များက ဖမ်းဆီးစစ်ဆေး ခဲ့သော်လည်း
တရားစီရင်ရေး မရှိသည့်အကြောင်း ပြချက်ဖြင့် နှစ်ရက်၊ သုံးရက်အတွင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း
မြို့ခံများက ဆိုသည်။ယင်းရပ်ကွက်နေ ဖောက်ထွင်းခံရသည့် မြို့ခံတစ်ဦးက “ခိုးမှုတွေဖြစ်တာ မှောင်တဲ့အချိန်ဆိုတော့
ဘယ်သူ့လက်ချက် လို့ ပြောရတာခက်တယ်။ ကျနော်တို့ကတော့ ဒီလိုခိုးမှုတွေကို အမြန်ဆုံး ပပျောက်သွားစေချင်တယ်။
အခုတချို့အသက်ကြီး ၀ါကြီး အမျိုးသမီးတွေလည်း မအိပ်ရဲကြဘူး” ဟု ပြောသည်။ထို့အပြင် ဖောက်ထွင်းမှုများ
မကြာခဏ ဖြစ်ပွားလျှက်ရှိရာ သက်ဆိုင်ရာ အာဏာပိုင်များထံ သွားရောက်တိုင်ကြား သော်လည်း
အခြေအနေ ထူးခြားမလာသည့်အပေါ် မြို့ခံများက စိတ်ပျက်နေကြသည်ဟုလည်း ဆိုသည်။ဘုရားသုံးဆူမြို့တွင်
ဖောက်ထွင်းခိုးယူမှု အပါအ၀င် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှုနှင့်
ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ချင်းပြည်နယ်၏ စီးပွါးရေးအသက် သွေးကြောတခုဖြစ်သော
အမှတ် (၂) ကုန်သွယ်ရေးလမ်း တွင် နိုဝင်ဘာ ၈ ရက်နေ့ က လူစီးကား တစီး တိမ်မှောက်ခဲ့ရာ ၂ ဦး ပွဲချင်းပြီး
သေဆုံးပြီး ၁၀ ဦးကျော်ဒါဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။ အိန္ဒိယ-မြန်မာနယ်စပ် Tiau ချောင်းမှ ကလေးမြို့သို့
တက်သွားသောရွှေနယ်စပ် ခရီးသည်တင် လူစီးကားသည် New eden နှင့် Hmun Thar ကျေးရွာအကြား
လမ်းချော် တိမ်းမှောက်ခဲ့သည်ဟု တီးတိန်မြို့ ဒေသခံ အမျိုးသမီးတဦးက ပြောဆိုသည်။“ကားမှောက်တာ
၁၂ နာရီခန့်မှာ၊ ပွဲချင်းပြီး ၂ ဦးသေဆုံးတယ်၊ ပြီးတော့ ကလေးငယ်ပေါင်ကျိုး သွားတယ်၊
အချို့ခရီး သယ်တွေလည်း ဒဏ်ရာအပြင်းအထန်ရတယ်၊ ဒဏ်ရာရခရီးသည်တွေကို ရိဒ်ဆေးရုံကို ပို့ကြတယ်”
ဟု အဆိုပါ အမျိုးသမီးက ပြောသည်။အိန္ဒိယ – မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းတွင် မကြာခဏ
ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာ ရမှုများ ရှိသော်လည်း အစိုးရမှ ယင်းလမ်းအား
ကောင်းမွန်အောင် ပြုပြင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။အလားတူ
နိုဝင်ဘာလ ၇ ရက်နေ့က ကလေးမြို့မှ နယ်စပ်သို့ ဆင်းလာသူ ခရီးသည် အမျိုးသမီးတဦးကလည်း
“ကျမတို့ စီးလာတဲ့ကားက လမ်းချော်လွန်းလို့ ခရီးသည်တွေ ၈ နာရီခန့် ခြေကျင်လျှောက် ရတယ်”ဟု
ပြောသည်။အဆိုပါ လမ်းကြောင်းပေါ် ပြေးဆွဲနေသည့် ခရီးသည်တင် ကားများသည်ခရီးသည် ၇ ဦးသာ
တင်ဆောင်နိုင် သော်လည်း ကားပိုင်ရှင်များက ၁၃ ဦးခန့်တင်လေ့ရှိကြောင်း သိရသည်။ချင်းပြည်နယ်၏
အဓိကလမ်းမကြီး တခုဖြစ်သည့် ၂၅ မိုင် ၄ ဖာလုံ အကွာအဝေးရှိ သိုင်းငင်းတီးတိန် လမ်းမကြီးအား
လာမယ့်နှစ်တွင် ကျပ်ငွေ ၂,၉၀၉ သန်း အကုန်အကျခံ၍ ပြုပြင်တည်ဆောက်မည်ဟု အောက်တိုဘာ ၁၈
ရက်ထုတ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့
ကိုရီးယားနိုင်ငံသားပိုင် မြန်မာဟေးဝေး (Myanmar Hae
Wae) အထည်ချုပ် စက်ရုံက အလုပ်သမား (၇၀)ကျော်ကို စက်ရုံဘက်ကနေ
အလုပ်ထုတ် လိုက်တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ဒီကနေ့ ပဋိပက္ခ
ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့မှာ အလုပ်သမား (၇၀)ကျော်ဟာ စက်ရုံမှာ အလုပ်ဆင်းဖို့
သွားရောက်တာကို စက်ရုံဘက်က ၀င်ခွင့်မပြုဘဲ အလုပ်ထုတ်လိုက်တဲ့ အကြောင်း
အသိပေးပြောကြား လိုက်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက
မကျေနပ်ကြဘူးလို့ အလုပ်သမားခေါင်းဆောင် ဒေါ်သန်းသန်းဦးက RFAကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က အရည်အသွေး စစ်ဆေးရေးဌာနက အလုပ်သမား (၁၉)ဦးကို
တခြား အလုပ်ဌာနတစ်ခုကို ပြောင်းရွှေ့လိုက်တာနဲ့ ပက်သက်ပြီး အလုပ်သမားတွေဖက်က
မကျေနပ်တဲ့အတွက် ဌာနတူ အလုပ်သမား (၇၀) ကျော်ဟာ အဲဒီနေ့မှာပဲ စက်ရုံတွင်းမှာ
အလုပ်မလုပ်ဘဲ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး မြို့နယ်အလုပ်သမား ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့
အလုပ်ရှင် ကိုယ်စားလှယ် ၀န်ထမ်းတွေက ဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင်
(၆) ဦးကို ခေါ်ယူပြီး စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်း ခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေဟာ
အခုလို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံရတာကို မကျေနပ်တဲ့အတွက်
တိုင်းအလုပ်သမားရုံးအထိ တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။ အဲဒီ
ကိုရီးယားနိုင်ငံသားပိုင် မြန်မာဟေးဝေး အထည်ချုပ်စက်ရုံမှာ အလုပ်သမားပေါင်း (၁၈၀၀)
ကျော် ရှိတယ်လို့ သိရပါတယ်။

တရားမ၀င် ဆေးလိပ် ကူးသန်းရောင်းဝယ်ရေးကို
လျှော့ချနိုင်မယ့် နိုင်ငံတကာ သဘောတူညီချက် တရပ်ကို
နိုင်ငံပေါင်း ၁၇၀ ကျော် သဘောတူလိုက်ကြပါပြီ။ အစိုးရ ကိုယ်စားလှယ်တွေ၊
နိုင်ငံတကာ အဖွဲ့အစည်းတွေ တနလာင်္နေ့က တောင်ကိုးရီးယား နိုင်ငံ ဆိုလ်မြို့တော်မှာ
ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တညီတညွတ်တည်း အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။ဒီ ပဋိညာဉ်
အရ ဆေးလိပ် ဘူးတိုင်းမှာ ဖယ်ရှားလို့ မရတဲ့ကုန်ပစ္စည်း ဆိုင်ရာအချက်အလက် မှတ်တမ်းစနစ်
Tracking Code ထည့်ရတော့မယ့် ကမ္ဘာ့ စနစ်တခု ထွက်ပေါ် လာပါတယ်။ ဒီ စနစ်အရ ဆေးလိပ် ထုတ်ကုန်တွေကို တုပထုတ်လုပ်သူတွေ၊ ဖြန့်ချိသူတွေကို
ခြေရာခံနိုင်ဖို့ကလည်း ပိုပြီးလွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒီပဋိညာဉ်ဟာ သိပ်ကို ရှုပ်ထွေးလှတဲ့
နိုင်ငံတကာ ရာဇ၀တ်မှု တခုကို ခြေရာခံနိုင်ဖို့နဲ့ နောက်ဆုံး အမြစ်ပြတ် ချေမှုန်းနိုင်ဖို့
အတွက် အမှန်တကယ် ထိရောက်တဲ့ ယန္တရား တခု ဖြစ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်
Margaret Chan က ပြောဆိုပါတယ်။
ဆိုလ်းမြို့တော်မှာ ကျင်းပတဲ့ ဆေးလိပ်ထိန်းချုပ်ရေး မူဘောင်ချမှတ်ခြင်း ဆိုင်ရာညီလာခံ
အဖွင့်မိန့်ခွန်းမှာ သူမက အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ ၀ယ်ယူသုံးစွဲနေတဲ့ ဆေးလိပ်
၁၀ ပုံ တပုံဟာ တရားမ၀င် လမ်းကြောင်းက ၀င်ရောက်လာတာ ဖြစ်ပြီး ဒီအတွက် အစိုးရတွေ အနေနဲ့
နှစ်စဉ် အခွန် ဒေါ်လာ ဘီလီယံ ၄၀ ကျော်လောက် နစ်နာနေရတယ်လို့လည်း WHO က ခန့်မှန်းထားပါတယ်။ အခု သဘောတူညီချက်
အသက်ဝင်လာဖို့ အတွက်ကတော့ နိုင်ငံပေါင်း ၄၀က အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။

နာမည်ကြီး မော်ဒယ် သရုပ်ဆောင် မိုးဟေကိုက
လက်ရှိနေ ထိုင်နေတဲ့ သူ့အမည်နှင့် နေအိမ်ဟာ ခင်ပွန်း သည်ဟောင်း ဦးညီညီထွန်း ၀ယ်ပေးခဲ့တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ မကြာသေးခင်က
ခင်ပွန်းဟောင်းရဲ့ အဆိုပါ နေအိမ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းပေးဖို့ သတင်းစာက
တဆင့် တောင်းဆိုထား ပါတယ်။
ခင်ပွန်းဟောင်း ဦးညီညီထွန်းရဲ့ ရှေ့နေက လွန်ခဲ့သည့် လကုန်ပိုင်းက သူ့ အမည်ပေါက်
နေ အိမ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ကို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ မိုးဟေကိုရဲ့ ရှေ့နေ
ဦးမျိုးညွန့်က မအေးအေးခိုင်ရဲ့ ခင်ပွန်းသည်ဟောင်း ကိုညီညီထွန်း ရဲ့ ရှေ့နေ ဒေါ်ကျော့ကျော့်လှိုင်၏
ကြေညာချက်မှာ မှန်ကန်မှု မရှိလို့ ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆို ထားပါတယ်။ဦးညီညီထွန်းရဲ့
ရှေ့နေက တဆင့် ကြေညာချက်မှာ ယခု မိုးဟေကို ခေါ် ဒေါ်အေးအေးခိုင် အမည်ပေါက် ဖြင့်
လက်ရှိနေထိုင်နေသည့် ဗဟန်း ရွှေတောင်ကြား ၂ ရပ်ကွက်၊ သံလွင် လမ်း၊ အမှတ် ၇၂ -
ဘီ ခြံ ၀န်းနှင့် အဆိုပါခြံဝန်းနှင့် အဆိုပါခြံဝန်းရှိ နေအိမ်မှာ မိုးဟေကို၏ အမည်ဖြင့်
ခင်ပွန်းသည်ဖြစ်သူ ဦးညီညီထွန်း က ၀ယ်ယူပေးခဲ့တယ်လို့ ဖော်ပြထားခဲ့တာပါ။ အခု ကြေညာချက်မှာတော့
မိုးဟေကိုရဲ့ ရှေ့နေက ဦးမျိုးညွှန့်က ဒေါ်အေးအေးခိုင်အား ဦးညီညီထွန်းက စင်ကာပူနိုင်ငံမှာ
အိမ်ထောင်ရှိ နေပါလျှက် လူပျို လူလွတ်လို့ လိမ်ညာ လှည့်ဖျား ပြောဆိုမှုအပေါ် မိုးဟေကို
က ယုံကြည်ပြီး လက်ထပ်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ထပ်အပြီး တပတ်အကြာမှာပဲ ဦးညီညီထွန်း
မှာ အိမ်ထောင်ကြီး ရှိတာ သိလို့ စကားများခဲ့ပါတယ်လို့ ဆိုထားပါတယ်။
စကားများကြပြီး ဆက်လက်မပေါင်းသင်း နိုင်တော့ပဲ ကွာရှင်းကြမယ်ဆိုပြီး ဦးညီညီထွန်း ကိုယ်တိုင်
လင်ခန်းမယားခန်း ပြတ်ဆဲကြောင်း သဘောတူပြီးနောက် စင်ကာပူ နိုင်ငံကို ထွက်ခွာသွားခဲ့ကြောင်း ကြေညာချက်မှာ ဆက်လက် ပြောဆိုထားပါတယ်။ ထို့ကြောင့် မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ
မိုးဟေကိုနဲ့ ဦးညီညီထွန်းတို့ဟာ လင်မယားခန်း ပြတ်ဆဲ ခဲ့ပြီဖြစ်တယ်လို့ ဆို ပါတယ်။
ဒါကြောင့် ယခု မိုးဟေကို နေထိုင်နေသည့် ဦးညီညီထွန်း ကန့်ကွက်ခဲ့သည့် ဗဟန်း ရွှေတောင်ကြား
၂ ရပ် ကွက်၊ သံလွင် လမ်း၊ အမှတ် ၇၂ - ဘီ ဆိုသည့် နေအိမ်မှာ ဦးညီညီထွန်း ၀ယ်ယူပေးခဲ့ခြင်း
မဟုတ်ကြောင်း၊ မိုးဟေကိုရဲ့ အနုပညာကြေး တွေစုဆောင်းပြီး ၀ယ်ယူထားတဲ့ နေအိမ်နဲ့ ခြံဝန်းဖြစ်တဲ့
အတွက် မိုးဟေကိုရဲ့ သဘောဆန္ဒအတိုင်း စီမံဆောင်ရွက်နိုင်တယ်လို့ လူအများသိအောင် ကြေညာတာဖြစ်တယ်
လို့ ဆိုပါတယ်။
(ဧရာဝတီ)

အောက်တိုဘာလအတွင်း တကျော့ပြန်လည် ဖြစ်ပေါ်လာသော
ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်းက
အစ္စလာမ် ဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်မှု ကြောင့်ဖြစ်သည်ဟု ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်
(ALD)ဥက္ကဌ ဦးအေးသာအောင်က သုံးသပ်ပြောဆိုလိုက်သည်။
ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်အဓိ ကရုဏ်းအပြီး အစ္စလာမ်နိုင်ငံများ အသင်း(OIC)
မြန်မာနိုင်ငံအတွင်း ရုံးစိုက်လာမည်ကို ပြည်သူလူထုနဲ့ ရဟန်းသင်္ဃာများ ကန့်ကွက်ခဲ့ကြရာ
မြန်မာအစိုးရမှလည်း OIC ရုံးဖွင့်လှစ်ခွင့်ကို ပိတ်ပင်လိုက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာရသော
ပဋိပက္ခဖြစ်သည်။
"ဒီတကျော့ပြန် ပြဿနာက OICကို လက်မခံတော့ဘူး ကြေငြာလိုက် တဲ့နောက်ပိုင်း ဖြစ်လာရတဲ့
ပြဿနာဖြစ်တယ်။ နောက်တစ်ချက်က ပထမတစ်ကြိမ် ဖြစ်သွားတဲ့ ပဋိပက္ခမှာ ဘင်္ဂလီတစ်ချို့က
ဒုက္ခသည်စခန်းကို ရောက်သွားကြတယ်။ တစ်ချို့မြို့တွေမှာကျတော့ ဘင်္ဂလီတွေဟာ စီးပွားရေးနဲ့
စားဝတ်နေရေး အကျပ်အတည်းတွေ များလာတဲ့အခါမှာသူတို့ဟာ ဒုက္ခသည်စခန်းတွေကို သွားချင်လာကြတယ်။ နောက်ပြီးတော့
ဘင်္ဂလီတွေနေတဲ့ မြို့နယ် ကျေးရွာဒေသတွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်လာမယ်ဆိုရင် အလုပ်မလုပ်ဘဲ
စားရေးသောက်ရေး အဆင်ပြေလာမှာဖြစ်သလို နိုင်ငံတကာက တစ်ခြားအကူအညီ တွေလည်း ရလာနိုင်တဲ့ဆိုတဲ့
အချက်နှစ်ချက်ပါ။ နောက်တစ်ချက်က ကျနော်ကိုယ်တိုင် မင်းပြား၊ မြေပုံ၊ မြောက်ဦးတို့ကို
သွားရောက် လေ့လာတဲ့အခါမှာ ဘင်္ဂလီတွေဟာ ကိုယ့်အိုးအိမ်ကိုယ် မီးရှို့တယ်၊ ရခိုင်အိမ်တွေကိုလည်း
မီးရှို့ပြီးတော့ ဒီဒုတိယအကြိမ် ပဋိပက္ခကို ဖန်တီးနေတာကို တွေ့ရတယ်။
ဘာလို့လည်းဆိုတော့ OIC အပါအ၀င် နိုင်ငံတကာတွေကနေ အခွင့်အလမ်း တစ်ခုရအောင် နောက်ထပ်ဒီလို
အရေးအခင်းတစ်ခုကို ဖော်ဆောင်တာဖြစ်တယ်" ဟု ဦးအေးသာအောင်က သုံးသပ်ပြောဆိုသည်။ ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့တိုင်းတွင် ယခုကဲ့သို့ ပဋိပက္ခပြဿနာများ
ဖြစ်ပေါ်လာအောင် နိုင်ငံတကာရှိ အစ္စလာမ်အသင်း အဖွဲ့များက ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင်ရှိသော
ဘင်္ဂလီများအား အဆက်အသွယ်ပြုလုပ်ပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း ရမ်းဗြဲမြို့တွင်
စတင်မီးရှို့ခဲ့သော ကမန်အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးတစ်ဦးအား ဖမ်းမိစဉ် စစ်ဆေးမေးမြန်း ချက်များအရ သိရှိခဲ့ရသည်ဟုဆိုသည်။
Arakn Times သတင်းဌာန