Thursday, November 22, 2012
အမေရိကန်သမ္မတ အိုဘားမား သုံးစွဲခဲ့သော အသုံးအနူန်းအား ပြင်းထန်စွာရှုံ့ချခြင်း (ပေးစာ - ၂၁၆)
Posted by drmyochit Thursday, November 22, 2012, under | No comments
သို့
    လေးစားအပ်ပါသောလူကြီးမင်းများခင်ဗျာ........
၁၉/၁၁/၁၂ ရက်နေ့ မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိလာသော အမေရိကန် သမ္မတ အိုဘားမား ၏ သမိုင်းဝင်မိန့်ခွန်းအား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ကြားခဲ့သော မိန့်ခွန်းမှာ အလွန်ပင်ကောင်းမွန်လှပါသည်။
သို့သော် ထိုမိန့်ခွန်းတွင် ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သတ်၍ ပြောကြားရာတွင် မြန်မာနိုင်ငံတွင် မရှိပါဟု သမိုင်းအထောက် အထားများနှင့်တကွ သမ္မတကြီး ဦးသိန်းစိန် ၊တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ဘင်္ဂလီခေါင်းဆောင်များ နှင့် မြန်မာနိုင်ငံသားအားလုံးက ပြောဆို ကန့်ကွက်ထားသော ”ရိုဟင်ဂျာ” ဆိုသော အသုံးအနူန်းအား သုံးစွဲသွားသည်မှာ အလွန်အရသာရှိသော ဟင်းပွဲတစ်ခုတွင် ကြွက်ချီးတုံး တစ်တုံးပါသွားသကဲ့သို့ အလွန် အရုပ်ဆိုး အကျဉ်းတန်လှပါသည်။  မိမိတို့ကို မိမိတို့ အင်အားကြီး နိုင်ငံဖြစ်သည့်အတွက် အင်အားနည်းသော နိုင်ငံတစ်ခု၏ ပြည်တွင်းတွင် သတ်မှတ်ထားသော စည်းကမ်း၊အယူအဆအား အင်အားကြီးသူက ဂရုစိုက်စရာမလို ငါပြောချင်တဲ့အရာကို ပြောလို့ရသည်ဟု ထင်မှတ်ထားသည်ဟု ယူဆမိပါသည်။ ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများသည်  ”ရိုဟင်ဂျာ” အမည်ကိုလိမ်လည် မူပေါင်းမြောက်မြားစွာဖြင့် ဖန်တီးပြီး ရခိုင်ပြည်အား အီစလန်မိုင် ဇေးရှင်းနယ်မြေ လုပ်လိုသောလူအုပ်စုနှင့်  မိမိဒေသအား မဆုံးရူံးရအောင် ကာကွယ်နေကြသော ဒေသခံမြန်မာ၊ ရခိုင်တိုင်းရင်းသားများ ကြားတွင်ဖြစ်နေသော နယ်မြေလုသူနှင့် ကာကွယ်သူတို့၏ စစ်ပွဲဖြစ်ပါသည်။ ကမ္ဘာကျော်သမ္မတ တစ်ယောက်အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ အကြောင်းအရာကို ပြောဆိုတော့မည်ဆိုလျင် ထိုနိုင်ငံထိုဒေသ၏ အခြေအနေနှင့် ဓလေ့ထုံးတမ်း စဉ်လာများကို  အသေးစိတ်လေ့လာပြီးမှ ပြောကြားရမည်ဖြစ်ပါသည်။ ယခုရခိုင်ပြသနာသည် အဓိကရုဏ်း အဆင့်မဟုတ်ပါ နယ်မြေကိုမတရားနည်းဖြင့် ပိုင်ဆိုင်လိုသူများနှင့်  ကိုယ့်ထီး၊ကိုယ့်နန်းနှင့် သမိုင်းအစဉ်အဆက် ကြီးမားစွာနေထိုင် ပိုင်ဆိုင်လာခဲ့သော ဒေသခံရခိုင် တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင် နယ်မြေအား ကာကွယ်မူ စစ်ပွဲပင်ဖြစ်ပါသည်။ ထိုအခြေအနေ များကိုမသိရှိ၊ မလေ့လာဘဲ တာဝန်မဲ့စွာ ပြောဆိုသွားမူမှာ လုံးဝလက်ခံနိုင်စရာ မရှိပါကြောင်း ပြင်းထန်စွာချူပ်ချပါသည်။
ထိုအသုံးအနူန်း အား တာဝန်မဲ့စွာ သုံးစွဲခဲ့မူကြောင့် နောင်ဖြစ်လာမည့် နောက်ဆက်တွဲ ပြသနာများသည် အိုဘားမား၏ လူံ့ဆော်မူကြောင့် ဖြစ်ရသည်ဟု မှတ်ယူနိုင်သောကြောင့် ထိုအသုံးအနူန်းကို သုံးစွဲခဲ့မူအား တာဝန်ရှိစွာ ဖြေရှင်းချက်ထုတ်ပေးပါရန်နှင့် နောင်တချိန်တွင် မိမိတာဝန်မဲ့စွာပြောဆိုခဲ့မူအား တာဝန်ယူဖြေရှင်း ရမည်ဖြစ်ပါကြောင်း ထပ်ဆင့်တိုက်တွန်း လိုက်ပါသည်။
 Myanmar Express 
ကျေးရွာတစ်ရွာတွင် သဘာဝဓာတ်ငွေ့များအလိုအလျောက်ထွက်ရှိ
Posted by drmyochit Thursday, November 22, 2012, under | No comments
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် တစ်ဖက်ကမ်း မြကိုင်းကျေးရွာအနီးရှိ လူနေအိမ်အချို့တွင် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေသဖြင့် သုံးစွဲသူများ ရှိနေကြောင်း သတင်းရရှိသည်။ ကျောက်တန်းမြို့နယ်မှ ၁၅ မိုင်အကွာ မြကိုင်းကျေးရွာအပိုင် သုံးပေါက်ပြွန်အစုရှိ လူနေတဲများတွင် စတင်သုံးစွဲ နေခြင်းဖြစ်သည်။ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ဖြင့် ထမင်း၊ဟင်းချက်ပြုတ်ခြင်း၊ တီဗီကြည့်ခြင်း၊ စပါးခြွေလှေ့စက်အချို့တွင် သုံးစွဲနေကြောင်း ဒေသခံများက 7 Day News သို့ ပြောသည်။ “တချို့ရွာတွေမှာလည်း သတင်းကြားလို့ တူးကြတယ်။ ဒါပေမဲ့ ဒီဘက်မှာလောက် မထွက်ဘူး။ ဒီမှာက တူးလိုက်တဲ့ နေရာတိုင်းမှာ ထွက်တာများတယ်” ဟု သုံးပေါက်ပြွန် အစုရှိ သဘာဝဓာတ်ငွေ့အား ပထမဆုံးစတင်တူးဖော်၍ သုံးစွဲနေသူ ဒေါ်ကြည်မြင့်ကဆိုသည်။
ဓာတ်ငွေ့ကို မြေပြင်မှ အနက် ပေ ၆၀ နှင့် ၆၅ ပေ အကြားတွင် စတင်တွေ့ရှိနိုင်ပြီး ခေတ်မီစက်ကိရိယာများ အသုံးပြုစရာမလိုဘဲ သဘာ၀၀ါးလုံးများနှင့်သာ တူးဖော်ရယူနိုင်ကြောင်း ဒေါ်ကြည်မြင့်ကပင်ပြောသည်။ “ငွေနှစ်သောင်းလောက်နဲ့ အပြီးအစီးတူးလို့ရတယ်” ဟု သုံးပေါက်ပြွန်အစုမှ အမျိုးသား တစ်ဦးကပြောသည်။ ယင်းကဲ့သို့ တူးဖော်အသုံးပြု နေခြင်းမှာ ယခုနှစ် ဧပြီလမတိုင်ခင် ကာလကစတင်၍ တူးဖော်သုံးစွဲ နေခြင်းဖြစ်ပြီး ထင်း၊ မီးသွေး၊ လောင်စာများနေရာတွင် အစားထိုး အသုံးပြုနေခြင်းဖြစ်သည်။ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် မြကိုင်းကျေးရွာအနီးရှိ အချို့သော ရွာများတွင် ထွက်ရှိမှုအနည်းငယ်သာရှိပြီး ထွက်ရှိမှုအများဆုံးနှင့် ပမာဏအများဆုံးမှာ သုံးပေါက်ပြွန်အုပ်စု၌ ဖြစ်ကြောင်း သုံးပေါက်ပြွန်အုပ်စုတွင် နေထိုင်သူ အမျိုးသား တစ်ဦးကပြောသည်။ ယင်းကဲ့သို့ ဓာတ်ငွေ့ထွက်ရှိ ခြင်းနှင့်ပတ်သက်၍ ဘူမိဗေဒ ကျွမ်းကျင်ပညာရှင် ဦးစိုးသိမ်းက “အရင် အစိုးရလက်ထက်က တူးပြီး သုံးခဲ့တဲ့ ပင်လယ်ဝကနေ ဒါးပိန်ဘက်ကို ဖြတ်သွားတဲ့ လမ်းကြောင်းပေါ်ရှိနေတဲ့ ဓာတ်ငွေ့ကြောပေါ်မှာ ကျန်ခဲ့တဲ့ အကြွင်းအကျန်ပါ။ မုတ္တမ ပင်လယ်ကြောရဲ့ အငွေ့အသက်ဆိုလည်း မမှားဘူး” ဟုပြောသည်။ ယင်းဒေသတွင် အဆိုပါ သဘာဝဓာတ်ငွေ့ ထွက်ရှိမှုနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့သည့် နှစ်ဦးပိုင်းက စတင်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း စီးပွားဖြစ်ထုတ်လုပ်နိုင် မည့်အခွင့်အလမ်းများ မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ အစီရင်ခံပေးပို့ ထားပြီးဖြစ် ကြောင်း နေပြည်တော်မှ စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက 7 Day News သို့ ပြောသည်။
 Myanmar Express 
အိုဘားမားရဲ့သမိုင်းဝင်ခရီးစဉ်က ဘာတွေရလိုက်သလဲ
Posted by drmyochit Thursday, November 22, 2012, under | No comments
အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးက ထူးခြားမှုများစွာရှိသည်။ ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံရ အပြီးအိုဘားမား ပြည်ပသို့ ပထမဆုံး ထွက်လာသော ခရီးစဉ်လည်းဖြစ်သည်။ အိုဘားမား၏ ဒုတိယသက်တမ်းတွင် ပြည်ပ၌ ပထမဆုံး မိန့်ခွန်းကို သမိုင်းအစဉ်အလာ ကြီးမားသော ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သည်။ “ဘားမား”ဟူ၍ နှစ်ကာလကြာရှည်စွာ ခေါ်ဝေါ်နေရာမှ  ရန်ကုန်တက္ကသိုလ် သမိုင်းဝင်မိန့်ခွန်းတွင် အမေရိကန်သမ္မတက “မြန်မာ”ဟု စတင်သုံးနှုန်းလာသည်။ ကမ္ဘာ့စူပါပါဝါ အမေရိကန် သမ္မတအိုဘားမား ဘာကြောင့် မြန်မာနိုင်ငံလာရ သလဲဆိုသည်က စိတ်ဝင်စားစရာ ကောင်းလှသည်။
အမေရိကန် သမ္မတများ၏ ထုံးစံအတိုင်း ဒုတိယသက်တမ်း ပြန်လည်ရွေးကောက် ခံရပါက လုပ်သင့်လုပ်ထိုက် သည်များကို ပိုမိုရဲရဲတင်းတင်း လုပ်ဆောင်လာတတ်သည်။ ထို့ကြောင့် ပထမဆုံး ပစိဖိတ်သမ္မတဟု တင်စားလာသော အိုဘားမား၏ မြန်မာခရီးစဉ်ကို ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူများက အမျိုးမျိုးသုံးသပ်သည်။
ဤတွင်တူညီသော သုံးသပ်ချက်နှစ်ခု ထွက်ပေါ်လာသည်။ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပေါ်လာရခြင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှုများကို အသိအမှတ်ပြု၍ ဆက်လက်တွန်း အားပေးရန်နှင့် နိုင်ငံ၏ မဟာဗျူဟာ ကျလှသော တည်နေရာတို့ကြောင့် ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာ သူများကသုံးသပ်သည်။ အိုဘားမား ကိုယ်တိုင်ကလည်း ရန်ကုန်တက္ကသိုလ် သမိုင်းဝင် မိန့် ခွန်းတွင် “ခင်ဗျားတို့ တိုင်းပြည်ရဲ့ အရေးပါမှုကြောင့် ကျွန်တော် ဒီကိုရောက် လာခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျားတို့ဟာ အရှေ့အာရှနဲ့ တောင်အာရှကြား တည်ရှိနေတယ်။ ခင်ဗျားတို့ဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ခင်ဗျားတို့မှာ နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းရှိတယ်။ ပြီးတော့ ကမ္ဘာမြေရဲ့ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီဒေသရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းရေးမှာ ကူညီနိုင်တဲ့ စွမ်းရည်ရှိကြတယ်” ဟု ပထ၀ီဝင်နိုင်ငံရေးအရ မြန်မာနိုင်ငံ အရေးပါမှုကြောင့် သမိုင်းဝင်ခရီး ဖြစ်ပေါ်လာကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများပြုလုပ်ပြီး လပေါင်း၂၀ အကြာ၌ ရောက်ရှိလာခဲ့သော အိုဘားမား၏ ခရီးစဉ်ကို ဝေဖန်သူအချို့က စောလွန်းသည်ဟု ပြောဆိုဝေဖန် မှုများလည်း ရှိခဲ့သည်။ “ကျွန်တော် သမ္မတအဖြစ်နဲ့ စတင်တာဝန် ယူချိန်မှာ အကြောက်တရားနဲ့ အုပ်ချုပ်နေကြတဲ့ အစိုးရတွေဆီကို သတင်းစကား တစ်ခုပေးခဲ့ပါတယ်။ ခင်ဗျားတို့ လက်သီးဆုပ်ဖြည်ရင် ကျွန်တော်တို့ လက်ကမ်းပါ့မယ်လို့ ပြောခဲ့တယ်” ဟု အိုဘားမားက ၎င်း၏သမိုင်းဝင် မိန့်ခွန်းတွင် မြန်မာနိုင်ငံကို ရည်ညွှန်းပြီး ၎င်း၏ခရီးစဉ်မှာ မိတ်ဆွေအဆင့်ကူးပြောင်းရန်လက်ကမ်းရန် လာရောက်ကြောင်း သတင်းစကားပါးလိုက်သည်။
အမေရိကန်သမ္မတ နှင့်မြန်မာသမ္မတတို့ တစ်နာရီဝန်းကျင် တွေ့ဆုံဆွေးနွေးမှုမှ ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး ၊ လူ့အခွင့်အရေးစတာတွေကို ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ညီအောင် ကျွန်တော်တို့ လူမျိုးတွေရဲ့ အရည်အသွေးတွေ၊ အဆင့်အတန်းတွေ မြင့်မားလာအောင် ပညာရေးတို့၊ ကျန်းမာရေးတို့၊ ၀န်ထမ်းတွေရဲ့ အရည်အသွေးမြှင့်တင်ရေးတို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ ကြားပူးပေါင်းပြီး ဆောင်ရွက်ဖို့အတွက် သမ္မတကြီးဆီကနေ သဘောတူလက်ခံမှု ရရှိခဲ့တာပါ။ ဒီနေ့ ကျွန်တော်တို့နှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ အကျိုးရလဒ်တွေကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန် ခံစားနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားပါမယ်“ ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ကမ္ဘာ့စူပါပါဝါ အမေရိကန် သမ္မတ၏ သမိုင်းဝင်ခရီးစဉ်မှ မြန်မာနိုင်ငံအတွက် ဘာတွေရခဲ့သလဲဟုဆိုလျှင် ထိုခရီးစဉ်ကြောင့် နိုဝင်ဘာ ၁၉ ရက်မတိုင်ခင်ကတည်းကပဲ ရလဒ်ကောင်းအချို့ ပေါ်ထွက်လာခဲ့သည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်က နိုဝင်ဘာ ၁၅ ရက်တွင် အကျဉ်းသူ အကျဉ်း သား ၄၅၂ ဦးကို လွတ်ငြိမ်းခွင့်ပြုသည့်အပြင် ထပ်မံ၍ နိုင်ငံရေး အကျဉ်းသား ၆၆ ဦးကို အိုဘားမားလာရောက်သော နိုဝင်ဘာ ၁၉ ရက် နံနက်တွင် လွတ်ငြိမ်းခွင့်ပြုကြောင်း နိုဝင်ဘာ ၁၈ ရက် ညက ကြေညာခဲ့သည်။ အမေရိကန်ကလည်း USAID မှတစ်ဆင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး နှင့်ဒီမိုရေစီအရေး၊ ပွင့်လင်းမြင်သာသော အစိုးရဖြစ်ပေါ်စေရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်လာရန်၊ လူသားချင်း စာနာထောက် ထားသောအကူ အညီများပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကို နှစ်နှစ်အတွင်း ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ တက္ကသိုလ်များ အချင်းချင်း ပညာတော်သင်များ အပြန်အလှန် စေလွှတ်ရန်လည်း အိုဘားမားက ပြောကြားခဲ့သည်။ နှစ်နှစ်ဆယ်ကျော်ကြာ ဘားမားဟု မြန်မာနိုင်ငံကို ခေါ်တွင်ရာမှ အမေရိကန် သမ္မတ၏ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းတွင် မြန်မာဟု အိုဘားမားက စတင်သုံးနှုန်းခဲ့သည်။ “အိုဘားမားလာတဲ့အတွက် ဒေသအတွင်းက နိုင်ငံတွေက မြန်မာအပေါ်မှာ လေးစားမှုတွေ၊ အလေးထားမှုတွေပါလာမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြီးတော့လည်း ပိုပြီး အလေးထားမှုတွေ ရှိလာမယ်။ စီးပွားရေးအရ ကုန်သွယ်ရေး အခွင့်အလမ်းတွေ ပိုပြီး ပွင့်လင်းလာမယ်။ လူငယ်လူရွယ်တွေအနေနဲ့ အမေရိကမှာ သွားရောက် ပညာသင်ကြားနိုင်ခွင့်တွေ ပိုပြီး ရလာမယ်။ ” ဟု MDRI မှ ဒါရိုက်တာ ဒေါက်တာ ဇော်ဦးက အိုဘားမားခရီးစဉ်ကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်တက်လာမည့် အကြောင်းကို ပြောသည်။
“ဒီခရီးစဉ်က အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ ပြောင်းလဲသွားမယ်။ မြန်မာ့တပ်မတော်နဲ့ အမေရိကန်ဦး ဆောင်တဲ့ Gold Cobra လို စစ်ဆင်ရေးမျိုး၊ နောက် အမေရိကန် နဲ့ အိန္ဒိယ ပူးပေါင်းတဲ့ စစ်ရေးလေ့ကျင့်မှုမျိုး မြန်မာပါဝင်လာသင့်တယ်။ ကျွန်တော်တို့က နှစ်ပေါင်းများစွာ အထီးကျန်နေလာခဲ့တာ။ ဒီတော့ ခေတ်မီတဲ့၊ ဒီမိုကရေစီကို လေးစားတန်ဖိုးထားတဲ့ တပ်မတော်ဖြစ်ဖို့ဆိုရင် တကယ့် ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ တပ်မတော်တွေနဲ့ ပူးပေါင်းမှုရှိဖို့ လိုတယ်။ ပြီးတော့ တကယ့်ဒီမိုကရေစီနိုင်ငံကြီးရဲ့ စစ်တပ်နဲ့ ပူးပေါင်း ခြင်းအားဖြင့် နိုင်ငံရေးကို အရမ်းစွက်ဖက်တဲ့ စစ်တပ်ကနေ ဒီမိုကရေစီကို လေးစားတဲ့ စစ်တပ်ဖြစ်သွားနိုင်တယ်။ စစ်တပ်ကို ဒီမိုကရေစီ သင်ပေးသလိုပေါ့။ အင်ဒိုနီးရှားလည်း ဒီလိုမျိုး ကြုံခဲ့တာပဲ။ နောက်တစ်ခုက လက်ရှိအစိုးရက ဒီမိုကရေစီဖော်ဆောင်ပြောင်းလဲမှုက နောက်ပြန်မလှည့်အောင် လုပ်နေရတယ်။ ရှေ့ကို မရောက်နိုင်သေးဘူး။ အမေရိကန် ပါဝင်ခြင်းဖြင့် ဒီမိုကရက်တိုင်ဇေးရှင်း speed ပိုမြန်သွားမယ်။ သူ့ရဲ့ အသိအမှတ်ပြုတာခံရရင် တစ်ကမ္ဘာလုံးကလည်း အသိအမှတ်ပြုလိမ့်မယ်။ နိုင်ငံရေးနဲ့ စစ်ရေး အသိအမှတ်ပြုရင် စီးပွားရေးက ကျွဲကူးရေပါ ပါလာလိမ့်မယ်။ ဒီတော့ ဒီနှစ်ခုမှာ ထူးထူးခြားခြား ပြောင်းလဲမယ်လို့ မြင်တယ်။” ဟု နိုင်ငံရေး ဆောင်းပါးများရေးသားနေသော နေသန်မောင်ကသူ၏အမြင်ကိုပြောသည်။
အိုဘားမားကလည်း ဒီမိုကရေစီ နိုင်ငံများတွင် စစ်တပ်၏ အခန်းကဏ္ဍကို အမေရိကန်နိုင်ငံကို ဥပမာပေး၍ ၎င်း၏မိန့်ခွန်း၌ ရှင်းပြသွားသည်။ “ရင်းနှီးမြှုပ်နှံမှုမှာ အိုဘားမား လာတဲ့အတွက် အာမခံပိုရသွားတာပေါ့။ သူမလာခင်လည်း လာနေတာပဲ။ အဓိကက ကိုယ့်ဆီ က ဥပဒေက ဘယ်လောက်ထိ ခိုင်မာသလဲပဲလိုတာ။ Global Trade ကိုဝင်ရင်တော့ အမေရိကန်ရဲ့ ထောက်ခံမှုကိုရတော့ ပိုယုံကြည်မှုရတာပေါ့။ သူလာပြီးရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေ အာမခံချက် ပိုရသွားတာပေါ့။ နောက်တွန့်ဆုတ်နေတဲ့ သူတွေလည်း အလုံးအရင်းနဲ့ ၀င်လာကြမှာပါ။” ဟု နိုင်ငံရေး ဆောင်းပါးရှင် နေသန်မောင်က ဆက်လက်ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ သြဇာလွှမ်းမိုးမှုကို များစွာမခံရရန် အမေရိကန်နှင့် ပုံမှန်ဆက်ဆံရေးရရှိရန် အလွန်အရေးကြီးသည်။  “မြန်မာက အမေရိကန်ကို မရှိမဖြစ် လိုအပ်တယ်ဆိုတာ ကျွန်တော်တို့က တရုတ်၊ အိန္ဒိယ၊ အာဆီယံ အင်အားကြီးသုံးဖွဲ့ကြားမှာရှိ တယ်။ မဟာဗျူဟာကျတဲ့ နေရာမှာရှိတယ်။ ဒါပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဘာတစ်ခုမှ လောက်လောက်လားလား အားမကောင်းဘူး။ အားမကောင်းချိန်မှာ ၂၀၁၄ မှာ အာဆီယံကို ဦးဆောင်ရတော့မယ်ဆိုတော့ ကမ္ဘာ့စူပါပါဝါနိုင်ငံတစ်ခုနဲ့ ရင်းရင်းနှီးနှီး မဟာမိတ်လုပ်ဖို့ လိုတယ်။ ဆို လိုတာက တစ်ချိန်ချိန်မှာ တရုတ်သော်လည်းကောင်း၊ အိန္ဒိယသော်လည်းကောင်း ကျွန်တော်တို့ရဲ့ ပထ၀ီနိုင်ငံရေးအရ အရေးပါမှုကို ခုတုံးလုပ် အသုံးချလာခဲ့ရင် ပြန် ပြီး Counter လုပ်နိုင်မယ့် Balance လုပ်နိုင်တဲ့ အားမရှိဘူး။ ရှင်းရှင်းပြောရရင် အိန္ဒိယဆိုတာ တရုတ်ကို Balance လုပ်နိုင်တဲ့ အားမရှိဘူး။ အာဆီယံဆိုတာလည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့ အမေရိကန်ကို မဖြစ်မနေလိုအပ်တယ်ဆိုတာ တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို Balance လုပ်ဖို့အတွက် လိုအပ်တယ်ဆိုတော့ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှု၊ မဟာမိတ်ဖြစ်မှုက အရေး တကြီးလိုတယ်။ အခုခရီးစဉ်က လက်ရှိရော၊ လာမယ့် အနာဂတ်ရော၊ ၂၁ ရာစုတစ်ခုလုံးအတွက်ပါ သမိုင်းဝင် အရေးကြီးတယ်” ဟုကိုနေသန်မောင်ကသူ၏အမြင်ကိုပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဖော်ဆောင်သလို အမေရိကန်နှင့် ပုံမှန်ဆက်ဆံရေး ရရှိလာပါက စီးပွားရေးဖွံ့ဖြိုးမှုများ မကြာမီရောက်ရှိ လာတော့ မည်ဖြစ်ကြောင်း MDRI မှ အကြီးတန်းသုတေသီ ဦးတင်မောင်သန်းကလည်းသုံးသပ်သည်။  ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီးက အိုဘားမားခရီးစဉ်မှ မြန်မာရရှိနိုင်သည့် အခွင့်အလမ်းများကို အောက်ပါအတိုင်းပြောသည်။
“အိုဘာမားလာတယ်ဆိုတာကလည်း မြန်မာတစ်နိုင်ငံတည်းထက်ကို ဒေသတွင်းအင်အား ချိန်ခွင်လျှာညှိတဲ့ရည်ရွယ်ချက်ပါ ပါတယ်လို့ထင်တယ်။ အိုဘာမား လာတာဟာ တရုတ်နိုင်ငံအတွက် စိုးရိမ်စရာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ အိုဘားမားလာတာဟာ မြန်မာနိုင်ငံအတွင်းကို အမေ ရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်တော့မယ်။ အမေရိကန် သမ္မတ ကိုယ်တိုင်လာပြီဆိုတော့ နိုင်ငံစုံ ကုမ္ပဏီကြီးတွေအနေနဲ့ ဒီမှာလာ ပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြမှာပါ။ ကိုယ့်ပြည်သူတွေအတွက် အကျိုးရှိတာတွေကိုလုပ်ရင် နိုင်ငံတကာဆက်ဆံရေးက သူ့အလိုလို ကောင်းလာမှာပဲ၊ အမေရိကန်လို စူပါပါဝါနိုင်ငံကြီးတစ်နိုင်ငံနဲ့ ဆက်ဆံရေးက ကျွန်တော်တို့နိုင်ငံအတွက် အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။”
အိုဘားမားပြန်သွားပြီး နောက်တစ်ရက် နိုဝင်ဘာ ၂၀ တွင် တရုတ်နိုင်ငံပိုင် သတင်းစာ တစ်စောင်ဖြစ်သော ဂလိုဘယ်တိုင်းမ်စ် သတင်းစာက အိုဘားမား၏ ခရီးစဉ်ကြောင့် မြန်မာ-တရုတ်ဆက်ဆံရေးမှာ ဝေးသွားရန်မရှိကြောင်း သုံးသပ်ဖော်ပြသည်။ အရှေ့တောင် အာရှနိုင်ငံများမှာ စီးပွား ရေးအရ အမေရိကန်ထက် တရုတ်ကိုပိုမို အားထားကြောင်းလည်း ထိုဆောင်းပါး၌ဖော်ပြထားသည်။
ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးနှင့် စီးပွားရေးအရ ဖွံ့ဖြိုးမှုအားအကောင်းဆုံး နိုင်ငံကြီးတို့နှင့် မြန်မာနိုင်ငံမှာ ဆက်ဆံရာတွင် ပါးပါးနပ်နပ် ရှိသင့်ကြောင်းလည်း နိုင်ငံရေးဆောင်းပါးရှင် ဆရာကျော်ဝင်းက အကြံပြုသည်။ “အမေရိကန်ပဲ ဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် အရှေ့ အနောက်မခွဲဘဲနဲ့ အားလုံးအဆင်ပြေအောင် ဆက်ဆံသင့်တယ်။ အထူးသဖြင့် ကိုယ့်အမျိုးသား အကျိုးစီးပွားကို ကြည့်ပြီး ပါးပါးနပ်နပ် သံခင်းတမန်ခင်းနဲ့ သွားကြတာပိုပြီးတော့ အမြော်အမြင်ရှိရာ ရောက်လိမ့်မယ်ထင်တယ်။ အဲဒီလိုမဟုတ်ဘဲ တစ်ဖက်ဖက် ၀င်ပူးလိုက်တာနဲ့ပဲ ဒီနိုင်ငံ ငယ်လေးတွေအတွက် အန္တရာယ် ကြီးနိုင်တယ်။ ”
သေချာသည်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသောမြန်မာနိုင်ငံတွင် ပြည်သူအများစုအတွက် အိုဘားမား၏ ခရီးစဉ်က မျှော်လင့်ချက်များစွာ ရှင်သန်စေခဲ့သည်။
Myanmar Express 
Wednesday, November 21, 2012
၈၈ မျိုးဆက်ပါတီ ရွှေပြည်သာမြို့တွင် တရားမ၀င် ပိုက်ဆံများ ကောက်ယူလျက်ရှိ
Posted by drmyochit Wednesday, November 21, 2012, under | No comments
၈၈ မျိုးဆက် ကျောင်းသား လူငယ်များပါတီ က ရွှေပြည်သာမြို့နယ်မှာ ပိုက်ဆံများ ကောက်ယူမူကြောင့် ဒေသခံတွေက မရှင်းမရှင်း ဖြစ်နေကြပါတယ်။ အိမ်ခြံမြေ မရှိတဲ့ သူတွေကို မြေနေရာရအောင် ဆောင်ရွက်ပေး မယ်လို့ပြောပြီး တအိမ်ထောင်ကို ကျပ် ၂,၇၀၀ ကောက်တယ် တဲ့။ “အိုးပိုင်အိမ်ပိုင် မရှိတဲ့လူတွေကို အိမ်ပေးမယ်လို့ ပြောသွားတယ်။ သန်းခေါင်စာရင်း ရှိတဲ့သူက သန်းခေါင်းစာရင်း ၊ ဧည့်စာရင်းနဲ့ နေတဲ့သူက ဧည့်စာရင်းတွေ ပေးရတယ်”လို့ဘုံရှည်ကုန်း ကျေးရွာသား ကိုနိုင်လင်းစိုး ကပြောပြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီကို “ယုံတဲ့သူအနည်းငယ်သာရှိပြီး မယုံကြည်တဲ့ သူများကြောင်းရှိတယ်“ လို့ အိမ်ငှားနေထိုင်သူတဦးက ပြောပြပါတယ်။
“ကျနော်ကတော့ အိမ်ငှားနေရတဲ့သူပါ။ တလကို နှစ်သောင်းပေးရပါတယ်။ စားဖို့သောက်ဖို့နဲ့ အိမ်လခ စရိတ်အတွက် ပိုက်ဆံကို ချွေတာ သုံးနေရတာ၊အခု ၈၈ ပါတီက ပိုက်ဆံလာကောက်တော့ ဘာမှန်းမသိထည့်ပေးလိုက်တာဘဲ“ လို့ ဦးတင်ဆွေ ဆိုသူက ပြောပြပါတယ်။လက်ရှိပိုက်ဆံပေးသွင်းသူဦးရေ ၅၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရှိရသည်။ ဒေသခံတွေ ဘက်ကလည်း အခုလို လုပ်ပေးတာကို တရားဝင် မဖြစ်နိုင်ကြောင်းသိရှိရသည်။
ပါတီကတော့ လာရောက်မေးမြန်းကြည့်ရှုတာ၊ ဓာတ်ပုံရိုက်တာ တို့ကိုလည်း ကြိုက်ပုံ မပေါ်ပါဘူး။ "
ခင်ဗျားတို့ မီဒီယာတွေက သက်သက်မဲ့ အနှောက်အယှက် လာပေးနေတာ။ ခင်ဗျားတို့ သိချင်တယ် ဆိုရင် ဥက္ကဋ္ဌကို သွားမေးလိုက်ပါ။ ခင်ဗျားတို့ လုပ်လို့ လူတွေ လန့်ကုန်ပြီ။ ကျနော်တို့ အလုပ်ကိုလည်း ထိခိုက်နေတယ်နော်  "၈၈မျိုးဆက်ပါတီ မှပါတီဝင်တစ်ဦးကပြောဆိုခဲ့သည်။
 Myanmar Express 
မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံသား ၂ဝဝဝ ခန့်လာမည်
Posted by drmyochit Wednesday, November 21, 2012, under | No comments
လာမည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာ နိုင်ငံခရီးစဉ် အတွက် အမေရိကန်နိုင်ငံ သား ၂ဝဝဝ ခန့် လာရောက် စာရင်းပေးသွင်း ထားကြောင်း အမေရိကန် ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီ Grand Circle မှ ဥက္ကဋ္ဌ မစ္စတာ အလန်လူးဝစ်က ထုတ်ဖော် ပြောကြားကြောင်း သိရသည်။
မြန်မာနိုင်ငံ ခရီးစဉ်အတွက် အဆိုပါ ကုမ္ပဏီက အသေးစား ဇိမ်ခံသင်္ဘောဖြင့် ခရီးသည်များကို ပို့ဆောင် ပေးမည်ဖြစ်ကြောင်း၊ ၁၅ ရက်ကြာမည့် ခရီးစဉ် အတွက် တစ်ရက် ဒေါ်လာ ၂၂ဝ ဖြင့် ဖြစ်စေ၊ ခရီးစဉ် တစ်ခုလုံး အတွက် ဒေါ် လာ ၃၂၉၅ ဒေါ်လာဖြစ်စေ သတ်မှတ် ထားကြောင်း၊ ခရီးသည်အများစုမှာ အသက် ၅ဝ နှစ် အထက် များကြောင်း၊ မြန်မာနိုင်ငံတွင် အံ့ချီးဖွယ်ရာ စေတီပုထိုးများ၊ ခြေတစ်ဖက်တည်းနှင့် လှေလှော်သည့် အင်းသားများ၊ ရေပေါ်အိမ်၊ ရေပေါ်စိုက်ခင်းများ၊ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရှေးဟောင်း လူနေမှု ဘဝများနှင့် ရိုးရာ ယဉ်ကျေးမှုများကို လေ့လာကြည့်ရှုရန် ယခုကဲ့သို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဥက္ကဋ္ဌက ဆက်လက် ပြောကြားသည်။
Myanmar Express 
အိုဘားမားက မိန့်ခွန်းပြောရင် စာမကြည့်ပဲ အလွတ်ပြောတယ် လို့ ဘယ်သူပြောတာလဲ၊ မြန်မာနိုင်ငံအကြောင်းတွေ အကုန်သိနေတယ်လို့ ဘယ်သူပြောတာလဲ
Posted by drmyochit Wednesday, November 21, 2012, under | No comments
 အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင် ခန်းမတွင်းဝယ် မိန့်ခွန်းပြောကြားရာတွင် သူ၏ လက်ဝဲ လက်ယာ နှစ်ဖက်၌ Teleprompter ခေါ် ကိရိယာ နှစ်ခုကိုတပ်ဆင် ပေးထားကြောင်းတွေ့ရသည်။
ယင်း Teleprompter ကိရိယာ၏ ရုပ်မြင်မှန်ပြားဝယ် မိန့်ခွန်းစာသားများ ပေါ်လာခြင်းကို မစ္စတာ အိုဘားမားက မြင်နေရသည်။ အဆိုပါ Teleprompter ကိရိယာမျိုးကို အမေရိကန်နိုင်ငံ၏ ၃၆ ဦးမြောက် သမ္မတ လန်ဒန် ဘီ ဂျွန်ဆင် လက်ထက်ဖြစ်သော ၁၉၆၄ ခုနှစ်ကတည်းကပင်လျှင် အသုံးပြုခဲ့ကြောင်းသိရသည်။
 Myanmar Express
သမ္မတကြီး ဦးသိန်းစိန် အားကိုးရတဲ့ သက်တော်ရှည် ၀န်ကြီးများ
Posted by drmyochit Wednesday, November 21, 2012, under | No comments
နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သမ္မတရုံးဝန်ကြီး နှစ်ယောက်ဖြစ်တဲ့ ဦးစိုးသိမ်း၊ ဦးအောင်မင်း တို့နဲ့ ပတ်သက်ပြီး Social Network Facebook မှ ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတစ်ခုဖတ်ရပြီး ဒီစာကို ရေးသားရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ နည်းနည်းတော့ လွဲနေပြီလို့ ထင်တယ်။ ဦးစိုးသိမ်း၊ ဦးအောင်မင်းတို့အနေနဲ့ သာမန်ဝန်ကြီးတွေ ထက်ပိုပြီး အာဏာပါဝါရှိ တယ်ဆိုတာ မှန်ကောင်း မှန်ပါ လိမ့်မယ်။ ကျွန်တော့်အနေနဲ့ အဲဒီဝန်ကြီးနှစ်ပါးဟာ သမ္မတကို ကြိုးကိုင်ညွှန်ကြားနေတဲ့လူတွေ၊ သမ္မတ ထက်ပိုပြီး အာဏာပါဝါရှိတဲ့ သူတွေလို့မမြင်ဘဲ သမ္မတကြီးအားကိုး လို့ရတဲ့သူ၊ သမ္မတကြီးကို နောက်က ထောက်ပံ့ပေး နေတဲ့သူတွေလို့ မြင်စေချင်ပါတယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေးအားနည်းချက် တွေကိုတော့ ထုတ် မပြောလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်အစိုးရ လက်ထက်က ၀န်ကြီးအားလုံးလိုလိုဟာ ငွေကြေးကိစ္စတွေ နဲ့ဆက်နွယ်မှုတွေ အနည်းနဲ့အများ ရှိခဲ့ကြလို့ပါပဲ။ လက်ရှိ နိုင်ငံတော်သမ္မတကြီး ကမ္ဘာ့အလယ်မှာ ပေါ်လွင်ထင်ရှားလာတာ၊ နိုင်ငံတကာက အာရုံစိုက် လာတာ၊ ဘယ်တုန်းကမှ မကြုံဖူးတဲ့အတိုင်း နိုင်ငံခေါင်းဆောင်တွေ တဖွဲဖွဲနဲ့မြန်မာပြည်ကို လာလည်ကြတာ အခုနောက်ဆုံး အမေရိကန်သမ္မတ အိုဘားမားရဲ့ အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ ပထမဦးဆုံး သမိုင်းဝင်မြန်မာနိုင်ငံ ခရီးဖြစ်လာတာတွေဟာ ဒီဝန်ကြီးနှစ်ပါးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ဆိုတာ မမှားပါဘူး။
ဝန်ကြီး နှစ်ယောက်အနေနဲ့ အနောက်အုပ်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့တာတွေ ယခင်အစိုးရ အဆက်ဆက်က ဖမ်းဆီးပြီးနှစ်ရှည်ထောင်ချထားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် ကျောင်းသားခေါင်း ဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကော၊ ပြည်ပမှာ ရောက်ရှိနေတဲ့ ယခင်တုန်းက အစိုးရကို ဆန့်ကျင်သူများဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ မိုးသီးဇွန် စတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ပြည်တွင်းမှာ ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ခဲ့တာဆိုရင်လည်း ဒီဝန်ကြီးနှစ်ပါးရဲ့ လုပ်ကိုင်ဆောင်ရွက် မှုမကင်းပါဘူး။ သူတို့နှစ်ယောက်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း အတိုင်း အတာတစ်ခုအထိ အောင်မြင်နေတယ်ဆိုတာလည်း အားလုံးသိကြမှာပါ။ နောက်ဆုံးပြောရရင် နော်ဝေ နိုင်ငံအထိလိုက်သွားပြီး သမ္မတကြီး ဦးသိန်းစိန် ငြိမ်းချမ်းရေးနို ဗယ်လ်ဆုရ ဖို့တောင်ကြိုးပမ်းခဲ့ကြပါသေးတယ်။
အခုအချိန်မှာ သူတို့နှစ်ယောက်ဟာ အမေရိကန်ကို အားကိုးတယ်၊ အနောက်ကို မျှော်နေတယ် ဆိုပေမဲ့လည်း လက်ရှိကမ္ဘာကြီးရဲ့အခြေအနေကိုအားလုံးလဲသိကြမှာပါ။ အခုအချိန်အခါမှာက အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ အခရာ အကျဆုံးပါပဲ။ အခုကမ္ဘာ့နိုင်ငံတွေအားလုံး သူနဲ့အဆင်ပြေရင် တိုးတက်မယ်။ အဆင်မပြေရင် နိုင်ငံတွင်းဆင်းရဲတွင်း နက်ရင်နက် ဒါမှမဟုတ်ရင်လည်း စစ်ပွဲတွေ ဖြစ်ပွား နေကြမယ်ဆိုတဲ့ သာဓကတွေလည်း တွေ့မြင်နေကြရမှာပါ။ စီးပွားရေးပညာရှင်တစ်ဦးက နိုင်ငံတစ်နိုင်ငံမှာ အမေရိကန် ကုမ္ပဏီတွေတွေ့ လာရရင် အဲဒီနိုင်ငံက မကြာခင် တိုးတက်ချမ်းသာ လာတော့မယ်လို့တောင် ဆိုထားပါတယ်။ ၎င်းဆိုထားတဲ့အတိုင်း နိုင်ငံတိုးတက်ဖို့အတွက် အမေရိကန်ရဲ့ အကူအညီအထောက်အပံ့ နဲ့ ထောက်ခံမှုဟာ အရေးကြီးကြောင်းကို သိကြမှာပါ။  ၀န်ကြီးနှစ်ပါးဟာ အမေရိကန်နဲ့ နီးစပ်ချင်တယ်ဆိုတဲ့ သမ္မတရဲ့လိုလားချက်ကို အကောင်အထည် ဖော်ပေးတဲ့သဘောပါပဲ။ ကျွန်တော်တို့ကိုတရုတ်က ကူညီတယ်ဆို တာကလည်း သဘောရိုးမဟုတ်ဖို့များ ပါတယ်။ တရုတ်ရဲ့ကူညီမှု တွေကြည့်ရင်အသား လိုလို့အရိုးတောင်းတဲ့ ပုံစံမျိုးတွေ့ရမှာပါ။ အခုလည်း တရုတ် ခေါင်းဆောင်တွေ အပြောင်းအလဲဖြစ်ကုန်ပြီ။ နောက်တက်လာမဲ့ ခေါင်းဆောင်တွေက ကျွန်တော်တို့နိုင်ငံ အပေါ်ဘယ်လို သဘောထားမလဲ မသိသေးဘူး။ လက်ရှိအခြေအနေအရ ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော် တို့မြန်မာနိုင်ငံဟာ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။ ဒီလိုအခြေ အနေမျိုးမှာကို နိုင်ငံကိုထောက်ခံ၊ ထောက်ပံ့ပေးမဲ့ အင်အားကြီးနိုင်ငံရဲ့ Back up လိုပါတယ်။ ဒါကြောင့်လဲ ဒီဝန်ကြီးနှစ်ပါးဟာ အမေရိကန်နဲ့ဆက်ဆံရေး ကောင်းမွန်လာအောင်ကြိုးပမ်းနေတာပါ။ သမ္မတကြီးက အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်ချင်တယ် ဆိုတာလည်း တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စေတနာနဲ့ပါ။
သမ္မတကြီး အမေရိကန်သွားတဲ့ ခရီးစဉ်မှာ ၀န်ကြီးနှစ်ပါး အတူတကွလိုက်ပါပြီး သမ္မတကြီးရဲ့ ခရီးကို အရောင်တောက်ပအောင် အရောင်တင်ပေးခဲ့တာလည်း သူတို့ပါပဲ။ အမေရိကန်ခရီးစဉ်အတွင်း ရောက်ရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တာတွေ၊ ဆန္ဒပြနေတဲ့ ကချင်လူငယ်တွေနဲ့ တွေ့ဆုံခဲ့တာ တွေဟာ အရင်တုန်းက လုံးဝမမြင်ဘူးတဲ့ မြင်ကွင်းတွေပါ။ ဒါ့အပြင် ၀န်ကြီးနှစ်ပါးဟာ အမေရိကန် တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရထားတဲ့ ဒေါက်တာကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေ တို့နဲ့ ဖွဲ့စည်း ထားတဲ့ Egress အဖွဲ့နဲ့အလွန်ပင်ရင်းနှီးကြပြီး သမ္မတကြီးရဲ့အမေရိကန်ခရီးစဉ်ကို အ ဆင်ပြေချောမွေ့အောင်သူတို့နဲ့ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ဒေါက်တာကျော်ရင်လှိုင် တစ်ယောက် အမေရိကန်ခရီးစဉ်မှာ သမ္မတကြီးကို စကားပြန်တောင် လုပ်ပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ၀န်ကြီး ဦးစိုးသိန်းဟာ တပ်က စီးပွားရေးဦးပိုင်နဲ့ ပတ်သက်ပြီး နေပြည်တော် MCC ခန်းမမှာ ကျင်းပခဲ့တဲ့ စီးပွားရေးဆွေးနွေးပွဲတစ်ခုမှာ လူအများရှေ့ ပြောဆိုဝေဖန်ခဲ့တဲ့ စကားတွေဟာလည်း သူတို့ကိုမြေတောင် မြှောက်ပေးခဲ့တဲ့ အရင်က စစ်တပ်ကလူကြီးတွေနဲ့ စစ်တပ်ကို သစ္စာဖောက်ရာ၊ ကျေးဇူးကန်းရာ ရောက်နေပေမဲ့လည်း နိုင်ငံတော် အကျိုးရှိအောင် လုပ်နေတဲ့ကိစ္စလို့ပဲ ပြောပါရစေ။
အခုဆိုရင် Peace Centre တစ်ခုကို တည်ဆောက်နိုင်ပြီး နိုင်ငံတကာက အလှူငွေတွေလည်း ရအောင် ယူပေးနိုင်ပါပြီ။ ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးရာမှ အစိုးရဘက်က လုံးဝမသုံးခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ စကားကိုလည်း ဦးအောင်မင်းထံက ကြားနေရပါပြီ။ ၀န်ကြီး ဦးစိုးသိမ်း ဆိုရင်လည်း နိုင်ငံတကာမှာ အပြောကောင်းကောင်း နဲ့ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်လာသလို မိမိကိုယ်ကို နယ်စည်းမခြားဝန်ကြီး လို့ သတ်မှတ်ထားတဲ့ ၀န်ကြီးဦးအောင်မင်းဆိုရင်လည်း ငြိမ်းချမ်းရေးအတွက် အိမ်ရှေ့ပေါက်ကတစ်မျိုး၊ နောက်ဖေးပေါက်ကတစ်ဖုံ ဆိုသလို ပြည်ပကိုထွက်ပြီး ဆောင်ရွက်နေတာကိုတွေ့ရမှာပါ။
ဒါကြောင့် ဒီဝန်ကြီးနှစ်ဦးအနေနဲ့ အတိတ်ကဘယ်လိုပဲ မကောင်းတဲ့သတင်းရှိနေပါစေ၊ ၎င်းတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ မွေးသဖခင်ကို သစ္စာမရှိတဲ့သူ၊ ကျေးဇူးကန်းတဲ့သူတွေဖြစ်နေပါစေ၊ အမေရိကန် ရဲ့လူလို့ပဲဆိုဆို အခုအချိန်မှာတော့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးသူရဲကောင်းတွေအနေနဲ့ တွေ့မြင်ရမှာပါ။ ဒါကြောင့် သူတို့နှစ်ယောက်ကို သမ္မတကြီးကို နောက်ကွယ်ကကြိုးကိုင်နေတဲ့ လူတွေလို့မမြင်ဘဲ သမ္မတကြီး အားကိုးအားထားရတဲ့လူ၊ သမ္မတကြီးကို အထောက်အကူပြုနေတဲ့ King Maker ပရောဟိတ်ကြီး တွေလို့ ရှုမြင်စေချင်ပါတယ်။
Myanmar Express 
ခေါင်းမှာတော့ ပန်းတွေဝေ၊ နှာခေါင်းကတော့ အနမ်းတွေ ခြွေ... မြန်-မာ-အ-မျိုး-သ-မီး-တဲ့လား
Posted by drmyochit Wednesday, November 21, 2012, under | No comments
 မည်သည့် ဘာသာတရားကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ မြန်မာ့ယဉ်ကျေးမှု ပတ်ဝန်း ကျင်မှာ ကြီးပြင်းကြသည့် မြန်မာအမျိုးမီး စစ်စစ်များသည် အရှက်နှင့် အကြောက် (ဟီရိ၊ သြတ္တပ္ပ) တရားကို စောင့်စည်း၊ ထိန်းသိမ်း လိုက်နာကြပါသည်။ ထိုသို စောင့်စည်းလာခဲ့သည်မှာ နှစ်ပေါင်း  ထောင်ချီ ရှိ ခဲ့ပြီဖြစ်ပါသည်။
    ခေတ်စနစ်တွေ မည်မျှပင်ပြောင်းလဲ နေပါစေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံစံများကို စောင့် စည်း ထိန်းသိမ်းရမည်မှာ မြန်မာတိုင်း၊ မြန်မာအမျိုးသမီးတိုင်း၏ သမိုင်းပေးတာဝန် ပင် ဖြစ်ပါသည်။ "ခေတ်" ဟူသော စကားကို တလွဲအသုံးချသူများသည် ကိုယ်ပိုင်ယဉ်ကျေးမှုကို ပြည်ဖုံးကားချနေသူ သာ ဖြစ် ပါလိမ့်မည်။ လမ်းဘေး ဟင်းရွက် ကဇွန်းသည်မှသည် "တိုင်းပြည်ခေါင်းဆောင်" "လူထု ခေါင်းဆောင်" အမည်ခံထားသူ (များ) အထိ၊ ကိုယ်ပိုင်မြန်မာ့ ယဉ်ကျေးမှုနှင့် လုံးဝဆန့် ကျင်ဘက်ဖြစ် သော၊ လူမြင် ကွင်းမှာ အာဘွားပေးခြင်း၊ ဖက်ရမ်း၊ နမ်းရှုပ်ခြင်းစသည့် အနောက်တိုင်းဆန်သော အပြု အမူ၊ အကျင့်ဆိုးများကို လုံးဝတားဆီး၊ ရှောင်ကြဉ်ကြရမည်ဖြစ်ပါသည်။
    အထူးသဖြင့် "တိုင်းပြည်ခေါင်းဆောင်" "လူထုခေါင်းဆောင်" ဆိုသော (စိတ်ကူးယဉ်) စကား လုံးများအောက်တွင် ရောက်နေသော အမျိုးသမီးဖြစ်နေလျင် လူမြင်ကွင်းမှာ အာဘွားပေးခြင်း၊ ဖက် ရမ်း၊ နမ်း ရှုပ်ခြင်း စသည့် မြန်မာ့ယဉ်ကျေးမှုနှင့် အဆီအငေါ်မတည့်သော၊ မြန်မာအမျိုးသမီးများ အတွက် စံနမူနာကောင်း (လုံးဝ) မဟုတ်သော နှုတ်ဆက်ခြင်းများဖြင့် တိုင်းတစ်ပါးသားနှင့် အမျိုး သားများကို လက်ခံ ကြိုဆိုခြင်း လုံးဝ မလုပ်သင့်ပါ၊ အနောက်တိုင်း၊ အနောက်ဟန်များနှင့် လက်ခံ နှုတ်ဆက်ခြင်း စသည်များကို ထိုကဲ့သို့ သော အမျိုးသမီးတစ်ဦးက ပို၍ပင် ရှောင်ကြဉ်သင့်ပါသည်။     ပွင်းပွင့်လင်းလင်းပြောရလျင်၊ ဒေါ်စုကြည်ထံ ဥဒဟို၊ တံခါးမရှိ၊ ဓားမရှိ ၀င်-ထွက် သွား-လာ နေကြသော နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများကို ဒေါ်စုကြည်က အနောက်တိုင်း၊ အနောက်ဟန် များဖြစ်သော ဖက်ခြင်း၊ နမ်းခြင်း၊ လက်တွဲခြင်းစသည်များဖြင့် ကြိုဆို ဧည့်ခံ နေသည်များကို တွေ့နေ မြင်နေရသည်မှာ အော့နှလုံးနာစရာ၊ စက်ဆုပ်၊ ရွံရှာဖွယ်ဖြစ်ပါသည်။ အထူးသဖြင့် ဥရောပနှင့် ယူ-အက်စ်-အေမှ အမျိုးသားကို ဦးစားပေး ဖက်-ရမ်း-နမ်း-ရှုပ်နေသည်က များပါသည်။ မှတ်မိသမျှ အ ကြမ်းပြင်း တင်ပြရလျင်၊ ဒေါ်စုကြည်သည်၊ ဗြိတိန်နိုင်ငံ အစိုးရအဖွဲ့ဝင်အမျိုး သားတစ်ဦးကို အသဲ ချင်းထပ်၊ ရင်ချင်းအပ်၍ပင် နမ်းပြ၏။ကြိုဆို၏။ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးးကိုတော့ "မောင် ရှေ့  က တည့်တည့် လျှောက်ရင်...စုလည်း နောက်ကလိုက်မယ်" ဆိုသည့်အလား လက်ကလေးများကို ချိတ်-တွဲပြီး နှစ်ယောက်သား အပြုံးကိုယ်စီနဲ့  လမ်းလျှောက်ပြခဲ့၏။      သမ္မတ အိုဘားမားကို ကြိုဆိုပုံကတော့  ပူပူနွေးနွေးဟုပင် ပြောရပါမည်။သမ္မတ အိုဘားမား နှင့် ဒေါ်စု ကြည်တို့ အနမ်းတွေခြွေနေပုံကို တစ်ကမ္ဘာလုံး၏ ရှေ့ တွင် တွေ့  မြင်လိုက်ရ ပါ၏။ ဒေါ်စု ကြည်၏ ခေါင်းမှာလည်း ပန်းတွေနဲ့  ဝေနေတာကို တွေ့ မြင်ရပါ၏။ ထိုဖြစ်စဉ် အားလုံးသည် မြန်မာ အမျိုးသမီး စစ်စစ်များ၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားသူများ အထူး ရှောင်ရှား အပ်သည့် ဒေါ်စုကြည်၏ ကြိုဆို၊ ဧည့်ခံ၊ နှုတ်ဆက်ပုံများဖြစ်ပါသည်။
    ဒေါ်စုကြည် ဦးခေါင်းမှာ ပန်းတွေဝေနေသော်လည်း၊ ဒေါ်စုကြည်၏ နှာခေါင်းက အနမ်းတွေ ခြွေနေပုံကဖြင့်...ဒါ...မြန်မာအမျိုးသမီးတဲ့လား..ဟူ၍ပင်။ ယဉ်ကျေးသိမ်မွေ့ ၊ မြန်မာ့ဓလေ့၊ မမေ့အပ်ပေ၊ ဒို့  အမွေ.....
  Myanmar Express 
သပိတ်ကျင်း ငလျှင်ဒဏ်ခံ ဒေသများ စစ်တပ်မှလွဲ၍ ကူညီသူမရှိ
Posted by drmyochit Wednesday, November 21, 2012, under | No comments
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညိုစောနှင့်အတူ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက သပိတ်ကျင်းမြို့ အောင်စင်္ကြာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် ဘုရား၊ ဇေယျသုခကျောင်း စံကျောင်းတော်၊ ဆိပ်ကမ်း ရပ်ကွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ် ပညာရေး မှူးရုံးများသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက် အအုံများ ပြန်လည်ဆယ်တင် ရေးလုပ်ငန်းများကို နယ်မြေခံတပ်မ တော်သားများနှင့် မိသားစု ဝင်များမှ ဆောင်ရွက်ပေး နေမှုများအား ကြည့်ရှု အားပေးပြီး အောင်စင်္ကြာ ဓာတ်ပေါင်းစု ဆုတောင်း ပြည့်ကျောင်း ဆရာတော် ဦးဣဿရိယကို ဖူးမြော်ကြည်ညိုကာ ကျောင်းအတွက် ရုပ်မြင်သံကြားဖမ်း စက်နှင့် လှူဖွယ်ပစ္စည်းများအားဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်သူ့ဆေးရုံ ယာယီ အဆောက်အအုံ၌ ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်နယ်လှည့် ဆေးကု သရေးအဖွဲ့တို့ ပူးပေါင်း၍ ငလျင်ဒဏ် သင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် အညာတောရွာရှိ အညာသီဟတော မြတ်စေတီ ရွှေထီးတော်နှင့် တံခွန်တိုင် တိမ်းစောင်းနေမှု၊ ဂန္ဓကုဋိ တိုက်၊ မုခ်ဝများ၊ ရင်ပြင်တော်များ ပျက် စီးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂေါပ ကအဖွဲ့ထံ အလှူငွေများ လှူဒါန်းသည်။ ဆက်လက်၍ သပိတ်ကျင်း တပ်နယ်ရှိ နယ်မြေခံ လေ့ကျင့်ရေးကျောင်း စုပေါင်းခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် သင်တန်းသားများကို အမှာစကား ပြောကြားပြီး ရုပ်မြင်သံကြား ဖမ်းစက်၊ စားသောက်ဖွယ်ရာ များနှင့် သုတ၊ ရသ စာအုပ် စာစောင်များကို ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူ သည်။ ယင်းနောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးနှုတ် ဆက်သည်။ ထို့နောက် သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများ စားသုံးရန် ချက်ပြုတ် ပြင်ဆင်ထားမှု၊ ငလျင်ဒဏ် ခံရသော အဆောက် အအုံများကို ပြန်လည်ပြင် ဆင်နေမှုနှင့် အိမ်ထောင်သည် လိုင်းခန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Express 
မြန်မာနိုင်ငံအကြောင်း ဘယ်လောက်သိလဲ
Posted by drmyochit Wednesday, November 21, 2012, under | No comments
မြန်မာနိုင်ငံအကြာင်းကို တခြားအရာတွေမသိချင်နေပါ။ ဒါလေးတော့ မြန်မာနိုင်ငံသားတိုင်း သိသင့်ပါတယ်။ ဖတ်မိတာလေးပြန်ရှယ်လိုက်ပါသည်။
တည်နေရာ
မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အာရှတိုက်၏အရှေ့ တောင် ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် တည်ရှိသည်။ အရှေ့ မြောက်ဘက်တွင် တရုပ်ပြည်သူ့ သမ္မတနိုင်ငံ (၁၃၈၄ မိုင်)၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ (၁၄၆ မိုင်)၊ အရှေ့ တောင်ဘက်တွင် ထိုင်းနိုင်ငံ(၁၃၀၄ မိုင်) ၊ အနောက်ဘက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ (၁၆၉ မိုင်)နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ (၉၀၃ မိုင်) တို့နှင့် နယ်နမိတ် ထိစပ်နေသည်။
အကျယ်အ၀န်း
မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၂၀၀၀ (၆၇၈ ၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အရှေ့ တောင် အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံများထဲတွင် အမှတ်စဉ် ၄၀ မြောက် အကြီးဆုံးဖြစ်သည်။ အဓိကတောင်တန်းကြီး ၃ ခုရှိသည် ပဲခူးရိုမတောင်တန်း၊ ရခိုင်ရိုးမတောင်တန်းနှင့် ရုမ်းတောင်တန်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များပေါ်များသည် ထိုထဲမှ အထင်ကရမြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်မြစ်နှင့် စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ဖြစ်သည်။
အမြင့်ဆုံးတောင်
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာ (ပေ ၁၉၂၉၀) ခန့် မြင့်မားသည်။
အရှည်ဆုံးမြစ်
ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားသည်။
လွတ်လပ်ရေးနေ့
ဇန္န၀ါရီလ ၄ ရက်၊ ၁၉၄၈ ခုနှစ် နံနက် ၄း၂၀ အချိန်တွင် ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေး ရခဲ့သည်။
ရာသီဥတု
နွေ၊မိုး၊ဆောင်းဟူ၍သုံးမျိုးရှိပါသည်။
နွေရာသီ-ဖေဖေါ်ဝါရီမှမေလကုန်အထိဖြစ်သည်။
မိုးရာသီ-ဇွန်လမှစက်တင်ဘာလကုန်အထိဖြစ်သည်။
ဆောင်းရာသီ-အောက်တိုဘာလမှဇန္န၀ါရီလကုန်အထိဖြစ်သည်။
ကိုးကွယ်မှု
ထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည်။ အခြားဘာသာများကို ကိုးကွယ်သူများလည်း နေထိုင်သည်။ ဗုဒ္ဒဘာသာ ၈၉ %၊ ခရစ်ယန်ဘာသာ ၄ %၊ မူဆလင်ဘာသာ ၄ % နှင့် အခြား ကိုးကွယ်သည့်ဘာသာဝင် ၃ % ရှိသည်။( ၂၀၀၆ ခုနှစ်စာရင်းဖြစ်သည်။)
နိုင်ငံတော်အလံ 
နိုင်ငံတော် အလံတွင် အ၀ါရောင် ၊ အစိမ်းရောင် နှင့် အနီရောင် တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ညွန်းခြင်းဖြစ်သည်။ အလံတော်ရှိ အ၀ါရောင်သည် စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ၊ ဥာဏ်ပညာကြီးမားခြင်း ၊ ပျော်ရွင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံး ညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
အလံတော်ရှိ အစိမ်းရောင်သည် မြေဆီသြဇာ ကြွယ်ဝခြင်း ၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာပြီး စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။ အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။ ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ၊ ဖြောင့်မတ်မှန်ကန်ခြင်း ၊ ဂရုနာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။
နိုင်ငံတော်သီချင်း
ကမ္ဘာမကြေ သီချင်းဖြစ်သည်။ ၀ိုင်အမ်ဘီဆရာတင် ရေးစပ်ခဲ့ခြင်းဖြစ်သည်။
ရုံးသုံးစာ
အဓိကမြန်မာစာကိုသုံးသည်။နိုင်ငံခြားဘာသာစကားအတွက့် အင်္ဂလိပ်စာကို အသုံးပြုသည်။
ငွေကြေး
ကျပ်ငွေကို အသုံးပြုသည်။ ၁ ကျပ်တွင် ပြား ၁၀၀ ပါရှိသည်။ ယနေ့ အမြင့်ဆုံး ငွေစက္ကူမှာ ကျပ် ၁၀,၀၀၀ တန် ဖြစ်သည်။
စံတော်ချိန်
ကမ္ဘာ့စံတော်ချိန်နှင့်(+၆.၃၀)နာရီကွာသည်။
နိုင်ငံတကာCode
နိုင်ငံတကာCodeမှာ၉၅(95)ဖြစ်သည်။
ကမ္ဘာ့အသင်းဝင်
၁၉၄၈ ခုနှစ် ဧပြီလ တွင် ၅၈ နိုင်ငံမြောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ ဝင် နိုင်ငံဖြစ်လာသည်။
 Myanmar Express 
အသက် ၇၀ ပြည့်ခါနီးမှ အနေ အထိုင် မတတ်သဖြင့် ဒေါ်အောင်ဆန်း စုကြည်အား တဏှာရူးမကြီး ဟု ထိုင်း လုထု ဝေဖန်
Posted by drmyochit Wednesday, November 21, 2012, under | No comments
အသက် ၇၀ ပြည့်ခါနီးမှ အနေအထိုင်မတတ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တဏှာရူးမကြီးဟု ထိုင်း လုထု ဝေဖန်လျှက်ရှိကြောင်း http://www.manager.co.th/Daily/ViewNews.aspx?NewsID=9550000141400 တွင် ဖော်ပြထားသော စာများအရ သိရသည်။ မန္တလေးမှ ထိုင်းနိုင်ငံ AIT တွင် ပညာသင်ကြားပြီးနောက် ထိုင်းဘာသာ စကားတတ်ကျွမ်းသူ မြန်မာကျောင်းသူဟောင်း တစ်ဦးကတော့ ထိုင်းပြည်သူတွေရဲ့ ပြောဆိုမှုကို အခုလိုပြောပြပါတယ်
"သူတို့ ရေးထား ပြောထားတာတွေကတော့ အန်တီစုရဲ့ လုပ်ရပ်က အာဆီယံကို သိက္ခာကျစေတယ်.. အရှေ့တောင် အာရှက ယဉ်ကျေးမှု ကို တန်ဖိုးထားကြပြီး ဒေါ်အောင်ဆန်း စုကြည်က ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို တန်ဖိုးမထားဘူး.. ပေါ့... အဲလိုပြောကြတာပါ.. တချို့ပြောတာတွေကတော့ နဲနဲ ရိုင်းတယ်.. တဏှာရူးနေတယ်... အသက် ၇၀ ပြည့်ခါနီးတောင်း သိက္ခာမဆည်နိုင်ဘူး... လို့ပြောထားကြတယ်..."
လို့ဆိုပါတယ်။ 
အရှေ့အာရှတွင် အိုဘားမားနှင့် တွေ့ဆုံဖူးသူ အမျိုးသမီး အများအပြားရှိပြီး နမ်းသမျှ ခံသူ မှ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာ ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝက် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိမ်ပေါင်းများစွာ တွေ့ပြီးသော်လည်း ဝန်ကြီးချုပ် ရင်လတ်က အနမ်းမခံခဲ့ပေ။
မြန်မာ့ယဉ်ကျေးမှုအရ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် နှုတ်ဆက်ရာတွင် စကားဖြင့်သာ နှုတ်ဆက်လေ့ရှိကြပြီး လက်ကိုင် နှုတ်ဆက်သူ အရေအတွက်ပင် အလွန်ရှားပါးလှသည်။ လက်ကို အနမ်းခံ နှုတ်ဆက်ခြင်း၊ ပါးထိုးကာ အနမ်းခံခြင်း တို့ကို ပြုလုပ်တတ်သူမှာ လူကွယ်ရာတွင်သာ ပြုလုပ်တတ်လေ့ရှိပြီး လူရှေ့သူရှေ့တွင် ပထမဆုံး အရှက်မဲ့စွာ လုပ်ဆောင်ပြသူမှာ အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကပထမဆုံးဖြစ်သည်။
မြန်မာ့ရိုးရာဝတ်စုံဝတ်ပြီး ပါးထိုးခံကာ ကျေနပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ပုံဟာ ကမ္ဘာအနှံ့ပျံ့နှံ့သွားပြီး အာရှနိုင်ငံအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်လျှက်ရှိကာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြကြောင်း သတင်းရရှိသည်။
 Myanmar Express 
တရုတ် ပို့ကုန်ဈေးကွက် အမေရိကန်နိုင်ငံဘက်သို့ ဦးလှည့်
Posted by drmyochit Wednesday, November 21, 2012, under | No comments
 တရုတ်နိုင်ငံ၏အဓိကကုန်သွယ်ဖက်အကြီးဆုံးနိုင်ငံဖြစ်သည့် အီးယူနိုင်ငံများအနေဖြင့် ကြွေးမြီကိစ္စရပ် များကြောင့် စီးပွားရေး ကျဆင်းနေချိန်တွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံနှင့် ပို့ကုန်ဈေးကွက်တွင် ဦးဆောင် သွားပြီဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ပုဂိုလ် Shen Danyang မှ သတင်းထောက် များအား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ မှ အမေရိကန်နိုင်ငံသို့ တင်ပို့ကုန် အမေရိကန်ဒေါ်လာ ၂၈၃.၃ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး အီးယူုနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၂၇၆.၈ ဘီလီယံတန်ဖိုးအထိသာ သင်္ဘောတင်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်ဆန်းစမှ စက်တင်ဘာလအထိ အမေရိကန်နိုင်ငံရော၊ အီးယူနိုင်ငံများမှပါ ကုန်မှာစာများ လျော့ကျခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးကို များစွာထိခိုက်စေခဲ့ပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ရည်မှန်းချက်ဖြစ်သည့် ပို့ကုန် ၁၀% မြင့်တက်ရေးရည်မှန်းချက်ကို မပြည့်မီနိုင်ခဲ့ဘဲ လွန်ခဲ့သည့် ၁၀ လကျော် ကာလအတွင်း ၆.၃ % သာ ကုန်တင်ပို့နိုင်ကြောင်း သိရသည်။ ယခုနှစ်အတွင်း နိုင်ငံတကာကုန်သွယ်ရေးသည် ကမောက်ကမဖြစ်ခဲ့ပြီး  နိုင်ငံရေးအခြေအနေများကြောင့်လည်း ထိခိုက်မှုများရှိခဲ့ကြောင်း Shen Danyang မှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ တတိယမြောက် ကုန်သွယ်ဖက်နိုင်ငံ ဂျပန်နိုင်ငံမှလည်း နှစ်နိုင်ငံကြား ပဋိပက္ခများကြောင့် အာဆီယံနိုင်ငံများထံ ကုန်သွယ်ရေး ကျားကွက်ရွှေ့သွားခဲ့သည်။
Myanmar Express 
ပုံနှိပ်နှင့် ထုတ်ဝေ လုပ်ငန်းများအား အွန်လိုင်းမှ စတင် လျှောက်ထား နိုင်တော့မည်
Posted by drmyochit Wednesday, November 21, 2012, under | No comments
 နိုင်ငံအတွင်း ပုံနှိပ်နဲ့ ထုတ်ဝေရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး လျှောက်ထားမှု များကို အွန်လိုင်းမှ စတင် လျှောက်ထား နိုင်တော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ ထုတ်ပြန်ချက် အရ ပြန်ကြားရေး ၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းဟာ နိုင်ငံ အတွင်း ပုံနှိပ်နဲ့ ထုတ်ဝေ လုပ်ငန်း လုပ်ဆောင် လိုတဲ့ ပုဂ္ဂိုလ်များ အတွက် လုပ်ငန်း မှတ်ပုံတင် လျှောက်ထားမှု ပိုမိုလျင်မြန် ချောမွေ့ လာအောင် မှတ်ပုံတင် လျှောက်ထားမှုကို အွန်လိုင်း ကနေ လျှောက်ထား နိုင်ဖို့ ခွင့်ပြု လိုက်တာ ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းမှ လျှောက်ထားမှု ကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး စီစဉ် ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အွန်လိုင်းမှ လျှောက်ထားဖို့ အတွက် ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် ဖြစ်တဲ့www.ministryofinformation.gov.mm မှာ ပုံနှိပ်နှင့် ထုတ်ဝေ လုပ်ငန်း လုပ်ကိုင် လူသူများ အတွက် လျှောက်လွှာ ပုံစံနဲ့ လိုအပ်မယ့် အချက်တွေကို ကြေညာထား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အတွက် လျှောက်ထား လိုသူတွေ အနေနဲ့ အဆိုပါ ၀က်ဘ်ဆိုက် ကတစ်ဆင့် Download ပြုလုပ်ကာ သတ်မှတ်ပုံစံများ ဖြည့်စွက်ပြီး လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။ လျှောက်ထားမှု ကိုတော့ epprmyanmar@gmail. com ကို ပီဒီအက်ဖ်ဖိုင် ပူးတွဲကာ ပေးပို့ လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။
 Myanmar Express
ရန်ကုန်တက္ကသိုလ်တွင် ၁၇ နှစ်ကြာ တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ဂုဏ်ထူးတန်း လာမည့် ပညာသင်နှစ်တွင် ပြန်လည်စတင်မည်
Posted by drmyochit Wednesday, November 21, 2012, under | No comments
၁၉၉၆ ခုနှစ် နောက်ပိုင်း ၁၇ နှစ်ကြာ ဂုဏ်ထူးတန်း တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် လာမည့်ပညာသင်နှစ်မှ စတင်ပြီး ဦးရေသတ်မှတ်၍ ပြန်လည်လက်ခံ သင်ကြားပေးသွားရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားစာဖြင့် ဂုဏ်ထူးတန်း ကျောင်းသားတို့ကို အထူးပြုဘာသာ တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးအား လက်ခံသင်ကြားပေးရန် ညွှန်ကြားခဲ့ပြီး လက်ရှိတွင် သင်ကြားမှုအတွက် ဌာနအသီးသီးမှ ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဟုလည်း ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခများနှင့် လက်ထောက်ကထိက အချို့တို့က ပြောဆိုသည်။ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်မှု ဆောင်ရွက်ခြင်း၏ လုပ်ဆောင်မှုများထဲမှ တစ်ခုဟု အတည်ပြုပြောကာ အသေးစိတ်ကို မပြောဆိုခဲ့ပေ။ ရူပဗေဒဌာန တွဲဖက်ပါမောက္ခ ဦးစိုးဝင်းက “ဒီဇင်ဘာလမှာ ကျောင်းဖွင့်မယ်။ ဝင်ခွင့်က ဘယ်လိုပုံစံလဲတော့ မသိဘူး။ သင်ကြားပေးဖို့ ပြင်ဆင်နေပါပြီ။ ကျောင်းရဲ့သဘောက ကျောင်းသားတွေနဲ့ ရှိရမယ်။ ကျောင်းသားများမှလည်း သုတေသနပြုမှုတွေက ပိုများလာမှာပေါ့” ဟု ပြောသည်။ ရန်ကုန်တက္ကသိုလ်မှ လက်ထောက်ကထိက ဒေါက်တာကျော်သန်းမိုးက ဝင်ခွင့်စာမေးပွဲဖြင့် စစ်ဆေး၍ တက်ရောက်ခွင့် ရွေးချယ်သည့် ရန်ကုန်တက္ကသိုလ် သမိုင်းအစဉ် အလာအတိုင်း ဆောင်ရွက်လိမ့်မည်ဟု ခန့်မှန်းပြောဆိုမှု ပြုခဲ့သည်။ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုအပေါ် စောင့်ကြည့်လေ့လာနေသူ ဒေါက်တာဘိုးလှိုင်ကမူ ယခုကဲ့သို့ ဂုဏ်ထူးတန်း ကျောင်းသား လက်ခံမှုကို ယေဘုယျအားဖြင့် ကြိုဆိုကြောင်း ပြောဆိုခဲ့သော်လည်း သင်ကြားမှုအပိုင်း၊ ကျောင်းသားအဆောင် ထားရှိမှုရှိ၊ မရှိ ဆိုသည်မျိုးကို စောင့်ကြည့်သွားရမည်ဟု ပြောသည်။ လတ်တလောတွင် ရန်ကုန်တက္ကသိုလ်အား မူလအဆင့်အတန်း ပြန်ဖြစ်စေရန် နိုင်ငံတော်သမ္မတ အကြံပေးအချို့ အပါအဝင် NLD လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၈၈ မျိုးဆက် ကျောင်းသားတို့၏ တောင်းဆိုမှုတို့ အရှိန်ပြင်းလာနေ သည်ဟုသိရှိရသည်။
 Myanmar Express 
ရုရှားအမျိုးသမီးကြီးတစ်ဦး ဂြိုဟ်သားဟု ယူဆရသော အလောင်းတစ်ခု ရေခဲသေတ္တာထဲ နှစ်နှစ်ကြာသိမ်းထားခဲ့
Posted by drmyochit Wednesday, November 21, 2012, under | No comments
ဂြိုဟ်သား အလောင်းအစစ်ကို ရှာဖွေတွေ့ရှိ ထားကြပြီးလား ဟူသော မေးခွန်းတစ်ခု ပေါ်ပေါက်နေကြောင်း သိရသည်။   ရုရှား အမျိုးသမီးကြီးတစ်ဦးက အမှန်ပင် သူမ   တွေ့ရှိထားခဲ့ပြီဟု ဆိုသည်။  ရုရှားအမျိုးသမီးတစ်ဦး ဖြစ်သူ မာတာ (Marta Yegorovnam)  က ၂ဝဝ၉ ခုနှစ်တွင် အမည်မသိ ယာဉ် ပျံတစ်စင်းပျက်ကျ ခဲ့သော   နေရာမှ ဂြိုဟ်သားအလောင်းတစ်ခု ကယ် တင်ရရှိလာခဲ့ပြီး ရေခဲသေတ္တာ အထဲတွင် ၂ နှစ်ကြာသိမ်းဆည်း ထားခဲ့သည် ဟု ပြောကြားခဲ့သည်။  အလောင်း အရွယ်မှာ ၂ ပေခန့် သာရှည်ပြီး ကြီးမားသော ဦးခေါင်း ရှိကာ ပိန်သွယ်နေပြီး မျက်လုံးများမှာ ဖောင်း၍စူထွက်နေသည်။ ထို့အပြင် လက်မောင်းများမှာသစ်ပင်အကိုင်းကဲ့ သို့ သေး သွယ်နေကြောင်း ၄င်းက ပြောသည်။ မိမိထံသို့ လူနှစ်ဦး ရောက်ရှိလာပြီး ၄င်းတို့သည် ကရင်မလင်သုတေသနဌာနမှ ဖြစ် ကြောင်းပြောပြပြီး အလောင်းကို စစ်ဆေးရန် ယူသွားကြသည်ဟု ဆိုသည်။  ၂ဝ၁၁ ခုနှစ်ဧပြီလကလည်း ဆိုက်ဘေးရီယားရှိ နှင်းထုပြင်ထဲ တွင်ဂြိုဟ်သားအလောင်းတွေ့ရှိသည် ဟု အသက် ၁၈ နှစ်နှင့် ၁၉ နှစ် ခန့်ရှိသော လူငယ်နှစ်ဦးကအင်တာ နက်ပေါ်တင်၍ ပြသခဲ့သည်။ ရဲအဖွဲ့ မှ စုံစမ်းခဲ့ရာ ပေါင်မုန့်နှင့်ကြက်အတု ပြားတို့ဖြင့် ပြုလုပ်ထားသော အရုပ် တစ်ခုဖြစ် ကြောင်း ဝန်ခံခဲ့ကြသည့် ဖြစ်ရပ်တစ်ခုကြုံခဲ့ကြရသည်။ UFO ကျွမ်းကျင်သူ Alex Komanov က ၃ နှစ်အတွင်း  UFO မြင်ကွင်းများသည် ၆၇ ရာခိုင်နှုန်း တိုးလာနေပြီး Mutual UFO Network ၏ ပြောပြချက်အရ ၂ဝ၁၁ ခုနှစ်တွင်လစဉ် UFO အမည်မသိ ယာဉ် ပျံတွေ့ရှိခဲ့မှု ၅ဝဝ ခန့်ကို လက်ခံရခဲ့သည်ဟု ဖော်ပြထား သည်။ ၂ဝဝ၈ တွင် ၃ဝဝ ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။
 Myanmar Express 
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်