Thursday, November 29, 2012

“ဒီဇင်ဘာ ၁၄ မတိုင်မီ မှတ်ပုံမတင်သည့် မြန်မာလုပ်သားများ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားရေး ၀န်ကြီှးဌာနက ဆုံးဖြတ်”

Posted by drmyochit Thursday, November 29, 2012, under | No comments


ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ ဒီဇင်ဘာ ၁၄ ရက်နေ့ မတိုင်မီ နိုင်ငံသား စိစစ်ရေး ရုံးများ၌ မှတ်ပုံတင်ခြင်း မပြုပါက နေရင်းတိုင်းပြည်သို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားရေး ၀န်ကြီှးဌာနက ဆုံးဖြတ် အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခြင်းမပြုရသေးသည့် မြန်မာလုပ်သား တစ်သန်းခန့် ရှိနေရာ မြန်မာအလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး မှတ်ပုံတင်ရန် နောက်ဆုံးရက်အား နောက်ထပ်ခြောက်လ သက်တမ်း တိုးပေးရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။  ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူ များက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ က ဆွေးနွေးခဲ့ကြသော်လည်း ထိုင်းအလုပ်သမားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး Prawit Khiangpol ကမူ နိုင်ငံခြားအလုပ်သမားများ မှတ်ပုံတင်ခြင်းသည် အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ဆောင် ရွက်ခြင်းဖြစ် သောကြောင့် ထပ်မံသက်တမ်းတိုးပေးရန် မဖြစ်နိုင်ဟု ဆိုသည်။  နိုင်ငံခြား အလုပ်သမားများ မှတ်ပုံတင်ခြင်းသည် ယမန်နှစ်က သက်တမ်း ကုန်ဆုံးခဲ့သော်လည်း ပထမအကြိမ်တွင် ဇွန်လ ၁၄ ရက်သို့ လည်းကောင်း၊ ဒုတိယအကြိမ်တွင် ယခုဒီဇင်ဘာလ ၁၄ ရက်သို့ လည်းကောင်း နှစ်ကြိမ် တိုင်တိုင် သက်တမ်းတိုးပေးခဲ့ပြီး ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တစ်နေ့အနည်းဆုံးလုပ်ခ ဘတ် ၃၀၀ အား မှတ်ပုံ တင်ထားသည့် နိုင်ငံခြား အလုပ်သမားများ ခံစားခွင့်ရမည်ဟု ထိုင်းအလုပ်သမား ဒုတိယ၀န်ကြီး Anusorn Kraiwatnussorn ကဆိုသည်။ အဆိုပါ အနိမ့်ဆုံးလုပ်ခ ဥပဒေသည် တစ်နိုင်ငံလုံး အသက်ဝင်သည်ဟု ထိုင်းအလုပ်သမား ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 Myanmar Express 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ သဘောထား ပေးပို့ခြင်း

Posted by drmyochit Thursday, November 29, 2012, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (   ၉   /  ၂၀၁၂)
၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ     ၂၇    ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း    ၁၄    ရက်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ သဘောထား ပေးပို့ခြင်း

၁။     ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၅ အရ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယက က (၁၈-၁၁-၂၀၁၂) ရက်တွင် ပေးပို့ခဲ့သည်။
၂။   အဆိုပါ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-   
“၁။   ဤဥပဒေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု  ခေါ်တွင်စေရမည်။
၂။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေတွင်-
(က)
ပုဒ်မ ၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၆။  နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃  ဦး၊ စုစုပေါင်း ရွေးချယ်ထားသည့် အဖွဲ့ဝင် ၉ ဦး၏ အမည် စာရင်း ကိုလည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ ရွေးချယ်သည့် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး သဘောတူညီချက် ရယူရမည်။”
(ခ)
ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဇ) ၏ နောက်တွင် ပုဒ်မခွဲ (ဈ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဈ)    မိမိတို့၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ချက် နှင့်စပ်လျဉ်း၍ မိမိတို့အား ရွေးချယ်သည့် သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌထံသို့ အသီးသီး အစီရင်ခံခြင်း ။”
၃။       နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေတွင် ပုဒ်မ ၂၃ ကို ပုဒ်မ ၂၄ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၄ ကို ပုဒ်မ ၂၃ အဖြစ် လည်းကောင်း၊ ပြန်လည် အမှတ်စဉ်ရမည်။ ထိုသို့ ပြန်လည် အမှတ်စဉ်သည့် ပုဒ်မ ၂၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၂၄။    ပုဒ်မ ၂၃ အရ ချမှတ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။”
၎။          နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေတွင် ပုဒ်မ ၂၅ ကို ပယ်ဖျက်ရမည်။"
၃။        ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(က) အရ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်အား ပြည်ထောင်စု လွှတ်တော် နာယကထံ (၂၃-၁၁-၂၀၁၂) ရက်တွင် ပြန်လည် ပေးပို့ခဲ့သည်။ အဆိုပါ သဘောထား မှတ်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
"၁။     ရည်ညွှန်းပါ စာဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ပေးပို့လာသော နိုင်ငံတော်      ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံရရှိပါသည်။
၂။         ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မိမိ၏သဘောထား မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)
ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ (က) နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၁ ၌ " နိုင်ငံတော်သမ္မတသည် မိမိ ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်း ကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက် သဘော တူညီချက် ရယူရမည်။"  ဟု ပြဋ္ဌာန်း ထားပါသည်။ လွှတ်တော်၏ ပြင်ဆင် ပြဋ္ဌာန်း လိုချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဆန့်ကျင်လျက် ရှိရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ၂၂ ခုတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မဆန့်ကျင်သော ပြဋ္ဌာန်းချက်သာလျှင် အတည်ဖြစ်သည်ဟု ပုဒ်မ ၄၄၆ တွင် ပြဋ္ဌာန်းပြီးဖြစ်ရာ၊ ဆန့်ကျင် ပြဋ္ဌာန်းလျှင် အလိုအလျောက် ပျက်ပြယ်မည် ဖြစ်ပါသည်။
(ခ)
ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ) နှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၂ နှင့် ၃၂၃ တို့၏ ပြဋ္ဌာန်းချက် များတွင် ပါရှိသော ခုံရုံး၏ လုပ်ငန်း တာဝန်များအား စုစည်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖြည့်စွက်သည့် ပုဒ်မခွဲ (ဈ) ပါ ဖော်ပြချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်ခြင်း မရှိသည့်အပြင် ထိုသို့ ဖြည့်စွက် ပြဋ္ဌာန်းပါက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အမြင့်ဆုံး တရားရုံး ဖြစ်သည့် ထိုခုံရုံး၏ လွတ်လပ်စွာ တရားစီရင် ဆုံးဖြတ်နိုင်ခွင့်ကို ထိခိုက်မည် ဖြစ်ပါသည်။ တနည်းအားဖြင့် တရားစီရင်ရေး ကဏ္ဍအား ဝင်ရောက် စွက်ဖက်မှု ဖြစ်လာပါမည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ တရားစီရင်ရေးမူ ကိုလည်း ဆန့်ကျင် နေပါသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အား ဆန့်ကျင်လျက်ရှိရာ ဒီမိုကရေစီ အနှစ်သာရ ပီပြင်စေရေး အထူး စောင့်ထိန်းရမည့် အချက် ဖြစ်သဖြင့် ဖြည့်စွက် ပြဋ္ဌာန်းရန် မသင့်ကြောင်း တွေ့ရှိရပါသည်။
(ဂ)
ဥပဒေကြမ်း၏ ပုဒ်မ ၃ နှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၄ ကို ပြင်ဆင် အစားထိုးပါက အပြီးအပြတ် အတည်ဖြစ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ)ပါ တရားရုံး တစ်ရုံးက တင်သွင်းသော အကြောင်းကိစ္စအပေါ် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက် တစ်ခုနှင့်သာ သက်ဆိုင်စေမည် ဖြစ်ပါသည်။ ကျန်အကြောင်း ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် အပြီးအပြတ် ဖြစ်မည် မဟုတ်သဖြင့် အယူခံ ပြင်ဆင် တက်ရောက်နိုင်ခွင့် ရှိသော ဆုံးဖြတ်ချက် အဖြစ်သို့ သက်ရောက်စေပါသည်။ ယင်းပြင်ဆင်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၄ ပါ ပြဋ္ဌာန်းချက် ဖြစ်သော "နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်" ဆိုသည့် ပြဋ္ဌာန်းချက်အား ဆန့်ကျင်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ ပျက်ပြယ် မည်သာ ဖြစ်ပါသည်။
(ဃ)
ဥပဒေကြမ်း၏ ပုဒ်မ ၄ နှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၅ မှာ ခုံရုံး ဆုံးဖြတ်ချက် များသည် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များသို့ လည်းကောင်း၊ သက်ဆိုင်ရာ နေရာ ဒေသ အသီးသီး သို့လည်းကောင်း အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းချက် ဖြစ်ပါသည်။ ပုဒ်မ ၂၅ ၏ အနှစ်သာရမှာ ခုံရုံး၏ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှု အပေါ် အငြင်းပွားမှု မရှိစေရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ ပြဋ္ဌာန်းထားခြင်း မရှိပါက ခုံရုံး၏ အကျိုးသက်ရောက်မှု အပေါ် အငြင်းပွားခြင်း၊ အဓိပ္ပါယ် ဖွင့်ဆိုရခြင်းများ ရှိလာနိုင်သဖြင့် မူလဥပဒေ ပြဋ္ဌာန်းချက် ပုဒ်မ ၂၅ ကို ပယ်ဖျက်၍ မရကြောင်း တွေ့ရှိရပါသည်။
၃။     သို့ပါ၍ ပြည်ထောင်စုလွှတ်တော်က ပေးပို့လာသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် သဘောထား မှတ်ချက်အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(က)အရ ပေးပို့အပ်ပါသည်။ "
၎။        နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ တည်ဆဲ ဥပဒေ တစ်ခု၏ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဆန့်ကျင် ပြဋ္ဌာန်းလျှင် သို့မဟုတ် မညီညွှတ်လျှင် အတည် မဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ထိုဥပဒေ တစ်ရပ်ကို ကိုင်တွယ် ကျင့်သုံးရပါက အဆင်ပြေ ချောမွေ့မှု မရှိလျှင် မလိုအပ်သော ကိစ္စများ ဖြစ်ပေါ်နိုင်သည်။ ထိုသို့ မဆန့်ကျင်စေရန်နှင့် ညီညွတ်မှု ရှိစေရန် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁၂)တွင် ဆောင်ရွက်ဖွယ် လုပ်ငန်းများကို ပြဋ္ဌာန်းထားရှိ သည်ကိုလည်း လေ့လာ သိရှိရသည်။
၅။        နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ဥပဒေနှင့်အညီ ပေးပို့သော သဘောထား မှတ်ချက် သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်သော ဥပဒေ ပြဋ္ဌာန်းချက် ဖြစ်စေရေး၊ ဒီမိုကရေစီ ကျင့်စဉ်ကောင်းများ ပေါ်ထွန်းရန် အထောက်အပံ့ ဖြစ်စေရေး တို့ကို ရည်ရွယ်ခြင်း ဖြစ်သည်။

 Myanmar Express 

ညောင်နှစ်ပင်မှ သင်္ကန်းကျွန်း အထိ ရေပို့ပိုက်မကြီး သွယ်တန်းမှု ၅၅ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်

Posted by drmyochit Thursday, November 29, 2012, under | No comments


ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း ဒုတိယ အဆင့်မှာ အထယု ရေသန့်စင် စက်ရုံမှ အဆင့်မြင့် ရေပို့ ပိုက်မကြီး သွယ်တန်းမှု လုပ်ငန်း များဟာ ယခုအခါ ၅၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ရေပို့ ပိုက်မကြီး ဆက်သွယ်ခြင်း လုပ်ငန်း များကို အဖွဲ့၎ ဖွဲ့ခွဲကာ ညောင်နှစ်ပင် စခန်းမှ သင်္ကန်းကျွန်း မြို့နယ် အထိ သွယ်တန်း လျက်ရှိပြီး အဆင့်မြင့် နိုင်လွန် ပလပ်စတစ်ပိုက် HDPE ပိုက်များကို သွယ်တန်း နေတာ ဖြစ်ပါတယ်။
အဆိုပါ ရေပို့ ပိုက်မကြီး ဆက်သွယ်ခြင်း တွေကိုတော့ ငွေကျပ် ၂၁ ဘီလီယံ အကုန်အကျ ခံကာ သုံးစွဲ သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် ငမိုးရိပ် ဒုတိယ အဆင့် ရေသန့်စင် စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း တွေဟာလည်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး လာမယ့် ၂၀၁၃ ခုနှစ်မှာ ရန်ကုန်မြို့ကို ရေဂါလံ ၄၅ သန်း ထပ်မံပေးပို့ နိုင်မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ယခုလက်ရှိ ငမိုးရိပ် ဒုတိယ အဆင့် ရေသန့်စင် စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း မှာလည်း ရေတွန်းစက်နဲ့ လျှပ်စစ် မီးသွယ်တန်းခြင်း ကိစ္စများသာ လုပ်ဆောင်ဖို့ ကျန်ရှိတော့တာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ စီမံကိန်း လုပ်ငန်းများ ပြီးစီးပါက ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြို့နယ်များ အထိ သောက်သုံးရေ များ ပုံမှန် ပြည့်ဝစွာ ရရှိသွားမှာ ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။ အဆိုပါ ရေပို့ ပိုက်မကြီးများ သွယ်တန်းမှုကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စတင်ကာ ညောင်နှစ်ပင် စခန်းမှ သင်္ဃန်းကျွန်း မြို့နယ် အထိ ဆက်သွယ် နေတာဖြစ်ပြီး စီမံကိန်း တစ်ခုလုံး ကိုတော့ ၂၀၁၃ ခုနှစ် မေလမှာ အပြီး တည်ဆောက် သွားဖို့ စီစဉ်ထား တယ်လို့ သတင်း ရရှိပါတယ်။ Myanmar Express 

Tuesday, November 27, 2012

ရှမ်းအဖွဲ့အစည်းများနှင့် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကျင်းပ

Posted by drmyochit Tuesday, November 27, 2012, under | No comments


ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရှမ်းနိုင်ငံရေး ပါတ်ီများ၊ ရှမ်းလူမှုအဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာ ၂၆ ရက်မှစ၍ ၂၈ ရက်အထိ ၃ ရက်ကြာ ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပပြု လုပ်မည် ဖြစ်သည်။ ယနေ့ နံနက် ၈ နာရီခွဲမှ စတင်ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်း၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်နယ် ပြန်လည်တည်ထောင် ရေးကောင်စီ (RCSS/ SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်နယ်အရှေ့ပိုင်း (NDAA မိုင်းလား)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA ပြည်သူ့စစ်)နှင့် ရှမ်းအမျိုးသမီး လှုပ်ရှားမှုကွန်ရက်(SWAN-Thai) စသည့် လက်နက်ကိုင် အဖွဲ့အစည်း ငါးခုနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီစသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှဝ်များ တက်ရောက်ခဲ့ကြသည်။ သမိုင်းတစ်လျှောက်လုံးတွင် နားလည်မှုလွဲခဲ့သော ဖက်ဒရယ်လစ်ဇင် ကဲ့သို့သော ကိစ္စမျိုးကို မိမိတို့အဖွဲ့အစည်း အသီးသီး နားလည်လက်ခံသော အဓိပ္ပာယ်ရရှိ ဆောင်ရွက်ခြင်းကဲ့သို့သော ကိစ္စရပ်မျိုး၊ အာဏာခွဲဝေ မှုကဲ့သို့သော ကိစ္စရပ်မျိုး၊ သယံဇာတခွဲဝေမှု  ကိစ္စရပ်မျိုးကို အဓိပ္ပာယ် ဖွင့်ဆိုခြင်းများကို ဦးစွာပထမ ရှင်းလင်းရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့လုပ်ငန်းကော်မတ် ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြော ကြားသွားသည်။
ထို့နောက် ဆွေးနွေးပွဲကို သတင်းမီဒီယာများနှင့် အခြားဖိတ်ကြားထားသော ဧည့် သည်တော်များ မပါဘဲ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်း များသာ သီးသန့်ဆွေးနွေး မှုပြုလုပ်ခြင်း ဖြစ်သည်။ 

မူဆလင်ကုလားများအား ဂေါ်ရခါးအမည်ဖြင့် တပ်ရင်းသစ်များတိုးချဲ့ ဖွင့်လှစ်

Posted by drmyochit Tuesday, November 27, 2012, under | No comments


အမေရိကန် သမ္မတကြီး အိုဘားမား မြန်မာပြည်သို့ လာရောက်ပြီးနောက်ပိုင်းတွင် ကချင် လက်နက်ကိုင် KIA တပ်မတော် အတွက် စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့ပါတယ်။ အရင်တုန်းက အိုဘားမား သိနားလည်ထားတာ က ကချင် လက်နက်ကိုင်အဖွဲ့KIA ဆိုတာ ကချင်ပြည်နယ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုပြီး ဖွဲ့ထားတာလို့ သိထား ရာမှ KIA ဆိုတာ လိုင်ဇာမြို့နဲ့ တရုတ်-မြန်မာနယ်စပ်က နေရာကွက်ကွက် ကလေးမှာသာ လှုပ်ရှားနေ တဲ့ အဖွဲ့တစ်ခုသာဖြစ် တယ်လို့သိရှိ သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကချင်ပြည်နယ်မှာ ခန့်ထားတာ က ကချင်လူမျိုး ၀န်ကြီးချုပ်၊ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အများစုကလည်း ကချင် လူမျိုးတွေ၊ ဒါ့အပြင် ဦးဇခုန်တိန့်ယိန်း တို့လို လက်နက်ကိုင်တဲ့ ကချင်အဖွဲ့တွေ ကိုယ်တိုင် ငြိမ်းချမ်းရေး ယူ၊ ပါတီ ဖွဲ့နေတဲ့အကြောင်းတွေ အိုဘားမား ရှင်းလင်းစွာ သိရှိ သွားခဲ့ပါတယ်။ ဒါ့အပြင် အရင်က KIO ကချင်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာလဂျာ ကိုယ်တိုင် ရွေးကောက်ပွဲ ၀င် နေတဲ့ အခါကျတော့ အိုဘားမားအတွက် KIAလက်နက်ကိုင်တွေရဲ့ သရုပ်ကို ပီပြင်ထင်ရှားစွာ သိမြင်သွားခဲ့ ပါတယ်။
ပိုပြီးဆိုရွားတာကတော့ KIAတပ်တွေရဲ့ အဖျက်လုပ်ငန်းတွေနဲ့ KIA ဆိုတာ တရုတ် ရဲ့ကျောေ ထာက် နောက်ခံ အဖွဲ့၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင် ခိုတဲ့ အဖွဲ့အစည်း ဆိုတာ သိရှိသွားခဲ့ပါတယ်။ အိုဘားမား ကိုယ်တိုင်က မြန်မာ ဒီမိုကရေစီ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေပေးမယ်လို့ ကတိ ခံ ထား ပါတယ်။ အဲဒီ အထဲမှာ စစ်ရေး အကူအညီလဲ ပါရှိပါတယ်။ ပြောရမယ်ဆိုရင် KIA အ တွက်ပြေး စရာမြေမရှိ၊ တိုက်ခိုင်းစရာ လူမရှိဖြစ်နေတဲ့ အခြေအနေမို့ ကြံရာမရှိဖြစ်နေ ပါတယ်။ နောက် ဆုံး မှာတော့ အကြံကုန် ဂဠုန်စားချက် ဆိုတဲ့အတိုင်း မူဆလင် တိုင်းပြည်တွေက လက်မခံ တဲ့ နိုင်ငံမဲ့ လူမျိုးတွေဖြစ်တဲ့ မူဆလင်တွေ ကို လူကြားကောင်းအောင် ဂေါ်ရခါးတပ်ရင်း အမည် တပ်ပြီး တပ် အသစ်တွေ ဖွင့် လှစ်ခဲ့ပါ တယ်။
KIA ဗဟိုဌာနချုပ်နဲ့ (၃)မိုင်အကွာမှာ ဂေါ်ရခါးတပ်ရင်း တစ်ရင်းအား လူ(၈၀)ဦးခန့်နဲ့ ဖွဲ့စည်းထားရှိပြီး လစာ အဖြစ်တစ်လ ကျပ်ငွေ တစ်သောင်းထုတ် ပေးပါတယ်။ မူဆလင် ကုလားတွေအတွက် ကျပ်တစ်သောင်းဟာ ဘယ်လို မှ မလုံလောက်ပေမဲ့ နေထိုင်ခွင့် ရတဲ့အတွက် ၀မ်းသာနေကြ ပါတယ်။ သူတို့ရဲ့နေ့စဉ် စားဝတ်ေ နရေး အတွက် ကတော့ တောင်ယာ စိုက်ပျိုး လုပ်ကိုင်ခြင်းနဲ့ ဆိတ်မွေးမြူခြင်းတွေ လုပ်ကိုင်နေပါ တယ်။ လက်ရှိမှာေ ဂ်ါရခါး တပ်ရင်း အမည်ခံ မူဆလင် ကုလားတွေရဲ့ အဓိက တာဝန်အဖြစ် လူသစ် စုဆောင်းေ ပးဖို့ဖြစ်ပါတယ်။ လူသစ်စုရာ မှာလည်း ရခိုင် ပြည်နယ်နဲ့ အခြားနေရာတွေမှာ နေထိုင်လုပ်ကိုင် စားသောက် လို့ မရတဲ့ မူဆလင် ကုလား အများစုကို စုစည်းပေးဖို့ ဖြစ်ပါတယ်။
စစ်ဦးချုပ်ဂွမ်မော်အနေနဲ့ KIA တပ်ဖွဲ့တွေရဲ့ ရေရှည်ရပ်တည် နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုနေ တာဖြစ် ပါတယ်။ ကချင် ဒုက္ခသည်တွေ အကြောင်းပြပြီး ထောက်ပံ့ ကူညီထားတဲ့ တွေထဲက ကုလား တပ် တွေအတွက် ဆန်နဲ့ ဆားတွေကို ရိက္ခာအဖြစ်ပေး ထားပါတယ်။ ဂေါ်ရခါး တပ်ရင်းတွေ အမည်ခံ ပြီးဖွင့် လှစ် ထားတာနဲ့ ပတ်သက်လို့ ပြင်ဦးလွင်မှာ ရှိတဲ့ ဂေါ်ရခါး အဖွဲ့ချုပ်က ကန့်ကွက်ထားပါတယ်။ သူတို့ ဂေါ်ရခါး လူမျိုး စစ်စစ်တွေ အနေနဲ့ မူဆလင် မကိုးကွယ်ပါဘူး။ ပြီးတော့သူပုန် မလုပ်ပါဘူး။ အင်္ဂလိပ် အစိုးရ လက် ထက် မှ သည် ဒီကနေ့ မြန်မာအစိုးရ လက်ထက်တိုင် ဂေါ်ရခါး သူပုန်ဆိုတာ မရှိဘူးလို့ လည်း ဂေါ်ရ ခါး အဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦးက ပြောဆိုပါတယ်။
ကချင်ဘာသာရေး ခေါင်းဆောင်ပိုင်းကတော့ KIA အနေနဲ့ မူဆလင် ကုလားတွေကို နေရာပေး၊ အစာကျွေး ထားခြင်းဟာ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ဂေါ်ရခါးတပ်ရင်း ဖွဲ့တာကို သဘောမကျကြပါ ဘူး။ နောင် အခါမှာ ကုလားဆိုတာ လူဦးရေးတိုးပွားနှုန်းမြန်ဆန်လွန်းတာမို့ ကချင်ပြည်နယ်ရဲ့ အနာဂတ် ဟာ ရခိုင် ပြည်နယ်လို ဖြစ်သွားနိုင်တယ်လို့ ပြောဆိုကြပါတယ်။ ကချင်အမျိုးသမီး တွေအတွက်၊ ကချင် လူမျိုး စုတွေ အတွက် နောင်ကျရင်ကချင်-ကုလားလူမျိုး (ချင်လားလူမျိုး)ဆိုပြီး လူမျိုးသစ် တစ်မျိုး ပေါ် လာနိုင် တယ်လို့ ကချင် လူမျိုးစု ခေါင်းဆောင် တစ်ဦးကလဲ သူ့ရဲ့အမြင်ကိုပြောဆိုခဲ့ပါတယ်။

ကချင်နေ့စဉ်သတင်း  

လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ အပြောင်းအလဲနှင့် လက်ပံတောင်း ကြေးနီ

Posted by drmyochit Tuesday, November 27, 2012, under | No comments


အစိုးရ စီမံကိန်းများ အကောင် အထည် မဖော်ခင် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ပြီး အကောင် အ ထည် ဖော်နေ ဆဲ စီမံကိန်းများကို တစ်ဖက် သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင် သည် ဟု ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ ဆုံစဉ် ပြောကြား သွား ခဲ့ သည်။ ''အခုလက်ပံတောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက် ခဲ့ရင် တန်ရာ တန်ကြေး ပြန်ပေးရ မယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံ တစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင်တော့ဘူး'' ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ပြည်သူ့လွှတ်တော် အစည်း အဝေး နောက်ဆုံးနေ့တွင် အစည်း အဝေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိဘဲ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြု ချက်ဖြင့် အစိုးရသို့ လွှတ်တော်မှ လက်ပံတောင်းတောင် စီမံကိန်းကို အဖွဲ့ တစ်ဖွဲ့ ဖွဲ့၍ စစ်ဆေးစေရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီး ဝေလွင် က ပြန်လည် ရှင်းလင်း ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းစီမံကိန်းနှင့် ပတ်သက်၍ မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။ ''အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿ နာ တွေမဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမို ကရေစီခေတ် မှာ ပြန်ရှင်း ရတာ ဆို တော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလို ချင်ချင်နဲ့ပေးထားတဲ့ ကတိ ကိုယ့် ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်ဆိုတာ ကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ''ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို Wanbo Maing Ltd. မှ ဒေါ်လာ ၉၉၉ သန်း ရာ နှုန်းပြည့် ရင်းနှီးမြှပ်နှံခဲ့ပြီး အကျိုး အမြတ် ခွဲဝေမှုတွင် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက် နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံးနေကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
''နိုင်ငံတစ်ကာ ဆက်ဆံရေး အရ ဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ ထာဝရရန်သူ ဟူ၍မရှိပါဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ ကျွန်တော့် ရဲ့ တင်ပြချက်က အမေရိကန်အတွက် မဟုတ်သလို တရုတ်အတွက်လည်း မဟုတ်ပါဘူး။ မိမိနိုင်ငံရဲ့ အကျိုး စီးပွား အတွက်သာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က စီမံကိန်းလုပ်ဆောင်ရခြင်းနှင့် ပတ် သက် ၍ ပြန် လည်ရှင်းလင်းခဲ့သည်။
အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ကြီးထွားလာ ရခြင်းသည် မီဒီယာ၏ ပယောဂ မကင်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်း ပြောကြားသွားခြင်းအပေါ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ် အောင်ဆန်းစုကြည်က ''အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီး ပါ တယ်။ စောစော က ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွား တယ်။ ဒါ ကို မျက်စိစုံ မှိတ်ပြီး မငြင်း နဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာ လည်း အမြဲမမှန် နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံး သပ် ဖို့ပဲ လိုပါတယ်'' ဟု မီဒီယာ များနှင့် တွေ့ ဆုံစဉ် ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
(Messenger News Journal)

ဆီးဂိမ်းအတွက် အကြံပေးနိုင်တဲ့ အားကစားဝန်ကြီးဌာန ၀က်ဆိုဒ် ၃ ခု

Posted by drmyochit Tuesday, November 27, 2012, under | No comments


မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီနှင့် အားကစား ၀န်ကြီးဌာန အနေနဲ့ အင်တာနက်မှာ www.myasoc.org, www.myasoc.com.mm နဲ့ www.mosports.gov.mm အစရှိတဲ့ website ၃ ခုကို လွှင့်တင် ထားတယ်လို့ သိရပါတယ်။ အခုလို အဆိုပါ website ၃ ခုကို ထားရှိပေး ထားခြင်း ဟာလည်း မြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို ကျင်းပရေး၊ အောင်နိုင်ရေးနဲ့ ကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများမှာ ပါဝင်ပြီး အကျယ်ပြန့်ဆုံး ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ အတွက်ကို ရည်ရွယ် ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ ၀က်ဘ်ဆိုက် များမှာ နိုင်ငံတကာမှ သိရှိနိုင်ဖို့ မြန်မာနိုင်ငံ အကြောင်း၊ အိုလံပစ် ကော်မတီ၊ အားကာ အဖွဲ့ချုပ်များ၊ အိုလံပစ် ပြိုင်ပွဲများ၊ အာရှအားကစား ပြိုင်ပွဲများနဲ့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများ အပြင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ အမှတ်တံဆိပ်၊ လာဘ်ကောင်များနဲ့ ပြိုင်ပွဲ ကျင်းပမယ့် ကွင်း၊ အားကစားရုံများ ပွဲစဉ် ဇယားများ အားကစား နည်းများ ပြည့်စုံစွာ ဖော်ပြထား တယ်လို့ သိရပါတယ်။ ဒါ့အပြင် အားကစား သတင်းများ၊ အပြည်ပြည် ဆိုင်ရာ အားကစား အဖွဲ့ချုပ် များနဲ့ ဆက်သွယ်ဖို့ လိပ်စာများ၊ အားကစား နည်းစနစ် အထောက်အကူပြု ဗီဒီယိုများ အပြင် ဂုဏ်ပြုတေး သီချင်းများပါ ပါရှိပြီး အကြံပြု လိုပါကလည်း ဆက်သွယ်ဖို့ e-mail ဖုန်း၊ ဖက်စ်နံပါတ်များ ကိုပါ ဖော်ပြထား ရှိတာ ဖြစ်တယ် လို့လည်း သိရပါတယ်။

MRTV-4

ပြည်ပ စစ်သား၊ ဒို့စစ်သား

Posted by drmyochit Tuesday, November 27, 2012, under | No comments


ခိုင်မာကာ တည်ကြည်..ဒို့စိတ်ထား သည်။ တပ်မတော် သားတွေ သည် ဇွဲနှင့် သတ္တိညီ။ ရန်သူ ကို ဘာမထီ အပြုတ်နှံ လို့ အတည် ဒို့ပြည်သူ ကို မထိနဲ့ မီးပွင့်မည် ဆိုတဲ့ မြန်မာ့ တပ်မတော်သား တိုင်း သိကြတဲ့ စစ်သီချင်းသံ လို ပါပဲ။ တပ်မတော်ဆိုတာဟာ ပြည်သူ့ အတွက် ဖြစ်ပါ တယ်။ ဒီပြည်သူတွေ ကာကွယ်ဖို့ အတွက်ပဲ တပ်မတော် သားတွေ ဟာ အပင်ပန်း ခံလေ့ကျင့်ကာ အသက်ပေးပြီး တိုင်းပြည် တာဝန်ကို ထမ်းဆောင်ကြ ရ ပါတယ်။ ဒါပေမယ့် ငါ့သားများ စစ်ထဲ ဝင်ရင်လေ… သူ့ကို ပြောလိုက်ပါ၊ စစ်တပ် ဆိုတာ အမှန် တကယ် သာ လိုက်နာ နိုင်မယ်ဆိုရင် ယောက်ျားကောင်း ယောက်ျား မြတ်တွေ မွေးထုတ် ရာ ကျောင်းတော်ကြီးပေါ့ ဆိုတဲ့အတိုင်း အမှန်တကယ် လိုက်နာနိုင်မှသာ ယောက်ျား ထဲမှာ ယော က်ျားကောင်း ယောက်ျားမြတ်ေ တွ ဖြစ်လာမှာ ဖြစ်ပါတယ်။
သူများနိုင်ငံတွေမှာ ဒီပုံထဲကလိုမျိုး အပြစ်ပေးတာတွေရှိသလို ပျော်စေ ပျက်စေ ချွေးတလုံးလုံးနဲ့ မြန်မာ စစ်သားများလည်း ကြုံဖူးခဲ့ကြပါတယ်။
သူများနိုင်ငံတွေမှာ ဒီပုံထဲကလိုမျိုး အပြစ်ပေးတာတွေရှိသလို ပျော်စေ ပျက်စေ ချွေးတလုံးလုံးနဲ့ မြန်မာ စစ်သားများလည်း ကြုံဖူးခဲ့ကြပါတယ်။  သူတို့မှာလည်း ငမ်းဖူးကြသလို ကိုယ်တို့မှာလည်း ပြင်ဦးလွင်မှာ ဂွမ်းဖူးခဲ့ကြပါသေးတယ်။  စစ်ရေးပြမှာ သပ်ရပ်စနစ်ကျသော စစ်သားများဖြစ်ဖို့ ဒို့ဆရာများကလည်း ဒါမျိုးတွေ လုပ်ပေးခဲ့ဖူးတယ်။

သူများတွေ မိုင်းအတွက် ဒီလိုရှင်းပေမယ့် ဒို့ကတော့ ပြည်သူ့အကျိုးအတွက် ဥာဏ်ကိုလွှာသုံးပြီး ခန္ဓာကိုယ်နဲ့ ရင်းပြီး ရှင်းပေးရပါတယ်။ 
ညီညာမှုအတွက်၊ အကွာအဝေးအတွက် သူများတွေ ဒီလိုတိုင်းရပေမယ့် ကိုယ်တို့ ဆရာတွေကတော့ မျက်စိနဲ့ကြည့်ယုံ လုံလောက်ခဲ့ဖူးပါတယ်။ 
လုံလောက်ခဲ့ဖူးပါတယ်။ သူများတွေ အားလပ်ချိန်မှာ ဒါမျိုး အားဖြည့်နိုင်ကျပေမယ့် ကိုယ်တို့ကတော့ ရေတောင် အလုအယက် တစ်ယောက်တစ်ခွက်သောက်ပြီး လေ့ကျင့်ခဲ့ကြရတယ်။
ညီညာမှုအတွက် ပေတံကပ်ပြီး လေ့ကျင့်စရာ မလိုအောင် ဒို့ဆရာတွေက မျက်စိကောင်းခဲ့ကြပါတယ်။





အတင်းအဓမ္မ လက်ထပ် ခိုင်းစေမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့

Posted by drmyochit Tuesday, November 27, 2012, under | No comments


ကျွန်မသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်မှန်ဌာနမှ ဓာတ်မှန်ကျွမ်းကျင်အဆင့်(၂)ဖြင့် တာဝန် ထမ်းဆောင်နေ သူ တစ်ဦး ဖြစ်ပါသည်။ ကျွန်မ၏အမည်မှာ မသင်းဟေမာစိုး (၂၈)နှစ်ဖြစ်ပါတယ်။ ကျွန်မ ၁၄-၁၀-၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီက ဆေးရုံကြီး အဆောင်တွင်ရှိနေစဉ် ဆွေမျိုး  နီးစပ်တော်စပ်သော မဇင်မာစိုး၊ မဇင်မင်းစိုး၊ သန်းဇော်အောင်၊ ချစ်ကိုကိုတို့မှ ဆူပါကပ်စတန်ကား (ဇ)/၈၀၇၄ ဖြင့် လာရောက်ခေါ် ဆောင်ခဲ့ပါတယ်။ ပုဇွန်တောင်တွင် မဇင်မာစိုးနှင့် အတူ ဆံပင်ညှပ်ပြီး တာမွေ အခွန် လွတ်ဈေးရှိ မမာလာမြင့် ဆိုင်သို့သွားပြီး မဇင်မာစိုးနှင့် မဇင်မင်းစိုးတို့ ဆင်းနေခဲ့ပါတယ်။ အခွန်လွတ်ဈေး ကနေ တစ်ဆင့် ကျွန်မကို ဆေးရုံပို့ပေးမယ်ပြောပြီး မပို့တော့ဘဲ သန်းဇော်အောင်မှ ဓားထောက်ပြီး မအော်နဲ့ ဟု ပြောပြီး ခရမ်းသုံးခွဘက် ခေါ်သွားပါတယ်။
လမ်းတစ်နေရာတွင် ကားပျက်သွားသဖြင့် ဒေါ်မာလာမြင့်နှင့် စိုးအေး(ခ) ဒါဝတ် တို့ ပြန်လာ ခေါ်ပါတယ် ။ ပြန်ေ ခါ် လာပြီး သင်္ဃန်းကျွန်း လွတ်လပ်ရေးရပ်ကွက်မှ အိမ်တစ်အိမ်တွင် ဗလီ ဆရာခေါ်ပြီး သန်းဇော်အောင်နှင့် လက်ထပ်ခိုင်းပါသည်။ ထိုစဉ် အချိန်မှာ ည ၃ နာရီခန့် ရှိပါပြီ။ လက် ထပ်ပြီးနောက် အခွန်လွတ်ဈေး ရှိ ဒါဝတ်(ခ) စိုးအေးနှင့် ဒေါ်မာလာမြင့်တို့ ဆိုင်သို့ အတင်းပို့ခဲ့ ပါတ်ယ်။ ဆိုင်တွင် ကျန်ခဲ့ပြီး ကျွန်မမှ သန်းဇော်အောင် အား အမျိုးမျိုး တောင်းပန် ခဲ့ပါတယ်။ ကျွန်မမှာ နံနက်တွင် နိုင်ငံတော်မှ ဓာတ်မှန် ရိုက်စေရန် ခိုင်းစေထားသော အလွန် အရေးကြီး ပုဂ္ဂိုလ် ၄ အား ဓာတ်မှန်ရိုက်ရန် တာဝန်ရှိပြီး ဓာတ်မှန် ခန်းသော့များလည်း ကျွန်မထံ ပါလာသည့် အကြောင်း ပြောပြတောင်း ပန်ပြီး နံနက် ၆ နာရီတွင် ပြန်ပြေး လာခဲ့ပါတယ်။ ကျွန်မ၏အဖြစ်အပျက်များကို ဟင်္သာတရှိ မိဘများထံ ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ မိဘများကလည်း စိုးရိမ်ပူပန် စိတ်များဖြစ်ခဲ့ရပါတယ်။ ထိုသူများ၏ ရန်ကို ရှောင်တိမ်းရန်အတွက် မိဘများက ခွင့်ယူပြီး ဟင်္သာတတွင် ခေတ္တပုန်း အောင်းခိုင်းသဖြင့် မိဘများနှင့်အတူ ဟင်္သာတတွင် နေထိုင်ခဲ့ပါတယ်။
ယခုဖြစ်ရပ်ကို ဦးဆောင်စီစဉ်သူမှာ အောင်မြင့်(ခ)အီစမိုင်း (အမှတ်(၁၈)၊ ၁၂၇ လမ်း၊ ၄ လွှာ သပြေ ကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်) ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်များကို သူကရှင်းပေး မယ်ပြောပြီး ကြိုးကိုင်စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
သူတို့အားလုံးက ဆေးရုံကြီးတွင် ကျွန်မ လက်ထပ်ထားသော စာချုပ်အား မိတ္တူများ လာရောက်ဖြန့်ဝြေ ခင်း ၊ ဟင်္သာတ ရှိ မိဘများအိမ်ရှေ့မှ ကားဖြင့်လာရောက် အရှက်ခွဲခြင်းများ ပြုလုပ်လာကြပါတယ်။ ဒါကြောင့် ကျွန်မ လည်း လသာရဲစခန်းတွင် ၂-၁၁-၂၀၁၂ ရက်နေ့တွင် သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ပါ တယ်။ ၈-၁၁-၂၀၁၂ ရက်နေ့တွင် ရဲစခန်းမှ ခေါ်သဖြင့် သွားရောက်လက်မှတ် ထိုးခဲ့ရပါတယ်။ (ပ) ၃၄၀/၂၀၁၂၊ ပုဒ်မ ၃၆၆/၁၁၄ ဟု သိရပါတယ်။
တစ်ဖက်မှ တရားခံများကို စတင်ပြီး ခေါ်စစ်ကတည်းက ဟင်္သာတအိမ်ကို ဖုန်းနှင့်အမျိုးမျိုးဆဲဆို ခြိမ်းခြောက် ခဲ့ကြပါတယ်။ အဲဒီကိစဖြစ်ပြီးကတည်း ကျွန်မအမေလည်း နှလုံးရောဂါဖြင့် ဆေးရုံကို တင်ခဲ့ရပါ တယ်။ ကျွန်မ မှာလည်း အရှက်တကွဲ အကျိုးနည်းဖြစ်ရသဖြင့် လုပ်ငန်းခွင် သို့ ပြန်မ၀င်ရဲသေးပါ။
ရဲစခန်းမှ တရားခံများကို စစ်ဆေးနေတဲ့အချိန်မှာပဲ ကျွန်မကို အနှောင့်အယှက် အမျိုးမျိုးပြု လုပ်တဲ့ အပြင် လူကို ပါ သတ်မည် ဟု ခြိမ်းခြောက်ပြော ဆိုလာပါတယ်။ ယခုအခါ ၄င်းတို့မှာ မလေးရှားသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေပါတယ်။ သူတို့လက်ထဲမှာ လည်း ပတ်စ်ပို့စ်များ ကို အသင့်ကိုင်ဆောင်ထားပြီး ဖြစ်ပါတယ်။ ၀န်ထမ်း တစ်ယောက်အနေနှင့် ဆက်လက် တာဝန်ထမ်းဆောင် ရန်မှာလည်း အခက်အခဲများစွာ ရှိနေတဲ့ အပြင် တရား ဥပဒေ၏ စိုးမိုးမှုကိုလည်း မရရှိဘဲ ကြောက်ရွံ့စွာ ပုန်းအောင်းနေရပါတယ်။
ဒါကြောင့် ကျွန်မကို အကူအညီပေးဖို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။
ကာယကံရှင် ပြောပြသော အကြောင်းအရာကို မူရင်းအတိုင်း တင်ပေးခြင်း ဖြစ်ပါတယ်။
မိုးနေ

လူအများရှေ့တွင် နမ်းမိသည့်အတွက် မဖွယ်မရာပြုလုပ်သည်ဟု ဝေဖန်ခံရသော ထိုင်ဝမ် မင်းသမီး

Posted by drmyochit Tuesday, November 27, 2012, under | No comments


ထိုင်ဝမ်နိုင်ငံ တောင်ပိုင်းမှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ဆုပေးပွဲသို့ တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင် ငံတို့မှ  နာမည်ကျော် အနုပညာရှင်များ တက်ရောက်ကြပါတယ်။ အဆိုပါ ဆုဟာ တရုတ် စာတမ်းထိုး ရုပ်ရှင်များအတွက် အော်စကာဆု တစ်မျိုးဖြစ်ပြီး နာမည်ကျော်များဟာ အပြိုင်အဆိုင် ၀တ်စုံ များဖြင့် တက်ရောက်ကြပါတယ်။ ထိုသို့တက်ရောက်လာကြတဲ့ အနုပညာရှင်များထဲမှ ထိုင်ဝမ်မင်းသမီး လင်ချီလိန်း( Lin Chi-ling) ဟာ တော့ သူမရဲ့ အလှအပတွေကို ထင်ရှားစေတဲ့ ၀တ်စုံကြောင့် ပွဲတက်လာ သူများ၏ အာရုံကို ဆွဲဆောင်နိုင် ခဲ့ပါတယ်။
အကောင်းဆုံး ဒါရိုက်တာဆုကို ပေးအပ်ရန်အတွက် သူမ စင်မြင့်ပေါ်ကို တက်လာပြီးနောက် ဒါရိုက်တာကို ဆုပေး ချိန်မှာ ကိုယ်လေးကိုင်း ညွှတ်လိုက်တော့ ပေါ်ထွက်လာတဲ့ အလှအပများကြောင့် အင်တာနက် ပရိ သတ်ကြီးဟာ ဒါဟာလုံးဝ မသင့်လျော်ဘူး။ မိန်းမ မဆန်ဘူးဆိုပြီး အပြင်းအထန် ဝေဖန်ကြပါသတဲ့။
နောက်တော့မှ စင်မြင့်ပေါ်မှာ အစီအစဉ်ကြေငြာသူ Huang Bo ကို နမ်းလိုက်တဲ့အခါမှာတော့ အဆိုပါ အနမ်း ကို မဖွယ်မရာ အဖြစ် ဝေဖန်ကြပါလေရော။
ဆုကိုပေးနေစဉ်မှာတော့ သူမဟာ ဟောင်ကောင်အသည်းစွဲ Andy Lau နဲ့ အတူတွဲပြီး နမ်းတဲ့အခန်းလေး ရိုက်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ပြီးတော့ အနမ်းခြွေခဲ့ပါသတဲ့။
သြော်..အနမ်း..အနမ်... အမှတ် ရစရာတွေပါပဲ။

ပညာရေးကို စီးပွားရေးဆန်တာ မလွန်ကဲဖို့

Posted by drmyochit Tuesday, November 27, 2012, under | No comments


ပုဂ္ဂလိက ကျောင်းတွေဖွင့်ခွင့် ပေးမယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာစကတည်းက ဘယ်လိုမြင်သလဲ ဆိုတဲ့မေးခွန်း မကြခဏ အမေးခံရတယ်။ ကိုယ်ပိုင် သင်တန်းကျောင်းတစ်ခုဖွင့်ပြီး နှစ်ပေါင်းနှစ်ဆယ် အစိတ်လောက် ဆရာလုပ်ခဲ့သူ ဖြစ်တာကြောင့် လာမေးကြတာဖြစ်တယ်။
ကြိုဆိုပါတယ်
ကိုယ်ပိုင်ကျောင်းဆရာ လုပ်ခဲ့ရုံသာမက ကိုယ်တိုင်ကလည်း ပုဂ္ဂလိက သာသနာပြုကျောင်းမျိုးမှာ နေ လာခဲ့တာဖြစ် တာကြောင့် ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေးတာ ကောင်းတယ်လို့ ယူဆပြီး ကြိုဆိုပါ တယ်။ လက်ရှိအနေ အထားမှာ ကျောင်းသားဦးရေ များလွန်းပြီး မနိုင်မနင်း ဖြစ်နေတဲ့ အစိုးရကျောင်း တွေလည်း ဝန်ပေါ့သွားမှာ ဖြစ်တယ်။ ဝန်ပေါ့သွားတဲ့အတွက် စည်းကမ်းပိုင်းရော သင်ကြားရေးအပိုင်း ပါ ဖိဖိစီးစီး ဆောင်ရွက်နိုင်  ကြမှာဖြစ်လို့ အစိုးရကျောင်းများရဲ့ စွမ်းဆောင်ရည်မြင့် တက်လာနိုင်ပါ တယ်။ တစ်ချိန်တည်းမှာပဲ အစိုးရကျောင်းများရဲ့ မနိုင်ဝန်ကြောင့် ပေါ်ပေါက်လာရတဲ့ ကျူရှင်မျိုးစုံ လည်း တဖြည်းဖြည်း ပပျောက်သွား ပါလိမ့်မယ်။ မိဘများနဲ့ ကျောင်းသားများ အတွက်လည်း ရွေးချယ် စရာတွေရှိလာတာကြောင့် ကြိုက်ရာကျောင်း အပ်နိုင်လို့ စိတ်ချမ်းသာမှု ရှိလာကြမယ်။
ကျောင်းလခတွေ ကျသွားမယ်
နောက်ထပ်ဝမ်းသာရမယ့် ကိစ္စတစ်ခုကတော့ လူတိုင်းဖွင့်ခွင့် မရတဲ့အတွက် အရေအတွက် နည်းနည်း သာရှိတဲ့ ပုဂ္ဂလိကကျောင်းတွေက သူတို့စိတ်ကြိုက် နင့်နေအောင်တောင်းတဲ့ ကျောင်းလခတွေ လျော့ကျသွား နိုင်စရာရှိတာဖြစ်တယ်။ အခုလောလောဆယ်တော့ ပုဂ္ဂလိက ကျောင်းတွေမှာ ရေပေါ်ဆီ လူတန်းစား သားသမီးတွေသာ အများစု တက်နိုင်ကြပါတယ်။ နောင်ကျရင်တော့ လူလတ်တန်းစား သားသမီးများပါ တက်လာနိုင်ကြလိမ့်မယ်ထင်ပါတယ်။ လက်လုပ်လက်စား ဆင်းရဲသူ ဆင်းရဲသား သားသမီးများတော့ ဘယ်တတ်နိုင်ကြမှာလဲ။ သူတို့တစ်တွေကတော့ ကုန်ကျစရိတ်သက်သာတဲ့ အစိုးရကျောင်းတွေသာ တက်ကြရမှာပါ။ အဲဒီအချိန်ကျရင် အစိုးရကျောင်း တွေကလည်း ဝန်ပေါ့သွားပြီ ဖြစ်လို့ နိုင်နိုင်နင်းနင်း သင်ကြားနိုင် တော့မှာကြောင့် အရည်အသွေးတွေ မြင့်တက်လာကြမှာပါ။
ခေါင်းဆောင်မှန်သမျှ အစိုးရကျောင်းက
ရှေးကလည်း သာသနာပြု ကျောင်းတွေနဲ့ တခြားပုဂ္ဂလိက ကျောင်းတွေအများကြီး ရှိပေမယ့် အစိုးရ ကျောင်းတွေမှာလည်း စည်စည်ကားကား ရှိကြတာပါပဲ။ ပညာသင်ကြားမှု အရည်အသွေးကလည်း မနည်းလှပါဘူး။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်ကြီး တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဗဆွေ၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စတဲ့ပုဂ္ဂိုလ်ကြီးတွေ အားလုံးဟာနယ်က အစိုးရအထက်တန်း ကျောင်းတွေက အောင်လာကြသူတွေချည်း ဖြစ်ပါတယ်။ သာသနာပြု စိန့်ကျောင်းထွက်တွေထဲက နိုင်ငံခေါင်းဆောင် အဆင့်ရောက်သူ အင်မတန်နည်းပါတယ်။ သူတို့အမြင့်ဆုံး ဖြစ်တာကတော့ အတွင်း ဝန်ဆိုတဲ့ ဗျူရိုကရက် အကြီးစား အဆင့်မျိုးသာ ဖြစ်ပါတယ်။
မျိုးချစ်လူငယ်တွေ မွေးထုတ်ပေးတဲ့ကျောင်း
အစိုးရကျောင်းများရဲ့ အားသာချက်ကတော့ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ်ရှိတဲ့ လူငယ်တွေ မွေးထုတ် ပေးနိုင်တဲ့ အချက်ဖြစ်တယ်။ စိန့်ကျောင်းခေါ်တဲ့ သာသနာပြုကျောင်းများက သူတို့သာသနာနဲ့ သူတို့ ယဉ်ကျေးမှု ဖြန့်ချိဖို့သာ အဓိကထားကြတယ်။ တခြားပုဂ္ဂလိက ကျောင်းများကလည်း စီးပွားရေးကိုသာ အာရုံစိုက်တာများတယ်။ သာသနာပြု ကျောင်းတွေလို စည်းကမ်း မတင်းကျပ်ဘူး။ ကျောင်းသားကို အလိုလိုက်တဲ့ နည်းနဲ့ဆွဲဆောင်လေ့ရှိတယ်။ သာသနာပြုကျောင်းတွေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တွေအားလုံးကို အစိုးရက ၇ တန်းနဲ့ ၁ဝ တန်း အစိုးရစစ် စာမေးပွဲနဲ့ထိန်းချုပ်ထားတယ်။ မြန်မာပြည်က ကျောင်းသားအားလုံး မဖြေမနေရ ဝင်ဖြေရတယ်။ အစိုးရစစ် ၁ဝ တန်းအောင်မှ တက္ကသိုလ်တက်ခွင့်ရတယ်။ အဲဒီတော့ ပုဂ္ဂလိက ကျောင်းအားလုံးဟာ ၇ တန်းနဲ့ ၁ဝ တန်းမှာ အစိုးရ ပြဋ္ဌာန်စာအုပ်တွေ မသင်မဖြစ်သင်ရတယ်။ သာသနာပြု ကျောင်းတွေကတော့ သူတို့ပြဋ္ဌာန်းစာရော အစိုးရ ပြဋ္ဌာန်းစာပါ သင်လေ့ရှိကြတယ်။ အစိုးရစစ် ၇ တန်းအောင်ပြီး ကျောင်းစစ် မအောင်သူကို အတန်းတက်မပေးဘဲ ၇ တန်းမှာပဲ ဆက်ထားတာမျိုးလည်း ရှိတယ်။ ကျောင်းသားတချို့က ကျောင်း ထွက်ပြီး တခြားပုဂ္ဂလိ ကကျောင်းမှာ ၈ တန်း သွားတက်ကြတယ်။
ပညာစီးပွား
အခု နှစ်ပေါင်း လေးဆယ်ငါးဆယ် နီးပါးကြာမှ ပုဂ္ဂလိကကျောင်းတွေ ပြန်လည်ဖွင့်ခွင့်ပြုတာ ဖြစ်လေ တော့ဟိုလူကဖွင့် ဒီလူကဖွင့်နဲ့ နေရာတကာ ကျောင်းတွေပေါ်ထွက်လာကြမှာ သေချာပါတယ်။ ရှေးကနဲ့ မတူတာက ကမ္ဘာတစ်လွှားမှာ ပညာရေးကို စီးပွားရေးလုပ်ငန်းကြီးများသဖွယ် လုပ်ကိုင်လာ ကြတဲ့အချက်ဖြစ်တယ်။ နိုင်ငံခြားက နာမည်ကြီး ကျောင်းတွေက ကမ္ဘာအနှံ့အပြားမှာ ကျောင်းခွဲတွေ လိုက်ဖွင့်ပြီး စီးပွားရှာကြတယ်။ ကုန်တိုက်ကြီးတွေက ဆိုင်ခွဲတွေနေရာ အနှံ့ဖွင့်လှစ်သလို ဖြစ်နေတာ ကြောင့် ပညာထက် အမြတ်ငွေကြေးကို ပိုပြီး အလေးထားကြတယ်။ စီးပွားရေးလောကရဲ့ ထုံးစံအ တိုင်း ပညာရေးကို ဗန်းပြပြီး ပိုက်ဆံရဖို့ သက်သက်လုပ်တဲ့ ကျောင်းတု တက္ကသိုလ်တု ဘွဲ့လက်မှတ်တု ဆိုတာတွေလည်း ရောကောသောကော ပေါ်ပေါက်လာကြတယ်။ အဲဒီအတု အယောင်သမားတွေရဲ့ အဓိကပစ်မှတ်က ဈေးကွက်စီးပွားရေး ကူးပြောင်းစဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်ကြတယ်။ စီးပွားရေးသမားတွေ များများစားစား ဝင်မလာသေးတဲ့ အခုအချိန်မှာတောင် ကျောင်းသားဗီဇာ ရဖို့လောက်သာ ထောင်ထားတဲ့ကျောင်းတု တက္ကသိုလ်တုတွေရဲ့ အလိမ်ခံလိုက်ရတဲ့ သတင်းမျိုးတွေ ကြားနေရတယ် မဟုတ်လား။
ကျောပိုအိတ်သမား သတိထား
ပုဂ္ဂလိကကျောင်းတွေ တရားဝင်ဖွင့်လှစ် လာကြတဲ့အခါမှာ နိုင်ငံခြားက လာပြီးဖွင့်မယ် ကျောင်းတွေကို အထူးဂရုစိုက်ပြီး စစ်ဆေးကြပ်မတ်ဖို့ လိုပါလိမ့်မယ်။ လာဖွင့်မယ့် သူတို့မူရင်းနိုင်ငံမှာ တရားဝင်မှတ်ပုံ တင်ပြီးထားတဲ့ ကျောင်းဟုတ်ရဲ့လား။ အဆင့်အတန်း ဘယ်လောက်ရှိလဲ။ ကမ္ဘာကျော်တက္ကသိုလ်ကြီး တွေနဲ့ချိတ်ဆက်ထားလို့ အဲဒီ တက္ကသိုလ်ကြီးတွေကို တိုက်ရိုက် ဝင်ခွင့်ရတယ်ဆိုတာ မှန်ရဲ့လား။ မြန်မာပြည်မှာ လာရောက်နေထိုင် သင်ကြားပေးမယ့် နိုင်ငံခြားသားဆရာ ဆိုသူများဟာ အမှန်တကယ် ဆရာလုပ်နိုင်တဲ့ အရည်အချင်း ရှိသူများ ဟုတ်ရဲ့လား။ ခရီးသွား ဟန်လွှဲလုပ်တဲ့ 'ကျောပိုးအိတ်သမား' တွေများ ဖြစ်နေမလားဆိုတဲ့ အချက်တွေကို သေသေချာချာ စစ်ဆေးကြပ်မတ်ဖို့ လိုပါလိမ့်မယ်။ နိုင်ငံခြားသားဆရာများ ကိုယ်တိုင် သင်ပြသည်လို့ ကြော်ငြာတဲ့ ကျောင်းတော်တော်များများက ဆရာဆိုသူတချို့ဟာ ဆရာလုပ်နိုင်တဲ့ ပညာအရည်အချင်းမရှိတဲ့ 'ခြေသလုံး အိမ်တိုင်' ကျောပိုးအိတ် သမားတွေ ဖြစ်နေတတ်လို့ပါ။ ကိုယ်တိုင်အများကြီး ကြုံတွေ့ဖူးလို့ သိနေတာပါ။
ပါမောက္ခကြီးများရဲ့ ညည်းညူသံ
ခေတ်ရဲ့လိုအပ်ချက်အရ ပုဂ္ဂလိက ကိုယ်ပိုင်းကျောင်းတွေ ဖွင့်ခွင့်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် ပညာရေးကို အလွန်အကျွံ စီးပွားရေးဆန်တာ (Commericialized) မျိုး ဖြစ်မသွားအောင်တော့ သတိပြု သင့်ပါတယ်။ ပညာရေးကို စီးပွားရေး လုပ်ငန်းကြီးသဖွယ် လုပ်လာကြတဲ့အတွက် 'ဘွဲ့ရတွေကို စက်ရုံကြီးထဲမှာ ပုံစံသွင်းပြီး အမြောက်အမြား (Mass production) ထုတ်လုပ်နေကြတဲ့ အတွက် အရည်အသွေးတွေကျဆင်း ကုန်ပြီ' လို့ သူတို့အနောက် နိုင်ငံကြီးတွေက တက္ကသိုလ်ပါမောက္ခ တွေကိုယ်တိုင် စိတ်ပျက်လက်ပျက်နဲ့ ညည်းညူနေတဲ့ အသံတွေကိုလည်း ဂရုစိုက်ပြီး နားထောင်ကြဖို့ လိုတဲ့အကြောင်း သတိပေးနှိုးဆော် လိုက်ချင်ပါတယ်။
စံပယ်ဖြူ မဂ္ဂဇင်း

လှပသောလိပ်ပြာလေး ၃ ကောင်

Posted by drmyochit Tuesday, November 27, 2012, under | No comments


ဒီနေ့ နိုဝင်ဘာ ၂၅ ရက်။ ဒီနေ့ဟာ တကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအားလုံးအပေါ်က အကြမ်းဖက်မှုအ၀၀ကို ဆန့်ကျင် သောနေ့ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှ စ၍ ကုလသမဂ္ဂ အဖွဲ့ကြီးက နိုဝင်ဘာ ၂၅ ရက် ကို အထွေထွေညီလာခံ ဆုံးဖြတ် ချက် ၅၄/၁၃၄ အရ (The 25th November as the International Day for the Elimination of Violence Against Women (Resolution 54/134) ကမ္ဘာ့အမျိုးသမီးများ အပေါ်ကျရောက်တဲ့ ကြမ်းတမ်းရက်စက် မှုအ၀၀ ပပျောက်ရေးနေ့ လို့သတ်မှတ်ခဲ့ပါတယ်။ ဒီလို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဟာ ၁၉၅၀-၁၉၆၀ နှစ်များအတွင်း ဒိုမေရိကန် ရီပတ်ဘလစ် နိုင်ငံက အထူးဖြောင့်မတ် ရဲရင့်ပြီး အကြမ်းဖက်တဲ့အာဏာရှင်ကို မကြောက်ဘဲ ဖီဆန်ခဲ့တဲ့ မျိုးချစ်အမျိုးသမီး ကလေး ၃ ဦးကို ရည်စူးဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ဖတ်ပြီးရင် ၁၉၆၀ နိုဝင်ဘာ ၂၅ နေ့မှာ ကြမ်းတမ်းတဲ့ အာဏာ ရှင် လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ လိပ်ပြာမယ်လေး ၃ ယောက် ဖြစ်လေတဲ့ ဒိုမေရီကန်ရီပတ်ဘလစ် နိုင်ငံက ပက်ထရီရှာ၊ မီနာဗာ၊ မာရီရာတို့ ညီအမ ၃ယောက်ကို အမှတ်ရစေချင်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၅ ၂၀၁၂၊ လိပ်ပြာလေး ၃ ကောင်ကို ရာဖဲ ထျူဇီဂျို ဆိုတဲ့ စစ်အာဏာရှင်တဦးက သူ့ဘေးက ထောက် လှန်းရေး လူမိုက်လူဆိုးတွေသုံးပြီး ခြေမွဖျက်ဆီးခဲ့တာ ဒီနေ့ဆို ၅၂ နှစ် ပြည့်ခဲ့ပါပြီ။ စစ်အာဏာရှင် ထျူဇီဂျိုက သူတို့ အသက်ကိုပဲ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ သူရဲကောင်းဆိုတာ သူတို့ ဂုဏ်သိက္ခာနဲ့ သမိုင်းကို ဘယ်သူဖျက်ဖျက်၊ ဘယ်သူ သတ်သတ် ပျက်ရိုးထုံးစံမရှိပါ။ သူတို့ခြေရာ၊ သူတို့အစွမ်းသတ္တိတွေကို ဘယ်သူတွေက ဘယ်လောက်ပဲဆိုးတဲ့ အကြမ်း ဖက်တဲ့ နည်းတွေသုံးသုံး သူတို့ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ မရနိုင်ပါ။ ကြည့်တတ်ရင် ဒီလိပ်ပြာလေး ၃ ကောင် က သူတို့ချစ်တဲ့ဒိုမေနီကန် ကျွန်ူးနိုင်ငံလေးရဲ့ ကောင်းကင်မှာ ပျံဝဲနေဆဲဆို တာတွေ့လိမ့်မယ်။
လိပ်ပြာ ၃ ကောင် ဘယ်လိုနည်းနဲ့ သူတို့ ဤကမ္ဘာမြေက စွန့်ခွာခဲ့ရသလဲ။
၁၉၆၀ နိုဝင်ဘာ ၂၅ မိုး တည၊ Victoria Penitentiary in Santo Domingo ဆန်ဒို ဒိုမင်ဂိုမှာရှိတဲ့ ၀ိတိုရိယ အကျဉ်း ထောင်ထဲက ခင်ပွန်းတွေစီ ညီအမ ၃ ယောက် ထောင်ဝင်စာသွားတွေ့ကြတယ်။ ညနေဖက် အိမ်အပြန်တောလမ်းမှာ သူရဲကာင်း ညီ အမ ၃ယောက်စလုံး တပြိုင်နက်လုပ်ကြံခံရတယ်။ သူတို့ညီအမတွေရဲ့ခင်ပွန်းတွေ နိုင်ငံရေးကြောင့် ထောင်ထဲရောက်နေကြတယ်။ ထောင်ကနေသူတို့နေတဲ့ မြို့ကိုပြန်လာတဲ့အခါ လူသွားလူလာနည်းတဲ့ တောလမ်းလေး မှာ သူတို့ စီးလာတဲ့ကားကို ထျူဇီဂျို ၏ စစ်ထောက်လှန်းရေး လက်မရွံ့လူသတ်သမားများကတားပြီး ညီအမ ၃ ယောက် နှင့် ကားမောင်းသူကို ကားရပ်ခိုင်းပြီး ဆင်းခိုင်းပါတယ်။ ပြီးတော့ အနီးအနားက ပြောင်းဖူးခင်းထဲသို့လူခွဲပြီး ခေါ်သွားပါ တယ်။အဲဒီ့ညမှာပဲ သူတို့ ၄ ယောက်ကို ဒုတ်တွေနှင့် မသေမချင်း ရက်ရက်စက်စက် ရိုက်သက်ခဲ့ပါတယ်။ မာရီဘဲလ် ညီ အမလေးယောက်မှာ နံပါတ် ၂ ဖြစ်တဲ့ ဒီးဒီး တယောက်ပဲ နိုင်ငံရေးသိပ်မလုပ်လို့ သကံမရောက် သက်မပျောက် ကျန်ရစ် ခဲ့ပါတယ်။ ဒါတောင် သူမက အဲဒီနေ့က သူတို့နဲ့ လိုက်မသွားဖြစ်ပါတယ်။ ထိုညမှာ ဒီးဒီးလည်း သူ့အမနဲ့ ညီမတွေစီးတဲ့ ဂျစ်ကားလေးပေါ်မှာ ရှိနေခဲ့ရင်၊ ဒီ ကံဆိုးမိုးမှောင်ကျတဲ့အဖြစ်ဆိုးက သူမ ဘယ်လိုနည်းနှင့်မှ လွတ်မှာမဟုတ်ပါဘူး။ သူမလဲပဲ ကားဒရိုင်ဘာလို သူ့ အမ ညီမလေးတွေနဲ့အတူ ပြန်လမ်းမရှိတဲ့ တခရီးထဲ သွားခဲ့ရမှာပါ။
အာဏာရှင် ရာဖဲထျူဇီဂျိုရဲ့ အစီအစဉ်က ဒီလိုပါ၊ သူတို့ရိုက်သတ်ထားတဲ့ လူ ၄ ယောက်ကို သတ်ပြီး အလောင်းတွေကို စီးလာတဲ့ ဂျစ်ကားထဲ ပြန်ထဲ့ပြီး ကျောက်ကမ်းပါးက ပြစ်ချလိုက်တယ်။ ကားမှောက်ပြီးသေတဲ့ပုံမျိုး ဖြစ်ကတတ်စမ်း လုပ် ပြစ်ခဲ့တယ်။ ကြေမွနေအောင်ခေါင်းကို ထုရိုက်တာခံခဲ့ရတဲ့ ညီအမ ၃ ဦး၏ ကြေကွဲဖွယ်ဇာတ်လမ်းက ဒိုမေရိကန် ကျွန်း နိုင်ငံလေးမှာ ရာသက်ပန် ရှင်သန်နေဆဲ သူရဲကောင်းပုံပြင်တပုဒ် ဖြစ်တယ်။ အာဏာရှင် ထျူဇီဂျို လက်အောက်က လွတ်မြောက်ဖို့၊ သူတို့မိသားစုတခုလုံး ပေးဆပ်ခဲ့ကြတယ်။
ဒေသမှာထင်ရှားတဲ့ မီရာဘဲလ် မိသားစု
မီရာဘဲလ် ညီအမတွေဟာ ချမ်းသာပြီး အထက်တန်းလွှာလို့ခေါ်နိုင်တဲ့ မိသားစုမှာ ကြီးပြင်းခဲ့သူများဖြစ်တယ်။ ဖခင် အင်ယူးကီက ကျွန်းမြောက်ပိုင်းက ဆဲစီဒိုဆိုတဲ့ မြို့မှာ ချမ်းသာလို့ လျှမ်းလျှမ်းတောက် နံမည်ကြီး တဲ့ မိသားစုကဖြစ် တယ်။ မြို့တော် ဆန်ဒီရေဂိုနဲ့ မနီးမဝေး တန်ဘိုရီဆိုတဲ့ တောမြို့လေးမှာ ချမ်းသာအောင်မြင်တဲ့ လယ်လုပ်ငန်းပိုင်ရှင် တဦးဖြစ်တယ်။ မိခင် မာဆေးဒီးကလည်း ကြွယ်ဝတဲ့ လူလတ်တန်းစားမိသားစုက ဆင်းသက်လာသူ ဖြစ်တယ်။ ဖခင်က ဆန်စက်၊ ကော်ဖီကြိတ်စက်၊ လယ်ယာမြေ၊ များစွာနဲ့တကွ အသားဈေး၊ ဆန်ဒိုင်ကြီးတွေ ပါပိုင်ဆိုင်ထားတယ်။ ငွေကြေး ပြည့်စုံတဲ့ မလိုင်လို့ခေါ်လို့ရတဲ့ မိရာဘဲလ် မိသားစုမှာ ကြင်နာမှု၊ အဆင့်မြင့် ယဉ်ကျေးမှုနဲ့ အသိဉာဏ်ရှိတယ်။ ဖခင်က သမီးတွေအားလုံးကို အကောင်းဆုံးဆိုတဲ့ ကျောင်းကောင်းတွေမှာထားတယ်။ မိသားစုမှာ ချစ်ခြင်းမေတ္တာ တွေသာမက၊ စီးပွား၊ စာပေယဉ်ကျေးမှု။ ဂိတကို မြတ်နိုးမှု ဒီတန်ဖိုးတွေနဲ့ ဖုံးလွှမ်းနေတယ်။ သူတို့ အိမ်မှာ ကျောင်းပိတ်ရက်တွေ ဆို ရင်၊ အသွင်တူ သူငယ်ချင်းတွေနဲ့ မြိုင်နေတယ်။ စကားဝိုင်းတွေလုပ်တယ်။ ပါတီတွေပေးတယ်။ ဒီတော့ သူတို့ အိမ်ဟာ ဂီတသံ စာသံကဗျာသံ၊ စားစရာတွေ မိတ်ဆွေတွေနဲ့ ပြည့်စုံနေပါတယ်။ စိတ်ကောင်းရှိ ရုံတင်မက၊ မွန်ရည် အဆင့်အ တန်းရှိတဲ့၊လူတန်းစားမခွဲခြားတတ်တဲ့ မီရာဘဲလ် မိသားစုကို မြို့ကလူတွေ ကပါ အားကျ ချစ်ခင်ကြတယ်။
ပထမသမီး ပက်ထရီရှာ ၁၉၂၄-၁၉၆၀ (တတိယလိပ်ပြာ)
ဖေဖေါ်ဝါရီ ၂၇ ၁၉၂၄ မှာ ဒိုမေနီကန်ရီ ပတ်ဘလစ် နိုင်ငံ လွတ်လပ်ရေးနေ့မှာ မွေးတယ်။ ပက်ထရစ်ရှာဆိုတဲ့ အဓိပ္ပယ် က အဖနိုင်ငံတော်လို့ဆိုတယ်။ အကြီးမ ပက်ထရစ်ရှာက ပုံဆွဲပန်းချီရေးဝါသနာပါတယ်။ သူမ အသက် ၁၄ နှစ် အရွယ် မှာ လာဗာဂါ အရပ်က ကက်သလစ်ကျောင်းမှာ အိပ်ကျောင်းစား သွားနေရတယ်။ သူမ က အနေအေးဆေးတယ်။ ရွေး ချယ်ခွင့်ရှိရင် အိမ်ရှင်မပဲလုပ်ချင်တယ် ဆိုတဲ့သူမျိုး။ သိမ်မွေ့ပြီး ဘာသာရေးကိုင်းရှိုင်းတယ်။ ငယ်ငယ်ကဆို သီလရှင် လုပ်ချင်တယ်လို့ပြောတတ်သူ ပက်ထရီရှာဖြစ်တယ်။ ဒါပေမဲ့သူမ ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တယ်။
ခင်ပွန်းက သူတို့ အရပ်မှာပဲတွေ့တဲ့ လယ်သမားတဦးပဲ။ ပျော်ရွှင်နေသော အိမ်ရှင်မဖြစ်ပြီး ဒါပေမဲ့ ၁၉၅၅ နောက်ပိုင်းမှာ သူမရော သူမ၏ခင်ပွန်းဖြစ်သူ ပါ ထျူဇီဂျိုရဲ့ ကြမ်းကြုတ်ရက်စက်လွန်းတဲ့ စစ်အုပ်ချုပ်ရေးကို သတ္တိရှိရှိ ဆန့်ကျင်ခဲ့ကြ တယ်။ ၁၉၅၉ ဂျွန်လ မှာ ခရမ်းရောင်တောင်တန်းများလို့ အမည်ရတဲ့ ကွန်စတန်ဇာတောင်ပိုင်းကို သူမ ရောက်ခဲ့တယ်။ အာဏာရှင် ထျူဇီဂျို၏ လက်မရွံ့စစ်သားတွေ ရဲတွေက လူငယ်ကလေးတွေကို သတ်ဖြတ်တာ ကိုယ်တိုင်မြင်ပြီး ကတည်းက ပက်ထရစ်ရှာဟာ နောက်မဆုတ်တော့ဘဲ ပိုရဲရင့်တက်ကြွလာခဲ့တယ်။ သူမ အသတ်ခံရပြီးနောက် သားသ မီး ၄ ယောက် ကျန်ခဲ့တယ်။ သူမ ပြောလေ့ရှိတဲ့စကားတခွန်း ရှိတယ်။
ဒီလောက်ခြစားပျက်ဆီးနေပြီး ဒီလောက် ရက်စက်ရိုင်းစိုင်းတဲ့ အာဏာရှင်လက်အောက်မှာ ကလေးတွေကို ကြီးပြင်းလူ ဖြစ်ခွင့်ပေးလို့ မရနိုင်ပါ။ ဒီတော့ ရတဲ့နည်းသုံးပြီး တော်လှန်ဆန့်ကျင်ရလိမ့်မယ်။ ကျမ ဘက်ကတော့ အသက်ပင်မက အရာရာပေးဆပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပက်ထရစ်ရှာ ပြောခဲ့တယ်။ သူမပြောခဲ့တဲ့အတိုင်း ဒီ အာဏာရှင်က သူမရဲ့ အသက်ကို ၁၉၆၀ နိုဝင်ဘာ ၂၅ နေ့မှာ အကြမ်းဖက်ပြီးယူခဲ့တယ်။
ဒုတိယသမီး ဒီးဒီး ၁၉၂၅- လက်ရှိ အသက်ရှင်နေဆဲ မူလက ညီမ မီနာ ကို ထောက်ခံပြီး နိုင်ငံရေးထဲ ၀င်ပတ်သက်ခဲ့ တယ်။
Dede Mirabal မသေဘဲ ကျန်ခဲ့သူ
ဒါပေမဲ့ နောက်ပိုင်းမှာ သူမခင်ပွန်းက အားမပေးတာနဲ့ ကလေးတွေနဲ့ မိသားစုမျက် နှာထောက်ပြီး ခပ်အေးအေးနေခဲ့ တယ်။ ကျန်တဲ့ညီအမ ၃ ယောက်လောက် မပြင်းထန်တဲ့အတွက်၊ နောက်တချက်က နိုဝင်ဘာ ၂၅ ညမှာ၊ အသတ်ခံရမဲ့ သူတွေနဲ့ ကားတစ်စီးထဲပေါ်မှာ ရှိမနေတဲ့အတွက်ကြောင့် အသက်ရှင်ခွင့်ရခဲ့တယ်လိုပဲ မှတ်ယူနိုင်ပါတယ်။ ကျန်ရစ်ခဲ့တဲ့ ဒီးဒီး က ခု မာရီဘဲလ် လိပ်ပြာတို့နောက်ဆုံး ၉ လ နေခြ.တဲ့ တော အိမ်လေးကိုမွမ်းမံပြီး အထိမ်းအမှတ် ပြတိုက်ဖွင့်ထား ပါတယ်။ ပြတိုက်ကို ဦးစီးစောင့်ရှောက်နေပါတယ်။ ညီအမတွေ လုပ်ကြံခ့ရပြီးတော့ သေသွားတဲ့ ညီအမ ၃ ယောက်က စုစုပေါင်း မိတဆိုးကလေး ၆ယောက်၊ ကျန်ရစ်လေတော့၊ သူ့ သားအရင်း ၃ ယောက် စုစုပေါင်းက ၉ ယောက် ကို ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။ နံပါတ် ၁ အမကမွေးတဲ့ သမီးတယောက်က ခုထိ နိုင်ငံရေးအရ ထက်ထက်မြက်မြက် ရှိနေပြီး လက်ရှိ ဒိုမေနိကန်က အောက်လွှတ်တော်မှာ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်လျက်ရှိပါတယ်။
နို့ညှာသမီး မီနာဗာ ၁၉၂၆ -၁၉၆၀ (ပထမလိပ်ပြာ)
မီနာက အမ ပက်ထရီရှာထက် ၂ နှစ်ငယ်တယ်။ ညီ အမ ၄ ယောက်ထဲမှာ အထူးချွန်ဆုံး၊ အသွက်ဆုံး၊ အလှဆုံး၊ ခေါင်ဆောင် ဖြစ်နေတဲ့ လိပ်ပြာ မယ်လေးလို့ပြောရင်ရမယ်။
မီနာဗာ လိပ်ပြာတို့၏ခေါင်းဆောင် အသက်ငယ်ငယ်လေး ကတည်းက သူမတူတဲ့ဉာဏ်ရည်နဲ့ နေပုံထိုင်ပုံ စရိုက်ရှိတယ်။ ၇နှစ်သမီး အရွယ်မှာ ပြင်သစ်လို ကဗျာတွေ တဂျောင်းဂျောင်း ရွတ်နိုင်နေပြီ။ အနုပညာကို သိပ်ခုံမင်တယ်။ သူမ ၀ါသနာပါတာက စာဖတ်၊ စာရေး၊ ကဗျာ ဖတ်တဲ့။ ပက်ဘလို နယူးဒါ ကဗျာတွေကို အလွတ်ရပြီး အထူးခုံမင်နှစ်သက်သူ။ အမ ပက်ထရီရှာတက်တဲ့ ကက်သလစ် ဘော်ဒါ ကျောင်းမှာပဲ တက်ခဲ့တယ်။ ဆန်တိုဒိုမင်ဂိုဆိုတဲ့ တက္ကသိုလ်မှာ သူမ အစိုးရဆန့်ကျင်ရေးတွေကို တချိန်ခင်ပွန်း ဖြစ်လာမဲ့အတူ မရပ်မနားလုပ်တယ်။ ရီးဇားဖြစ်သူနဲ့ ၀ါသနာတူ အကျင့်တူ။ ၁၉၄၉ ခုနှစ်မှာ သူတို့မိသားစု တခုလုံး ထျူ ဇီဂျို ကဒုက္ခပေးခဲ့တယ်။ အဖေကို ထောင်ထဲ့ခဲ့တယ်။ မိခင်နဲ့ မီနာက အိမ်မှာ အပြင်ထွက်ခွင့်မရှိ အကျယ်ချုပ်ကျနေ တယ်။ ခင်ပွန်းလောင်းကလည်း ခွေးပြေးဝက်ပြေး တိမ်းရှောင်နေရတယ်။ ၁၉၅၅ မှာ သူ့ ချစ်သူနဲ့လက်ထပ်ပြီး သူမ အ သတ်ခံရတဲ့အချိန်မှာ ခင်ပွန်းကထောင်ထဲမှာ။ သူမ မရှိတောတဲ့နောက်မှာ လူမမယ်ကလေး ငယ် ၂ ယောက်ကျန်ခဲ့ တယ်။
မီနာက သူတို့ ကျောင်းသား ပညာတတ်တွေကြားမှာ ရဲရဲတောက် အဖြစ်ဆုံးမို့ ထျူဇီဂျိုက သူမကို ပစ်မှတ် နံပါတ်တစ် အနေနဲ့ အမျက်ပိုထားတယ်။ မြို့တော်က ဧည့်ခံပွဲတခုမှာ အာဏာရှင် ထျူဇီဂျိုကို မီနာဗာက သူမ ဥပဒေကျောင်းသူဘ၀ နဲ့ မင်းပွဲစိုးပွဲတခုတက်ရင်းက ကြုံတုန်း အရှက်ခွဲခဲ့သေးတယ်။ ကြုံတိုင်း ထျူဇီဂျိုက မီနာဗာကို လိုချင်လို့ ချဉ်းကပ်တယ်။ ဖခင်ကိုထောင်ချလည်း မီနာက မမှုဘူး၊ သူမကိုထောင် အကြိမ်ကြိမ်ချလည်း သူမက လုံးလုံး အညံ့မခံဘူး။ ထျူဇီဂျိုက လည်း တေးထားမှတ်ထားတယ်။ သူ၎ ကြိမ်တိုင်တိုင် ထောင်ချ၊ပက်ပက်စက်စက် နှိပ်စက်ခဲ့သည့်တိုင် သူဘယ်လို ချိုး ချိုး လုံးလုံးမကျိုးနိုင်တဲ့ မီနာ၏ စိတ်ဓါတ်နဲ့ လှုံ့ဆော်မှုတွေကို ထျူဇီဂျိုက တနေ့တခြား လန့်သထက်လန့်လာတယ်။
၁၉၅၈ နောက်ပိုင်းမှာ သူလူရင်းတွေကို ဒီအာဏာ ရှင်က ထုတ်တောင်ပြောဖူးလေသတဲ့။ ဒီတိုင်းပြည်မှာ ငါက အားလုံး အပေါ်နိုင် ချင်တိုင်းနိုင်လို့ရတယ်။ ဒါပေမဲ့၊ ကက်သလစ် ချာ့ခ်ျတွေနဲ့ မီနာဗာကိုပဲ ငါလန့်ရတာကွ လို့ သူ့လူတွေကို ပြော ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေကျန်ခဲ့တယ်။ မီနာ၏ အရှိန်အဟုန်ကလဲ မသေး။ ဒိုမေနိကန်ကတဆင့် တခြားလက်တင် အမေရိက က မြေအောက်လှုပ်ရှားမှုတွေ၊ ခေါင်းဆောင်ကြီးတွေ နားအထိ သူမ သတင်းကရောက်တယ်။ ၁၉၄၉ နောက် ပိုင်းမှာ ဒိုမေနီကန် တနိုင်ငံလုံး ဘယ်သွားသွား ရဲရင့်တောက်ပြောင်လွန်းတဲ့ မီနာ့နဲ့ သူမ၏ နိုင်ငံရေးလှုပ်ရှားမှုတွေက တောပိုင်းတွေအထိ စိမ့်ဝင်နေပြီ။ လိပ်ပြာဆိုတဲ့ လျှို့ဝှက် သင်္ကေတကို မီနာဗာက ပဲ ရွေးချယ်ခဲ့တယ်။ သူဦးဆောင်တဲ့ မြေအောက်အဖွဲ့တွေကြားမှာ သူမကို လိပ်ပြာလို့ပဲ အားလုံးကခေါ်ဝေါ် သတ်မှတ်ထားကြတယ်။ထျူဇီဂျိုက တားမြစ်ထား လို့ သူမခင်မြာ၊ ဥပဒေနဲ့ ဘွဲ့ရပေမဲ့ ရှေ့နေလုပ်ခွင့်လိုင်စင် မရခဲ့၊ ဥပဒေကျောင်းသူအနေနဲ့ သူမတင်ခဲ့တဲ့ စာတမ်းခေါင်း စဉ်က နိုင်ငံအုပ်ချုပ်ရေးဥပဒေကြောင်းရာနှင့် တရားစီရင်ရေးကဏ္ဍ ကူးလူးဆက်သွယ်ချက်လို့ အမည်ရပါတယ်။ ဒီခေါင်း စဉ်ကြောင့် ထျူဇီဂျို က ယမ်းပုံမီးကျဖြစ်ခဲ့ပါတယ်။ မီနာဗာ ထောင်အကြိမ်ကြိမ်ကျခဲ့ရခြင်းမှာ သူမရဲ့ အကြောက်အလန့် မရှိ ဖီဆန်ပုံတွေကြောင့် ထျူဇီဂျို အကြိမ်ကြိမ်အရှက်ကွဲခဲ့ရတဲ့တကြောင်းလဲ ပါဝင်ပါတယ်။
မီနာဗာ က ကျူးဘားက တော်လှန်ရေးခေါင်းဆောင် ကက်စထိုကို လေးစားတယ်။ ကက်စထျို၏ မြေသားဆန်ဆန် လူ ထုနဲ့နီးတဲ့ ဦးဆောင်မှုက သူမရဲ့ကျာင်းသား လူငယ်ဘ၀မှာ ကြီးစွာလွှမ်းမိုးထားတယ်။ ကက်စထျိုရဲ့ နံမည်ကြီး စကား တခွန်းကိုပါ သူမက မကြာခဏကိုးကားပြီး မိန့်ခွန်းတွေတက်ပြောတယ်။ စာရွက်တွေဝေတယ်။ တရားဟောတယ်။ သ မိုင်းက ကျုပ်ကိုမကြိုက်လို့ ကျုပ်အမည်ကို အရေဖျော်လိုက်ရင်တောင် ရသေးတယ်၊ ကျုပ်ကိုပဲ ရှုံချမပြစ်တင်ကြတဲ့။ သူမနှစ်သက်တဲ့ကက်စထျို၏ စကားများ။
တက္ကသိုလ်ရောက်တော့ ကျောင်းဝင်းထဲက မြေအောက်လှုပ်ရှားတဲ့ အဖွဲ့တွေကြား မှာအတက်ကြွဆုံး၊ သဘောတရားအ ရ ခေါင်းဆောင်မှုအပေးနိုင်ဆုံး သူတယောက်ဖြစ်တဲ့ မီနာနဲ့ ဆုံဖူးတဲ့သူတွေက သူမ ပြောခဲ့တာတွေကို ဘယ်လိုမှ မမေ့ နိုင်ကြဘူး။ ဒီလောက် ကြေကွဲစရာ၊စိတ်ထိခိုက်စရာတွေများတဲ့နိုင်ငံမှာ မိမိတိုင်းပြည် အတွက် တတ်နိုင်တဲ့ တစုံတခု လုပ်ဆောင်ပေးခြင်းဖြင့်သာ မိမိ အတွက် ပျော်ရွှင်ကျေနပ် မှုရစေတယ်။ ဘာမှ မလုပ်ဘဲ လက်ပိုက်ထိုင်ကြည့်နေရမယ် ဆိုတာ ၀မ်းနည်းဖို့ကောင်းလွန်းတယ်လို့ ပြောတတ် လှုံဆော်တတ်တဲ့ လိပ်ပြာလေးကို လွမ်းကြ အမှတ်ရကြတယ်လို့ ကျန်ရစ်ခဲ့တဲ့ ရဲဘော် တော်လှန်ရေးသမားတွေက ပြောတယ်။
အငယ်ဆုံးသမီး မာရီယာ။ ၁၉၃၅-၁၉၆၀ (ဒုတိယလိပ်ပြာ)
အသတ်ခံရသော အချိန်တွင် သူမ က ၂၄ နှစ်သာ ရှိပါသေးတယ်။ အမ မီနာတက်ခဲ့တဲ့ ဘော်ဒါကျောင်းထွက်၊ ပြီးတော တက္ကသိုလ်မှာ သင်္ချာနှင့် အင်ဂျင်နီယာပညာကို လေ့လာခဲ့တယ်။ အာဏာရှင်ဆန့်ကျင်ရေး မြေအောက်နိုင်ငံရေးထဲ ပါ ၀င်လာတဲ့ အဓိကအကြောင်းက အမလတ်ဖြစ်သူ မီနာ့ကိုကြည့်ပြီး အထင်ကြီးအားကျရာက စတယ်။ အမအတွက်ဂုဏ် ယူတယ်။ အမကို ကူညီပေးရင်း သူမကိုပါ ထျူဇီဂျိုက ခြေမှုန်းရမဲ့ စာရင်းထဲ ထဲ့ခဲ့တယ်။ ၁၉၆၀ သူမတို့ ညီအမတွေ အ သတ်ခံရမယ့်နှစ်မှာ မီနာနဲ့ မာရီယာကို ထောင် ၅ နှစ်ထပ်ချလိုက်ပြန်တယ်။ အယူခံဝင်ခဲ့တဲ့ အတွက် ၅ နှစ်က ၃ နှစ်ကို လျှော့ချပြီးပါမှ၊ အသတ်ခံရမယ့် နိုဝင်ဘာ မရောက်ခင် ၃ လ အလိုမှာ ညီ မ ၂ ယောက်စလုံးကို ထောင်က လွှတ်ပေးခဲ့ ပါတယ်။ ထောင်ထဲမှာသတ်ရင် လက်စဖျောက်ရမှာ ခက်ခဲနိုင်တဲ့အတွက် လွှတ်ပေးပြီးမှ ၂ လ အကြာတော လမ်းမှာ လူမိုက်တစုနဲ့ ထျူဇီဂျို ၏ အထူးတပ်ဖွဲ့ လူယုံများက အစီအစဉ်ရှိရှိ လုပ်ကြံခဲ့ခြင်းဖြစ်တယ်။ မာရီယာ အသတ်ခံရတဲ့ အ ချိန်မှာ အသက် ၂ နှစ်အရွယ်ရှိတဲ့ ဂျက်ကလင်း လို့ခေါ်တဲ့ လူမမည် သမီးလေးတယောက် ကျန်ခဲ့ပါတယ်။
ကျမ သေရမှာ မကြောက်ဖူးနော်။ တိုင်းပြည်အတွက် အလုပ်လုပ်ရင် သေဖို့နီးစပ်တယ်။ တကယ်တမ်းကျမတို့နဲ့ အနီးဆုံး ဆိုတဲ့ တရားသဘောက သေခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တရားမျှတမှုတွေ ဖြစ်ပေါ်စေဖို့ ဆက်တိုင်ပွဲဝင်ရမှာပဲလို့ ပြောတတ်လေ့ရှိတဲ့ လိပ်ပြာမယ်လေး မာရီယာ ၏ အသက်ကို လက်မရွံ့လူသတ်သမားတွေက ဒုတ်ဒါးတွေသုံးပြီး လွန် ခဲ့တဲ့ ၅၂ နှစ် နိုဝင်ဘာ ၂၅ ရက် ၁၉၆၀ မှာ မရအရ ယူခဲ့ပါတယ်။
သေပြီးတဲ့နောက်ပိုင်း အောင့်မေ့ဘွယ်အခမ်းအနားလုပ်ကြတဲ့အခါ၊ ကျန်ရစ်တဲ့မိသားစုတွေက (နံပါတ် ၂ အမ ဒီးဒီး ဦး ဆောင်ပြီး) ပုလင်းကွဲစတွေ၊ သွေးတွေ၊ ဖုန်မှုန့်တွေ အလိမ်းလိမ်းကပ်နေတဲ့ သူမရဲ့ ကျစ်ဆံမြီးရှည်ကြီးကို သိမ်းဆီး ထားဖို့ ဆုံးဖြတ်ကြတယ်။ ပြီးတော့ သူမ အလောင်းက နောက်ဆုံးကျန်တဲ့ အမှတ်တရပစ္စည်းအနေနဲ့ ကျစ်ဆံမြီးရှည်ကို ဖြတ်ယူထားလိုက်ကြတယ်။
ဒီးဒီး Salcedo ဆယ်စီဒို မှာ ဖွင့်ထားသော မီရာဘဲဘ် ညီအမများ ပြတိုက်မှာ အငယ်ဆုံးမာရီယာ ၏ ကျစ်ဆံမြီးကို ပြ သထားတယ်လို့ ကြားပါတယ်။ သူတို့ညီအမတွေနောက်ဆုံး ၁၀ လ နေခဲ့တဲ့ အိမ်က ခု သူတို့ပြတိုက်ဖြစ်နေပါပြီ။ မီနာ့ အမျိုးသား မန်နို လည်း ၁၉၆၃ မှာ ထျူဇီဂျိုကို အာဏာကိုဆက်ခံတဲ့အဖွဲ့က လုပ်ကြံလို့ သေနတ်ပစ်ခံသေဆုံးခဲ့ရပါ တယ်။ ညီအမ ၃ ဦးနဲ့ မန်နို ထားတဲ့ သင်္ချိုင်းမှာပဲ မန်နို ကို သူ့ဇနီး မီနာဗာ အုတ်ဂူဘေးမှာ ဒီးဒီးက မြှုပ်နှံခဲ့ပါတယ်။ သူ တို့ ပြတိုက်ရှေ့က မြက်ခင်းမှာလည်း ကျဆုံးသွားတဲ့ ညီ အမ ၃ ဦး၏ကျောက်ရုပ်ထုများကို တွေ့နိုင်ပါတယ်။
မီရာဘဲလ် မိသားစု၏ နိုင်ငံရေးသမိုင်း (၁၉၄၀ နောက်ပိုင်းနှစ်များ)
ကာရစ်ဘီယန်ပင်လယ်က ဒိုမေနီကန် ကျွန်းနိုင်ငံလေးမှာမှာ အာဏာရှင် ရပ်ဖဲလ်ထျူဇီဂျို လက်ချက်နဲ့ ၁၉၆၀ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အသက်ဆုံးရှုံခဲ့ရရှာတဲ့ သူရဲကောင်းမလေး ၃ ယောက်မှာ ပထမလိပ်ပြာလေး မီနာဗာ က အဓိကကျပါ တယ်။ သူဆွဲဆောင်ရာ မနေသာလို့ မိသားစုတခုလုံး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးက မီနာနောက်ကို သစ္စာ ရှိရှိ လိုက်ပါခဲ့ကြခြင်း ဖြစ်တယ်။ ဒီမိသားစုမှာ နံပါတ် ၃ ဖြစ်တဲ့ အထက်ဆုံးအရဲဆုံး မီနာဗာ၏ ဦးဆောင်နိုင်စွမ်း၊ သတ္တိနဲ့ သူမ တော်လှန်ရေးစိတ်ဓါတ်တွေက ငယ်ငယ်ကတည်းက ထင်ရှားခဲ့ပါတယ်။
ကွန်ဗင့်တက်နေတဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက ကျောင်းနေဖက် သူငယ်ချင်းတွေရဲ့ဆွေမျိုးတွေ မိဘတွေကို အာဏာရှင် ထျူဇီဂျို နှိပ်စက်ညှဉ်းပမ်းတဲ့ သတင်းတွေကြားတိုင်း သူမ လုံးဝမခံမရပ်နိုင်ဖြစ်ခဲ့တယ်။ ကောလိပ်တက် တော့လည်း ဦးလေးဖြစ်သူက သူမ၏မျိုးချစ်စိတ်၊ နိုင်ငံရေးထက်သက်မှုတွေကို ဆက်အားပေးတယ်။ တွဲမိတဲ့ ကျောင်း နေဖက် သူငယ်ချင်းတွေကလည်း မှန်ကန်ခဲ့တယ်။ လူထု ဆိုရှယ်လစ်ပါတီ၏ ခေါင်းဆောင်ဖြစ်လာမဲ့ ပရီဆဲဖရန်ကိုနဲ့ ခင်မင်ပြီး သူ့သြဇာကို မီနာ သက်ဝင်ယုံကြည် သွားတယ်။ ဒိုမေနီကန်မှာ မတရားရေဒီယိုလိုင်းများဆိုပြီး တရားဝင် နား ထောင်လို့မရတဲ့ ကျူဘားနဲ့ ဗင်နီဇွဲလားက ရေဒီယို ချန်နယ် ၂ ခုကိုလည်း မီနာက အမြဲနားထောင်တယ်။ တချန် သူမ ယူဖြစ်မဲ့ ချစ်သူကိုလည်း ကောလိပ်မှာ တွေ့ခဲ့တယ်။ မြေအောက်လှုပ်ရှားမှုတွေ အတူတူလုပ်ခဲ့ကြတယ်။
၁၉၄၂ အာဏာရှင် ထျူဇီဂျိုက အရပ်က က သူ့ စံအိမ်တော်မှာ ခန်းနားထည်ဝါတဲ့ ကပွဲကြီးပေးတယ်။ မာရီဘဲလ်တို့ မိ တင်းနေတဲ့သားစုကလည်း ဒေသမှာ ကြေးရေတတ် မျက်နှာဖုံးတွေဆိုတော့ ကပွဲတက်ဖို့ ဖိတ်ကြားတာခံရတယ်။ အဖေ၊ အမေ၊ အိမ်ထောင်ကျနေပြီဖြစ်တဲ့ အထက်က အမ ၂ ယောက်၊ သူတို့ခင်ပွန်း၂ယောက်နဲ့အတူ ဒီပွဲကို မီနာဗာ တက်ခဲ့ တယ်။ ၁၇ နှစ် အရွယ် လှချင်တိုင်းလှ၊ ကပွဲမှာ အလှဆုံး ကျောင်းသူလေး မီနာကို ထျူဇီဂျိုက မျက်စိကျသွားတယ်။ သူမတို့ မိသားစုကတော့ အာဏာရှင်ကြီးကို မျက်နှာလုပ်ဖို့ဝေးစွ၊ ဒီဖန်စီ ကပွဲကြီးက ဘယ်လိုထွက်ပြေးရမလဲလို့ပဲ အကြံထုတ်နေကြတယ်။ ရုတ်တရက် ပွဲသဘင် တန်းလို့တန်းလန်းနဲ့ပဲ မိုးကြီးလေကြီးတွေကျလာ။ မီး ခဏပြတ်သွား၊ ဒါကို အခွင့်ကောင်းယူပြီး မာရီဘဲလ်မိသားစုက သူတို့ ရွံရှာမုန်းတီးတဲ့ ထျူဇီဂျို၏ ညစာစားပွဲကြီးကို အဖြစ်တက်ပြပြီး၊ ပွဲမပြီးခင် နောက်ဖေးပေါက်ကထွက် ၊ဒီနည်းနဲ့ အာဏာရှင်ကြီးကို ကြီးစွာအရှက်ရစေတယ်။
ထျူဗီဂျိုက မောက်မာ ဘ၀င်မြင့်ခက်ထန်သူဖြစ်တယ်။ ပါတီကပွဲ မပြီးခင်ထွက်သွား တဲ့မိသားစုက သူ့ကို စော်ကားတာပဲ သူ့သိက္ခာကျအောင် တမင်လုပ်သွားတာပဲဆိုပြီး သူ့လူတွေလွှတ်ပြီး နောက်က လိုက်ခေါ်တယ်။ စစ်ထောက်လှမ်းရေး တွေက လမ်းတွေဂိတ်ပေါက်တွေက ဆီးပိတ်ဖမ်းဖို့ကြိုးစားပေမဲ့ နောက်ကျသွားတယ်။ သိပ်လှတဲ့ ၁ရ နှစ် သမီး မီနာကို လည်း၊ အကြီးအကျယ် သဘောကျသွားပေမဲ့ ဒီ မိသားစုကို ငါ့အကြောင်းသိရစေမယ်လို့ သူ့စိတ်ထဲမှာ တေးထားတယ်။ သူမကို ချိုးချင်တာ တပိုင်း။ သူမ အလှနဲ့ငယ်ရွယ်မှုကို မက်မောတာကတပိုင်း၊ ယုတ်ညံ့တဲ့နည်းတွေနဲ့ ကြိုးပမ်းတော့ တယ်။ ဖခင်ကိုဖမ်းတယ်။ စစ်ပလိပ်တွေက မီနာကို ခေါ်စစ်တယ်။ ပြည်နယ်က လွှတ်တော် အမတ်က မီနာတို့ အိမ် ရောက်လာပြီး ထျူဇီဂျို ကျေနပ်သွားအောင် တောင်းပန်စာရေးရမယ်လို့ဆိုတယ်။ ဖခင်ကြီးက ရှောင်ရင် မလွတ်နိုင်လို့ နောက်တနေ့မှာ တောင်းပန်စာတစောင် ရေးပြီးပို့ခဲ့သည်တိုင် အာဏာရှင်ပေးတဲ့ဒုက္ခတွေက သူတို့ မိသားစု မလွတ်ခဲ့ပါ။ မိနာဗာ ၁၇ နှစ်သမီး ကတည်းက သူမ ကို မျက်စိကျခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟာ မီနာဗာ ကို လုံးလုံး မရခဲ့ပဲ ၊ သူမ ဦးဆောင် တဲ့ မြေအောက် ဒိုမေနီကန်လှုပ်ရှားမှုတွေကြောင့်သာ နောက်ဆုံး သူ့ အာဏာစက်လည်း အပိုင်းပိုင်းကျိုးခဲ့ရပါတယ်။
မီနာဗာ၏ ကဏ္ဍ၊ နှင့် ဂျွန် ၁၄ ရက် လူပရင် ၁၉၅၉ ထိုးစစ်တိုက်ပွဲ The June 14th Luperion Invasion
ဒိုမေနိကန်လွတ်မြောက်ရေး မြေအောက်တပ်ဖွဲ့က ထျူဇီဂျိုကို ဂျွန် ၁၄ ၁၉၅၉ မှာ မြောက်ပိုင်း ကမ်းရိုးတမ်းဖက်ကစပြီး ၀င်တိုက်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့ပါတယ်။ စစ်ရေးအရ မအောင်မြင်ခဲ့သော်လည်း ဒိုမေနီကန် နိုင်ငံတခုလုံးမှာ ထျူဇီဂျိုကို အ ပြုတ်မတိုက်ရင် မရတော့ဘူးလို့ ခိုင်မာပြင်းထန်တဲ့တော်လှန်ရေးမျိုးစေ့ကို ဒီလူပရင် တိုက်ပွဲက ထားပစ်ခဲ့ပါတယ်။ ကျူ ဘားတော်လှန်ရး သမားတွေနောက်ကွယ်က ကူညီပေးတဲ့ ဒီလှုပ်ရှားမှုကို ထျူဇီဂျို ၏ စစ်တပ်နဲ့လေတပ်က လက်ဦးမှု ယူပြီးဖြိုခွင်းခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၅၉ ဂျွန် လနာက်ပိုင်းမှာ စစ်ထောက်လှန်းရေးတွေက အဖမ်း အဆီးတွေ တိုးလုပ်လာ သည့်တိုင် မီနာဗာတို့ မိသားစုရဲ့ အကြောက်အလန့်မရှိ ထိပ်တိုက်တိုးတဲ့ စတိုင်နဲ့နိုင်ငံရေး ဦးဆောင်မှုတွေက ပျံ့နှံ့ တယ်။လူပရင် ထိုးစစ်ရဲ့နောက်ဆက်တွဲအဖြစ် ၁၉၆၀ နှစ်ဆန်းမှာ မီနာနဲ့ မာရီယာတို့ ထပ်မံဖမ်းဆီးခံရ အနှိပ်စက်ခံရပါ တယ်။
မီနာ့ ယောက်ကျား မန်နို Manolo (Manuel Tavarez)၊ မာရိယာ ယောက်ကျား လင်ဒရို Leandro Guzmán တို့က ဂျွန် ၁၄ လူပရင် ၁၉၅၉ တော်လှန်ရေး၏ နောက်က အဓိကနေရာက ခေါင်းဆောင်တွေဖြစ်လို့ အဖမ်းခံရတယ်။ အကြမ်းဆုံး အဆိုးဆုံးဆိုတဲ့ ၀ိတိုရိယအကျဉ်းထောင်မှာ ခင်ပွန်းတွေကိုထားတယ်။ နံပါတ် ၁ အမ ပက်ထရစ်ရှာ ၏ယောက်ကျားပါ အဖမ်းခံရတယ်။ လူပရင် ထိုးစစ်ရှုံးနိမ့်ခဲ့ပေမဲ့ ဒေသအတွင်းမှာ လက်နက်ခဲယမ်းမီးကျောက်တွေကို သူတို့မိသားစုနဲ့ အတူ အခြားမြေအောက် အုပ်စုတွေက စ စုဆောင်းလာကြပြီ။ အသတ်မခံရခင် ၃ လအလိုမှာ မီနာနဲ့ မာရီယာကို ထောင်က လွှတ်ပေးလိုက်တယ်။ တနိုင်ငံလုံးက ကက်သလစ် ဘုန်ကြီးတွေက ဒီညီအမနဲ့ အခြား မြို့ပေါ်ကပညာတတ် လူလတ်တန်းစား လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့မှုကို ၁၉၅၉-၁၉၆၀ နှစ်တွေမှာ အပြင်းအထန် ရှုံ့ချခဲ့တယ်။ ဒီဖိအားတွေကို ၁၉၆၀ တနှစ်လုံး ထျူဇီဂျို မခံမရပ်နိုင်အောင်ဖြစ်လာတဲ့အတွက် လူတွေကို လှည့်စားနှစ်သိမ့်ဖို့ မိန်းက လေး နိုင်ငံရေးအကျဉ်းသားတွေကို ဟန်ပြလွှတ်ပေးလိုက်တယ်။ ပြီးမှ လိပ်ပြာတို့တပ်ဖွဲ့ ခေါင်းဆောင် မိန်းကလေးများကို အသေသတ် ချေမှုန်းခဲ့ဟန် ရှိပါတယ်။
၁၉၆၁ မေ ၃၀ အာဏာ ရှင် ရာဖဲထျူဇီဂျို၏ ဇတ်သိမ်း
နှစ် ၃၀ အာဏာရှင် ဖြစ်ခဲ့တဲ့ လမ်းကြောင်းမှာ၊ ၁၉၅၉ အထိ အမေရိကန် ပြည်ထောင်စုနဲ့ သင့်မြတ်ခဲ့တယ်။ ဗင်နီဇွဲလား နဲ့ ကျူဗန်းနိုင်ငံက ခေါင်းဆောင်တွေကို အမေရိက အားကိုးနဲ့ ပြင်းပြင်းထန်ထန် ရှုံချတတ်တယ်။ သူ့ဟာ တိုင်းပြည် ၀င် ငွေတွေကို အလွဲသုံးစားလုပ်ပြီး စစ်တပ်က အရာရှိကြီးတွေနဲ့ သူ့အိပ်ဆောင်တပ်ဖွဲ့ စစ်ထောက်လှန်းရေးအုပ်စုကို အထူး အခွင့်အရေးတွေပေးခဲ့တယ်။ ၁၉၃၇ မှာ အနောက်ဖက်ခြမ်းက အိမ်နီးချင်း ဟေတီနိုင်ငံက ၀င်လာအလုပ်လုပ်သူတွေကို ပါစလီ လူသတ်ပွဲလို့ အမည်တွင်ရတဲ့အထိ သွေးချောင်းစီးအောင်၊ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့တယ်။ အသားရောင် မှောင်မဲနေတဲ့ အာဖရီကန် နွယ်ဖွားဟေတီ အလုပ်သမားတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတဲ့အခါ လူပေါင်း ၂၀၀၀၀ ကျော် ၃၀၀၀၀ ခန့် သေဆုံးတယ်လို့ ခန့်မှန်းကြတယ်။
၁၉၆၀မှာ ဗင်နီဇွဲလားက ခေါင်းဆောင်ကိုလုပ်ကြံဖို့လည်း သူက ၀င်စွက်ဖက်ခဲ့သေးတယ်။ ကျူးဗန်းမှာ သင်တန်းယူ လေ့ ကျင့်ခဲ့တဲ့၊ ကျူးဗန်း ပျောက်ကျားတွေက ထောက်ခံကူညီကြတယ်။ ဒိုမေနီကန် တော်လက်နက်ကိုင်တော်လှန်ရေးက ၁၉၅၉ ဂျွန် လ ၁၄ မှာ စခဲ့တယ်။ ၁၉၅၈-၅၉ မှာ ဒိုမိနိကန် တနိုင်ငံလုံး မှာ ထျူဇီဂျို ဆန့်ကျင့်ရေးစိတ်ဓါတ်တွေက ပြန့်နေ ပြီ။ အာဏာရှင်ကြီး ကိုယ်တိုင်လည်း နိုင်ငံရေးအရ စီးပွားရေးအရ တိုင်းပြည်ကို ဆက်ထိန်းထားနိုင်စွမ်းမရှိတော့။ သူတို့ နိုင်ငံမှာ လူထုအကြား သြဇာကြီးလှတဲ့ ကက်သလစ် ဘုရားရှစ်ခိုးကျောင်းတွေကပါ ထျူဇီဂျိုဆန့်ကျင်ရေးတွေ ဗြောင် တရားဟောလာနေကြတယ်။ မိနာဗာတို့ ညီ အမတွေလို လူငယ်ပညာတတ်တွေ၊ ပြည်ပအဖွဲ့အစည်းတွေ ထောက်ခံအား ပေးတဲ့ မြေအောက်တော်လှန်ရေး လူထုလှုပ်ရှားမှုတွေကို သူ မထိန်းနိုင်တော့ဘူး။
တချိန်ထဲမှာပဲ နိုင်ငံခြား အစိုးရတွေက သူ့ အုပ်ချုပ်ရေးကို ဗြောင်ဝေဖန်နေကြပြီ။ ၁၉၅၉ ဂျွန်လက မအောင်မြင်လိုက်တဲ့ ဒိုမီနိကန် လက်နက်ကိုင်တိုက်ပွဲနောက်ပိုင်း၊ ထျူဂျိုဟာ အိပ်မက်ဆိုးတွေရ၊ တော်တော်တုန်လှုပ်ကျန်ခဲ့တယ်။ သူ့ကို ဖြုတ်ချမယ့် လူငယ်နိုးကြားသူတွေကို တယောက်မကျန် လိုက်ဖမ်း၊ ထောင်ထဲထည့်၊ နှိပ်စက်မှုတွေ ဒင်းကြမ်းလုပ်လာ တော့ သူဘယ်လောက်ကြောက်နေသလဲဆိုတာ ပေါ်လွင်နေပြီ။ လူ ၁၀၀ကျော် အဖမ်းခံရတဲ့သူတွေကြားမှာ မြို့နေ ပညာတတ်လူ့မလိုင် အသိုင်းအ၀ိုင်းက တက္ကသိုလ်ကျောင်းသားတွေ၊ ပညာရှင်တွေပါ ပါလာတဲ့အခါ၊ ထျူဇီဂျိုကိုအာ ဏာက ဖြုတ်ချချင်တဲ့သူတွေက သူ့အတွင်းစည်းမှာရော၊ ပြည်တွင်း ပြည်ပမှာပါ တိုးတိုးလာနေပြီ။ ကျူးဗားနဲ့ ဗင်နီ ဇွဲ လားက ဒိုမေနီကန်က သူပုန်ထမယ့် ကျောင်းသားပညာတတ်တွေ၊ မြေအောက် ဆို ရှယ်လစ်ပါတီကို ကူတယ်။ တခြား တောင် အမေရိက မှာ ရှိတဲ့ နိုင်ငံရေး အဖွဲ့ အားလုံး က လည်း ထျူဇီဂျိုကို စတင်ဖိအားပေးလာကြပြီ။ အမေရိကနဲ့လည်း မတည့်တော့ဘူး။ နောက်ဆုံးတော့ ၁၉၆၁ ခုနှစ်မှာ လူပေါင်းထောင်သောင်းချီပြီး ရက်ရက်စက်စက်သတ်ဖြတ်ပြီး အာ ဏာထူထောင်ခဲ့တဲ့ ထျူဇီဂျို၏ နိဂုံး ရောက်လာပါတော့တယ်။
မီရာဘဲလ်တို့ညီအမတွေကို လုပ်ကြံသတ်ဖြတ်ပြီး ၆ လ နဲ့ ၅ ရက်အကြာ မေလ ၃၀ ရက် ၁၉၆၁ မှာ အာဏာရှင် ထျူဇီ ဂျိုကိုယ်တိုင်လည်း လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ ထျူဇီဂျိုကို တောက်လျှောက်ထောက်ခံလာခဲ့တဲ့ အမေရီက က စီအိုင် အေ ကိုယ်တိုင်ပါဝင်စွက်ဖက် ကူညီပေးခဲ့တဲ့လုပ်ကြံမှုဖြစ်ပါတယ်။ မာရီဘဲလ် ညီအမတွေ အာဇာနည်များကဲ့သို့ ကျဆုံး မှုဟာ သူတို့တိုင်းပြည်မှာ ဘယ်သူမှ အလိုမရှိတော့တဲ့ အာဏာ ရှင်သူယုတ်မာတဦး ကျဆုံးခန်းကို အပြီးသတ်ဆုံးဖြတ် ပေးတဲ့ သမိုင်းအချိုးအကွေ့ဖြစ်ပါတယ်။ လိပ်ပြာလေး ၃ ကောင်၏ သမိုင်းကတော့ ရှင်သန်နေဆဲဖြစ်ပါတယ်။
ကမ္ဘာကြီးပေါ်က ဘယ်လိုအာဏာရှင်မျိုးမဆို အဆုံးတနေ့မှာ သူနဲ့ထိုက်တန်တဲ့ နိဂုံးဆိုတာ ရှိနေတယ်။
ကမ္ဘာမြေပေါ်မှာ လူ့အခွင့်အရေး၊ တရားမျှတမှု၊ လွတ်လပ်မှု ၊ အကြမ်းဖက်မှုများပပျောက်ရေး၊ ဒါတွေကို ဆက်လက် တိုက်ပွဲဝင်နေသေးတဲ့ နိုးကြားနေသေးတဲ့သူများ သိန်းသန်းချီ အများကြီးကျန်သေးတယ်။ ဒီလိုလူမျိုးတွေက လိပ်ပြာ လေးတွေကို ချစ်ကြတယ်။ ဒိုမေနီကန်က ကျောင်းတွေမှာမက အခြားလက်တင် အမေရိကနိုင်ငံအချို.ကကျောင်းတွေ မှာ ဒီနေ့ ကလေးငယ်တွေက လိပ်ပြာရင်ထိုးများ ကျောင်းဝတ်စုံတွေမှာ တပ်ဆင်လို့ မီရာဘဲလ်တို့ညီအမတွေကို ဂုဏ်ပြု လွမ်းဆွတ်နေကြပြီ။ တကယ်တန်းပြောရရင် မတရားတဲ့၊ ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်မှန်သမျှကို ရဲဝင့်စွာ ဆန့်ကျင် သူအားလုံးဟာ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် တဦးနဲ့တဦး ဆက်သွယ်နေကြတယ်။ ဒီကမ္ဘာမြေပေါ်မှာ မတရားဖိနှိပ်တဲ့ အာ ဏာရှင်တွေကို တော်လှန်သူအားလုံးဟာ တနည်းမဟုတ်တနည်းနဲ့ မောင်နှစ်မ ညီအမ တော်စပ်သူတွေ မဟုတ်ပါလား။
ကမ္ဘာကြီးပေါ်ကလူသားအားလုံး ကြမ်းကြုတ်ရက်စက်ခြင်းဒဏ်အားလုံးမှ ကင်းဝေးကြပါစေ၊
ကျေးဇူးပါ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်