Thursday, November 29, 2012

ယနေ့ လက်ပံတောင်း အခြေအနေများအား အချိန်နဲ့ တစ်ပြေးညီ ဖော်ပြနေသည့် သတင်းဂျာနယ်များမှ ဖော်ပြချက်များ

Posted by drmyochit Thursday, November 29, 2012, under | No comments


သည်နေ့မနက် ၃း၀၀လောက်မှာ ရဲတပ်ဖွဲ့ဝင်များ မီးသတ်ပိုက်နဲ့ စတင်လူစုခွဲပြီးတဲများကို မီးရှို့ တာတွေေ ကြာင့် သပိတ် စခန်း၆ခုလုံး ပျက်စီးသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၇၀ ၀န်းကျင် ရှိပြီး သည်လူတွေကို မုံရွာနဲ့ မန္တလေး ဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။ ပုသိမ်-မုံရွာ လမ်းကို ရဲတပ်ဖွဲ့ဝင် များက ပိတ်ထား ပါတယ်။ လက်ပံတောင်းတောင် ကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်က မနေ့ညနေမှာ စစ်ကိုင်း တိုင်းဒေ သကြီး ၀န်ကြီးချုပ်၊ ၀မ်ဘောင် ကုမ္ပဏီနဲ့ ဦးပိုင်မှ တာဝန်ရှိသူ တွေ နဲ့တွေ့ဆုံဖို့ ခွင့်ပြုချက်တောင်း ထားတာ မှာ ခုထိအကြောင်းပြန်ချက် မရသေးဘူးလို့ အခင်းဖြစ်ပွားရာမှာ သတင်းယူနေတဲ့ မော်ဒန်မှ အယ်ဒီတာ တစ်ဦးကပေးပို့ပါတယ်။
-------------------------------------------------------------------------
ယနေ့မနက်က အင်အားသုံး လူစုခွဲရာတွင် အသုံးပြုခဲ့သော မီးလောင်ဗုံး ကျည်ဆံများတွင် မီးစုန်းခေါ် ဖော့စဖား ထည့်သွင်း အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု ယူဆရသည်။ ဖော့စဖားသည် ထိမိသည့်နေရာမှ ပေါက်ကွဲလွင့်စင်၍ နေရာအနှံ့ လောင်ကျွမ်းတတ်ခြင်း၊ ရေနှင့်ထိတွေ့ပါက ဖော့စဖောရက်စ် အက်စစ်ဖြစ် ကာ အဖြူရောင်အက်စစ်ငွေ့များ ထွက်လာပြီး အဝတ် အထည်နှင့် တစ်ကွ အသားအရေ ကိုပါလောင်ကြွမ်းနိုင်ခြင်း စသော အစွမ်းသတ္တိများရှိသည်။ လက်ရှိတွေ့မြင်ရသည့် ဓာတ်ပုံပါ ဒဏ်ရာများတွင် အစက်အပြောက်များဖြစ်ခါ လောင်ကြွမ်း ဒဏ်ရာများ အရေပြား လောင်ကြွမ်း ဒဏ်ရာများသည် ဖော့စဖား ၏ အာနိသင်ကြောင့်ဟု ယူဆနိုင်သည်။ သို့သော် ဖော့စဖားကို ဗုံးသီးများတွင် အထူး သဖြင့် လူစုခွဲရန်နှင့်အ ထိကရုန်း နှိမ်နင်းရာတွင် အသုံးပြုသော ဗုံးသီးများနှင့် လက်ပစ်ဗုံးများတွင် အသုံးပြုခြင်း မရှိတော့ပေ။ ထို့ကြောင့်မြန်မာ့ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည် ဖော့စဖား ဘယ်ကလာသနည်း ဆိုသည့်ေ မးခွန်းအတွက် သက်ဆိုင်သူများတွင်သာအဖြေရှိမည်ဟု မျှော်လင့်ရသည်။ ထို့အပြင် ထိုမီးေ လာင် ဗုံးတွင် ဖော့စဖား ကို သုံးထားပါက ဖော့စဖားနှင့် ရေတို့ဓာတ်ပြုရာမှ ထွက်လာသည့် အဖြူရောင် အက်စစ်ငွေ့ သက်ရောက်မှု ခံရသူတိုင်း တစ်ချိန်တွင် အမြင်အာရုံ ဆုံးရှုံးခြင်း ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသဖြင့် ကျွမ်းကျင် သူ ကျန်းမာရေး ဝန်ထမ်းများဖြင့် အထူးဂရုပြု စစ်ဆေးသင့်ကြောင်း အကြံပြုအပ် ပါသည်။ (ရာဇာဓိ ရာဇာ)
----------------------------------------------------------------------------------------------------
မုံရွာ(မဇ္ဈိမ)။ မုံရွာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် သပိတ် စခန်းဖွင့်ကာ ဆန္ဒပြနေသော သံဃာ ထုအား ယနေ့ နံနက် ၃နာရီခန့်တွင် ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ် စီး ရပ် ကာ မီးသတ် ပိုက်ဖြင့် ရေဖြန်းလူစုခွဲလိုက်ပြီး မိနစ်ပိုင်းတွင်ပင် အသံတခုကြားကာ မီးလောင်ခဲ့ရာမှ သံဃာ အပါး ၅၀မုံရွာဆေးရုံ သို့ရောက်ပြီး ၁၀ပါးမှာ ပျောက် ဆုံးနေကြောင်း သပိတ် စခန်းမှ ဆရာတော် ဦးတေဇ က ပြောသည်။ သံဃာတပါးမှာ အခြေအနေ ဆိုးရွားသောကြောင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ကာ ကုသနေရပြီး ဒေသခံ မဖြူဖြူသင်းနှင့် မသွဲ့သွဲ့ဝင်းတို့လည်း ဒဏ်ရာများရရှိသွားခဲ့သည်။ ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် ရဲအင်အား ၅၀၀၀ခန့်ချထားပြီး ကုမ္ပဏီပရ၀ဏ်နှင့် အနီးတ၀ိုက်ကိုလည်း သံဆူးကြိုးများဖြင့် ကာရံထားသည်ဟု မုံရွာရောက် မဇ္ဈိမသတင်းထောက် မင်းမင်းက ပေးပို့သည်။
----------------------------------------------------------------
လက်ပန်းတောင်းတော င်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အ တွက် ဆန္ဒပြနေကြသော သပိတ် စခန်း(၆)ခုမှ ရဟန်း ရှင် လူပြည်သူ လူထုနှင့် လက်ပန်းတောင်းတောင် စီမံကိန်း ဧရိယာ အနီးရှိ (၂၆)ရွာ မှဒေသခံများ ကို သက်ဆိုင်ရာ က လူအင်အား လက်နက် အင်အားသုံး၍ ဖြိုခွင်းနှိမ်နင်း လိုက်ပြီးဖြစ်ကြောင်း သိရသည်။ “နံနက်(၃) နာရီခန့်မှာ အခုလို စတင်ပြီး ရဲတပ်ဖွဲဝင်တွေဆောင် ရွက် လိုက်တာပါ။ စစခြင်း မီးသတ်ကား နဲ့ ရေအား သုံးဖြိုခွဲတယ်။ အဲဒါပြီးတော့မှ မီးလောင်ဗုံး ခွဲတာပါ။ ၀မ်ပေါင် ကုမ္ပဏီ ရုံးရှေ့က သပိတ် စခန်းကို စတင်ပြီး ဖြိုခွဲပါတယ်။ အဲဒါပြီးတော့ တစ်ဆက်တည်း မှာဘဲ လက်ပန်းတောင်းတောင် စီမံကိန်း ဧရိယာ အတွင် မှာ ရှိတဲ့ ဆရာ တော်သံဃာတော်တွေနဲ့ဒေသခံတွေ ရှိနေတဲ့ သပိတ်စခန်းတွေကို လည်း ၀မ်ပေါင် ကုမ္ပဏီရှေ့မှာ ရှိနေတဲ့ သပိတ် စခန်းများ နည်းတူ ဖြိုခွဲလိုက်ပါတယ်။
အခုလို ဆန္ဒပြမှုကို အာဏာပိုင်တွေ ဘက်ကနေ လက်နက် အင်အား လူအင်အားတွေ အစွမ်းကုန်သုံးပြီး ဖြိုခွင်း ခဲ့သော်လည်း ဆန္ဒပြ ရဟန်းရှင်လူပြည်သူများဘက်ကတော့ ပြန်လည်ပြီး တိုက်ခိုက်တာမျိုးတွေ လုံးဝ မရှိခဲ့ဘဲ အေးအေး ချမ်းချမ်းနဲ့ လူစုခွဲခဲ့ကြပါတယ်။ လူစုခွဲပြီး အေးအေးဆေးဆေးပြန် လည်ပြီး ထွက်ခွာ လာခဲ့ကြတဲ့ ဆရာတော် သံဃာေ တ်ာတွေ ပြည်သူတွေကို ရဲတပ်ဖွဲ့က နေလိုက်လံပြီး ခြောက်လှန့် ရိုက်နှက် တာတွေပြုလုပ်လို့ အိမ်ပြန်မရောက်ဘဲ လမ်းသင့်ရာကိုထွက်ပြေးကြရတယ်”လို့ အဆိုပါ ဆန္ဒပြမှု တွင် ပါဝင် ခဲ့သူတစ်ဦးကဆိုပါတယ်။ ဆန္ဒပြသူတွေထဲမှာ ပြည်သူလူထု အထိအခိုက် များရှိခဲ့ပြီး ရဟန်းသာမဏေ များမှာထိခိုက်မှု ပိုမိုပြင်း ထန်ခဲ့တယ်လို့ လည်းသိရပါတယ်
-------------------------------------------------------------------------------
ယမန်နေ့ အာရုဏ် တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ် စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်ြး ခင်းေ ကြာင့် သံဃာတော်များနှင့် ရွာသူ ရွာသားများ ဒဏ်ရာ ရှိအောင် အစိုးရ၏ ကိုင်တွယ်ပုံနှင့် ပတ်သက် ၍ ပြည် သူ လူထု၏ ယုံကြည်မှုပျောက် ကွယ်နိုင်ကြောင်း အရှင်အာစရာ လင်္ကာရ(ကိုးဘွဲ့ရ) ဆရာတော်က မိန့်ကြား သည်။  အစိုးရက ပြည်သူ လူထုသည် မိဘ၊ ပြည်သူလူထု အသံကို နားထောင် ပါသည်ဟု စကားကြီး စကားကျယ် ထပ်တလဲလဲ ပြောဆိုပြီး ယခုကဲ့သို့ လုပ်ဆောင်မှုသည် ပြည်သူ လူထု၏ ယုံကြည်မှု ပျောက်ကွယ်ပြီး လုံးပါး ပါးနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။
လက်ပန်းတောင်းတောင် ကိစ္စသည် နှစ်ပေါင်းများစွာ အမြစ်တွယ် လာသော ကချင်၊ ရခိုင် အရေးများ ကဲ့သို့ ဖြေရှင်း ရန် ခက်ခဲသော အရာ မဟုတ်ပဲ၊ မြစ်ဆုံကဲ့သို့ ကြီးမားသော ပြသနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး လက် ပန်းတောင်းတောင် အရေးမှာ ဖြေရှင်းရန် ခက်ခဲသော ကိစ္စ မဟုတ်ဟု ဆရာတော်က ဆိုသည်။
“သနားလည်း သနားတယ် မေတ္တာလည်း ပို့ပါတယ်”ဟုဆရာတော်က မိန့်ဆိုသည်။
------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ၏ လတ်တလြော ဖစ် စဉ်များနှင့် ပတ်သက်ပြီး သွားရောက်လေ့လာ မှုများပြုလုပ်ရန် ယခု နံနက် ၁၁နာရီခွဲတွင် မုံရွာမြို့နှင့် ၁၂မိုင်ခန့် အကွာ၊ လက်ပံတောင်းတောင်နှင့် မိုင် ၂၀ ကျော် အကွာရှိ ချောင်းဦးမြို့ တွင်ရောက် ရှိနေပြီဖြစ်ကြောင်း ရန်ကုန် မီဒီယာဂရုပ် သတင်းထောက်မှ သတင်းပေးပို့သည်။
------------------------------------------------------------------------------------

မုံရွာလ က်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကန့်ကွက် ဆန္ဒပြနေသည့် သပိတ် စခန်းများကို ဖြိုခွင်း ရာတွင် ဓါတု လက်နက်များ သုံးစွဲခြင်း မရှိဟု သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
အင်တာနက် လူမှုရေး စာမျက်နှာများတွင် ပျံနှံ့နေ သည့် ဓါတု လက်နက် သုံးစွဲသည် ဆိုသည့် သတင်းမှာ မမှန် ကန်ကြောင်း ပထမ မီးသတ်ပိုက်၊ မျက်ရည်ဗုံး၊ မီးခိုးဗုံး(Smoke )တွေ သုံးစွဲ ဆိုသည်ကိုမူ သိထားပြီး ရဲတပ် ဖွဲ့ သုံးသည့် လက်နက်နှင့် စစ်ဘက်သုံးသည့် လက် နက် မတူညီသည့်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။
နိင်ငံတကာ၏ တုံ့ပြန် ပြောဆိုမှုများကို စောင့်ကြည့်နေသည်ဟု ၄င်းကဆိုသည်။
------------------------------------------------------------------------------------
ထိုင်သပိတ် ဆန္ဒ ထုတ်ဖော်နေသော ပခုက္ကူ အလယ်တိုက် မှ သက်တော်  ၂၅နှစ် ရှိ ဦး စန္ဒောဘာသ ၏ ပေါင်ပေါ်သို့ မဲမဲ အလုံးကြီး ကျရောက်ပြီး  အနီးကပ် ပေါက်ကွဲမှု ကြောင့် မျက်နှာနှင့် ခန္ဒာကိုယ် တစ်ခုလုံးလောင်ကျွမ်းခဲ့ကြောင်း ဆရာတော်နှင့် အနီးကပ် ရှိသူ ဦးဇဝန   က ပြောကြားသည်။
ဒဏ်ရာ သေးသေး ကြီးကြီး အသားတွေ ကျက်သွားကြောင်း၊ သံဃာ   အပါး ၆၀ ကျော် အပါအဝင် ဒဏ်ရာရသည့် သူများ အားလုံး ကို ဆေးရုံသို့ ပို့ထားပြီး ၁၀ပါးက ဒဏ်ရာ ပြင်းထန်သည်ဟု ဆရာတော်က ဆိုသည်။ (The Voice)

----------------------------------------------------------------------------------------------
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်၍ ဆန္ဒပြသပိတ်စခန်း (၆) ခုစလုံးကို ယနေ့နံနက် ၃ နာရီခန့်တွင် အင်အား ၅၀၀၀ ဖြင့် မီးရှို့ဖြိုခွင်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် သံဃာတော် အပါး ၃၀ ကျော် နှင့် လူအများအပြား မီးလောင်ဒဏ်ရာ များရရှိခဲ့ပြီး စခန်း(၆)ခုစလုံး မှာ မီးလောင်သွားခဲ့ကြောင်းသိရသည်။
"ဒီနေ့မနက် ၃ နာရီလောက်မှာ မီးသတ်ပိုက်နဲ့ အရင်ဆုံးထိုးတယ် ပြီးတော့ မီးလောင်ဗုံးတွေနဲ့ပစ်တယ် ၊ သင်္ဃန်းပေါ်တွေကျတာခါချရင်း မီးလောင် ဒဏ်ရာတွေရ ကုန်တယ် ၀က်မှေးရွာက မဖြူဖြူဝင်းဆိုရင် မျက်နှာရောလက်မောင်းပါ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တယ် ၊ သပိတ်စခန်း (၆)ခုမှာ သံဃာတော် အပါး ၃၀၀ ကျော် နဲ့ လူတစ်ရာကျော် လောက်စခန်းထဲမှာရှိနေကြတယ် ဒဏ်ရာရတဲ့သူတွေက အသားမှာ မီးလောင်တဲ့ဒဏ်ရာတွေ ရကြတယ် " ဟု သပိတ်ကို ဦးဆောင်သူ ကိုယ်တိုင်အရိုက်ခံခဲ့ရသူကိုဝင်းကျော်မှူးကပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင် က ယနေ့နံနက် ၈ နာရီတွင် ရဲမှူးကြီးနှင့် ညှိနှိုင်းဆောင် ရွက်နေကြောင်း သိရသည်။ ယင်းအခြေ အနေကြောင့် ၀မ်ပေါင်ကုမ္ပဏီရှေ့ရှိ ပုသိမ်-မုံရွာ ကားလမ်းမကြီး တစ်ဝိုက်ကို ပိတ်ထားပြီး ၀မ်ပေါင် ကုမ္ပဏီတစ်ဝိုက်ကို သံစူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။

"မနက်စောစောဆိုတော့မှောင်မှောင်မဲမဲ ထဲမှာ ကိုယ်လွတ်ရုန်းပြေးရတာ ၊ ရဲအင်အား ၅၀၀၀ လောက် ရှိမယ် ၊ မီးလောင်ပြီး ဒဏ်ရရတဲ့သူတွေအများဆုံးပဲ " ဟု အဆိုပါဒေသခံ တစ်ဦး ကပြောသည်။
ဒဏ်ရာရရှိသူများကို မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိပြီး သံဃာတော် အပါး ၃၀ ခန့် ဆေးရုံ တွင် ကုသမှုခံယူနေကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ မုံရွာပြည့်သူ့ဆေးရုံအုပ်ကြီးက "ကုသရေးကို ဦးစားပေးနေလို့ နောက်မှ သတင်းထု တ်ပြန်ပေးပါ့မယ် ၊ ထိန်ချန်ထားစရာမရှိပါဘူး " ဟုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် ဒေသ ချင်းတွင်းမြစ် အနောက်ဖက် ကံကုန်း ရွာကွင်းပြင်တွင် ယနေ့ဟောပြောပွဲ ပြုလုပ်မည်ဟု ဒေသခံများကပြောသည်။

ကျော်သူ ( Yangone media group)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

Posted by drmyochit Thursday, November 29, 2012, under | No comments



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ   ၂၉      ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁    ရက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

 ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များ ကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြု ထားပြီးဖြစ်သည်။

၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှု နည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက် ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအား စည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေး စနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက် ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာ လူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။
၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်း မပြုပါကဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီတည်ဆဲဥပဒေများ အတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန် ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်း မရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။
၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်း နှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေး လျက်ရှိကြောင်း သိရှိရသည်။
၆။ ထိုသို့ဆောင်ရွက်ရခြင်းသည်  တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။


  Myanmar Express 

ကေအိုင်အေက မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် အကျဉ်းသားပို့ ယာဉ်တန်းကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့

Posted by drmyochit Thursday, November 29, 2012, under | No comments



မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသော ကေအိုင်အေက မြန်မာ့စီးပွားရေး ဘဏ်မှ ငွေပို့ယာဉ်တန်းနှင့် အကျဉ်းထောင်သို့ ပို့မည့်ထောင်သားများ ပါဝင်သော ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ၂၁.၁၁.၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာ ဒုတိယပတ်အတွင်းက အတည်ပြု၍ မရသေးသော သတင်းများအဖြစ် ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်ကို ကြားသိခဲ့ရပြီး ပြည်နယ်အစိုးရက ယင်းအဖြစ်အပျက်မျိုး ရှိကြောင်း ထုတ်ဖော်ပြောကြား လာခြင်း ဖြစ်သည်။ “လုံးခင်းဘက်မှာ ဖြစ်သွားတာ။ ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ နောက်ရက်မှာပဲ ဒေသခံ အုပ်ချုပ်ရေးမှူးရုံးက သတင်းပို့လာပါတယ်” ဟု ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။ အခင်းဖြစ်ပွားမှုအရ ဖားကန့်မြို့မှ မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် ဖားကန့်မြို့မှ မြစ်ကြီးနားကို ပို့ဆောင်မည့် အကျဉ်းသားယာဉ်ကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသား သုံးဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်နေ့စဉ်သတင်းက ရေးသားဖော်ပြထားသည်။ “ကေအိုင်အေနဲ့တော့ ကျွန်တော်တို့ အစိုးရအဖွဲ့က တိုက်ရိုက်မဆက်ဆံပါဘူး။ ပြည်ထောင်စုအဆင့်က ကိုင်တွယ်တာပါ။ ပြီးတော့ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့တွေ ရှိတာပဲ၊ သူတို့ဆီကိုပဲ အကြောင်းကြားစာ ပေးပို့လိုက် ပါတယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောကြားသည်။ ကေအိုင်အေနှင့် မြန်မာအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးထားသည်မှာ ၁၁ ကြိမ်ထက်မနည်း ရှိပြီဖြစ်ပြီး ခိုင်မာသော သဘောတူညီချက်များ ရရှိထားခြင်း မရှိသေးကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင်ဖော်ပြထားပါသည်။  

 Myanmar Express 

ရုရှားနိုင်ငံမှ လေယာဉ်တင် သင်္ဘော ၂ဝ၁၃ ခုနှစ်တွင် အိန္ဒိယသို့ ပေးပို့မည်

Posted by drmyochit Thursday, November 29, 2012, under | No comments


ရုရှား နိုင်ငံက အသစ် ပြန်လည် မွမ်းမံ တည်ဆောက် ထားသော ဆိုဗီယက် ခေတ်က လေယာဉ်တင် သင်္ဘော တစ်စင်းကို ၂ဝ၁၃ ခုနှစ် စတုတ္ထ လေးလပတ်တွင် အိန္ဒိယ နိုင်ငံသို့ ပေးပို့ လိမ့်မည် ဖြစ်ကြောင်း  အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန် တိုနီက ပြောကြား ခဲ့သည်။ အဆိုပါ သင်္ဘောကို "INS Vikra- maditya"ဟု အိန္ဒိယ နိုင်ငံက အမည်ပေး ထားပြီး ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်း တွင် ရုရှားနိုင်ငံက လွှဲပြောင်းပေးမည် ဖြစ်ကြောင်းဖြင့် အောက်လွှတ်တော် အစည်းအဝေးတွင် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၆ ရက်က ပြောကြား ခဲ့သည်။
           ၎င်းသင်္ဘောကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပေးပို့ရန် စီစဉ် ခဲ့သော်လည်း နည်းပညာ ပြဿနာ များကြောင့် ပေးပို့ရန် နှောင့်နှေး ခဲ့ရကြောင်း၊ ပြင်ဆင် မွမ်းမံမှု ကုန်ကျ စရိတ်သည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း၊ အဆိုပါ စစ်သင်္ဘော၏ သက်တမ်းမှာ နှစ်ပေါင်း ၃ဝ ရှိပြီး ဖြစ် သောကြောင့်၎င်းသင်္ဘောတွင် တာဘိုင်များ၊ ဘွိုင်လာအိုး များ၊ ဟောင်းနွမ်းနေသည့် ကီလိုမီတာ ၂၅ဝဝ ရှိ ဝါယာကြိုးများ လဲလှယ် တပ်ဆင်ရန်နှင့် သင်္ဘောကုန်းပတ် အသစ်များကို ပြန်လည် မွမ်းမံ ပြင်ဆင်ရန် လိုအပ်ကြောင်း အန်တိုနီက ပြောကြားခဲ့သည်။ အိန္ဒိယနှင့် ရုရှား ကုမ္ပဏီ နှစ်ခုအကြား ချုပ်ဆို ထားသော သဘောတူ စာချုပ် အရ ၎င်းစစ် သင်္ဘောတွင် ခေတ်မီ လက်နက်များ၊ MiG-29 တိုက်လေယာဉ် (၁၆) စင်းနှင့် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာဉ် အုပ်စု တစ်ခုတို့ အပြည့်အစုံ ပါရှိမည် ဖြစ်ကြောင်း၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန်ရှိ

Posted by drmyochit Thursday, November 29, 2012, under | No comments



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီ ကာလအတွင်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။ ထိုသို့ သွားရောက်ရန် အစီအစဉ် ရှိကြောင်းကို ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်ရှိ Cambodiana ဟိုတယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့ သတင်းထောက်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတက နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်းနှင့် ထိုခရီးစဉ်များသို့ လိုက်ပါသတင်း ရယူလိုက လိုက်နိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ မည်သည့် ကာလတွင် သွားမည်ဆိုသည်ကိုမူ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ခြင်း မရှိပေ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးနှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကမ္ဘာ့ဒုတိယ သြဇာအကြီးဆုံး ငြိမ်းချမ်းရေးဆု ရရှိ

Posted by drmyochit Thursday, November 29, 2012, under | No comments


ကမ္ဘာပေါ်တွင် နိုဘယ်ဆုပြီးလျှင် သြဇာ အကြီးမားဆုံး ဆုဖြစ်သော ICG (နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးအဖွဲ့) ၏ ငြိမ်းချမ်းရေးဆုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရားဇီးသမ္မတဟောင်း Luiz Iuacio Lula da Silva နှင့်အတူ လက်ခံရရှိကြောင်း သိရကာ ယင်းဆုကို ၂၀၁၂ ခုနှစ် ဧပြီလတွင် နယူးယောက် မြို့၌ ပေးအပ်သွားမည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မရုံး အတည်ပြုချက်မှ သိရှိရသည်။ နယူးယောက်မြို့တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်၌ ကျင်းပမည်ဖြစ်သော အဆိုပါ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်အနေဖြင့် တက်ရောက်ယူခြင်း ရှိမရှိကို တိတိကျကျ မပြောနိုင်သေးသော်လည်း အဆိုပါဆုမှာ သိန်းပေါင်းများစွာသော လူ့ဘဝများကို အသွင်ပြောင်းစေသော အမြင်ကျယ်သည့် ခေါင်းဆောင်မှုနှင့် ပဋိပက္ခများ ပြီးဆုံးရေးအတွက် လုပ်ဆောင်ပေးသော အစိုးရနှင့် ပြည်သူ့ရေးရာမူဝါဒတို့မှ အဓိကပုဂ္ဂိုလ်များကို ဂုဏ်ပြုသည့် ဆုမျိုးဖြစ်ကြောင်း သိရသည်။ သိရသလောက် ပြောရရင် ဒီဆုက နိုဘယ်ဆုပြီးရင် သြဇာအကြီးဆုံး ဆုတစ်ခုပဲ။ နိုင်ငံတကာ အဖွဲ့ပေါင်းစုံက ထောက်ခံထားတဲ့ ICG က ပေးအပ်တာလို့ သိရတယ်” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ ICG ၏ ဥက္ကဋ္ဌဖြစ်သူ Louise Arbour က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာသည့်နောက်ပိုင်း မြန်မာနိုင်ငံတွင် ယခင်က လုပ်ဆောင်ခြင်း မရှိခဲ့သော ပြုပြင်လုပ်ဆောင် ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ဖြေလျှော့ပေးခြင်း၊ အတိုက်အခံပါတီများနှင့် ဆွေးနွေးမှု ပိုမိုလုပ်ဆောင် လာခြင်းတို့ကို လုပ်ဆောင်လာသည်ဟု တွေ့ရကြောင်း ပြောကြားသည်။ “နိုဘယ်ဆုမှာ ကတည်းက သတင်းတွေ ထွက်ခဲ့ပြီး ဒီဆုရရှိခဲ့ချိန်မှာ လည်း နိုင်ငံတကာက ထောက်ခံအားပေးကြောင်း ပြသသလိုပါပဲ” ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

အဏုမြူလက်နက် မရှိကြောင်း မြန်မာက သက်သေပြရန် IAEA တွင် လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေ

Posted by drmyochit Thursday, November 29, 2012, under | No comments


မြန်မာနိုင်ငံတွင် အဏုမြူလက်နက် မရှိကြောင်း မြန်မာအစိုးရက မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ဆုံး သက်သေအဖြစ် IAEA (နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ) နှင့် အဏုမြူ ကင်းရှင်းကြောင်း လက်မှတ်ရေးထိုးရန် အ သင့်ဖြစ်နေပြီဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလိုက်ကြောင်း ၂၂.၁၁.၂၀၁၂ ရက်က သိရသည်။ “မြန်မာအစိုးရရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က အလွန်ကောင်းမွန်တဲ့ အပေါင်းလက္ခဏာပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ယုံကြည်မှု တည်ဆောက်ခြင်း အတွက် နျူကလီးယားကိစ္စ အခိုင်အမာ ရှေ့တိုးလိုက်ခြင်းက ကောင်းမွန်ပါတယ်” ဟု ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ လက်နက်မပြန့်ပွားရေး အုပ်စု (ISIS) မှ David Albright နှင့် Andrea Stricker တို့က သုံးသပ်ပြောကြားလိုက်သည်။ Business Times သတင်း၏ ဖော်ပြချက်အရ မြန်မာ အစိုးရအနေဖြင့် နျူကလီးယားဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အားလုံးကို ကြေညာသွားမည်ဖြစ်ပြီး IAEA ကို လိုအပ်သလို ဝင်ရောက်စစ်ဆေးခွင့် ပြုမည်ဟု သိ၇သည်။ မြန်မာနိုင်ငံသည် IAEA တွင် ၁၉၅၇ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် အဏုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကိုလည်းကောင်း၊ ၁၉၉၅ တွင် နောက်တိုး သဘောတူညီချက် ဖြစ်သည့် စောင့်ကြည့် ထိန်းသိမ်းရေးစာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူကင်းစင်ရေး စာချုပ်၊ ၁၉၉၆ တွင် နျူကလီးယား စမ်းသပ်မှု တားဆီးရေး စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ကာ ယခုတစ်ကြိမ် လက်မှတ်ရေးထိုး မည်မှာလည်း နောက်တိုးအချက် တစ်ချက်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

   Myanmar Express

မန္တလေးတက္ကသိုလ် ဂုဏ်ထူးတန်း ပြန်ဖွင့်မည်

Posted by drmyochit Thursday, November 29, 2012, under | No comments


မန္တလေးတက္ကသိုလ်မှာ ၁၅ နှစ်ကျော်ကြာ ဖွင့်လှစ်ခြင်း မပြုခဲ့တဲ့ ပထမနှစ် ဂုဏ်ထူးတန်းကို ယခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ပြန်လည်ဖွင့် လှစ်တော့ မယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန် မာပြည်)မှ သိရပါတယ်။ ၁၉၈၅-၁၉၈၆ တက္ကသိုလ် ပညာသင်နှစ်မှ ၁၉၉၆-၁၉၉၇ ခုနှစ် ပညာသင်နှစ်အထိ မန္တလေး တက္ကသိုလ်မှာ ဂုဏ်ထူးတန်းတွေကို ဖွင့်လှစ်ပေးခဲ့ဖူးပါတယ်။ အဆင့်မြင့် ပညာ ဦးစီးဌာန (အထက်မြန်မာပြည်)ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှ အထူးပြု ဘာသာရပ် ၂၀ မှာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အမှတ်အများဆုံးရသူ ၂၀ စီကို ရွေးချယ်ပြီး တက်ရောက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ စစ်ကိုင်း တက္ကသိုလ်တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပထမနှစ် သင်တန်းများကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်သည့်အခါ အထူးပြုဘာသာရပ်များ ဖြစ်သည့် မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သချာင်္၊ သတ္တဗေဒ၊ ရုက္ခဗေဒတို့ ပို့ချမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကုမုဒြာ  ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

 Myanmar Express

တကျော့ပြန် ရခိုင် အကြမ်းဖက် ဆူပူမှုတွင် ALP ပါဝင် ပတ်သက်မူ မရှိဟု ဆို

Posted by drmyochit Thursday, November 29, 2012, under | No comments


မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) သည် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် တကျော့ပြန် ရခိုင် ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်တွင် တစ်စုံတစ်ရာ ပါဝင် ပတ်သက်မူ မရှိကြောင်း ထုတ်ဖေါ် ပြောကြားလိုက်သည်။
နိုင်ငံတော် သမ္မတရုံး၏ ၂⁄ ၂၀၁၂ ထုတ်ပြန်ချက်အပေါ် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီက သဘောထား ကျေညာချက် တစ်စောင် ထုတ်ပြန်ပြီး တုန့်ပြန်ရာတွင် ထိုသို့ ပြောဆိုလိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို ALP က နိုဝင်္ဘာလ ၂၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ၂၀၁၂-ခုနှစ် အာက်တိုဘာလ (၃၀)ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် ၂/ ၂၀၁၂ တွင် ဖေါ်ပြချက်  အပိုဒ်(၄) ၏ စာကြောင်းရေ (၃)တွင် အောက်တိုဘာလ အတွင်း ဖြစ်ပွါးခဲ့သော ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု နောက်ကွယ်မှ ငြိမ်းချမ်းရေးယူ ထားသော အဖွဲ့အစည်း အချို့ ပါဝင်နေသည်ဟု ဖေါ်ပြထားကြောင်း၊  အဆိုပါ ဖေါ်ပြချက်မှာငြိမ်းချမ်းရေး ယူထားသော တစ်ခုတည်းသော ရခိုင်တော်လှန်ရေး ပါတီ ALP ရည်ရွယ်ထားပုံရကြောင်း၊ သို့အတွက် ယခုလို ကျေညာချက်ထုတ်ပြီး တုန့်ပြန်ရခြင်း ဖြစ်ကြောင်း ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အတွင်းရေးမှူး ၂ ခိုင်သုခက နိရဉ္စရာသို့ ပြောသည်။
“ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် အမှတ် ၂/၂၀၁၂ မှာ အောက်တိုဘာလအတွင်း တကျော့ပြန်ဖြစ်တဲ့ ရခိုင်ပြည် အကြမ်းဖက် ဆူပူမှုမှာ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ရေးထားတဲ့အတွက် ကျွန်တော်တို့ကို ရည်ညွန်းပြီး ပြောဆိုတာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်။
 ဒါပေမယ့် ကျွန်တော်တို့ဘက်က ထုတ်ပြန်ကြေငြာ ချက် မထုတ်ဘဲ စောင့်နေခဲ့တယ်။ နောက်ဆုံး နိုဝင်္ဘာ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ဆီက လူကြီးတွေနဲ့  ဦးအောင်မင်း ထိုင်းနိုင်ငံ ချမ်းမိုင်မှာ တွေ့တဲ့အခါ  ဦးအောင်မင်းကလည်း အဲဒီအတိုင်း စွပ်စွဲပြောဆိုလာတယ်။
  ဒီလို ပြောဆိုလာတဲ့ အပေါ်မှာ ရှင်းရှင်းလင်းဖြစ်ဖို့ အတွက် ကျွန်တော်တို့ဘက်က ကြေငြာချက်ထုတ်ပြီး တုန့်ပြန်ရတာ  ဖြစ်ပါတယ်” ဟု ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် ချမ်းမိုင်တွင် တွေ့ဆုံစဉ်   ယခုကဲ့သို့ ALP ကို စွပ်စွဲ ပြောဆိုလာသဖြင့် ALP ဘက်ကလည်း ရခိုင် ပြည်နယ် အတွင်း တကျော့ပြန် အကြမ်းဖက်မှုများတွင် စစ်တပ်က ပါဝင် ပတ်သက်မှုရှိသည်ဟု ပြန်လည်ပြော ဆိုလိုက် ကြောင်း ခိုင်သုခက ပြောသည်။
“ စစ်တပ်ဖက်က ပါဝင်ပတ်သက်မှုရှိတဲ့ အထောက်အထားတွေ အများကြီး ရထားတာရှိတယ်။ အဲဒါကိုလည်း ဦးအောင်မင်း ကို တရားဝင် ပြောလိုက်တယ်။ အခုဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေမှာ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ ဖက်က လုံးဝ ပတ်သက်မှုမရှိဘူးဆိုတာကို ရှင်းပြလိုက်ပါတယ်” ဟု ဆိုသည်။
ALP ၏ ကျေညာချက်ထဲတွင် နိုင်ငံတော် သမ္မတရုံ၏ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်သည် လုံးဝ အခြေအမြစ် မရှိသော စွပ်စွဲချက်သာ ဖြစ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန်နှင့် နိုင်ငံတကာမှ ALP ပါတီ အပေါ် အထင်အမြင် လွှဲမှားစေရန် တမင်ကြံရွယ် လုပ်ဆောင်နေသော လူပုဂ္ဂိုလ် အချို့နှင့် အဖွဲ့အစည်း အချို့၏ လုပ်ရပ်သာ ဖြစ်သည်ဟု ဖေါ်ပြသည်။
၎င်းအပြင် အောက်တိုဘာလ အတွင်းက ဆူပူ အကြမ်းဖက်မူ နောက်ကွယ်မှ ပါဝင် ပတ်သက်နေသူများမှာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်မှ နယ်မြေများကို အပိုင်ရယူလိုကြသော ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ မူဆလင် အဖွဲ့ အချို့နှင့် ၎င်းတို့အား အားပေး အားမြှောက် ပြုနေကြသော နိုင်ငံ အချို့မှ အဖွဲ့အစည်း အချို့သာ ဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်။
၎င်းအပြင်  မြန်မာ- ဘင်္ဂလာနယ်စပ်တွင် မြန်မာတပ်မတော်မှ GE တပ်သား (၃) ဦး ဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်ပြီးလည်း ALP နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း ကျေညာချက်ထဲတွင် ဖေါ်ပြထားသည်။

 နိရဉ္စရာသတင်းဌာ

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု တရုတ်နိုင်ငံ အာကာသ စခန်းမှ လွှတ်တင်

Posted by drmyochit Thursday, November 29, 2012, under | No comments


 သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။ အဆိုပါ ဂြိုဟ်တုကို တရုတ် နိုင်ငံပိုင် China Great Wall Industry Corporation နှင့်အတူ ပူးပေါင်း၍ သီရိ လင်္ကာ နိုင်ငံရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော Supreme SAT ကုမ္ပဏီမှ ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Supreme SAT-1 ဟုအမည် ပေးထားသော ဆက်သွယ်ရေး ဂြိုဟ်တုက အရှေ့ အလယ်ပိုင်း၊ တောင်အာရှ၊ အာရှ အလယ်ပိုင်းနှင့် သြစတြေးလျ ဒေသများ အတွင်း broadband အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ် ရေးနှင့် ရုပ်သံ ထုတ်လွှင့်ရေး ဝန်ဆောင်မှုများ အပါအဝင် ဆက်သွယ်ရေး လုပ်ငန်း များကို ပိုမို ကောင်းမွန်စွာ လုပ်ဆောင်ရန် ဝန်ဆောင်မှု ပေးအပ်နိုင်မည် ဖြစ်ကြောင်း Supreme SAT ကုမ္ပဏီက  ပြောကြားသည်။Supreme SAT-1 ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်နိုင် ခြင်းကြောင့် သီရိလင်္ကာ နိုင်ငံသည်    ဆက်သွယ်ရေး ဂြိုဟ်တု ပိုင်ဆိုင်သည့် ၄၅ နိုင်ငံမြောက် နိုင်ငံ ဖြစ်လာ ခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စ တန်နိုင်ငံ တို့ပြီးလျှင် သီရိလင်္ကာ နိုင်ငံသည် တောင်အာရှ နိုင်ငံများ အတွင်း ဂြိုဟ်တု လွှတ်တင် နိုင်ခဲ့သည့် တတိယ မြောက် နိုင်ငံတစ်ခု ဖြစ်ကြောင်း သိရသည်။ Supreme SAT-1 ဂြိုဟ်တုကို ခန့်မှန်းခြေ အားဖြင့် ကမ္ဘာမြေ မျက်နှာပြင် အထက် ကီလို မီတာ ၃၆ဝဝဝ အကွာ ၈၇ ဒသမ ၅ ဒီဂရီ အရှေ့ဘက်တွင် ကမ္ဘာတည် နေရာ အတိုင်း ရွေ့လျားနေ သည့် ဂြိုဟ်တု ပတ်လမ်း တစ်ခုအတွင်း ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

သဘာဝ ဓာတ်ငွေ့တင် သင်္ဘော အာတိတ် သမုဒ္ဒရာ အတွင်း ပထမ အကြိမ် ဖြတ်သန်း ခုတ်မောင်း

Posted by drmyochit Thursday, November 29, 2012, under | No comments


သဘာဝ ဓာတ်ငွေ့ အရည် တင်ဆောင် လာသော Ob River အမည်ရှိ သင်္ဘော တစ်စင်းသည် အာတိတ် သမုဒ္ဒရာကို ပထမဆုံး အကြိမ် စတင် ဖြတ်သန်း ခဲ့သည့် သင်္ဘော တစ်စင်း ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။ Ob River အမည်ရှိ သဘာဝ ဓာတ်ငွေ့ အရည်တင် သင်္ဘောကို ၂ဝဝ၇ ခုနှစ်က စတင် တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ အရည် ၁၅ဝဝဝဝ ကုဗမီတာ တင်ဆောင် နိုင်သည်။ သဘာဝ ဓာတ်ငွေ့ အရည်များ တင်ဆောင် လာသည့် အဆိုပါ သင်္ဘောသည် နော်ဝေနိုင်ငံ မြောက်ပိုင်း ဟမ်မာဖတ်စ် ဆိပ်ကမ်းမှ နိုဝင် ဘာ ၇ ရက်တွင် စတင် ထွက်ခွာ လာခဲ့ပြီး ဘားရန့်စ် ပင်လယ်ကို ဖြတ်၍ ရုရှား နိုင်ငံမြောက် ဘက်ပိုင်းမှ တစ်ဆင့် ဂျပန်နိုင်ငံသို့ ခုတ်မောင်းမည် ဖြစ်ကြောင်း သိရသည်။ ၎င်း သင်္ဘောသည် ဂျပန် နိုင်ငံသို့ ဒီဇင်ဘာလ အစောပိုင်းတွင် ဆိုက်ကပ်ရန် မျှော်မှန်း ထားပြီး ပုံမှန် ခုတ်မောင်း ရမည့် အချိန်ထက် ရက် ၂ဝ ခန့် စောရောက် လိမ့်မည် ဖြစ်သည်။ ၎င်းသင်္ဘောတွင် နိုင်ငံတကာမှ သင်္ဘော အမှုထမ်း ၄ဝ ဦး လိုက်ပါလာ၍ သင်္ဘောကို ဂရိနိုင်ငံ ဒိုင်နာ ဓာတ်ငွေ့ ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ရုရှားနိုင်ငံမှ စွမ်းအင် ကုမ္ပဏီကြီး တစ်ခု ဖြစ်သော ဂက်ဇ်ပရွန် ကုမ္ပဏီက ငှားရမ်း ခဲ့ကြောင်း သိရသည်။ ၎င်းခရီးစဉ် စတင်ရန် အတွက် တစ်နှစ် ကျော်ကြာ ပြင်ဆင်မှုများ ပြုလုပ် ခဲ့ရပြီး အလွန် ထူးခြား၍ စိတ်ဝင် စားဖွယ် ကောင်းသော စွန့်စားမှု တစ်ရပ် ဖြစ်ကြောင်း ဒိုင်နာ ဓာတ်ငွေ့ ကုမ္ပဏီမှ ညွှန်ကြားရေးမှူး တိုနီလော် ရစ်ဇန်က ပြောကြား ခဲ့သည်။ ၎င်းသင်္ဘော ဖြတ်သန်း ခုတ်မောင်းမည့် ခရီးစဉ် အတွက် မြောက်ဘက် ပိုင်းရှိ လမ်းကြောင်းကို အသုံးပြုရန် ဆုံးဖြတ် ရခြင်းမှာ အာတိတ် သမုဒ္ဒရာတွင် ရေခဲပြင် အရည်ပျော်မှုနှင့် ပတ်သက်၍ မကြာသေး မီတွင်သိပ္ပံပညာ ရှင်များက လေ့လာ ဆန်းစစ်မှုများ ပြုလုပ် ခဲ့ရာမှ ရရှိလာသော အချက်အလက် များအရ ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ရေခဲများ ပိုမိုအရည် ပျော်မှုကြောင့် ယခုကဲ့သို့ သင်္ဘောများ ဖြတ်သန်း သွားလာနိုင်ခြင်း ဖြစ်သည်။ အဆိုပါ လမ်းကြောင်းမှာ ယခင် သွားနေကျ ခရီးလမ်း ကြောင်းထက် ၄ဝ ရာခိုင်နှုန်း တိုပြီး လောင်စာ ၄ဝ ရာခိုင်နှုန်း အသုံးပြုမှု သက်သာကြောင်း သိရသည်။ ထို့ပြင် ရာသီဥတု အခြေအနေ ပြောင်းလဲမှုကြောင့် အာတိတ် သမုဒ္ဒရာ အတွင်း ရေခဲများ အရည်ပျော် လျက်ရှိသည့် အတွက် ၎င်းသမုဒ္ဒ ရာတွင် သင်္ဘောများ ခုတ်မောင်း သွားလာမှုသည် တဖြည်းဖြည်း မြင့်တက် လာခဲ့ပြီး ၂ဝ၁၂ ခုနှစ်သည် အာတိတ် သမုဒ္ဒရာ အတွင်း သင်္ဘော အများဆုံး သွားလာသည့်နှစ် အဖြစ် စံချိန်တင် ခဲ့သည်။

ဘုန်းကြီးတွေ ရှေ့က၊ ရွာသားတွေ အလယ်က၊ အဖွဲ့အစည်းတွေ နောက်ဆုံးကဖြင့် ပြီးဆုံးသွားသည့် လက်ပံတောင်း

Posted by drmyochit Thursday, November 29, 2012, under | No comments


မြင်လို့မကောင်း၊ ရှုလို့မကောင်း လက်ပံတောင်း အရေးလို့ ဆိုရမတတ် ဘုန်းကြီးနှင့် ဒကာမ၊ ဘုန်းကြီးနှင့် ဆူပူသူများ တုံးလုံးပက်လတ် စုစည်းနေကြသည်မှာ ဘယ်လိုမှ အဆင်မပြေ။ သပိတ်စုံလျှင်  အကုန်ရ မည်ဆိုပြီး ဘုန်းကြီးတွေက ကြွေးကြော်ကြ။ ၀မ်ပေါင် ဂိတ်တံခါးရှေ့မှာ ပိတ်ပြီး အိပ်ကြ။ တရားဥပဒေကို သင်္ဃန်းခြုံ၍ ဖောက်ဖျက်ကြသည်။ နေ့လည်မှာ စားကြသောက်ကြ ညမှာ အေးဆေးအိပ်စက်ပြီး မလုပ် သင့်သည့် အလုပ်များကို လုပ်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းရန် ကြေညာထား သော် လည်း နိုဝင်ဘာ လ ၂၈ ရက် နေ့ အထိ ရုပ်သိမ်းခြင်း မရှိသဖြင့် ထပ်မံ၍ နိုဝင်ဘာလ ၂၈ရက်နေ့ ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် ပြောကြား ခဲ့ပါ သည်။ နောက်ဆုံးတော့ တာဝန်ရှိသူက တာဝန်ရှိတဲ့ အတိုင်းလုပ်တော့ လက်ပံတောင်ကိစ္စ တစ်ခန်းရပ်ပေ အုံးမည်။ နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား၊ မျက်ရည်ယိုဗုံးများ ၊မီးသတ်ပိုက်များ အသုံးပြုပြီး ဖယ်ရှားခဲ့ရသည်။ နောက်ဆုံးတွင်တော့ သပိတ် စခန်းများ ကို မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ က လုံခြုံရေး ယူထားလိုက်ပြီ ဖြစ်သည်။
 အပျော့ပျောင်း အညင်သာဆုံး အဓိကရုဏ်း နှိမ်နှင်းမှုပင် ဖြစ်သည်။ နိုင်ငံတကာတွင်မူ ထိုသို့သော ဆူပူ မျိုးဖြစ်လာပါက ရိုက်ရ၊နှက်ရ၊သတ်ဖြတ်ရ ဖြင့် အင်မတန် အကျည်းတန်လှသည်။ ထိုင်းနိုင်ငံတွင် ဘယ်အချိန် ဆန္ဒပြပြ လူမသေသည့် ထုံးစံ မရှိသလောက် သေကြသည်။ ထိုင်း သပိတ်ခေါင်းဆောင်များက ယုံကြည် ချက်ဖြင့် ဆန္ဒပြကြသည်။ မြန်မာ သပိတ်ခေါင်းဆောင် ဆူပူသူ များက ငွေကြေးအတွက်၊ နာမည် အတွက်၊ လုပ်ပိုင်ခွင့်အတွက် နောက်မှ နေ၍ ဆန္ဒပြကြသည်။ သံဃာ၊ ပြည်သူ ရှေ့တန်း တင်ကြ သည်။ နှိမ်နှင်း သည့်အခါတွင်တော့ ထိခိုက်သူ သပိတ်ခေါင်းဆောင်များ မရှိ။ ၈၈၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းများတွင်လည်း ဘယ်ခေါင်းဆောင်မှ ခြစ်ရာ တစ်စက်မရှိ။ ထောင်ကျသော်လည်း နိုင်ငံေ၇း အကျဉ်းသားမို့ ထောင်ထဲတွင် ပန်းချီဆွဲ၊ကာတွန်းဆွဲ၊ စာဖတ်၊ ရောဂါပြပြီး ဆုတံဆိပ်တွေ ရယုံ သာ ဖြစ် သည်။ ယခု ပွဲပြီးလေပြီ။

စစ်ကိုင်းရဲ့ ပထမဆုံး တက္ကသိုလ် ဖွင့်မည်

Posted by drmyochit Thursday, November 29, 2012, under | No comments


စစ်ကိုင်းမြို့ရဲ့ ပထမဦးဆုံး တက္ကသိုလ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စစ်ကိုင်းခရိုင် အတွင်းမှ ကျောင်းသားကျောင်းသူ ၇၃၅ ဦးကို လက်ခံသင်ကြား ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်း တက္ကသိုလ်ကို နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ နှစ် ထပ်ကျောင်းဆောင် များ၊ စာသင်ခန်းမများ၊ စာကြည့်တိုက်၊ စာတိုက်၊ စာအုပ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကျန်းမာရေးနှင့် အားကစား လှုပ်ရှားမှုများအတွက် မိုးလုံလေလုံ အားကစားရုံ၊ ပြေးလမ်းနှင့် ဘောလုံးကွင်း၊ ပွဲကြည့်စင်၊ တင်းနစ်ကွင်း၊ ဘောလီဘောနှင့် ဘတ်စကတ်ဘောကွင်း၊ အပန်းဖြေ အနားယူနိုင်ရန်အတွက် အပန်းဖြေရိပ်သာ၊ ရေကန်နှင့် ဘာသာရေးကိစ္စများ ဆောင်ရွက်နိုင်ရန် ဓမ္မာရုံတို့ ပါဝင်ပြီး ယခုနှစ် ဒီဇင်ဘာလ ကျောင်းဖွင့်ရာသီအမီ နှစ်ထပ်စာသင်ဆောင် (၀ိဇ္ဇာတွဲ)၁၊ နှစ်ထပ်စာသင်ဆောင် (သိပ္ပံတွဲ) ၂၊ ပါမောက္ခချုပ် နေအိမ်၊ လေးခန်းတွဲ ၀န်ထမ်းနေအိမ် နှစ်လုံးတို့ကို နိုဝင်ဘာ ၁၅ ရက်တွင် တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။ လောလောဆယ် ပထမနှစ် အထူးပြုတွေကို လက်ခံနေပြီး အထူးပြုဘာသာရပ် များဖြစ်သည့် မြန်မာစာ၊ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒတို့ ပို့ချမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

  Myanmar Express 

အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake

Posted by drmyochit Thursday, November 29, 2012, under | No comments


ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့ မရသေးတဲ့ သဘာဝ အလျောက် ပန်းရောင် သန်းနေတဲ့ ရေကန် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။ ပင်လယ်နဲ့ နီးပေမယ့် ပင်လယ်နဲ့လည်း မဆက်နေပါဘူး။ ကြားမှာ သစ်ပင် သစ်တော်တန်းများ ခြားထားပါသေးတယ်။  ရေကန်မှာ အယ်လ်ဂျေး များကြောင့်၊ ဆားဓာတ်ကြောင့် ပန်းရောင် သန်းနေခြင်း မဟုတ်ဘူး ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် ဘယ်လို ဘက်တီရီးယား မျိုးများ ပေါက်ဖွားလို့ ပန်းရောင် ဖြစ်နေတယ် ဆိုတာကို ရှာဖွေ မဖော် ထုတ်နိုင်ကြသေးပါဘူး။ သြစတေးလျနိုင်ငံရဲ့  ထူးဆန်းအံ့ဖွယ် နေရာ တစ်ခုအဖြစ် တည်ရှိနေပါ တယ်။ ရေကန်အလျားအနံ - ၁၉၆၉ ပေx 820 ပေ ရှိပြီးHiller Lake ကို နှစ်စဉ် လာရောက် လေ့လာသူ များပြားတယ်လို့ သိရပါ တယ်။ 

အပျော်အပါးမက်၊ အကောင်းကြိုက်ကျောင်းသားများ တိုင်းရင်းသား ၀တ်စုံချွတ် အိမ်ပြန် ကြပြီ

Posted by drmyochit Thursday, November 29, 2012, under | No comments


မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းရင်း သားများ ဖွံ့ဖြိုး တိုးတက်ရေး ဒီဂရီကောလိပ်တွင် ပြန်လည် ပညာ သင်ကြားခွင့် ရရှိရေးအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ခဲ့သည့် ဆန္ဒပြမှုကို ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီတွင် ရပ်ဆိုင်းလိုက်ကြောင်း မြို့ပြအင်ဂျင်နီယာ ကျောင်းသား ကိုသိန်းကိုကိုအောင် က ပြော သည်။
“ဒီနေ့ ၁၂ နာရီထိ ကျောင်းထိပ်လမ်းပေါ်မှာပဲ ဒီမှာအိပ်၊ ဒီမှာပဲ စားပြီး ထိုင်စောင့်နေကြ တယ်။ အခုေ တာ့ကျောင်း ထဲမှာပဲ အေးအေးဆေးဆေး  နေနေကြပါပြီ”ဟု မဇ္ဈိမကို ပြောသည်။ မူလ ဒီဂရီကောလိပ်မှ စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ စက်တင် ဘာလက ပြောင်းရွှေ့လိုက်ရာ ပညာရေး၊ နေထိုင်ရေး အဆင်မပြေမှုများ ရှိသဖြင့် ကျောင်းသား များ က မန္တလေးသို့ ခြေလျင်ချီတက်လာပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ခြင်းမှ ကျောင်းသားအချို့အား မိဘများက အတင်းအကြပ် လာရောက်ေ ခါ် ယူကြခြင်းနှင့် ကျောင်းသား  အားလုံး၏ လုံခြုံရေးနှင့် ပညာရေး ထိခိုက်မည်ကို စိုးရိမ်၍ ရပ်ဆိုင်း  လိုက်ခြင်းဖြစ်သည်ဟု ကိုသိန်းကိုကိုအောင် က ပြောသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး က ကျောင်းသားများ၏ တောင်းဆို ချက်ကို အထက်သို့ တင်ပြပြီး တလအတွင်း တစုံတရာ အဖြေပေးမည်ဟု ကတိပေးခဲ့၍လည်း မျှော်လင့်  ချက်ဖြင့် ဆန္ဒပြမှု ရပ်ဆိုင်းလိုက်သည်ဟု ၎င်းက ဆိုသည်။ မူလက ကျောင်း ၅ဝဝ ခန့် စတင်ဆန္ဒပြခဲ့ကြရာမှာ မိဘများ လာရောက်  ခေါ်ယူ၍ ဗုဒ္ဓဟူးနေ့ တွင် ကျောင်းသား ၅ဝ ကျော်သာ ကျန်ရှိတော့သည်။

မဇ္စျိမ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်