Monday, December 10, 2012

လွယ်ကူရိုးရှင်းတဲ့စိတ်ဖိစီးမှုဖြေဖျောက်ခြင်း

Posted by drmyochit Monday, December 10, 2012, under | No comments



ဘ၀ထဲမှာလှုပ်ရှားရုန်းကန်နေရတဲ့ ကျွန်တော်တို့ လူသားတွေ အားလုံး စိတ်ဖိစီးမှုတွေဆိုတာ လူတိုင်းမှာ ရှိတတ်ကြ ပါတယ်။ ရံဖန်ရံ ခါစိတ်ဖိ စီးမှုတွေကို ခံရတာမို့ အားလုံးအတွက် ဝေမျှလိုက်ပါတယ်။ မိမိနဲ့သင့်တော်မယ့် နည်းလမ်းကို အသုံးပြုပြီး စိတ်ဖိစီးမှုတွေကိုဖြေလျော့ကြည့်ကြပါနော်။

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ

Posted by drmyochit Monday, December 10, 2012, under | No comments



 ကျွန်တော်တို့ ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက် ဓာတု ပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ် အတွင်း ဗိုင်းရပ်စ်တွေ တိုးပွားလာတာကို ရပ်ဆိုင်းအောင် လုပ်ဖို့ပါ။ဒီလို လုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်း သွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာ ပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ် ပေးနိုင်ပါတယ်။ လက်ဖက်ခြောက် အမည်း၊ အဖြူ နဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့

Posted by drmyochit Monday, December 10, 2012, under | No comments




မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

မြန်မာနိုင်ငံ ဆေးရုံများ ငွေမျက်နှာကြည့်ကာ ကျန်းမာရေး ဝန်ဆောင်မှု ညံ့ဖျင်းနေဆဲ

Posted by drmyochit Monday, December 10, 2012, under | No comments



ရန်ကုန်မြို့ ရှင်ပါကူ ဆေးရုံတွင် ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက ဆေးကုသမှုခံယူနေသောစစ်တွေမြို့ နယ်မှ အဘ ဦးအောင်ကျော်ဝင်း+ အမိ ဒေါ်မ လှသိန်းတို့၏သား ကျော်စိုးလင်း(ခ) လုံးလုံး အသက် (၂၇)နှစ်၊ မှတ်ပုံတင် အမှတ် - ၁၁/ မဥန (နိုင်) ၀၆၇ ၃၈၈ သည် ဒီဇင်ဘာ ၉ ရက်နေ့၊ (၉) နာရီကျော်တွင် သေဆုံးသွားကြောင်း သိရသည်။

"" Al Jazeera"အယ်လ်ဂျာဇီးယားက ပြနေတဲ့  လိမ်လည်မှုပြကွက်များ""

Posted by drmyochit Monday, December 10, 2012, under | No comments



 ဒီနေ့မှာ အယ်လ်ဂျာ ဇီးယားက ပြနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည် နယ်က အကြောင်း တွေကို ထုတ် လွှင့်တာကို ကြည့်ဖြစ် တယ်။ ဒီရုပ်သံကို မြန်မာအစိုးရက မထုတ်လွှင့်ဖို့  တားမြစ်ကန့် ကွက်ခဲ့ ပါတယ် ။ ဒါပေမဲ့ သူတို့ က ထုတ်လွှင့်တော့ ကြည့်ဖြစ်ရပါတယ် ။ 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမူ လူ့အခွင့်အရေးနေ့အတွက် စတင် ဆန္ဒပြ

Posted by drmyochit Monday, December 10, 2012, under | No comments



အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည့် ယနေ့ဒီဇင်ဘာ ၁၀ ရက်နံနက် ၁၀ နာရီတွင် လက်ပံတောင်းတောင်ကြေး နီစီမံကိန်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွဲဖြေရှင်းမှုနှင့်ပတ်သက်၍ Generation Wave(မျိုးဆက်သစ်လူငယ်များ)အဖွဲ့က လူအင်အား ၁၀၀ ခန့်ဖြင့်စီတန်းလှည့်လည်မှုပြုလုပ်ခဲ့သည်။

မလေးရှားရောက် မြန်မာများက ကြေးနီးတောင် စီမံကိန်း အကြမ်းဖက်မူကို ကန့်ကွက်ရှုတ်ချ

Posted by drmyochit Monday, December 10, 2012, under | No comments



စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းတော်များကို မြန်မာ အစိုးရမှ အကြမ်းဖက်ဖြိုခွဲမူ အပေါ် ကန့်ကွက် ရှုတ်ချသော အခမ်း အနား တစ်ရပ်ကို မလေးရှားတွင် ပြုလုပ်ခဲ့ကြသည်။

စစ်တပ်ကိုထောင်တဲ့ KIA မိုင်းကို ရွာသားတွေနေ့တိုင်း နင်းမိနေပြီ…

Posted by drmyochit Monday, December 10, 2012, under | No comments


KIA အသုံးပြုနေသောမိုင်းများ
မိုးမောက်မြို့နယ်၊ ကျခမ်းဒက်ကျေးရွာနေ ဦဂွန်ထန်တူးလွန်သည် ဇနီးဖြစ်သူဒေါ်အင်ခွန်ထုနှင့် အတူ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေစောင်းမှာ ဆိုင်ကယ်နဲ့ မိုးမောက်မှ ကျခမ်းဒက်ကိုအပြန် (၁၄)မိုင်နားမှာ KIA ထောင်ထားတဲ့ မိုင်းတစ်လုံး ဆိုင်ကယ်နဲ့ နင်းမိပြီး ဒေါ်အင်ခွန်ထုရဲ့ ရင်ဘတ်၊ တင်ပါးတွေမိုင်းစထိမှန်ခဲ့လို့ ယောက်ျား ဖြစ်သူက ဆေးရုံပို့ပေးခဲ့ကြောင်း သိရှိရပါတယ်။

KIA လက်ထဲမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသူတစ်ဦး

Posted by drmyochit Monday, December 10, 2012, under | No comments


ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံနယ်စပ် ကန်ပိုက်တီးမှ ဆဒုံဘက်သို့ အရပ်သားတစ်ဦး မောင်းနှင်လာသည့် ကားကို KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဒီဇင်ဘာလ(၈)ရက်နေ့တွင် လဖိုင်ရွာအလွန် တံတားညီနောင်အနီးမှာ လောင်ချာဖြင့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

KIA အဖွဲ့မှ ချိဖွေမြို့နယ်ရှိ ရွှေကျင်းအလုပ်သမားများအား ဖမ်းဆီးခေါ်ဆောင်သွား

Posted by drmyochit Monday, December 10, 2012, under | No comments


ကချင်ပြည်နယ် ချီဖွေမြို့နယ် ရှမ်းကျော်ကျေးရွာတွင် ဒီဇင်ဘာလ(၇)၇က်နေ့ ညနေပိုင်းက KIA တပ်မဟာ(၁)မှ အဖွဲ့ ၀င်(၁၀)ဦးဟာ ရွှေတူးနေကြသည့် အလုပ်သမား(၆)ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မယားချစ်တဲ့ စခန်းမှူးကြောင့် နယ်စပ် စခန်း တစ်ခုမှ ရဲသားများ လစာ မရဖြစ်နေ

Posted by drmyochit Monday, December 10, 2012, under | No comments


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်  လောင်းတုန် ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင် များအ နေဖြင့် သူတို့၏ နိုဝင်ဘာလစာငွေကို ယခုအချိန်ထိ ရရှိခြင်း  မရှိသေးကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

ရဲသားနှုစ်ဦးမှမိန်ကလေးတစ်ဦးအားကားပေါ်တွင် မုဒိမ်းပြုကျင့်

Posted by drmyochit Monday, December 10, 2012, under | No comments


အင်ဒိုနီရှား အမျိုးသမီးတဦး ရိုက်နှက်ခံပြီး မုဒိမ်း ပြုကျင့် ခံရ သည်ဟု စွပ်စွဲမှုမှာ မှန်ကန်မှု မရှိကြောင်း မလေးရှား နိုင်ငံရှိ ပီနန်းမြို့ ရဲဌာန ဘက်မှ ပြောဆိုသည်။ “ကျွန်တော်တို့ အသက် ၂၅ရှိတဲ့ ဒီအမျိုးသမီးကို ပထမဆုံး စစ်ဆေးမေးမြန်းမှုလုပ်တယ်။ ပြီးရင် ဆေး စစ်ဆေးမှုလုပ်တယ်။ မုဒိမ်းကျင့်တဲ့ လက္ခဏာမတွေ့ဘူး” ဟု ရဲအရာရှိ Abdul Rahim Jaafar ကပြော သည်။

ဒုတိယအကြိမ်မြောက် “ရက္ခိတ” မျိုးစောင့်ဆုပေးအပ်မည်

Posted by drmyochit Monday, December 10, 2012, under | No comments


ဂျပန်နိုင်ငံရောက် ရခိုင် အမျိုးသား များဖြင့် ဖွဲ့စည်းထားသည့် ရခိုင် မျိုးစောင့် အုပ်စုမှ ဒုတိယအကြိမ်မြောက် ၂၀၁၂ ခုနှစ်အတွက် ရက္ခိတ မျိုးစောင့်ဆု ပေးအပ်ရန် စီစဉ်နေပြီ ဖြစ်သည်။ဆုပေး အပ်မည့် ပုဂ္ဂိုလ်တစ်ဦးကိုလည်း အသင်းသားများ၏ သဘောတူညီချက်ဖြင့်  ရခိုင်မျိုးစောင့် အုပ်စု၏ မျက်နှာစုံညီ အစည်းအဝေးတွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း အသင်းတာဝန်ရှိသူ အဖွဲ့၏ စည်းရုံးရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်သန်းလှိုင်က ပြောသည်။

ကိုမင်းကိုနိုင်၏ တရားဝင်ဖွင့်လှစ်ထားသော Page အပါအ၀င် page ၄ ခု hack ခံရ

Posted by drmyochit Monday, December 10, 2012, under | No comments



(၉.၁၂.၂၀၁၂)ရက်နေ့ ည ၁၀နာရီဝန်းကျင်တွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ page hack ခံရကြောင်းသိရသည်။ ကိုအံ့ဘွယ်ကျော်မှလည်း "ဒီညမှာပဲ မင်းကိုနိုင်ရဲ့ Facebook ကို hack ခံလိုက်ရတာ တွေ့လိုက် ရပါတယ်။ အပြင်းအထန် ကန့်ကွက်ပါတယ်။" ဟု ရေးသားခဲ့ သည်ကိုတွေ့ ရသည်။

ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

Posted by drmyochit Monday, December 10, 2012, under | No comments


ဗီယက်နမ်နိုင်ငံရဲ့ မြို့ကြီး ၂ မြို့မှာ ဒီနေ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြလို့ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၂၂ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ ဟနွိုင်းမြို့တော်မှာ လူ ၂၀၀ နီးပါး နာရီဝက်ကြာ ဆန္ဒပြခွင့် ရကြပြီးနောက် ရဲတပ်ဖွဲ့က လူစုခွဲ ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေထဲက ၂၂ ယောက်ကို ဖမ်းလိုက်ပြီး ဘတ်စ်ကားတစီးနဲ့ ခေါ်ဆောင် သွားပါတယ်။ တောင်ပိုင်းက စီးပွားရေး အချက်အခြာကျတဲ့ ဟိုချီမင်းမြို့ မှာလည်း အလားတူ ဆန္ဒပြခဲ့ရာမှာ အာဏာပိုင်တွေက လူစုခွဲခဲ့ပါတယ်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်