Monday, December 17, 2012

ထိုင်းငါးဖမ်းလှေများပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို မူးယစ်ဆေးဝါးကျွေး၍ အဓမ္မ ခိုင်းစေခြင်းရှိနေ

Posted by drmyochit Monday, December 17, 2012, under | No comments


ထိုင်းငါးဖမ်းလှေများပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကိုမူးယစ်ဆေးဝါးများ ကျွေး၍ အဓမ္မ  ခိုင်းစေခြင်း များရှိနေကြောင်း နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးရာလျန်မုန်းက ပြောသည်။

ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ရွာမှ တိရိစ္ဆာန်များ ချောင်းရေကြောင့်သေဆုံး

Posted by drmyochit Monday, December 17, 2012, under | No comments




လက်ပံတောင်းတောင် ကြေး နီစီမံကိန်း ဧရိယာ အတွင်း တွင်ရှိ နေသော ရွာများရှိ ချောင်းရေ များတွင်
အဆိပ် သင့်နေသော ကြောင့်ထိုရေများကို သောက်မိ သည့်နွားများမှာ သေဆုံးသွား  ကြောင်း၊ မိုးကြိုးပြင် ကျေး ရွာမှ နွား ပိုင်ရှင်များက ပြောဆိုနေကြသည်။

ရခိုင် ဒုက္ခသည်များ အတွက် နောက်ထပ် သိန်း ၁၀၀ ကူ

Posted by drmyochit Monday, December 17, 2012, under | No comments


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)မှ ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များ အတွက် နောက်ထပ် ကျပ်သိန်း၁၀၀ ကူညီလိုက်သည်ဟုသတင်း ရရှိသည်။“ ကျွန်တော်တို့ ဒီငွေကို ကျောက်ဖြူကို ရောက်နေ စဉ်မှာ ဒီလ ၁၃ ရက်နေ့က လက်ခံ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့က ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်တွေမှာ ညီလာခံ ကျင်းပရေး ကော်မရှင်တွေ ဖွဲ့စည်းဖို့ သွားရောက်နေတဲ့ အချိန်မှာ ဗဟိုက ဒီကျပ်သိန်း ၁၀၀ ကို ဒုက္ခသည်တွေ အတွက် ခွဲဝေ လှူဒါန်းပေးပါဆိုတဲ့ အတွက် ကျွန်တော်တို့က မြို့နယ် (၆) ခုက ဒုက္ခသည်တွေကို ကူညီပေးနေတာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင် ဦးစိုးလေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံ ကြီးသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ခဲ့သော မြင်ကွင်း

Posted by drmyochit Monday, December 17, 2012, under | No comments

ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးဝန်ကြီးဟောင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်မြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ကျော် တို့နှင့်အတူ ဆေးရုံတွင်းနှင့် လူနာများကို လှည့်လည်ကြည်ရှုစဉ်

Posted by drmyochit Monday, December 17, 2012, under | No comments


အီရန်၊ နေတိုးတပ်ဖွဲ့နှင့် Patriot ဒုံးကျည်များကြောင့် ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် တင်းမာမှုများ

Posted by drmyochit Monday, December 17, 2012, under | No comments

ဆီးရီးယား နယ်စပ်အနီးရှိ တူရကီ ပိုင်နက်အတွင်း၌ Patriot ဒုံးကျည်များကို ဖြန့်ချခြင်းသည် ကမ္ဘာစစ် အတွက် ပြင်ဆင်မှု တစ်ရပ် ဖြစ်သည်ဟု အီရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟက်ဆန် ဖီရူဇာ ဘာဒီက နေတိုး အဖွဲ့အား ဒီဇင်ဘာ ၁၅ ရက်တွင် သတိပေး ပြောကြား ခဲ့ပြီးနောက် အရှေ့ အလယ်ပိုင်း ဒေသတွင် တင်းမာမှုများ ပိုမိုမြင့်တက် လာမည့် အလားအလာ များကို တွေ့ရသည်။

ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့သူ လေးဦး တရုတ် ထောင်ဒဏ်ချမှတ်

Posted by drmyochit Monday, December 17, 2012, under | No comments


တရုတ် ရဲတပ်ဖွဲ့သည် ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေ ခဲ့ကြသူ လေးဦးအား ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံ တောင်ပိုင်းရှိ လူဦး ရေ ၂၈ သန်း နေထိုင်သော ချုံကင်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်က အမျိုးသား နှစ်ဦးသည် အသံချဲ့စက် တစ်လုံး ဖြင့် ဒေသခံများအား ဒီဇင်ဘာ ၂၁ ရက်၌ ကမ္ဘာပျက် တော့မည်ဟု ဟော ပြောနေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရသည်။

ပင်လောင်းမြို့နယ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိ

Posted by drmyochit Monday, December 17, 2012, under | No comments


တောင်ကြီး(မူးယစ်)အထူးအဖွဲ့နှင့် ပင်လောင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဟာ သက်သေများနှင့် အတူ ပင်လောင်းမြို့နယ်၊ ပင်ခွန်ကျေးရွာမှ မူးယစ်ဆေးဝါးများနဲ့ ဘိန်းစိမ်းများကို ဒီဇင်ဘာလ(၁၄)ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ

Posted by drmyochit Monday, December 17, 2012, under | No comments


မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သောရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ ဖြစ်ကြောင်းမိုင်းဆတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က The Voice Weekly သို့ ပြောကြားသည်။

ရခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် - မာဃသစ္စာ

Posted by drmyochit Monday, December 17, 2012, under | No comments


ရန်ကုန်မှာ ရခိုင်တွေအများကြီး ဖြစ် လာပြီ။ ရခိုင်တွေ အများကြီးဖြစ်လာတော့ ရခိုင်တစ်ယောက်ဖြစ်တဲ့
ကျနော်လည်း ရခိုင်အသိုင်းအ၀ိုင်းနဲ့မတွေ့မဖြစ် တွေ့လာရတယ်။ ဟိုအရင်တုန်းက ကျနော်တို့ တစ် လမ်းပေါင်းမှ ရခိုင်အိမ်(၂)အိမ်ပဲ ရှိတယ်။ အခုဆို တစ်လမ်းလုံးပေါင်းရင် ရခိုင်အိမ်(၆)အိမ်အထက်မှာ ဖြစ် လာပြီ။ ကျနော် တွေးမိတယ်။ ရခိုင်ပြည်ကြီးဟာ နိုင်ငံခြားသို့ လူဦးရေယိုစီးရုံသာမက ပြည်မကြီးနဲ့ အခြား ပြည်နယ်တွေ ကိုပါ တစိမ့်စိမ့် လူဦးရေ ယိုစီးခြင်း ခံနေရတယ်။

အစိုးရရဲ့ ဆောင်ရွက်မှု သံဃာတွေ စောင့်ကြည့်သွားမည်

Posted by drmyochit Monday, December 17, 2012, under | No comments

မန္တလေးမြို့က ဂဠုန်နီ ဆရာတော်ရဲ့ ငွေငါး ကျောင်းတိုက်မှာ မနေ့က ကျင်းပခဲ့တဲ့ လက်ပန်းတောင်း တောင် သပိတ် စခန်း အကြမ်းဖက်ဖြိုခွဲမှု အတွင်း ဒဏ်ရာရ သံဃာတော်တွေကို အစိုးရက ၀န်ချတောင်း ပန်တဲ့ ပွဲနဲ့ ပတ်သက်လို့ မန္တလေးမြို့က ဦးဆောင် သံဃာတော်တွေ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး၊ သံဃာထုရဲ့ တောင်းဆိုထားချက် အားလုံးကို အာဏာပိုင်တွေဘက်က ဖြည့်ဆည်း ဆောင်ရွက်ပေး မှု ရှိ၊ မရှိ စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ကချင်တိုက်ပွဲ ဒုက္ခသည်စခန်းတွေအနီးအထိ ပြင်းထန်

Posted by drmyochit Monday, December 17, 2012, under | No comments

ကချင်ပြည် နယ်မှာ အစိုးရ စစ်တပ်နဲ့ကေအိုင်အို (KIO) ကချင် လွတ်မြောက်ရေး တပ်ကြား တိုက်ပွဲ တွေပြင်း ထန်နေတဲ့ အချိန် အပြန်အလှန် ပစ်ခတ်မှုတွေဟာ ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ် ထားတဲ့ နယ်မြေက ဒုက္ခသည်စခန်းတွေနားအထိ ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ စခန်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြ ရပါတယ်။

ကမ္ဘာကျော်အမေရိကန်အဆိုတော်ရဲ့ ရန်ကုန်စင်မြင့်ဂီတပွဲ

Posted by drmyochit Monday, December 17, 2012, under | No comments


ရန်ကုန်မြို့မှာ ရွှေတိဂုံဘုရားခြေတော်ရင်းက ပြည်သူ့ရင်ပြင်မှာ အမေရိကန်တေးရေးနဲ့ အဆိုတော် တဦးဖြစ်တဲ့ဂျေဆင်မရပ်ဇ် (Jason Mraz) ရဲ့ဂီတဖျော်ဖြေပွဲ တရပ်ကို ကျင်းပနေပါတယ်။ ဒီဖျော်ဖြေပွဲကို နိုင်ငံတကာ အထောက်အပံ့ပေးရေး အဖွဲ့အစည်းတွေနဲ့ MTV တို့ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ပညာပေးရေး အစီအစဉ်အဖြစ်နဲ့ ကျင်းပတာပါ။

နယ်စပ်ဒေသများတွင်မူးယစ်ဆေးဝါးများအလွယ် တကူဝယ်ယူရရှိနေ

Posted by drmyochit Monday, December 17, 2012, under | No comments


မြန်မာနိုင်ငံနယ်စပ်ဒေသ များတွင်မူး ယစ်ဆေးဝါးများအလွယ်တကူဝယ်ယူရရှိနေခြင်းကြောင့် လူငယ်များ 
ပျက်စီးနေကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ကိုမင်းမင်းလတ်မှ တမူးမြို့တွင် မူးယစ်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိနေခြင်းအား၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၂ရက်က ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင် ပြုလုပ်ခဲ့သော မြန်မာယုတ်ဒ်ဖိုရမ်၌ပြောကြားရာတွင် ““ကျွန်တော် တို့တ မူးမြို့လေးဟာ အိန်္ဒိယနဲ့မြန်မာနယ်စပ်မြို့ကလေး တစ်ခုဖြစ်ပါတယ်။

ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဆင်းကတ်များကို ကျပ်တစ်သိန်းခွဲဖြင့်ရာင်းချမှုများရှိ

Posted by drmyochit Monday, December 17, 2012, under | No comments



ကျပ်နှစ်သိန်းတန်ဂျီအက်စ်အမ်ဆင်းကတ်များကို ကျပ် တစ်သိန်း ခွဲဖြင့်ရောင်း ချခြင်းများ ရှိကြောင်း ဈေး ကွက် အတွင်းမှ စုံစမ်းသိ ရှိရသည်။ယင်းသို့ရောင်းချရာတွင် မိမိအမည်ပေါက်မဖြစ်ဘဲ ဖုန်းစာချုပ် တွင်အခြား သူအ မည်ဖြင့် ရှိနေမည်ဖြစ်သော်လည်း ၎င်း၏ မှတ်ပုံတင် မိတ္တူပါ ပူးတွဲ ပါဝင်ပြီး လိုအပ်သော ကိစ္စ များ ကို ဆောင် ရွက် နိုင်မည်ဟု သိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်