Friday, December 21, 2012

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ

Posted by drmyochit Friday, December 21, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၂၁
၁၉-၁၂-၂၀၁၂ ရက်နေ့ ၀၈၁၅ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ သံလွင် တံတားအား ဖြတ်သန်းသွားလာသည့် ယာဉ်များအား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ မြ၀တီမြို့၊ (၄)ရပ်ကွက် နေသူများဖြစ်သည့် အာကာ(၂၉)နှစ် မောင်းနှင်လာသော ၄ဂ/xxxx TOYOTA Funcago အဖြူရောင်ယာဉ်နှင့် ထွန်းလင်းအောင်(၂၆)နှစ် မောင်းနှင်လာသော ၇ဃ/xxxx TOYOTA Passo ခဲရောင်ယာဉ်တို့မှာ လိုင်စင်မဲ့ယာဉ်များ ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ မြေငလျင်များလှုပ်ခတ်

Posted by drmyochit Friday, December 21, 2012, under | No comments

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

၂၀-၁၂-၂၀၁၂ ရက်နေ့ ၀၇၂၀ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ အင်အားရစ်ခ်ျတာစကေး ၄.၆ ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်းနှင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရပြီး ၁၂ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ မြောက်ဘက် (၅)မိုင်ခန့်အကွာရှိ ပေတောင်ကျေး ရွာအနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄.၆ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းနှင့် လူ/အဆောက် အဦများ ထိခိုက် ပျက်စီးမှုအား စိစစ်လျှက်ရှိကြောင်း သတင်းရရှိသည်။

ကြက်ဆူသီးကောက်စားပြီး ဆေးရုံတက်နေသည့် ကလေးငယ်များ ဆေးရုံဆင်း

Posted by drmyochit Friday, December 21, 2012, under | No comments



နေပြည်တော်၊ ဒီဇင်ဘာ ၂၁
၁၉-၁၂-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ၁၀ နှစ်အရွယ် ကလေးငယ်(၃၈)ဦးသည် ကျောင်းအားလပ်ချိန်တွင် ကျောင်းအနီး ပတ်ဝန်းကျင်ရှိ ကြက်ဆူသီးများအားကောက်စားခဲ့၍ မူးဝေအော့အန်သဖြင့် ၁၄၀၀ အချိန် နမ္မတီးတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။ ထိုသို့ ဆေးရုံ၌ကုသနေသော ကျောင်းသား၊ ကျောင်းသူ(၃၈)ဦးအနက် (၁၄)ဦးမှာ ဆေးရုံမှ ဆင်းခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၁၈)ဦး၊ စုစုပေါင်း (၂၄)ဦး တို့သည် ၂၀-၁၂-၂၀၁၂ ရက်နေ့ ၀၉၀၀ အချိန် ကျန်းမာရေးပြန် လည်ကောင်း မွန်လာ သဖြင့် ဆေးရုံမှ ဆင်း သွားကြောင်း ထပ်မံသတင်းရရှိသည်။

အမြန်လမ်းပေါ်ဘီးပေါက်၍ ကားမှောက်

Posted by drmyochit Friday, December 21, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာလ ၂၁

၁၉-၁၂-၂၀၁၂ ရက်နေ့ ၂၁၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၇)နှင့်(၂၄၅)အကြား မန္တလေးမှ နေပြည်တော်သို့ ကျောက်ဆည်မြို့နယ်၊ ကလေး ရွာနေ ထွန်းနိုင်(၃၁)နှစ် မောင်းနှင်လာသည့် ၆ခ/xxxxx လိုက်ထရပ်ယာဉ်သည် ရှေ့ဘီး များပေါက် ပြီး အရှိန်မထိန်းနိုင်သဖြင့် လမ်း၏ယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင်ထရန်စဖော်မာများကို စည်ပင်သာယာပိုင်မြေပေါ်တွင် ထားရှိခွင့်မပြုတော့

Posted by drmyochit Friday, December 21, 2012, under | No comments


ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင် ထရန် စဖော်မာ များကို ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်မြေဖြစ်သည့် လမ်း၊ လူသွားစင်္ကြန် စသည်တို့ပေါ် တွင် ထားရှိခွင့်ပြုတော့မည်မဟုတ်ဘဲ ကိုယ်ပိုင်အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာတွင်သာ ထည့်သွင်း သွားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက် အအုံ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းမှု မကြာမီ ပြုလုပ်ရန်ရှိဟု အမေရိကန် စစ်ဘက်ထိပ်တန်း အရာရှိတစ်ဦး ပြောကြား

Posted by drmyochit Friday, December 21, 2012, under | No comments

မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းမှုကို မကြာမီအချိန်အတွင်း ပြုလုပ်သွားနိုင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပင်တဂွန်မှ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိ တစ်ဦး၏ ပြောကြားမှုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းလိုင်းများ ထမ်မံတိုးချဲ့တပ်ဆင်မည် ဖြစ်သောကြောင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မိုဘိုင်းဖုန်းလိုင်းများ ယာယီပြတ်တောက်သွားမည်

Posted by drmyochit Friday, December 21, 2012, under | No comments



ရတနာပုံတယ်လီပို့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော 3G(UMTS) မိုဘိုင်းဖုန်းလိုင်းများ ထပ်မံတိုး ချဲ့တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မိုဘိုင်းဖုန်း လိုင်းများ ယာယီပြတ်တောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန် ချက်များ အရ သိရသည်။

မန္တလေး - မြစ်ကြီးနား ကုန်တင်ရထားအား KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်

Posted by drmyochit Friday, December 21, 2012, under | No comments













(၂၁-၁၂-၂၀၁၂) ရက်နေ့ နံနက် (၁: ၁၅) အချိန်ခန့်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် အမှတ် (၉၀၃) အဆန် ကုန်တင်ရထားအား မိုးညှင်းနှင့် နမ်းမားဘူတာကြား မိုင်တိုင် ( ၆၄၃) အနီးတွင် KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကုန်တွဲ (၃) တွဲ လမ်းချော်ကာ မှောက်သွားပြီး လူ (၃) ဦးဒဏ်ရာရရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်က နစ်မြုပ်ခဲ့သောကြည်းရေနှစ်သွယ်…စစ်ဆင်ရေးယာဉ်တွေ့ရ

Posted by drmyochit Friday, December 21, 2012, under | No comments


ဒုတိယကမ္ဘာစစ်အတွင်း၊ ဥရောပတိုက်ပွဲများ ပြီးဆုံးခါ နီးတွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ ဂါဒါရေကန် အတွင်း ကြည်းရေ နှစ်သွယ် စစ်ဆင်ရေးရေယာဉ် နစ်မြုပ်ခဲ့သဖြင့် အမေရိကန်စစ် သည် ၂၃ ဦးသေဆုံးခဲ့ ရသည်။ သို့သော်သေဆုံးသူတို့၏ရုပ်ကြွင်း များနှင့် ရေယာဉ် မှာပျောက်ဆုံး လျက်ရှိခဲ့သည်။

သရုပ်ဆောင်မေဇွန်အမှုမှသက်သေနှစ်ဦးအား အနောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးပြီ

Posted by drmyochit Friday, December 21, 2012, under | No comments


အိမ်ဖော် အမျိုး သမီးအား သတ်မှုဖြင့် တရားစွဲ ခံထားရသော သရုပ်ဆောင်မေဇွန်အမှုမှ သက်သေနှစ်ဦး အား ဒီဇင်ဘာ ၂၀ ရက် နံနက်က အနောက်ပိုင်း ခရိုင် တရားရုံးတွင် စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ သက်သေနှစ်ဦးမှာ သရုပ်ဆောင် မေဇွန်အား ပုသိမ်မြို့သို့ ကိုယ်ပိုင် အငှား ယာဉ်ဖြင့် လိုက်ပို့ပေး ခဲ့သော ဦးမြတ်သူနှင့် အခင်းဖြစ် ပွားစဉ် ကမာရွတ် စခန်းမှူးမှ သက်သေ အဖြစ် လိုက်ပါရန် တောင်းဆိုခံ ခဲ့ရသော ဦးနိုင်လင်းဇော်တို့ ဖြစ်သည်။

၂၀၁၂ တွင် ကမ္ဘာတစ်ဝန်း ထောင်သွင်း အကျဉ်းချခံရသော ဂျာနယ်လစ် ၂၃၂ ဦးအထိ စံချိန်တင်မြင့်တက်

Posted by drmyochit Friday, December 21, 2012, under | No comments


ကမ္ဘာ တစ်ဝန်းတွင် ၂၀၁၂ ခုနှစ် အတွင်း ဂျာနယ်လစ် များအား ထောင်သွင်း အကျဉ်းချမှု များမှာ စံချိန်တင် မြင့်တက် ခဲ့ပြီး ဂျာနယ်လစ် ၂၃၂ ဦးအ ထိ အကျဉ်းထောင် များအတွင်း ရှိနေကြောင်း နယူး ယောက် အခြေစိုက် ဂျာနယ်လစ် များ ကာကွယ်ရေး ကော်မတီ Committee to Protect Journalists (CPJ) က သတင်း ထုတ်ပြန် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် အချိန်အပြောင်းအလဲမရှိ

Posted by drmyochit Friday, December 21, 2012, under | No comments


ကော့သောင်း၊ ဒီဇင်ဘာ - ၂၁
မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် လေ ယာဉ် ထွက်ခွာချိန် အပြောင်းအလဲကြောင့် ခရီးစဉ်အချိန်ဇယား အပြောင်းအလဲဖြစ်မည်ဟု သတင်း ထွက်ပေါ် ခဲ့သော်လည်း မူလအတိုင်းပင် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ကော့သောင်းနှင့် ရန်ကုန်မှ NLD အဖွဲ့ဝင်များက ပြောသည်။

တရုတ်ပြည်သို့ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးပေါင်း သောင်းဂဏန်းပမာဏအထိရှိနေ

Posted by drmyochit Friday, December 21, 2012, under | No comments


တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြားလက်ထပ်မှု ပြုလုပ်ရန် ရောင်းစားခံထားရသည့် အမျိုး သမီး ပမာ ဏမှာ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုဗဟိုတွင် ဆယ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီး ရာလျံမုန်း (အငြိမ်းစား)က ပြောကြားခဲ့သည်။

မြန်မာ မိန်းကလေး တစ်ဦးအား ၁၈ သိန်းဖြင့် အရောင်းအ၀ယ်ဖြစ်

Posted by drmyochit Friday, December 21, 2012, under | No comments

တရုတ်နိုင်ငံက လယ်သမားတွေအတွက် အင်တာနက်ထဲမှ မြန်မာမိန်းကလေးများ ရွေးချယ်ဝယ်ယူ နိုင်သည့် သတင်းများ ထွက်ပေါ်လာနေပါတယ်။ တရုတ် အမျိုးသမီးဆိုပါက မင်္ဂလာ ခန်းဝင်ကြေး ယွမ် ၁၀၀၀၀ ကျပြီး မြန်မာ မိန်းကလေးဆိုပါက ၅၀၀၀ သာကျသည်။

အင်တာနက်သတင်းဝက်ဆိုဒ်များမှပြန့်ခဲ့သော ကျိုက်ထီးရိုးစေတီတော်ကင်မွန်းစခန်းအား ကေအန်ယူ အဖွဲ့မှ ၀င်စီးဟူသော သတင်းသည် မှားယွင်း

Posted by drmyochit Friday, December 21, 2012, under | No comments

ဒီဇင် ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း မှစတင်၍ အင်တာနက် သတင်းဝက် ဆိုဒ်များတွင် ကျိုက်ထီးရိုး ကင်မွန်း စခန်းအား ကေအန်ယူ လက်နက်ကို င်အဖွဲ့မှ ဒီဇင်ဘာ ၁၉ရက်နေ့တွင် ၀င်စီးကာ ဆတ်ကြေး တောင်း ဟူသော သတင်းများ ထွက်ပေါ် ခဲ့သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်