Tuesday, December 25, 2012

လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို စုံစမ်း

Posted by drmyochit Tuesday, December 25, 2012, under | No comments


အဲပုဂံလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းရေးကော်မတီကို ချက်ချင်း ဖွဲ့စည်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

လေယာဉ်ပေါ်မှ ခရီးသည်များထဲမှတစ်ဦးသေဆုံး

Posted by drmyochit Tuesday, December 25, 2012, under | No comments


ထပ်မံရရှိသော သတင်းများအရ အဲပုဂံလေယာဉ်ပေါ်ပါ ခရီးသည်များထဲမှ တစ်ဦးသေဆုံးကြောင်း ဟဲဟိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်ထွန်းက အတည်ပြုပြောကြားသည်။ ထို့ကြောင့် အဆိုပါလေ ယာဉ်ပျက် ကျ မှုကြောင့် ကားလမ်းမပေါ်ရှိ ဆိုင်ကယ်စီးသူတစ်ဦးနှင့် ခရီးသည် တစ်ဦးသေ ဆုံးခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရရှိသူ ၁၁ ဦးရှိပြီး၊ နိုင်ငံခြားသား ၂ ဦး၊ ပြည်တွင်းခရီးသည် ၉ ဦးဖြစ်ကာ တောင်ကြီးပြည် သူ့ဆေးရုံ သို့ ပို့ဆောင်ကုသလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဲပုဂံမှ ထပ်မံထုတ်ပြန်သော ဒဏ်ရာရရှိပြီး ဆေးရုံရောက်နေသော ခရီးသည် ၂ ဦးအမည်။

Posted by drmyochit Tuesday, December 25, 2012, under | No comments


အဲပုဂံမှ ထပ်မံထုတ်ပြန်သော ဒဏ်ရာရရှိပြီး ဆေးရုံရောက်နေသော ခရီးသည် ၂ ဦးအမည်။

၁။ ကိုမြင့်ထွေး
၂။ မစ္စတာ ဘိုဒတ် ဂျရက် - Mr. GERARD/ BODET (အင်္ဂလန်)

အဲပုဂံ၏ နောက်ဆုံးထုတ်ပြန်သည့် ဒဏ်ရာရရှိသူများစာရင်း

Posted by drmyochit Tuesday, December 25, 2012, under | No comments



အဲပုဂံမှ နောက်ဆုံးထုတ်ပြန်သည့် သတင်းအရ ဒဏ်ရာရရှိ၍ ဆေးရုံသို့ ရောက်ရှိနေသော ခရီးသည် ခုနှစ်ဦးနှင့် လေယာဉ်မှူးနှစ်ဦး၏ အမည်များမှာ

(‎ပျောက်ဆုံးသူနှင့် ဆိုင်ကယ်ပေါ်မှာ သေဆုံးသူ Air Bagan ထုတ်ပြန်ချက်)

Posted by drmyochit Tuesday, December 25, 2012, under | No comments


ဟဲဟိုးမတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန်(Tour Guide) ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း သိရှိရပါသည်။ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ် စီးနေရင်း ထိခိုက်သေ ဆုံးသွား သူမှာ ဦးပြား ဟု သိရှိရပါသည်။

AIR BAGAN လေယျာဉ်ပျက်ကျမှု မြင်ကွင်းဓါတ်ပုံများ

Posted by drmyochit Tuesday, December 25, 2012, under | No comments


မီးလောင် ဒဏ်ရာရ ဆရာတော်ဦးတိက္ခဥာဏရဲ့ ဆေးကုသစားရိတ်ဘတ်ငွေ သန်း(၂၀) ခန့်ကုန်ကျမည်

Posted by drmyochit Tuesday, December 25, 2012, under | No comments

ဒီကနေ့မနက်က လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးေ က်ာမရှင် အတွင်းရေးမှူး ဦးကျော်တင့်ဆွေက ဆရာတော် ရဲ့ သားဖြစ်သူ ဒေါက်တာနေသူရိန်ထံ ဖုန်းဆက်ပြီး အစိုးရက ကုန်ကျငွေအားလုံးကို တာဝန် ယူမ ယ်လို့ အကြောင်းကြား လာတာဖြစ်ကြောင်း ဒေါက်တာ နေသူရိန် က ပြောပါတယ်။


“စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးကျော်တင့်ဆွေက ပြောပေးတာပါ၊ အဲဒီအတွက် ကျနော်လည်း သူတို့ကို ကျေးဇူး တင်ပါတယ်ဗျာ၊ ဒီလိုကုန်ကျ မယ့် အများကြီးကိုလေ ဒီစုံစမ်းရေး ကော်မရှင် ကနေပြီးေ တာ့လေ အကုန် လုံးကိုစေတနာနဲ့ ကူညီသွားပေးတာ တကယ်လည်းကျေးဇူးတင်တယ်။အဲဒါ ကျနော်ေ လ ဒီဘုန်း ဘုန်းကြီးကို သက်သာတဲ့အထိ ဘန်ကောက်ဆေးရုံမှာပဲ ထားပြီးတော့မှ သက် သာပြီ ဆိုတဲ့ အချိန်ကြ မှပဲ တကယ်လို့ ဘုန်းဘုန်းကြီးရဲ့ စိတ်ဆန္ဒအတိုင်း ဖြစ်ချင်တယ်ဆိုရင် အပြင်ဆေးရုံကို ရွှေ့ပါလို့ ပြောပါ တယ်”

ပြည့်တန်ဆာ တရားဝင်ဖြစ်ချင်သည့် အန်အယ်လ်ဒီပါတီမှ ဒေါ်စန္ဒာမင်း

Posted by drmyochit Tuesday, December 25, 2012, under | No comments

ပြည့်တန်ဆာ တရားဝင်ဖြစ်ချင်သည့် အန်အယ်လ်ဒီပါတီက ဒေါ်စန္ဒာမင်း

ခေါင်းစဉ်ကြည့်ပြီး ရိုင်းတယ်လို့တော့ မတွေးနဲ့။ ဒီလို ရိုင်းစိုင်းတဲ့ အတွေးကို တွေးမိတဲ့ အန်အယ်လ်ဒီ ပါတီကြီး က လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ အတွေးက ပိုပြီး ဆိုးရွားပါတယ်။ ဒီလောက် ပြုပြင်ပြောင်း လဲ ရေးတွေ လုပ်စရာလိုနေတဲ့ တိုင်းပြည်မှာ အကျိုးရှိစေမယ့် ကိစ္စတွေများနေပါလျှက် တိုင်းပြည် ကို ဒီလို နည်း လမ်း နဲ့များ တိုးတက်အောင် လုပ်ဖို့ ကြိုးစားတာကို ဘယ်လိုမှ လက်ခံလို့ မရပါ ဘူး။

လဂျားယန် ရှိ အစိုးရတပ်စခန်းတစ်ခုသို့ ရိက္ခာပို့မည့် အစီအစဉ်အား KIA မှ ရာဇသံဟု သတ်မှတ်

Posted by drmyochit Tuesday, December 25, 2012, under | No comments

အစိုးရ မြောက်ပိုင်းတိုင်း တိုင်းမှူးသည် လဂျားယန်ကျေးရွာအနီးရှိ အစိုးရစခန်းတစ်ခုသို့ လမ်းကြောင်း အတိုင်း ရိက္ခာပို့မည့်ဟု KIA ကို အသိပေးထားကြောင်း သိရသည်။ ယခုလ (၂၃) ရက်နေ့က ရေးသား ပေးပို့သည့် စာတွင် လဂျားယန်ရှိ အစိုးရတပ်စခန်းအား ရိက္ခာပို့မည်ဖြစ်ကြောင်း၊ လမ်းကြောင်းမှာရှိသော KIA တပ်ဖွဲ့များကို ဒီဇင်ဘာ(၂၅)ရက်နေ့အပြီး ဖယ်ရှားပေးစေလိုပါကြောင်း ပါရှိသည်ဟု ငြိမ်းချမ်းရေး အကျိုး ဆောင်တစ်ဦးမှ ပြောကြားပါသည်။


"ဗကသ တရားဝင်ဖြစ်ရေး တက္ကသိုလ် အက် ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားမည်"

Posted by drmyochit Tuesday, December 25, 2012, under | No comments

ရန်ကုန် ဒီဇင်ဘာ ၂၄ 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ) တရားဝင်ဖြစ်ရေး တက္ကသိုလ် အက် ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားရန်ရှိကြောင်း ဗကသအဖွဲ့ချုပ် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ မိုးထက်နေက ပြောသည်။

သက်မွန်မြင့် ရဲ့ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ဖွေးဖွေး

Posted by drmyochit Tuesday, December 25, 2012, under | No comments

ဖွေးဖွေးက လတ်တလောမှာ တော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးတဲ့ "ရင်ဘတ်ဖွင့်တဲ့သော့" ဇာတ်ကားကို အောင်ရဲလင်းနဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီဇာတ်ကားမှာ ဖွေးဖွေးက အောင်ရဲလင်းရဲ့ ရည်းစား တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပြီး ဒါရိုက်တာညိုမင်းလွင်နဲ့ ပထမဦးဆုံး ဆုံတွေ့တဲ့ ကားေ လးဖြစ်ကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းတွေကို အရင်ကထက်ပိုပြီး ရွေးချယ်ဖြစ်ကြောင်း ဖွေးဖွေးက ပြောပါတယ်။

Air Bagan လေယာဉ်တစ်စီး ဟဲဟိုးလေဆိပ်တွင် မတော်တဆဖြစ်

Posted by drmyochit Tuesday, December 25, 2012, under | No comments

Photo: Breaking News :
Air Bagan လေယာဉ်တစ်စီး ဟဲဟိုးလေဆိပ်တွင် မတော်တဆဖြစ်
Tuesday, December 25, 2012 

ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော Air Bagan မှ F 100 လေယာဉ် တစ်စီးသည် ဟဲဟိုး လေဆိပ် ယနေ့မနက်တွင် လေယာဉ်ဆင်းသက်ရာ မှ မတော်တဆ ဖြစ်ပွားပြီးလေဆိပ်သို့ မဆင်းသက်နိုင်ဘဲ လေဆိပ်အနီး လယ်ကွင်းထဲသို့ ဆင်းသက်ခဲ့ ရသည်။
 
လေယာဉ်တွင် ခရီးသည် (၆၀)ဦးခန့် တင်ဆောင်ထားပြီး ခရီးသည်များ အားလုံး ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ လက်ရှိ လေယာဉ်မှာ မီးလောင်မှု ဖြစ်ပွားနေကြောင်းသတင်းရရှိပါသည်။

Myanmar Online News
Breaking News :

Tuesday, December 25, 2012 

ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော Air Bagan မှ F 100 လေယာဉ် တစ်စီးသည် ဟဲဟိုး လေဆိပ် ယနေ့မနက်တွင် လေယာဉ်ဆင်းသက်ရာ မှ မတော်တဆ ဖြစ်ပွားပြီးလေဆိပ်သို့ မဆင်းသက်နိုင်ဘဲ လေဆိပ် အနီး လယ်ကွင်းထဲသို့ ဆင်းသက်ခဲ့ ရသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် အရှုံးပေါ်ခြင်းကြောင့် မီတာခများကို နိုင်ငံတကာနှုန်းထားအတိုင်း ကောက်ခံရန်စဉ်းစားနေဟုဆို

Posted by drmyochit Tuesday, December 25, 2012, under | No comments

နောက်ထပ် နိုင်ငံတကာစံနှုန်း တစ်ခု 
---------------------------------------------------------------------------------- 
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အရှုံးပေါ်နေခြင်းကြောင့် လျှပ်စစ် ဓာတ်အား ကောက်ခံမှုနှုန်းထားများကို နိုင်ငံတကာအတိုင်း ကောက်ခံရန် စဉ်းစားလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဦးစီးဌာနညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဒေါ်အေးအေးမွန်က ပြောသည်။ 

လိုင်ဇာမြို့နှင့် ၈ မိုင်ခန့် အကွာရှိ KIA တပ်စခန်းများအား လက်နက်ကြီးဖြင့် ပစ်နေပြီ

Posted by drmyochit Tuesday, December 25, 2012, under | No comments

နယူးဒေလီ (မဇ္ဈိမ)။ ။ ကချင်လွတ်လပ်ရေးတပ် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့နှင့် ၈ မိုင်ခန့် အကွာရှိ KIA တပ်စခန်းများအား အစိုးရတပ်များက တနင်္လာနေ့ ခရစ္စမတ်အကြို ညဦးပိုင်း ၇ နာရီကျော်မှ စတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။မိနစ် ၂၀ ခန့်အတွင်း လက်နက်ကြီး ၈ လုံး ကျလာကြောင်း ကျောင်းသားတပ်မတော် (မြန်မာပြည် မြောက်ပိုင်း) ABSDF (NB) မှ စစ်ရေးတာဝန်ခံ ကိုအောင်ဆွေဦး က ပြောသည်။“ဒီညပဲ ထိုးစစ် စပြီထင်တယ်။

လူမှောင်ခိုဂိုဏ်းတွေ တရုတ်ဖြိုခွင်း

Posted by drmyochit Tuesday, December 25, 2012, under | No comments


တရုတ်နိုင်ငံမှာ ရောင်းစားခံရမယ့် ကလေးသူငယ် ၈၉ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြား လိုက်ပါတယ်။ လူမှောင်ခိုဂိုဏ်း လို့ ခေါ်တဲ့ အဖွဲ့အစည်း အတော်များများကို နှိမ်နင်းနိုင်ခဲ့ပြီး လူပေါင်း ၃၅၅ယောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ ဂွမ်ဒေါင်းနဲ့ ဆီချွမ်နယ်ဒေသအပါအဝင် တော်တော် များများမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ကစပြီး စီမံချက်ချ ဆောင်ရွက်ခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ဖော်ပြလိုက် ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်