Saturday, December 29, 2012

ကားစီးရေတစ်သိန်းနှစ်သောင်းကို တစ်နှစ်အတွင်းလိုင်စင်ထုတ်ပေးခဲ့ဟုသိရ

Posted by drmyochit Saturday, December 29, 2012, under | No comments

From : hot news
၂၀၁၁ ခုနှစ် စက်တင်ဘာ လမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ လယ်အထိနိုင်ငံပေါင်းစုမှ ပြည်တွင်း မော်တော် ကားဈေးကွက်သို့တင် သွင်းခဲ့သော ကားများအနက် ကားစီးရေတစ်သိန်းနှစ်သောင်းခန့် ကို ကားလိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ခြင်းက ၇၆၀၀၀ ဖြစ်ပြီး ကျန် ၄ သောင်းခန့်က အသစ် ထပ်တိုးမှတ်ပုံတင်ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်းဝယ်မယ် လိုင်းဝယ်မယ်ဆိုရင် လေ့လာရမည့် အချက်များ

Posted by drmyochit Saturday, December 29, 2012, under | No comments

Photo: ဖုန်းဝယ်မယ် လိုင်းဝယ်မယ်ဆိုရင် လေ့လာရမည့် အချက်များ
ဲ
ဲပြည်တွင်းမှာ OS မျိုးစုံက ဖုန်းတွေဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် အခုအချက်ကိုစဉ်းစားမှရတော့မယ်။

(၁) ဖုန်းလိုင်းကိုအရင်ရွေးချယ်ပါ။ ပြည်တွင်းမှာဖုန်းဝယ်တော့မယ်ဆိုရင် 
အရင်ဆုံးစဉ်းစားရမှာက ဖုန်းလိုင်းပါပဲ။ CDMA ၀ယ်မှာလား၊ GSM ၀ယ်မှာလား ဆိုတာကတော့ မိမိအသုံးပြုမယ့်နေရာဒေသ၊ အသုံးပြုလိုတဲ့ပုံစံကို စဉ်းစားရပါမယ်။ GSM နဲ့ CDMA 450 က နယ်ဒေသမှာအသုံးပြုဖို့နဲ့ ခရီးခဏခဏ သွားရတတ်တဲ့သူတွေ အသုံးပြုသင့်ပါတယ်။ CDMA 800 ကိုတော့ မြို့ကြီးပြကြီးမှာ အခြေချနေထိုင်မှုများတဲ့သူတွေနဲ့ သင့်တော်ပါတယ်။

(၂) ဟန်းဆက်အမျိုးအစားကိုစဉ်းစားပါ။ဟန်းဆက်ဟာ ဖုန်းအသုံးပြု 
သူတစ်ယောက်အဖို့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ GSM အတွက် ဟန်းဆက်မရှားပေမယ့် CDMA အတွက်ကတော့ အမှတ်တံဆိပ်
နည်းနေပါသေးတယ်။ အထူးသဖြင့်CDMA 450 MHz ဆိုရင် ဟန်းဆက်
ရွေးချယ်မှုအပိုင်းမှာ ပိုမိုခက်ခဲနေပါတယ်။အခုတလောတော့ CDMA 450 MHz အမျိုးအစားတွေဝင်လာပါပြီ။

(၃) Phone OS ကိုလည်းရွေးပါ။ မိုဘိုင်းဟန်းဆက်တွေမှာ သက်ဆိုင်ရာ
Device တွေအလိုက် OS တွေရှိကြပါတယ်။ လက်ရှိအချိန်မှာတော့ Apple ရဲ့ IOSနဲ့ Googleရဲ့ Android OS တွေကတော့အသုံးပြုသူ များတဲ့OS
တွေပဲဖြစ်ပါတယ်။ Nokiaရဲ့ Java OS ကလည်းနာမည်ကြီးပါတယ်။

(၄) အသုံးပြုမည့် ပုံစံကိုစဉ်းစားပါ။ ဖုန်းတစ်လုံးရွေးချယ် ၀ယ်ယူမှု
အပိုင်းမှာတော့ အသုံးပြုလိုတဲ့ ပုံစံကအရေးပါပါတယ်။ ဖုန်းကို အများသုံး
ဖုန်းတစ်လုံးအဖြစ် အသုံးပြုမယ်ဆိုရင်တော့ လိုင်းဆွဲအားကောင်းပြိး အကြမ်းခံနိုင်မယ့် အထိုင်ဖုန်းပုံစံမျိုးကိုရွေးချယ်သင့်ပါတယ်။ တန်ဖိုးနည်းဟန်းဆက်တွေလည်း အများအပြား ပြည်တွင်းဈေးကွက်
အတွင်းမှာရရှိနိုင်တဲ့အတွက် ယခုအချက်ဟာ အသုံးပြုသူများ စိုးရိမ်စရာအချက်တစ်ချက်တော့ မဟုတ်ပါဘူး။

(၅) နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များပြားသော ဟန်းဆက်များကို နယ်ဒေသများတွင်မသုံးသင့်ပါ။ iPhone ဟာ နည်းပညာ မြင့်မားတဲ့
ထုတ်ကုန်တစ်ခုပါ။ ဒါပေမယ့် နည်းပညာဖွံ့ဖြိုးမှုအားနည်းတဲ့
နေရာဒေသတစ်ခုမှာ သွားရောက်အသုံးပြုမယ်ဆိုရင်တော့အသုံးပြုသူ
အတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဟန်းဆက်အပိုပစ္စည်း
ရှာရခက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် ပညာရှင်ရှားပါးခြင်းတို့ကို ကြုံတွေ့လာနိုင်ပါတယ်။

(၆) အရည်အသွေးမြင့်၍ စိတ်ချရသော အမှတ်တံဆိပ်ကို သုံးစွဲပါ။
ဈေးကွက်အတွင်းမှာ တန်ဖိုးမျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့ GSM,CDMA ဟန်းဆက်များဝင်ရောက်လာပါတယ်။ယုံကြမလားတော့မသိဘူး..
ကမ္ဘာကျော် iPhone 4S ကို ၈သောင်းနဲ့ရောင်းတယ်တဲ့..။iPhone 4S နဲ့တစ်ပုံစံတည်းပါပဲ.System ကတော့ကွာတာပေါ့နော်.။ အဲ့ဒါဟာ Made in China ပါ.။ရေရည်အသုံးပြုဖို့ စဉ်းစားမယ်ဆိုရင် အရည်အသွေးမြင့်တဲ့ အမှတ်တံဆိပ်များကိုသာ ၀ယ်ယူသုံးစွဲသင့်ပါတယ်။ ဒါမှသာ အသုံးပြုသူ
တစ်ယောက်အနေနဲ့ စိတ်ညစ်စရာအကြောင်းအရာတွေကို ဆက်လက် မကြုံတွေ့ရမှာဖြစ်ပါတယ် .. ။

(၇) စိတ်ချယုံကြည်ရတဲ့ ဟန်းဆက်အရောင်းဆိုင်တွေမှာ ၀ယ်ယူပါ။
နာမည်ကြီးအမှတ်တံဆိပ် ဟန်းဆက်များဟာ ပုံစံအမျိုးမျိုးနဲ့
ဝင်ရောက်လာလို့စစ်မှန်တဲ့ ကုန်ပစ္စည်းတွေရှိသလို၊ ဆင်တူရိုးမှား ကုန်ပစ္စည်းတွေကိုလည်း ပြည်တွင်းဈေးကွက်အတွင်းမှာ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပါဘဲ..။ ဒါကြောင့်မို့ဟန်းဆက်တစ်လုံးဝယ်ယူတော့မယ်ဆိုရင် စိတ်ချပြီး ယုံကြည်ရမယ့်ဆိုင်များမှာ ၀ယ်သူခြင်းဟာ အသုံးပြုသူများအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၈) ဖုန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို လေ့လာထားပါ။
ဖုန်းနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ များများစားစားမရှိပါဘူး.။ ဖုန်းနံပါတ်မှတ်သားခြင်း ၊ SMS ပို့ခြင်းအစရှိတာတွေကိုလေ့လာ
ထားသင့်ပါတယ်...။ Sim Lock ချမိတဲ့ပြဿနာမျိုးကို မဖြစ်ပေါ်စေဖို့
အတွက် ဖုန်းမ၀ယ်ခင် ဖုန်းအကြောင်းကြိုတင်လေ့လာထားခြင်းဟာ
စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်.။ ကိုယ်စီးမယ့်မြင်းအထီးလား..အမလား..
ခွဲခြားတာနဲ့အတူတူလောက်ပါပဲ...။

(၉) ဖုန်းတစ်လုံးရဲ့ လိုင်းဆွဲအားဟာ ဟန်းဆက်အပေါ်တွင် သက်ရောက်မှုရှိပါသည်ကို သတိပြုပါ။ဖုန်းသုံးစွဲသူအများစုဟာ
လိုင်းဆွဲအား ကောင်းမွန်တဲ့ ဖုန်းလိုင်းများးကို အသုံးပြုချင်ကြပါတယ်။ ဟန်းဆက်ရဲ့လိုင်းဆွဲအားဟာလည်း အဓိက အခန်းမှ ပါဝင်ပါတယ်။ အထူးသဖြင့် CDMA အသုံးပြုသူများအနေနဲ့ လိုင်းဆွဲအားကောင်းမွန်တဲ့ ဟန်းဆက်မျိုးကို ရွေးချယ်သင့်ပါတယ်လို့ ကျွှန်တော် ထင်ပါတယ်ဗျာ ..။

ZEALOT_myatko
ITgroup


source===> www.mmforward.blogspot.com
ပြည်တွင်းမှာ OS မျိုးစုံက ဖုန်းတွေဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် အခုအချက်ကိုစဉ်းစားမှရတော့မယ်။

(၁) ဖုန်းလိုင်းကိုအရင်ရွေးချယ်ပါ။ ပြည်တွင်းမှာဖုန်းဝယ်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရမှာက ဖုန်းလိုင်း ပါပဲ။ CDMA ၀ယ်မှာလား၊ GSM ၀ယ်မှာလား ဆိုတာကတော့ မိမိအသုံးပြုမယ့်နေရာဒေသ၊ အသုံးပြုလို တဲ့ပုံစံ ကို စဉ်းစားရပါမယ်။ GSM နဲ့ CDMA 450 က နယ်ဒေသမှာအသုံးပြုဖို့နဲ့ ခရီးခဏခဏ သွားရတတ် တဲ့သူ တွေ အသုံးပြုသင့်ပါတယ်။ CDMA 800 ကိုတော့ မြို့ကြီးပြကြီးမှာ အခြေချနေထိုင်မှုများတဲ့သူတွေနဲ့ သင့်တော် ပါတယ်။

"လေယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ အာမခံလျော်ကြေးများ အမြန်ဆုံးရရှိစေရန် အချိန်နှင့်တပြေးညီဆောင်ရွက်နေ"

Posted by drmyochit Saturday, December 29, 2012, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ဒီဇင်ဘာ(၂၅)ရက်နေ့ နံနက်ပိုင်းကမတော်တဆမှုဖြစ်ပွားခဲ့သော Air Bagan လေကြောင်းမှ လေယာဉ်ကို မြန်မာ့အာမခံလုပ်ငန်းမှတစ်ဆင့် အာမခံထားရှိခဲ့ရာ လေယာဉ်ကိုယ်ထည်အား အာမခံတန်ဖိုး ကန်ဒေါ်လာ ၄ သန်း နှင့် "ပေးလျော်ရန် တာဝန်ရှိမှုအာမခံအကာအကွယ်" ကန်ဒေါ်လာ သန်း ၁၅၀ ကို စင်ကာပူ အခြေ စိုက် PANA HARRISON Pte., Ltd. မှတဆင့် နိုင်ငံတကာ လေကြောင်းအာမခံဈေးကွက်တွင် အာမခံ ထားရှိ ခဲ့ကြောင်းမြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။ 

ကြေးနီစီမံကိန်းကြောင့် ဒေသတွင်းထိခိုက်မှု ပညာရှင်များအဖွဲ့ စတင်လေ့လာ

Posted by drmyochit Saturday, December 29, 2012, under | No comments


လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသတွင်းထိခိုက်မှုတွေကို ပညာရှင် ၁၂ဦးပါဝင်တဲ့ အဖွဲ့က စတင် လေ့လာလျက်ရှိနေပြီလို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။

Friday, December 28, 2012

KIA ခေါင်းဆောင်များ တရုတ်သို့ ထွက်ပြေး

Posted by drmyochit Friday, December 28, 2012, under | 1 comment

KIA ဌာနချုပ် လိုင်ဇာ၏ အဓိကခံစစ် တောင်ကုန်းဖြစ်တဲ့ လဂျားယန် တောင်ကြောကို ဒီနေ့ မနက်(၉)နာရီ အချိန်ခန့်က မြန်မာအစိုးရ စစ်လေယာဉ်များမှ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကြောင့် KIA ဘက်မှ အထိအခိုက် အကျအဆုံးများပြီး ဒဏ်ရာရ သူများ ကို လိုင်ဇာဆေးရုံကို သယ်ဆောင် နေကြောင်း မျက်မြင်တွေ့သူများမှ ပြောပါတယ်။

KIA အားပေး ကချင် Website ၄ ခု ဖြုတ်ချပြီးနောက် ကျန် ၃ ခု အား New Year နေ့တွင် ဖြုတ်ချမည် ဟု ဆို

Posted by drmyochit Friday, December 28, 2012, under | 1 comment


KIA အားပေးသော၊ တိုက်ပွဲများ ပိုမိုပြင်းထန်စေရန် မဟုတ်မမှန် လုပ်ကြံရေးသားနေသော ကချင် Website များကို ဖြုတ်ချခဲ့ပြီးနောက် ကျန်ရှိနေသော ကချင် Website နှစ်ခု ဖြစ်သည့် Kachin Net.net နှင့် Kachin Land News , Phophtaw.org တို့အား 01.01.2013 ရက်နေ့တွင် DDos နှင့် ဆက်လက် တိုက်ခိုက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ KIA မှ ပြည်ပစစ်ရေး အကူအညီဖြင့် မြန်မာကို တိုက်ခိုက်မည့် အစီအစဉ်နှင့် ကချင်နိုင်ငံခွဲထွက်ရေး စီမံကိန်းအားဖျက်သိမ်းကာ ငြိမ်းချမ်းရေး စားပွဲရောက် ရောက်လာရန် ရည်ရွယ်ကြောင်း သိရသည်။

ရွံရှာစက်ဆုပ်ဖွယ် ကေအိုင်အေကို တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ သဘောထား ကြေညာချက် (၂ / ၂၀၁၂)

Posted by drmyochit Friday, December 28, 2012, under | No comments

ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင်အို ၊ ကေအိုင်အေတို့အကြား တိုက်ပွဲ ဖြစ်ပွား နေသည်မှာ နှစ်နှစ် နီးပါး ကြာမြင့်နေပြီ ဖြစ်ပါသည်။ ထိုစစ်ပွဲများကြောင့် ဒေသခံရှမ်း ၊ ကချင် ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည် များ အဖြစ်သို့ ရောက်ရှိနေပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ် များကို စွန့်ပစ်၍ လုံခြုံမှုရှိရာ ဒေသ များ တွင် ဖြစ်သလို နေထိုင် စားသောက် နေကြ ရပါသည်။ 

ကေအိုင်အေတို့ ဆက်လက်လုပ်ဆောင်ရန် ကြံစည်နေသည့် အစီအစဉ်များ

Posted by drmyochit Friday, December 28, 2012, under | No comments


၁။ တပ်မတော်မှ လမ်းကြောင်းရှင်း ခြောက်လှန့်ပစ်ခတ်သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားရခြင်း အား ကချင် လူမျိုးအား ဗမာ လူမျိုးကြီး ၀ါဒဖြင့် နှိပ်စက် ပစ်ခတ်ကြောင်း ပြောမည်။

မြန်မာ့တပ်မတော် မှ KIA အဖွဲ့ကို အမောင်းသင်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့

Posted by drmyochit Friday, December 28, 2012, under | No comments

ယနေ့နံနက် (၉)နာရီခန့်တွင် KIA တပ်ဖွဲ့များ ခံစစ်ဆင်ထားရာ လဂျားယန်တောင်ကုန်းကို အစိုးရ စစ်တပ် က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမောင်းသင်လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်၏ ယနေ့တိုက်ပွဲ အပေါ် ဝေဖန်ချက်

Posted by drmyochit Friday, December 28, 2012, under | 1 comment

ကချင် တိုက်ပွဲမှာ လေယာဉ်တွေသုံးပြီး ပြည်ပ ကျူးကျော်စစ်လို တိုက်ခိုက်တဲ့ အပေါ် ကေအိုင်အေ ပြော ခွင့် ရသူ ဦးလနန်က ဝေဖန်လိုက်တဲ့ အကြောင်း ဒီဗွီဘီ သတင်းထောက် ကိုထွေးမှ ဦးလနန်ကို ဆက် သွယ်မေမြန်းထားချက် ဖြစ်ပါတယ်။



ယနေ့ပျံသန်းသော တိုက်လေယာဉ် ( ဗီဒီယိုဖိုင်)

Posted by drmyochit Friday, December 28, 2012, under | No comments

အနီတစ်စင်း အဖြူတစ်စင်းဆိုကာ အော်ဟစ်ကြသည့် ဗီဒီယို။ သတ္တိကြီးစွာဖြင့် သေနတ်ဖြင့်တောင် ပစ်လိုက်သေးသည်။ ကချင် KIA,ဌာနချုပ် လိုင်ဇာ ရဲ့ ရှေ့ တန်း ခံစစ်တောင်ကုန်းတွေကို တိုက် လေယာဉ်များ ရဟတ်ယာဉ်များ သုံးပြီး ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက် မနက် (၉း၄၅)မီနစ် အချိန် လာရောက် ဗုံးကျဲတိုက်ခိုက်နေစဉ် ရိုက်ကူးထားသော ရုပ်သံမှတ်တမ်း ။

ရွာမ-တောင်ကုတ်လမ်းခွဲအတွက် ငွေကြေးအလွဲသုံးစားပြုလုပ်မှုကြောင့် ဒေသခံများ မကျေမနပ်ဖြစ်

Posted by drmyochit Friday, December 28, 2012, under | No comments


ရခိုင်ပြည် တောင်ကုတ်မြို့နယ်တန်းလွဲချောင်းရွာမ စံပြကျေးရွာတွင် ကျေးရွာလူကြီးများနှင့် အပေါင်း
ပါ တစ်ချို့မှ ရွာမ-တောင်ကုတ်လမ်းခွဲကို ပြုပြင်မွမ်းမံရန်အတွက်တစ်အိမ်ထောင်လျှင် ကျပ်ငွေ ငါးထောင် ( ၅၀၀၀) နှုန်းဖြင့် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းလောက်ကတည်းက ခွဲတန်းကျ ကောက်ခံ ရယူခဲ့ရာ အချိန်တစ်နှစ်ခန့် ကြာမြင့်လာသော်လည်း အဆိုပါ ရွာမ-တောင်ကုတ်လမ်းခွဲကို ယနေ့ အချိန်ထိ ပြီးစီးအောင် လုပ်မပေးဘဲ ငွေကြေးများကိုသာ အလွဲသုံးစား ပြုလုပ်ထားကြကြောင်း သတင်း ရရှိသည်။

ကချင်ပြည်နယ်နဲ့ ကချင်လူထုကို ကောင်းစားစေချင်တယ်ဆိုရင် အပစ်ရပ် အမိန့်  ပေးလိုက်စမ်းပါ ကေအိုင်အေ

Posted by drmyochit Friday, December 28, 2012, under | No comments


KIA ငြိမ်းချမ်ရေး တစ်ကယ်လိုလားတယ်ဆိုရင်

တရုတ် အားကိုး ပြည်တွင်းကို ဒုကမပေးဘူးဆိုရင်

ကချင်ပြည်နယ်-ကချင်လူထု အမှန်တစ်ကယ် ကောင်းစားစေချင်တယ် ဆိုရင်

မြန်မာစစ်တပ်က ပစ်နေလို့  စစ်ပွဲမရပ်တာပါလို့  ခိုင်မာစေချင်တယ်ဆိုရင်

အဓိက ရန်သူက KIA ဖြစ်ကြောင်း ဦးဇခုန်တိန့်ယိန်း ထုတ်ပြန်ကြေငြာ

Posted by drmyochit Friday, December 28, 2012, under | No comments

ယခင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်း မှ KIA အဖွဲ့နှင့် ပတ်သတ်ပြီး ဒေသခံပြည်သူများကိုယ်စား ထုတ်ပြန်ကြေငြာချက် ၁ စောင်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

၂၈-၁၂-၂၀၁၂ တိုက်ပွဲအခြေအနေ ဖုန်းဖြင့် သတင်းမေးချက်( အသံဖိုင်)

Posted by drmyochit Friday, December 28, 2012, under | No comments


ကေအိုင်အေမှ လဆိုင်းဆိုသူ DVB မှ မောင်တူးက ဖုန်းဆက် မေးမြန်းချက်ဖြစ်ပါသည်။ တိုက်ပွဲလက်ရှိ အခြေအနေအား သိနိုင်ရန် အသံဖိုင်ကို ဒီမှာ နားထောင်ပါ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်