Saturday, December 29, 2012

ကေအိုင်အေတို့ ဒီလို ဗီဒီယိုတွေနဲ့ ၀ါဒဖြန့်ကြတယ်

Posted by drmyochit Saturday, December 29, 2012, under | 1 comment

ဗမာစစ်သားတွေရဲ့ လုပ်ရပ်ဆိုပြီး ၀ါဒဖြန့်တဲ့ ကေအိုင်အေတို့ရဲ့ ဗီဒီယို ဖိုင်တစ်ခုပါ။ တပ်မတော်ကို ကချင်ပြည်သူတွေ ကြောက်ရွံအောင် ဖော်ပြတဲ့ ဒီဗီဒီယို တွေကို ကချင်ပြည်သူတွေ ဘယ်လောက်များများ ကြည့်ပြီးကြပြီလဲ။ ဖြစ်နိုင်သည်ကတော့ ABSDF များ ဖန်တီးကာ ကချင်ပြည်နယ်အတွင်း ဖြန့်ဝေေ နခြင်းသာ ဖြစ်မည်။

ကချင်စော်ဘွားကြီး၏ ညီတော် ပြောသည့် ကချင်-ဗမာ ညီအစ်ကိုများ

Posted by drmyochit Saturday, December 29, 2012, under | No comments

ကချင်မနောပွဲတွင် လုံခြုံရေး တာဝန်ယူပေးနေသော စစ်သားတစ်ဦး

ကချင်-ဗမာ ချစ်ကြည်ရေးကို ကိုယ်ထိလက်ရောက် ဖြစ်မြောက်အောင် ဆောင်ရွက်သူများအနက် ခမ်းဆီး ဒူဝါ( ကချင်စော်ဘွားကြီး)၏ ညီတော် လှမောင်စောထောင်သည် အရေးပါ အရာရောက်သူ တယောက်ြ ဖစ်ေ ကြာင်း၊ များမကြာမီက လှမောင်စောထောင်သည် ဖဆပလ အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် တည်းခို ပြီးသည့်နောက် ဗိုလ်ချုပ်၏ လွတ်လပ်ရေးဝါဒ၊ တိုင်းရင်းသား သွေးစည်းရေး ၀ါဒ စသည်တို့ကို များစွာ နှစ်သက်ပြီးလျှင် မိမိ၏ သွေးရင်းသားရင်းဖြစ်သော ကချင်များအား ကချင်ဗမာ ချစ်ကြည်ရေး အကြောင်းများကို ဟောပြောရန် မြစ်ကြီးနားသို့ ရောရာ ချောမောစွာ ရောက်ရှိကြောင်း။

ဝန်ကြီး ဦးအောင်မင်းမှ KNU ၏ ခေါင်းဆောင်သစ်များအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း သ၀ဏ်လွှာ ပေးပို့

Posted by drmyochit Saturday, December 29, 2012, under | No comments

ကရင်အမျိုးသားအစည်းအရုံး KNU က ရွေးချယ်လိုက်သည့် ခေါင်းဆောင်သစ်များကို ၀မ်းမြောက် ဂုဏ်ပြုပါကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ သမတရုံးဝန်ကြီး ဦးအောင်မင်းက သ၀ဏ်လွှာတစောင် ပေးပို့ခဲ့သည်။

အမျိုးသမီးများ စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ်အား ရုရှားပါလီမန် အောက်လွှတ်တော်သို့ တင်သွင်း သွားမည်

Posted by drmyochit Saturday, December 29, 2012, under | No comments

အမျိုးသမီးများ အတွက် စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ် တစ်ရပ် အား ရုရှားပါလီမန် အောက် လွှတ်ေ တ်ာသို့ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် တင်သွင်း သွားမည်ဖြစ်ကြောင်း ရုရှား လွှတ်တော် အမတ် Tatyana Moskalkova က ပြောကြား ခဲ့ပါသည်။

အကြမ်းဖက် နှိမ်နှင်းမှု တစ်လပြည့် အထိမ်းအမှတ် ဆန္ဒပြမည်

Posted by drmyochit Saturday, December 29, 2012, under | No comments


ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နှင်းမှု တစ်လပြည့် အထိမ်းအမှတ် အဖြစ် ယနေ့ ညနေ ၃နာရီတွင် ဆူးလေဘုရား အနီး လူစုပြီး ညနေ ၄နာရီ စတင် ဆန္ဒပြမည် ဖြစ်ကြောင်း ယင်းစီမံကိန်းကို ဦးဆောင် လှုပ်ရှားသူ ဦးဟန်ဝင်းအောင် က The Voice Weekly သို့ ပြောကြားသည်။

Skype သုံး၍ တိုက်ပွဲကို Live လွှင့်ချင်သော ABSDF များ (ရုပ်သံ)

Posted by drmyochit Saturday, December 29, 2012, under | 2 comments

ယနေ့ ကချင်ပြည်နယ်အတွင်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် ဆောင်ရွက်မှုများအား ကျောင်းသား တပ်မတော်မှ Skype သုံးကာ တိုက်ရိုက် ထုတ်လွှင့်သွားရန် စီစဉ်နေကြောင်း သိရသည်။ တိုက်ပွဲ များ ဖြစ်လာစေရန် ရန်စတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ယခုအခါ နည်းပညာ၊ ဆက်သွယ် ရေး အကူ အညီဖြင့် ကမ္ဘာမှ အာရုံစိုက်လာစေရန် လုပ်ဆောင်နေကြသည်။ ကချင်ပြည်နယ် ပျက်စီး စေရန်အ တွက် ထိုင်းနယ်စပ်မှ သောင်းကျန်းသူများ ကချင်ပြည်နယ်သို့ အခကြေးငွေဖြင့် ကြေးစား လာရောက်ပြီး ဖျက်ဆီးကြလေပြီ။


ယနေ့ မြန်မာပြည်မြောက်ပိုင်းမှ ပြည်တွင်းစစ်

Posted by drmyochit Saturday, December 29, 2012, under | No comments


ယခုဆောင်းပါးလေးကို ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်းစစ်ပွဲများနှင့် ပတ်သက်၍ မိမိ အတွေးအမြင်များကို ခိုင်မာသော အကိုးအကားများဖြင့် ရေးသားလိုစိတ်ဖြစ်ပေါ်လာပါသည်။ မိမိနှင့် အမြင်မတူ သူများရှိမည်ကိုလည်း သိရှိပြီးဖြစ်ပါသည်။ သို့ပါသော်လည်း မိမိအနေဖြင့်အတတ်နိုင်ဆုံး ရှုထောင့် များစွာမှ တွေးတောကြည့်ကာ ယခုဆောင်းပါအား တင်ဆက်လိုက်ပါသည်။

မိုးနဲ တံတားအား ကေအိုင်အေဖျက်ဆီးကာ တပ်မတော်မှ ပစ်ခတ်ဖျက်ဆီးသည်ဟု ၀ါဒဖြန့်

Posted by drmyochit Saturday, December 29, 2012, under | No comments

ရှမ်းပြည်တောင်ပိုင်းရှိ မိုးနဲတံတားအား ကေအိုင်အေများမှ ထောင်ဖောက်ခွဲကာ တပ်မတော်(လေ)မှ ပစ်ခတ် သည်ဟု ဆိုသော ဓာတ်ပုံများနှင့် အတူဖော်ပြထားကြောင်းတွေ့ရသည်။

အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်း တူးနေကြပြီ

Posted by drmyochit Saturday, December 29, 2012, under | No comments


ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးမြောင်းထဲမှ ကေအိုင်အေမလေးများ

Posted by drmyochit Saturday, December 29, 2012, under | No comments

ြ်မန်မာ့ တပ်မတော် မှ လဂျားယန်ဒေသသို့ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်း ရှင်းလင်းမှု အား လိုင်ဇာအနီး ခံစစ်စခန်းမှ နေ၍ ရုပ်သံရိုက်ကူးကာ ၀ါဒဖြန့်နေသည့် ဆက်သွယ်ရေးမြောင်းထဲမှ ကေအိုင်အေ မလေးများ ဗီဒီယို ရိုက်ကူးရန် စီစဉ်လျှက်ရှိသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ယောင်္ကျားသားသုံးဦးမှ ရိုက်နှက်မှုဖြစ်ပွား။

Posted by drmyochit Saturday, December 29, 2012, under | No comments


ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဘိုကျေးရွာတွင် ကိုယ်ဝန်ဆောင်သည် အသက်25နှစ်ရှိ မအိ အိသန်း (ဆွံအနားမကြားသူ) အား အင်းသူကြီး ဦးကြဉ်ငြိမ်း၏ အင်းလုပ်သား အောင်မောင်းအပါဝင် ယောင်္ကျား သုံးဦးမှ ဒီဇင်ဘာလ (၇)ရက် ညနေလေးနာရီက အင်းပိုင်လယ်နှင့် မနီးမဝေး ခနွဲခပိုကျေးရွာ ချောင်း အနီးတွင် မအိအိသန်းမှ မိမိကလေးနှစ်ဦး ဗိုက်ဆာတယ်ပြောလို့၊ ငါးမျှားတံတစ်ချောင်းဖြင့် ကျေးရွာ နီး ချုပ်စပ်၊ ချောင်းနား၊ လယ်ကွက်များအနီးတွင်

လဂျားယန်အား ကေအိုင်အေနှင့် ABSDF မှ ပူးပေါင်းခုခံရန် တစ်ဖက်နိုင်ငံမှ ကေအိုင်အို ခေါင်းဆောင် များ အမိန့်ပေး

Posted by drmyochit Saturday, December 29, 2012, under | No comments

ကေအိုင်အိုဌာနချုပ် လိုင်ဇာသို့ ၀င်ပေါက်ဖြစ်ပြီး လိုင်ဇာပတ်လည်ရှိ ကေအိုင်အေစခန်းများအား စိုးမိုး ထားနိုင် သည့် လဂျားယန် တစ်ဝိုက်အား ကေအိုင်အေနှင့် ABSDF မှ ပူးပေါင်းခုခံရန် တစ်ဖက်နိုင်ငံမှ ကေ အိုင်အို ခေါင်းဆောင်များက အမိန့်ပေးထားကြောင်း သိရသည်။

တရုတ်ပြည် အန်ဟွေးနယ်မှ ဆေးတက္ကသိုလ်ကျောင်းသား ပုဆိန်ဖြင့် အခုတ်ခံရ

Posted by drmyochit Saturday, December 29, 2012, under | No comments

တရုတ်ပြည် အန်ဟွေးနယ်မှ ကျောင်းသားတစ်ဦးသည် အန်ဟွေးဆေးတက္ကသိုလ်စာကြည့်တိုက် အတွင်း၌
ပုဆိန်ဖြင့် ခုတ်သတ်ခြင်း ခံလိုက်ရကြောင်း သတင်းရရှိသည်။

NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ကျပ်သိန်း ထောင်ကျော် ရရှိသော်လည်း ရခိုင်ဒုက္ခသည်များအား ကူညီလှူဒါန်းမည်မဟုတ်

Posted by drmyochit Saturday, December 29, 2012, under | 2 comments


NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ကျပ်သိန်း ထောင်ကျော် ရရှိသော်လည်း ရခိုင်ဒုက္ခသည်များအား ကူညီလှူဒါန်းမည်မဟုတ် ကြောင်း NLD မှ ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် မီးလောင် ခဲ့သည့် အိမ်အချို့ အတွက် အာမခံ လျော်ကြေး ပေးအပ်ခဲ့

Posted by drmyochit Saturday, December 29, 2012, under | No comments


From : mrtv4
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့တို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မီးလောင်ကျွမ်း ဆုံးရှုံးမှု ဖြစ်ပွားခဲ့တဲ့ အိမ်များ ထဲမှအာမခံထား ရှိထားတဲ့ အိမ်အချို့ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က မြန်မာ့ အာမခံ ရုံးမှာ အာမခံ လျော်ကြေး ပေးအပ်ပွဲ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် မီးလောင်ကျွမ်း ခံခဲ့ရတဲ့ အိမ်များထဲမှ အာမခံ ထားရှိတဲ့ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်လီမိတက်နဲ့ မြန်မာ့ စီးပွားရေး ဘဏ်များမှ ချေးငွေ ရယူထားတဲ့ နေအိမ်များ အတွက် စုစုပေါင်း ၂၇၉ သိန်းကျော်ကို အာမခံ လျော်ကြေး အဖြစ် ပေးလျော် ခဲ့တာ ဖြစ်ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်