ရခိုင် အရေးဖြစ်တော့ ရန်ကုန်ကနေ ကြေငြာချက် ထုတ်တယ်။ လက်ပံတောင်းမှာ လှုပ်ရှားနေတုန်းက သံ မထွက်ဘဲ မီးလောင်ပြီးတော့ အပြေးအလွှားသွားကြည့်ကြတယ်။ ကော်မရှင်ဖွဲ့တော့ မပါပြန်ဘူး။ စစ်ပွဲေ လး စချိန်မှာ ကေအိုင်အေနဲ့ ညှိပြီး ကချင်ပြည်နယ်မှာ ကခုန်ပျော်ပါးခဲ့ကြတယ်။ သွေးခွဲ စကားတွေ၊ အထောက် အပံ့စကားတွေ ပြောခဲ့ပြီး အခုတော့ ကြေငြာချက် တစ်ခု ထပ်ထွက်လာပြန်ပြီ။ ဒါဖြင့် မင်းကိုနိုင် တို့ အားလုံးကို ဒါလေးတွေ မေးလိုက်ချင်တယ်။
ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီက ကချင်ပြည်နယ်တွင်း ထိုးစစ်ရပ်ရေး ဆန္ဒထုတ်ဖော်
ယမန်နေ့က ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့တွင် ကချင်တိုင်းရင်းသားမိသားစုများ စုဝေးကြပြီး ကချင်ပြည်နယ်တွင်း အစိုးရတပ်များက ထိုးစစ်များပြင်းထန်စွာ တိုက်ခိုက်နေမှုများကို ရပ်ရေး ဆုတောင်းပွဲနှင့် ဆန္ဒပြ ထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြသည်။ ကချင်အရေး စိတ်ဝင်စားသူ လူဦးရေ ၅၀ ခန့် တက်ရောက်ကြပြီး လက်ရှိ ပြည်တွင်းစစ်ဒဏ်ခံစားနေရသူ ကချင်ပြည်သူများအတွက် ဆုတောင်းခြင်း၊ ထိုးစစ်များ ရပ်စဲရေး ဆန္ဒထုတ်ဖော် လမ်းလျောက်ခြင်းနှင့် ကယ်လီဖိုးနီးယား အထက်နှင့် အောက်လွှတ်တော်အမတ်များထံ ကချင်ပြည်နယ်ငြိမ်းချမ်းရေး တောင်းဆိုသည့် လက်မှတ်များ စူဆောင်းသည့် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။
စစ်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၀င်ရောက်စေ့စပ်ညှိုနှိုင်းပေးမည် ဖြစ်သည်။
KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရလို့ သေဆုံးသွားတဲ့ ဆေးကျောင်းသူအတွက် ဆုတောင်းပေးနေကြ တာပါ။
ပြီးတဲ့ သီတင်း နှစ်ပတ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုကြောင့် သေဆုံးသွား ခဲ့ရပြီး၊ ဒီကနေ့ပဲ သင်ဂြိုလ်လိုက်တဲ့ အသက် ၂၃ နှစ် ဆေးကျောင်းသူလေး ဂယက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတွေကြားမှာလည်း စိုးထိတ်မှုတွေရှိနေကြပါတယ်။
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဖြစ်သော ဧရာဝတီမြစ်အတွင်း ဗန်းမော် မြို့နှင့် မန္တလေးမြို့ ပြေးဆွဲလျက်ရှိ သော သင်္ဘောများပေါ်သို့ တက်၍ ပစ္စည်းများကို ခိုးယူခြင်းနှင့် ခိုးမရပါက လေးခွဖြင့်ပစ်၍ ပြေးသော ဖြစ်ရပ် များ ဖြစ်ပွားလျက် ရှိကြောင်း မန္တလေးဆိပ် ကမ်းရှိ ရေယာဉ်လုပ်သားများနှင့် အဆိုပါ ခရီးစဉ်သို့ နိုင်ငံခြား သား ဧည့်သည်များ နှင့် သွားရောက်ခဲ့သူ ဧည့်လမ်းညွှန် ဦးသက်ဦးတို့ထံမှ စုံစမ်း သိရှိရသည်။
နိုင်ငံတော် အလံကို ခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာ နိုင်ငံသား များ၏
မုန်းတီးစိတ် ကိုပိုဖြစ် ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးမှဆိုသည်။
၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။
ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော် သံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး
ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော် အလံအား ခြေဖြင့် နင်းပြီး ဓာတ်ပုံ
အရိုက်ခံကာ မီးရှို့ခဲ့ကြောင်း သတင်း ဓာတ်ပုံများ အရ တွေ့ရှိ ရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍
အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံး
ဝမဖြစ်သင့် တဲ့ကိစ္စပါ။
ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့ နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင် တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်း ထဲသို့ ထိုးကျခဲ့ကြောင်းသိရသည်။
အိုကလား ဟိုးမားမြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မီးလောင်မှုတစ် ခု ဖြစ်ပွားခဲ့ရာ မိခင် တစ်ဦးသည် သူမနှင့် အတူ သမီးလေးယောက် ကို မီးရှို့သတ်သေ သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့ သည်။
ကျွန်တော် ဉာဏ်မီသလောက် ပြောရမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဦးနှောက် ယိုစီးမှု ပြဿနာနဲ့ ပညာရေး မိုးခေါင်မှု ပြဿနာကို ရင်ဆိုင်နေရတာ ဒီနေ့ အထိ တိုင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ် ပြဿနာ၊ အထူးသဖြင့် ပညာတတ် ရှားပါးမှု ပြဿနာဟာ ယခုကျွန်တော်တို့ တည်ဆောက် နေကြ တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အတွက် တကယ့်ကို ခေါင်းခဲစရာ ပါပဲ။
နံနက် ၈ နာရီ ၁၅ မိနစ်တွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမနှင့် အနော်ရထာလမ်းမကြီး အနီးတွင် အနောက်ပိုင်း ယာဉ်လိုင်း ၂၂၆ မှ အရှိန်လွန်ယာဉ်တိုက်မှုကြောင့် ကား ၈ စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် လူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ဆဒုံး ဒီဇင်ဘာ၃၁
စကားပါရွာမှ ၁၃နှစ်အရွယ် လူငယ်တစ်ဦးသည် သစ်ခွပင်ရှာရန် တောထဲသို့သွားစဉ် မနေ့ နေ့လည် ၁၂နာရီ ပတ်ဝန်းကျင်က ကေအိုင်အေထောင်ထားသော မိုင်းနင်မိခဲ့ပါသည်။ မိုင်းနင်းမိတာကြောင့် ညဘက် ခြေထောက်ပြတ်သွားပြီး ဒဏ်ရာရရှိခဲ့သည်။
မိုးကောင်း ဒီဇင်ဘာ ၃၁
မနေ့မနက် ၃နာရီလောက်မှာ တောင်နီရွာနဲ့ မင်းကုန်းရွာကြားတွင် ကေအိုင်အေက မိုင်းဖောက်ခွဲခဲ့ ပါသည်။ မိုင်းဖောက်ခွဲမှုကြောင့် ရထားသံလမ်းပျက်စီးသွားခဲ့ပါသည်။ ညအချိန်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်မှု မရှိခဲ့ပါ။ မန္တလေး- မြစ်ကြီးနား ရထားအား ပုံမှန်ဆက်လက်သွားနိုင်ရန်မိုးကောင်း မီးရထား တာဝန်ရှိ သူများက ၁၀ နာရီလောက်တွင်ပြန်လည်ပြင်ဆင်ခဲ့သည်ဟုသိရှိရပါသည်။ ၃၀ ရက်နေ့ နေ့လည်ကစပြီး ရထား များ ပုံမှန်သွား လာနိုင်သည်ဟု မီးရထားမှာ တာဝန်ရှိသူများကပြောကြားခဲ့သည်။
(30/12/2012) ရက်နေ့ အမေရိကန်ရှိကချင် တိုင်းရင်းသားများမှ အမေရိကန်နိုင်ငံ ၀ါရှင်တန် မြို့တော် ရှိ မြန်မာ သံရုံးရှေ့တွင်စုဝေးကာ လက်ရှိမြန်မာ အစိုးရစစ်တပ် ၏ ကချင် ဒေသ ထိုးစစ်အပါ အ၀င် တိုင်းရင်းသားဒေသ များအားထိုးစစ်ဆင် ခြင်းအားဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲ တရပ် ပြုလုပ် သွားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းေ ကျာ် က ပြောပါသည်။