ယနေ့ ၃-၁-၂၀၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် KIA တပ်ဖွဲ့အချင်းချင်း လုပ်ကြံ ပစ်ခတ် မှုကြောင့် KIA စစ်ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး လိုင်ဇာဆေးရုံတွင် ဆေးကု သမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။
ဝိုင်းမော် -ဆဒုံး- ကန်ပိုက်တီး လမ်းမှာ လုံခြုံရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့သို့ ဒီဇင်ဘာ ၃၁ရက်နေ့ မနက် ၉ နာရီလောက်က ကေအိုင်အေ တပ်သား ၂ဦး သူတို့ကိုင်တဲ့ သေနတ်တွေနဲ့ အလင်းဝင်ရောက်ခဲ့ ပါသည်။ အလင်ဝင်လာသူ ၂ဦးက မြင်ခြံ တောင်သာဘက်ကလို့ သိရပါသည်။
ယနေ့ နံနက် ၁၀း၃၀ ခန့်တွင် သဘောထား တင်းမာသည့် ကေအိုင်အို ဒုဥက္ကဌ၊ ကေအိုင်အေ ဦးစီးချုပ် ဂမ်ရှောင် သည် လိုင်ဇာ အတွင်းသို့ ရောက်ရှိစဉ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး လိုင်ဇာ ဆေးရုံသို့ ကေအိုင်ေ အ ဗိုလ်မှူး တစ်ဦးနှင့်အတူ ရောက်ရှိလာပြီး ကုသမှုခံယူနေရကြောင်း သိရှိရသည်။
Thursday, January 03, 2013
ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက် ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့ စောင့်ဆိုင်းနေ ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။
Thursday, January 03, 2013
ကချင်ပြည်နယ်အတွင်း စစ်ပွဲများပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်နေရပြီး နှစ်ဘက်စလုံးမှ စာနာရန် လိုအပ်နေပြီ ဟု နိုင်ငံရေးအင်အားစုများက ဆိုကြသည်။
လူသားတိုင်း ငြိမ်းချမ်းမှုကိုလိုလားပါသည်။ ငြိမ်းချမ်းမှုဟူသည့် စကားသည် မခံစားရသေးမှီ စကားလုံး ကြားရရုံ မျှနှင့်ပင် နှစ်လိုဖွယ်ဖြစ်ပါသည်။ တောင့် တဖွယ်ဖြစ်ပါသည်။ လိုလားဖွယ်ဖြစ်ပါသည်။ ရေငတ်ဖူးမှ ရေ၏တန်ဖိုးကို နားလည်ပါသည်။
ဝိုင်းမော် ဇန်န၀ါရီလ ၃ရက်
ချီဖွေရေအားလျှပ်စစ်စက်ရုံမှ ၀ိုင်းမော်မြို့နယ် မိုင်းနားရွာအနီးရှိ ဓာတ်အားပေးစက်ရုံသို့ သွယ်တန်း ထားသည့် ပင်မလျှပ်စစ်တာဝါတိုင် အား ကေအိုင်အေမှ ဒီဇင်ဘာ ၃၀ ရက်ည ၁၀ခွဲလောက်မှ ကချင်ပြည် နယ် အတွက် နှစ်သစ်လက်ဆောင်အဖြစ် မိုင်းဖောက်ခွဲခဲ့ပါသည်။
တပ်မတော် ရဟတ်ယာဉ်တွေ ကေအိုင်အေ စခန်းတွေကို
တိုက်ခိုက် (Photo:Free Burma Rangers)
မြန်မာ အစိုးရ တပ်တွေက ပြီးခဲ့တဲ့ လကုန်
ပိုင်းက စပြီး ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ ရဲ့ ဌာနချုပ် ရှိရာ လိုင်ဇာ စခန်း
တဝိုက် ကို တိုက်လေ ယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေ သုံးပြီး တိုက်စစ် ဆင်နေခဲ့
တာဟာ ကေအိုင်အေကို အပြီးသတ် ချေမှုန်းချင်လို့ ဖြစ်တယ်လို့ ကေအိုင်အေရဲ့ သုတေ သနနဲ့
လေ့လာရေးဌာန ဌာနမှူး ဗိုလ်မှူးကြီး ဇော်တောင်က ဘီဘီစီကို ပြောပါတယ်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံဒက္ကားမြို့ အရှေ့မြောက်ပိုင်း တင်းဂန်းမြို့ဒေသတွင် ၁၄နှစ်အရွယ်ကျောင်းသူ တဦးအား အုပ်စုလိုက်မုဒိမ်းပြုကျင့်မှု တခုဖြစ်ပွားခဲ့သည်။
ဧရာဝတီ အောင်ဇော်၊ Eleven မှ ဒေါက်တာ သန်းထွဋ်အောင်တို့မှ လဂျားယန် မကျသေးကြောင်း၊ ဆိုနေ သော်လည်း မြန်မာ့တပ်မတော်မှ သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သက်သေများ ထွက်ပေါ်လာ ခဲ့လေပြီ။
မြန်မာအမျိုးသမီး ၂ ဦး အပါအ၀င် လူကုန်ကူးခံရသူ ၇ ဦးဟာ မနေ့က လွတ်မြောက်လာသလို မြန်မာ ၃ ဦးကို လည်း လူကုန်ကူးမှု သံသယနဲ့ ဖမ်းဆီးထားပါတယ်။
၂၀၁၂ ဒီဇင်ဘာ ၃၀ ထိုင်းမြန်မာ နယ်စပ် ရနောင် မြို့တွင်း ရှိသော ဘန်ချ ဖိုင်ခေါ် အနှိပ် ခန်း တစ်ခု တွင်ရောင်း စားခံ ထားရသည့် မြန်မာမိန်းကလေး၆ဦးတို့အား ၂နိုင်ငံ လူကုန် ကူးမှု တိုက်ဖျက်ရေး အဖွဲ့များ ပူးပေါင်း ဆောင် ရွက်မှုဖြင့် ဖမ်းဆီး ကယ် တင်နိုင် ခဲ့ကြောင်း ခေါင်စွတ် သတင်း တွင်ရေး သားဖေါ်ပြ ထားသည်။
2012 ဒီဇင်ဘာ ၂၆ထိုင်းနိုင်ငံဘန်ကောက်မြို့အနောက်ဘက် ၁၂၉ ကီလိုမီတာ ရှိသောနယ်စပ်မြို့ ကာညန ဘူလီခရိုင် စန်ခဘူလီမြို့ရှိနယ်မြေအမှတ် (၉)နောင်လူ ရပ်ကွက်တွင် ဖွင့်ထားသော ပြည့်တန်ဆာ လုပ်ငန်း တစ်နေ ရာကို သတင်းအရ ထိုင်းလူကုန်ကူးတိုက်ဖျက်ရေး နယ်မြေ ၅ ကြီးကြပ်ရေး စစ်ထိချိုင်း လီလာစဝပ် ၏ အဖွဲ့ သည် ဧည့်သည်ရောင်ဆောင်၍ ဝင်ရောက်ပျော်ပါးသူအဖြစ် ဟန်ဆောင်ခဲ့ရာ ပွဲစား (၂) ဦးနှင့် မိန်းကလေး ၁၈ ယောက် ကို ဖမ်းဆီးနိုင်ခဲ့သည်။
မြန်မာ အစိုးရ ဘက်က KIA ကချင် တပ်တွေ အပေါ်မှာ ထိုးစစ်ပြင်း ထန်နေ တာကြောင့် စစ်ရေးကို အာရုံ စိုက်နေ ရလို့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲဘက်ကို အာရုံမလှည့်နိုင်သေး ဘူးလို့ KIA ဘက်က ပြောပါ တယ်။
Thursday, January 03, 2013
အီရန်ရေတပ်မှ မဟာဗျူဟာ မြောက်ဖြစ်သည့် ဟော်မုဇ် ရေလက်ကြား အနီး စစ်ရေးလေ့ကျင့် နေသည့် ၅ ရက်ကြာ အတောအတွင်း ၎င်းတို့၏ တပ်ဖွဲ့များ အနီးသို့ ချဉ်းကပ်လာသည့် ပြည်ပ လေယာဉ်များနှင့် သင်္ဘောများအား ကြိမ်ဖန်များစွာ သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖော်ပြ ခဲ့ပါသည်။