Monday, January 14, 2013

KIO က ပြောင်းရွှေ့မည်မဟုတ် ဆိုသော်လည်း တိမ်းရှောင်မှုများ ရှိနေဟု မဇ္ဈိမ ကဖော်ပြ


အစိုးရဘက်မှ လက်နက်ကြီးဖြင့် လိုင်ဇာမြို့သို့ ခြိန်းခြောက် ပစ်ခတ်ခြင်း ကြောင့် တခြားနေရြာေ ပာင်းရွှေ့ မည် မဟုတ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO မှ တွဲဘက်အတွင်းရေးမှူး ဦးလနန် က ပြောသည်။

ထူးထူးခြားခြား အီတလီမှာ မြေပြိုသည့် ဗီဒီိယိုဖိုင်

Posted by drmyochit Monday, January 14, 2013, under | No comments

စစ်ပွဲအတွင်း ပျောက်ဆုံးနေသော ကချင်မလေးများ(ဓါတ်ပုံ)

Posted by drmyochit Monday, January 14, 2013, under , | 1 comment

စစ်ပွဲလည်း ဖြစ်ရော ကချင်မလေးတွေ ဘယ်တွေ ရောက်ကုန်ပါသလဲ။ ခေါင်းဆောင် ဂမ်ရှောင်နဲ့ သူ့တပည့်တွေ ဆီကိုပဲ ရောက်ကုန်ကြပြီ လား........



ကေအိုင်အေ ဌာနချုပ့်ရှိရာ လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်တွင် လက်နက်ကြီး ထိမှန်ပြီး လူ (၂) ဦး သေဆုံး၊ လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

Posted by drmyochit Monday, January 14, 2013, under , | No comments


၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

ကေအိုင်အေက ဒုက္ခသည်များကို စစ်အတွင်းအသုံးချ ၀ါဒ ဖြန့်ချင်သည့်အတွက် ဒုက္ခသည်များ ဘေူးကင်း ရာသို့ ထွက်ပြေး တိမ်းရှောင် သူများအား ကေအိုင်အိုမှ ခွင့်မပြု

Posted by drmyochit Monday, January 14, 2013, under | No comments

အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက် ပွဲတွေဖြစ် ပွားနေသောကြောင့် မိုင်ဂျာယန်ရွာနှင့် လွယ် ရင် ဟိုင် ရွာမှ ဒေသခံတွေမှ တရုတ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။ ကေအိုင်အေ တပ်မဟာ(၃) ထိန်းချုပ် နယ်မြေ ၀န်ဂေါဘွမ်မှာ ရှိသည့် ဒုက္ခသည်စခန်းမှ ဒုက္ခသည်တွေက တဖက် တရုတ်နိုင်ငံနှင့် စစ်ဘေး လွတ်သည့် နေရာများသို့ ပြောင်းရွေ့ဖို့ စီစဉ်နေကြသော်လည်း ဒုက္ခသည် စခန်းကို ထိန်းချုပ် ထားသည့် ကေအိုင်အို တိုင်းအုပ် ချုပ်ရေး မှူး မှထွက်ခွါခွင့် မပြုကြောင်း သိရှိရသည်။

KIA အဖွဲ့၏ မပြီးဆုံးသေးသော အကြမ်းဖက်မှုများ

Posted by drmyochit Monday, January 14, 2013, under | No comments

ယခု ရက်ပိုင်း အတွင်း မန္တလေး -မြစ်ကြီးနား လမ်းပိုင်းတွင် KIA အဖွဲ့၏ မိုင်းခွဲ တိုက်ခိုက် မှုများ ပိုမို စိတ်လာ သည်ကို သတိထား မိခဲ့သည်။ ယခင်က ရထားလမ်း တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း ရထား သံလမ်းများကို မိုင်းခွဲ ဖျက်ဆီးခြင်းသာ ရှိခဲ့သော်လည်း ယခုအခါ ညအချိန်တွင် သွားလာသော ခရီးသည်တင်ရထားများကိုပါ တိုက်ခိုက် လာတာကိုတွေ့ရှိရပါသည်။

မြစ်ကြီးနား မန္တလေး လူစီးရထားတွဲကို ဗုံးခွဲသည့်အတွက် လိုင်ဇာကို ဆုံးမ ပစ်ခတ်ခဲ့

Posted by drmyochit Monday, January 14, 2013, under | No comments


ကေအိုင်အေ မိုင်းထောင်မှုကြောင့် ပျက်စီးခဲ့သော ရထားနှင့် ဆုံးမပစ်ခတ်သဖြင့် ပျက်စီးခဲ့သော ကေအိုင်အေ လက်နက်တိုက်အနီးရှိ လူနေတဲတစ်လုံး

မြစ်ကြီးနား မြို့မှ ထွက်ခွာလာသည့် အမှတ်(၃၄) အစုန် မြစ်ကြီးနား- မန္တလေး အထူးအိပ်စင် ရထားအား မနေ့ က နံနက် ၃ နာရီ ၁၅မိနစ် ခန့်တွင် ကေအိုင်အေမှ မိုင်းထောင် တိုက်ခိုက်ခဲ့သည့်အတွက် မိုင်း  ထောင်၊ ဗုံးခွဲ၊ ဆက်ကြေးကောက် လူသစ်စုလျှင် လိုင်ဇာ ဌာန ချုပ်သို့ ပစ်ခတ်မည်ဟု သတိပေးထားသည့် အ တိုင်း ယနေ့တွင် ပစ်ခတ် ခဲ့ကြောင်း သိရသည်။

ရထားမိုင်းခွဲ ကေအိုင်အေနှင့် ကေအိုင်အေ မီဒီယာတို့၏ ပူးပေါင်း လိမ်လည် သည့် ဓာတ်ပုံများ

Posted by drmyochit Monday, January 14, 2013, under , | No comments

အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ကေအိုင်အေ တို့အ နေဖြင့် အကြမ်းဖက် မှုများအား ဆက်တိုက် လုပ်ဆောင် ခဲ့ကြသည်။ မိုင်းခွဲ၊ လူစု၊ ဆက်ကြေးကောက် မီဒီယာများ သတင်းတင်ပြနိုင်ပါလျှက် မည်သည့် မီဒီ ယာမှ မဖော်ထုတ်ခဲ့ကြ။ တိုင်းမှူးမှ လဂျားယန်သို့ အုပ်ချုပ်မှု ကိစ္စဆောင်ရွက် ရန် အကြောင်းကြား သည် ကို ငြင်းဆိုသည်မှ စ၍ ကေအိုင်အေ တို့ အခြေအနေမှာ ယခုအတိုင်း ဖြစ်ခဲ့သော်လည်း မီဒီယာတို့က အတည် မပြု ၀ံ့ကြ။

လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး ဒဏ်ရာရ ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၉ မိနစ်

Posted by drmyochit Monday, January 14, 2013, under | No comments


Photo: The immediate aftermath of the mortar attack on Laiza on the morning of January 14, 2013. (PHOTO: EEDY NEWS)

အစိုးရ တပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိ ရာ လိုင်ဇာမြို့၏ 'မြစ်ကြီးနား ဟိုတယ်' အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ သုံးဦးသေ ဆုံးကာလေးဦး ဒဏ်ရာ ရရှိ သည် ဟု လိုင်ဇာမြို့ခံများက ပြောသည်ဟု မဇ္ဈိမ သတင်းဌာန က ဖော်ပြသည်။ 

အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲ မြန်မာအသင်း ရွှေတံဆိပ် ၉ ခု ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် ပထမရ

Posted by drmyochit Monday, January 14, 2013, under | No comments

ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှ တံခွန် စိုက် မြားပစ် ပြိုင်ပွဲနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အကြို ဆန်း စစ် မြားပစ် ပြိုင်ပွဲ တတိယနေ့ ပွဲစဉ် များကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဝဏ္ဏ သိဒ္ဓိ မြားပစ် ပြိုင်ကွင်း၌ ဆက်လက် ကျင်းပ ရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းနှင့် တာဝန်ရှိ သူများ တက် ရောက် ကြည့် ရှု အားပေးကြသည်။

လိုအပ်ချက်ကြောင့် ညပိုင်းတွင် အလုပ်လုပ်စားရသော မိန်းကလေးများအား KIA ခေါင်းဆောင် များမှ ခေါ်ဆောင်၍ သားမယား အဖြစ် ပြုကျင့်

Posted by drmyochit Monday, January 14, 2013, under | 2 comments

အစိုးရတပ်များနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း KIA ထိန်းချုပ်မှုအောက်ရှိတဲ့ ရွာတွေက လူအားလုံး လိုင်ဇာမြို့ ကို ရွှေ့ခိုင်းပြီး ဒုက္ခသည်များအဖြစ် နေထိုင်စေခဲ့ပါတယ်။ အစပိုင်းမှာတော့ ဆန်နဲ့စားစရာ အသင့် အတင့် ရရှိပြီး အချိန်ကာလကြာမြင့်လာတဲ့နောက်မှာ ထမင်းဝအောင် မစားရတဲ့ အခြေ အနေတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။ 

မီဒီယာသမားများအား တရားစွဲဆိုမည်ဆိုပါက The Voice အယ်ဒီတာ ဦးကျော်မင်းဆွေတို့၏ စာနယ်ဇင်းကောင်စီသို့ တင်ပြရမည်

Posted by drmyochit Monday, January 14, 2013, under | No comments

မီဒီယာ သမားများအား တရားစွဲဆိုမည်ဆိုပါက စာနယ်ဇင်းကောင်စီ အနေဖြင့် ကြားဝင်ငြိနှိုင်းပေး မည်ဟု စာနယ် ဇင်းကောင်စီ(ယာယီ) အတွင်းရေး မှူး ဦးကျော်မင်းဆွေက ပြောပါသည်။

ရှမ်း တိုင်းရင်းသား များ KIA ကိုဆန္ဒပြမည်

Posted by drmyochit Monday, January 14, 2013, under | No comments

မြစ်ကြီးနားမြို့ တွင်စစ်ဘေးရှောင်နေသော ရှမ်းတိုင်းရင်းသား စိုင်းကျော်အောင် မှမြစ်ကြီးနား မြို့တွင်နေ ထိုင်သော ကချင် တိုင်းရင်း သား များနှင့် ရှမ်းတိုင်းရင်း သားများအား စုစည်းပြီးမနက်ဖြန် ဇန်နဝါရီ လ ၁၄ ရက်နေ့ တွင် KIAသောင်း ကျန်းသူများ အား ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရ သည်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ

Posted by drmyochit Monday, January 14, 2013, under | No comments


ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု ကထန်ရွာမှာ ဒီကနေ့ မနက်က အစိုးရ တပ်နဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ အတွက် ဒေသခံပြည်သူ တစ်သောင်း ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။ဒေသခံပြည်သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာရွာတွေ ဘက်ကို ထွက်ပြေး တိမ်းရှောင် လာတာ တစ်သောင်းပတ်ဝန်းကျင်လောက်ရှိနေပြီ လို့ ဒေသခံတွေက RFA ကို ပြောပါ တယ်။

ဇန်န၀ါရီလ ၁၂ရက် ညနေပိုင်းမှာ အစိုးရ စစ်ယာဉ် တန်း ၁၇စီးလောက်ဟာ လုံးခင်းကျေး ရွာပတ် ဝန်း ကျင် တဝိုက်ကို ဝင်ရောက်လာပြီး တပ်စွဲ ထားခဲ့ရာ၊ ဒီကနေ့ မနက်ပိုင်း ၆နာရီလောက်က ကေအိုင်အေ တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည် သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာ ရွာတွေ ဘက် ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။

VOA မှဖော်ပြသည့် ကချင်ဒေသ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ သတင်း

Posted by drmyochit Monday, January 14, 2013, under | No comments


ကချင်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေုတုန်းဖြစ်ပါတယ်။ အစိုးရဘက်က ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အေ ဌာနချုပ်နဲ့ မိုင် အစိတ်လောက်အကွာ နေရာတခုနဲ့ ၆ မိုင်အကွာ ဒေသတခု တို့မှာ ခြေလျှင် ထိုးစစ် ဆင်နွဲနေသလို လေယာဉ်ကလည်း ကူညီပစ်ခတ်ပေးနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါ တယ်။ ကေအိုင်အေအဖွဲ့ရဲ့ တပ်မဟာ (၃) ဒေသမှာ အစိုးရရဲ့ ခြေလျှင်ထိုးစစ်မှာတော့ အထိ အ ခိုက် များ တာကြောင့် ပြန်ပြီးဆုတ်ခွာသွားရာမှာ စစ်သုံး ပစ္စည်းတွေနဲ့ လက်နက်ကြီးတချို့ကို KIA ဘက် က သိမ်းဆည်း ရမိလိုက်တယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခွာ ညိုက တင်ပြထားပါတယ်။ 

ကချင်ပြည်နယ်ဘက်မှာ အစိုးရနဲ့ ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေကြား ကချင်ဌာနချုပ်ရှိရာ လိုင်ဇာ အနီး မှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ရာမှာ သုံး-လေးလကြာ တိုက်ပွဲတွေ မရှိဘဲ ငြိမ်သက်နေခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ (၃) ဘက်မှာလည်း ဒီကနေ့မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ် ခဲ့ကြောင်း KIA ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်