Thursday, January 17, 2013

ဘုရား သခင် မျက်ရည်ကျပြီ- သို့တည်းမဟုတ်- ဘုရားသခင် အမြတ်ထွက်ပြီ တစ်ဖုံ ကေအိုင်အေမှ တပ်မတော်ကို ပစ်တဲ့ လက်နက်ကြီး. တပ်မတော် စခန်းပေါ် မကျပဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုသွားထိလို့ဗျို့

ဇန်န၀ါရီလ (၁၆)ရက်နေ့ မွန်းလွဲ(၃) နာရီ အချိန်တွင် KIA အကြမ်းဖက် သောင်းကျန်း သူများ က မြန်မာ့ မျိုးချစ် တပ်မတော် စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ရာမော်ဝမ်း ကျေးရွာရှိ နှစ်ခြင်း ခရစ်ယန် အသင်းတော်၏ ဘုရားရှိခိုး ကျောင်းဆောင်အား လက်နက်ကြီး ကျရောက် ထိမှန်ခဲ့ကြောင်း သိရှိရသည်။

ကေအိုင်အေတို့ အတင်းဖမ်းဆီးခေါ်ဆောင်သွားသော ၁၅ နှစ်အောက်ကလေးငယ်များနှင့် အသက် ၅၀ကျော် သက်ကြီး ရွယ်အိုတို့ စာရင်းအတိအကျဖြင့် ဖွင့်ချပြီ

မြစ်ကြီးနား မြို့နယ် အတွင်းရှိ ကျေးရွာများမှ အရွယ် မရောက် သေးသူများ ကို စစ်မှုထမ်း ဆောင်ရန် KIA အကြမ်းဖက် သောင်းကျန်း သူများ မှ ဖမ်းဆီး ခေါ်ဆောင် သွားပါသည်။

ဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖေါက်နေသော Eleven Media Group အားအရေးယူပေးပါရန်။

Posted by drmyochit Thursday, January 17, 2013, under | No comments

စာရေးသူ သီရိမင်းကျော် ဆိုသူမှာ ဘာသာ စကား(၃)မျိုး တတ်ကျွမ်းပြီး Higher Grade Pleader တွင် အလုပ် လုပ်ပါသည်ဟု သူမ၏ စာမျက်နှာတွင် ဖော်ပြထားသူ ဖြစ်ပါသည်။ Eleven အင်တာနက် စာမျ က်နှာ မှ Share လုပ်သူများပါ အရေးယူမည့် စာသားများကြောင့် ကျွန်မကို တရားစွဲပါဟု ကြွေးကြော် ခဲ့ သူဖြစ် သည်။ ကေအိုင်အေနှင့် အွန်လိုင်း ဆွေးနွေးမှုလုပ်ခြင်းသည် တရားဝင် နည်းလမ်းဆိုပါက သူမ၏ အွန် လိုင်း မှ အရေးယူပေးပါရန် တိုင်ကြားချက်အားလည်း အစိုးရအဖွဲ့မှ တစ်ခုခု လုပ်ဆောင်လိမ့်မည်ဟု မျှော် လင့်ရင်း ထပ်ဆင့်ဖော်ပြလိုက်ပါသည်။
========================

မြန်မာတွေ ဘယ်တော့မှ မကြောက်တတ်

Posted by drmyochit Thursday, January 17, 2013, under | No comments

Hot News ကို ဖတ်လာတာကြာပြီ။ ဖတ်ပဲဖတ်ခဲ့တယ်။ ကြိုက်လို့ကို ဖတ်တာ။ ခုတော့ ၀င်ရေးစရာလေးဖြစ် လာတယ်။ ဆရာနန်းဦက “မြန်မာတွေ ကြောက်တတ် သလားဟေ့” လို့ မေးနေပြီ။ စစ်တမ်းတစ် ခုအနေနဲ့ကောက်ရင် မြန်မာတွေမကြောက် တတ်လို့ဖြေလိုက်ပါမယ်။

စစ်ပွဲအခြေအနေ ပြင်းထန် လာပါက ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန် ပြည်နယ် က လက်ခံနိုင်ရန် စီစဉ်

Posted by drmyochit Thursday, January 17, 2013, under | No comments

တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားနေသော စစ်ပွဲ အခြေအနေ ပြင်းထန်လာပါက ကချင် စစ်ပြေး ဒုက္ခ သည် များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေဟောင်ဒေးနှင့် ကျင်ပို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ဒေသ ခံ အုပ်ချုပ်ရေးအဖွဲ့များက ကချင်ပြည်နယ်မှ ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်များကို လက်ခံနိုင်ရန် စခန်းလေးခု တည်ဆောက်ရန် စီစဉ်နေကြောင်း The Global Times တွင်ဖော်ပြထားချက်အရ သိရသည်။ 

ရိုဟင်ဂျာ ၄၉ ဦး ဘင်္ဂလားဒေ့ရှ်မှ မြန်မာသို့ ပြန်ပို့

Posted by drmyochit Thursday, January 17, 2013, under | No comments

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၄၉ ဦးကို ကော့ဘဇားခရိုင်မှ မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ က ပြန်ပို့လိုက်သည်ဟု သိရသည်။ တနေရာစီမှ ဖမ်းမိခဲ့သည့် ၎င်းတို့အနက် ၂၆ ဦးကို မွန်းလွဲ ၂ နာရီ ကလည်းကောင်း၊ အခြား ၂၃ ဦးကို ညနေ ၅ နာရီကလည်းကောင်း အစားအစာများဖြင့် ပြန်ပို့ လိုက် သည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းတရပ်တွင် ရေးသားထားသည်။

တရုတ်နိုင်ငံထက် မြန်မာနိုင်ငံ ပိုလွတ်လပ် လာကြောင်း Freedom House ထုတ်ပြန်

Posted by drmyochit Thursday, January 17, 2013, under | No comments

လက်ရှိမြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ ထက် ပိုပြီးလွတ်လပ်လာကြောင်း မနေ့ကထုတ်ပြန်တဲ့ အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၃ခုနှစ် ကမ္ဘာတစ်ဝှန်း လွတ် လပ် မှုဆိုင်ရာ အစီရင်ခံစာက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု EU သတိပေး

Posted by drmyochit Thursday, January 17, 2013, under | No comments

ကချင်ဒေသတွင်းစစ်ပွဲတွေ ရပ်ဆိုင်းရေး ဆန္ဒပြနေကြသော ထိုင်းနိုင်ရောက် ကချင်-မြန်မာတိုင်း ရင်းသား များ။ 



မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေး တပ်တို့ အပြန် အလှန်တိုက်ပွဲတွေကြားမှာ မြန်မာဘက်က လက်နက်ကြီးကြောင့် ကချင် အရပ်သား ၃ ဦး သေဆုံး သွားတဲ့နောက် ကချင်ပြည်နယ်က ပဋိပက္ခတွေအပေါ်မှာ နိုင်ငံတကာ စိုးရိမ်ပူပန်မှုတွေ တိုးလာပါတယ်။ ကချင် အရေး ကိစ္စနဲ့ ပတ်သက်လို့ တချိန်က မြန်မာကို ကိုလိုနီပြုခဲ့တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ပိုပြီး ကူညီ ဆောင် ရွက်ပေး သင့်တယ်လို့ ကချင်အရေး လှုပ်ရှား သူတွေက ပြောကြပါတယ်။ 

အမျိုးသားညီလာခံ ကာကွယ်တဲ့ဥပဒေကို ရုပ်သိမ်း

Posted by drmyochit Thursday, January 17, 2013, under | No comments


မြန်မာနိုင်ငံမှာ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို အရေးယူ အပြစ်ပေးနိုင်တဲ့ အရင်စစ်အစိုးရ လက် ထက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတရပ်ကို ဖျက်သိမ်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။

ညောင်တုန်းမြို့နယ်ရှိ တောင်သူများ၊ ရေလုပ်သားများ ကိုယ်ကျိုးနစ်နာဆုံးရူံးမှုများအတွက် ဆန္ဒထုတ်ဖော်

Posted by drmyochit Thursday, January 17, 2013, under | No comments

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ တောင်သူ လယ် သမားများ၊ ရေလုပ်သားများ သည် အင်အား(၄၀၀)ခန့်သည် (၁၇-၁-၂၀၁၃)နေ့ နံနက် ၁၀ နာရီခွဲမှ စတင် ကာ ညောင်တုန်းမြို့နယ်တွင် ကိုယ်ကျိုး နစ်နာ ဆုံးရူံးမှု များ အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော် ထုတ်နေကြောင်း သတင်း ရရှိပါသည်။

Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား

Posted by drmyochit Thursday, January 17, 2013, under , | No comments

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။

ရန်ကုန်မှ မိုင်ရှစ်ရာကျော်ဝေးသည့်လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်မည်

Posted by drmyochit Thursday, January 17, 2013, under | No comments

ရန်ကုန်၊ ဇန်န၀ါရီ ၁၆။

ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော်ဝေးကွာသည့် ကချင်ပြည်နယ်၊ လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံတော်ကို လမ်းလျှောက် သယ်ဆောင်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ဦးက ပြောကြား သည်။ 

ကေအိုင်အေ အဖွဲ့က ရွာသူ ရွာသား ၄၅ ဦးအား ဖမ်းဆီး ခေါ်ဆောင်၊ ယာဉ်များအား ဆက်ကြေး ကောက်ခံခဲ့

Posted by drmyochit Thursday, January 17, 2013, under | No comments

နေပြည်တော် ဇန်နဝါရီလ ၁၆

ယနေ့ မွန်းလွဲ ၁နာရီ ခန့်တွင် ကေအိုင်အေ အဖွဲ့မှ အင်အား ၂၅ ဦးခန့်သည် မြစ်ကြီးနား မြို့နယ် အာလမ် ကျေးရွာအုပ်စု အူဗျစ် ကျေးရွာရှိ ရွာသူ ရွာသား ၄၅ ဦးအား ဝင်ရောက် ဖမ်းဆီးသွား ခဲ့ကြောင်း၊ ဖမ်းဆီး ခံရသူများ ထဲတွင် ကျောင်းသား ၉ ဦး၊ တောင်သူ ၁၅ ဦး၊ အခြား ၃၀ ဦးပါရှိ ကြောင်း၊ ဖမ်းဆီး ခေါ် ဆောင်ခံရသူ များတွင် အသက် ၁၃နှစ်မှ အသက် ၄၀ အတွင်းရှိ လူငယ် လူရွယ် အမျိုးသား များပါရှိကြောင်း သိရှိရသည်။

ကလို့ထူးဘော DKBA နဲ့ BGF တို့ကြား တင်းမာမှု

Posted by drmyochit Thursday, January 17, 2013, under | No comments


ကလို့ထူးဘော DKBA အဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့ ဒီလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တင်းမာမှု ပြဿနာ မှာ အသိမ်းခံခဲ့ရတဲ့ လက်နက်အလက် ၄၀ ကို ဒီကေဘီအေ အဖွဲ့က ပြန်လည်ပေးအပ်ခြင်း မရှိသေးဘူးလို့ နယ်ခြားစောင့်တပ်ရင်း ၁၀၁၅ ရဲ့တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင်စိန်ကပြောပါတယ်။

တပ်မတော်သားတွေကို နိုင်ငံတော်ကသာ ထောက်ပံ့ဖို့ လွှတ်တော်မှာဆွေးနွေး"

Posted by drmyochit Thursday, January 17, 2013, under | No comments

တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော် ဘတ်ဂျက်ထဲ ထည့်စေပြီး တပ်မတော်သားတွေရဲ့ ခံစားခွင့်တွေကိုတော့ နိုင်ငံတော်ကပဲ အပြည့် အဝ ဘတ်ဂျက် ချပေးစေ လိုတယ် လို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပဉ္စမ ကာလတိုငါးနှစ် အမျိုး သား စီမံကိန်းမူကြမ်း (၂ဝ၁၁/၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၅/၂ဝ၁၆ ဘဏ္ဍာရေးနှစ်ထိ) ဆွေးနွေးရာမှာ မွန်ပြည် နယ် မဲဆန္ဒနယ်က ဒေါက်တာဗညားအောင်မိုး က ပြောသွားပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်