From : ခေတ်သစ်
ဖားကန့်မြို့ပေါ် စမ်းသီတာရပ်ကွက်သို့ (၁၈-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၁၀၀၀)ချိန်ခန့်တွင် KIA အကြမ်း ဖက်သောင်း ကျန်းသူ ခေါင်းဆောင်စီစစ်ဆဲ အင်အား(၁၀)ဦးရောက်ရှိလာကြောင်း၊ စမ်းသီတာ ရပ်ကွက် အတွင်းနေ ထိုင်သော ကိုအောင်စိုးလွင်နှင့်ဒေါ်အာပူ နေအိမ်သို့ ရောက်ရှိလာပြီးနေအိမ်ပေါ်မှ လူများ အောက် သို့ဆင်းကာ ဖယ်ရှားပေးရန် ပြောဆိုခဲ့ပါသည်။
From : myanmar age
အမေရိကန်မှ ဂျင်နရယ်အီလက်ထရစ်ကုမ္ပဏီ GE၏ အရှေ့တောင်အာရှဆိုင်ရာ အမှုဆောင်အရာရှိချုပ်
စတူး ဝပ်ဒင်းက ၎င်းတို့သည် မြန်မာတွင် လာမည့်နှစ် အနည်းငယ်အတွင်း နှစ်စဉ်ဒေါ်လာသန်း ၅၀၀ ပမာဏ အထိ ရရှိနိုင်ကြောင်း ပြောကြားလိုက်သည်။
KIA အကြမ်း ဖက်သောင်း ကျန်းသူ အဖွဲ့ တပ်မဟာ(၂) ကျန်းမာရေးဌာနမှ ဆေးဆရာမ မယိမ်းဝမ် (၂၄)နှစ်၊ (ဘ)ဦးယော်ယိမ်း၊ တဘက်ယန်ကျေးရွာ၊ဝိုင်းမော်မြို့ နေသူနှင့် မဘောက်ဆိုင်း(၂၄)နှစ်၊ (ဘ) ဦးလရှန်အောင်မြတ်၊ ဗအောင်သပြေရပ်ကွက်(၂)၊ မိုးညှင်းမြို့ နေသူတို့ (၂)ဦးသည်စစိန်မှတဆင့်
တောလမ်းကြောင်း အတိုင်း KIA ဝါရာဇွတ်တိုက်နယ်ဆေးရုံ လော့ဒ်ဂျာသို့  ဇန်နဝါရီလ(၁၉)ရက်နေ့ 
တွင်ရောက်ရှိခဲ့ပြီးစစိန်အနီးတဝိုက်တွင် ဒဏ်ရာရရှိခဲ့ သော KIAအကြမ်းဖက်သောင်းကျန်းသူများအား
From :the voice
နိုင်ငံတော်အတွက်၊ ပြည်သူ့အတွက် ဟုဆိုကာ ဆန္ဒပြသူများ၊ သမဂ္ဂများ၊ အသင်းအဖွဲ့များ အများအပြား ရှိကာ အခွင့်အရေးများ နှင့် လိုချင်တာများတောင်းဆိုကြသည့် ရန်ကုန်မြို့တွင် လူထုကျန်းမာရေး အတွက် လက်တွေ့အနစ်နာခံလုပ်ဆောင်သူမှာ မီးသတ်ရဲဘော်များသာ ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဆွေးနွေးပွဲလုပ်လိုကြောင်း အကြောင်း ကြား ခဲ့သည်။ အကြောင်းကြားချက် မှာ.
မြန်မာ့ မျိုးချစ် တပ်မတော်က ယမန်နေ့ ကစတင်ပြီး KIA အကြမ်းဖက် သောင်း ကျန်းသူ များအား အပစ်အခတ် ရပ်စဲထားကြောင်းသိရှိရသည်။အဆိုပါ အပစ် ရပ်ဆိုင်း ထားခြင်းမှာ KIAသောင်းကျန်း သူများ အနေဖြင့် ၄င်းတို့ရဲ့ အကြမ်းဖက် လုပ်ရပ် များအား ပြန်လည် စဉ်းစား သုံးသပ်ပြီးမြန်မာ မျိုးချစ် တပ်မတော်ရဲ့ စေတနာ အမှန်တွေကို သိရှိ နားလည် ကာလက်နက် ချအလင်း ဝင်ရောက်ရန် အ တွက်ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်မှာငြိမ်းချမ်းရေး ပြန်ပျက်တော့ ပြည်နယ်သူ၊ ပြည်နယ်သား အများစု စိတ်မချမ်းမြေ့ ကြပါဘူး။ ငြိမ်းချမ်းရေး ကာလတုံးက အေးအေး ချမ်းချမ်း သွားလာ နေထိုင်လို့၊ ရှာဖွေ စားသောက်လို့ ရတယ်။ အကောင်းဆုံးကတော့ အကြောက် တရားကနေ ဝေးနေရတာပဲ။ အကြောက်တရား ဆိုတာ တပ် မတော် ဘက် ကို ကြောက်ရသ လို၊ ကေအိုင်အေဘက် ကို ကြောက်ရတာလည်း ပါပါတယ်။ ကချင်ပြည် နယ် အကြောင်း ပြောတဲ့အခါ လူတွေက စစ်တပ်ဘက်က ကျူးလွန်ခဲ့တဲ့ အဖြစ်တွေကိုပဲ ပြောကြပေ မယ့် ကချင်ပြည် နယ် လူထုက စစ်တပ်ကို ကြောက်တာထက် ကေအိုင်အေကို ပိုကြောက်ပါ တယ်။
သည် ဓါတ်ပုံ တွေနဲ့ ပါတ်သက်ပြီး ကျွန်တော်
ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေ ဖက်သူ ငယ်ချင်း ကချင်ပြည်နယ် စစ်ဆင်ရေး ကနေ တပ်ပြောင်းပါလို့
မန္တလေးမှာ ပေးခဲ့တာပါ ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ် အပျက် လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို
ပြန် share တာပါ
""ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့်
သွားတဲ့ လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်ရတယ်ဆိုပဲ
ည ၈နာရီလောက် ကျတော့ ဒီရွာ လေးကို ရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေရတာဆိုတော့
ညစာသီး သန့်မချက် ဘူးတဲ့ နေ့လည် စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲထည့်ပြီးတော့
အဆင်ပြေ တဲ့ အချိန်စား ရတာပေါ့။
From
: yangon media group
ပထမအကြိမ်
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် ကို ယနေ့ ၁၉-၁-၂၀၁၃
(စနေနေ့) နံနက်၉ နာရီမှ ၁၀ နာရီအထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန (MICC) တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
မိမိအကြောင်း မှန်တာပြောကာ ဝေဖန်သူတွေ့သမျှလူ အကုန် ဘန်း နေသည့် Eleven Media အား လူအများ စိတ်ပျက် လျှက်ရှိကြောင်း သတင်းရရှိသည်။
"ခွေးမသား Eleven ငါ့ကို ဘမ်းထားတယ်ကြည့်စမ်း ။ ရှယ်တယ်ကွာဘာဖြစ်တုန်းဆိုတဲ့ ကွန်းမန့်လေး တစ်ကြောင်းပဲပေး မိပါတယ်ကွာ။ တော်တော်အောက် တန်းကျတာပဲ။ သူတို့က အစိုးရကို ဝေဖန်လို့ အစိုးရ က ဘမ်းရင်တော့ ဟိုပြော ဒီပြော ပြောဦးမယ်။ တော်တော် တရားဖို့ကောင်းတယ်ကွာ ခုမှသိတယ် ငါ့မလည်း ဒီလောက်နဲ့တော့ မဘမ်းလောက် ဘူးထင်တာပေါ့။ ငါ-ိုးမ Eleven -ီးပဲကွာ Unlike လုပ်တယ်ကွာ အဟက်ခံရတာနည်းတောင်နည်းသေးတယ်"
From : ဧရာဝတီ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေး အခြေ အနေများကို မျက်ကွယ်ပြု မထားကြောင်း ဦးသန်းရွှေထံ အခါ အားလျော်စွာ သွားရောက် လည်ပတ်လေ့ ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်
( ၃ / ၂၀၁၃ )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၃ / ၂၀၁၃ )
၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ၇ ရက်
( ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက် )
၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များက လဂျားယန် တပ်မတော် စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှ စတင်ပြီး ဝန်းရံ ပိတ်ဆို့ ထားခြင်း၊ လဂျားယန် စခန်းသို့ ရိက္ခာပို့ဆောင် သည့် တပ်မတော် စစ်ကြောင်းများကို ချုံခို တိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး ကို အများပြည် သူများ အသုံးမပြု နိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့သည့် အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/KIA ခြေကုတ် စခန်းများအား တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ ရသည်။
(၁၆-၁-၂၀၁၃)ရက်နေ့နံနက်ပိုင်း (ဝ၈၄၅)ချိန်တွင် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၏ အနောက်ဖက် (၄)မိုင်ခန့် အကွာရှိ မော်ဟန်-နန့်မချီမှော်သွားလမ်း၊ ပိုင်ဝင်ချောက်အနီး၊ ခန့်မှန်းမြေပုံညွှန်း (KH ၁၃၅၂၈၉) ၌ KIA ရင်း (၂၆)လက်အောက်ခံ အင်အား (၆ဝ)ဦးခန့် (ခေါင်းဆောင်စိစစ်ဆဲ)တို့သည် လက်နက် မျိုး စုံကိုင်ဆောင်လျက် အခြေပြု လှုပ်ရှားနေကြောင်းနှင့် နန့်မချီမှော်တွင် ဆက်ကြေးငွေ များကို လည်း တောင်းခံနေကြ စားသောက်ရေးအတွက် အခက် အခဲများ ဖြစ်နေကြောင်း သိရှိရပါသည်။
ပင်လုံညီလာခံအစ
ကချင်ပြည်နယ် ပေါ်ပေါက်လာသော သမိုင်းသည် ပင်လုံညီလာခံမှ စတင်ခြင်း ဖြစ်သောကြောင့် ပင်လုံ ညီလာခံ အကြောင်း အနည်းငယ် ပြန်ပြောဖို့ လိုပါသည်။ အားလုံး သိပြီး ဖြစ်သည့် အတိုင်း ၁၉၄၇ ခုနှစ် ဇန်န၀ါ ရီလမှာ ဗိုလ်ချုပ်တို့ လန်ဒန်ကို သွားပြီး လွတ်လပ်ရေးအတွက် အရေးဆိုတဲ့ အချိန်တွင် နောက်ပိုင်း ကနေ ရှမ်းစော်ဘွားများက ကန့်ကွက်စာ ပေးပို့ခဲ့တာ အားလုံး သိပြီး ဖြစ်ပါသည်။ သို့သော် ရှမ်းစော် ဘွားတွေလိုပင် ဗန်းမော် တောင်တန်း ဒေသက ကချင် ခေါင်းဆောင်များနဲ့ စော်ဘဦးကြီးရဲ့ ကရင် အမျိုး သား အဖွဲ့ချုပ်တို့က ဗိုလ်ချုပ်တို့ဟာ တောင်တန်းသားများကို ကိုယ်စား မပြုဘူး ဆိုပြီး ကန့်ကွက်တဲ့ ကြေးနန်း များ ပေးပို့ခဲ့သည်ကိုမူ သိသူ နည်းပါသည်။
KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၁)တွင် ပြီးခဲ့သည့်လက မြစ်ကြီးနား မြို့နယ်၊ အာလမ်ကျေးရွာ နှင့် အူဗျစ် ကျေးရွာများမှ ဖမ်းဆီးထားသော အရပ်သား ၄၄ ဦး အနက် အမျိုးသား ၆ ဦး သည် ၁၆-၁-၂၀၁၃ ရက်နေ့တွင် ပြန်လည် ထွက်ပြေး လွတ်မြောက်လာခဲ့ ကြောင်း သိရှိရသည်။