Monday, January 21, 2013

အာလမ်ရွာနှင့် အူဗျစ်ရွာမှ KIA ဖမ်းသွားသည့် လူများအနက်မှ (၆) ဦးထွက်ပြေးလွတ်မြောက်

Posted by drmyochit Monday, January 21, 2013, under | No comments

မြစ်ကြီးနား ဇန်န၀ါရီလ (၂၁) ရက်


မြစ်ကြီးနား အူဗျစ်ရွာနှင့် အာလမ်ရွာမှ (၁၅) ရက်နေ့ ညပိုင်းအချိန်တွင် ကေအိုင်အေ ရင်း (၁၁) အဖွဲ့မှ ကျောင်းသားလူငယ်တွေအပါအ၀င် (၄၄) ဦးကိုဖမ်းဆီးသွားခဲ့ပါသည်။ ဖမ်းဆီးသွားသူများအထဲမှ (၆) ဦးမှာ (၁၉) ရက်နေ့ ညနေ (၃) နာရီခွဲခန့်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရှိရသည်။ ထွက်ပြေး လွတ်မြောက် လာသူများမှာ -

ဒုက္ခသည်များ၏ တောင်းဆိုမှုကြောင့်ဆိုပြီး KIA ငြိမ်းချမ်းရေးကို လက်ခံတော့မည်လား

Posted by drmyochit Monday, January 21, 2013, under | No comments


ကေအိုင်အေမှ လိုင်ဇာဒေသရှိ ဒုက္ခသည်များနှင့် ပြည်သူများအား ဆန္ဒပြမှု လုပ်ဆောင်စေခိုင်းခဲ့ပြီး အဆိုပါ ဆန္ဒပြပွဲတွင် ကေအိုင်အေ အပေါ် ထိုးစစ်ရပ်တန့်ရေး၊ ဒုက္ခသည်များကို စာနာထောက်ထားရေး တို့အပြင် ကေအိုင်အေနှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို ကြွေးကြော်ခိုင်းခဲ့ကြသည်။ ထိုသို့ ကြွေးကြော်ခိုင်းခဲ့ခြင်းမှာ ကေအိုင်အေ အနေဖြင့် တပ်မတော်၏ တိုက်ခိုက်မှုများကို ခုခံနိုင်ရန် အင်အား မရှိတော့ခြင်း၊ ဒေသခံ ကချင်လူမျိုးများက မထောက်ခံကြတော့ခြင်းနှင့် ဒုက္ခသည် စခန်းအတွင်း ကေအိုင်အေ၏ လုပ်ရပ်များကို မကျေမနပ်ဖြစ်မှုများ များပြားလာခြင်းတို့ကြောင့် ဖြစ်သည်။

KIO တိုက်နယ်မှူးမှ ရွာများတွင် ဆန်နှင့်ငွေများတောင်းခံ

Posted by drmyochit Monday, January 21, 2013, under | No comments

ဝိုင်းမော် ဇန်န၀ါရီ လ (၂၁) ရက်
KIO ၀ါရှောင်တိုင်နယ်မှူး ဇွတ်မိုင်မှ နန့်မြင့် ရွာရှိစာသင်ကျောင်းအနီးတွင် နေထိုင်ပြီး အနီးပတ် ၀န်းကျင်ရှိ နန့်ဝါရွာတို့ရှိ အုပ်ချုပ်ရေးမှူးတို့ကို အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)တင်းတောင်းခံခဲ့ကြောင်း သိရှိရသည်။ ဆန်မပေးနိုင်ပါက ငွေ (၁၅၀၀၀) ကျပ်နှုန်းတောင်းခံနေကြောင်း သိရှိရသည်။

မန်ဝိန်းကြီးရွာမှ ကျောင်းသားများ KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိသဖြင့် (၁) ဦးသေဆုံး (၂) ဦးဒဏ်ရာရ

Posted by drmyochit Monday, January 21, 2013, under | No comments







မန်စီ ဇန်န၀ါရီလ (၂၁) ရက်
မန်စီမြို့။ မန်ဝိန်းကြီးရွာမှ ကျောင်းသား (၃) ဦးသည် ယမန်နေ့မနက် (၈) နာရီခန့်တွင် ရွာမှ ကိုက်ထိပ် သွားလမ်း တွင် ဟင်းသီးဟင်းရွက်ရှာရန် ဆိုင်ကယ်ဖြင့်သွားစဉ် KIA ထောင်ထားသော မိုင်းနင်းမိပြီး (၁) ဦးသေဆုံး ကာ (၂) ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖားကန့်တွင် ဒေသခံတစ်ဦး KIA ထောင်ထားသော မိုင်းနင်းမိ

ဖားကန့် ဇန်န၀ါရီလ ၂၁ ရက်
ဇန်န၀ါရီလ (၁၅) ရက်နေ့ မနက် (၉)နာရီခန့်တွင် တောမှော်ရွာမှ ဒေသခံတစ်ဦး ၎င်းပိုင်ဆင်ကို သွားရောက် သိမ်းစဉ် ရွာထိမ်၌ ကေအိုင်အေထောင်ထားသော မိုင်းနင်းမိခဲ့သည်။ မိုင်းနင်းမိသည့်အတွက် ညာ ဘက်ခြေထောက်နှင့် ဘယ်နံကြားတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူကို ဗင် ကားဖြင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ပြီးကုသမှုခံယူနေကြောင်း သိရှိရသည်။

ကေအိုင်အို ဌာနချုပ်အစည်းအဝေးတွင် KIA ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာရ ထားသောကြောင့် မတက်ရောက်နိုင်

Posted by drmyochit Monday, January 21, 2013, under | No comments


လိုင်ဇာ ဇန်န၀ါရီလ (၂၁) ရက်

လိုင်ဇာမြို့ KIC ဥက္ကဌ ဦးအင်ဘန်လှ ပိုင် ကျင်ရှင်းဟိုတယ်တွင် ဇန်န၀ါရီလ (၁၉) ရက်နေ့ ညနေ (၂) နာရီ မှ (၃) နာရီခွဲအထိ KIA/KIO နှင့် ဗဟိုကော်မတီဝင်များနှင့် အရာရှိကြီးများ (၇၀) ဦး အစည်း အဝေးပြု လုပ်ခဲ့ ကြပါသည်။

၁၀၅ နှစ်မြောက် ဦးသန့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဂူဗိမာန်တစ်နေ့လုံး ဖွင့်ပေးမည်

Posted by drmyochit Monday, January 21, 2013, under | No comments


ဇန်န၀ါရီ ၂၂ ရက်တွင် ကျရောက်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားလမ်းရှိ ဦးသန့်၏ ဂူဗိမာန်ကို တစ်နေ့လုံး ဖွင့်ထား မည်ဖြစ်ကြောင်း ဦးသန့်မိသားစု၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်သစ်သစ်က ပြောသည်။

ကချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည်များအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက်

Posted by drmyochit Monday, January 21, 2013, under | No comments

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည်များ အတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက် အမှတ် (၁/၂ဝ၁၃)ကို ဇန်နဝါရီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ အပစ်အခတ် ရပ်စဲရန် မြန်မာ အစိုးရ၏ သဘောထား ကြေငြာချက်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကြိုဆို

Posted by drmyochit Monday, January 21, 2013, under | No comments

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ အပစ်အခတ် ရပ်စဲရန် မြန်မာအစိုးရ၏ သဘော ထားကြေညာ ချက် ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန် လိုက်သည်။ KIO/KIA နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန်အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ကို တိုးမြှင့်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက် ရန် နှစ်ဖက် စလုံးကိုလည်း ဆက် သွယ်ပြောကြား ခဲ့ကြောင်း လည်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

Posted by drmyochit Monday, January 21, 2013, under | No comments


သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာ မှုတွင် ဖော်ပြ ထားသည်။ 

မြန်မာ့တပ်မတော်မှ အပစ်ရပ်ပြီဟု သတင်းထုတ်ပြန်ပြီးများမကြာမီ ကေအိုင်အေမှ စတင်တိုက်ခိုက်

မြန်မာ့တပ်မတော်က ဇန်နဝါရီလ ၁၈ရက်နေ့ က စတင်ပြီး KIA အကြမ်းဖက်သောင်း ကျန်းသူများ အား အပစ်အခတ် ရပ်ဆဲ ထားပြီးဖြစ်ရာ ဇန်နဝါရီလ ၁၉ရက် မွန်းလွဲပိုင်းက ခါရာ တောင်ကုန်းနှင့် ဆက် စပ်နေသော ပူခရမ်ဘွမ် မြန်မာ့ မျိုးချစ် တပ်မတော် စခန်း ဘက်သို့ KIA အကြမ်းဖက်သောင်း ကျန်း သူအဖွဲ့ တပ်မဟာ(၁) တပ်ရင်း (၁၀)မှ အင်အား (၄၀)နီးပါးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ မြန်မာ့ တပ်မတော်က ခံစစ်ဖြင့်ပြန် လည်ခုခံ ချေမှုန်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား

Posted by drmyochit Monday, January 21, 2013, under | No comments

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည် စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက် ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့သူများ စားဝတ်နေရေး ခက်ခဲလျက်ရှိ

Posted by drmyochit Monday, January 21, 2013, under | No comments

ပဲခူးတိုင်းအတွင်း ပြည်တွင်းစစ်လက်ကျန် မြေမြှုပ်မိုင်းများကြောင့် ကိုယ် ခန္ဓာ မသန်စွမ်းဖြစ်ခဲ့သူများအနေဖြင့် စားဝတ်နေရေးအတွက် အလုပ် အကိုင်ရရှိစေရန် လိုအပ်နေကြောင်း ကျောက်ကြီး မြို့နယ်တွင်းရှိ မသန်စွမ်းများအား အကူအညီပေးနေသူ တစ်ဦးက ပြောကြားသည်။

ဒေါက်တာဆိတ်ဖွားမှ တောင်းပန်ခြင်း

Posted by drmyochit Monday, January 21, 2013, under | No comments


ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှာများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော် ပင်ပြန့်နှံ့နေခဲ့ပါသည်။ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာ စိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန် ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန် အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော် မရှင် ဖွဲ့စည်းပြီး ဆောင် ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်း လိုက်ရာ မှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

အပစ်အခတ်ရပ်သည်ဟု ကြေငြာပြီးသည့်နောက် ဖြစ်လာသည့် အခြေအနေ ရုပ်သံ

Posted by drmyochit Monday, January 21, 2013, under , | No comments

VOA ၏ရုပ်သံတွင် လက်ရှိတိုက်ပွဲ အခြေအနေ၊ ဦးရဲထွဋ်၏ ကာမိုင်း ရဲစခန်း စီးနင်းခံရမှု အပေါ် ပြောပြ ချက် ၊ အပစ်ရပ်သည်ဟု ကြောငြာပြီးနောက် အခြေအနေ၊ ကေအိုင်အေ ရင်း(၆) ရင်းမှူး ၀န်ခံသည့် အကြမ်း ဖက် လုပ်ရပ်တို့ ပါဝင်သည်။



Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်