Wednesday, January 23, 2013

ဘက်ထရီအိုး ရှော့ဖြစ်ရာမှ မီးလောင်၊ လူသုံးဦး ဒဏ်ရာရ

Posted by drmyochit Wednesday, January 23, 2013, under | No comments


ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီ ခန့်တွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်၊ (၂)လမ်းတွင် ဘက်ထရီအိုး ရှော့ဖြစ်ရာမှ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ မာကျူရီ ပေါင်မုန့်ဖုတ်တိုက် ဂက်စ်အိုး ပွင့်နေချိန်တွင် ဘက်ထရီအိုး ရှော့ဖြစ်ရာမှ မီးကူးပြီး စတင်လောင် ကျွမ်းခဲ့သဖြင့် လူသုံးဦး ဒဏ်ရာရရှိသွားခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုတခု ဖြစ်ပွား

Posted by drmyochit Wednesday, January 23, 2013, under | No comments


 ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်း(၂)လမ်းသွယ်နှင့် (၄)လမ်းထောင့်၊ အိမ်အမှတ် (၃၁၆)၊ မာကျူရီ မုန့်လုပ်ငန်းတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်၊ မွန်းလွဲ ၁၂း၅၅ နာရီက မီးလောင် မှုတခု ဖြစ်ပွားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) မီးသတ်ကား ၃၄ စီး လာရောက် ငြိမ်းသတ် ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃ သိန်းခွဲခန့် ရှိသည်ဟု မီးသတ်ဌာနက ဆိုသည်။ လုပ်ငန်း ပိုင်ရှင် မှာ ဦးဇော်မျိုးထွန်း ဖြစ်ပြီး မီးပျက်သောကြောင့် မီးစက်နှိုးစဉ် အင်ဗာတာအနီး ဘက်ထရီ အိုးမှ ရှော့ရိုက်ရာမှ အနီးရှိ ဂက်စ်အိုးသို့ ကူးစွဲ လောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

မညှိုးနွမ်းသော အဆိပ်ပန်း ( သို့မဟုတ် ) တိုင်းပြည်ကို ဖောက် စားနေသော နှစ်လုံး/ သုံး လုံး ကင်ဆာ"

Posted by drmyochit Wednesday, January 23, 2013, under | No comments



လက်ထဲမှစာရွက်ကို ဝေသီ နေသော မျက်လုံးများနှင့် ထိလု ခမန်းကပ်၍ အားစိုက်ကြည့် လိုက် ပြီး အနည်းငယ် တုန်ယင်နေသော လက်ဖြင့် ဗလာစာအုပ်တွင် တစ်စုံ တစ်ခုကို ချရေး လိုက်သည်။အသက် ၈၉ နှစ်ရှိ ဒေါ်သိန်း ခင်အတွက်တော့ ဤအလုပ်က နေ့စဉ် မပျက် မကွက် ဆိုသည်ထက် မလုပ်ရမနေနိုင်ဖြစ်နေသော အစွဲ အလမ်း တစ်ခု၏ ညှို့ငင်မှုနောက် တကောက်ကောက်လိုက်နေမိခြင်း ဟု ဆိုနိုင်သည်။

လားရှိုး – မူဆယ် ကုန်တင်ယာဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ


Photo: လားရှိုး – မူဆယ် ကုန်တင်ယာဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

နန်းသီရိလွင်| January 23, 2013 | 

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်က လားရှိုး – မူဆယ် အဝေးပြေးလမ်းမပေါ်ရှိ နမ့်အွန် ကျေးရွာ အ၀င်တွင် ဖရဲသီး တင်ဆောင်လာသော ၁၂ ဘီးကားကို လက်နက်ကိုင် တစုက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“မူဆယ် ဘက်ကနေ မြန်မာ့တပ်မတော် စစ်ကား ၆ စီးက လားရှိုးဘက် ဆင်းတာ။ နမ့်အွန်နားမှာ အဲဒီ ဖရဲသီးကားနဲ့ ရှောင်တဲ့ အချိန် လက်ပစ်ဗုံးက စစ်ကားကို မထိဘဲနဲ့ ဖရဲသီးကား ခေါင်မိုးပေါ် ကျတယ်လို့ ကြားတယ်” ဟု မူဆယ်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

တိုက်ခိုက်မှုကြောင့် ယာဉ်မောင်း ဒဏ်ရာရပြီး မူဆယ်မြို့နယ် ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း မြန်မာ့ တပ်မတော်ပိုင် မြ၀တီ သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော်လည်း မူဆယ်ဆေးရုံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဆေးရုံက အတည်ပြုချက် မပေးခဲ့ပေ။

မြဝတီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် “KIA အကြမ်းဖက် သောင်းကြမ်းသူအဖွဲ့မှ အပြစ်မဲ့ ကုန်တင်ယာဉ် တစီးအား မိုင်းဆွဲ တိုက်ခိုက်” ဟု ရေးသားထားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး မူဆယ်မြို့နယ် ရဲတပ်ဖွဲ့စခန်း၊ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ စခန်းများသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တာဝန်ကျ တာဝန်မှူးများက ထိုတိုက်ခိုက်မှုကို မသိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် နမ့်အွန် တိုက်ခိုက်မှုသည် ကချင်လွတ်မြောက်ရေး တပ်မတော်၏ စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို (၉) ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြ၀တီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်း မြစ်ကြီးနားမှ ပူတာအိုသို့ လူသုံးကုန် ပစ္စည်းများ ပေးပို့သည့် ယာဉ်တန်းအား ကချင်လွတ်မြောက်ရေး တပ်မတော်က တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတာဝန် ရှိသူတချို့ ဒဏ်ရာရရှိပြီး ယာဉ် ၁ စီး ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လအကြာတွင် စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လဂျားယန် ဒေသရှိ ပွိုင့် ၇၇၁ တောင်ကုန်းကို မြန်မာ့ တပ်မတော်မှ လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက် မြင့်တက်နေခဲ့သည်။

ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် အနီးဆုံးဒေသဖြစ်သည့် လဂျားယန်တွင် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်ဆိုင်းလိုက်ကြောင်း ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသကဲ့သို့ မီးရထားလမ်း ဖောက်ခွဲမှုများ၊ ယာဉ်တန်း တိုက်ခိုက်မှုများနှင့် ဖားကန့်ရှိ ကုမ္ပဏီများအား မီးရှို့ဖျက်စီးမှုများလည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုကို ကချင်လွတ်မြောက်ရေး တပ်မတော်မှ စစ်ရေး အရှိန် မြင့်တက်နေချိန်တွင် ၂ ဖွဲ့တည်း သီးသန့် မဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီအနေဖြင့်သာ ဆွေးနွေးလိုကြောင်း သတင်း ထုတ်ပြန်ထားသည်။

မြဝတီ သတင်းဌာနက ဖော်ပြထားသော တိုက်ခံရသည့် မြေပုံ (ဓာတ်ပုံ – မြဝတီ)

အေးချမ်းမွန်မှ   ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြဝတီ သတင်းဌာနက ဖော်ပြထားသော တိုက်ခံရသည့် မြေပုံ (ဓာတ်ပုံ – မြဝတီ)
နန်းသီရိလွင်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်က လားရှိုး – မူဆယ် အဝေးပြေး လမ်းမ ပေါ်ရှိ နမ့်အွန် ကျေးရွာ အ၀င်တွင် ဖရဲသီး တင်ဆောင်လာသော ၁၂ ဘီးကားကို လက်နက် ကိုင် တစုက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကုတ်တွင် ခရီးသည်တင်ယာဉ် မှောက်မှု ၁၄ ဦး သေဆုံး

Posted by drmyochit Wednesday, January 23, 2013, under | No comments


Photo: တောင်ကုတ်တွင် ခရီးသည်တင်ယာဉ် မှောက်မှု ၁၄ ဦး သေဆုံး

ဧရာဝတီ| January 23, 2013 |

ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးဆွဲနေသည့် ခရီးသည်တင် အောင်သစ္စာ ခရီးသည်တင် ယာဉ်တစီးသည် ယနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမ တောင်ခြေ၌ ချောက်ထဲထိုးကျသွားခဲ့ရာ နောက်ဆုံး အတည်ပြုနိုင်သည့် သတင်းအရ ခရီးသည် ၁၄ ဦး သေဆုံးကြောင်း သိရသည်။

သေဆုံးသူ ၁၄ ဦးတွင် ကလေး ၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့်အမျိုးသား ၇ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအ၀င် စုစုပေါင်း ၃၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒဏ်ရာရသူ ၃၃ ဦးတွင် အတွင်းလူနာ ၁၇ ဦးပါဝင်ကြောင်း၊ ဒဏ်ရာပြင်းထန်သည့် အတွင်းလူနာ ၁၂ ဦးကို သံတွဲဆေးရုံသို့ ပို့ဆောင်ထားပြီး၊ တောင်ကုတ်မြို့ ဆေးရုံ၌ အတွင်းလူနာ ၅ ဦးကို ဆေးဝါးကုသ ပေးနေကြောင်း တောင်ကုတ်ဆေးရုံမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။ လူနာအများစုသည် ခြေကျိုး၊ လက်ကျိုး၊ ခေါင်းဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

အောင်သစ္စာကားသည် ယမန်နေ့ညနေတွင် ရန်ကုန်မှတောင်ကုတ်-သံတွဲ ဒေသသို့ ထွက်ခွာလာစဉ် တောင်ကုတ်မြို့နှင့်မိုင် ၃၀ ၀န်းကျင် ဝေးကွာသည့် ရခိုင်ရိုးမတောင်ခြေ နေပူတောင်၌ နံနက် ၃ နာရီ ၀န်းကျင်တွင် ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။

မော်တော်ကား လမ်းလျှော် ချောက်ထဲကျသွားရခြင်းသည် ကားဒရိုင်ဘာ အိပ်ငိုက်နေသည့်အတွက်ဟု ပြောဆိုမှုများလည်း ရှိပြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်ကမူ ကား ဘရိတ်ပေါက်သောကြောင့်ဟု ဖော်ပြထားသည်။ အောင်သစ္စာ ကုမ္ပဏီ (ရန်ကုန်-ရုံး) က ဖြေဆိုရာတွင်မူ မော်တော်ကား ဘီးပေါက်သွားသည့်အတွက် ချော်ကျ တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒဏ်ရာရရှိပြီး တောင်ကုတ်ဆေးရုံသို့ ရောက်ရှိနေသည့် လူနာ ကိုဝင်းဇော်ကို သွားရောက် ကြည့်ရှုခဲ့သူ ကိုစည်သူလွင်က “ကျနော့်သူငယ်ချင်းက အခု သိပ်ပြီးတော့ စကားမပြောနိုင်ဘူး။ သူမှတ်မိသလောက် ကျနော့်ကို ပြောပြတာက ကားက ချောက်ထဲကို ဆင်းသွားတာပါ။ ဘယ်လိုဖြစ်ပြီး ဆင်းသွားတယ် ဆိုတာကိုတော့ မသိလိုက်ဘူး။ ဆင်းသွားတဲ့ အခါမှဘဲ သိလိုက်တယ်။ ကားက လမ်းထင်ပြီးတော့ ဆင်းသွား တာလား၊ ချောက်ကတော့ တော်တော်နက်ပါတယ်လို့သာ ပြောပါတယ်” ဆိုသည်။

ရန်ကုန်-တောင်ကုတ် ရခိုင်ရိုးမ မော်တော်ကားသည် ပဲခူးတိုင်း၊ ပြည်မြို့အလွန်မှစတင်၍ တောင်ကုတ် မြို့အထိ ပျက်စီးလျက်ရှိသည်။ သို့သော် ယခုကားတိမ်းမှောက် သည့်နေရာသည် လမ်းကောင်းမွန်ကြောင်း ဒေသခံတချို့က ဆိုသည်။

အခင်းဖြစ်ပွားရာသို့ တောင်ကုတ် နာရေးကူညီမှုအသင်း၊ ကြက်ခြေနီနှင့် ရဲတပ်ဖွဲ့များ ရောက်ရှိ ကူညီနေကြောင်း သွားရောက်ကူညီရာတွင် ပါဝင်သည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမင်းအောင်က ပြောသည်။

“တောင်အောက် တော်တော်နက်နက်ထဲကို ကျသွားတော့ အလောင်း စာရင်းပဲ ရသေးတယ်။ အလောင်းတလောင်း ကားလမ်းကို ပြန်ရောက်ဖို့ နာရီဝက်လောက်အထိ အချိန်ယူပြီး ထမ်းတင်နေကြရတယ်။ လောလောဆယ်တော့ ဒဏ်ရာရတဲ့ လူတွေလောက်ဘဲ ဆေးရုံကို နောက်ကားကြုံတွေနဲ့ ရောက်လာနေသေးတယ်။ အလောင်းတွေကတော့ ညနေပိုင်းလောက်မှ ရောက်မယ် ထင်ပါတယ်” ဟု ဦးမင်းအောင်က ဆိုသည်။

ရခိုင်ရိုးမလမ်း ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို တောင်ကုတ်ဒေသခံ စီးပွားရေး လုပ်ငန်းရှင် ဦးကျောက်တောင်က နိုင်ငံတော် အစိုးရထံမှ ကျပ်သိန်းပေါင်း တသိန်းကျော်ဖြင့် လေလံဆွဲထားကာ လုပ်ဆောင်နေပြီး လမ်း၏ ခွန်ကောက်ခံသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားသည်။

ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးဆွဲနေသည့် မော်တော်ကားလိုင်း စုစုပေါင်း ၂၀ ၀န်းကျင်ရှိပြီး၊ ကား မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအကြိမ်သည် ဆယ်စုနှစ်အတွင်း လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာနှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဧရာဝတီသတင်းထောက် ငြိမ်းချမ်း ပူးပေါင်းရေးသားသည်။

ရန်ကုန်-တောင်ကုတ်-သံတွဲ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ – ဖိုးခေါင် / တောင်ကုတ်)

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်-တောင်ကုတ်-သံတွဲ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့်
ဒဏ်ရာ ရရှိ သူများကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ – ဖိုးခေါင် / တောင်ကုတ်)

ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးဆွဲနေသည့် ခရီးသည်တင် အောင်သစ္စာ ခရီးသည်တင် ယာဉ်တစီးသည် ယနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမ တောင်ခြေ၌ ချောက်ထဲထိုးကျသွားခဲ့ရာ နောက်ဆုံး အတည်ပြုနိုင်သည့် သတင်းအရ ခရီးသည် ၁၄ ဦး သေဆုံးကြောင်း သိရသည်။

အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူလေး

Posted by drmyochit Wednesday, January 23, 2013, under | No comments



ဩစတြေးလျနိုင်ငံမှ အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူလေး ချာလီပါ ကားသည် ၎င်း၏ အကြောက်အလန့်ကင်းသော စွမ်းရည်များကို ဆက်လက် ပြသနေဆဲ ဖြစ် သည်။

ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု နောက်ဆက်တွဲ သတင်း

Posted by drmyochit Wednesday, January 23, 2013, under | No comments

၂၀၁၃ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီအချိန် ရန်ကုန်မှ သံတွဲသို့ ထွက်ခွာ လာသည့် ယာဉ်အမှတ် ၉ခ/၃၅၁၆၊ ယာဉ်မောင်း ဦးသန်းနိုင် မောင်းနှင် လာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက် နံနက် ၁ နာရီချိန်ခန့်တွင် နေပူတောင်အနီး၌ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပါသည်။

ပြည်ထောင်စု၏ ပျမ်းမျှ ဆင်းရဲနွမ်းပါးမှုမှာ လူ ၁၀၀ တွင် ၂၆ ဦး ဆင်းရဲ နေပြီး ပျမ်းမျှ အလုပ် လက်မဲ့ ရာခိုင်နှုန်းမှာ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း ပြည်သူ့ လွှတ်တော်၊ စီမံကိန်း များနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ပြောကြား

Posted by drmyochit Wednesday, January 23, 2013, under | No comments


ဓာတ်ပုံ - ချောင်းသာကမ်းခြေအနီးရှိ တံငါရွာမှ ကလေးငယ်များကို တွေ့ရစဉ်
ပြည်ထောင်စု၏ ပျမ်းမျှ ဆင်းရဲ နွမ်းပါးမှုမှာ လူ ၁၀၀ တွင် ၂၆ ဦး ဆင်းရဲနေပြီး ပျမ်းမျှ အလုပ် လက်မဲ့ ရာခိုင်နှုန်းမှာ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါး ရှိနေကြောင်း ပြည်သူ့ လွှတ်တော်၊ စီမံကိန်း များနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုး သာက ဇန်န ၀ါရီလ ၁၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။

တရားမ၀င် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းများကို အရေးယူသွားမည်

Posted by drmyochit Wednesday, January 23, 2013, under | No comments


ရေနံဥပဒေ နည်း ဥပဒေအား ရေးဆွဲ နေဆဲ ဖြစ်၍ တရားမ၀င် စက်သုံးဆီ အရောင်း ဆိုင်များ ဖွင့်လှစ် ခြင်းကို အမိန့် တစ်စုံ တစ်ရာ ထုတ်ပြန်၍ အရေးယူ သွားမည်ဟု စွမ်းအင် ၀န်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

နိင်ငံဝန်ထမ်းများအားလစာတိုးရန် လာမည့်ဘတ်ဂျက်တွင် ထည့်သွင်း ထားခြင်း မရှိ ပါကြောင်းဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီး ဖြေကြား

Posted by drmyochit Wednesday, January 23, 2013, under | No comments



ယနေ့နံနက် က နေပြည်တော်၌ ကျင်းပနေသည့် ပြည်သူလွှတ်တော် အစည်း အဝေးတွင် သီပေါ လွှတ်တော် မဲဆန္ဒနယ်မှဦးရဲထွန်းက လာမည့် ဘဏ္ဏာနှစ် ၂၀၁၃-၁၄ တွင်နိင်ငံ ၀န်ထမ်းများအား လစာတိုးမတိုး မေးမြန်းရာ ဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်မောင်သိန်း က"ယခုတင်ထားသော၂၀၁၃-၁၄ ဘဏ္ဏာရေး ဘတ်ဂျက် တွင် လစာတိုးရန် ဘဏ္ဏာငွေထည့်သွင်းထားခြင်းမရှိပါကြောင်း၊နောက်ဆက်တွဲ အခြေ အနေကို မသိပါကြောင်း ပြန်လည် ဖြေကြားသည်ဟုပေါ်ပြူလာ နယူးစ် သတင်းထောက်က လွှတ်တော်မှ သတင်းပေးပို့သည်။

ဖားကန့်ဒေသပြန်လာသူတွေပြောတဲ့ ကေအိုင်အေ မိုက်ရိုင်းမှူတွေ


မြန်မာစစ်တပ်က စတိုက်တယ်တဲ့လား၊ ငါ ဖားကန့်မှာ နေတုန်းက မြန်မာစစ်တပ်ကို တစ်ခါမှ ဆပ်ကြေးမပေးခဲ့ရဘူး၊ ကန်ပိုက်တီ ကိုဖြတ်မှ KIA TERRORIST ဓါးပြအဖွဲ့ကို ဆက်ကြေး ၁ သိန်း ပေးခဲ့ရတယ်၊

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက် မှုကြောင့် ဒေသခံပြည်သူများမှ အပြင်းအထန် ပြစ်တင်ဝေဖန် ရှုတ်ချ


Photo: KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက်
နေပြည်တော် ၊ ၂၂-၁-၂၀၁၃

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ပြီးနောက် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် စစ်ရေး နှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား အကြောင်းမဲ့ (၅) ကြိမ်မြောက် တိုက်ခိုက်ခြင်း အဖြစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ဖားကန့် မြို့နယ် ၊ အေးမြသာယာ အုပ်စု ၊ ဆိုင်းဂျာဘွမ် ကျေးရွာ အနီးရှိ နိုင်ငံတော် နှင့် အကျိုးတူ လုပ်ကိုင်လျက် ရှိသည့် မက်(စ်)မြန်မာ ကျောက်မျက် ကုမ္ပဏီအား KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် အရပ်ဝတ် များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး အဆောက်အအုံအား မီးရှို့ ဖျက်ဆီးခဲ့ပြီး နောက် ၄င်းအဖွဲ့သည် ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လည်း ကြိုင် ကျောက်မျက် ကုမ္ပဏီ၏ အဆောက်အအုံ များအား အကြောင်းမဲ့ ဆက်လက် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

သတင်းကြားလျှင် ကြားချင်း အနီးဝန်းကျင်ရှိ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိပြီး KIA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသ တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေး ကို များစွာ ထိခိုက်မှု ဖြစ်ပေါ် စေမှုအပေါ် ဒေသခံ ပြည်သူများမှ များစွာ စိတ်ပျက်လျက် ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။
===========================
Reference & Post by The Myawady Daily
Post by  Admin Team[NOM]
နေပြည်တော် ၊ ၂၂-၁-၂၀၁၃

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ပြီးနောက် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် စစ်ရေး နှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား အကြောင်းမဲ့ (၅) ကြိမ်မြောက် တိုက်ခိုက်ခြင်း အဖြစ် ဇန်န၀ါရီလ ၂၀ ရက်နေ့

မွတ်ဆလင်တွေရဲ့ မဟာဗျူဟာအောင်မြင်ဖို့ မီးရှို့မှုများနှင့်မြန်မာပြည်

Posted by drmyochit Wednesday, January 23, 2013, under | No comments

ဈေးကို မီးရှို့လိုက်တာလည်း တမြို့လုံးကိုမီးရှို့လိုက်တာနှက့်အတူတူပါဘဲ။ မွန်ပြည်နယ် သံဖြူ ဇရပ်ဈေး မီးလောင်းတဲ့ သတင်းနှင့် တဆက်တည်းမှာ ရှို့မီးဖြစ်ကြောင်း သံသ ယတွေ အထောက် အထားတွေ ကိုတွေ့ရတဲ့ အတွက် တော်တော့ကို စိတ်မကောင်းဖြစ် ရတယ်။

“အစ္စရေးရွေးကောက်ပွဲ ဝန်ကြီးချုပ်နက်တန်ယာဟူနှင့် မဟာမိတ်တို့ အနိုင်ရ”

Posted by drmyochit Wednesday, January 23, 2013, under | No comments


အစ္စရေးနိုင်ငံ အထွေထွေရွေးကောက်ပွဲ၏ မဲရေတွက်ပြီးစီးမှု အခြေအနေအရ လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူ၏ လီကွတ်ဒ်ပါတီနှင့် မဟာမိတ် ကွန်ဆာဗေး တစ်ပါ တီများက အနိုင်ရရှိသွားကြောင်း သိရှိရသည်။

၁၀ နှစ်ကျော် လေ့လာပြီးမှ စပစ်ဖိုင်းယား ရှာဖွေခဲ့ခြင်းဟု ရွှေတောင်ပေါ် ကုမ္ပဏီမှဆို

Posted by drmyochit Wednesday, January 23, 2013, under | 1 comment


မင်္ဂလာဒုံ လေဆိပ်ဝင်း အတွင်း ဇန်န၀ါရီလမှ စတင်ခဲ့သော(British Spitfire fighters) ဗြိတိသျှ စပစ်ဖိုင်းယားတိုက်လေယာဉ် ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေမှာ (Survey) မြေပြင် အသေးစိတ် တိုင်းတာရေး အဆင့်၌သာ ရှိသေးကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က ဆိုသည်။

မင်္ဂလာဒုံလေယာဉ်ကွင်းမှာ မြို့ပြလေကြောင်းလိုင်းများ အပြင် တပ်မတော်လေ အသုံးပြုနေသော ကွင်းဖြစ်သည့်အတွက် လုံခြုံရေးအခြေအနေ အရ လုပ်ငန်းခွင် အတွင်းသို့ စာနယ်ဇင်း နယ်ပယ်မှ ပုဂ္ဂိုလ်များ လာရောက် လေ့လာခွင့်ရရန် မလွယ် ကူကြောင်း ကိုလည်း ၄င်းက ပြောသည်။

“Survey အဆင့်ပဲ ရှိသေးတယ်ဆိုတာက ကျွန်တော်တို့က အကန့် အသတ်နဲ့ လုပ်နေရ တာဗျ။ အစိုးရပိုင်းက အားပေးကူညီတယ် ဆိုပေမဲ့ လေယာဉ်ကွင်း ထဲမှာ ဖြစ်တဲ့အတွက် ဘယ်နေ ရာကို တူးသင့်တယ်၊ ဘယ်နေရာကို မတူးသင့်ဘူး ဆိုတာမျိုးကအစ သက်ဆိုင်ရာပညာ ရှင်တွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ နေ့စဉ်ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ကြရတာ။ 

သိတဲ့အတိုင်းပဲ လေယာဉ်ကွင်းဆိုတာ လုံခြုံရေးတင်းကြပ် ကန့်သတ် ထားတဲ့ နယ်မြေ မဟုတ်လား။ လုပ်ငန်းခွင်ထဲကို မီဒီယာတွေ ၀င်ထွက်သွားလာခွင့် ရဖို့ဆိုတာက လုံခြုံရေးအရ အစိုးရက ခွင့်မပြုတာပါ” ဟု ဦးထွန်းကျော်ကပြောသည်။

မီဒီယာများအနေဖြင့် ကုမ္မဏီသို့ မေးမြန်း စုံစမ်းခြင်း မရှိဘဲ မရေရာ မသေချာ သည့် သတင်း အချက် အလက်များ မထုတ်ပြန်သင့်ကြောင်းနှင့် သိရှိလိုသည့် သတင်း အချက် အလက် များ အား ကုမ္မဏီသို့ မေးမြန်းစုံစမ်း စေလိုကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။

“ တချို့က ကျွန်တော်တို့ဆောင်ရွက်နေတဲ့ လုပ်ငန်းအကြောင်းကို ဂဃနဏမသိဘဲ ကောလာ ဟလ တွေ လျှောက်ပြောကြတယ်။ ကျွန်တော်တို့ လုပ်ငန်းနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ လုပ်ငန်း ကျွမ်းကျင် တဲ့သူတွေနဲ့ အတူ ၁၀ နှစ်ကျော် စနစ်တကျ လေ့လာပြီးမှ ဒီစီမံချက်ကို ဆောင်ရွက် ခဲ့ကြတာပါ” ဟု ၄င်းက ရှင်းပြသည်။


မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်း (Survey) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြစ်ကြီးနားသို့ ပြန်တက်ရန် စီစဉ်ထားပြီး မြစ်ကြီးနားတွင် ဆောင်ရွက်ဆဲ လုပ်ငန်း များ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီမှ အထွေထွေမန်နေဂျာက ရှင်းလင်းဖြေကြားခဲ့ပါသည်။

ကျော်ဇင်ထွန်း(မြစ်မခ)

Myit Makha Mediagroup

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်