Thursday, January 24, 2013

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ

Posted by drmyochit Thursday, January 24, 2013, under | No comments



အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု  မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာ ဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည်ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း နေရာ တစ်ခုက ရှာဖွေ တူးဖေါ် ရရှိခဲ့သည်။

အမေရိကန်နဲ့ တရုတ် ကြားမှာ ကချင်ပြည်နယ် ဘာဖြစ်နိုင်မလဲ

Posted by drmyochit Thursday, January 24, 2013, under | No comments


သို့မြစ်မခမီဒီယာ အယ်ဒီတာချုပ်
လွတ်လပ်စွာ ယဉ်ကျေးစွာ ဆွေးနွေပါရစေ... 
၁။ အိုဘာမားရဲ့  ခရီးစဉ်နောက်ပိုင်း မြင့်တက်လာတဲ့ တိုက်ပွဲအခြေအနေ
၂။ အမေစုရဲ့  နှုတ်ဆိတ်နေမှု (အီးယူရဲ့  ပိတ်ဆိုမှုကို ပြန်သုံးသပ်သွားရနိုင်တယ် ဆိုတဲ့ စကားနောက်ပိုင်းမှ အမေစု ကချင်အကြောင်းကို စ ပြောခဲ့တာပါ။)

၃။ အမေစုနဲ့ နိုင်ငံရေး အတွေးအခေါ်၊ ပေါ်လစီပိုင်နိုင်မှုနဲ့ လက်ရှိအစိုးရအပေါ် ဆက်ဆံ ရေး (အမေစု လွှတ်တော် မ၀င်ခင် ဦးအောင်မင်းနဲ့ ဆွေးနွေးချိန်မှ ယခုအချိန်အထိ တဆင့် ပြီး တဆင့် စနစ်တကျ ပြောဆိုတာ၊ ဆက်ဆံတာ၊ နိုင်ငံတကာခရီးစဉ်များ၊ ကို ခွဲခြမ်း စိတ်ဖြာရင် မြင်နိုင်ပါတယ်။ ဥပမာ၊ ၊ (က) ဦးအောင်မင်းနဲ့ တချို့ ဆွေးနွေးချက်တွေကို သတင်း စာတွေမှာ

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများက တံတား လုံခြုံရေး ကင်းအား အကြောင်းမဲ့ လက်ပစ် ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်

Posted by drmyochit Thursday, January 24, 2013, under | No comments



ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့၊ မရှီကထောင် တံတား လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော ရဲကင်း စခန်းအား ဆိုင်ကယ် စီးလာသည့် ကေအိုင်အေ ၂ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေး ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး နိုင်ငံတော် အတွက် အသက် ပေးလှူ ခဲ့ရသည်။

လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့် သုံးစွဲ သွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား

Posted by drmyochit Thursday, January 24, 2013, under | No comments


လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ခွဲဝေမှု တွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ဆွန်ဒက် ချောင်ဘရာ ရာဂျာ ဘတ်တက္ကသိုလ်( Bansomdejchaopraya Rajabhat University - BSRU)မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား စီမံခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်သည့် အခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်

Posted by drmyochit Thursday, January 24, 2013, under | No comments



ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာ နက် စာမျက်နှာမှာ အဆိုးမြင်ဝေဖန် ရေးသား ဖော်ပြ နေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင် နာမည် နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော် ကိုယ်စား လှယ်တွေ ကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။

စီမံကိန်းထိခိုက်မည်ဆိုလျှင် ဝမ်ဘောင်က မြန်မာအစိုးရကို တရားစွဲမည်ဟုဆို

Posted by drmyochit Thursday, January 24, 2013, under | No comments

By Kamayut Media
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဝမ်ဘောင် ကုမ္ပဏီ အကျိုးစီးပွားကို ထိခိုက်လာစေမယ်ဆိုရင် တရားစွဲသွားမယ်လို့ ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ကျားသေ ကျေးရွာတွင် ထန်းမြစ်ဖော်ရာမှ စစ်ကျန်ဗုံး တစ်လုံး တွေ့ရှိ

Posted by drmyochit Thursday, January 24, 2013, under | No comments


ဟင်္သာတ၊ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင် အင်္ဂပူ မြို့နယ် အင်ပင်ကုန်း ကျေးရွာအုပ်စု ကျားသေ ကျေးရွာ တွင် ဇန်နဝါရီ ၁၆ ရက်၊ ည ၉ နာရီ ၃၀ မိနစ်တွင် ထန်းမြစ်ဖော်ရန် မြေကျင်း တူးရာမှ စစ်ကျန်ဗုံး တစ်လုံး တွေ့ရှိ ကြောင်း ကျေးရွာနေသူများ ထံမှ သိရှိရ သည်။

ကချင်စစ်တာရှည်လျှင် ကျောက်စိမ်းဈေးကွက်အသက်ထွက်မည်

Posted by drmyochit Thursday, January 24, 2013, under | No comments



ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကချင်ဒေသ ပြည်တွင်းစစ် ပဋိပက္ခသည် ယခုအတိုင်း ဆက်လက် တာရှည်မည် ဆိုပါက ကျောက်စိမ်း ဈေးကွက်မှာ တောင့်ခံနိုင်မည် မဟုတ်ဟု ကျောက်မျက် အသင်း ဥက္ကဋ္ဌ ဦးသိုက်ထွန်းက ပြောသည်။

"လက်နက်ကိုင်ပဋိပက္ခစိစစ်လေ့လာရန် ကုလလူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး မွန်ပြည်နယ်ရောက် ရှိ"

Posted by drmyochit Thursday, January 24, 2013, under | No comments

မွန်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ များနှင့် ပတ်သက် ၍ စိစစ်လေ့ လာ ချက်များ သုံးသပ်ရေး ဆွဲတင်ပြ ရန် ကုလသမဂ္ဂလူ သားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေး မှူးနှင့် ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီ အစဉ် ဌာနေ ကိုယ်စား လှယ် Mr .Stephen Gray သည် ဇန်နဝါရီ ၁၈ ရက်နံနက် က မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် လာရောက်တွေ့ဆုံကြောင်း သိရ သည်။

KIA နှင့် ကျောင်းသားတပ်တို့ ကြောက်ဒူးတုန်နေကြောင်းဖော်ပြသည့် မဇ္ဈိမ ဖော်ပြချက်

Posted by drmyochit Thursday, January 24, 2013, under | No comments



အစိုးရ၏ တပ်စိုက်ထားရာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန် ကျေးရွာ အထက်ပိုင်း လိုင်ဇာ ဌာနချုပ် အနီး လဝါယန်နှင့် ခရာဘွမ် ဒေသသို့ တပ်အင်အား တိုးမြင့်မှုများ ရှိနေသည်ဟု ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF က ပြောသည်။

မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်မှုရနေပြီဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

Posted by drmyochit Thursday, January 24, 2013, under | No comments


ပေကျင်း၊ ဇန်န၀ါရီ ၂၃ ။

မြန်မာအစိုးရက နိုင်ငံမြောင်ပိုင်းရှိ ကချင်လွတ်မြောင်ရေး တပ်မတော် ကေအိုအေအား ထိုးစစ် ဆင်တိုက် ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေငြာ ပြီးနောက် မြန်မာနှင့် တရုတ်အကြား နယ်စပ် တွင် တည်ငြိမ်မှု ရနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

KIA ဟာ ကချင်ပြည်နယ် ကိုတိုးတက်အောင် လုပ်ပေးသလား လုပ်မပေးဘူးလားဆိုတာကို ကချင်ပြည်သူတစ်ရပ်လုံး သိသင့်ပြီ


ရွှေကူ၊ ဇန်န၀ါရီလ(၂၃)

ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွား နေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွား နေပါသည်။ စစ်ပွဲများ ဖြစ်ပွားပြင်းထန်နေသော်လည်း KIA မှ ကချင်ပြည်နယ်အနှံ့တွင် သစ်များကို ယခင်ကထက် ပိုမိုထုတ်ပြီး ကားကြီးကားငယ်ဖြင့် နေ့စဉ်(၁၅)စီး ခန့်ဖြင့် ရွှေကူ- ဗန်းမော်လမ်းကို အသုံးပြုပြီး မန်စီ (၇)မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းချ လျက် ရှိကြောင်း သိရှိရသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းအား KIA မှ ပိတ်



ဗန်းမော်၊ ဇန်န၀ါရီလ(၂၃)

ကချင်မှ ထွက်ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ ပို့ဆောင်ခြင်းနှင့် တရုတ်ပြည်မှ ပစ္စည်းများကို တင်သွင်းရန် လမ်းကြောင်းများစွာ ရှိပါသည်။ သို့သော် KIA နှင့် အစိုးရ တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် လမ်းများ မှာ သွားလာလို့ မရဘဲ ရှိနေပါ သည်။ ဗန်းမော်မြို့မှဆိုလျှင် ဗန်းမော်-လိုင်ဇာလမ်းနှင့် ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်း (၂)ခုကို အသုံးပြုပြီး ကုန်စည် သယ်ဆောင်မှုများပြုလုပ်လျက်ရှိပါသည်။ 

ပြည်သူ့စစ်ထောက်ပံ့ကြေးများ ကျေးရွာလူထုထံမှကောက်ခံနေ

Posted by drmyochit Thursday, January 24, 2013, under | No comments


Photo: ပြည်သူ့စစ်ထောက်ပံ့ကြေးများ ကျေးရွာလူထုထံမှကောက်ခံနေ

ကြာသပတေးနေ့၊ ဇန်နဝါရီလ 24 ရက် 2013 ခုနှစ်  

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ၊ မြို့နယ်ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက် ခန့်အပ်ထားသည့် ပြည်သူ့စစ်များ၏ ထောက်ပံ့ငွေများကို ဒေသခံများထံမှ ကောက်ခံလျက်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါပြည်သူ့စစ် ထောက်ပံ့ကြေးများကို ငွေကြေးဖြင့်ထောက်ပံ့မှု၊ ဆန်စပါးသီးနှံ ထောက်ပံ့မှုနှင့် ငွေကြေးနှင့်ဆန်စပါး နှစ်မျိုးပေါင်းထောက်ပံ့မှု ဟူ၍သုံးမျိုးရှိကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထုံးအိုင်ရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် တဦးက ပြောသည်။

“လုပ်ငန်းရှင်တွေ၊ ချဲဒိုင်နဲ့ချဲရောင်းတဲ့သူ၊ အရက်ပုန်းဆိုင်တွေကနေ လစဉ်ကောက်ပြီး ပြည်သူ့စစ် တွေကို ထောက်ပံကြေးပေးနေတယ်” ဟု ထုံးအိုင်ရွာနေ ခရီးသည်တင်စက်လှေပိုင်ရှင်တဦးက ပြောသည်။

ထိုသို့ ပြည်သူ့စစ် လစဉ်ထောက်ပံ့ကြေး ကောက်ခံရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တို့က တိုက်ရိုက်မကောက်ခံဘဲ ပြည်သူ့စစ်အဖွဲ့များကသာ ကောက်ခံပြီး တစ်အိမ်ကို ၁၀ဝ၀ ကျပ်၊ ချဲဒိုင်အငယ်က ၅၀ဝ ကျပ်နှင့် ချဲဒိုင်အကြီးက ၅၀ဝ၀ ကျပ်အထိ ကောက်ခံလျှက်ရှိသည်။

ထိုင်အိုင်ရွာသား ပြည်သူ့စစ်တစ်ဦးက “ရွာမှာရဲတွေနဲ့အတူ လုံခြုံရေးအတွက် ကင်းလှည့်ရတယ်၊ အထူးသဖြင့်တော့သံလွင်မြစ်မှာ လှေ၊ သစ်ဖေါင်တွေကို ရဲနဲ့သစ်တော အဖွဲ့တွေနဲ့ပူးပေါင်း စောင့်ကြပ်ပြီး စစ်ဆေးရပါတယ်” ဟု ပြောသည်။

ပြည်သူ့စစ်ထောက်ပံ့ကြေးကို ရွာကြီးအသေး အိမ်ခြေအနည်း အများအပေါ်မူတည်ပြီး ကွာခြားမှုရှိသည် ဟုလည်း မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းက ပြောသည်။

သူက “အုပ်ချုပ်ရေးမှူးအနေနဲ့ ရွာမှာငွေကောက်ခံခွင့်မရှိဘူး၊ ဒါပေမယ့် တပ်နယ်မှူးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ပြည်သူ့စစ်တွေကျတော့ သူတို့လစာထောက်ပံ့ကြေး သူတို့ဖာသာ ရွာမှာကောက်ခံခွင့်ပေးထားတယ်” ဟု ပြောသည်။

အိမ်ခြေနှစ်ထောင်ဝန်းကျင်ရှိသော ကရင်ကျေးရွာတွင် တစ်အိမ်လျှင် ငွေ ၅၀ဝ ကျပ် ပြည်သူ့စစ်များအတွက် လစဉ်ကြေး ပေးဆောင်နေကြရသည်။

မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်များတွင် ကျေးရွာအများစု၌ ပြည်သူ့စစ် ၅ ဦးမှ ၁၀ ဦးခန့် လုံခြုံရေးအတွက် ခန့်အပ်ထားရှိကြသည်။

အေးချမ်းမွန်မှ  - လွတ်လပ်သော မွန်သတင်းအေဂျင်စီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ၊ မြို့နယ်ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက် ခန့်အပ် ထားသည့် ပြည်သူ့စစ်များ၏ ထောက်ပံ့ငွေများကို ဒေသခံများထံမှ ကောက်ခံ လျက်ရှိကြောင်း ဒေသ ခံများ ပြောပြ ချက်အရ သိရသည်။

ကြေးနီတောင် စီမံကိန်းအကြောင်း ရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပ

Posted by drmyochit Thursday, January 24, 2013, under | No comments



လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြောင်း အများ ပြည်သူတွေ ကို အသိပေး ရှင်းလင်းတဲ့ ဟောပြော ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ သမိုင်းမြို့မ ကျောင်း တိုက်မှာ လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး ကော်မတီက ဇန်န၀ါရီလ ၂၃ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်