Monday, January 28, 2013

မလေးကို လှေဖြင့် ခိုးထွက်မည့်သူ ၃၇ ဦးကို ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ဖမ်းဆီး

Posted by drmyochit Monday, January 28, 2013, under | No comments

မလေးရှားနိုင်ငံကို မော်တော်ဘုတ် တစ်စီးဖြင့် ခိုးထွက်မည့်ဆဲဆဲ လူအုပ်စု တစ်ခုကို မြန်မာနယ်စပ် အနီးတွင် တည်ရှိသော ကော့စ်ဘဇားမြို့တွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

နော်ဝေးအစိုးရမှ ကချင်စစ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်ရန် မြန်မာတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

Posted by drmyochit Monday, January 28, 2013, under | No comments

 လက်ရှိကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေးနှင့် စစ်ပြေးဒုက္ခသည်များ၏ အသက်အိုးအိမ်လုံခြုံရေး အတွက် နော်ဝေးအစိုးရကကြားဝင်ဆောင်ရွက်ပေးရန် နော်ဝေးနိုင်ငံရောက် ကချင်တိုင်းရင်းသားများက ပြီးခဲ့သည့် စနေနေ့က နော်ဝေပါလီမန်နှင့်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

ကရင်ဖြစ်မှုဆိုတာ ဘာလဲ၊ ဘာနဲ့တိုင်းတာမလဲ (Feature Story)

Posted by drmyochit Monday, January 28, 2013, under | No comments


ကရင်တို့ရဲ့ နှစ်သစ်ကူးပွဲတော်ဟာ နှစ်ပေါင်း ၂၇ဝဝ ကျော်ခဲ့ပါပြီ။ မြစ်ဝကျွန်းပေါ်အပါအဝင် ကရင်လူမျိုးတို့ နေထိုင်ရာဒေသအသီးသီးမှာ နှစ်စဉ်နှစ်တိုင်း နှစ်ကူးပွဲတော်ကို ကျင်းပမြဲဖြစ်ပြီး ကရင်မျိုးနွယ်စုတွေအားလုံး စုဝေးပြီး ရိုးရာအကတွေ၊ အစားအစာတွေနဲ့ လှုပ်ရှားအသက်ဝင်လေ့ ရှိပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်မရောင်းဟု တရုတ်ငြင်းဆို

Posted by drmyochit Monday, January 28, 2013, under | No comments



ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်မရောင်းဟု တရုတ်နိုင်ငံက ဇန်န၀ါရီလ ၂၇ ရက်က ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်န၀ါရီလ ၂၇ ရက်က သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ခဲ့ရာတွင် "အနောက်နိုင်ငံ defence think-tank တစ်ခု၏ အစီရင်ခံစာတစ်စောင် အခြေခံပြီး အချို့ မီဒီယာ သည် တရုတ်နိုင်ငံမှ မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းသို့ လက်နက်များ ရောင်းချ သို့မ ဟုတ် ရွှေ့ပြောင်းလာ ပါသည်ဟူသော ဆောင်းပါးကို ရေးသားခဲ့ပါသည်။ အဆိုပါ ရေးသားဖော်ပြမှုသည် အခြေအမြစ် မရှိပေ၊ မမှန်ကန်ပေ။" ဟု ဖော်ပြခဲ့သည်။

မိုင်းခွဲမှုကြောင့် ကမ္ဘာကျော်ကော့ဂွန်းဂူ ဆုံးရှုံးပျောက်ကွယ်နိုင်

Posted by drmyochit Monday, January 28, 2013, under | No comments

ကရင်ပြည်နယ်ရှိ ခုနစ်ရာစုလက်ရာနှင့် ခေတ် အဆက်ဆက် လက်ရာများကြောင့် ကမ္ဘာကျော် ခဲ့သောကော့ဂွန်း ဂူမှာ အနီးဝန်းကျင်ရှိ တောင်များကို မိုင်းခွဲဖြိုချနေမှုကြောင့် လာမည့်နှစ် ၅၀ တွင် ပျောက်ကွယ် သွားနိုင်ကြောင်း ကော့ဂွန်းနှင့် ရသေ့ပျံဂူကို သုတေသနပြုနေသူ ဦးမောင်မောင်ကြည်က ပြောကြား သည်။

ဝမ်းနည်းကြေကွဲရတဲ့ ဘရာဇီးရဲ့ တနင်္ဂနွေည

Posted by drmyochit Monday, January 28, 2013, under | No comments


တနင်္ဂနွေနေ့ည ဘရာဇီးနိုင်ငံရဲ့ နိုက်ကလပ်တစ်ခုမှာ မီးလောင်ရာမှ လူ ၂၄၅ ဦး သေဆုံးခဲ့ရပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးရဲ့ Santa Maria မြို့က KISS နိုက်ကလပ်ထဲမှာ နံနက် ၂း၃၀ လောက်မှာ ဂီတတီးဝိုင်းတခုက လွတ်လိုက်တဲ့ မီးတောက်လျှံကနေ စပြီးမီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးလောင်တဲ့သတင်းကြောင့် ချီလီနိုင်ငံကိုရောက်နေတဲ့ ဘရာဇီးသမ္မတ Dilma Rousseff က ခရီးစဉ်ဖျက်သိမ်းပြီး ဘရာဇီးကို ပြန်လာခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါတယ်။ 

ဖားကန့်ဒုက္ခသည် ဦးရေတိုးလာ

Posted by drmyochit Monday, January 28, 2013, under | No comments


ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (အေအိုင်အေ)တို့ အကြားဖြစ် ပွားနေသည့် တိုက်ပွဲများကြောင့် ဖားကန့်ဒေသတွင် ဒုက္ခသည် (၂)သောင်းခန့် တိုးလာကြောင်း သိရသည်။ 

အဆိုပါ ဒုက္ခသည်များသည် ကျေးရွာပေါင်း (၄၀)ဆယ်ကျော်မှ တိမ်းရှောင်လာခြင်းဖြစ်ပြီး ဖါးကန့်၊ ဆိုင်းတောင်၊ လုံးခင်းမြို့များရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြ သည်ဟု ဖားကန့်မြို့ရှိ မော်ရှန်ခရစ်ယာန်အသင်းတော်မှ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

နိုင်ငံတည်တံ့ရေး ငြိမ်းချမ်းရေးဘယ်လိုလုပ်နေလဲ

Posted by drmyochit Monday, January 28, 2013, under | No comments


အမေရိကန်သည် အီရတ်၊အာဖဂန် တို့တွင် ကျူးကျော်တိုက်ခိုက်စဉ်နှင့် သိမ်းပိုက်ပြီးနောက် တိုင်းပြည် တည်ငြိမ်ရေးအတွက် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒုံးပျံ၊ ဗုံးကြဲလေယာဉ်၊ ဗုံးမျိုးစုံ၊ တိုက်လေယာဉ်မျိုးစုံ ကိုသုံးပြီးတိုက်ခိုက်တာပါဘဲ ဒီလိုတိုက်လို့အရပ်သားတွေ အာဖဂန်သူပုန်ထက်ပိုမိုသေဆုံးခဲ့ရပေမဲ့ အမေရိကန် ဆိုတော့ကုလကလည်း ဘာမှမပြော ကမ္ဘာနိုင်ငံတွေကလည်းဘာမှမပြောပါဘူး ကျူးကျော်သူရဲ့လုပ်ရပ်ကိုတော့ ဝေဖန် မူမရှိတာဘာကြောင့်လဲ ?

ဘောလုံးပွဲစဉ်များ ကြည့်ရှုလိုသူများ

Posted by drmyochit Monday, January 28, 2013, under | No comments

Update:
ယခုတစ်ပတ် အင်္ဂလန်အက်ဖ်အေနှင့် စပိန်လာလီဂါ ဘောလုံးပွဲစဉ်များ အနက်မှ အောက်ဖော်ပြပါပွဲများ Goal and Match Highlights ကို Planet Myanmar Network တွင် ကြည့်ရှုနိုင်ပါပြီ။

အင်္ဂလန်အက်ဖ်အေဖလားပွဲစဉ်များ
--------------------------------------
စတုတ်စီးတီး ၀ - ၁ မန်ချက်စတာစီးတီး (Goal Highlight)
https://www.facebook.com/photo.php?v=10151356522952235

ကချင်စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်သူတွေကို ခံဝန်လက်မှတ်ထိုးခိုင်း

Posted by drmyochit Monday, January 28, 2013, under | No comments


ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့အတွက် စုပေါင်းလမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေး လိုလား သူတွေ ကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ပဲခူးတိုင်း ဖြူးမြို့နယ် အရောက်မှာ ဒေသခံ အာဏာပိုင်တွေ က ဆန္ဒပြတဲ့အသွင်မဆောင်ဘဲ ခရီးသွားတဲ့ပုံစံနဲ့ပဲ သွားလာကြဖို့ ခံဝန်လက်မှတ် ရေးထိုးခိုင်း ခဲ့ပါတယ်။

ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် ပြန်ဆက်သွယ်ရ

Posted by drmyochit Monday, January 28, 2013, under | No comments

ရက်အတန်ငယ် ပျောက်ဆုံးနေခဲ့သော ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်နှင့် များမကြာမှီက ပြန်လည် ဆက်သွယ် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။


ရက္ခိုင့် တပ်မတော်မှ ပြောခွင့်ရသူ ဗိုလ်မှူး ဒေါက်တာ ညိုထွန်းအောင်မှ ပြန်လည် ဆက်သွယ် ရရှိခြင်းကို အတည်ပြု ပြောကြားသည်။

မြစ်ကြီးနား-ပူတာအို ကားလမ်း ပေါ်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ မိုင်းဆွဲ တိုက်ခိုက် မှုကြောင့် အပြစ်မဲ့ အရပ်သား တစ်ဦး သေဆုံး

နေပြည်တော် ဇန်နဝါရီ ၂၇
၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ၁ဝ နာရီ ၃ဝ မိနစ် ခန့်တွင် ကချင် ပြည်နယ် မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာ လာသည့် ဆိုင်ကယ် သုံးစီးအား ဇနန်ကျေးရွာ မိုင်တိုင် ၁၁ဝ အနီးတွင် အကြောင်းမဲ့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် မြစ်ကြီးနားမြို့ အောင်မြင်သာ ကျေးရွာနေသူ ကိုကျော်စိုး (၂၅)နှစ် (ရှမ်း/ ဗုဒ္ဓ) သေဆုံး ခဲ့ကြောင်း သိရှိ ရသည်။

၂၀၁၅ အစိုးရသစ် အတွက် ပြဿနာများ ထားခဲ့မည် မဟုတ်ဟုဆို

Posted by drmyochit Monday, January 28, 2013, under | No comments


ရန်ကုန်၊ ဇန်နဝါရီ ၂၇

လက်ရှိ ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခ ပြဿနာ အရေးကို ၂၀၁၅ ခုနှစ်တွင် တာဝန်ယူမည့် အစိုးရသစ် အတွက် ထားခဲ့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြား သည်။

ဖေဖော်ဝါရီလကုန်တွင် ကရင်တိုင်းရင်းသား ညီလာခံ ကျင်းပမည်

Posted by drmyochit Monday, January 28, 2013, under | No comments

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ကရင်တိုင်းရင်းသား ညီလာခံ ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။

အဆိုပါ ကရင်တိုင်းရင်းသား ညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းမှုများအား ယခု ရက်ပိုင်း အ တွင်း ကရင်တိုင်းရင်းသား ခေါင်းဆောင်များက ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ညီလာခံအား ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ ကြွေးမြီ သစ်ယူလို့ ရပြီ

Posted by drmyochit Monday, January 28, 2013, under | No comments

မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကမ္ဘာဘဏ်က ကြွေးမြီသစ် အဖြစ် ငွေချေး ယူလို့ ရပါပြီ။ အရင် ကတော့ ကမ္ဘာ့ဘဏ် လုပ်ထုံးလုပ်နည်းအရ မြန်မာအနေနဲ့ ကြွေးမြီဟောင်း မဆပ်နိုင် ခဲ့လို့ ကြွေးသစ် ယူလို့ မရဖြစ်နေခဲ့တာပါ။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်