Tuesday, January 29, 2013

ကွန်ပျူတာပိုးမွှားများနှင့်ခုခံမှုနည်းပညာ စာအုပ် မြန်မာလို

Posted by drmyochit Tuesday, January 29, 2013, under | No comments




ဆရာသန်းထိုက် (ရွှေရိပ်)ရဲ့..ကွန်ပျူတာပိုးမွှားများနှင့်ခုခံမှုနည်းပညာမြန်မာလို စာအုပ်လေးတင်ပေးလိုက် ပါတယ်..အရင်ကလည်း ကွန်ပျူတာရောဂါများနှင့်ကာကွယ်ဆေး စာအုပ်ထွက်ထားဖူး ပါတယ်...အခုတစ် အုပ်ကတော့ အသစ်ပါ..မရှိ သေးသူများ Download ရယူနိုင်ပါပြီ..

တပ်မတော်သား တစ်ဦးမှ တပ်မတော်၏ ဂုဏ်ကို ငြိုးနွမ်းအောင် ပြုလုပ်

Posted by drmyochit Tuesday, January 29, 2013, under , | No comments


ဆိပ်ဖြူ၊ ဇန်န၀ါရီလ ၁၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စု ရွှေဘိုကျွန်းကျေးရွာ တွင် ရေခပ် ရာမှ ပြန်လာသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို က.ပ.စ ၂၂ တပ် (ကာကွယ်ရေးပစ္စည်း ထုတ်လုပ် သည့် စက်ရုံ)မှ ဒုတပ်ကြပ်တစ်ဦးက ရိုက်နှက်၍ အဓမ္မပြုကျင့် သော ဒဏ်ရာများကြောင့် ဇန်န ၀ါရီလ ၁၅ ရက်နေ့တွင် မကွေးမြို့ ပြည်သူ့ဆေးရုံတွင် တင်ပို့ကု သနေစဉ် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်စန်းကြည်က ပြောကြားသည်။

ငါးယောက်ထက်ပို စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် တားမြစ် အမိန့် ပျက်ပြယ်


၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်အမှတ် ၃/ ၂၀၁၃ဖြင့် ၁၉၈၈ ခုနှစ် စက်တင် ဘာ(၁၈)ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် ၂/ ၈၈ အား ပယ်ဖျက်လိုက်သည်။

အဆိုပါ အမိန့်အမှတ် ၂/ ၈၈ က ည ၈ နာရီ မှ မနက် လေးနာရီအထိ ညမထွက်ရ သတ်မှတ်ပြီး ဆူပူ လှုံ့ဆော် လိုသော ရည်ရွယ်ချက်ဖြင့် ငါးယောက်နှင့် ငါးယောက်အထက် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်း လှည့်လည်ခြင်း၊ ဟောပြော ခြင်း၊ သပိတ် စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင် သူများကို ဟန့်တားခြင်းများအား တားမြစ် ထားသည့် အမိန့်ဖြစ်သည်။

ဘီလျံနာအဖြစ် အမွေဆက်ခံရမည့် တရုတ်အမျိုးသမီး ချစ်သူအလိုရှိနေ

Posted by drmyochit Tuesday, January 29, 2013, under | No comments

မီဒီယာများ၏ အာရုံစိုက်မှုနှင့် အတုအယောင် စီခြယ်မှုများကြောင့် သူမသည် ချစ်သူတစ်ဦးမျှ မရှိဘဲ ဖြစ်နေကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Marie Claire မဂ္ဂဇင်းသို့ အသက်(၃၀)အရွယ် ဇွန်ဖူလီက ပြောကြားခဲ့သည်။

ဘီလျံနှင့်ချီသော ငွေကြေးများအတွက် အမွေဆက်ခံရမည့်သူ တစ်ဦးအတွက် ကြင်ရာဖက် ရရှိရန်မှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ဟု ယူဆရန် ရှိသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အကြွယ်ဝ အချမ်းသာဆုံးဖြစ်သော သူဌေးကြီး၏ အမွေခံ သမီးကမူ သူမ၏ ဘဝသည် လူအများ ထင်မှတ်ထားသည်ထက် ခက်ခဲစွာ ရုန်းကန်နေရကြောင်း ဖွင့်ဟခဲ့သည်။ မီဒီယာများ၏ အာရုံစိုက်မှုနှင့် အတုအယောင် စီခြယ်မှုများကြောင့် သူမသည် ချစ်သူတစ်ဦးမျှ မရှိဘဲ ဖြစ်နေကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Marie Claire မဂ္ဂဇင်းသို့ အသက်(၃၀)အရွယ် ဇွန်ဖူလီက ပြောကြားခဲ့သည်။ ဇွန်က သူမသည် ချမ်းသာပြီး အဖော်မဲ့နေကြောင်း ညည်းညူသွားခဲ့သည်။

အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များတရုတ်ပြည်သို့ခိုလှုံရန်ပြင်ဆင်


ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဒေသရှိ ဒေသခံများနှင့် ဒုက္ခ သည်များသည် မြန်မာအစိုးရစစ်တပ်မှ လိုင်ဇာသို့တိုက်ခိုက်သိမ်းပိုက်လာလျင် တရုတ်ပြည်သို့ ထွက်ပြေး ခိုလှုံရန်ပြင် ဆင်နေကြသည်။

အစိုးရတပ်မှ လိုင်ဇာ (Laiza) ဌာနချုပ်နယ်မြေရှိ KIO ၏အရေးကြီးသော တပ်စခန်းများအားလုံးကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဆက်လက်၍ လိုင်ဇာတွင်းသို့ဝင်ရောက်လာလျင် ဒုက္ခသည်လူထုများ ဆက် လက်၍ လုံခြုံရာသို့ခိုလှုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း လိုင်ဇာ (Laiza) အုပ်ချုပ်ရေးမှူး ဒူကဘာ ကရဲန်နော်အောန် (Dukaba Kareng Naw Awn) KNG ကချင်သတင်းဌာနသို့ပြောသည်။

Samsune Glaxy Tab 2 ကို Root လုပ်နည်း

Posted by drmyochit Tuesday, January 29, 2013, under | No comments


Samsune glaxy tab 2 ကို Root လုပ်နည်း 


Galaxy Tab 2 7″ ကို Root ချင်ပါတယ် ဆိုတဲ့ သူတွေအတွက် ဒီနေရာလေးမှာ သေချာတင်ပေး လိုက်ပါ တယ်...။ 


Galaxy Tab 2 မှာက Model အမျိုးမျိုး ရှိလို့ သင့်တော်ရာ ClockworkMod ကိုရွေးချယ်ပါ...။ 




တစ်ခုခု မှားသွားခဲ့ရင် ပြင်နိုင်ဖို့ အတွက် အောက်မှာကတော့ Roms တွေကို အရံသင့်ပေးထားပါတယ်။

ဖြေရှင်းရမည့် ဒုက္ခအပိုင်းအစများ

Posted by drmyochit Tuesday, January 29, 2013, under | No comments

မောင်အေးချမ်း (ယင်းမာမြေ)

“မလေးရှားနှင့် စင်ကာပူတို့တွင် အလုပ်သမား သံအရာရှိများ ထားတော့မည်။ အလုပ်သမား များ၏ ဒုက္ခ အခက်အခဲ များကို ဖြေရှင်း ပေးနိုင်ရန် ဖြစ်သည်။” 

ထိုသတင်းကို The Voice Weekly မှာ ဖတ်ရတော့ ၂၀၀၃မှ ၂၀၀၈ အထိ မလေးရှားတွင် နေထိုင် လုပ်ကိုင်ဖူးသော ကျွန်တော် ယင်းအကြောင်း အနည်းငယ် ဆွေးနွေးလိုပါသည်။ သက်ဆိုင်ရာ လူကြီးမင်းတို့ ပမာဒလေခမှာ စိုး၍ ဖြစ်ပါသည်။

ထိုင်းနိုင်ငံသို့ စေလွတ်နေသော လိုင်စင်ရ အေဂျင်စီများမှာ လိုက်နာရမည့် အချက်များနှင့် ကိုက်ညီမှု မရှိပါက အလုပ်သမားများမှလည်း တိုင်ကြားနိုင်ပြီး ယင်းအေဂျင်စီများကို ဥပဒေအရ အရေးယူသွားမည်

Posted by drmyochit Tuesday, January 29, 2013, under | No comments

ထိုင်းနိုင်ငံသို့ စေလွှတ်နေသော လိုင်စင်ရ အေဂျင်စီများမှာ လိုက်နာရမည့် အချက်များနှင့် ကိုက်ညီမှု မရှိ ပါက အလုပ်သမားများမှလည်း တိုင်ကြားနိုင်ပြီး မလိုက်နာသော အေဂျင်စီများကို ဥပဒေအရ အရေး ယူသွား မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန် ချက်အရ သိရှိရသည်။

မောင်တောတွင် အစိုးရ အဆောင်တစ်ခု မီးရှို့ခံရ

Posted by drmyochit Tuesday, January 29, 2013, under | 2 comments


ထွန်းထွန်း

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အစိုးရ အဆောင်တစ်ခု ယနေ့နေ ၉ နာရီခန့်က မီးရှို့ခံရသည်ဟု သတင်း ရရှိသည်။

မီးရှို့ခံရသည့် အဆောင်မှာ မောင်တောသုံးမိုင် ဂေါက်ကွင်းအနီးရှိ ဂျီအီး ပစ္စည်းများ သိုလှောင်ရုံ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံပေးရမယ့် ကန်ဒေါ်လာ သန်း ၆ ထောင်ကို မြီရှင်နိုင်ငံတွေ လျှော်ပစ်

Posted by drmyochit Tuesday, January 29, 2013, under | No comments



မြန်မာနိုင်ငံက တခြားနိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ပေးဖို့ရှိနေတဲ့ ကြွေးမြီအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ သန်း ၆ ထောင်နီးပါးကို အထူးအစီအစဉ်တရပ် အဖြစ် ကြွေးမြီရှင်နိုင် ငံတွေ က လျှော်ပေးတော့မယ့်အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပုဒ်မ ၁၄၈/၅၀၆(ဒု)ဖြင့် အရေးယူခံထားရသော ဘင်္ဂလီ(၇)ဦး တရားသေပြန်လွတ်

Posted by drmyochit Tuesday, January 29, 2013, under | No comments


ဇွန်လ (၈)ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဒေသခံများအား အကြမ်းဖက်ရာတွင်ပါဝင်သည့် အဓိကဦးဆောင်သူ ဘင်္ဂလီ (၇)ဦးကို ဖမ်းဆီးတရားစွဲဆိုထားရာမှ ဇန္န၀ါရီလ၊ (၂၃)ရက်၊ (၂၀၁၃)ခုနှစ်တွင် မောင်တောခရိုင် တရားရုံးမှတရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့ အစည်းအချို့ သံဃာအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်း များနှင့် အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ ပါသည်။

၂။ အဆိုပါသတင်းနှင့် ကြေညာချက်တို့တွင် မြန်မာ့တပ်မတော်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာ အနီးဝန်း ကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း သတင်းများကိုသာ တစ်ဖက်သတ် ဇောင်းပေး၍ ဖော်ပြနေပါသည်။ တရားဝင်မီဒီယာများတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ၊ စစ်ရေးနှင့် မဆိုင်သော အရပ်ဘက် လမ်း၊ တံတားများစွာကို ဖျက်ဆီးခဲ့မှု သတင်းများ ထုတ်ပြန်ထားပါလျက် ယင်းအဖြစ်မှန် သတင်းများကို မျက်ကွယ်ပြုပြီး မမှန်မကန် သတင်းများကိုသာ ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။ ယင်းသို့ တစ်ဖက်စောင်းနင်း ဖော်ပြချက်များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင် ပါသည်။

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုံ့ပြန်ပြောဆို

Posted by drmyochit Tuesday, January 29, 2013, under | No comments


KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တယောက် အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်း ယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ပြည်သူ့ လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ

Posted by drmyochit Tuesday, January 29, 2013, under | No comments

သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမရဲ့ ဘေးဘက်မှာရှိတဲ့ မိချောင်းကန် စိုက်ပျိုးရေးမြေ ကွက် အပိုင်း(၁)၊ (၂)၊ (၃) ကို ၁၉၉၂ ခုနှစ်တုန်းက စစ်တပ်ကနေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံ ထားရတဲ့ ဒေသခံ ၅၀၀ ကျော်ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော် ထုတ်ခဲ့ကြ ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အဖျောက်မြို့နယ် အတွင်းရှိ ကြွေပန်းကန်ချောင်း ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရသဖြင့် ဒေသခံများအတွက် စားဝတ်နေရေး အဘက်ဘက်တွင် အခက်ကြုံ

Posted by drmyochit Tuesday, January 29, 2013, under | No comments

ကြွေပန်းကန်ချောင်းကျေးရွာရှိ ပြိုကျနေဆဲ မြစ်ကမ်းပါးများအား ဇန်န၀ါရီ ၂၇ ရက်က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့နယ်အတွင်းရှိ ကြွေပန်းကန်ချောင်း ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရသဖြင့် ဒေသခံများအတွက် စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေး အဘက်ဘက်တွင် အခက်ကြုံနေရကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရှိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်