KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့
အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက်
(၃/၂၀၁၃) ထုတ်ပြန် ကြေညာပြီး နောက် စစ်ရေး နှင့် မသက်ဆိုင်သော ပစ်မှတ် များအား တိုက်ခိုက်လျက်
ရှိရာ ဇန်န၀ါရီ ၃၀ ရက် နံနက်ပိုင်းက မုံးကိုး မြို့နယ်ခွဲ မန်ဂျာရွာ ၌ KIA အကြမ်းဖက်
သောင်းကျန်းသူ အဖွဲ့မှ ပြောက်ကျား ယူနီဖောင်း ၀တ်ဆင် ထားသူ ၂ ဦးသည် ဒေသခံ ပြည်သူ ၂
ဦးအား အကြောင်းမဲ့ လက်နက်ငယ် ဖြင့် ပတ်ခတ် ခြင်းကြောင့် ဦးဖောင်း ချိန်ဖောင်း ၂၄
နှစ် (ဘ) ဦးဖိန်စမ်း ၊ ဦးတီစမ်းဝေ (ခ) ချိန်းစင်းဝွေ့ ၂၃ နှစ် (ဘ) ဦးရီစမ်း တို့မှာ
အခင်း ဖြစ်ပွား ရာ တွင် ရရှိဒဏ်ရာ များဖြင့် သေဆုံး ခဲ့ကြောင်း နှင့် နယ်မြေခံ တပ်မတော်
စစ်ကြောင်း နှင့် ကွတ် ခိုင် ပြည်သူ့စစ် အဖွဲ့တို့က လိုက်လံ ရှင်းလင်း လျက် ရှိကြောင်း
သိရှိရသည်။
မီးရှူး မီးပန်းများ သယ်ဆောင် လာသည့် ကုန်တင်ကား တစ်စီးသည် တရုတ်နိုင်ငံ အလယ် ပိုင်းရှိ မိုးပျံ လမ်းမ တစ်ခုပေါ် တွင် ပေါက် ကွဲမှု ဖြစ်ပွားခြင်းကြောင့် ယီချန် တံတား ပြို ကျပြီး လူ ၂၆ ဦးထက် မနည်း
သေဆုံး ခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျ မှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့် ခဲ့သည်။
ဟီနန်ပြည် နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန် လမ်းမပေါ် တွင် ပေါက် ကွဲမှု ဖြစ် ပွားခြင်းကြောင့် လမ်းပိုင်း အများ အပြား ပျက်စီး ခဲ့သည်။ ယင်းဖြစ် စဉ်ကြောင့် လူလေးဦး သေဆုံး ခဲ့သည် ဟုနိုင်ငံပိုင် ဆင်ဟွာ သတင်း ဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ် အသံလွှင့် ဌာနကမူ ၂၆ ဦးထက် မနည်း သေဆုံး ခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြ မှု မရှိတော့ပေ။
တာမွေမြို့နယ်
မေတ္တာညွန့်ရပ်ကွက် မာလာနွယ်လမ်း အမှတ် ၇၂၈ ခြောက်လွှာတိုက်ခန်းရှိ မီးခလုတ်ပေါ် တွင် မီးလုံးတင်ဆင်ရာမှ
ဖေဖော်ဝါရီ ၂ ရက်က မီးလောင်မှု တစ်ခု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ
မီးလောင်မှုဖြစ်စဉ်သည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားပြီး မီးသတ်ယာဉ် သုံးစီး၊
ကွပ်ကဲ မှု ယာဉ် နှစ်စီး၊ သန္ဓေမီးသတ် ၄၀၊ အရန်မီးသတ် ၁၀ ဦးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ရာ
မွန်းလွဲ ၁ နာရီ တွင် မီးငြိမ်း သွားကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ကာမိုင်း ဒေသမှာ KIA နဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲ မဖြစ်ခင် အချိန် က
ဒေသ ခံ ပြည် သူ တွေ ပျော်ရွှင် စွာ နေခဲ့ရ သလောက် အခု ခါမှာတော့ နေ့စဉ် စိတ်ဆင်းရဲ နေကြရ
ပါတယ်။ ကာမိုင်း ဒေသကို KIA တပ်ဖွဲ့ ၀င်တွေ ၀င်ရောက်လာပြီး ရဲစခန်းကို မီးရှို့ တိုက်ခိုက်၊
ရဲ တပ်ဖွဲ့ဝင် တွေကို သတ်ဖြတ် ပြီး အမျိုး သမီးငယ် တွေကို အတင်း အဓမ္မ အနိုင် ကျင့်ခဲ့တဲ့
အပေါ် ကာမိုင်း ဒေသက လူ ထုတွေ အလွန် ပဲ ဒေါသထွက် နာကျည်း လျက် ရှိပါတယ်။
ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်း
ကျေးရွာနေ (ဘ) ဦးမောင် သိန်းညွန့် (မိ) ဒေါ်မကျိုင်အေး တို့၏ သမီး မစောပွင့် (၄၅)အား
၎င်းကျေးရွာနေ ဦးမောင် ထွန်းလှိုင်က မုဒိမ်းကျင့်ရန် ကြိုးပမ်း ခဲ့သောကြောင့် ၄င်းအ မှုကို
တရား လိုဖက်မှ မြို့နယ်က တစ်ဆင့် ခရိုင် တရားရုံးကို တိုင်ကြား ခဲ့သော်လည်း ခရိုင်
တရား သူကြီးမ ဒေါ်အေး သိန်းမှ လာဘ်စားကာ တရား ခံအား အရေးယူ ပြစ်ဒဏ် ချမှတ်ခြင်း မရှိဘဲ
ပြီးခဲ့သည့် အပတ် က အပြစ်မဲ့ တရားသေ လွှတ်ပေး လိုက်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်
အစီရင်ခံစာကို ဖေဖော်ဝါရီ လကုန်တွင် ထုတ်ပြန် မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ လက်ပံတောင်းတောင် စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများကို
အကြမ်းဖက် ဖြိုခွင်း ခဲ့မှုတွင် စစ်မြေပြင်၌ အသုံးပြုသော ဖော့စ်ဖရပ် အဖြူ (မီးစုန်းဖြူ)
ပါဝင်သော လက်ပစ် ဗုံးများ အသုံးပြု ထားသည်ဟု ယင်း ကိစ္စရပ် ကို စုံစမ်း စစ်ဆေး နေသည့်
မြန်မာ နိုင်ငံ ရှေ့နေများ ကွန်ရက်က ပြောဆို ခဲ့ကြောင်း ဖော်ပြ ထားသည်။
ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်းအကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း နှင့် သစ်မာစိုက်ခင်းစီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာမျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။
အစိုးရကကေအိုင်အို ကေအိုင်အေနှင့်ဆွေးနွေးပွဲများစတင်နိုင်ရန်ညှိနှိုင်းဆောင် ရွက်လျှက်ရှိကြောင်း အစိုး ရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကဖေဖော်ဝါရီ ၁ရက်တွင် သတင်းထုတ်ပြန်သည်။
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားသော အဖွဲ့အစည်းများ ကပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကေအိုင်အေတို့ ဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန်ကူညီကြိုးပမ်းနေမှုများကို အသိအမှတ်ပြုကြို ဆိုပြီး၊ယင်း အဖွဲ့အ
ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာနေကြသည့် ရိုဟင်ဂျာများအရေးနှင့် ပတ်သက်၍မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်း (Surapong Tovichakchaikul) ဖေဖော်ဝါရီလအတွင်း လာရောက်ဦးမည် ဖြစ်သည်။
ဇန်နဝါရီလအတွင်းက ဝန်ကြီး၏ လက်ထောက် ဂျူလာပေါင်း (Jullapong Nonsrichai) လာရောက်ကာ မြန်မာ အစိုးရပိုင်းနှင့် ဆွေးနွေးခဲ့သော်လည်း တိုးတက်မှု တစုံတရာ မရခဲ့၍ ယခုကဲ့သို့ ဝန်ကြီး၏ နောက်ဆက်တွဲခရီးစဉ်ဖြစ်ပေါ်လာရကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသားထားသည်။
နေစရာအခက်အခဲရှိသူများက ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေကြစဉ်
ဖေဖော်ဝါရီလ ၁ ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက် ပီမိုးနင်း လမ်းမဘေးရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် ၁၈ ဧကခန့် ကျယ်ဝန်းသော မြေနေရာပေါ်တွင် အိမ်ထောင်စု ၁၀၀ ကျော် ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် အိုးအိမ် ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကယားပြည်နယ် ဖရူဆိုမြို့ လောဘူးဒါး အ.မ.က ကျောင်းမှ တတိယတန်း ကျောင်းသူ အား စစ်လေ့ကျင့် ရေးကျောင်း ဆောက်လုပ်ရေး အလုပ်သမားတဦးမှ တောထဲသို့ ခေါ်ဆောင် သွားခြင်းနဲ့ ပါတ်သက်လို့ ယမန်နေ့ က အ ဓ္ဓမပြုကျင့်မှုဖြင့် ရဲစခန်းမှ အမှုဖွင့်လှစ် လိုက်ပါတယ်။
“သမီးငယ်လေးက ဆေးရုံပေါ်က မဆင်းရသေးဘူး။ ဆေးရုံက ဆင်းမလာသေးတဲ့ အတွက်ကို ဆေးစာ မရသေးပါဘူး။ ဒါပေမဲ့ လက်ရှိဆရာဝန်ကြီးရဲ့ပြောပြချက်အရတော့ ဒီကလေးကို rape ပေါ့။ မုဒိန်းကျင့်ထားတယ်လို့ အနေအထားတွေတွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီအမှုကို မုဒိန်းမှုနဲ့ ဖွင့်ထားခြင်းဖြစ်ပါတယ်။ မိဘအုပ်ထိန်းမှု ခွင့်ပြုချက်မယူပဲ ယူဆောင်သွားတာက ၃၆၃ လို့ခေါ်တယ် ၃၆၃ မကတော့ဘူးအမှုက မတရား ကြီးသွားတယ်။ ဒါကြောင့်မို့လို့ မုဒိမ်းမှုအဖြစ်အနေနဲ့ အမှုဖွင့်လှစ်လိုက်ခြင်း ဖြစ်တယ်။” လို့ ဖရူဆိုမြို့ စခန်းမှူး ရဲအုပ်မြင့်နိုင်က ပြောပါတယ်။
ဇန္န၀ါရီလ(၁၃)ရက်နေ့က အစိုးရနှင့်ကေအိုင်အေတိုက်ပွဲကြောင့် မိုင်းထိ သွားသော အပြစ် မဲ့ပြည်သူ ရခိုင်အမျိုးသား ကိုဇော်ဌေးကို ရန်ကုန်ဆေးရုံသို့ ပို့ထားကာ သူနာပြု ဆရာမများက ဂရု တစိုက်ပြု စုစောင့်ရှောင့်မှု မရှိဘဲ လူနာအား အစစအရာရာ လစ်လှူရှုထားကြောင်း သတင်းရရှိသည်။
မိုင်းထိခံ ကိုဇော်ဌေးမှာ ဒဏ်ရာ များပြင်းထန် လှသည့်ကြားမှ သူနာပြုများ၏ ဂရုစိုက်မှုကို မခံရခြင်း ပတ်သတ်၍ ကိုဇော်ဌေးအား စောင့်ရှောက်ပေးသူ ကိုခိုင်နေ မင်းက ပြောသည်။
လှိုင်သာယာမြို့နယ် အောင်ဇေယျ တံထား အဆင်း ပီမိုးနင်း လမ်းမကြီး နံဘေး ရှိ Star Light ကုမ္ပဏီ ပိုင်မြေ တွင် ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက စတင်ကာ လူအုပ်စု လိုက်မြေနေယာ ၀င်ရောက်ဦး ယူမြေ ကွက်ရိုက် မှုများဖြစ် ပွားလျက်ရှိရာ ယနေ့ ညနေပိုင်း အထိ သက်ဆိုင်ရာ ကုမ္ပဏီဝန်ထမ်း များနှင့် မြေလာရောက် ဦးယူ သူများကြား ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ယင်းနေရာသို့ သွားရောက် သတင်းယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ကေအိုင်အို၏ သဘောထား ထုတ်ပြန်ချက်တွင်-
ကေအိုင်အို နှင့် မြန်မာ့ တပ်မတော် တို့၏
တိုက်ပွဲ များသည် အချို့နေရာ များတွင် ဆက်လက်ဖြစ် ပွားလျက် ရှိသည်။
ကေအိုင် အိုသည် တိုက်ပွဲ သတင်း များကို ထုတ်ပြန် ကြေငြာခြင်း မပြုသည်မှာ
မလိုလား အပ်သော သဘောထား တင်းမာမှုများကို ရှောင်လွှဲလို သောကြောင့် ဖြစ်သည်။
သို့ပါသော်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
သတင်း ထုတ်ပြန်ရေး အဖွဲ့နှင့် ကာကွယ်ရေး ၀န်ကြီးဌာန တို့၏
သတင်း ထုတ်ပြန်ချက် များတွင် ကေအိုင်အိုအား တစ်ဖက်သက်
အပြစ် ပုံချ ထားသည် များကို တွေ့ရှိ ရသည် စသည့် အချက် အလက်များ ပါရှိသည်။
နေပြည်တော်၊
ဖေဖော်ဝါရီ ၁
၃၀-၁-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် မကွေးတိုင်း
ဒေသကြီး၊ ဆောမြို့နယ်၊ ကြခတ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ တစ်ရွာတည်းနေ ဦးသန်းနိုင်
(၄၈)နှစ် ရောက်ရှိလာပြီး ၎င်း၏ နေအိမ်တွင် ၎င်းရွာမှ မလှမြင့်အား မစန်းအေးမှ ဓါးဖြင့် ထိုးသဖြင့်
သေဆုံးနေကြောင်း ပြောပြခဲ့သဖြင့် သွားရောက် ကြည့်ရှုခဲ့ ရာ ဦးသန်းနိုင်၏ နေအိမ် အိပ်ခန်းအတွင်း၌
မလှမြင့်(၄၂)နှစ်အား ရင်ညွန့်တည့်တည့်တွင် ထိုးထွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်ရင့်ညွန့်ဘေးတွင် ထိုးထွင်းဒဏ်ရာ ၁ ချက်တို့ဖြင့်
သေဆုံးနေ သည် ကို တွေ့ရှိခဲ့ရသည်။