ကျွန်တော်တို့နိုင်ငံဟာ အခုအချိန် မှာ လူထုလူတန်းစားအလွှာအသီးသီးပါ ၀င်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း မှု ဖြစ် စဉ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ လစ် ဘရယ်လိုက်ဇေးရှင်း (တင်းကျပ်မှုများ ကို ဖြေ
လျှော့ခြင်း)ဆိုတဲ့ အဆင့်အောက် ကနေ ရုန်းထကြိုးစားနေကြတဲ့အချိန် ဖြစ်ပါတယ်။ လစ်ဘရယ် လိုက်ဇေး ရှင်းဆို တာ ဒီမိုကရက်တိုက်ဇေးရှင်းရဲ့ ဒုတိယ အဆင့်ဖြစ်ပါတယ်။ ၂၀၁၀ မှာ တက်လာ တဲ့အရပ်သား အစိုးရ ဟာ ဆိုရှယ်ပေါ် လစ်တစ်(လူထုအခြေပြုနိုင်ငံရေး)ကို တဖြည်းဖြည်းချင်း လမ်းဖွင့်ပေးခဲ့တယ် ဆိုတာ ကိုတော့ ကျွန်တော်တို့ငြင်းလို့မရ ပါဘူး။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးတွေ ဘယ်လိုပဲ
လိုင်ဇာအနီး ကချင်စစ်ပြေးဒုက္ခသည်စခန်းတခု (ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၃)
02.02.2013 အစိုးရတပ်တွေနဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့ရဲ့ လက်နက် ကိုင် KIA တို့ကြား ဖြစ် ပွားနေ တဲ့ ပဋိပက္ခ အဆုံး သတ်ရေး အတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘော တူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။ မြန်မာ အစိုးရ ကိုယ်စား လှယ်တွေနဲ့ KIO ကြား ဆွေးနွေး ပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင် ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေးထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်း ထဲမှာ ဖော်ပြထားတာပါ။

အင်တာနက်ပေါ်က Twitter လူမှုရေး ကွန်ယက်ဟာ ဒီသီတင်း ပတ်ထဲမှာ အဆင့်မြင့် နည်းပညာ သုံးပြီး ထိုးဖောက် ခံရလို့ Twitter အသုံးပြုသူ ၂ သိန်းခွဲရဲ့ အချက် အလက်တွေ ပေါက်ကြား သွားရ တယ်လို့ Twitter က ပြော ပါတယ်။ တရား မဝင် ခိုးဝင်ဖို့ မအောင်မြင်ဘဲ ကြိုးစား ထားတာတွေ ကို တွေ့ရှိခဲ့တယ်၊ ပြီးတော့ ထိုးဖောက်ဖို့ ကြိုးစားနေ တာကိုလည်း ကြုံလိုက်ပြီး အဲဒါကို ချက်ချင်းပဲ တားဆီး လိုက်နိုင် တယ်လို့ Twitter ရဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူး Bob Lord ကပြောပါတယ်။
နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC မှ CEO နှင့် အမှုဆောင် ဒုတိယဥက္ကဋ္ဌတို့ ဦးဆောင်သည့် ကမ္ဘာ့ ဘဏ်မှ အကြီးတန်း ကိုယ်စားလှယ်များ မြန်မာနိုင်ငံ သမ္မတနှင့် လာရောက်တွေ့ဆုံရန်ရောက်ရှိနေ သည် ဟု သတင်းရရှိသည်။
နိုင်ငံတော်သမ္မတ နှင့် တောင်သူများနှင့်တွေဆုံပွဲမှ ဓါတ်ပုံများ (photo.အောင်ထက်(NYK) Popular Myanmar News Journal
လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဆို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု
လယ်ယာ ဘက်စုံသီးနှံ ဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့လာရောက်ကြည့်ရှု ခဲ့ပြီး ညောင်ပင် သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း အပါ အဝင် ကုမ္ပဏီ သုံးခုက ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ရန် မတည် ရင်းနှီးငွေ ပေး သွင်းပြီး ဖြစ်ကြောင်း မြန် မာ့ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက The Voice Weekly သို့ ပြောကြား သည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ဇန်နဝါရီ ၃၁ ရက် နံနက် ၈ နာရီ မိနစ် ၂၀ အထိ နောင်ကျန်ကျေးရွာ အုပ်စုတွင် ရုတ်တရက် လေပြင်းမုန်တိုင်းများ တိုက်ခတ်၍ မိုးသီးများ ရွာသွန်းမှုကြောင့် နေအိမ် ၃၁ လုံး ပြိုကျပျက်စီးပြီး ကိုးလုံး အမိုးလှန်ကျ ပျက်စီး၍ စုစုပေါင်း အိမ် ၄၀ ပြိုကျ ပျက်စီးခဲ့သည့်အပြင် နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ ဘုရင်ညီကျေးရွာအုပ်စု ကော့ရင်း၊ နောင်ကျန် ကျေးရွာများမှ လယ်ဧကပေါင်း ၁၅၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ပြီး အောက်ကော့ရင်း ကျေးရွာအုပ်စုမှ ခမိန်ဒို အရှေ့ကွင်း၊ သကြားဟင်းအိုးကွင်းရှိ ကောက်ပဲသီးနှံ လယ်ကွင်းစပါး ၁၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
ရန်ကုန်-ဖေဖော်ဝါရီ၂
မျိုးချစ်လူငယ်များအကျိုးဆောင်ကွန်ယက်ကို ကော်မတီ ၅ရပ်ဖြင့် ဖွဲ့စည်း ထားကြောင်းကြေညာချက် ထုတ်ပြန် လိုက်သည်။
ဗုဒ္ဓဘာသာ အကျိုး စီးပွားစောင့်ရှောက်ရေးကော်မတီ၊ ဗုဒ္ဓဘာသာ ၀င်ဆင်းရဲသူများ ကိုစောင့်ရှောက်ရေး
ကော် မတီ၊ သတင်း အချက် အလက် စုဆောင်းရေးနှင့် ဆက်သွယ်ရေးကော် မတီ၊ ရန်ပုံငွေ ရှာဖွေရေးကော်မ တီ၊လုံခြုံရေးနှင့် တန်ပြန်စုံစမ်းရေးကော်မ တီတို့ဖြင့်ဖွဲ့ စည်းထားကြောင်း သိရသည်။
Samsung mini GT-S5570 ဖုန်းအတွက်ပါ....
ဒီထက်ပိုပြီးနည်းပညာတွေ တိုးတက်ကျွမ်းကျင် အောင်မြင်ပါစေဗျာ....
တောင်းဆိုထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
မြန်မာစာတွေ ရေး/ဖတ်နိုင်ဖို့အတွက် Root အရင်လုပ်ပေးရမှာပါ...။ မိမိ ဖုန်းက Android Version 2.3.3 (or) 2.3.4 ဖြစ်ရပါမယ်...
KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့
အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက်
(၃/၂၀၁၃) ထုတ်ပြန် ကြေညာပြီး နောက် စစ်ရေး နှင့် မသက်ဆိုင်သော ပစ်မှတ် များအား တိုက်ခိုက်လျက်
ရှိရာ ဇန်န၀ါရီ ၃၀ ရက် နံနက်ပိုင်းက မုံးကိုး မြို့နယ်ခွဲ မန်ဂျာရွာ ၌ KIA အကြမ်းဖက်
သောင်းကျန်းသူ အဖွဲ့မှ ပြောက်ကျား ယူနီဖောင်း ၀တ်ဆင် ထားသူ ၂ ဦးသည် ဒေသခံ ပြည်သူ ၂
ဦးအား အကြောင်းမဲ့ လက်နက်ငယ် ဖြင့် ပတ်ခတ် ခြင်းကြောင့် ဦးဖောင်း ချိန်ဖောင်း ၂၄
နှစ် (ဘ) ဦးဖိန်စမ်း ၊ ဦးတီစမ်းဝေ (ခ) ချိန်းစင်းဝွေ့ ၂၃ နှစ် (ဘ) ဦးရီစမ်း တို့မှာ
အခင်း ဖြစ်ပွား ရာ တွင် ရရှိဒဏ်ရာ များဖြင့် သေဆုံး ခဲ့ကြောင်း နှင့် နယ်မြေခံ တပ်မတော်
စစ်ကြောင်း နှင့် ကွတ် ခိုင် ပြည်သူ့စစ် အဖွဲ့တို့က လိုက်လံ ရှင်းလင်း လျက် ရှိကြောင်း
သိရှိရသည်။
မီးရှူး မီးပန်းများ သယ်ဆောင် လာသည့် ကုန်တင်ကား တစ်စီးသည် တရုတ်နိုင်ငံ အလယ် ပိုင်းရှိ မိုးပျံ လမ်းမ တစ်ခုပေါ် တွင် ပေါက် ကွဲမှု ဖြစ်ပွားခြင်းကြောင့် ယီချန် တံတား ပြို ကျပြီး လူ ၂၆ ဦးထက် မနည်း
သေဆုံး ခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျ မှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့် ခဲ့သည်။
ဟီနန်ပြည် နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန် လမ်းမပေါ် တွင် ပေါက် ကွဲမှု ဖြစ် ပွားခြင်းကြောင့် လမ်းပိုင်း အများ အပြား ပျက်စီး ခဲ့သည်။ ယင်းဖြစ် စဉ်ကြောင့် လူလေးဦး သေဆုံး ခဲ့သည် ဟုနိုင်ငံပိုင် ဆင်ဟွာ သတင်း ဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ် အသံလွှင့် ဌာနကမူ ၂၆ ဦးထက် မနည်း သေဆုံး ခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြ မှု မရှိတော့ပေ။
တာမွေမြို့နယ်
မေတ္တာညွန့်ရပ်ကွက် မာလာနွယ်လမ်း အမှတ် ၇၂၈ ခြောက်လွှာတိုက်ခန်းရှိ မီးခလုတ်ပေါ် တွင် မီးလုံးတင်ဆင်ရာမှ
ဖေဖော်ဝါရီ ၂ ရက်က မီးလောင်မှု တစ်ခု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ
မီးလောင်မှုဖြစ်စဉ်သည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားပြီး မီးသတ်ယာဉ် သုံးစီး၊
ကွပ်ကဲ မှု ယာဉ် နှစ်စီး၊ သန္ဓေမီးသတ် ၄၀၊ အရန်မီးသတ် ၁၀ ဦးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ရာ
မွန်းလွဲ ၁ နာရီ တွင် မီးငြိမ်း သွားကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ကာမိုင်း ဒေသမှာ KIA နဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲ မဖြစ်ခင် အချိန် က
ဒေသ ခံ ပြည် သူ တွေ ပျော်ရွှင် စွာ နေခဲ့ရ သလောက် အခု ခါမှာတော့ နေ့စဉ် စိတ်ဆင်းရဲ နေကြရ
ပါတယ်။ ကာမိုင်း ဒေသကို KIA တပ်ဖွဲ့ ၀င်တွေ ၀င်ရောက်လာပြီး ရဲစခန်းကို မီးရှို့ တိုက်ခိုက်၊
ရဲ တပ်ဖွဲ့ဝင် တွေကို သတ်ဖြတ် ပြီး အမျိုး သမီးငယ် တွေကို အတင်း အဓမ္မ အနိုင် ကျင့်ခဲ့တဲ့
အပေါ် ကာမိုင်း ဒေသက လူ ထုတွေ အလွန် ပဲ ဒေါသထွက် နာကျည်း လျက် ရှိပါတယ်။
ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်း
ကျေးရွာနေ (ဘ) ဦးမောင် သိန်းညွန့် (မိ) ဒေါ်မကျိုင်အေး တို့၏ သမီး မစောပွင့် (၄၅)အား
၎င်းကျေးရွာနေ ဦးမောင် ထွန်းလှိုင်က မုဒိမ်းကျင့်ရန် ကြိုးပမ်း ခဲ့သောကြောင့် ၄င်းအ မှုကို
တရား လိုဖက်မှ မြို့နယ်က တစ်ဆင့် ခရိုင် တရားရုံးကို တိုင်ကြား ခဲ့သော်လည်း ခရိုင်
တရား သူကြီးမ ဒေါ်အေး သိန်းမှ လာဘ်စားကာ တရား ခံအား အရေးယူ ပြစ်ဒဏ် ချမှတ်ခြင်း မရှိဘဲ
ပြီးခဲ့သည့် အပတ် က အပြစ်မဲ့ တရားသေ လွှတ်ပေး လိုက်ကြောင်း သိရသည်။