Monday, February 11, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားတွေ ပိုက်လိုင်းဖျက်သိမ်းပေးဖို့ ဆန္ဒပြ

Posted by drmyochit Monday, February 11, 2013, under | No comments


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့် ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ တရုတ်သံရုံးရှေ့ မှာ မြန်မာနိုင်ငံသား ၃ဝ ခန့် က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်က ဒုက္ခသည်စခန်းတွေကို လေ့လာ

Posted by drmyochit Monday, February 11, 2013, under | No comments



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက် မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိပြီး၊ နေ့လည်ပိုင်းမှာ မြေပုံမြို့က ဒုက္ခသည် စခန်းတွေကို လေ့လာခဲ့ပါတယ်။

မောင်တောမြို့အနီး ရွာတရွာကို လက်နက်ကိုင်လူတစု ၀င်ရောက်တိုက်ခိုက်

Posted by drmyochit Monday, February 11, 2013, under | No comments



ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း၊ ငါးခူရမြို့သစ်ရွာက ရပ်မိရပ်ဖအိမ် ၁ အိမ်ကို  နစက အယောင် ဆောင် လူတစုက ဓား၊ သေနတ်တွေနဲ့ ၀င်ရောက် တိုက်ခိုက်ခဲ့ရာမှာ ၁ ဦး သေဆုံးပြီး၊ ဒဏ်ရာပြင်းထန်သူ ၁ ဦး စစ်တွေဆေးရုံပေါ် အေရးပေါ် ခွဲစိတ် ကုသ ခံနေ ရပါတယ်။

စိုက်ပျိုးမြေဧက ၂၀ သိမ်းဆည်းမှု အပေါ်နောင်ချိုဒေသခံများ ကန့်ကွက်

Posted by drmyochit Monday, February 11, 2013, under | No comments



ရှမ်းပြည်နယ်၊ မြောက်ပိုင်း နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး နဲ့ မြေစာရင်း ဦးစီးဌာနတို့က တပ်မတော် မသန်မစွမ်းရဲဘော်များ အတွက်ဟုဆိုပြီး စိုက်ပျိုးမြေဧကပေါင်း ၂၀ ကို ဒေသခံများဆီက သိမ်းယူလျက်ရှိပါတယ်။

မြိတ်မြို့ ကွမ်းရာဆိုင်များမှ ကာမရာဂစိတ်ကြွဆေးဝါးများ ဖမ်းမိ

Posted by drmyochit Monday, February 11, 2013, under | No comments

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

မြိတ် ရဲစခန်းမှ ပူးပေါင်း အဖွဲ့သည် မြိတ်မြို့၊ ဘုရားကိုင် ရပ်ကွက် ကွမ်းယာဆိုင်၊ (၁) ရပ်ကွက်ရှိ ကွမ်းယာဆိုင်နှင့် ဈေးတန်း ရပ်ကွက်ရှိ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များ ခွဲ၍ ၀င်ရောက် ရှာဖွေ ခဲ့ရာ ကွမ်းယာဆိုင် အသီးသီးတွင် Red Spider စာတမ်းပါ ကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ် ထုပ်၊ လိင်ပိုင်း ဆိုင်ရာ နိုးကြွ စေသည့် တရုတ် နိုင်ငံထုတ် ဆေးဝါးမျိုးစုံ၊ စုစုပေါင်း တန်ဘိုး ငွေကျပ်(၆၇၀၀၀ိ/-) ခန့်အား ဖေဖော်ဝါရီ ၉ရက်က ဖမ်းဆီး ရမိခဲ့ရာ မြိတ် ရဲစခန်းမှ အမျိုးသား ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း ရဲဇာနည် မှသိရသည်။

ရခိုင်ပြည်တွင်း အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်လာခြင်းအား RWU သဘောထားထုတ်ပြန်

Posted by drmyochit Monday, February 11, 2013, under | No comments

ရခိုင်ပြည်တွင် ၂၀၁၃ ခုနှစ်အတွင်း ဒေသခံရခိုင်များအား ဘင်္ဂလီကုလားများ အုပ်စုလိုက် အကြမ်းဖက် မှုများ ထပ်မံဖြစ်ပေါ်ရခြင်းအပေါ် ရခိုင်အမျိုးသမီးများအစည်းအရုံးက ပြင်းထန်စွာရှုတ်ချကြောင်း ဖေဖော်ဝါ ရီလ၊ ၁၀ ရက်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

Mr. Bean ပြိုင်ကား ယာဉ်တိုက် မှုကြောင့် ပြင်ဆင်စရိတ် ဒေါ်လာတစ်သန်းကျော်ကုန်

Posted by drmyochit Monday, February 11, 2013, under | No comments

ဗြိတိသျှ ဟာသ ဇာတ်ဆောင် မင်းသား ရိုဝမ်သည် (၂၀၁၁)ခုနှစ်က ၎င်းပိုင် McLaren F1 အမျိုးအစား ဇိမ်ခံ ပြိုင်ကား ယာဉ် တိုက်မှု ဖြစ်ခဲ့သဖြင့် ဆေးရုံ တက်ခဲ့ရသည်။

ရိုဝမ် အက်ကင်ဆန် အနေဖြင့် ၎င်းကိုယ်ပိုင် စူပါပြိုင်ကား ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ပြုပြင်ရသော ကုန်ကျစရိတ်သည် ဒေါ်လာ (၁.၄)သန်းမျှ ရှိခဲ့ကြောင်း သိရှိရသည်။ ဗြိတိသျှ ဟာသ ဇာတ်ဆောင် မင်းသား ရိုဝမ်သည် (၂၀၁၁)ခုနှစ်က ၎င်းပိုင် McLaren F1 အမျိုးအစား ဇိမ်ခံ ပြိုင်ကား ယာဉ်တိုက်မှု

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကဒိုင်တိကျေးရွာအနီးတွင် ကားမိုင်းပေါက်ကွဲမှုဖြစ်ပွား

Posted by drmyochit Monday, February 11, 2013, under , | No comments


ဖာပွန်၊ ဖေဖော်ဝါရီလ ၁၁။

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကဒိုင်တိ ကျေးရွာအနီး ရှမ်းရွာ လမ်းကုန်းဆင်းအနီးတွင် BGF၁၀၁၃ နယ်ခြားစောင့် တပ်ရင်းမှ တပ်ရင်းတည် ဆောက်ရေး အတွက် သဲတင်သော ကားအား ယနေ့ ဖေဖေါ်ဝါ ရီလ ၁၁ရက် နံနက် ၆နာရီခွဲ အချိန်ခန့် တွင်ကားမိုင်းကွဲ၍ ယာဉ်မောင်းအပါအ၀င် (၃)ဦးသေဆုံးပြီး(၂)ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်တွင် ပြည်တွင်း ဘုရားဖူးများပါ အင်တာနက် အခမဲ့ သုံးစွဲနိုင်

Posted by drmyochit Monday, February 11, 2013, under | No comments


From :MWD

ရွှေတိဂုံ စေတီတော်တွင် ပြည်တွင်း ဘုရားဖူး များပါ အင်တာနက် ကို အခမဲ့ သုံးစွဲ နိုင်ပြီ ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံးမှ သိရသည်။ 

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်မှ စတင်ကာ ရွှေတိဂုံ စေတီတော် သို့ ရောက်ရှိ လာသော ပြည်ပ ခရီးသွား ဧည့်သည်များကို အင်တာနက် အခမဲ့ အသုံးပြုခွင့် ပေးခဲ့ရာမှ ယခုအခါ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ပြည်တွင်း ဘုရားဖူး များကိုပါ ယင်းကဲ့သို့ အင်တာနက် ကို အခမဲ့ သုံးစွဲခွင့် ပြုပေးနေကြောင်း သိရသည်။

မြို့လှမြို့နယ်အတွင်းရှိ ရွှေမှော်များတွင် KIA မှဆက်ကြေးကောက်နေ

Posted by drmyochit Monday, February 11, 2013, under | No comments


ကချင်ပြည်နယ် မြို့လှမြို့နယ် အတွင်းရှိ (၉)မိုင် ရွာအ နီးတွင် ရွှေတူး နေကြသော ဒေသခံ များ ထံမှ ဖေဖော် ၀ါရီလ (၈) ရက်နေ့ တွင် KIA အဖွဲ့မှ ဆက်ကြေး ကောက်သွား ခဲ့ကြောင်း သိရသည်။

(၉)မိုင်ရွာ အနီးရှိ ရွှေတွင်း များတွင် ဒေသခံ အရပ်သား (၃၀)ဦး ခန့်မှ စက်ဆိုင်း (၁၂) ဆိုင်း ခန့်ဖြင့် ရွှေတူးကြစဉ် KIA အဖွဲ့မှ အင်အား (၁၀)ဦး ခန့်သည် ဆိုင်ကယ် များဖြင့် ရောက်ရှိ လာပြီး ရွှေဆိုင်း (၁) ဆိုင်းလျှင် ငွေ (၅) သိန်းကျပ် နှင့် လူတစ်ဦးလျှင် ငွေ (၅၀၀၀)ကျပ်နှုန်း ကောက်ခံ သွားခဲ့ ကြောင်း သိရ သည်။

အမေရိကန်မှ ပြန်ပင့်ဆောင်လာသော ပုဂံခေတ် ဗုဒ္ဓရုပ်ပွားတော် အမျိုးသားပြတိုက်တွင် ပြသထား

Posted by drmyochit Monday, February 11, 2013, under | No comments

အမေရိကန်နိုင်ငံမှ ပြန်လည်ပင့်ဆောင်လာသော ပုဂံခေတ် မြန်မာ့ဗုဒ္ဓရုပ်ပွားတော် “ဓမ္မစက္ကမုဒြာ”အား အမျိုးသားပြတိုက် (ရန်ကုန်)တွင် ခေတ္တထားရှိ ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓ ရုပ်ပွား တော်သည် အမေရိကန်နိုင်ငံ Northern Illinois University (NIU) Center for Burma (Myanmar) Studies အာရှယဉ်ကျေးမှု လက်ရာများ ပြခန်းသို့ ရောက်ရှိနေပြီး ၇၀ ယူနက်စကို သဘောတူညီချက် ဘောင် အတွင်းမှ မူလပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ကလေးမှောင်ခို ကူးသည့် ဂိုဏ်း တစ်ဂိုဏ်းအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးခဲ့

Posted by drmyochit Monday, February 11, 2013, under | 1 comment


ဂျကာတာ ဖေဖော်ဝါရီ ၁ဝ 

အင်ဒိုနီးရှား နိုင်ငံတွင် သံသယ ရှိဖွယ် ကလေးမှောင်ခို ကူးသည့် ဂိုဏ်းတစ်ဂိုဏ်းအား ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးလျက် ရှိကြောင်း သိရသည်။ 

ယင်း မှောင်ခိုကူးသည့် ဂိုဏ်းသည် အင်ဒိုနီးရှား နိုင်ငံမှ နို့စို့ ကလေးငယ် များအား စင်ကာပူသို့ ခေါ်ဆောင် သွားပြီး အခြား နိုင်ငံသို့ ရောင်းချ သွားမည်ဟု ယူဆရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။ 

ထိုင်းတောင်ပိုင်းတွင် ကားဗုံးတစ်လုံးပေါက်ကွဲ၊ တပ်ဖွဲ့ဝင် ငါးဦးသေဆုံး

Posted by drmyochit Monday, February 11, 2013, under | No comments



ထိုင်းနိုင်ငံတောင်ပိုင်း၌ ဖေဖော်ဝါရီ ၁ဝ ရက်က စစ်သွေးကြွများ လက်ချက်ဟု ယူဆရသော ကားဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ဖြစ်စဉ်ကြောင့် တပ်ဖွဲ့ဝင်ငါးဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ မလေးရှားနိုင်ငံနှင့် နယ်ချင်းဆက်နေသော ပြည်နယ်များအနက် တစ်ခုဖြစ်သည့် ပြည်နယ်ရှိ ယာလာကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေးကင်းလှည့်သည့် ယာဉ်တန်း ဖြတ်သန်းသွားလာစဉ် ကားဗုံးပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့် တပ်ဖွဲ့ဝင်ငါးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသည်။ 

ရခိုင်တိုင်းရင်းသားများသည် NLD ကိုယ်စားပြု ကပြရခြင်းမဟုတ်ဘဲ သွေးစည်းရန်အတွက် ပါဝင်ကပြရခြင်းဖြစ်

Posted by drmyochit Monday, February 11, 2013, under | No comments

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အော်ဆန်းစုကြည်ဦးဆောင်သော တိုင်းရင်းသား ပေါင်းစုံက ရိုးရာ ဓလေ့ များဖြင့် ပါဝင်ကပြသီဆိုကြမည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားတွင် ရခိုင်တိုင်းရင်းသားများက NLD ကိုယ်စားပြုအနေဖြင့် ပါဝင်ကပြရခြင်းမဟုတ်ဘဲ တိုင်းရင်း သားများ အချင်းအချင်း သွေးစည်းကြရန်အတွက်သာ ဖျော်ဖြေကပြရခြင်းဖြစ်ကြောင်း သိရှိရသည်။

တရားမ၀င်သစ်တောထွက်ပစ္စည်းများဖြစ်သည့် သစ်ခွများ ဖမ်းဆီးရမိ

Posted by drmyochit Monday, February 11, 2013, under , | No comments

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ ခရိုင် မုံရွာမြို့ဘုရားကြီး ရပ်ကွက် အပိုင် ချင်းတွင်း မြစ်ကြောင်း အတွင်း တွင် တရား မ၀င် သစ်တောထွက် ပစ္စည်းများ ဖြစ်သည့် သစ်ခွအိတ် (၆၇)အိတ် တင်ဆောင် လာသော ရတနာဖြိုး ရေယာဉ်ကို သက်ဆိုင် ရာက ဖမ်းဆီး လိုက်ကြောင်း သိရ သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်