Thursday, February 14, 2013

မြောက်ဦး ဒုံဘွယ်ကျေးရွာ ကွမ်းခင်း လုပ်ကိုင် စားသောက်နေသော မိသားစု (၂) စုအားတိုက်ခိုက်သူများ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ်နိုင်ခြင်း မရှိသေး

Posted by drmyochit Thursday, February 14, 2013, under | No comments

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဒုံဘွယ် ကျေးရွာမှ ကွမ်းခင်း လုပ်ကိုင်စားသောက်နေသူ မိသားစု (၂) စုအား အမည်မသိ မျက်နာဖုံးစွပ် လူတစ်စုမှ တုတ်ဓါးများဖြင့် ၀င်ရောက် တိုက်ခိုက်သွားသည်မှာ တပတ်ခန့် ရှိလာပြီ ဖြစ်သော်လည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ် အရေးယူခြင်း မရှိသေးကြောင်း ဒေသခံရွာသားများက ပြောသည်။

ကလေးမြို့က မကျေနပ်သူတွေ

Posted by drmyochit Thursday, February 14, 2013, under | No comments

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မနက်ဖြန်ကျရင် ဒုသမတ ဒေါက်တာစိုင်းမောက်ခမ်း လာမယ်ဆိုပြီးတော့ စည်ပင်က ရှင်းလင်းရေးတွေ လုပ်နေတာဟာ နည်းလမ်းတကျမဟုတ်တဲ့အတွက် ကလေးမြို့ မီးခွက်ဈေး လို့ခေါ်တဲ့ ဒေသခံတောင်သူတွေ လာရောင်းတဲ့ ဈေးလေးက ဈေးသည်တွေ ဒုက္ခရောက်နေရတယ်လို့ ဈေးသည်တွေက ဧရာဝတီကို ဆက်သွယ်ပြောပြ လာပါတယ်။ 


မြန်မာ့ ပထမဆုံး One billion rising

Posted by drmyochit Thursday, February 14, 2013, under | No comments

ဒီနေ့ ချစ်သူများနေ့မှာ ထူးခြားတဲ့ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မြို့ လူစည်ကားရာနေရာတွေဖြစ်တဲ့ ပြည်သူ့ရင်ပြင်၊ ဗိုလ်ချုပ်ဈေး၊ ကန်တော်ကြီး၊ အင်းလျားကန်ဘောင်၊ တော်ဝင်စင်တာ၊ Junction Square စတဲ့နေရာတွေမှာ လုပ်ခဲ့ပါတယ်။ 

စင်္ကာပူက ဟာသ

Posted by drmyochit Thursday, February 14, 2013, under | No comments

~ သန်၎ကို ~
စင်္ကာပူရောက်ပြီး သိပ်မကြာမှီ ကာလတစ်ခုကပေါ့.. ...
ကျနော်နဲ့ မိုးကြီး Mustafa ဘက်ကို ဖုန်းသွားဝယ်ဖို့ တိုင်ပင်နေတာကို ကိုအောင်က ကြားသွားပြီး သူလည်းလိုက်မယ် တဲ့။

"ဟေ့ကောင်၊ မင်းက ညလုံးပေါက် အလုပ်ဆင်းထားတာ ၂ ရက် ဆက်တိုက်ရှိနေပြီ၊ အိမ်မှာပဲ အိပ်နေ နားနေလေ၊ ဘာလိုက်လုပ်မှာလဲ"

ဦးပိုင်ကုမ္ပဏီရဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားများ တရားစွဲ

Posted by drmyochit Thursday, February 14, 2013, under | No comments


မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာသား လယ်သမား ၄၇ ဦးက ဦးပိုင်ကုမ္ပဏီ ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ကို မုံရွာခရိုင်တရားရုံးမှာ မနေ့က တရားစွဲ အမှုဖွင့် ခဲ့ပါတယ်။

ပျောက်ဆုံးနေသောအသံများ

Posted by drmyochit Thursday, February 14, 2013, under | No comments

ပျောက်ဆုံးနေသောအသံများ

နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၃.၂.၂ဝ၁၃ (ဗိုလ်ချုပ်မွေးနေ့) နံနက် (၉းဝဝ) နာရီအချိန်ခန့် တွင် အလုပ်အမှုဆောင်ရုံးခန်းသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီးမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာတစ်ဦးအား လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ပေးပါရန် အကူအညီတောင်းခံခြင်းဖြစ်သည်။

စစ်တွေမြို့မိ မြို့ဖများက မောင်တောနဲ့ ဒေသအနှံ့အပြားတွင် ရခိုင်များ တိုက်ခိုက် သတ်ဖြတ်ခံနေရမူ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို တင်ပြ

Posted by drmyochit Thursday, February 14, 2013, under | No comments

ရခိုင်ပြည်နယ်ကို နှစ်ရက်အကြာ အလည် အပတ် ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ် စားလှယ် မစ္စတာ ကင်တေးနားကို စစ်တွေ မြို့မိ၊ မြို့ဖ တွေက မောင်တောမြို့နယ် အပါ အ၀င် ဒေသ အနှံ့အပြားမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မူကြောင့် ရခိုင်လူမျိုးတွေ သေဆုံး ထိခိုက် ဒဏ်ရာရနေကြရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်

Posted by drmyochit Thursday, February 14, 2013, under | No comments

လက်ရှိ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေရှိပြီး စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေတာမို့၊ အမေရိ ကန်ပြည်ထောင် စုအနေနဲ့ ချည်းကပ်တဲ့ နေရာမှာ အလောတကြီး မူဝါဒ ပြောင်းလဲတာ မျိုးတွေ မလုပ်သင့် ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီက Heritage Foundation မှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောသွားတာပါ။

အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး

Posted by drmyochit Thursday, February 14, 2013, under , | No comments

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောလူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေး အတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည် အလောင်း ဖော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စိုင်းလိန်၏အလောင်းအား ပြန်ဖော်နေကြစဉ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

အလောင်းဖော်ကြည့် ရာတွင် ၄င်းတို့ ထင်ထား သည်ထက် ဒဏ်ရာများ ပိုပြင်း ထန်နေ သည် ကိုတွေ့ရ ကြောင်း၊ မသေ မချင်း ဓါးနှင့် ခုတ်သတ်မှု အဖြစ် ပြစ်မှု ထင်ရှားကြောင်း၊ အမှု မှန်ပေါ်ပေါက် ရေး အတွက် တရားမျှ တစွာ ဖြေရှင်းပေး ဖို့လိုကြောင်း၊ အလောင်းဖော်ပြီး ပြန်လည် စစ်ဆေးပေးသော ဒေသခံ ဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး ဆေး သူနာပြု ဆရာမ ၂ ဦးနှင့် ဆေးရုံ အကူ ဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အချို့ အပါအ၀င် ကျားဖြူဘက်က စိုင်းမွေး၊ ကျားခေါင်း ဘက်က ဦးစိုင်း လိန်မြတ် တို့ပါဝင်ကြောင်း ၄င်းကဆိုသည်။

လိုက်ဘေးရီးယား၌ လေယာဉ်ပျက်ကျမှုတွင် ဂီနီစစ်ဘက်ခေါင်းဆောင်နှင့် အရာရှိများသေဆုံး

Posted by drmyochit Thursday, February 14, 2013, under | No comments


လိုက်ဘေးရီးယားနိုင်ငံ မြို့တော် မွန်ရိုးဗီးယားအနီး ဖေဖော်ဝါရီ ၁၀ ရက်က လေယာဉ်တစ်စင်း ပျက်ကျ မှုတွင် ဂီနီစစ်ဘက် ခေါင်းဆောင်အပါအ၀င် အခြား ၁၀ ဦး သေဆုံးကြောင်း သိရသည်။ ဂီနီတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဆောလီမာနီကလီဖာဒီယာလိုသည် လိုက်ဘေးရီးယားနိုင်ငံ နှစ်ပတ်လည် တပ်မတော်နေ့ ကို တက်ရောက်ဂုဏ်ပြုရန် ဂီနီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လိုက်ပါ လာခြင်းဖြစ် သည်။ 

ကာဂျစ်စတန်သမ္မတဟောင်း ရာထူးယူစဉ်ကာလအတွင်း အာဏာအလွဲသုံးမှုဖြင့် ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံရ

Posted by drmyochit Thursday, February 14, 2013, under | No comments


လန်ဒန်၊ ဖေဖေါ်ဝါရီ ၁၃ ။

ကာဂျစ် စတန် သမ္မ တဟောင်း ကာမန် ဘက်ခ်ဘာ ကီယက်ဗ် သည် သမ္မတ ရာထူး ယူစဉ် ကာလ အတွင်း အာဏာ အလွဲ သုံးမှုဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမှတ် ခံခဲ့ ရကြောင်း သိရသည်

ကာဂျစ် စတန် တရားရုံးသည် သမ္မတ၏ ညီအကိုတော် စပ်သူ ဇန်ယက်ရှ် ကိုလည်း နိုင်ငံတော် လုံခြုံရေး ဌာန အကြီး အကဲ အဖြစ် တာဝန် ယူစဉ် လူသတ် မှုနှင့် အခြား ပြစ်မှုများ အတွက် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ သည်။ ၎င်းတို့ နှစ်ဦးအား စွဲချက် များတွင် ၎င်းတို့ ညီ အကိုနှင့် အတူ ရာထူး မှပြုတ် ကျခဲ့သည့် ကာဂျစ် ထိပ်တန်း အာဏာ ပိုင်ဟောင်း မီဒတ်ဆတ်ဒယူယော့ကို သတ်ဖြတ် ခဲ့မှုလည်း ပါဝင် သည်။

Acer Aspire 4250 Drivers Download For Win 7 အတွက်

Posted by drmyochit Thursday, February 14, 2013, under | No comments


Acer Aspire 4250 Drivers လိုအပ်နေသူတွေတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်.......... 


အဆင်ပြေပါစေခင်မျာ 


Audio             Conexant           Audio Driver             Download           45.9 MB 
CardReader      Alcor               Card Reader Driver     Download             8.0 MB 
Lan               Atheros              LAN Driver                Download            4.7 MB 
TouchPad      Synaptics           Touchpad Driver         Download              32.9 MB

ယူကရိန်းတွင် လေယာဉ်အရေးပေါ်ဆင်းသက်ရမှု အနည်းဆုံး လူ ၃ ဦးသေဆုံး


ယူကရိန်းနိုင်ငံ South Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒိုးနပ်ခ်မြို့အနီးတွင် အရေးပေါ် ဆင်းသက်ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား လူ ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ South Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒိုးနပ်ခ်မြို့အနီးတွင် အရေးပေါ် ဆင်းသက် ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား လူ ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ လေယာဉ် သည် အရေးပေါ်ဆင်းသက်ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားကာ သုံးပိုင်းကျိုးပျက်စီးခဲ့သည်။ AN-24 အမျိုးအစား အဆိုပါလေယာဉ်ပေါ်တွင် လူ ၄၅ ဦးလိုက်ပါလာခြင်းဖြစ်ပြီး ၃၉ ဦးကို ကယ်ထုတ်နိုင် ခဲ့သည်။

NATO လေကြောင်းတိုက်ခိုက်မှုအတွင်း အာဖဂန်အရပ်သား ၁၀ ဦးသေဆုံး

Posted by drmyochit Thursday, February 14, 2013, under | No comments


နိုင်ငံ အရှေ့ပိုင်း ဝေးလံသီခေါင်သော နေရာတစ်ခုတွင် NATO စစ်လေယာဉ်များက တာလီဘန် စစ်သွေးကြွများ ပုန်းခိုနေသည့် အခြေစိုက် စခန်းများကို ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး အရပ်သားများပါ ထိခိုက် သေဆုံးခြင်းဟု သိရသည်။

NATO စစ်မဟာမိတ် အဖွဲ့၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများအတွင်း အရပ်သား (၁၀)ဦး သေဆုံးသွားကြောင်း အာဖဂန် နစ္စတန်မှ ဒေသခံ အုပ်ချုပ်ရေး အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

ဆိုက်ဘာတိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်


ပြီးခဲ့သော ရက်ပိုင်းများ အတွင်း ပြည်တွင်း အခြေဆိုက် ဝက်ဘ် ဆိုက်များ တိုက်ခိုက် ခံရမှု၊ သတင်းထောက် များ၏ အကောင့်များကို ဖောက်ထွင်းရန် ကြိုးပမ်းမှု များသည် ဟက်ကာများ အနေဖြင့် စည်းလွတ် ဝါးလွတ် လုပ်ကိုင်ခွင့် ရနေကြောင်း ဖော်ပြသော အချက်ဖြစ် သလို အကယ်၍ တပ်မတော် အရာရှိများပါ ပါဝင်ပတ် သက်နေပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှ...ာ သမ္မတ ဦးသိန်းစိန် အနေဖြင့် အပြစ်ပေး အရေးယူ မှုများ လုပ်သင့် သည်ဟု အမေရိ ကန်ပြည်ထောင်စု အခြေစိုက် သတင်းစာ ဆရာများ ကာကွယ်စောင့်ရှောက်ရေးကော် မတီက ရေးသား သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်