Friday, February 15, 2013

ရန်ကုန်ဆေးရုံကြီးကို ယူလာရသည့် အကြမ်းဖက်ခံ မောင်တောဒေသခံ၏ ခန္ဓာကိုယ် တစ်ခြမ်း မလူပ်ရှားနိုင်သေး

Posted by drmyochit Friday, February 15, 2013, under | No comments

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ဒဏ်ရာ ပြင်းထန်သဖြင့် စစ်တွေဆေး ရုံကြီးမှ ရန်ကုန် ဆေးရုံကြီး သို့ ပြောင်းရွှေ့ ယူဆောင် လာရသူ အကြမ်း တိုက်ခံ ရသူ ဦးဘတင်၏ ခန္ဓာကိုယ် တစ်ခြမ်းမှာ ယခု အချိန် ထိ မလူပ် ရှားနိုင်ဘဲ ဖြစ်နေကြောင်း ရန်ကုန် တိုင်း ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။

HIV ဗိုင်းရပ်စ် ကူးစက်မှု၏ အဓိက ပရိုတိန်းဓာတ်တွေ့ရှိ

Posted by drmyochit Friday, February 15, 2013, under | No comments




အမေရိ ကန်ပြည်ထောင်စု Johns Hopkins Bloomberg ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ သုတေသီ အဖွဲ့သည် HIV ဗိုင်းရပ်စ်က လူသားဆဲလ်ကို ဖျက်ဆီး တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သော ပရိုတိန်း မော်လီ ကျူး တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ ဤတွေ့ရှိချက်သည် HIV ကုထုံး အသစ်များဆီသို့ ဦးတည် သွားနိုင်မည့် HIV ပိုး၏ ပရိုတိန်းနှင့် လူသား ပရိုတိန်းများ အကြား ရှုပ်ထွေးစွာ အပြန် အလှန် ဓာတ်ပြုကြ ပုံနှင့် ပတ်သက်၍ အရေး ပါလှသော အဖြေ တစ်ပိုင်း တစ်စ ဖြစ်ကြောင်း တွေ့ရှိချက် အပြည့် အစုံကို ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Nature စာစောင်တွင် ပါရှိခဲ့သည်။ (ပရိုတိန်းမော်လီကျူး (Protein Molecule) ဆိုသည်မှာ အသားဓာတ်၏ အခြေခံအကျဆုံး တည်ဆောက်မှုများ ဖြစ်ပါသည်။)

မြန်မာစစ်သဘောင်္ ၂ စင်းဖူးခတ်သို့သွားရန်ရှိ

Posted by drmyochit Friday, February 15, 2013, under | No comments



၆၅နှစ်ကျော် ကြာပြီဖြစ် သည့် ထိုင်း-မြန်မာ သံတမန် ဆက်သွယ် မှု အထိမ်း အမှတ် အဖြစ် မြန်မာ့ ရေတပ် မတော်မှ စစ်သင်္ဘော ၂ စင်း ထိုင်းနိုင်ငံ ဖူးခတ်ဆိပ်ကမ်း သို့အလည်အပတ်ခရီးကိုလာမည့် သတင်း ပတ်အ တွင်းပြု လုပ်သွား မည်ဟု သိရသည်။

လက်ပံတောင်း ဖြိုခွင်းမှုမျိုး နောက်ထပ် မဖြစ်သင့်တော့

Posted by drmyochit Friday, February 15, 2013, under | No comments


(အယ်ဒီတာ့ အာဘော်) ဒီမို ကရေ စီနှင့် ပွင့်လင်းသော စနစ်ကို တိုင်းပြည်တွင် ဖော်ဆောင် ရမှာ ဖြစ်သည့် အစိုးရ အနေဖြင့် အသစ် အသစ်သော လွတ်လပ် မှုများ ဖွင့်ပေး လာသည်နှင့် အမျှ ရှေ့လာမည့် လများ၊ နှစ်များ တွင် လူအများက ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော် ပြောဆို လာကြပေ လိမ့်မည်။ ဤတွင် မေးခွန်း ကား လူမှုရေးနှင့် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ အရေး အရာ များနှင့် ပတ်သက်ပြီး လူထု ဆန္ဒပြပွဲ များ အပေါ် အစိုးရက မည်ကဲ့သို့ ကိုင် တွယ် သင့် သနည်း ဟူ၍ ဖြစ်ပေသည်။

စွမ်းအင်အဆင့် မြင့်တက်စေမည့် သဘာဝနည်း ငါးသွယ်

Posted by drmyochit Friday, February 15, 2013, under | No comments


မောပန်းပြီး နွမ်းနယ် တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တို အတွင်း စွမ်းအင် အဆင့် မြင့်တက် လာစေ ဖို့ အောက်ပါ သဘာဝ နည်းတွေကို လိုက်နာ သင့်ပါတယ်။

(၁) သင်နေ ထိုင်တဲ့ နေရာ အဝန်း အဝိုင်းမှာ လိမ္မော်ရောင်၊ အဝါရောင်နဲ့ ခရမ်း ရောင်တို့လို တောက်ပတဲ့ အရောင်တွေ ရှိနေပါစေ။ ဒီ အရောင်တွေ က စိတ်ခံ စားမှု ကို မြင့် တက် စေပါတယ်။

၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်

Posted by drmyochit Friday, February 15, 2013, under | No comments

မကွေး တိုင်းဒေ သကြီး မင်းဘူး ခရိုင် အတွင်း နှစ်စဉ် တပို့တွဲ လဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်း က စတင်ဖွင့် လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။

လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွင်းမှုတွင် ဖော့စ်စဖားရပ်စ် ပါဝင်သော မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် Justice Trust အဖွဲ့မှ ပြောကြား

Posted by drmyochit Friday, February 15, 2013, under | No comments

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွင်း ဖွင့်လှစ် ထားသည့် သပိတ် စခန်း များတွင် သံဃာတော် များနှင့် လူများအား နိုင်ငံတကာမှ ကန့်သတ်ထားသည့် မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ခြင်းဖြစ်ပြီး စစ်ဘက်ရေး ရာနှင့် ဆက်နွယ်မှုမရှိသော ဒေသခံရဲတပ်ဖွဲ့အား အဆိုပါဗုံးများဖြင့် အကြမ်း ဖက်နှိမ်နင်း ရန်ခိုင်းစေမှုအား ဖော်ထုတ်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အမှန်တကယ် ကူးပြောင်းနေကြောင်း သက်သေပြရန် လိုအပ်သည်ဟု အမေရိကန်နိုင်ငံအခြေစိုက် Justice Trust မှ ပါမော က္ခ Mr.Roger Normand က ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်အကြား စစ်ရေးပြန်လည်တင်းမာ

Posted by drmyochit Friday, February 15, 2013, under | No comments

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း အခြေစိုက် အစိုးရတပ်ရင်း တရင်း နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြား နယ်မြေစိုးမိုးရေး ကိစ္စကြောင့် နှစ်ဘက်စစ်ရေး တင်းမာနေကြောင်း ဒေသအတွင်းသတင်းက ဆိုသည်။

နားလည်မှုအလွဲနှင့် ပြန်ပေးဆွဲမှု လောက်ဖန် ဘိလပ်မြေစက်ရုံ၌ ဖြစ်ပွား

Posted by drmyochit Friday, February 15, 2013, under | No comments


အင်းစိမ်းသား(မြစ်မခ)

နောင်ချိုမြို.နယ် လောက်ဖန်းကျေး ရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေစက်ရုံမှ ထိပ်ပိုင်းအဆင့် အရာရှိ နှစ်ဦးအား ပြန်ပေးဆွဲ ခံရပြီးနောက် နောက်နေ့၌ ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးခဲ့ကြောင်း ဘိလပ်မြေ စက်ရုံ ၀န်ထမ်း များထံမှ သိရသည်။

Cobra Gold စစ်ရေး လေ့ကျင့်မှုကို အသွင်သစ် တစ်မျိုးဖြင့် လုပ်ဆောင်လျက် ရှိ

Posted by drmyochit Friday, February 15, 2013, under | No comments

ဗန်ကောက် ဖေဖော်ဝါရီ ၁၄

အမေရိကန် စစ်တပ်၏ အကြီးဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်သော Cobra Gold အမည်ရှိ အမေရိ ကန်-ထိုင်း နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ထိုင်းနိုင်ငံတွင် လုပ်ဆောင်ဆဲ ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

မင်္ဂလာဆွမ်းကျွေးသတင်း မှန်ကန်မှုမရှိဟု ဝိုင်းစုခိုင်သိန်း တုန့်ပြန်

Posted by drmyochit Friday, February 15, 2013, under | No comments



ရိုင်းလိုက်တာ “ အမေရိကား ကို အလည်သွား မယ်ဆိုပြီး..တိတ်တိတ်လေး လင်ယူ သွားသော ၀ိုင်းစုတဲ့” ဘာလို့ အကြောင်း အရာ တစ်ခု ကိုသေချာ မစုံးစမ်း ပဲလျှောက်ပြော ကြတာလဲ မသိဘူး..

ရောက်ရောက် ချင်းပဲ....သတင်း တစ်ပုဒ် ကစောင့် လို့ကြိုနေ ပါတယ်...၀ိုင်းစု.မင်္ဂလာဆွမ်းကပ်ပီတဲ့ ဂျာနယ်တွေရော. ပရိတ်သတ်တွေကရော ဖုန်းတွေဆက်မေးကြတယ်.ညကနောက်ကျမှ ပြန်လာတော့

လုံခြုံရေးဝန်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူသွားသူ လူတစ်စုအား ဖမ်းဆီးမိ

Posted by drmyochit Friday, February 15, 2013, under , | No comments


၁၁.၁.၂၀၁၃ ရက်နေ့ ညသန်းကောင် ၂ နာရီခွဲ အချိန် ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ လမ်းထောင့်၊ မ/၃၈၇ ရှိ ဧရာဝတီပါဝါ ကုမဏီ လီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေးဝန်ထမ်းနှစ်ဦးအား ၂ ဦးအား ၀ိုင်းဝန်း ထိုးကြိတ်၊ ကြိုးဖြင့် တုတ်၊ ပါးစပ်နှင့် မျက်လုံးများ အ၀တ်နှင့်စည်း ၊ ဒါးဖြင့်ထောက်ပြီး ဂိုဒေါင်တံခါးရိုက်ဖွင့်ပြီး ကားအ ပိုပစ္စည်း စုစုပေါင်းတန်ဖိုး ၁၀၄၀၀၀၀ိ/- အားယူဆောင်သွားသဖြင့် အရေးယူပေးပါရန် တရားလို ဧရာပါဝါ ကုမ္မဏီ လီမိ တက်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိမိခိုင် တိုင်တန်းချက်အရ ဒဂုံတောင် ရဲစခန်း (ပ)၁၁၂/၁၃၊ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပါသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့များ(၂)ဖွဲ့ခွဲ၍ မန္တလေးမြို့မှ စတင်ထွက်ခွာ

Posted by drmyochit Friday, February 15, 2013, under | No comments


ရန်ကုန်မြို့မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက် ချီတက် လာသော ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ဝင်များ သည် ယနေ့ နံနက်မှစ၍ မန္တလေးမြို့မှ အဖွဲ့နှစ်ဖွဲ့ခွဲကာ လိုင်ဇာမြို့သို့ ဆက်လက် ချီတက် သွားပြီဖြစ်သည်။ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းအား ရန်ကုန်မှ စတင် ဦးဆောင် ချီတက် ခဲ့သူ ကိုရန်နိုင်ထွန်း ဦးစီးသောအဖွဲ့သည် ဧရာဝတီမြစ်အနောက် ဘက်ခြမ်းမှတဆင့် ရွှေဘို-မြစ်ကြီးနား လမ်းအတိုင်း ဆက်လက်ချီတက်သွားမည်ဖြစ်ပြီး ဗကသမှ အများစုပါဝင်သော ဘိုကလေး ဦးအောင်မြင့် ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် မန္တလေး-သပိတ်ကျင်း-ငါးကိုး-ရွှေကူ-ဗန်းမော်-လိုင်ဇာ လမ်းကြောင်းအတိုင်း ဆက်လက်ချီတက်ကြမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာပြည်မှာ ရှုံးပွဲ မကြုံသေးတဲ့ တယ်ရိုဆက်ဆနာ

Posted by drmyochit Friday, February 15, 2013, under | No comments

ရတနာပုံကို ဖေဖော်ဝါရီ (၁၂)ရက်က အနိုင် ကစားခဲ့သည့် တယ်ရို ဆက်ဆနာ အသင်းသည် ယနေ့ ညနေက ကစားခဲ့သည့် ခြေစမ်းပွဲတွင်လည်း ဧရာဝတီကို အနိုင် ယူခဲ့ပြန်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသို့ ခြေစမ်းခရီး လာရောက်သည့် တယ်ရိုဆက်ဆနာသည် ခြေစမ်းပွဲ (၂)ပွဲ ကစားပြီးချိန်တွင် (၂)ပွဲစလုံးကို အနိုင် ရရှိထားပြီး ရှုံးပွဲ မရှိသေးပေ။

စည်းကမ်းမဲ့ရပ်တန့်ယာဉ် ကရိန်းဆွဲခအတွက် ယာဉ်ပိုင်ရှင်မှ ကျခံရမည်

Posted by drmyochit Friday, February 15, 2013, under | No comments

ရန်ကုန်မြို့တော်အတွင်း မောင်းနှင်နေသော မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်တန့်ပါက မတ်လ(၁) ရက်နေ့မှစ၍ ကရိန်းကားဖြင့် သယ်ယူဖယ်ရှားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်း ထိန်းသိမ်းရေးကြီးကြပ် မှုကော်မတီက သတိပေးသတင်းထုတ်ပြန်သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်