စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာအုပ်စု၊ ကျွန်းတောကျေးရွာတွင် ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) နံနက် ၁ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၃၉ လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၅၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီး အမှန်တကယ် လယ်ယာ လုပ်ကိုင်နေသူ လယ်သမားများ၏ မြေဧက ၁၄ဝ ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လိုအပ်သည့် မြေပမာ ဏထက် ပိုမိုသိမ်းယူခဲ့မှုကြောင့် မုံရွာခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ရကြောင်း Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ-၁၈
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ သောစစ်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်တွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ဆွေးနွေးခဲ့သူ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေထံသို့ မြစ်ကြီးနား မြို့စာတိုက် မှတစ်ဆင့် “ကချင်ဘင်လာဒင်” အမည်ဖြင့်ခြိမ်းခြောက် စာတစ်စောင်ရောက်ရှိလာကြောင်း ဦးလှဆွေက ယနေ့ ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မြန်မာ အမျိုးသမီးများ အများဆုံး လူကုန်ကူး ခံရလေ့ ရှိသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့ရှိ နှစ်နိုင်ငံ နယ်စပ် များတွင် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေး ရုံးများ ယခုနှစ် အတွင်း ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်း တပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းက ဆိုသည်။ “ဘယ်တော့ လဲ ဆိုတာတော့ အတိအကျ မပြောတတ် သေးဘူး။ ဒါပေမယ့် ဒီနှစ်အတွင်း ကတော့ သေချာ ပါတယ်” ဟု ၄င်းက ဆိုသည်။
ဖြူး ၊ဖေဖော်ဝါရီ ၁၇
ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ၊ ဖြူးမြို နယ် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဖေဖော် ဝါရီ ၁၄ရက်နေ.က တွေ့ရှိသော အမျိုးသမီး ခေါင်းဖြတ် အသတ်ခံရမှု ကို နေပြည်တော် မှုခင်း တပ်ဖွဲ့ (CID) မှ တိုက်ရိုက် ကိုင်တွယ် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှ ဒုတိယ ရဲမှူးကြီး တစ်ဦ်း က The Voice Weekly သို့ ပြောကြားသည်။
ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၃
မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မအဲကို ၅ နှစ်ကြာ နှိပ်စက်ခိုင်းစေခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်း အစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူ လုံရေး ဝန်ကြီးဌာနမှ စုံ စမ်း သိရသည်။
ထိုင်းနိုင်ငံတွင်ရေနွေးပူ အလောင်းခံရပြီး အနှိပ်စက် ခံ ရသော အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင် မိန်းကလေး ငယ် အမှုအတွက် ထိုင်း-မြန်မာ အစိုးရ တာဝန် ရှိသူများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သာကေတ မြို့နယ်တွင် မွတ်စလင်ဘာသာရေးစာသင်ကျောင်း မှ ဗလီအဖြစ်တိုးချဲ့ ဆောက်လုပ် လူထုလှုပ်ရှားမှု Photo: သာကေတမြို့နယ် အမှတ်(၃) မာန်ပြေ ရပ်ကွက် ၁၉လမ်း အတွင်း မွတ်စလင် ဘာသာရေး စာသင်ကျောင်း မှ ဗလီအဖြစ်တိုးချဲ့ ဆောက်လုပ်မှု ကိုပြည်သူများက ၀ိုင်းဝန်းကန့် ကွက်စဉ်(ရုပ်သံ) Myo Thant
ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို
www.yudeonline.com.mm တွင် ဖွင့်လှစ် သင်ကြား လျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။
ကမ္ဘာ့ကုလသမဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူနေထိုင်ခဲ့တဲ့ ကမာရွတ်မြို့နယ် ပန်းဝါလမ်းပေါ်က နေအိမ်ကို ပြတိုက်အဖြစ် ရှေ့လလောက်မှာ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။
VIDEO
နေပြည်တော် ဖေဖော်ဝါရီ ၁၇
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေးဖွားကြောင်း ကြားသိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခ ရိုင်၊ ပေါက်ခေါင်း မြို့၊ အမှတ် (၃) ရပ်ကွက်၊ ပြည်-ပေါက်ခေါင်း- တောင်ငူ လမ်းတွင် မီးလောင်မှုတစ် ခုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိ သည်။
Posted by drmyochit
Monday, February 18, 2013, under |
No comments
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကမ်းလွန် ပင်လယ်ရေပြင်တွင် မြန်မာအလံတင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ် မှုကြောင့် တစ်ဦးသေဆုံးပြီး မြန်မာသင်္ဘောသား ၁၄ ဦးပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် ကမ်းရိုး တန်းစောင့် တပ်ဖွဲ့အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
MV Arita Bauxite ကုန်တင်သင်္ဘောသည် ဖေဖော်ဝါရီလ ၁၇ ရက် နေ့ အရုဏ်မတက်မီက ဖိလစ်ပိုင် ကမ်းရိုးတန်း ဘိုလီနာအိုမြို့ အနီးတွင် နစ်မြုပ်နစ်ခဲ့ခြင်းဖြစ်ကြောင်း ရေတပ်အရာရှိ အာမန်ဘာလီလိုက ပြောကြား ခဲ့သည်။
တက္ကသိုလ် ၀င်တန်းအောင်မြင်ပြီးသူများ SAT ရမှတ် တင်ပြရန် မလိုပဲ အမေရိကန်ရှိ University Pathway Program သို့ စတင်လျှောက် ထားနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှု အသိုင်း အ၀ိုင်းက သိရသည်။
မြန်မာနိုင်ငံမှ အခြခံ ပညာ အထက်တန်း (ဆယ် တန်း)အောင်မြင်ပြီးသူများ IELTS 5.5 ရရှိယုံဖြင့် University Pathway Program သို့ SAT/GMAT ရမှတ်များ တင်ပြရန် မလိုပဲ လျှောက်ထား နိုင်ခြင်းဖြစ်သည်။
နိုင်ဂျီးရီး ယားနိုင်ငံမြောက် ပိုင်းက လက်ဘနွန် လူမျိုး တယောက် ပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေး ကုမ္ပ ဏီ ဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက် ခဲ့ပြီး လုံခြုံရေး အစောင့် တယောက်ကို သတ်ကာ နိုင်ငံခြား အလုပ်သမား ၇ ယောက်ကို ဖမ်းဆီးခေါ် သွားပါ တယ်။ Bauchi ပြည်နယ် Jama'are မြို့မှာရှိတဲ့ Setraco ကုမ္ပဏီဝန်းထဲကို သေနတ် သမားတွေ ဝင်ရောက် စီးနင်းပြီး အလုပ် သမားတွေ ကို ပြန်ပေးဆွဲသွားတာလို့ ရဲက ပြောပါတယ်။