ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူ တာ သင်တန်း အမှတ်စဉ် ၁၂ အား စီစဉ် ထားသော ဘုန်းတော်ကြီး ကျောင်း အတွင်း ဖွင့်လှစ် ခွင့် မရအောင် နှောက် ယှက် ဖိအားပေး သော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက် တွေ့ဆုံ မေးမြန်းပြီး မကူညီချင် နေပါ မနှောက် ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေး မှူးမှာ မယားကြိးရှိပါ လျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ် သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင် သော မိဘဖြစ်သူကို အကြပ် ကိုင်ပြီး သမီးကို သိမ်း ယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန် ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ် သည်။
အပစ်အခတ်ရပ် သဘောတူထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ အစိုး ရငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့တို့ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ် ဖို့ အကြို ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။
တိုင်းရင်း ဆေးခန်းဖြင့် ဆေးကု ရာတွင် ကုသခွင့် လက်မှတ် မရှိဘဲ ဆေးကုသ သူများကို ယခင် သတ်မှတ် ထား သည့် ဒဏ်ကြေး ထက်(၁၀) ဆ တိုးမြှင့် သက်မှတ် ပြဋ္ဌာန်း လိုက်ပြီဖြစ် ကြောင်း တိုင်းရင်း ဆေးကောင် စီမှ သိရ သည်။
လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည်___
အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင် နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည် တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။
ဂျကာတာ ဖေဖော်ဝါရီ ၁၈
အင်ဒိုနီးရှား နိုင်ငံ မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်း ခဲ့ပြီးနောက် မြေပြိုမှုနှင့် ရေ လွှမ်းမိုးမှုများ ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးခဲ့ပြီး ရေလွှမ်းမှုဒဏ် ခံစား ခဲ့ရသော လူရာပေါင်း များစွာကို တာဝန်ရှိသူ များက ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း အင်တာနက် သတင်း အရ သိရသည်။
အစ္စလာမ်မစ် အစွန်းရောက် သူပုန်တပ်များကို တိုက်ထုတ်နေသည့် မာလီတပ်များကို ပြင်သစ် အထူး တပ်ဖွဲ့ များက စစ်ကူ ပေးနေသလို ဗြိတိန် ကလည်း စစ်သင်တန်းများ ပို့ချ ကူညီသွားမည် ဖြစ် သည်။
ဖေဖော်ဝါရီလ (၁၆)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာဝန်ကြီး ဦးလှမြင့် နှင့်မြို့ တာဝန် ရှိသူ များတို့သည် ထောက်ကြန့်မြို့ အထွက် ပဲခူးလမ်း နှင့်ရှောင်လမ်းဘေးရှိ ဖေဖော် ၀ါရီ (၁၂)ရက်တွင် ဖွင့်လှစ်လိုက်သော ဈေး သစ် ကြီး သို့ လာရောက်ကြည့် ရှုလျက် ရှိကြောင်း သိရှိရ ပါသည်။ အဆိုပါ ဈေးသစ်ကြီးသို့ပြောင်း ရွှေ့လာ သောသူများမှာ ယခင်က ထောက်ကြန့် လမ်းဆုံ လမ်းခွရှိ လမ်းပေါ် နှင့် လမ်းလယ် ကျွန်းများ၊ ဂေါက်ကွင်း၊ပိုက်လုံးတန်းဈေး တို့တွင်ရောင်းချနေသူများအား အကွက် ဖော် ထုတ်ပေးတာဖြစ် ကြောင်း သိရှိရပါသည်။ယခင်က ထောက်ကြန့်လမ်းဆုံမှာဆိုလျှင် ညနေ(၆)နာရီ မှစပြီး နောက်တစ် နေ့နံနက်(၆)နာရီအထိသော်လည်း ကောင်း၊အခြားသောအချိန်များ တွင်လည်းကောင်း သက် ဆိုင်ရာ များနှင့်ညှိနှိုင်းရယူပြီး အခွန်အ ကောက်များပေး၍ ရောင်းချနေ တာကို ရန်ကုန်မြို့ တော် စည် ပင် သာယာရေးကော်မတီမှ မြို့ပြနှင့် ညီညွတ်အောင် ဈေးနေရာအသစ် ဖော်ဆောင် ပေးတာဖြစ် ကြောင်း သိရှိရပါသည်။
မန္တလေးသင်္ကြန်၏ အတိတ် က ကျော်ကြားခဲ့သည့် ပုံရိပ်များ ကို လွမ်းဆွတ် တမ်းတ နိုင်ရန်နှင့် လက်ဆင့် ကမ်းထိန်း သိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အမျိုး သားစာ ပေဆုရ စာရေးဆရာဆူးငှက်က မန္တလေးမြို့ ဂုဏ်ဆောင်မြို့မ တူရိ ယာအသင်း၊ နန်းရှေ့ စည်တော် ကြီးအဖွဲ့၊ သင်္ကြန်ချစ်သူများ၏ ယိမ်းအ ဖွဲ့များဖြင့် တွဲဖက် ၍ ရေ နန်းသဘင်၊ ရွှေမန်းတွင် ငွေငန်းဆင် စာတမ်းဖတ်ပွဲကို ဖေဖော် ၀ါ ရီ ၄ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အိုရီယမ် တယ်ဟောက်စ် ၌ကျင်းပခဲ့ရာ သင်္ကြန်ချစ်သူ များ၊ မြို့မိမြို့ဖများ၊ တိုင်းဒေသ ကြီးအစိုး ရအဖွဲ့ဝင်များ တက် ရောက်အား ပေးကြသည်။
အရင်စစ်အစိုးရလက်ထက်တုန်းက ထုတ်ပေးခဲ့တဲ့ နိုင်ငံသား စိစစ်ရေး ကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု ခွင့်နဲ့ အမျိုးသား မှတ်ပုံ တင် ကတ်ပြားတွေ အားလုံးကို ပြန်စိစစ်နြေပီး ဥပေဒနဲ့ အညီ ထုတ်ပေး ထားတာ မဟုတ်ရင် အရေး ယူမယ် လို့ လ၀က ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။
ဖေဖော်ဝါရီလ(၁၈)ရက် ညနေ(၃)နာရီခွဲ ၀န်းကျင် က ကြည့်မြင် တိုင်မြို့နယ် ဈေးကြီးရပ်၊ ရတနာပုံ အောက် လမ်း အိမ်အမှတ် (၃၁) နှစ်ခန်းတွဲ ခုနှစ်ထပ်တိုက် (၅)လွှာ၌ မီးလောင်ကျွမ်း မှုဖြစ်ပွား ခဲ့ သည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ ကုတင်ပေါ်တွင် ခြင်ဆေး ခွေထွန်းထားရာမှ စတင်လောင် ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဋ္ဌာန၏ ထုတ်ပြန် ချက် အရသိရှိရသည်။
ကျွန်တော်တို့တွေ Android ဖုန်း အသုံး များကြ ပါတယ်။ ဖုန်းသုံးတော့လည်း တချို့ Call List တွေ၊ SMS တွေကို ကိုကိုယ်တိုင်ကလွဲပြီး တခြားသူ တွေကို မသိစေချင်ကြပါဘူး။ ဖုန်းကိုလဲ လွတ်လွတ် လပ်လပ် ဟိုနားဒီနားချထားမိတတ်ပါတယ်။ ဒီမှာ SMS ၀င်လာ၊ Call ၀င်လာတာတွေကို မသိလိုက် တာရှိ ဘူးမှာပါ။ ဖုန်းကိုရေချိုးခန်း/အိမ်သာ အမြဲယူသွား လို့လည်း မဖြစ်ဖူးမဟုတ်လား။
ယုဇနပလာဇာအား ပိတ်ရက်မရှိ ပြန်လည်ဖွင့်မည်ဆိုသော်လည်း မြေညီထပ်ရှိ အရောင်းဆိုင်ခန်းများမှာ ပြန်လည် ဖွင့်လှစ်မည်မဟုတ်ကြောင်းနှင့် ယုဇနပလာဇာမှ ထုတ်ပြန်ထားသည့် လုံခြုံရေး မပေးနိုင်ဟူသော အချက်ကိုလည်း သဘောတူညီမှု မရှိကြောင်း ဆိုင်ပိုင်ရှင်အများစုက ပြောသည်။
ယုဇနပလာဇာမြေညီထပ်ရှိ အရောင်းဆိုင်များသည် မြေညီထပ်ကို ပြန်လည်ဖွင့်လှစ်လိုခြင်း မရှိသည့်အပြင် ဆက်လက် ညှိနှိုင်း၍ မရပါက ဆန္ဒထုတ်ဖော်သွားရန်ရှိပြီး ကျန်ရှိသည့်အထပ်မှ အရောင်းဆိုင် ပိုင်ရှင်များ မှလည်း ပလာဇာကို တစ်ပတ်လျင် တစ်ရက် ပိတ်စေလိုသည့် ဆိုင်များစွာ ရှိနေကြောင်းလည်း သိရသည်။
ယုဇနပလာဇာအား ပိတ်ရက်မရှိ ပြန်လည်ဖွင့်မည်ဆိုသော်လည်း မြေညီထပ်ရှိ အရောင်းဆိုင်ခန်းများမှာ ပြန်လည် ဖွင့်လှစ်မည်မဟုတ်ကြောင်းနှင့် ယုဇနပလာဇာမှ ထုတ်ပြန်ထားသည့် လုံခြုံရေး မပေးနိုင်ဟူသော အချက်ကိုလည်း သဘောတူညီမှု မရှိကြောင်း ဆိုင်ပိုင်ရှင်အများစုက ပြောသည်။
ယုဇနပလာဇာမြေညီထပ်ရှိ အရောင်းဆိုင်များသည် မြေညီထပ်ကို ပြန်လည်ဖွင့်လှစ်လိုခြင်း မရှိသည့်အပြင် ဆက်လက် ညှိနှိုင်း၍ မရပါက ဆန္ဒထုတ်ဖော်သွားရန်ရှိပြီး ကျန်ရှိသည့်အထပ်မှ အရောင်းဆိုင် ပိုင်ရှင်များ မှလည်း ပလာဇာကို တစ်ပတ်လျင် တစ်ရက် ပိတ်စေလိုသည့် ဆိုင်များစွာ ရှိနေကြောင်းလည်း သိရသည်။
အီရန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆွေးနွေးမှုများ မပြုလုပ်မီ အီရန်နိုင်ငံ အပေါ် ထားရှိသော အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် အရေးယူ ပိတ်ဆို့ရေး မူဝါဒ များအား စွန့်လွှတ်ရမည် ဖြစ်ကြောင်း အီရန် Majlis အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ကော်မတီ အဖွဲ့ဝင် Ebrahim Aqa-Mohammadi က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံက မဟာဗျူဟာကျတဲ့ ရေနက် ဆိပ်ကမ်း တခု ကို တရုတ်က အပိုင် ထိန်းချုပ်လိုက် ပါပြီ။ အာရေဗျ ပင်လယ်မှာ ရေတပ်စခန်းတခု တည်ဆောက် နိုင်တဲ့ အလား အလာ ပိုများလာသလို စွမ်းအင် ဖူလုံရေးနဲ့ ရေကြောင်း ဆိုင်ရာ ထိန်းချုပ်မှုတွေ ပိုပြီး ရရှိဖို့ အခွင့် အလမ်း ရရှိ လိုက်တာ လည်း ဖြစ်ပါတယ်။