((၉၈) နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်)
ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ...။
၁၉၁၅ ရှေ့နေ ဦးဖာသား...၊
ဇာတိနတ်မောက်၊ မကွေးခရိုင်၊
သိကြ များခုတိုင် ...
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ...။
ငယ်စဉ်တောင်ကျေး ဘဝက ဤကဗျာလေးနှင့် ဝေးခဲ့ရသည် မှာလည်း နှစ်အတန်ကြာခဲ့ပြီ ဖြစ်သလို နောင်လာ နောက်သား သားငယ်သမီးငယ် များထံမှ ဤကဗျာ ရွတ်ဆိုသံလည်း မကြားရ သလောက်ပင်။ သို့သော် ကလေးလူကြီး မရွေး ယနေ့ “ဖေဖော်ဝါရီ ၁၃ မှာ” ဟု အစလေး တောလိုက်သည်နှင့် အားလုံး စီကာပတ်ကုံး မှန်မှန်ကန်ကန် အစမှ အဆုံးတိုင် ရွတ်နိုင်ကြသည်မှာ အဘယ် ကြောင့်ဟု ထင်ပါသနည်း။ ဗိုလ်ချုပ်၏ တစ်ချိန်က တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိခဲ့သော စိတ်ရင်း စေတနာမှန်တို့ ယနေ့ပစ္စက္ခတိုင် ရောင်ပြန် ဟပ်နေသော ကြောင့်ဟုသာ မှတ်ချက် ချရပေတော့ မည်...။
ရေယာဉ်များ ဘေးချင်းယှဉ်၍ စက်သုံးဆီဒီဇယ်များ ရောင်းချ နေစဉ် မီးလောင်ပေါက်ကွဲကာ လူလေးဦး သေဆုံး ခဲ့သောဖြစ်စဉ်မှာ Chemical reaction (ဓာတု တုံ့ပြန်မှု) ကြောင့်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက Eleven Media သို့ ပြောကြား လိုက်သည်။
ပြည်တွင်းစစ်ပွဲ နောက်ဆက်တွဲအဖြစ် ရက်စက်သော ကလဲ့စားချေ သတ်ဖြတ်မှုများ ရှိနေဆဲဖြစ်ကြောင်း သတင်းများကို သီရိလင်္ကာ အစိုးရ အနေဖြင့် အသည်းအသန် ဖြေရှင်း ငြင်းဆိုနေရသည်။ နောက်ဆုံး ထွက်ပေါ်လာသော စွပ်စွဲမှု တစ်ခုတွင် ယခင်က အစိုးရကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့သည့် တမီလ် ကျားသူ ပုန် ခေါင်းဆောင် တစ်ဦး၏ သားဖြစ်သူမှာ သတ်ဖြတ် ခံရကြောင်း ဖော်ပြလာခဲ့သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းက မြန်မာလူငယ်တဦး မောင်းနှင်တဲ့ကားကနေ ယာဉ် ၃ စီး ဆင့်ကဲ တိုက်မှုဖြစ်ပွါးပြီး ထိုင်းကျောင်းသားတဦး သေဆုံးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
မဲဆောက်မြို့နယ် မယ်ပရပ်ကွက်ထဲမှာရှိတဲ့ တာ့ခ် - မဲဆောက် လမ်းမကြီးပေါ်မှာ ယာဉ် ၃ စီး တိုက်မှုဖြစ်ပွါးကြောင်း သတင်းပေးပို့ချက်အရ မဲဆောက်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွါးတဲ့နေရာကို ရောက်သွားတဲ့အခါမှာ ယာဉ်အမှတ် ၁၄၅၁ ကျောင်းကားပေါ်က အသက် ၁၅ နှစ်ရှိ အထက်တန်းကျောင်းသားတဦး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးပြီး အခြား ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေကို မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ် လို့ တာဝန်ကျ ရဲကင်းမှူးက ထိုင်းသတင်းဌာနကို ပြောပါတယ်။
ခရီးသွားဧည့်သည် အများဆုံး ဖြစ်သော ပုဂံဒေသတွင် နိုင်ငံခြားသားများ၏ ငွေ၊ ပစ္စည်းများ လုယက်မှု ဖြစ်ပွားလာ နေ (ဓာတ်ပုံ – ဧရာဝတီ)
ခရီးသွားဧည့်သည် အများဆုံး ဖြစ်သော ပုဂံဒေသတွင် နိုင်ငံခြားသားများ၏ ငွေ၊ ပစ္စည်းများ လုယက်မှု ဖြစ်ပွားလာ နေသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ တာဝန်ယူ ဖြေရှင်းပေးမှု အားနည်းနေသေးကြောင်း သိရသည်။
နိုင်ငံခြားသား ခရီးသွားများ၏ ပစ္စည်းများကို လုယက်မှု ဖြစ်ပွားလာခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာနှင့် စီးပွားရေးကို ထိခိုက်စေနိုင် သဖြင့် ရဲတပ်ဖွဲ့များက ထိရောက်စွာ အရေးရေးယူရန်နှင့် မပေါ့ဆသင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ များက ဆိုသည်။
ဟျူစတန် ဖေဖော်ဝါရီ ၂ဝ
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်မှ မိခင် တစ်ဦးသည် ၂ဝ၁၃ ခုနှစ်၏ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများ နေ့တွင် ဟျူစတန် ဆေးရုံ၌ အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား ၍ နှစ်ကြိမ်တိုင်တိုင် မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူ ထရက်ဆာယွန် တာပိုသည် အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး
၎င်း၏ ရင်သွေးငယ် များကို သီတင်းပတ် ၃၁ပတ် အကြာတွင် တက္ကဆက် ပြည်နယ် ဟျူစတန်မြို့ရှိ အမျိုးသမီး ဆေးရုံတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆေးရုံမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။ ထရက်ဆာနှင့် မန်နျူရယ်လ် ယွန်တာဗိုတို့တွင် နှစ်နှစ်အရွယ် သားတစ်ဦး ရှိသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် သားဖြစ်သူ အဖော် ရရန်အတွက် ရင်သွေးတစ်ဦး ထပ်မံ လိုချင် ခဲ့ကြေ ကြာင်း၊ ကိုယ်ဝန်ဆောင်ပြီး သီတင်းပတ် ၁ဝ ပတ် အကြာတွင် ဆရာဝန် ဖြစ်သူမှ သူမသည် ကလေးလေးဦးကို လွယ်ထားရကြောင်း၊ သို့ရာတွင် ကလေး လေးဦးသည် လေးမြွှာပူး မဟုတ် ဘဲ နှစ်မြွှာပူး နှစ်စုံ ဖြစ်သည်ဟု သူမတို့ထံ ပြောကြားခဲ့ကြောင်း ထရက်ဆာ က ပြောကြားခဲ့သည်။
ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်လုံမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညနေ ပိုင်းတွင် တရားမ၀င်လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား သက်သေခံပစ္စည်း များနှင့် အတူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ဖေဖော်ဝါရီလ(၁၉) ရက်နေ့ ညနေပိုင်းတွင် ဖယ်ခုံရဲစခန်းမှ စခန်းမှူးနှင့် သတင်းတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သောအဖွဲ့မှ ကွမ်လုံစစ်ဆေးရေး ဂိတ်တွင် ယာဉ်မောင်း မြင့်ဦး(တောင်ကြီးမြို့နေ သူ) မောင်းနှင်လာသော ယာဉ်အမှတ်၊ ၅ဂ/၅၂၀၁ HONDA.CR.Y ခဲရောင်အား စစ်ဆေးရှာဖွေရာတွင် ယာဉ်မောင်း မြင့်ဦး ခါးကြားမှ ထိုင်းနိုင်ငံထုတ် BROWING အမျိုးအစား ပစ္စတို(၁)လက်နှင့် ၎င်း ကျည်ဆံ(၇)တောင့်၊ အတူပါလာသော မျိုးသန့် (တောင်ကြီးမြို့ နေသူ) ၏ ဘေးတံခါးလက်ကိုင်ခွက် အတွင်းမှ ဘီအေ-၁၀၉ လက်ပစ်ဗုံး (ဖြူးစ်တပ်လျက်) နှင့် ကားဂီယာထိုးတံရှေ့ခွက်အတွင်းမှ ဘီအေ-၁၀၉ လက်ပစ်ဗုံး(၁)လုံး တို့ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။
ထက်အောင်ခန့် (မြစ်မခ)
ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသား များထံမှ လုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ တစ်မှုအား နှစ်ရက် အတွင်းဖော် ထုတ်နိုင် ခဲ့ပြီး ကျန် နှစ်မှု အတွက် စုံစမ်း စစ်ဆေး ဆဲဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့် (၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည် တွင် အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ လုယက် သူများ ကိုသာ (၂) ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင် ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့တဲ့နေ့တုန်းက တပည့်ဟောင်း တစ်ယောက် လာကန်တော့ သည်။ သီ တင်းကျွတ်တုန်းက မကန်တော့ လိုက်ရလို့ အခုလာ ကန်တော့တာ ဟုဆို၏။ သူက ပြီးခဲ့တဲ့ ၂ဝ၁ဝ ကမှ တက္ကသိုလ် ဝင်တန်း အောင်သွား ခဲ့သူ။ ဂုဏ်ထူး(၂)ခုရခဲ့သည် ထင်၏။ နောက်တော့ GTC တစ်ခုကို ဝင်ခွင့်ရ သွားသည်။ ကျောင်းသွားခါနီး တုန်းကလည်း အခုလိုပဲ လာကန်တော့ သွားသေးသည်။ ယဉ်ကျေး ရည်မွန်ပြီး လိမ္မာ ရေးခြားရှိ သည့်ကလေးတစ်ဦးဖြစ် သည်။ ကန်တော့ပြီး တဲ့နောက် ဧည့်ခန်း မှာထိုင်၍ ဆရာတပည့်နှစ်ယောက် အလာပသလ္လာပပြောကြရင်း ကျွန်တော် က သူ့ပညာရေးအခြေအနေကို မေးမိ တော့မှ သူပြောပြတာကို နားထောင်ပြီး အတော်စိတ် မကောင်းဖြစ်သွားသည်။
ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်တ၀ိုက်၊ ကျေးရွာ များရှိ လယ်မြေအချို့သည် ၁၉၉၃ ခုနှစ် ကတည်းကစတင်ကာ နှစ်စဉ် မိုးစပါး စိုက်ပျိုးရာ သီတွင် လယ်မြေများ ရေကြီးနစ်မြုပ်မှု ပြသနာကို ကြုံတွေ့ ရလေ့ ရှိသည်။ ထိုနေရာအနီးတ၀ိုက်ရှိ ရေနုတ် ချောင်းများ၊ မြောင်းများကို ပိတ်ဆို့ကာ တည်ဆောက် ထားေ သာ မျဉ်းဝန်းဆည်များ၊ ဓမင်းများ၊ ငါးဖမ်းဆည်များ ပြုလုပ် ငါးဖမ်းခြင်း ကြောင့် ချောင်း၊ မြောင်း များကော လာကာ ရေစီးရေလာပိတ်ဆို့ပြီး လယ်မြေများသို့ ရေလွှမ်း မိုးခြင်းဖြစ် သည်။ ထိုကဲ့သို့ ပြသနာ များ သည် လွန်ခဲ့သည့် တပ်မတော်အစိုးရလက်ထက်ကတည်းက ခံစားနေ ခဲ့ရခြင်း ဖြစ်သော်လည်း အာ ဏာ ရှင် စနစ်ဖြင့် အုပ်ချုပ်ခံနေရချိန်တွင် ကယ်သူမဲ့ ဘ၀ဖြင့် နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည်။
အာဆင်နယ် တိုက်စစ်သမား သီအိုဝဲလ်ကော့တ်က အသင်း အနေဖြင့် ချန်ပီယံလိဂ် စိတ်ပျက်ဖွယ် အရှုံးမှ နိုးထပြီး သန်သန်မာမာ ဆက်လက် ဖြတ်သန်းရန် တိုက်တွန်း တောင်းဆိုလိုက်သည်။
အာဆင်နယ်သည် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တွင် အိမ်ကွင်း အမ်းမရိတ်စ်၌ပင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကို (၃-၁)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် ကွာတားဖိုင်နယ် တက်ရောက်ရေး မျှော်လင့်ချက်မှာ အလွန် စိတ်ကူးယဉ် ဆန်သွားပြီ ဖြစ်သည်။ မန်နေဂျာ အာစင်ဝင်းဂါး၏ အသင်းသည် အိမ်ကွင်းတွင် ဘိုင်ယန်ကို အသာစီး မယူနိုင်ဘဲ ရုန်းကန်ခဲ့ရသလို ဦးဆောင်ဂိုး (၂)ဂိုးကို ခွင့်ပြုပြီး နောက်မှ လိုက်ကစားခဲ့ရသည်။ ဝဲလ်ကော့တ်ကမူ စိတ်ပျက်စရာများကို မေ့ထားပြီး အသင်းသားများ အားလုံး ပြန်လည် နိုးထ တက်ကြွလာရန် တိုက်တွန်းခဲ့သည်။
မျက်စိနှစ်ကွင်းအလင်းမရရှာသော မိဘနှစ်ပါးတို့သည် အဆိပ်လူး သောမြား ဒဏ်ကြောင့် သေအံ့မူးမူးဖြစ်နေသော သုဝဏ္ဏ သာမ သားငယ်ကို ပွေ့ပိုက်ရင်း၊ မချိတင်ကဲမြားဆိပ်မွှန်သော ဝေဒနာတို့ မှ ပျောက်ကင်း စေခြင်းအကျိုးငှာ၊ အမိ အဖတို့ ကသား သမီး အပေါ် ထားအပ် သော အလွန်ကြီးမားသော မေတ္တာစွမ်းအားကို အားကိုး အားထား ပြု၍ သစ္စာ ဆိုခဲ့ဖူးပါသည်။
အစိမ်းရောင် ရွာများ တည်ထောင် နိုင်ခွင့် ရရှိစေဖို့ ဆိုပါလျှင် ကျွန်မတို့ တစ်တွေမှာ အတော်လေး မောလောက် အောင်ပင် ပြောရပါ ဦးမည် ထင်ပါသည်၊ ကျွန်မတို့ နိုင်ငံမှာ ဆင်းရဲ မွဲတေမှု လျော့ချ ရေးကို ကြိုးပမ်း ဆောင်ရွက် နေပြီဖြစ် သလို ပတ် ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေကို လည်း ၂ဝ၁၂ မတ်လ ၃ဝရက် ကပင်ရေး ဆွဲပြီးဖြစ် ပါသည်။
အေစီမီလန် အသင်းသည် အကောင်းဆုံး စိတ်ဓာတ်နှင့် ခံစစ်စွမ်းရည်ကို ပြသပြီး ဘာစီလိုနာကို အိမ်ကွင်း ဆန်စီရို၌ အနိုင်ကစားပြ သွားခဲ့သည်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမ အကျော့ ပွဲစဉ်တွင် အိမ်ရှင် မီလန် အသင်း၌ စတီဖင် အယ်လ်ရှာရာဝီ၊ ဂီယမ်ပေါ်လို ပက်ဇီနီ၊ ကီဗင်ပရင့်စ်ဘိုတန်၊ ဆူလီအလီ မွန်တာရီ၊ ရီကာဒို မွန်တိုလီဗို၊ မက်ဆီမို အမ်ဘရော့စီနီ၊ ဖိလစ်ပီမက်ဆက်စ်၊ ခရစ္စတီယန် ဇာပက်တာ၊ အစ်ဂ်နာဇီယို အဘာတီတို့ ပါဝင် ကစား ခဲ့ကြသည်။ ဘာစီလိုနာ အသင်းတွင်မူ လီယွန်နယ်လ် မက်ဆီ၊ ပက်ဒရို ရိုဒရီဂွတ်ဇ်၊ ဆက်စ်ဖာဘရီဂက်စ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ဆာဂျီယိုဘက်စ်ကွက်စ်၊ ရှာဗီဟာနန်ဒက်ဇ်၊ ယော်ဒီအယ်လ်ဘာ၊ ကားလက်စ်ပူယိုးလ်၊ ဂျရတ်ပီကေးနှင့် ဒန်နီရယ်လ် အဲလ်ဗက်စ်တို့ ပွဲထွက်လာသည်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ပရီးမီးယားလိဂ်ကို ကိုယ်စားပြု ပါဝင်နေသော မန်ယူနှင့် အာဆင်နယ်တို့
ချန်ပီယံလိဂ်မှ ထွက်ခွာရပါက ၁၇နှစ်အတွင်း အင်္ဂလိပ်ကလပ်များ မပါဝင်သော ကွာတားဖိုင်နယ် ဖြစ်လာ မည်ဖြစ်ပြီး အာဆင်နယ်မှာ အိမ်ကွင်းတွင် ဘိုင်ယန်ကို ဂိုးပြတ်ရှုံးနိမ်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်၏ အဆင့် အတန်းမှာ မန်ယူပေါ်တွင် တည်မှီနေသည်။ အက်ဖ်အေနှစ် ၁၅၀ပြည့် အထိမ်းအမှတ်အဖြစ် ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၀င်ဘလေကွင်း၌ ကျင်းပမည်ဖြစ်သောကြောင့် အင်္ဂလိပ်ကလပ်များ ရှုံးထွက် အဆင့်မှ ထွက်ခွာရလျှင် အင်္ဂလန်ဘောလုံး လောကအတွက် အရှက်ရဖွယ်ရှိနေသည်။