Saturday, February 23, 2013

ရေနွေးပူလောင်းခံရသူ ကရင် မိန်းကလေးငယ် နဲ့ အင်တာဗျူး

Posted by drmyochit Saturday, February 23, 2013, under | No comments

 ကရင်မိန်းကလေး တယောက် ထိုင်းနိုင်ငံ မြောက် ပိုင်း ကန်ဖယ်ဖက် မြို့နယ်မှာသူ့ အလုပ်ရှင် ထိုင်း လင် မယား ရဲ့ လူမဆန်တဲ့ နည်းတွေနဲ့ ညှဉ်းပန်း နှိပ်စက် ခံခဲ့ရပါတယ်။

ထိုင်း အလုပ် ရှင်တွေ ဆီမှာ အသက် ၇ နှစ်အ ရွယ် ကနေ အလုပ် လုပ်ပေးခဲ့တာ အခု အသက် ၁၂ နှစ်အ ထိပါပဲ တဲ့။

ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး

Posted by drmyochit Saturday, February 23, 2013, under | No comments


ကွန်တိန်နာယာဉ် တစ်စီးမှ အခြားယာဉ်နှစ်စီးကို တိုက်မိပြီး တိမ်မှောက် မီးလောင်မှု ဖြစ်စဉ် တစ်ခု ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၂ နာရီခွဲ ခန့်က မြောက်ဥက္က လာပမြို့နယ် အတွင်း ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ သံသုမာ လမ်း အတိုင်း မောင်းနှင် လာသော ကျောက်မှုန့်တင် ကွန်တိန် နာ ယာဉ်မှာ တပ်ကွင်း ကားဘော်ဒီ ရုံအရောက် လိုက်ထရပ်ကားကို တိုက်မိပြီး ထိုမှတစ်ဆင့် ရပ်ထားသော မေတ္တာလှိုင်း ဘတ်(စ်)ကားယာဉ်ကို ထပ်ဆင့်တိုက်မိကာ တိမ်းမှောက် မီးလောင် သွားခဲ့ ကြောင်း မျက်မြင် တို့က ဆိုသည်။

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား

Posted by drmyochit Saturday, February 23, 2013, under | No comments

ရန်ကုန်မြို့ကို စင်္ကာပူ ပုံစံအတိုင်း ပြန်ဆောက် လို ကြောင်း သမ္မတ ဦးသိန်း စိန်က ပြောဆိုပြီး ဘန်ကောက် က မိုးပျံရ ထားတွေ၊ မိုးပျံလမ်းတွေပါ ထည့် စိတ်ကူး ခဲ့သည်။

ဤသည်မှာ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဖြစ်လာ ပြီးနောက် ဦးသိန်းစိန် အကောင် အ ထည်ဖော် ဆောင်ရွက် လိုသည့် ရည်မှန်းချက် တရပ်ဖြစ် သည်။ ယင်း ဆန္ဒမှာ လက်တွေ့နှင့် လုံးဝ ခြား နား နေ သည်။ မြန်မာ နိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်သည် အစိုးရသစ် တာဝန်ယူပြီး ၂ နှစ်ခန့် ကြာ သွား သော်လည်း သိသိ သာသာ တိုးတက် လာခြင်း မရှိသေး။ မြို့တော်၏ အခြေခံ လိုအပ်ချက် များ ဖြစ်သည့် ပို့ဆောင်ရေး၊ စွမ်းအင်၊ ၀န်းကျင် သန့်ရှင်းရေး၊ သောက်သုံး ရေ ရရှိရေး စသည့် ကဏ္ဍများ သည် လည်း နောက်ကျနေဆဲ။ ဤသို့ အခက်အခဲ၊ အကြပ် အတည်း များစွာ ရှိနေသော်လည်း ပြန့်ကျဲ တည်ရှိနေ သည့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင် ခွင့်များ ချပေးရာ၌ အစိုးရသည် လက်သင့် ရာ စားတော်ခေါ် ဆိုသကဲ့သို့ လျှို့ဝှက်စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုနေ၏။

ခေါင်းကိုက်ဝေဒနာသက်သာစေမည့် ခေါင်းစွပ်

Posted by drmyochit Saturday, February 23, 2013, under | No comments

သိပ္ပံ ပညာရှင် များသည် Star Treck ရုပ်ရှင် ကားပုံစံ ခေါင်းစွပ် တစ်မျိုးကို နဖူး တ၀ိုက် တစ်ရက်မိနစ် (၂၀)ခန့် ၀တ်ဆင် ခြင်းဖြင့် ခေါင်း ကိုက် ဝေဒနာ ကာကွယ်နိုင် ရန် တီထွင် ထားသည်။

Cefaly ဟု အမည် ရသည့် အဆိုပါ စက်သည် မျက်လုံး တ၀ိုက် အာရုံခံ စားမှု များကို ထိန်းချုပ် ထားသည့် supraorbital အာရုံကြော ထံ လျှပ်စစ်စေ့ ဆော် မှုများ ပေးပို့သည်။

လှေစီးပြီး ထွက်ပြေးမှု များလာတဲ့အပေါ် ကုလစိုးရိမ်

Posted by drmyochit Saturday, February 23, 2013, under | No comments


မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လှေစီးပြီး ထွက်ပြေး လာသူ အရေ အတွက်ဟာ တနေ့ တခြား များပြားလာ နေသလို ပင်လယ်ပြင်မှာ သေဆုံးမှုတွေ ရှိနေ တယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မိ တဲ့ အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) က ပြောလိုက်ပါတယ်။ ဒီအ တွက် ပြဿနာကို ဟန့်တားဖို့ သက်ဆိုင်ရာ အစိုးရတွေ အနေနဲ့ ဆောင်ရွက်ကြ ဖို့လည်း တိုက်တွန်း ခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေး ထားပါတယ်။

တောင်ကြီး NLD ညီလာခံမှာ ဆင်ဆာမဲ့ စာအုပ်တွေ ရောင်းတဲ့ တရားခံကို ဖော်လိုက်ပြီ

Posted by drmyochit Saturday, February 23, 2013, under | No comments


တောင်ကြီးမြို့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရှမ်းပြည်နယ် ညီလာခံ တွင် မိတ္တူ ကူး ထားသည့် စာပေခွင့်ပြုချက် မရှိသော ဆင်ဆာမဲ့ စာအုပ်များကို NLD ပါတီ ရုံးချုပ် ကို အသိပေးခြင်း မရှိဘဲ ရောင်းချ သွား ကြောင်း ဧရာဝတီ ဘလော့တွင် ဖေါ်ပြခဲ့ပါ သည်။

အဆိုပါ စာအုပ်များသည် ပြုပြင်ပြောင်းလဲရေးကို အားကြိုးမာန်တက်လုပ်နေသော အစိုးရ တာဝန် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအပေါ် စာဖတ်သူများမှ အထင်အမြင် လွဲမှားစေရန် အတွက် ပြည်ပနိုင်ငံများ၏ ထောက်ပံကြေးငွေနှင့် ရပ်တည်နေရသော NDD အဖွဲ့နှင့်တပ်မတော် မှ ရာဇ၀ တ်မှု့ဖြင့် ထွက်ပြေး တိမ်းရှောင်နေသာ သူများ ပူးပေါင်း ရေးသားထားသော စာအုပ်များဖြစ်ကြောင်း သိရ သည်။

ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှု

Posted by drmyochit Saturday, February 23, 2013, under | No comments


ထိုင်းနိုင်ငံတွင် ပြုလုပ်နေသည့်  ရွှေမြွေဟောက် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် တွေ့မြင်ရသော “တောတွင်း အသက်ရှင် နေထိုင်နည်း” သရုပ်ပြကွက် မြင်ကွင်းများ ဖြစ်သည်။
တောတွင်း ရှင်သန်နည်း သင်တန်းတွင် ပုရစ်ကင်  စားသုံးနေသည့် အမေရိကန်စစ်သားတစ်ယောက်
 မြွေဟောက်တစ်ကောင်ကို အန္တရာယ်ကင်းစွာ ဖမ်းဆီး ကိုင်တွယ်နည်း သရုပ်ပြကွက်

မြန်မာနယ်စပ်အနီးတွင် ပြုလုပ်နေသော တရုတ်စစ်တပ်၏ စစ်ရေး လှုပ်ရှားမှုများ

Posted by drmyochit Saturday, February 23, 2013, under | No comments



(ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇန်န၀ါရီ ၁၅ ရက်နေ့က ပြုလုပ်သော စစ်ဘက်ဆိုင်ရာ သင်တန်း အများ အပြားရှိပြီး ပုံတွင် တွေ့ရသည်မှာ ပစ်ခတ်မှုသင်တန်းဖြစ်သည်။)

မြန်မာနယ်စပ်အနီးတွင် တရုတ်စစ်တပ်များ လေ့ကျင့်နေကြောင်း တရုတ်အစိုးရသတင်းဌာန၏ သောကြာ နေ့ထုတ် သတင်းကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းတစ်ပုဒ်တွင် ရေးထားသည်။

မြန်မာဘဏ်ကြီး လေးခု အမေရိကန် ပိတ်ဆို့မှု ဖွင့်ပေး

Posted by drmyochit Saturday, February 23, 2013, under | No comments



မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် မှုတွေ ကို အသိ အမှတ်ပြုတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင် စုက မြန်မာနိုင်ငံက ဘဏ်ကြီး လေးခုကို ပိတ်ဆို့ အရေးယူထားမှု အပေါ် မနေ့က သောကြာနေ့တုန်းက ဖြေလျော့ ပေးလိုက် ပါပြီ။

ကာတွန်း ဦးဘဂျမ်း ၁၁၁ နှစ်ပြည့် မွေးနေ့ အခမ်းအနား

Posted by drmyochit Saturday, February 23, 2013, under | No comments

 မြန်မာ့ ဂန္တဝင် ကာတွန်း ဆရာကြီး အလကာင်္ကျော်စွာ ဦးဘဂျမ်းရဲ့ (၁၁၁) ကြိမ်မြောက် မွေးနေ့ ကိုဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတဲ့ကာတွန်းပန်းချီပြပွဲ၊ စာပေဟောပြောပွဲနဲ့ ဖျော်ဖြေပွဲတွေကို ဆရာကြီးရဲ့ မွေးရပ်ဇာတိမြို့ ဖြစ်တဲ့ ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။ 
 
နှစ်ရက်ကြာ ကျင်းပမယ် ကာတွန်းဆရာဦးဘဂျမ်းရဲ့ (၁၁၁) နှစ်မြောက် မွေးနေ့ အထိမ်းမှတ်ဂုဏ်ပြုပွဲကို သမိုင်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် ဆရာကြီးရဲ့ဇာတိ ညောင်တုန်းမြို့မှာရှိတဲ့ အတုလမာရဇိန် သွန်း ဘုရားကြီးဝင်း အတွင်းမှာ ပြုလုပ် ကျင်းပတာ ဖြစ်ပြီး ဆရာကြီး ရေးဆွဲခဲ့တဲ့ကာတွန်း (၁၁၁) ကား အပြင် ပန်းချီနဲ့ ကာတွန်းရေးဆရာ (၂၀) ကျော်ရဲ့ လက်ရာတွေကိုလည်း ခင်းကျင်း ပြသထားတယ်လို့ သိရပါ တယ်။ 

ဦးဇင်း ၀ီရသူ ပြောတဲ့ အန်အယ်ဒီ၊ ၈၈ နဲ့ အမျိုးသားရေး အကြောင်း

Posted by drmyochit Saturday, February 23, 2013, under | No comments

ဆရာတော် ၀ီရသူ ဟောတာကို နားမထောင်ရ သေး ရင် ဒါလေးကို ဖတ်ပေးကြပါ။

ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုး သားရေး အမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ် လုပ်ရ မလဲ? အမျိုး သားရေး အမြင်နဲ့ အလုပ်လုပ် ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသား ရေးအမြင်နဲ့ အလုပ် လုပ်ရမယ်။ မျက်စိနဲ့ ကြည့် ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရ မယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုး သားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အ လုပ် လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်း အဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။

မြန်မာ အပါအ၀င် ကီလိုမီတာ ၃၀၀၀ ထိ ဖြတ်သန်း ယှဉ်ပြိုင်ကြမည့် BCIM လေးနိုင်ငံ ကားပြိုင်ပွဲစတင်

Posted by drmyochit Saturday, February 23, 2013, under | No comments


ဘင်္ဂလာဒေခ်ျ့၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ လေးနိုင်နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ BCIM  ရဲ့ အဖွဲ့ဝင် နိုင်ငံတွေ ခရီးရှည် ကားမောင်းပြိုင်ပွဲ တစ်ခုကို မနေ့က  အိန္ဒိယ နိုင်ငံ ကာလကတ္တာမြို့ကနေ စတင် လိုက် ပါတယ်။

အဲဒီ ကားပြိုင်ပွဲကို BCIM Car Rally 2013 လို့ အမည် ပေးထားပြီး  အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့၊ မြန်မာနိုင်ငံတို့ကို ဖြတ်သန်း မောင်နှင်မှာ ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည် နယ် မြို့တော် ကူမင်းမှာ အဆုံးသတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီ အားပေးတဲ့ SSA နဲ့ အမျိုး သမီးစစ်သား(ဓါတ်ပုံ သတင်း)

Posted by drmyochit Saturday, February 23, 2013, under | No comments



မကြာသေးခင်က ထိုင်းမြန်မာနယ်စပ် SSA လွိုင်တိုင်းလျန်းဌာနချုပ် အခမ်းအနားတခုမှာ အမျိုးသမီးစစ်သား အများအပြား တွေ့ခဲ့ရပါတယ်။


SSA မှာတော့ အမျိုးသမီးစစ်သည်တွေကို တိုက်ခိုက်ရေးတာဝန်တွေ မပေးဘူး၊ သို့သော်လည်း အခြေခံ စစ်သင်တန်းတော့ အားလုံး တက်ထားတယ်လို့ SSA ပြောခွင့်ရ အရာရှိ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပြပါတယ်။

ခေါင်းဆောင်နဲ့ ဖက်ရှင်

Posted by drmyochit Saturday, February 23, 2013, under | No comments


မစပ်စုတို့ တိုင်းပြည်ရဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီး တဲ့ နောက်ပိုင်းမှာ သူဝတ်ဆင်တဲ့ အ၀တ် အစား၊ ဖက်ရှင်ဒီဇိုင်းတွေဟာ လူငယ်၊ လူလတ်၊ လူကြီး စတဲ့ အရွယ်အမျိုးမျိုးသော အမျိုး သမီး ထုကြားထဲ လက်ရှိ အချိန်အထိ အလွန်ပဲ ရေပန်းစား နေခဲ့တာပါ။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းထုတ်ပြန်

Posted by drmyochit Saturday, February 23, 2013, under | No comments


နေပြည်တော် ဖေဖော်ဝါရီ ၂၂

စွမ်းအင်ဝန်ကြီးဌာန ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူစင်၏ ကမ်းလွန်ပလက်ဖောင်းတွင် အရေးပေါ် ပြုပြင်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက် ၀၀း ၀၁ နာရီမှ ဖေဖော်ဝါရီ ၂၅ ရက် ၂၃း ၅၉ နာရီထိ ပြုပြင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ညှိနှိုင်းလာခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်း အင်ဝန်ကြီး ဌာန၊ မြန်မာလျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဓာတ်ငွေ့ရေနွေးငွေ့ စက်ရုံများ ဌာနအောက်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ လက်ရှိပေးပို့နေသော သဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၄၅ သန်း အနက် ကုဗပေ ၁၃၄ သန်းလျော့ပြီး ကုဗပေ ၁၁ သန်းသာ ရရှိနိုင်မည် ဖြစ်သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်