Monday, February 25, 2013

အရှိန်လွန် ယာဉ်တိုက်ရာ လင်မယား(၂)ဦးစလုံးသေဆုံး

Posted by drmyochit Monday, February 25, 2013, under | No comments


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

၂၄-၂-၂၀၁၃ ရက်နေ့ ၁၁၄၅ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၀/၆-၇)ကြားတွင် ယာဉ် တိမ်း မှောက် မှုဖြစ်ပွားကြောင်းသတင်းအရ အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ပန်းတင် အမြန် လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေး ခဲ့ရာ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန် တိုင်းဒေ သကြီး၊ လမ်းမတော်မြို့နယ်နေ စိန်ဝင်း သန်း (၅၄)နှစ်မောင်းနှင်သော ၅င/xxxx TOYOTA PROBOX ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ထိုးကျစဉ် စက်ဘီးစီးနင်းလာသူ လယ်ဝေးမြို့နယ်၊ သစ်တောရွာနေ မောင်ဆွေနိုင်ဦး(၁၆)နှစ်အားဝင်ရောက်တိုက်မိပြီးနောက် ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ တက်ရောက် ကာ နောက်ဘက်သို့ပြန်လှည့်ပြီးကားလမ်းမပေါ်သို့ ပြန်လည်ရောက်ရှိရပ်တန့်သွားခဲ့သည်။

ချောင်းဦးမြို့ သုံးပန်လှ ကျေးရွာ မိန်းကလေး ၂ ဦးပျောက်ဆုံးနေ

Posted by drmyochit Monday, February 25, 2013, under | No comments


ချောင်းဦးမြို့ သုံးပန်လှ ကျေးရွာနေ ဦးအောင်စိုး သမီး မရွှေပို(၁၄ နှစ်) နှင့် ဦးခင်လင်းသမီး မမာမာမြင့် (၂၀ နှစ်)တို့နှစ်ဦး (၁၅-၂-၁၃) ရက်နေ့က ရုတ်တရက် ပျောက်ဆုံး ခဲ့ကြပါတယ်။ မိဘဆွေ မျိုးများက အလွန်စိတ်ပူပန်တဲ့ အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ချောင်းဦး ရဲစခန်းကို အကြောင်းကြား တိုင်ကြားခဲ့ ကြပါတယ်။ 

အင်တာနက် Virus တွေရန်ကို ကာကွယ်ဖို့  Malware Fighter Full Version

Posted by drmyochit Monday, February 25, 2013, under | No comments


ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ ၀င်နေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်းပေးနိုင်သလို

အင်တာနက်က ကူးစက်လာမယ့် Malware , Spyware ,Trojrans , Keylogger နဲ့  

worm,..etc Virus တွေ ကူးစက်လာခြင်းကို ကာကွယ်ပေးပါတယ် ။။အင်တာနက်က 

ကူးစက်လာတဲ့ gtalk Virus ပုံစံမျိုး ၊ ချက်တင်ကနေ စာတွေ အလိုလို ပို့ နေတဲ့ပုံစံ 

ဖေ့ဘွတ်ချက်တင်ကနေ စာအလိုလိုပို့ နေတဲ့ Virus တွေကို ရှင်းထုတ်ဖို့ အတွက် 

ရမ်း အသုံးဝင်ပါတယ် ။ Malware ကြောင့် File extension တွေြေ ပာင်းကုန်တာကို 

ဒီဆော့ဝဲက ရှင်းနိုင်ပါတယ် ။ ကွန်ပျုတာ မျက်နှာပြင်က ဖိုဒါတွေအားလုံး Adobe ပုံစံ 

ပြောင်းသွားပြီး ဘာတစ်ခုမှ ဖွင့်မရတာ တချို့ ဆို Window Media ပုံစံတူတွေလည်း 

ဖြစ်ကုန်ပါတယ် ။ အဲ့တော့ malware ဟာ ကွန်ပျုတာကို ဒုက္ခပေးနိုင်တာမို့  သာမာန် 

အမေရိကန် ကုမ္ပဏီများနှင့် အစိုးရအေဂျင်စီများအား ဆိုက်ဘာ တိုက်ခိုက် ခံရမှုကို သက်သေ အထောက် အထားပြ သည့် အစီရင် ခံစာ ထွက်ပေါ်လာ

Posted by drmyochit Monday, February 25, 2013, under | No comments


နိုင်ငံခြား အစိုးရနှင့် ကုမ္ပဏီတို့ က သူတို့၏ ကွန်ရက် များကို ဝင်ရောက် နှောင့်ယှက်တိုက်ခိုက်နေသော တရုတ် လူမျိုး ဟက်ကာများ သည် တရုတ် နိုင်ငံ စစ်တပ်နှင့် ဆက်စပ်မှု ရှိနေသူများ ဖြစ်ကြောင်း သံသယဝင်လျက်ရှိနေ ကြသည် ဟု သိရသည်။

ထိုသို့ သံသယ ဝင်နေမှုနှင့်ပတ် သက်၍ ဖေဖော်ဝါရီ ၁၉ရက်က Mandiant  အမည်ရှိ အမေရိကန်လုံ ခြုံရေး ကုမ္ပဏီက အထောက် အထား များနှင့် အတူ တင်ပြ ခဲ့သည်ဟု သိရ သည်။ ခြောက်နှစ်ကြာခန့် စုံစမ်းစစ် ဆေးမှုပြုပြီး နောက် ပေါ်ထွက်လာ သော လုံခြုံရေး ကုမ်ပဏီ ၏ အစီရင်ခံ စာတွင် တရုတ် ဟက်ကာ အုပ်စုထဲမှ အဖွဲ့ဝင်တစ်ဦး ချင်းစီကို ခြေရာကောက် ကာ စစ်ဆေးမှုပြုခဲ့ခြင်း ဖြစ်သည်။ တရုတ် ဟက်ကာ အုပ်စုသည် Ugly Gorilla   နှင့် Super Hard ကဲ့သို့သော နာမည်ပွား များဖန်တီးကာ နိုင်ငံခြား ကုမ္ပဏီများ၏ ကွန်ပျူတာ များ အတွင်း ဝင်ရောက်နှောင့်ယှက်မှုပြုနေသည် ဟု သိရသည်။

အစိုးရ ဘာပဲလုပ်လုပ် မကောင်း ပြောနေတဲ့ THE VOICE ဂျာနယ် အခုလည်း ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ဆက်သွယ်ရေး ၀န်ကြီး မခန့်သင့်လို့ ဆရာဝန် တစ်ဦးရဲ့ ပေးစာ အသွင်ဖြင့် ဖော်ပြ

Posted by drmyochit Monday, February 25, 2013, under | No comments

သမ္မတကြီး ဦးသိန်းစိန်နှင့် နိုင်ငံတော် အစိုးရမှ တရားဝင် ခန့်အပ်ခဲ့သည့် ဆက်သွယ်ရေး ၀န်ကြီး အား တပ်မေ တာ် မှ ဖြစ်သည့် အတွက် မခန့် သင့်ကြောင်း အမည် မဖော်လိုသည့် ဆရာဝန် တစ်ဦး ၏ ပေးစာ အသွင်ဖြင့် The Voice ဂျာနယ်မှ ဖော်ပြခဲ့ပါတယ်။

ပေးစာ၏ အစတွင် ယခင်အစိုးရ ခေါင်းဆောင် များအား စော်ကားသည့် ရုပ်ပုံ၊ အကြောင်း အရာများ ဖြန့်ဝေ သည့် ဘလော့ဂါ နေဘုန်းလတ် ၏ အပြောကို ကိုး ကား၍ နည်းပညာ ၀န်ကြီး နေရာမှာ နည်းပညာကို နားလည် တဲ့သူ ကိုပဲ ခန့်အ ပ်သင့် တယ်လို့ ဖော်ပြ ထားပါတယ.်။

ဖယ်ခုံမြို့နယ်တွင် ဘိန်းစိမ်းသတင်းအရနေအိမ်တစ်အိမ်ကို ရဲတပ်ဖွဲ့က ၀ိုင်းဝန်းရာ တူမီးသေ နတ်ဖြင့်ပြန် လည်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ

Posted by drmyochit Monday, February 25, 2013, under | No comments

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ ဆည် ၏ အရှေ့ ဘက်ကမ်းရှိ ကရင်ကျေးရွာအုပ်စု၊ နန်းဟူးကျေး ရှိနေအိမ် တစ်အိမ်အား ဘိန်းစိမ်းများ ၀ယ်ယူ သိုလှောင်ထား သည်ဟူသော သတင်းအရ တောင်ကြီး မူးယစ်အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲတပ်ဖွဲ့ ၀င်များက ဖေဖော်ဝါရီ ၂၁ ရက် နံနက်တွင် ၀ိုင်းဝန်းဖမ်းဆီးရာနေ အိမ်အတွင်းမှ တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ် ခဲ့သူ အမျိုးသားတစ်ဦးမှာ မော်တော် ကားဖြင့် မောင်းနှင်ထွက်ပြေးလွတ် မြောက်သွားကြောင်း ဒေသခံများ ထံမှ သိရသည်။

ကျပ်သိန်း ၆၀၀ ၀န်းကျင်ဖြင့် တက်ရောက်နိုင်မည့် အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်း

Posted by drmyochit Monday, February 25, 2013, under | No comments

မြန်မာနိုင်ငံ တွင် ကျွမ်းကျင်လေယာဉ်မှူးများ နည်းပါးနေခြင်းကြောင့် အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူး သင်တန်း ဖြစ်သည့် Myanmar Aviation Academy ကို ပုသိမ်မြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျွမ်းကျင်လေယာဉ်မှူးများ ၊ လေယာဉ်မောင် /မယ်များ အရေအတွက်မှာ လွန်စွာ နည်းပါးနေ တယ် ၊ လိုအပ်ချက်တွေကို ကျွန်တော်တို့ တတ်နိုင် သမျှ ဖြည့်ဆည်း ပေးဖို့ သင်တန်း ကို ဖွင့်လှစ်ခြင်း ဖြစ်ပါတယ် ” ဟု မြန်မာ့လေကြောင်း အကယ်ဒ မီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။

ရွှေလီမှာ မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ

Posted by drmyochit Monday, February 25, 2013, under | No comments

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃

မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တိရိစ္ဆာန်တွေ မှောင်ခို ကူးသူတွေထံက မြွေ အကောင်ရေ ၄၈၀၀ ကျော် ဖမ်းဆီး မိလိုက် တယ်လို့ ယူနန် အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက် လင်းအားကြီး ၄ နာရီလောက်မှာ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက် လာတဲ့ ကားတစ်စီးကို တရုတ် ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဲဒီကားထဲမှာ ပါလာတဲ့ သေတ္တာတွေ ထဲမှာ မြွေအကောင်ရေ ၄၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တာပါ။ 

စက်ရုပ်ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးမည့် စီမံကိန်း

Posted by drmyochit Monday, February 25, 2013, under | No comments


Photo: စက်ရုပ်ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးမည့် စီမံကိန်း

အနာဂတ်မှာ ကိုယ်အင်္ဂါချို့ ယွင်းသူများ မရှိစေရ ဆောင်ပုဒ်နဲ့ Sarif Industres မှ တကယ်လုပ်နေပါပြီ။

သာမန်လူထက်တောင် သန်မာမယ့် ခြေ၊လက်၊ မျက်စီ အင်္ဂါများကို မြင်ရ မယ်လို့ ဆိုပါတယ်။ ဒီအတွက် သူလည်းစိုးရိမ်လို့ သတိပေးတဲ့ ဗီဒီယိုတွေနဲ့ လည်း ပြသထားပါတယ်။

သူတို့စိုးရိမ်တဲ့အချက်က တီထွင်လိုက်တဲ့ အတုပစ္စည်းများက သာမန်လူတွေ ထက် သန်မာနေမှာဆိုတဲ့ တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေရှိမယ့် အနာဂတ်စစ်ပွဲတွေကိုတောင် ဗီဒီယိုလို လုပ်ပြီး တင်ထားပေးပါသေးတယ်။ Iron Man, Rambo Cop , Surrogate ရုပ်ရှင်တွေထဲမှာပဲ စက်ရုံတွေမြင် ရမှာမဟုတ်ပဲ လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ မခက်တော့ဘူးဆို တာကို ပြသသွားပါတယ်။

ခန္ဓာကိုယ် ဆဲလ်နဲ့ အာရုံကြောကို အီလက်ထရောနစ်ဝါယာကြိုးများနဲ့ tune ညှိပြီး တပ်တယ်ဆိုတာ အရင်ကတည်းက ပြုလုပ်နိုင်ပြီဖြစ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ လက်အတု၊ ခြေအတု ဆိုပေမယ့် သာမန်လူလို အသုံးပြုနိုင်တဲ့ နည်းပညာကို တီထွင်နိုင်တာ အတော်လေးကြာ ပါပြီ။ ဈေးကြီး နေတယ်ဆိုတဲ့ အချက်တစ်ခုကိုကျော်လွန်ရုံ ပါပဲ။ ဈေးသာ သက်သာမယ်ဆိုရင် ကမ္ဘာမှာ ကိုယ်အင်္ဂါချို့ ယွင်းတဲ့သူတွေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ Sarif Industres ရဲ့  အဓိက ရည်ရွယ်ချက်ကလည်း အဲဒါပဲ ဖြစ်ပါတယ်။ လူတိုင်းဈေးသက်သက်သာသာနဲ့ အတုပစ္စည်းများ ရရှိစေဖို့ ဖြစ်ပါတယ်။

သို့ပေမယ့် အပိုဆုလိုပဲဆိုရမယ့်အချက်က သန်မာခြင်း ဖြစ်ပါတယ်။ သာမန်လူတွေရဲ့  ခြေလက်တွေထက် ပိုသန်မာပါတယ်။ မျက်လုံးကလည်း ကွန်ပြူတာမျက်နှာပြင်နဲ့ ကင်မရာထည့်ထားတဲ့အတိုင်းကို function စုံအောင် ဖန်တီးလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီတော့ လူသားနဲ့ စက်ရုပ်ကြားက စစ်ပွဲဆိုတော့ ရုပ်ရှင်တွေထဲမှာ မဟုတ်တော့ပဲ အပြင်မှာ လည်းဖြစ်ဖို့ မဝေးတော့ဘူးဆိုတဲ့အချက်ကိုလည်း Sarif Industres က ရည်ညွန်းဖော်ပြပါတယ်။ နောက်ဆို လူသားတွေတောင် စက်ရုပ်ဖြစ်ချင်လို့ ခြေလက်ဖျက်မယ့် အနေအထားတစ်ခုအထိတောင် အဆိုးဆုံး ခန့်မှန်းဖော်ပြထားပါတယ်။

အောက်ပါလခ့်များမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

You tube video -http://is.gd/fkKCbC

Website - www.sarifindustries.com

--
Aung Kham (TSJ team)

အေးချမ်းမွန်မှ  TechSpace Journal တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
အနာဂတ်မှာ ကိုယ်အင်္ဂါချို့ ယွင်းသူများ မရှိစေရ ဆောင်ပုဒ်နဲ့ Sarif Industres မှ တကယ်လုပ်နေပါပြီ။

သာမန်လူထက်တောင် သန်မာမယ့် ခြေ၊လက်၊ မျက်စီ အင်္ဂါများကို မြင်ရ မယ်လို့ ဆိုပါတယ်။ ဒီအတွက် သူလည်းစိုးရိမ်လို့ သတိပေးတဲ့ ဗီဒီယိုတွေနဲ့ လည်း ပြသထားပါတယ်။

သူတို့စိုးရိမ်တဲ့အချက်က တီထွင်လိုက်တဲ့ အတုပစ္စည်းများက သာမန်လူတွေ ထက် သန်မာနေမှာဆိုတဲ့ တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေရှိမယ့် အနာဂတ်စစ်ပွဲတွေကိုတောင် ဗီဒီယိုလို လုပ်ပြီး တင်ထားပေးပါသေးတယ်။ Iron Man, Rambo Cop , Surrogate ရုပ်ရှင်တွေထဲမှာပဲ စက်ရုံတွေမြင် ရမှာမဟုတ်ပဲ လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ မခက်တော့ဘူးဆို တာကို ပြသသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အပါအ၀င် ယခင်စစ်ခေါင်းဆောင်များအား တရားစွဲဆိုမည်ဟုဆိုလာသည့် နိုင်ငံအကျဉ်းသားဟောင်းကိုအောင်ထွန်းနှင့် တွေ့ဆုံခြင်း

Posted by drmyochit Monday, February 25, 2013, under | No comments

ယခင်နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ (ငြိမ်း) အပါအ၀င် ယခင် တပ်မတော်ထောက် လှမ်းရေး မှူး  ဦးခင်ညွန့်နှင့် အခြားသော စစ်ဘက်တာဝန်ရှိသူများအား ထောင်တွင်း စစ်ကြောရေးနှင့် အခြားသော ညဉ်းပန်း မှုများအတွက် တာဝန် ရှိသည်ဟုဆိုကာ နိုင်ငံရေး အကျဉ်း သားများ ကိုယ်စားတရား စွဲဆိုမှုပြုလုပ်သွားမည့်နိုင်ငံရေး အကျဉ်း သားဟောင်း တစ်ဦးဖြစ်သူ ကိုအောင်ထွန်းအား သတင်း ထောက်မှတွေ့ဆုံ၍ ယခင်နိုင်ငံ တော်အကြီး အကဲများ အပေါ် တရား စွဲဆိုမည်ဟုဆိုခြင်းနှင့် ပတ်သက် ၍ ပတ်သက် ၍မေးခွန်း အနည်း ငယ် မေးမြန်းဖြစ်ခဲ့ပါသည်။

မြို့လယ်ခေါင်က ဒေါ်လာပွဲစားလူလိမ်များအား တိုင်းဒေသကြီးအစိုးရမှ ထိရောက်စွာအရေးယူရန်လို

Posted by drmyochit Monday, February 25, 2013, under | No comments

ရန်ကုန်မြို့ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးရှိ နိုင်ငံခြားငွေ ပွဲစားများအနေဖြင့် အုပ်စုဖွဲ့ကာ ငွေကြေး လိမ်လည်မှု များပြုလုပ်လျက် ရှိနေပြီး ယင်းတို့ကြောင့် မြန်မာ များ အပြင်နိုင်ငံခြား ခရီးသွား ဧည့် သည်များပါထိခိုက်နစ်နာနေရသဖြင့် ယင်းတို့ အား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ အစီ အစဉ်တစ် ရပ်ချမှတ်ကာ ထိရောက်ပြင်းထန် စွာအရေး ယူသွားရန်လိုကြောင်း မကြာ ခဏမြင် တွေ့နေ ရသူတစ်ဦး ကဆိုသည်။

(၈၅) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် အီရန်ဓားစာခံကယ်တင်မှု ဖြစ်ရပ်မှန် ဇာတ်ကား Argo အကောင်းဆုံး ဇာတ်ကားဆုကို ရရှိ၊ အကောင်းဆုံးဒါရိုက်တာဆုကို Life of Pi ဇာတ်ကားဒါရိုက်တာ အန်းလီ မမျှော်လင့်ဘဲရရှိ

Posted by drmyochit Monday, February 25, 2013, under | No comments

ဒယ်နီရယ်ဒေးလူးဝစ်၊ ဂျနီဖာလောရင့်၊ အန်းဟက် သာဝေးနှင့် ခရစ်စတို ဖာဝေါ့ဇ်  (၀ဲမှယာ)

ဟောလိဝုဒ် ရုပ်ရှင်လောက၏ ဆုပေးပွဲ များထဲတွင် အထွတ် အထိပ်ဖြစ် သည့် အော်စကာ ဆုပေးပွဲ ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အမေရိ ကန်နိုင်ငံ၊ Dolby Theatre တွင် ကျင်းပ ခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူ သုံးဦးအား ရုပ်ရှင်လောကသား ၁၇၀ ကျော်က လက်မှတ်ရေးထိုး တိုင်ကြား

Posted by drmyochit Monday, February 25, 2013, under | No comments

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ပျက်စီး ရာပျက် စီးကြောင်း အတွက် ဦးဆောင်လှုပ် ရှားနေသူ သုံးဦး အား အရေးယူပေးရန် ရုပ်ရှင် အနုပညာရှင် အလွှာေ ပါင်း စုံမှ စုပေါင်း လက်မှတ်ထိုး တိုင်ကြားကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၅ ရက်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးတွင် သတင်း စာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

၂၅-၂-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက် အပြည့်အစုံ

Posted by drmyochit Monday, February 25, 2013, under | No comments



နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

အားလုံးမင်္ဂလာပါ။ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
          ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ကျင်းပတဲ့နေ့မှာ နာယကကြီးက လွှတ်တော်ဆောင်ပုဒ်ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့သလို ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေထဲက သတိပြုဆင်ခြင် စဉ်းစားသုံးသပ်ရမည့် ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ယခုအခါ ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဥပဒေကြမ်းများအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များဟာ အပြုသဘောဆောင်ပြီး ကျယ်ကျယ် ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ရှိပါတယ်။ ပြည်သူ့အသံများ၊ ပြည်သူ့ဆန္ဒများ၊ ပြည်သူ့ လိုအပ်ချက်များကို ထင်ဟပ်ပြီး ပြည်သူ့အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် ဖော်ဆောင်ရွက်နိုင်တဲ့ ဆွေးနွေးမှုများဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ 

ဦးဝီရသူဟာ အမျိုး၊ဘာသာ၊သာသနာကာကွယ်ရေး မှာ ကာချုပ် တစ်ယောက်အဆင့်ရှိပါတယ်

Posted by drmyochit Monday, February 25, 2013, under | 1 comment


တပ်ဦးဗိုလ်ချုပ်ကို ရန်သူနဲ့ ရန်သူ့ဘက်တော်သားတွေက စုပြုံပစ် ခတ်ကြ တာဟာ ဓမ္မတာပဲ။ ဆရာတော် ဦးဝီရသူဟာ ဘင်္ဂါလီ ကျူးကျော် မှုကာကွယ်ရေးမှာ အမျိုး၊ဘာသာ၊သာသနာကာကွယ်ရေးမှာ ကာချုပ် တစ်ယောက် အဆင့် ရှိပါတယ်။ အမျိုးသားရေးအင်အားစုများရဲ့ ဦးဆောင် ဗိုလ်ချုပ်ကြီး သ ဖွယ်ဖြစ် ပါ တယ်။ သစ်ပင်မြင့်လေ လေတိုက်လေ ဆိုတဲ့အတိုင်း ဆရာတော်ဦးဝီရသူရဲ့ လုပ်ဆောင် ချက်တွေ၊ ဟောပြော ချက်တွေ ကလည်း ထိရောက်လေတော့ မတရားတဲ့နည်းနဲ့ ဘာသာရေး နယ် ချဲ့လိုသူတွေ   နဲ့ ဘင်္ဂါလီဓားရိုးကမ်းချင်သူတွေအတွက်တော့ ဦးဝီရ သူဟာ သူတို့ မျက်စိထဲ ငါးစင်ရိုင်းဝင် သလို ဖြစ်နေပါတော့တယ်။ ဒါကြောင့် လည်း ဆရာတော်က အမျိုးသားရေးတရား တစ်ပုဒ်ဟော လိုက်တိုင်း မှာ ဘင်္ဂါလီတွေနဲ့ ဘင်္ဂါလီဓားရိုးကမ်းတွေဆီကနေ ဆဲသံတွေ က ညံ ကနဲထွက်လာလေ့ရှိပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်