Tuesday, February 26, 2013

၁၅ နှစ် အရွယ် မိန်းကလေး တစ်ဦးအား လူကုန် ကူးမှု ကျူးလွန် ခဲ့သူနှစ်ဦးကို တောင်ပိုင်း ခရိုင် တရားရုံး က အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်

Posted by drmyochit Tuesday, February 26, 2013, under | No comments

၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား လူကုန်ကူးမှု ကျူးလွန်ခဲ့သူနှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံး က အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်၉ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေ ဒေါ်...........မှ ၎င်းပေါင်နှံထားသည့် ထမီ ပြန်ရွေးရန် ကျပ် ၁၂ဝဝ ပေး၍ သမီးဖြစ်သူ မ....... (၁၅)နှစ်အားစေလွှတ်လိုက်ရာ သမီးဖြစ် သူမှာ ထိုနေ့က နေအိမ်သို့ ပြန်လည် ရောက် ရှိမလာကြောင်း သိရသည်။

မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် စိတ်မနှံ့သူတစ်ဦး၏ သတ်ဖြတ်မှု ကြောင့် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား

Posted by drmyochit Tuesday, February 26, 2013, under | No comments

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ် မနှံသူ တစ်ဦး၏ သတ်ဖြတ် မှုကြောင့် သူ့ မိဘ အပါ အ၀င် လူ(၆)ယောက် သေဆုံး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ 

တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏ ရိုးရာ နတ်ကနား ပွဲကျင်း ပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ နတ်ကနားပွဲအတွင်းသို့  ၀င်ရောက် လာပြီး နတ်ကနားပွဲမှ နီးစပ်ရာ လူများ

ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်ပွားခဲ့

Posted by drmyochit Tuesday, February 26, 2013, under | No comments


အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့

ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ ပစ်ခတ် မှုငြိမ်နေ တဲ့ ရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲ  ခိုအွတ် ရွာအ နီးက တောအုပ်ထဲမှာ အရှေ့ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ဖေဖော်ဝါရီ ၂၄  ရက် မနက် ၁၀ နာရီခွဲလောက်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မေတာ် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ကလေးငယ် ၇ ဦးကို ခိုင်းစားနေတဲ့ မြန်မာ ၃ ဦး ထိုင်းရဲက ဖမ်းလိုက်ပြီ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာ နိုင်ငံသား ၃ ဦးကို ဖမ်းဆီး ရမိ ခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်း သတင်းမှာ ဖော်ပြသွားပါတယ်။

ဘန်ကောက်မြို့ ထောင်းလော်ရပ်ကွက် အေကမိုင်း လမ်းဘေးတေလျှာက်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ချိုချဉ်လိုက်ရောင်းနေတယ်လို့ သတင်းပေး ချက်အရ ထောင်းလော် ရဲစခန်းက  ခြေရာခံ လိုက်ခဲ့ရာမှာ  ကလေးတွေကို ခိုင်းစားနေတဲ့  ဆွန်လုန်ရပ်ကွက် ဖတ်ထနားကန် လမ်းသွယ် ၂၀ က  မြန်မာ ၃ ဦးကို မနေ့ည ၆ နာရီက  ဖမ်းမိခဲ့တာလို့ ထောင်းလော် ရဲစခန်း တာဝန်ကျ ရဲမှူးကြီး ဗိုလ်မှူး ကျတ်ကျွန်း ကရတ်က ပြောပါတယ်။

မအူပင်မြို့နယ် လယ်သမားများ ပစ်ခတ်ခံရ ၊ ၇ ဦး ဒဏ်ရာရ

Posted by drmyochit Tuesday, February 26, 2013, under | No comments

ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် မအူပင်မြို့နယ် အတွင်းမှ လယ်သမားများ ကိစ္စနှင့် ပတ်သက်၍ နောက် ဆုံး သတင်း များအရ  ယနေ့  ညနေ ၆နာရီ ခန့်က  ပစ်ခတ် မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အခြေ အနေ များကို အဆင်ပြေစေရန်  ဆွေးနွေး ညှိနှိုင်းနေစဉ်မှာပင် ယခုကဲ့သို့ အခြေအနေ တင်းမာ မှု များဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ အခုရောက်နေတဲ့နေရာက ပလောင်ရွာပါ ဒီကနေ လှမ်းကြည့်နေကြတာမြင်နေရတယ် ကြည့်နေရင်းမှာပဲ ၆ ယောက် လောက် လဲကျ သွားတာ ကိုတေ့ရတယ် အခြေအနေကတော့ တင်းမာ သွားပြီ" ဟု ယင်းကိစ္စကို ပါဝင်ဆောင်ရွက်နေသူ တစ်ဦး ကပြောကြား သည်။

စွမ်းအင်ကဏ္ဍဖူလုံရေး ဖက်စပ်လုပ်ကိုင်သွားရန် မြန်မာ ပါဝင်သော လေးနိုင်ငံပူးတွဲအစည်းအဝေး၌ ကြေငြာ

Posted by drmyochit Tuesday, February 26, 2013, under | No comments

ဒါကာ၊ ဖေဖေါ်ဝါရီ ၂၆ ။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာတို့ ပူးပေါင်းကျင်းပသော ၁၁ ကြိမ်မြောက် BCIM လေးနိုင်ငံ ပူးတွဲ အစည်း အဝေး ကဒေသတွင်း သဘာဝ အရင်း မြစ်များ ထုတ်ဖေါ်ခြင်းနှင့် စွမ်းအင် ထုတ်လုပ်ရေး ကဏ္ဍ များတွင် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင် သွားကြရန် ကြေငြာချက် ထုတ်ပြန် လိုက် သည်။

အစည်းအဝေးအတွက် လေးနိုင်ငံပူးတွဲထုတ်ပြန်သောကြေငြာချက်ထဲတွင် “စွမ်းအင်ဖူလုံရေးဟာ BCIM ဒေသတွင်းနိုင်ငံတွေ အတွက် အရေး ကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ စွမ်းအင် ကဏ္ဍမှာ ဒေသတွင်းနိုင်ငံတွေ အနေနဲ့  နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ တူးဖေါ်ရှာဖွေရေး၊ ရင်းနှီးမြှပ်နှံရေး ကိစ္စတွေမှာ ဖက်စပ် လုပ်ကိုင် သွားကြဖို့ ထူးခြားတဲ့ အခွင့်အလမ်းတွေရှိနေပါတယ် ” ဟု ဖေါ်ပြထားသည်။

အများပြည်သူသန့်စင်ခန်းများအားဖျက်ဆီးပါက ဥပဒေအရအရေးယူမည်

Posted by drmyochit Tuesday, February 26, 2013, under | No comments

အများပြည်သူပိုင်ပစ္စည်းများ အားဖျက် ကိုဖျက် ဆီးပြုလုပ် ပါက စုံစမ်းကာ တရားဥပဒေအရ စစ် ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါ ရီလ ၂၅ရက်က ရန်ကုန် မြို့(၃၈) လမ်းရှိ ရန်ကုန်မြို့စည် ပင်သာယာရေးကော် မတီပတ်ဝန်း ကျင်သန့်ရှင်းရေးဌာနတွင် လက် ထောက်ဌာန မှူးဦးရဲကျော်မိုးက မီဒီယာများ အားပြောကြား သည်။

““ပထမတစ်ခါက ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့ သိမ်ဖြူ လမ်း ထောင့်မှာရှိတဲ့ အများပြည်သူသုံး သန့်စင်ခန်းတစ်ခုကိုစည်းကမ်းမဲ့ ဆေးတွေနဲ့ စာတွေကိုရေး သွားပါ တယ်။ အခု ဒုတိယတစ်ခါ ဗိုလ် တစ်ထောင်မြို့နယ်၊စိန်ပေါလ်မြေ ပေါ်သန့်စင်ခန်းတစ်ခုကိုထပ်လုပ် သွားပါတယ်။

မန်းတွင် ယနေ့တစ်ရက်ထဲ ပေါ့ဆမီးသုံးကြိမ် လောင်

Posted by drmyochit Tuesday, February 26, 2013, under | No comments

မန္တလေး-ဖေဖော်ဝါရီ၂၆

မန်းတွင် မီးလောင်မှု တစ်ရက်ထဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး သုံးကြိမ်စလုံးတွင် ပေါ့ဆမှုကြောင့် လောင်ကြွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၄နာရီ ၄၅မီနစ်အချိန်တွင် မဟာအောင်မြေမြိုနယ်၊ ရဲမွန်တောင်ရပ်ကွက် အကွက် အမှတ် (၉/၅၁)နေ အိမ်ရှေ့တွင်ရပ်ထားသော ၉ခ/26681ရတနာစိုး မှန်လုံး မန်း-လားရှိုး-မူဆယ်ပြေးဆွဲသော 
ကား ကိုလောင်ကြွမ်းခြင်းဖြစ်ပြီး ယာဉ်နောက်လိုက်မှ ကားပေါ်တွင် ခြင်ဆေးခွေထွန်းအိပ်ယာမှ ကားအပေါ် ပိုင်းလောက်ကြွမ်းခြင်းဖြစ်ပြီး ၅နာရီ ၁၀မီးနစ်တွင် မီးငြိမ်းသွားကာ ဆုံးရှုံးမှုတန်ဖိုး 3970000 ကျပ် ဆုံးရှုံးခဲ့ သည်။ 

The Voice Weekly Editor သို့ ပေးစာ

Posted by drmyochit Tuesday, February 26, 2013, under | No comments

အယ်ဒီတာခင်ဗျာ ...

ဒီစာကို ကျုပ် ရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲ တွေကို ကြည့်ပြီးမှ ရေးရခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်သိန်းထွန်း (ငြိမ်း) ကို ၂ နှစ်ခန့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ပြီးမှ ဆန္ဒအလျောက် နုတ်ထွက်သွားပြီးနောက် ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာ တစ်တိုင်းပြည်လုံး နီးပါး စိတ်ဝင်စားသော ကိစ္စပါ။ 

နွေဦးရာသီရဲ့ ရောင်စုံအပိုင်းအစများ

Posted by drmyochit Tuesday, February 26, 2013, under | No comments

. . .စတင် . . . စင်တင် . . .ခဲ့ကြ။
နွေဦးအရောက်မှာပဲ
ဝတ်လစ်စလစ်မဖြစ်ရုံတမယ်နဲ့ စင်ပေါ်တက်ကြတယ်
လွတ်လပ်ပြီ . . . လွတ်လပ်ပြီ ...တဲ့။
ငါ့တို့မျှော်လင့်ခဲ့တဲ့ ဒီမိုကရေစီဆိုတာကြီးက 
အဲဒီလို ထင်တိုင်းကျဲတတ်တဲ့စရိုက်လား . . .
ဘာမဆိုင် ညာမဆိုင်
နေရင်းထိုင်ရင်း အသည်းကွဲရတယ်။
ကျော်ကြားမှုညည်းခြင်းထဲမှာ တဖျပ်ဖျပ်လူးနေတဲ့ အပိုင်းအစများ
မွေးရာပါဆော့ဝဲလ်တစ်ခုရဲ့ အသုံးဝင်မှု တန်ဖိုးများ

မြ၀တီမြို့ တွင် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့ မှတပ်ဖွဲ့ဝင်တစ်ဦး M-16 သေနတ်ကျည်ပေါက်ထွက်မှုကြောင့် ၁၀ တန်းကျောင်းသား တစ်ဦးထိမှန်ဒဏ်ရာရ

Posted by drmyochit Tuesday, February 26, 2013, under | No comments

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၅)နာရီ အချိန် ခန့်က ကရင်ပြည်နယ် မြ၀တီမြို့ အမှတ်(၄) ရပ်ကွက်၊ ပြည်သာ ယာလမ်း၊ လမ်းသွယ်(၄) ရှိဦးငို+ ဒေါ်ခင်မေ တို့၏ နေအိမ် တွင်KNU/ KNLA (၇၀၉) တပ်ရင်း မှ တပ်သား နှုတ်နီ သည် ၄င်းကိုင်ဆောင်သော M - 16 အမျိုးအစား သေနတ်မှ မတော် တဆ ကျည်ပေါက် ထွက်မှုဖြစ် ပွားခဲ့ကြောင်း သိရှိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်မြို့နှစ်မြို့တွင် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများ ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် သဘောတူ

Posted by drmyochit Tuesday, February 26, 2013, under | No comments


လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်မြို့နှစ်မြို့တွင် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးများကိုယခုနှစ်အတွင်း ဖွင့်လှစ်သွားရန် မြန်မာ၊ တရုတ်၊ ထိုင်းနိုင်ငံတို့ သဘောတူထားကြောင်း ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် မဲခေါင်ဒေသ ခြောက်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်(COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တက်ရောက်ခဲ့သည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းထံမှ သိရသည်။

စစ်လက်နက်များ အတွက် ကျပ် ဘီလီယံ ၆၀၀ သုံးမည်

Posted by drmyochit Tuesday, February 26, 2013, under | No comments


တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ချီတက်နေ သည့် စစ်သားများ (ဓာတ်ပုံ – ဧရာဝတီ)

ကာကွယ်ရေး ၀န်ကြီးဌာနက လာမည့် ဘဏ္ဍာရေး နှစ် ၏ ငွေလုံးငွေရင်း အသုံး စရိတ်အဖြစ် ငွေကျပ် ဘီလီယံ တထောင်ကျော် တောင်းခံထား သည့် အနက်မှ စစ်လက်နက်၊ လေယာဉ်၊  သင်္ဘော များနှင့် တပ်မတော် စစ်ဘက် ဆိုင်ရာ စက်ရုံများ၏ စက်ကိရိယာများအတွက် ကျပ်ဘီလီယံ ၆၀၀ နီးပါး အသုံးပြု မည်ဖြစ်ကြောင်း ဧရာဝတီက ရရှိထားသော ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ် စာရင်းဇယား အရ သိရှိရသည်။

ဘာသာပြောင်းပွဲကြီးဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး

Posted by drmyochit Tuesday, February 26, 2013, under | No comments


၂၄-၀၂-၂၀၁၃ နေ့

အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊ ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာ သာ အဖြစ် ခံယူပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပ ခဲ့သည်။ ထိုနေရာသည်၊ စာရေးသူတို့နေရာ စောမယကော လိပ် နဲ့ ၁ နာရီကျော်ကြာ ကားမောင်း ရ သည်။

(ဗုဒ္ဓဘာ သာအဖြစ် ခံယူပွဲ အခမ်းအနား)

စာရေးသူတို့ မြန်မာရဟန်းတော် ၅ ပါးကို ဘုံဘေတက္ကသိုလ်၊ ပါဠိဌာန ဆရာများ၏ အဆက်သွယ်ဖြင့် ထိုအခမ်း အနားသို့ တက်ရောက်ရန် ပင့်ဖိတ်သည်။ ၀ါတော် အတော်ကြီးရင့်ပြီ ဖြစ်သော အိန္ဒိယ ဆရာတော်ကြီး အပါဝင် အိန္ဒိယ ရဟန်းတော် ၅ပါးလဲ ပါဝင်သည်။ 

ငြိမ်းချမ်းရေး ယူထားသော်လည်း မင်းမဲ့စရိုက် ဆန်လွန်းသည် KIA သောင်းကျန်းသူ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ကချင်ပြည်နယ် မန်းဝိန်းကြီးဒေသတွင် တပ်မတော် နှင့် KIA သောင်းကျန်းသူ တို့ တစ်ဖက်နှင့် တစ်ဖက် တိုက် ခိုက်ခြင်းမပြုရန် ညှိနှိုင်းထားသောလည်း အချို့သော KIA သောင်းကျန်းသူများသည် လက်နက်အား ကိုးဖြင့် အပြစ်မဲ့သော တိုင်းရင်း သားများ ကို ရန်လိုတိုက်ခိုက်နေမှုများရှိနေပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်