Sunday, March 03, 2013

ဘာသာရေးအခြေခံတဲ့ အစိုးရဆန့်ကျင်ဆန်ဒပြမှု

Posted by drmyochit Sunday, March 03, 2013, under | No comments


ဘင်ဂလားဒေ့ရှ် နိုင်ငံမှာ ဘာသာရေး အခြေခံတဲ့ အစိုးရ ဆန့်ကျင် ဆူပူမှုတွေ အကြီး အကျယ် ဖြစ်နေ ပါတယ်။

ဘင်ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ၁၉၇၁ က လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှင်းပန်း နှိပ်စက်မှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂျာမတ် အီး အစ်စလာမ်မီး ပါတီ ခေါင်းဆောင် ဒဲလ်ဝါ ဟူစိန် ဆာရီဒ်အီ ကို ကြာသပတေးနေ့က သေဒဏ် ချမှတ်ခဲ့ပြီးနောက်မှာ သေဆုံးသူ ၆၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း မင်းရဲကျော်စွာလမ်းကို ယာယီပြောင်းရွှေ့

Posted by drmyochit Sunday, March 03, 2013, under | No comments


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီ ယာဉ်ရောင်း ဝယ်ရေးစခန်းကို ဒဂုံမြို့နယ်၊ မင်း ရဲကျော် စွာလမ်းမှာ ယာယီစခန်းအဖြစ် ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောင်းရွှေ့ ဖွင့် လှစ် လိုက်ပါ တယ်။

အခုလို ယာယီပြောင်းရွှေ့ပေးထားပေမဲ့ အဲ့ဒီနေရာကို သေချာတဲ့ စီမံချက်နေရာတစ်ခုဖြစ်စေချင်တယ်လို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဌ ဦးမင်းကိုမြင့်က RFA ကို ပြောပါ တယ်။

ဖိလစ်ပိုင်လက်နက်ကိုင်တွေ မလေးရှားရဲကို တိုက်ခိုက်

Posted by drmyochit Sunday, March 03, 2013, under | No comments


မလေးရှား နိုင်ငံ ဆားဘား ပြည်နယ် ထဲကို ဝင်ရောက် လာတဲ့ ဖိလစ်ပိုင် သေနတ် သမားတွလေို့ သံသယ ရှိသူ တွေနဲ့ မလေးရှား ရဲတပ်ဖွဲ့ အကြား ဒုတိယ အကြိမ် တိုက်ခိုက် မှုတွေ ဖြစ်ပွား ခဲ့ရာ အနည်းဆုံး ရဲ ၅ ဦး သေဆုံး သွားတယ်လို့ မလေးရှား အရာရှိ တွေက ပြောပါတယ်။

ရဲ အရာရှိ တွဟော အရှေ့ဘက် ဆားဘား ပြည်နယ် ထဲက ခရိုင်တခု ကနေ မိုင် ၉၀ ကျော် လောက် အကွာမှာ ခြုံခို တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။

ဆွမ်းကိစ္စ စကားများရာမှ ကျောင်းထိုင်ဆရာတော်ကို ပေါက်တူးဖြင့် ခုတ်သတ်

Posted by drmyochit Sunday, March 03, 2013, under | No comments

မိုးကောင်း ဖေဖေါ်ဝါရီ ၂ရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ၊ကြာအင်းရွာ လေးကျွန်း ရန်အောင်ကျောင်းတွင် သီတင်းသုံးနေ သော ကြာအင်း ဆရာတော် ဦးပညာသာရ ကို အဆိုပါကျောင်း တွင် ကိုရင်ကြီး ဝတ်နေသူ ဦးသိန်း ထွန်းကဖေဖေါ် ဝါရီ ၂၆ ရက်နေ့ နံနက် ( ၄) နာရီ ခန့် တွင် အာရုံဆွမ်း ချက်သည့် ကိစ္စစကား များရာမှ ပေါက်တူးဖြင့် ခုတ်သတ်ခဲ့ကြောင်း မိုးကောင်း ရဲစခန်း ထံမှစုံစမ်းသိရှိရသည်။

အမွှာအစ်မကို သတ်ဖြတ်ခဲ့သူအားလက်ထပ်ခဲ့သူ

Posted by drmyochit Sunday, March 03, 2013, under | No comments


အာဂျင် တီးနားနိုင်ငံတောင်ပိုင်း ပီကိုထရန် ကာဒိုမြို့ တွင်နေ ထိုင်သည့် အသက် ၂၂ နှစ်အ ရွယ် ရှိ အီဒစ်ကာ ဆပ်စ်သည် သူမ၏ အမွှာအစ် မဖြစ်သူ အားသတ်ဖြတ်ခဲ့ သည့် ဗစ်တာစင်ဂို လာနီအား ချစ်သူ များနေ့တွင်လက် ထပ်ခဲ့သည်။

ထိုလက် ထပ်ပွဲသို့ အီဒစ်၏ မိသားစုဝင် မည်သူ တစ်ဦးတစ် ယောက်မျှ တက်ရောက်ခြင်း မရှိ ခဲ့ပေ။ လူ ၂၀ ခန့်ရှိ အုပ်စု တစ်စု ကမူ သတို့သားအား ကျောက်ခဲ များ၊ ကြက်ဥများဖြင့်ပစ်ပေါက် ခဲ့ကြသည်။ သတို့ သား ဗစ်တာ သည် သတို့သမီး အီဒစ်၏ အမွှာ အစ်မဖြစ်သူ ဖက်ရှင်မော်ဒယ် ဂျိုဟန်နာအား သတ်ဖြတ်ခဲ့ မှုဖြင့် ထောင်ဒဏ် ၁၃ နှစ်ကျ ခံနေရ သူဖြစ်သည်။ ဂျိုဟန်နာသည် ၂၀၁၀ ခုနှစ်၊ ဇူလိုင်လအတွင်း သူမ၏ အသက် ၂၀ ပြည့်မွေးနေ့ မတိုင်မီကလေးတွင် သတ်ဖြတ်ခံ ခဲ့ရခြင်းဖြစ်သည်။

သရဲ ၀င်ပူးဟန်ဆောင်၍ အရွယ်မရောက်သည့် မိန်းကလေး ၅ ဦးကို မတော်မတရားကျင့်ခဲ့သည့် လူငယ်

Posted by drmyochit Sunday, March 03, 2013, under | No comments


သူ၏ အမည်ကတော့ Simon Wong Choy Chuan ဖြစ်ပြီး အသက်ကတော့ ၂၅ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူ ဟာ တော့ သူ့မှာ သဘာဝလွန် စွမ်းအားတွေ ရှိကြောင်း မိန်းကလေးတွေကို ပြော ဆိုပြီး လိင်ပိုင်း ဆိုင်ရာ တွေ လုပ်ဆောင်ပေးဖို့ မိန်းကလေး များကို လိမ်လည် လှည့်ဖျား ခဲ့တာကြောင့် ပြစ်မှု ၁၀ မျိုးနဲ့ စင်္ကာပူ တရား ရုံး မှာ အမှု ရင်ဆိုင်နေရပါတယ်။

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု စတင်

Posted by drmyochit Sunday, March 03, 2013, under | No comments


ဆိုးလ် မတ် ၂

မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း  တင်းမာမှုများ မြင့်တက် နေစဉ်တွင် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတို့သည် နှစ်စဉ် ပူးတွဲ  စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို စတင်ရန် အတွက် အမေရိ ကန် တပ်ဖွဲ့ဝင်များ  တောင်ကိုရီးယား နိုင်ငံသို့ မတ် ၁ ရက်က  ရောက်ရှိ လာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရ သည်။ 

ဗီယက်နမ်တွင် ရှိနေသော ဗုဒ္ဓဆင်းတုတော်ကြောင့် ဗုဒဘာသာဝင်များ ဒေါသပြင်းထန်စွာဖြစ်

Posted by drmyochit Sunday, March 03, 2013, under , | 1 comment


ကြာကလပ်ပေါ်တွင် စံပယ်တော်မူနေသော ဗုဒ္ဓ ဘုရား ရှင်၏ ဆင်းတုတော်ပေါ်သို့ အ၀တ်မဲ့ အမျိုး သမီး တစ်ဦး တင်ပြီး ဖက်ထားသည့် ဗီယက် နမ်နိုင်ငံ တွင် ရိုက်ထားသည့် ဓာတ်ပုံ တစ်ပုံကြောင့် အင်တာ နက် ဗုဒ္ဒဘာ သာ ၀င်များအကြားတွင် စိတ်တိုဒေါ သထွက်စရာများ ဖြစ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းတွင် ဖော်ပြ ထားပါ သည်။

အဆိုပါ ဓာတ်ပုံသည် Facebook ပေါ်တွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသားများမှ အဆိုပါ ပုံနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးကြကြောင်း ဖော်ပြထားသည်။

တရုတ်အစိုးရအတွက် ရတက်မအေးစရာ ပျိုကျန်ရစ်ကြီးများ

Posted by drmyochit Sunday, March 03, 2013, under | No comments


အသက်က ၂၇နှစ်ကျော်နေပြီဖြစ်သည်။ အိမ်ထောင် ကမကျသေး။ တရုတ်နိုင်ငံ၌ ထိုကဲ့သို့ အမျိုး သမီးမျိုးကို အစိုးရကိုယ်တိုင်က ““ပျိုကျန် ရစ်ကြီးများ””ဟူ၍ ကင်ပွန်းတပ်ပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ ပညာတတ် တရုတ် အမျိုး သမီး တချို့က အပျိုကြီး တစ်ကိုယ်တည်း အခြေအနေ မျိုးဖြင့်ပင် ဘ၀ကို ပျော်ပျော် ရွှင်ရွှင်ဖြတ် သန်းနေကြသည်။

အိပ်နေရင်း မြေပြိုကျ ကာ ကျင်းပေါက် ထဲ ကျသွား ကို ကယ်ဆယ် ရေး ဖလော်ရီဒါ တွင် လက်လျှော့

Posted by drmyochit Sunday, March 03, 2013, under | No comments

ဂျဖ်ဘုရှ် သည် ကြာသပတေးနေ့  ညက ဖလော်ရီဒါ ပြည်နယ် ဆဖ်နာ တွင်ရှိ ၎င်း ၏ ၁၉၇၀ ပြည့်လွန် နှစ် များ က ပုံစံ အတိုင်း ဆောက်ထားသည့် အိမ် တွင် အိမ်ပျော် နေစဉ် အတွင်း မြေပြို ကျ မှု ကြောင့် ပျောက်ဆုံး သွား ခဲ့သည်။ ဂျဖ်ဘုရှ် အိပ်ခန်း အောက်တည့်တည့် ရှိ မြေ ပြို ကျမှု တွင် ဘုရှ်သည် စူးစူးဝါးဝါး အော် ဟစ်သံ နှင့် အတူ တွင်းထဲ သို့  ကျသွား သည်ဟု သူ ၏ အကို ဖြစ်သူ ဂျရမီး ဘုရှ် က ပြောသည်။

ခရီးသည်တင် ယာဉ်နှစ်စီး တိုက်မိ ငါးဦး ဒဏ်ရာရ

Posted by drmyochit Sunday, March 03, 2013, under | No comments


ရန်ကုန် မတ် ၂

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် အမှတ်(၉)ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးနှင့် ရတနာ သိင်္ဂီ ပတ်လမ်းထိပ်၌  ယမန်နေ့ နံနက် ၁ဝ နာရီခွဲခန့်က ခရီးသည်တင် Hilux ယာဉ်ဓ/.... နှင့် ခရီး သည်တင် ဒိုင်နာ ၃က/....တို့ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည်။ ဖြစ်ပွားပုံမှာ အဆိုပါနေ့တွင် ဒိုင်နာ ယာဉ်သည်

တရားမဝင် ရောင်းချနေသည့် ဆင်ဆာမဲ့ ဗီဒီယို ခွေများ ဖမ်းမိ

Posted by drmyochit Sunday, March 03, 2013, under | No comments


ရန်ကုန် ဖေဖော်ဝါရီ  ၂၇

ရန်ကုန် အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရဲစခန်းမှ ဒုတိယ ရဲအုပ် မင်းမင်းစိုး၊ ဒုတိယ ရဲအုပ် လှနိုင်ကိုနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်ည ၉ နာရီခွဲက အမှတ်(၄၇) ရပ်ကွက် ဗန္ဓုလ လမ်းဘေး၌ ဆင်ဆာမဲ့ ခွေများကို ရောင်းချ နေကြောင်း သတင်းအရ ရှာဖွေ စစ်ဆေးခဲ့ရာ  ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက်တွင် နေသူ ဝေမင်းသူ ၂၆ နှစ်(ဘ)  ဦးလှဝင်းအား ဖမ်းဆီး အရေး ယူခဲ့သည်။

ရန်ကုန်- ထားဝယ် အမှတ် (၁၇၆) အစုန် အမြန်ရထား တိမ်းမှောက်

Posted by drmyochit Sunday, March 03, 2013, under | No comments


သထုံ မတ် ၂

ယနေ့ နံနက် ၄ နာရီ ၄၈ မိနစ်ခန့်တွင် စက်ခေါင်းမောင်း ဦးသန့်ဇော်ဝင်း မောင်းနှင်လာသော အမှတ် (၁၇၆) အစုန် ရန်ကုန်- ထားဝယ် လူစီးအမြန် ရထားသည် မွန်ပြည်နယ် ကျိုက်ထို မြို့နယ် မုက္ခမူ ကျေးရွာ ရထားလမ်း မိုင်တိုင်အမှတ် (၉၃/ ၁) နှင့် (၉၃/ ၁၆) အကြားတွင် ပထမတန်း တွဲအမှတ် BDFEZ - ၁၂ဝ၄၄ ၏ ဝဲဘက်ခြမ်းရှိ ဘီးအမှတ် ၃၄၅၆ မှာ တိမ်းချော်၍ ၎င်းတွဲနှင့် နောက်ဆုံးတွဲ (တွဲထိန်းတွဲ) အမှတ် BDFEZ - ၁ဝ၅၆ဝ တို့မှာ ဝဲဘက် အခြမ်းသို့ တုံးလုံး လဲကျကာ  လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ငါးဖမ်းစက်လှေတွင်ရောင်းစားခံထားရသူအချို့အား ပူးပေါင်းအဖွဲ့ကကယ်ထုတ်

Posted by drmyochit Sunday, March 03, 2013, under | No comments

ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၂၃ခန့် အကွာတွင် ရှိသော ပင်လယ်အပန်းဖြေ ချအမ်မြို့ရှိချိုစလီနာဝါ (3175 01141) ၂စီတွဲ ငါးဖမ်းလှေ တွင် ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား အချို့တို့ကို ပူးပေါင်း အဖွဲ့တို့က ကယ် ထုတ်နိုင်ခဲ့သည်။ 

အလုပ်သမား ၁၄ ဦးအနက် ၅ဦးမှာ မိမိသဘောဖြင့် အလုပ် လုပ်နေကြသူများဖြစ်ပြီး ကျန်၉ဦးတို့မှာ ရောင်းစား ခံထားရသူများဖြစ်ကြသည်။ ၎င်းတို့သည် ငါးဖမ်းလှေပေါ်တွင် အနည်း ဆုံး လေးလမှ ၉လ အတွင်း အလုပ်လုပ်နေကြရသည့် အလုပ်သမားများဖြစ်ကြသည်။

KIA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

Posted by drmyochit Sunday, March 03, 2013, under | No comments


မြန်မာ အစိုး ရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ စစ်အရှိန်လျော့ချဖို့ သဘော တူညီ ချက် ရရှိထားတဲ့ ကေအိုင်အိုခေါ် ကချင်လွတ် လပ်ရေး အဖွဲ့ရဲ့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်က တပ်စ ခန်းတွေ ကို အစိုးရစစ် တပ်ကနေ တိုက်ခိုက်နေဆဲလို့ ကေအိုင်အိုဘက် က ပြောပါ တယ်။ ဒီလိုတိုက် ခိုက်မှုတွေကြောင့် ဒေသခံကျေး ရွာသားတွေ တိမ်းရှောင် ထွက်ပြေးနေ ရတယ် လို့လည်း ဆိုပါတယ်။ ကချင်ပြည် နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်တွေ ခံခဲ့ ရသလို အခု လိုတွေ့ ဆုံဆွေးနွေးဖို့ ကြိုးပမ်းနေဆဲကာလမှာ စစ်အရှိန် တိုးမြင့်အောင် လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ် စရာ အနေ အထား ရှိနေတယ်လို့ အမျိုးသမီးအခွင့် အရေးဆိုင်ရာ အဖွဲ့တွေကလည်း ပြောကြပါတယ်။ ဒီအခြေ အနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်